ရှေ့နေဘဝကနေ တောင်ကိုရီးယားသမ္မတဖြစ်လာသူ ယွန်ဆက်ယိုလ်အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)

 421

ဂျန်ဇက် (NP News) - ဇူလိုင် ၇

ကိုရီးယားကျွန်းဆွယ်အရေးတင်းမာမှုတွေ ဟာ တောင်ကိုရီးယားလက်ရှိသမ္မတ ယွန်ဆက်ယိုလ် လက်ထက်မှာ ပိုမိုဖြစ်ပွားလာနေတယ်လို့ ကမ္ဘာ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာမွေးဖွားတဲ့ ယွန်ဆက်ယိုလ်ဟာ ၂၀၂၂ခု နှစ်က ကျင်းပတဲ့ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် တောင်ကိုရီးယားနိုင်ငံရဲ့ (၁၃) ဆက် မြောက်သမ္မတ ဖြစ်လာခဲ့သူဖြစ်ပါတယ်။

ယွန်ဆက်ယိုလ်ဟာ တောင်ကိုရီးယား သမ္မတအဖြစ် တာဝန်မယူခင် ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း အစိုးရရှေ့နေအဖြစ်တာဝန်ယူခဲ့ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်သမ္မတတွေဖြစ်တဲ့ လီမြောင်ဘတ်နဲ့ ပက်ဂွန် ဟေးတို့ရဲ့အကျင့် ပျက်လာဘ်စားမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ လူသိများထင်ရှားလာခဲ့သူဖြစ်ပါတယ်။ ကွန်ဆာဗေး တစ်အယူဆ ပြင်းထန်သူတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ယွန်ဆက်ယိုလ်ဟာ Choongam High School အထက် တန်းကျောင်းမှာတက် ရောက်ပညာ သင်ကြားခဲ့သလို Seoul National University တက္ကသိုလ်မှာ ဥပဒေပညာကို သင်ကြားဘွဲ့ရခဲ့ပြီး ဥပဒေဘွဲ့အပြင် မဟာဥပေဒဘွဲ့တွေကို ရရှိခဲ့ကာ တောင်ကိုရီးယားအစိုးရရှေ့နေအဖြစ် တာဝန် ယူခဲ့သူဖြစ်ပါတယ်။
ယွန်ဆက်ယိုလ်ဟာ ၂၀၁၉ ခုနှစ်မှာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းရဲ့တောင်ကိုရီးယားရှေ့ နေချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး တောင်ကိုရီးယားနိုင်ငံရဲ့အစိုးရရှေ့နေလောကကို ပြုပြင်ပြောင်း လဲမှုများစွာလုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ အစိုးရရှေ့နေချုပ်အဖြစ်တာဝန်ယူချိန်အတွင်း တောင်ကိုရီးယား သမ္မတဟောင်းတွေရဲ့ ပြစ်မှုတွေကို ကိုင်တွယ်ဖြေ ရှင်းနိုင်တဲ့အပြင် အစိုးရရှေ့နေလောကကို အပြောင်း အလဲများစွာလုပ်ဆောင်နိုင်တဲ့အတွက် နာမည်ကျော် လာမှုနဲ့အတူ တောင်ကိုရီးယားအာဏာရပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ကြိုဆိုမှုတွေကိုရရှိခဲ့သူဖြစ်ပါတယ်။ ယွန်ဆက်ယိုလ်ဟာ ၂၀၂၂ ခုနှစ်အတွင်း ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ People Power Party’s (PPP’s) ပါတီကိုယ်စားပြုကာပါဝင်ယှဉ် ပြိုင်ခဲ့ပြီးနောက် အနိုင်ရခဲ့ကာ တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတအဖြစ်ရွေးကောက်ခံရသူဖြစ်ပါတယ်။ သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် ရွေးကောက်ပွဲကတိတွေကိုအကောင်ထည်ဖော်ဖို့ ကြိုးပမ်းခဲ့ရာ တောင်ကိုရီးယား ကျားမတန်း တူညီမျှရေးဝန်ကြီး ဌာနကိုဖျက်သိမ်းဖို့ ကြိုးပမ်းခဲ့ပါတယ်။

