ကျစ်ဆံမြီး ဧရာဝတီ ( AYARWADDY The BRAIDED HAIR River ) (အခန်းဆက်ဆောင်းပါးရှည်) (အပိုင်း-၃)

 855

ဇာမဏီစံမောင် (NP News) - ဇူလိုင် ၆

၂ဝ၁၈ ခုနှစ် မတ်လတွင် မြန်မာဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည် ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် မဲခေါင်အစည်းအဝေးတွင် ထိုစီမံကိန်းကို အကောင် အထည်ဖော်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။ ၂ဝ၁၈ ခုနှစ် ဇွန်လတွင် ယူနန်ပြည်နယ်အစိုးရဖွံ့ဖြိုးရေးနှင့် ပြု ပြင်ပြောင်းလဲရေးကော်မရှင်သည် ထိုစီမံကိန်းကို အကောင် အထည်ဖော်ရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်ရန် (၁၂)ကြိမ်မြောက် ယူနန်ပြည်နယ် တရုတ်ပြည်သူ့နိုင်ငံရေးအကြံပေးအစည်းအဝေး တွင်တင်ပြခဲ့သည်။ ယူနန်အစိုးရ၏ထောက်ပံ့မှု၊ တရုတ် အမျိုးသားဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် တို့၏ထောက်ခံမှုတို့ဖြင့် ယူနန်အခြေစိုက် တောင်အာ ရှနှင့် အရှေတောင်အာရှ ပို့ဆောင်ရေးသုတေသနအင် စတီကျုသည် ဧရာဝတီမြစ်နှင့်ပတ်သက်သော သုတေ သနစာတမ်းများကို ကွင်းဆင်းလေ့လာမှု ပြုလုပ်ခဲ့သည်။

တရုတ်မြန်မာစီးပွားရေးစင်္ကြံ၏ မူဘောင် အောက်တွင် "ဧရာဝတီမြစ် ကုန်းလမ်းရေလမ်းကြောင်း စင်္ကြံဖွံ့ဖြိုးရေးသုတေသနစစ်တမ်း" (The development of the Irrawaddy River Land-water transport corridor under the frame work of China-Myanmar Economic Corri­dor)နှင့် "တရုတ်-မြန်မာ ကုန်းလမ်းရေလမ်းသယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းတွင် ပုဂ္ဂလိကလုပ်ငန်းများ ပါဝင်လာရန် သုတေသနစာတမ်း"(Private Ent­erprises’ Participating in the operation of China-Myanmar Land-water Intermodal Transport Channel)နှစ်ခုကို ၂ဝ၁၈ ခုနှစ်တွင်ပြု လုပ်ခဲ့သည်။

၂ဝ၁၉ ခုနှစ်တွင် "ဧရာဝတီမြစ်ဝှမ်း စီးပွားရေး ခါးပတ်လမ်းဖွံ့ဖြိုးမှု (Irrawaddy River Basin Economic Belt Development) သုတေသန စာတမ်း"ကို ပြုလုပ်ခဲ့သည်။ ထိုသုတေသနစာတမ်းများ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် တရုတ်အမျိုးသားဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့သို့ တင်သွင်းခဲ့သည်။

ဧရာဝတီမြစ်ဝှမ်းစီမံကိန်းကို အကောင်အထည် ဖော်ရန် တရုတ်နိုင်ငံသည် ၂ဝ၁၈ ခုနှစ်နှင့် ၂ဝ၁၉ ခုနှစ်တို့အတွင်းတွင် ပိုမိုတွန်းအားပေးလုပ်ဆောင် လာခဲ့သည်။ ထိုစီမံကိန်းအကောင် အထည်ဖော်ခြင်းကိုအားပေးရန် နှစ်နိုင်ငံအကြားပြုလုပ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအစည်းအဝေးများတွင် မြန်မာဘက်မှတက်ရောက်သူများကို အလွတ်သဘောဖြင့် တိုက်တွန်းမှုများရှိခဲ့သည်။

ဧရာဝတီမြစ်အပေါ်တွင် စီမံကိန်းများတည် ဆောက်ခြင်းဖြင့် ပထမအချက်မှာ ကုန်ကျစ ရိတ်သက်သာခြင်း၊ ဒုတိယအချက်မှာ တိုက်ပွဲများကြောင့် ကြန့်ကြာပြီး အန္တရာယ်များသော ရှမ်းပြည်နယ်မြောက်ပိုင်း ကိုဖြတ်သန်းသွားမည့် ကုန်းလမ်းခရီးကြောင်း အသုံးပြုရမှုကိုလျှော့ချကာ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာကို လွှမ်းမိုးနိုင်ရန် ကြိုးစားသည့် ယခုလမ်းကြောင်းသည် ပဋိပက္ခများမရှိခြင်းကြောင့် အနှောင့်အယှက်များကင်းကာ ပိုမို လွယ်ကူပြီး အချိန်တိုအတွင်း အကောင်အထည်ဖော် နိုင်ခြင်း စသည့်အကြောင်းအချက်များရှိနေခြင်းတို့ကြောင့် ဧရာဝတီစီးပွားရေးရပ်ဝန်းစီမံကိန်းကို ဖော်ဆောင်ရန် စီစဉ်လာခြင်းဖြစ်သည်။

"တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်း သို့မဟုတ် "တရုတ်-မြန်မာ ရေကြောင်းခါးပတ်လမ်း"စီမံကိန်း၏ ကုန်စည်စီးဆင်းမည့် အဓိက အစိတ်အပိုင်းများဖြစ်သော ဧရာဝတီမြစ်ကြောင်းရှိ မကွေးဆိပ်ကမ်းကို အမေရိကန်ဒေါ်လာ ၃၃ သန်း၊ ပခုက္ကူ ဆိပ်ကမ်းကို ၄၇ သန်းနှင့် ဗန်းမော်ဆိပ်ကမ်းကို ၃၄ သန်းအကုန်အကျခံကာ နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းများဖြစ်လာစေရန် ဆောင်ရွက်မည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူက ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလ ၇ ရက်ကဆိုသည်။ လက်ရှိတွင် ယင်းဆိပ်ကမ်းသုံးခုသည် ကြီးမားသော ကုန်သေတ္တာများကို အတင်အချပြုလုပ်ရန် ခေတ်မီစက်ကိရိယာများမရှိခြင်းနှင့် နည်းပညာလိုအပ်ခြင်း စသည့် ဆိပ်ကမ်းဆိုင်ရာ အခြေခံအဆောက်အအုံများ အားနည်းနေသည်။ ထိုစီမံကိန်းများကို အစိုးရ၏စီမံကိန်းဘဏ်(Project Bank)တွင် ထည့်သွင်းကြေညာ ထားပြီး အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) ပုံစံဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း စတင်အကောင်အထည်ဖော်ကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်ပြီးစီးရန် လျာထားသည်ဟုဆိုသည်။ သို့သော် "တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွား ရေးရပ်ဝန်း" သို့မဟုတ် "တရုတ်-မြန်မာရေကြောင်း ခါးပတ်လမ်း"စီမံကိန်း၏ ကုန်စည်စီးဆင်းမည့် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည့် ရန်ကုန်ဆိပ်ကမ်း နှင့်ပတ်သက်သော စီမံကိန်းအချက်အလက်များကိုမူ မသိရှိရသေးပေ။

မြစ်ဆုံကော်မရှင်နှင့်ကော်မရှင်က တာဝန်ပေးသည့် ပြန်လည်ဆန်းစစ်ချက်ဆိုင်ရာ ပညာရှင်တို့၏ ပကတိအစီရင်ခံစာများကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ၂ဝ၁၆ ခုနှစ် မတ်လကုန်တွင် အစိုးရအဖြစ်တာဝန်ယူစဉ် ထည့်သွင်းလက်ခံခဲ့သည်။ ဩဂုတ်လတွင် မြစ်ဆုံ ဆည်စီမံကိန်းများနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် “ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်”ကို ဖွဲ့စည်းခဲ့သည်။

