တရုတ်နိုင်ငံမှာ ရေကာတာကျိုးပေါက်ခဲ့တဲ့အတွက် ရေကြီးမှုများဖြစ်ပေါ်
6497
ဂျန်ဇက် (NP News) - ဇူလိုင် ၆
တရုတ်နိုင်ငံအလယ်ပိုင်းမှာ ဇူလိုင်လ ၅ ရက်နေ့က ရေကာတာ ကျိုးပေါက်မှုများဖြစ်လာခဲ့ပြီး ရေကြီးမှုများဖြစ်ပွားလာခဲ့ရာ လူပေါင်း သောင်းချီကို ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးထားရကြောင်းသိရပါတယ်။
တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာ ရေကာတာကျိုးပေါက်မှုဖြစ်ပွားခဲ့ပြီး ရေကာတာဟာ အရှည် ပေ ၇၄၀ နီးပါးကျိုးပေါက်ခဲ့ကာရေများ လျှံထွက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဆိုပါရေကာတာမှာသိုလှောင်ထားတဲ့ ရေအများအပြားဟာ မြို့တွေ၊ ရွာတွေထဲကို စီးဝင်လာခဲ့ရာ စိုက်ခင်းတွေ နစ်မြှုပ်ခဲ့ရသလို အိမ်တွေရဲ့ခေါင်းမိုးနားအထိရောက်ရှိလာနေကြောင်း ဒေသခံတွေကပြောပါတယ်။ လက်ရှိအချိန်မှာတရုတ်အာဏာပိုင်တွေဟာ ရေကာတာကျိုးပေါက်မှုနဲ့ ရေကြီးမှုတွေကိုဖြေရှင်းနိုင်ဖို့အပြင် ဒေသခံတွေကို ဘေးလွတ်ရာကိုရွှေ့ပြောင်းနိုင်ဖို့ အရှိန်မြှင့်ကြိုးပမ်းနေရကြောင်း သိရပါတယ်။
တရုတ်အစိုးရဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်အောင် လူပေါင်း ၈၀၀ ကျော်ကို စေလွှတ်ထားသလို လှေများ၊ ယာဉ်များအစီးရေ ၁၅၀ ကျော်ကို စေလွှတ်ခဲ့ကြောင်းသိရပါတယ်။ တရုတ်ဗဟိုအစိုးရကလည်း ရေကာတာကျိုးပေါက်မှုကြောင့် ရေကြီးမှုဒဏ်ခံရတဲ့ ဒေသတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်အောင် အမေရိကန်ဒေါ်လာ ၇၄ သန်း ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ တရုတ်အစိုးရဟာ ရေကြီးမှုများဖြစ်ပွားနေတဲ့အတွက် ကားတွေကို သွားလာခြင်းမျိုးမလုပ်ဖို့အမိန့်ထုတ်ပြန်ထားသလို လူတွေကိုလည်း အပြင်ကို မထွက်ဖို့ နဲ့ သွားလာလှုပ်ရှားမှုမျိုးမလုပ်ဖို့ ညွှန်ကြားထားကြောင်းသိရပါတယ်။
zawgyi version
တ႐ုတ္ႏိုင္ငံမွာ ေရကာတာက်ိဳးေပါက္ခဲ့တဲ့အတြက္ ေရႀကီးမႈမ်ားျဖစ္ေပၚ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၆
တ႐ုတ္ႏိုင္ငံအလယ္ပိုင္းမွာ ဇူလိုင္လ ၅ ရက္ေန႔က ေရကာတာ က်ိဳးေပါက္မႈမ်ားျဖစ္လာခဲ့ၿပီး ေရႀကီးမႈမ်ားျဖစ္ပြားလာခဲ့ရာ လူေပါင္း ေသာင္းခ်ီကို ေဘးလြတ္ရာကိုေ႐ႊ႕ေျပာင္းေပးထားရေၾကာင္းသိရပါတယ္။
တ႐ုတ္ႏိုင္ငံ ဟူနန္ျပည္နယ္မွာ ေရကာတာက်ိဳးေပါက္မႈျဖစ္ပြားခဲ့ၿပီး ေရကာတာဟာ အရွည္ ေပ ၇၄၀ နီးပါးက်ိဳးေပါက္ခဲ့ကာေရမ်ား လွ်ံထြက္လာခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ အဆိုပါေရကာတာမွာသိုေလွာင္ထားတဲ့ ေရအမ်ားအျပားဟာ ၿမိဳ႕ေတြ၊ ႐ြာေတြထဲကို စီးဝင္လာခဲ့ရာ စိုက္ခင္းေတြ နစ္ျမႇဳပ္ခဲ့ရသလို အိမ္ေတြရဲ႕ေခါင္းမိုးနားအထိေရာက္ရွိလာေနေၾကာင္း ေဒသခံေတြကေျပာပါတယ္။ လက္ရွိအခ်ိန္မွာတ႐ုတ္အာဏာပိုင္ေတြဟာ ေရကာတာက်ိဳးေပါက္မႈနဲ႔ ေရႀကီးမႈေတြကိုေျဖရွင္းႏိုင္ဖို႔အျပင္ ေဒသခံေတြကို ေဘးလြတ္ရာကိုေ႐ႊ႕ေျပာင္းႏိုင္ဖို႔ အရွိန္ျမႇင့္ႀကိဳးပမ္းေနရေၾကာင္း သိရပါတယ္။
တ႐ုတ္အစိုးရဟာ ကယ္ဆယ္ေရးလုပ္ငန္းေတြလုပ္ကိုင္ႏိုင္ေအာင္ လူေပါင္း ၈၀၀ ေက်ာ္ကို ေစလႊတ္ထားသလို ေလွမ်ား၊ ယာဥ္မ်ားအစီးေရ ၁၅၀ ေက်ာ္ကို ေစလႊတ္ခဲ့ေၾကာင္းသိရပါတယ္။ တ႐ုတ္ဗဟိုအစိုးရကလည္း ေရကာတာက်ိဳးေပါက္မႈေၾကာင့္ ေရႀကီးမႈဒဏ္ခံရတဲ့ ေဒသေတြအတြက္ ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြလုပ္ကိုင္ႏိုင္ေအာင္ အေမရိကန္ေဒၚလာ ၇၄ သန္း ကူညီေထာက္ပံ့ေပးသြားမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။ တ႐ုတ္အစိုးရဟာ ေရႀကီးမႈမ်ားျဖစ္ပြားေနတဲ့အတြက္ ကားေတြကို သြားလာျခင္းမ်ိဳးမလုပ္ဖို႔အမိန႔္ထုတ္ျပန္ထားသလို လူေတြကိုလည္း အျပင္ကို မထြက္ဖို႔ နဲ႔ သြားလာလႈပ္ရွားမႈမ်ိဳးမလုပ္ဖို႔ ၫႊန္ၾကားထားေၾကာင္းသိရပါတယ္။