ယွန်ဆက်ယိုလ်ဟာ အစိုးရေရှေ့နေချုပ်အဖြစ်တာဝန်ယူခဲ့ပေမယ့် ဥပဒေပြုရေးပိုင်းမှာအား နည်းချက် တွေရှိခဲ့ တဲ့အတွက် လွှတ်တော်အတွင်း ၎င်းရဲ့မူဝါဒတွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ လည်းရှိစေခဲ့ပါတယ်။ Stanford တက္ကသိုလ်ရဲ့ လူမူရေးဆိုင်ရာသုတေသီတစ်ဦးဖြစ်တဲ့ပါမောက္ခ ဂီဝက်ရှင်က ''ယွန်ဆက်ယိုလ် ဟာသူရဲ့ဘဝဖြတ်သန်းမှု အများစုကို အစိုးရရှေ့နေအဖြစ်သာ ကျင်လည်ခဲ့ဖူးပြီး နိုင်ငံရေးခေါင်းဆောင်မှု အတွေ့ကြုံနည်းပါးသူဖြစ် ပေမယ့်ဒီမို ကရက်တစ်ပါတီက သမ္မတလောင်းကို အနိုင်ယူခဲ့ပြီး ကွန်ဆာဗေးတစ်ငခသည ဖြစ်လာခဲ့သူဖြစ်ပါတယ်။ ရှေးရိုးစွဲ ဝါဒီတစ်ဦး တောင်ကိုရီးယား သမ္မတဖြစ်လာတာက တောင်ကိုရီးယား ဒီမိုကရေစီ အတွက် ကောင်းမွန်မှု တွေရှိလာမှာ မဟုတ်ဘူး၊ ခက်ခဲရှုပ်ထွေးမှုတွေရှိလာနိုင်တယ်” လို့ သုံးသပ်ပြောဆို ခဲ့ဖူးပါတယ်။ ယွန်ဆက်ယိုလ်ဟာ တောင်ကိုရီးယား သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း ဇနီးဖြစ်သူဟာ နိုင်ငံရေး ပြိုင်ဘက်တွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပြီး ဖိအား ပေးဖို့ဆန္ဒရှိနေခဲ့သူတစ်ဦးဖြစ်တယ်လို့လည်း Georgia Institute of Technology က ပြောပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ကျော်ခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီကို အားကျအတု ယူသူဖြစ် တယ်လို့ ဆိုကြပါတယ်။ ယွန်ဆက်ယိုလ် သမ္မတအဖြစ်တာဝန်ယူတဲ့ ၂ နှစ်ကျော် ကာလအတွင်း မြောက်ကိုရီးယား အရေးအပြင်နိုင်ငံမူဝါဒတွေကို အကောင်းဆုံးပုံစံမျိုးနဲ့ စွမ်းဆောင်နိုင်မှုမရှိတဲ့အတွက် မဲပေးခွင့်ရှိသူတွေရဲ့အားပေး ထောက်ခံမှုနှုန်း ကျဆင်းခဲ့ကာ ၂၀၂၄ ခုနှစ် ဧပြီလအတွင်းကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ ယွန်ဆက် ယိုလ်ရဲ့ပါတီဖြစ်တဲ့ (PPP’s) ဟာ ရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ယွန်ဆက်ယိုလ်အပေါ် လူထုထောက်ခံမှုနှုန်း ကျဆင်း လာတဲ့အတွက် သူရဲ့ပါတီဖြစ်တဲ့ (PPP’s)ဟာလည်း လွှတ်တော်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကို ရှုံးနိမ့်ခဲ့ကာ လွှတ်တော်အတွင်းအမတ်နေရာ (၁၀၈)နေရာသာရရှိခဲ့တယ်လို့ဆိုပါတယ်။ ယွန်ဆက် ယိုလ်ရဲ့ဇနီးဖြစ်သူ ကီကွန်ဟဲကြောင့်လည်း လူထု ထောက်ခံမှုကျဆင်းခဲ့တာမျိုးဖြစ်တယ်လို့ ဆိုကြပါတယ်။