စီမံကိန်းများသည် (က) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့နှင့်ပတ်သက်ပြီး နိုင်ငံတကာစံနှုန်းများကို လိုက်နာခြင်း ရှိ၊ မရှိ၊ (ခ) စီမံကိန်းများကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ်အပါအဝင် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့်ဆိုးကျိုးသက်ရောက်မှုများ၊ (ဂ) စီမံကိန်းများကြောင့် ဧရာဝတီမြစ်၏ ရေသယံဇာတများ ပျက်စီးဆုံးရှုံးနိုင်မှုအခြေအနေ၊ (ဃ) စီမံကိန်းများကိုဆောင်ရွက်ခြင်းကြောင့် ဧရာဝတီမြစ်ညာပိုင်း(Up Stream)၊ မြစ်ဆုံ၊ မြစ်အောက်ပိုင်း (Down Stream) ၊ မြစ်ကြောင်းတစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသအထိဖြစ်ပေါ်လာမည့် အကျိုးဆက်များနှင့် မြစ်ကြောင်းစီးဆင်းမှုကို ထိခိုက်နိုင်မှု အခြေအနေ၊ (င) မြန်မာနိုင်ငံ၏ အသက်သွေးကြောတစ်ခု ဖြစ်သည့် ဧရာဝတီမြစ် ရေရှည်တည်တံ့နိုင်မှုအပေါ် အကျိုးသက်ရောက်နိုင်မှုအခြေအနေ၊ (စ) နိုင်ငံတော်နှင့်ပြည်သူများအတွက် အကျိုးဖြစ်ထွန်းနိုင်မှုအခြေအနေနှင့် လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးနိုင်မည့်အခြေအနေ၊ (ဆ) စီမံကိန်းများ ဆက်လက် ဆောင်ရွက်ရန် သင့်မသင့်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်နိုင်မှုအခြေအနေ၊ (ဇ) စီမံကိန်းဆိုင်ရာစာချုပ်များအပေါ် လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူတို့အကြား နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရေး ညှိနှိုင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများ စသည်တို့နှင့်ပတ်သက်၍ ကော်မရှင်က လေ့လာဆန်းစစ်စုံစမ်းကာ အကြံပြု ချက်များနှင့်အတူ အစီရင်ခံစာ ရေးသားတင်ပြရန် ဖြစ်သည်။ မြစ်ဆုံနှင့်ပတ်သက်၍ အများပြည်သူထံ ပွင့်လင်းမြင်သာမှုရှိစွာ အသိပေးတင်ပြသွားမည်ဟု NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကတိကဝတ်များပေးခဲ့သည်။ ထိုစဉ်က ရွေးကောက်ပွဲကာလများဖြစ်ပြီး ပြည်သူလူထု၏ ထောက်ခံမှုကိုလည်း ပွင့်လင်းမြင်သာခြင်းဟူသော ခေါင်းစဉ်အောက်မှတစ်ဆင့် အကျိုးအမြတ်ဆန်ဆန် ရရှိထားသည်။ ယင်းအတွက်ကြောင့် မြစ်ဆုံကော်မရှင် ကိုဖွဲ့စည်း၍ အစီရင်ခံစာထွက်ရှိလာစေခြင်းဖြင့် တရုတ်နိုင်ငံကို ဖြစ်စေ၊ မြန်မာလူထုကိုဖြစ်စေ ရွေး ကောက်ပွဲ ကတိကဝတ်ကို ကျေပွန်ခဲ့ကြောင်း ပြသလိုက်သည်။

ထို့နောက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် NLD ၏ မြစ်ဆုံကော်မရှင်အနေဖြင့် အစီရင်ခံစာကို နိုင်ငံ တော် သမ္မတထံသို့ တင်ပြခဲ့သည်။ သို့သော် အစီရင်ခံစာပါ အချက်အလက်များကိုမူ အများပြည်သူသို့ ထုတ်ပြန်အသိပေးခြင်းမရှိတော့ပေ။ သို့သော် အဆိုပါစီမံကိန်းများသည် မြေရာနှင့် သဘာဝပတ် ဝန်းကျင်ထိခိုက်နစ်နာမှု၊ လူမှုစီးပွားဆုံးရှုံးမှုတို့ ကြီးမားသလို ဆည်များတည်ဆောက်မည့်ဧရိယာသည် ငလျင်ကြောအတွင်းရှိနေသောကြောင့် ဆက်လက်မလုပ်ဆောင်သင့်ကြောင်း ကော်မရှင်အဖွဲ့ဝင်အချို့က သီးခြားအကြံပြုချက်များပေးထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် လက်ရှိကမ္ဘာပေါ်တွင် သူ့နိုင်ငံအတွင်း၌ ထိရောက်မှုအရှိဆုံးနှင့် အခိုင်မာဆုံးဖြစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ မဟာဗျူဟာမြောက်ဥပဒေများရှင်သန်သည့် နိုင်ငံကြီးတစ်ခုတည်း။ CPI ကုမ္ပဏီမှ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှု ပြုလုပ်ရန်အတွက် Changjiang Institute of Surv­ey, Planning, Design and Research (CISPDR) ကဦးဆောင်ကာ မြန်မာနိုင်ငံမှပညာရှင် အဖွဲ့ဖြစ်သော Biodiversity and Nature Conse­rvation Association (BANCA) နှင့် ပူးပေါင်း၍ စစ်တမ်းများ ပြုလုပ်ခဲ့ပြီးနောက် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုအစီရင်ခံစာကို CPI နှင့် Changjiang Institute of Surv­ey, Planning, Design and Research (CISPDR) ထံသို့ပြန်လည် ပေးပို့ခဲ့ သည်။ အရပ်ဘက် BANCA သည် ဇီဝမျိုးစုံမျိုးကွဲ လေ့လာသူများဖြစ်၏။