ယွန်ဆက်ယိုလ်ရဲ့ဇနီးဖြစ်သူဟာ ခင်ပွန်း ဖြစ်သူရဲ့လုပ်ငန်းတွေမှာ သွယ်ဝိုက်ပြီး ပါဝင်ဆက် နွှယ်နေကာ သူရဲ့ပြုမူပြောဆိုပုံတွေက လူအများ ဝေဖန်စရာတွေဖြစ်လာစေခဲ့တယ်လို့ နိုင်ငံတကာသ တင်းမီဒီယာတွေမှာ ရေးသားဖော်ပြခဲ့ဖူးပါတယ်။ တောင်ကိုရီးယားသမ္မတဟောင်း မွန်ဂျေအင်း လက်ထက်မှာ ကိုရီးယားကျွန်းဆွယ် အတွင်း တင်းမာမှုအရှိန် လျော့ချနိုင်အောင် မြောက်ကိုရီးယားနိုင်ငံနဲ့ သံတမန် ဆက်ဆံရေးပိုမိုကောင်းမွန်အောင် တည်ဆောက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ယွန်ဆက်ယိုလ်လက်ထက်မှာတော့ ရှိပြီးသားဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင် တာမျိုးမရှိဘူးလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေကပြောပါတယ်။ မြောက်ကိုရီးယား နိုင်ငံဟာ ယွန်ဆက်ယိုလ် တောင်ကိုရီးယားသမ္မတအဖြစ်တာဝန်ယူပြီးနောက်ပိုင်းမှာ ဒုံးကျည်အပါအဝင် စစ်လက်နက်ပစ္စည်းစမ်း သပ်မှုတွေ ပိုမိုလုပ်ဆောင်လာခဲ့ရာ နှစ်နိုင်ငံကြားတင်းမာမှုတွေ ပိုမိုရှိလာခဲ့ပါတယ်။

ယွန်ဆက်ယိုလ်ဟာ တောင်ကိုရီးယား သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း အမေရိကန်ဦး ဆောင်တဲ့အ နောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင်တည်ဆောက်ခဲ့သလိုမြောက် ကိုရီးယားနိုင်ငံက သတိပေးမှု တွေရှိနေတဲ့ကြားကနေ အမေရိကန်နိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံကြား စစ်ရေးပူးတွဲလေ့ကျင့်မှုတွေနဲ့ပတ် သက်ပြီး မြောက်ကိုရီးယားနိုင်ငံနဲ့ တောင်ကိုရီးယားနိုင် ငံကြားတင်းမာမှုတွေ ပိုမိုဖြစ်လာခဲ့သလို လက်ရှိအချိန်မှာ ၂၀၁၈ခုနှစ်တုန်းကရရှိထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကို ရီးယားနိုင်ငံကြား နယ်စပ်ဒေသ စစ်ရေးလှုပ်ရှားမှုတွေသဘောတူညီမှုကိုဆိုင်းငံ့ခဲ့ပါတယ်။

သမ္မတဟောင်း မွန်ဂျေအင်း လက်ထက်ကရရှိခဲ့တဲ့ နယ်စပ်ဒေသစစ်ရေးသဘောတူညီချက်တွေ ဆိုင်းငံ့လိုက်ပြီး နောက် လက်ရှိအချိန်မှာ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေတစ်ကျော့ ပြန်ဖြစ်လာခဲ့ပါတယ်။ အသက် (၆၃) နှစ်အရွယ်ရှိ ယွန်ဆက်ယိုလ်ဟာ သမ္မတအဖြစ်စတင်တာဝန်ယူပြီး နောက်ပိုင်းတည်းက မြောက်ကိုရီးယားနိုင်ငံနဲ့ အပြု သဘောဆောင်တဲ့ ဆက်ဆံရေးထက် အင်အားသုံးဖြေ ရှင်းလိုတဲ့ ပုံစံမျိုးတွေပြသခဲ့တယ်လို့ အမေရိကန်နိုင် ငံ အိုဟိုင်းရိုး ပြည်နယ်တက္ကသိုလ်ရဲ့ နိုင်ငံရေးသုတေ သီတစ်ဦးဖြစ်တဲ့ မင်ဆန်ကူကပြောပါတယ်။ ယွန်ဆက်ယိုလ်ဟာ တောင်ကိုရီး ယားသမ္မတအဖြစ်တာဝန် ယူပြီးနောက်ပိုင်းတည်းက လိုအပ်မယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံကို လက်ဦးမှုယူ ကြိုတင် တိုက်ခိုက်သွား မယ်လို့ပြောဆိုခဲ့ဖူးရာ အဲဒီစကားက နှစ်နိုင်ငံကြား ဆက်ဆံရေးကိုအဖုအထစ်တွေဖြစ်လာခဲ့တယ်လို့ သုံး သပ်မှုတွေရှိနေပါတယ်။ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်က မြောက်ကိုရီးယားနိုင်ငံရဲ့ ရန်စမှုတွေက ကာကွယ် နိုင်ဖို့ အမေရိကန်နိုင်ငံထုတ် THAAD ဒုံးကျည် ကာကွယ်ရေးစနစ်တွေ ပိုမိုဝယ်ယူသွားမယ်လို့ ပြောဆိုခဲ့ဖူးရာ နှစ်နိုင်ငံကြားတင်းမာမှုတွေပိုမိုဖြစ်လာခဲ့ပါတယ်။ အိုဟိုင်းရိုး ပြည်နယ်တက္ကသိုလ်ရဲ့နိုင်ငံရေးသု တေသီတစ်ဦးဖြစ်တဲ့ မင်ဆန်ကူက '' သမ္မတ ယွန်ဆက်ယိုလ်ရဲ့ နိုင်ငံရေးကျွမ်းကျင်မှုအားနည်းချက်တွေဟာ နိုင်ငံခြားရေးမူဝါဒတွေကို ယိုဖိတ်မှုတွေရှိ လာစေတယ်'' လို့ပြောပါတယ်။ သမ္မတဟောင်း မွန်ဂျေအင်းလက်ထက်က မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်စေဖို့ ကြိုးပမ်းခဲ့တဲ့အတွက် သံတမန်တွေ အပြန်အလှန်စေလွှတ်ဆွေးနွေးတာမျိုး လုပ်ဆောင် နိုင်ခဲ့ပေမယ့် ယွန်ဆက်ယိုလ် လက်ထက်မှာတော့ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံကြား အပြန်အလှန် ဆက်ဆံရေး ကောင်းမွန်အောင်တည် ဆောက်နိုင်တာမျိုးမရှိတဲ့အတွက် စစ်ရေးအရှိန်လည်း မြင့်တက်လာနေပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ နယ်စပ်ဒေသ မှာဖြန့်ကြက်ချထားတဲ့ အတားအဆီးတွေကို ဖယ်ရှား လိုက်တဲ့ အတွက် မြောက်ကိုရီးယားစစ်သားတွေဟာ တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းကိုကျူးကျော်ဝင် ရောက်ဖို့ကြိုး ပမ်းတာ တွေရှိနေပါတယ်။ တောင်ကိုရီး ယားစစ်တပ်ကလည်း နယ်စပ်ဒေသကို ကျူးကျော်ဖို့ ကြိုးပမ်းလာတဲ့ မြောက်ကိုရီး ယားစစ်သားတွေကို သတိပေးပစ်ခတ်တာတွေလုပ်ဆောင်ခဲ့ရပါတယ်။ တောင်ကိုရီးယားဟာ မြောက်ကိုရီးယားနဲ့ သဘော တူညီထားတဲ့ စစ်ရေးသဘောတူညီမှုစာချုပ်ကို ဆိုင်းငံ့လိုက်ပြီးနောက် နယ်စပ်ဒေသမှာမြောက်ကိုရီးယားနိုင်ငံ အတွက် ရည်ရွယ်ဖွင့်လှစ်နေတဲ့ ဝါဒဖြန့်ချိရေး လော်စပီကာတွေကို ပြန်လည်ဖွင့်လှစ်ခဲ့သလို မြောက်ကိုရီးယားက လည်းလက်တုံ့ပြန်မှုအဖြစ် စွန့်ပစ်ပစ္စည်းတွေကို မိုးပျံပူဖောင်းတွေမှာချိတ်ဆွဲပြီး တောင်ကိုရီးယားဘက်ခြမ်းကို ပို့လွှတ် တာတွေရှိနေရာ နှစ်နိုင်ငံကြား အငြင်းပွားမှုတွေဖြစ်လာနေပါတယ်။