စီမံကိန်းများလုပ်ဆောင်ခြင်းကြောင့် ဒေသခံ အများအပြားပြောင်းရွှေ့ရမည်။ ပြောင်းရွှေ့ရမည့်သူ များအနေဖြင့် သူတို့၏ ဘဝနှင့်စီးပွားရေးအပါ် ထိခိုက်စေမည်။ ပြင်ပမှ အလုပ်သမားများ ဝင်ရောက်လာမည်ဖြစ်ရာ ‌ဒေသခံတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့စရိုက်များအပေါ် ၎င်းတို့က လွှမ်းမိုးစေလိမ့်မည်။ တရားမဝင် တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုနှင့် တရားမဝင်သစ်ထုတ်လုပ်ရေးလုပ်ငန်းများ၊ သတ္တုထုတ်လုပ်ရေး များက ဆိုးရွားလာစေနိုင်သည်။ တောရိုင်းတိရစ္ဆာန် များ၏ ကျက်စားရာနယ်မြေများ ကျဉ်းသွားနိုင်သည်။ မြစ်ဆုံသည် သဘာဝအမွေအနှစ်တစ်ခုဖြစ်ရာ ဆည် တည်ဆောက်လိုက်ပါက ယင်းအမွေအနှစ်တို့ကို ထာဝရ ဆုံးရှုံးရမည်ဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာ တွင်ဖော်ပြထားသည်။ ကချင်လူထုအတွက် အလေး ထားတင်ပြတောင်းဆိုရမည့် ဥပဒေနှင့်အညီတင်ပြ ပြီး တရုတ်တို့ကိုအသိပေးနားလည်စေမည့် နိုင်ငံ တကာစံနှုန်းများကျန်ခဲ့သည်ကို လေ့လာတွေ့ရှိရပါ သည်။

အပိုင်း (၄) ကို ဆက်လက်ဖော်ပြပါမည် . . .

zawgyi version
က်စ္ဆံၿမီး ဧရာဝတီ ( AYARWADDY The BRAIDED HAIR River ) (အခန္းဆက္ေဆာင္းပါးရွည္) (အပိုင္း-၃)
ဇာမဏီစံေမာင္ (NP News) - ဇူလိုင္ ၆

၂ဝ၁၈ ခုႏွစ္ မတ္လတြင္ ျမန္မာဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူႏွင့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိတို႔သည္ ဗီယက္နမ္ႏိုင္ငံ၌ က်င္းပသည့္ မဲေခါင္အစည္းအေဝးတြင္ ထိုစီမံကိန္းကို အေကာင္ အထည္ေဖာ္ရန္အတြက္ ေဆြးေႏြးခဲ့ၾကသည္။ ၂ဝ၁၈ ခုႏွစ္ ဇြန္လတြင္ ယူနန္ျပည္နယ္အစိုးရဖြံ႕ၿဖိဳးေရးႏွင့္ ျပဳ ျပင္ေျပာင္းလဲေရးေကာ္မရွင္သည္ ထိုစီမံကိန္းကို အေကာင္ အထည္ေဖာ္ေရးလုပ္ငန္းစဥ္မ်ား ျပန္လည္စတင္ရန္ (၁၂)ႀကိမ္ေျမာက္ ယူနန္ျပည္နယ္ တ႐ုတ္ျပည္သူ႔ႏိုင္ငံေရးအႀကံေပးအစည္းအေဝး တြင္တင္ျပခဲ့သည္။ ယူနန္အစိုးရ၏ေထာက္ပံ့မႈ၊ တ႐ုတ္ အမ်ိဳးသားဖြံ႕ၿဖိဳးမႈႏွင့္ ျပဳျပင္ေျပာင္းလဲေရးေကာ္မရွင္ တို႔၏ေထာက္ခံမႈတို႔ျဖင့္ ယူနန္အေျခစိုက္ ေတာင္အာ ရွႏွင့္ အေရွေတာင္အာရွ ပို႔ေဆာင္ေရးသုေတသနအင္ စတီက်ဳသည္ ဧရာဝတီျမစ္ႏွင့္ပတ္သက္ေသာ သုေတ သနစာတမ္းမ်ားကို ကြင္းဆင္းေလ့လာမႈ ျပဳလုပ္ခဲ့သည္။

တ႐ုတ္ျမန္မာစီးပြားေရးစႀကႍ၏ မူေဘာင္ ေအာက္တြင္ "ဧရာဝတီျမစ္ ကုန္းလမ္းေရလမ္းေၾကာင္း စႀကႍဖြံ႕ၿဖိဳးေရးသုေတသနစစ္တမ္း" (The development of the Irrawaddy River Land-water transport corridor under the frame work of China-Myanmar Economic Corri­dor)ႏွင့္ "တ႐ုတ္-ျမန္မာ ကုန္းလမ္းေရလမ္းသယ္ယူ ပို႔ေဆာင္ေရးလမ္းေၾကာင္းတြင္ ပုဂၢလိကလုပ္ငန္းမ်ား ပါဝင္လာရန္ သုေတသနစာတမ္း"(Private Ent­erprises’ Participating in the operation of China-Myanmar Land-water Intermodal Transport Channel)ႏွစ္ခုကို ၂ဝ၁၈ ခုႏွစ္တြင္ျပဳ လုပ္ခဲ့သည္။

၂ဝ၁၉ ခုႏွစ္တြင္ "ဧရာဝတီျမစ္ဝွမ္း စီးပြားေရး ခါးပတ္လမ္းဖြံ႕ၿဖိဳးမႈ (Irrawaddy River Basin Economic Belt Development) သုေတသန စာတမ္း"ကို ျပဳလုပ္ခဲ့သည္။ ထိုသုေတသနစာတမ္းမ်ား ကို တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သယ္ယူပို႔ေဆာင္ေရး ဝန္ႀကီးဌာနႏွင့္ တ႐ုတ္အမ်ိဳးသားဖြံ႕ၿဖိဳးမႈႏွင့္ ျပဳျပင္ေျပာင္းလဲေရးေကာ္မရွင္တို႔သို႔ တင္သြင္းခဲ့သည္။

ဧရာဝတီျမစ္ဝွမ္းစီမံကိန္းကို အေကာင္အထည္ ေဖာ္ရန္ တ႐ုတ္ႏိုင္ငံသည္ ၂ဝ၁၈ ခုႏွစ္ႏွင့္ ၂ဝ၁၉ ခုႏွစ္တို႔အတြင္းတြင္ ပိုမိုတြန္းအားေပးလုပ္ေဆာင္ လာခဲ့သည္။ ထိုစီမံကိန္းအေကာင္ အထည္ေဖာ္ျခင္းကိုအားေပးရန္ ႏွစ္ႏိုင္ငံအၾကားျပဳလုပ္ေသာ တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍအစည္းအေဝးမ်ားတြင္ ျမန္မာဘက္မွတက္ေရာက္သူမ်ားကို အလြတ္သေဘာျဖင့္ တိုက္တြန္းမႈမ်ားရွိခဲ့သည္။

ဧရာဝတီျမစ္အေပၚတြင္ စီမံကိန္းမ်ားတည္ ေဆာက္ျခင္းျဖင့္ ပထမအခ်က္မွာ ကုန္က်စ ရိတ္သက္သာျခင္း၊ ဒုတိယအခ်က္မွာ တိုက္ပြဲမ်ားေၾကာင့္ ၾကန႔္ၾကာၿပီး အႏၲရာယ္မ်ားေသာ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကိုျဖတ္သန္းသြားမည့္ ကုန္းလမ္းခရီးေၾကာင္း အသုံးျပဳရမႈကိုေလွ်ာ့ခ်ကာ ဧရာဝတီျမစ္ဝကြၽန္းေပၚ ေဒသမွတစ္ဆင့္ အိႏၵိယသမုဒၵရာကို လႊမ္းမိုးႏိုင္ရန္ ႀကိဳးစားသည့္ ယခုလမ္းေၾကာင္းသည္ ပဋိပကၡမ်ားမရွိျခင္းေၾကာင့္ အေႏွာင့္အယွက္မ်ားကင္းကာ ပိုမို လြယ္ကူၿပီး အခ်ိန္တိုအတြင္း အေကာင္အထည္ေဖာ္ ႏိုင္ျခင္း စသည့္အေၾကာင္းအခ်က္မ်ားရွိေနျခင္းတို႔ေၾကာင့္ ဧရာဝတီစီးပြားေရးရပ္ဝန္းစီမံကိန္းကို ေဖာ္ေဆာင္ရန္ စီစဥ္လာျခင္းျဖစ္သည္။