ယွန်ဆက်ယိုလ်ဟာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံကြားမှာဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေကို ဖြေလျှော့နိုင်အောင် သံတမန်ရေးနည်း လမ်းအသုံးပြုပြီးကြိုးပမ်းဖို့ လိုအပ်နေပြီး သံတမန် ရေးနည်းလမ်းကို အောင်မြင်စွာမကြိုးပမ်းနိုင်ဘူးဆိုရင် နှစ်နိုင်ငံကြားတင်းမာမှုတွေကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ့် အခြေအနေမျိုး ရောက်ရှိလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံ ဟာတောင်ကိုရီး ယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေကို စိတ်ဆိုး ဒေါသဖြစ်နေကာ မြောက်ကိုရီးယား နိုင်ငံကို ကျူး ကျော်ဖို့ ကြိုတင်ဇာတ်တိုက်နေခြင်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်ကတော့ မြောက်ကိုရီးယားရဲ့စိုးရိမ်မှုတွေ၊ သတိပေး မှုတွေကို ထည့်သွင်းမစဉ်းစားဘဲ အမေရိကန်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းတွေကိုအရှိန်မြှင့်လုပ်ဆောင် လာခဲ့ရာ နှစ်နိုင်ငံကြား အခြေအနေတွေဟာအချိန်မရွေး စစ်ပွဲအသွင်ကူးပြောင်းလာမယ့် အခြေအနေမျိုး တွေရှိနေပါတယ်။ ရှေးရိုးစွဲအယူဆရှိသူ တစ်ဦးဖြစ်တဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်အတွက်တော့ မြောက်ကိုရီးယားနိုင်ငံနဲ့ တင်းမာမှုတွေဖြေ လျှော့ပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက် နိုင်ဖို့ဆိုတာက သူ့အတွက် သမ္မတအရည်အချင်း ပြည့်မီမှု ရှိမရှိဆိုတာ စမ်းသပ်တဲ့ စားမေးပွဲတစ်ခုလို ဖြစ်လာနေတယ်လို့ သုံးသပ်တင်ပြလိုက်ပါတယ်။

zawgyi version
ေရွ႕ေနဘဝကေန ေတာင္ကိုရီးယားသမၼတျဖစ္လာသူ ယြန္ဆက္ယိုလ္အေၾကာင္း တေစ့တေစာင္း (အတၳဳပၸတၱိ)
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၇

ကိုရီးယားကြၽန္းဆြယ္အေရးတင္းမာမႈေတြ ဟာ ေတာင္ကိုရီးယားလက္ရွိသမၼတ ယြန္ဆက္ယိုလ္ လက္ထက္မွာ ပိုမိုျဖစ္ပြားလာေနတယ္လို႔ ကမာၻ႔ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြကေျပာပါတယ္။ ၁၉၆၀ ျပည့္ႏွစ္မွာေမြးဖြားတဲ့ ယြန္ဆက္ယိုလ္ဟာ ၂၀၂၂ခု ႏွစ္က က်င္းပတဲ့ေ႐ြးေကာက္ပြဲမွာ အႏိုင္ရၿပီးေနာက္ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ (၁၃) ဆက္ ေျမာက္သမၼတ ျဖစ္လာခဲ့သူျဖစ္ပါတယ္။