"တ႐ုတ္-ျမန္မာ ဧရာဝတီျမစ္စီးပြားေရးရပ္ဝန္း သို႔မဟုတ္ "တ႐ုတ္-ျမန္မာ ေရေၾကာင္းခါးပတ္လမ္း"စီမံကိန္း၏ ကုန္စည္စီးဆင္းမည့္ အဓိက အစိတ္အပိုင္းမ်ားျဖစ္ေသာ ဧရာဝတီျမစ္ေၾကာင္းရွိ မေကြးဆိပ္ကမ္းကို အေမရိကန္ေဒၚလာ ၃၃ သန္း၊ ပခုကၠဴ ဆိပ္ကမ္းကို ၄၇ သန္းႏွင့္ ဗန္းေမာ္ဆိပ္ကမ္းကို ၃၄ သန္းအကုန္အက်ခံကာ ႏိုင္ငံတကာအဆင့္မီ ဆိပ္ကမ္းမ်ားျဖစ္လာေစရန္ ေဆာင္႐ြက္မည္ဟု ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနမွတာဝန္ရွိသူက ၂ဝ၂ဝ ျပည့္ႏွစ္ စက္တင္ဘာလ ၇ ရက္ကဆိုသည္။ လက္ရွိတြင္ ယင္းဆိပ္ကမ္းသုံးခုသည္ ႀကီးမားေသာ ကုန္ေသတၱာမ်ားကို အတင္အခ်ျပဳလုပ္ရန္ ေခတ္မီစက္ကိရိယာမ်ားမရွိျခင္းႏွင့္ နည္းပညာလိုအပ္ျခင္း စသည့္ ဆိပ္ကမ္းဆိုင္ရာ အေျခခံအေဆာက္အအုံမ်ား အားနည္းေနသည္။ ထိုစီမံကိန္းမ်ားကို အစိုးရ၏စီမံကိန္းဘဏ္(Project Bank)တြင္ ထည့္သြင္းေၾကညာ ထားၿပီး အစိုးရ၊ ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မႈ (PPP) ပုံစံျဖင့္ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြင္း စတင္အေကာင္အထည္ေဖာ္ကာ ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္တြင္ၿပီးစီးရန္ လ်ာထားသည္ဟုဆိုသည္။ သို႔ေသာ္ "တ႐ုတ္-ျမန္မာ ဧရာဝတီျမစ္စီးပြား ေရးရပ္ဝန္း" သို႔မဟုတ္ "တ႐ုတ္-ျမန္မာေရေၾကာင္း ခါးပတ္လမ္း"စီမံကိန္း၏ ကုန္စည္စီးဆင္းမည့္ အဓိကအစိတ္အပိုင္းတစ္ခုျဖစ္သည့္ ရန္ကုန္ဆိပ္ကမ္း ႏွင့္ပတ္သက္ေသာ စီမံကိန္းအခ်က္အလက္မ်ားကိုမူ မသိရွိရေသးေပ။

ျမစ္ဆုံေကာ္မရွင္ႏွင့္ေကာ္မရွင္က တာဝန္ေပးသည့္ ျပန္လည္ဆန္းစစ္ခ်က္ဆိုင္ရာ ပညာရွင္တို႔၏ ပကတိအစီရင္ခံစာမ်ားကို ၂ဝ၁၅ ခုႏွစ္ ႏိုဝင္ဘာလ အေထြေထြေ႐ြးေကာက္ပြဲတြင္အႏိုင္ရရွိခဲ့သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) ပါတီသည္ ၂ဝ၁၆ ခုႏွစ္ မတ္လကုန္တြင္ အစိုးရအျဖစ္တာဝန္ယူစဥ္ ထည့္သြင္းလက္ခံခဲ့သည္။ ဩဂုတ္လတြင္ ျမစ္ဆုံ ဆည္စီမံကိန္းမ်ားႏွင့္ပတ္သက္သည့္ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္ “ဧရာဝတီ-ျမစ္ဆုံ ျမစ္ညာ ျမစ္ဝွမ္းေရအား လွ်ပ္စစ္စီမံကိန္းမ်ား ေလ့လာစိစစ္သုံးသပ္ေရးေကာ္မရွင္”ကို ဖြဲ႕စည္းခဲ့သည္။