ယြန္ဆက္ယိုလ္ဟာ ေတာင္ကိုရီးယား သမၼတအျဖစ္ တာဝန္မယူခင္ ၂၀၁၉ ခုႏွစ္ကေန ၂၀၂၁ ခုႏွစ္အတြင္း အစိုးရေရွ႕ေနအျဖစ္တာဝန္ယူခဲ့ၿပီး ေတာင္ကိုရီးယားႏိုင္ငံရဲ႕ နာမည္ေက်ာ္သမၼတေတြျဖစ္တဲ့ လီေျမာင္ဘတ္နဲ႔ ပက္ဂြန္ ေဟးတို႔ရဲ႕အက်င့္ ပ်က္လာဘ္စားမႈေတြကို ကိုင္တြယ္ေျဖရွင္းရာမွာ လူသိမ်ားထင္ရွားလာခဲ့သူျဖစ္ပါတယ္။ ကြန္ဆာေဗး တစ္အယူဆ ျပင္းထန္သူတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ ယြန္ဆက္ယိုလ္ဟာ Choongam High School အထက္ တန္းေက်ာင္းမွာတက္ ေရာက္ပညာ သင္ၾကားခဲ့သလို Seoul National University တကၠသိုလ္မွာ ဥပေဒပညာကို သင္ၾကားဘြဲ႕ရခဲ့ၿပီး ဥပေဒဘြဲ႕အျပင္ မဟာဥေပဒဘြဲ႕ေတြကို ရရွိခဲ့ကာ ေတာင္ကိုရီးယားအစိုးရေရွ႕ေနအျဖစ္ တာဝန္ ယူခဲ့သူျဖစ္ပါတယ္။
ယြန္ဆက္ယိုလ္ဟာ ၂၀၁၉ ခုႏွစ္မွာ ေတာင္ကိုရီးယားသမၼတ မြန္ေဂ်အင္းရဲ႕ေတာင္ကိုရီးယားေရွ႕ ေနခ်ဳပ္အျဖစ္ ခန႔္အပ္ခံခဲ့ရၿပီး ေတာင္ကိုရီးယားႏိုင္ငံရဲ႕အစိုးရေရွ႕ေနေလာကကို ျပဳျပင္ေျပာင္း လဲမႈမ်ားစြာလုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။ အစိုးရေရွ႕ေနခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း ေတာင္ကိုရီးယား သမၼတေဟာင္းေတြရဲ႕ ျပစ္မႈေတြကို ကိုင္တြယ္ေျဖ ရွင္းႏိုင္တဲ့အျပင္ အစိုးရေရွ႕ေနေလာကကို အေျပာင္း အလဲမ်ားစြာလုပ္ေဆာင္ႏိုင္တဲ့အတြက္ နာမည္ေက်ာ္ လာမႈနဲ႔အတူ ေတာင္ကိုရီးယားအာဏာရပါတီျဖစ္တဲ့ ဒီမိုကရက္တစ္ပါတီရဲ႕ႀကိဳဆိုမႈေတြကိုရရွိခဲ့သူျဖစ္ပါတယ္။ ယြန္ဆက္ယိုလ္ဟာ ၂၀၂၂ ခုႏွစ္အတြင္း က်င္းပတဲ့ သမၼတေ႐ြးေကာက္ပြဲမွာ People Power Party’s (PPP’s) ပါတီကိုယ္စားျပဳကာပါဝင္ယွဥ္ ၿပိဳင္ခဲ့ၿပီးေနာက္ အႏိုင္ရခဲ့ကာ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ သမၼတအျဖစ္ေ႐ြးေကာက္ခံရသူျဖစ္ပါတယ္။ သမၼတအျဖစ္ ေ႐ြးေကာက္ခံရၿပီးေနာက္ ေ႐ြးေကာက္ပြဲကတိေတြကိုအေကာင္ထည္ေဖာ္ဖို႔ ႀကိဳးပမ္းခဲ့ရာ ေတာင္ကိုရီးယား က်ားမတန္း တူညီမွ်ေရးဝန္ႀကီး ဌာနကိုဖ်က္သိမ္းဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။

ယြန္ဆက္ယိုလ္ဟာ အစိုးေရေရွ႕ေနခ်ဳပ္အျဖစ္တာဝန္ယူခဲ့ေပမယ့္ ဥပေဒျပဳေရးပိုင္းမွာအား နည္းခ်က္ ေတြရွိခဲ့ တဲ့အတြက္ လႊတ္ေတာ္အတြင္း ၎ရဲ႕မူဝါဒေတြနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြ လည္းရွိေစခဲ့ပါတယ္။ Stanford တကၠသိုလ္ရဲ႕ လူမူေရးဆိုင္ရာသုေတသီတစ္ဦးျဖစ္တဲ့ပါေမာကၡ ဂီဝက္ရွင္က ''ယြန္ဆက္ယိုလ္ ဟာသူရဲ႕ဘဝျဖတ္သန္းမႈ အမ်ားစုကို အစိုးရေရွ႕ေနအျဖစ္သာ က်င္လည္ခဲ့ဖူးၿပီး ႏိုင္ငံေရးေခါင္းေဆာင္မႈ အေတြ႕ႀကဳံနည္းပါးသူျဖစ္ ေပမယ့္ဒီမို ကရက္တစ္ပါတီက သမၼတေလာင္းကို အႏိုင္ယူခဲ့ၿပီး ကြန္ဆာေဗးတစ္ငခသည ျဖစ္လာခဲ့သူျဖစ္ပါတယ္။ ေရွး႐ိုးစြဲ ဝါဒီတစ္ဦး ေတာင္ကိုရီးယား သမၼတျဖစ္လာတာက ေတာင္ကိုရီးယား ဒီမိုကေရစီ အတြက္ ေကာင္းမြန္မႈ ေတြရွိလာမွာ မဟုတ္ဘူး၊ ခက္ခဲရႈပ္ေထြးမႈေတြရွိလာႏိုင္တယ္” လို႔ သုံးသပ္ေျပာဆို ခဲ့ဖူးပါတယ္။ ယြန္ဆက္ယိုလ္ဟာ ေတာင္ကိုရီးယား သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ဇနီးျဖစ္သူဟာ ႏိုင္ငံေရး ၿပိဳင္ဘက္ေတြကို စုံစမ္းစစ္ေဆးမႈေတြလုပ္ေဆာင္ၿပီး ဖိအား ေပးဖို႔ဆႏၵရွိေနခဲ့သူတစ္ဦးျဖစ္တယ္လို႔လည္း Georgia Institute of Technology က ေျပာပါတယ္။