စီမံကိန္းမ်ားသည္ (က) သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးတို႔ႏွင့္ပတ္သက္ၿပီး ႏိုင္ငံတကာစံႏႈန္းမ်ားကို လိုက္နာျခင္း ရွိ၊ မရွိ၊ (ခ) စီမံကိန္းမ်ားေၾကာင့္ လူမႈပတ္ဝန္းက်င္၊ ေဂဟစနစ္အပါအဝင္ သဘာဝပတ္ဝန္းက်င္အေပၚ ေကာင္းက်ိဳးႏွင့္ဆိုးက်ိဳးသက္ေရာက္မႈမ်ား၊ (ဂ) စီမံကိန္းမ်ားေၾကာင့္ ဧရာဝတီျမစ္၏ ေရသယံဇာတမ်ား ပ်က္စီးဆုံးရႈံးႏိုင္မႈအေျခအေန၊ (ဃ) စီမံကိန္းမ်ားကိုေဆာင္႐ြက္ျခင္းေၾကာင့္ ဧရာဝတီျမစ္ညာပိုင္း(Up Stream)၊ ျမစ္ဆုံ၊ ျမစ္ေအာက္ပိုင္း (Down Stream) ၊ ျမစ္ေၾကာင္းတစ္ေလွ်ာက္ႏွင့္ ျမစ္ဝကြၽန္းေပၚေဒသအထိျဖစ္ေပၚလာမည့္ အက်ိဳးဆက္မ်ားႏွင့္ ျမစ္ေၾကာင္းစီးဆင္းမႈကို ထိခိုက္ႏိုင္မႈ အေျခအေန၊ (င) ျမန္မာႏိုင္ငံ၏ အသက္ေသြးေၾကာတစ္ခု ျဖစ္သည့္ ဧရာဝတီျမစ္ ေရရွည္တည္တံ့ႏိုင္မႈအေပၚ အက်ိဳးသက္ေရာက္ႏိုင္မႈအေျခအေန၊ (စ) ႏိုင္ငံေတာ္ႏွင့္ျပည္သူမ်ားအတြက္ အက်ိဳးျဖစ္ထြန္းႏိုင္မႈအေျခအေနႏွင့္ လွ်ပ္စစ္ဓာတ္အားျဖည့္ဆည္းေပးႏိုင္မည့္အေျခအေန၊ (ဆ) စီမံကိန္းမ်ား ဆက္လက္ ေဆာင္႐ြက္ရန္ သင့္မသင့္ႏွင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈအေပၚ အက်ိဳးသက္ေရာက္ႏိုင္မႈအေျခအေန၊ (ဇ) စီမံကိန္းဆိုင္ရာစာခ်ဳပ္မ်ားအေပၚ ေလ့လာသုံးသပ္ၿပီး ျမန္မာႏိုင္ငံႏွင့္ ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံသူတို႔အၾကား ႏွစ္ဦးႏွစ္ဖက္ အက်ိဳးျဖစ္ထြန္းေစေရး ညႇိႏႈိင္းေဆာင္႐ြက္ႏိုင္မည့္နည္းလမ္းမ်ား စသည္တို႔ႏွင့္ပတ္သက္၍ ေကာ္မရွင္က ေလ့လာဆန္းစစ္စုံစမ္းကာ အႀကံျပဳ ခ်က္မ်ားႏွင့္အတူ အစီရင္ခံစာ ေရးသားတင္ျပရန္ ျဖစ္သည္။ ျမစ္ဆုံႏွင့္ပတ္သက္၍ အမ်ားျပည္သူထံ ပြင့္လင္းျမင္သာမႈရွိစြာ အသိေပးတင္ျပသြားမည္ဟု NLD ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ကတိကဝတ္မ်ားေပးခဲ့သည္။ ထိုစဥ္က ေ႐ြးေကာက္ပြဲကာလမ်ားျဖစ္ၿပီး ျပည္သူလူထု၏ ေထာက္ခံမႈကိုလည္း ပြင့္လင္းျမင္သာျခင္းဟူေသာ ေခါင္းစဥ္ေအာက္မွတစ္ဆင့္ အက်ိဳးအျမတ္ဆန္ဆန္ ရရွိထားသည္။ ယင္းအတြက္ေၾကာင့္ ျမစ္ဆုံေကာ္မရွင္ ကိုဖြဲ႕စည္း၍ အစီရင္ခံစာထြက္ရွိလာေစျခင္းျဖင့္ တ႐ုတ္ႏိုင္ငံကို ျဖစ္ေစ၊ ျမန္မာလူထုကိုျဖစ္ေစ ေ႐ြး ေကာက္ပြဲ ကတိကဝတ္ကို ေက်ပြန္ခဲ့ေၾကာင္း ျပသလိုက္သည္။

ထို႔ေနာက္ ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာလတြင္ NLD ၏ ျမစ္ဆုံေကာ္မရွင္အေနျဖင့္ အစီရင္ခံစာကို ႏိုင္ငံ ေတာ္ သမၼတထံသို႔ တင္ျပခဲ့သည္။ သို႔ေသာ္ အစီရင္ခံစာပါ အခ်က္အလက္မ်ားကိုမူ အမ်ားျပည္သူသို႔ ထုတ္ျပန္အသိေပးျခင္းမရွိေတာ့ေပ။ သို႔ေသာ္ အဆိုပါစီမံကိန္းမ်ားသည္ ေျမရာႏွင့္ သဘာဝပတ္ ဝန္းက်င္ထိခိုက္နစ္နာမႈ၊ လူမႈစီးပြားဆုံးရႈံးမႈတို႔ ႀကီးမားသလို ဆည္မ်ားတည္ေဆာက္မည့္ဧရိယာသည္ ငလ်င္ေၾကာအတြင္းရွိေနေသာေၾကာင့္ ဆက္လက္မလုပ္ေဆာင္သင့္ေၾကာင္း ေကာ္မရွင္အဖြဲ႕ဝင္အခ်ိဳ႕က သီးျခားအႀကံျပဳခ်က္မ်ားေပးထားသည္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသည္ လက္ရွိကမာၻေပၚတြင္ သူ႔ႏိုင္ငံအတြင္း၌ ထိေရာက္မႈအရွိဆုံးႏွင့္ အခိုင္မာဆုံးျဖစ္သည့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရး ဆိုင္ရာ မဟာဗ်ဴဟာေျမာက္ဥပေဒမ်ားရွင္သန္သည့္ ႏိုင္ငံႀကီးတစ္ခုတည္း။ CPI ကုမၸဏီမွ လူမႈေရးႏွင့္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ေလ့လာဆန္းစစ္မႈ ျပဳလုပ္ရန္အတြက္ Changjiang Institute of Surv­ey, Planning, Design and Research (CISPDR) ကဦးေဆာင္ကာ ျမန္မာႏိုင္ငံမွပညာရွင္ အဖြဲ႕ျဖစ္ေသာ Biodiversity and Nature Conse­rvation Association (BANCA) ႏွင့္ ပူးေပါင္း၍ စစ္တမ္းမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ ၂ဝဝ၉ ခုႏွစ္ ေအာက္တိုဘာလတြင္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ေလ့လာဆန္းစစ္မႈအစီရင္ခံစာကို CPI ႏွင့္ Changjiang Institute of Surv­ey, Planning, Design and Research (CISPDR) ထံသို႔ျပန္လည္ ေပးပို႔ခဲ့ သည္။ အရပ္ဘက္ BANCA သည္ ဇီဝမ်ိဳးစုံမ်ိဳးကြဲ ေလ့လာသူမ်ားျဖစ္၏။

စီမံကိန္းမ်ားလုပ္ေဆာင္ျခင္းေၾကာင့္ ေဒသခံ အမ်ားအျပားေျပာင္းေ႐ႊ႕ရမည္။ ေျပာင္းေ႐ႊ႕ရမည့္သူ မ်ားအေနျဖင့္ သူတို႔၏ ဘဝႏွင့္စီးပြားေရးအပၚ ထိခိုက္ေစမည္။ ျပင္ပမွ အလုပ္သမားမ်ား ဝင္ေရာက္လာမည္ျဖစ္ရာ ‌ေဒသခံတို႔၏ ယဥ္ေက်းမႈႏွင့္ ဓေလ့စ႐ိုက္မ်ားအေပၚ ၎တို႔က လႊမ္းမိုးေစလိမ့္မည္။ တရားမဝင္ ေတာ႐ိုင္းတိရစာၦန္ေရာင္းဝယ္မႈႏွင့္ တရားမဝင္သစ္ထုတ္လုပ္ေရးလုပ္ငန္းမ်ား၊ သတၱဳထုတ္လုပ္ေရး မ်ားက ဆိုး႐ြားလာေစႏိုင္သည္။ ေတာ႐ိုင္းတိရစာၦန္ မ်ား၏ က်က္စားရာနယ္ေျမမ်ား က်ဥ္းသြားႏိုင္သည္။ ျမစ္ဆုံသည္ သဘာဝအေမြအႏွစ္တစ္ခုျဖစ္ရာ ဆည္ တည္ေဆာက္လိုက္ပါက ယင္းအေမြအႏွစ္တို႔ကို ထာဝရ ဆုံးရႈံးရမည္ျဖစ္သည္ဟု အဆိုပါ အစီရင္ခံစာ တြင္ေဖာ္ျပထားသည္။ ကခ်င္လူထုအတြက္ အေလး ထားတင္ျပေတာင္းဆိုရမည့္ ဥပေဒႏွင့္အညီတင္ျပ ၿပီး တ႐ုတ္တို႔ကိုအသိေပးနားလည္ေစမည့္ ႏိုင္ငံ တကာစံႏႈန္းမ်ားက်န္ခဲ့သည္ကို ေလ့လာေတြ႕ရွိရပါ သည္။

အပိုင္း (၄) ကို ဆက္လက္ေဖာ္ျပပါမည္ . . .

Related news

© 2021. All rights reserved.