ဒုတိယကမာၻစစ္အတြင္းက နာမည္ေက်ာ္ခဲ့တဲ့ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ဝင္စတန္ခ်ာခ်ီကို အားက်အတု ယူသူျဖစ္ တယ္လို႔ ဆိုၾကပါတယ္။ ယြန္ဆက္ယိုလ္ သမၼတအျဖစ္တာဝန္ယူတဲ့ ၂ ႏွစ္ေက်ာ္ ကာလအတြင္း ေျမာက္ကိုရီးယား အေရးအျပင္ႏိုင္ငံမူဝါဒေတြကို အေကာင္းဆုံးပုံစံမ်ိဳးနဲ႔ စြမ္းေဆာင္ႏိုင္မႈမရွိတဲ့အတြက္ မဲေပးခြင့္ရွိသူေတြရဲ႕အားေပး ေထာက္ခံမႈႏႈန္း က်ဆင္းခဲ့ကာ ၂၀၂၄ ခုႏွစ္ ဧၿပီလအတြင္းက်င္းပတဲ့ လႊတ္ေတာ္ေ႐ြးေကာက္ပြဲမွာ ယြန္ဆက္ ယိုလ္ရဲ႕ပါတီျဖစ္တဲ့ (PPP’s) ဟာ ရႈံးနိမ့္မႈေတြနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။ ယြန္ဆက္ယိုလ္အေပၚ လူထုေထာက္ခံမႈႏႈန္း က်ဆင္း လာတဲ့အတြက္ သူရဲ႕ပါတီျဖစ္တဲ့ (PPP’s)ဟာလည္း လႊတ္ေတာ္ေ႐ြးေကာက္ပြဲမွာ ဒီမိုကရက္တစ္ပါတီကို ရႈံးနိမ့္ခဲ့ကာ လႊတ္ေတာ္အတြင္းအမတ္ေနရာ (၁၀၈)ေနရာသာရရွိခဲ့တယ္လို႔ဆိုပါတယ္။ ယြန္ဆက္ ယိုလ္ရဲ႕ဇနီးျဖစ္သူ ကီကြန္ဟဲေၾကာင့္လည္း လူထု ေထာက္ခံမႈက်ဆင္းခဲ့တာမ်ိဳးျဖစ္တယ္လို႔ ဆိုၾကပါတယ္။

ယြန္ဆက္ယိုလ္ရဲ႕ဇနီးျဖစ္သူဟာ ခင္ပြန္း ျဖစ္သူရဲ႕လုပ္ငန္းေတြမွာ သြယ္ဝိုက္ၿပီး ပါဝင္ဆက္ ႏႊယ္ေနကာ သူရဲ႕ျပဳမူေျပာဆိုပုံေတြက လူအမ်ား ေဝဖန္စရာေတြျဖစ္လာေစခဲ့တယ္လို႔ ႏိုင္ငံတကာသ တင္းမီဒီယာေတြမွာ ေရးသားေဖာ္ျပခဲ့ဖူးပါတယ္။ ေတာင္ကိုရီးယားသမၼတေဟာင္း မြန္ေဂ်အင္း လက္ထက္မွာ ကိုရီးယားကြၽန္းဆြယ္ အတြင္း တင္းမာမႈအရွိန္ ေလ်ာ့ခ်ႏိုင္ေအာင္ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ သံတမန္ ဆက္ဆံေရးပိုမိုေကာင္းမြန္ေအာင္ တည္ေဆာက္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ယြန္ဆက္ယိုလ္လက္ထက္မွာေတာ့ ရွိၿပီးသားဆက္ဆံေရးကို ပိုမိုေကာင္းမြန္ေအာင္ တည္ေဆာက္ႏိုင္ တာမ်ိဳးမရွိဘူးလို႔ ႏိုင္ငံေရးေလ့လာ သုံးသပ္သူေတြကေျပာပါတယ္။ ေျမာက္ကိုရီးယား ႏိုင္ငံဟာ ယြန္ဆက္ယိုလ္ ေတာင္ကိုရီးယားသမၼတအျဖစ္တာဝန္ယူၿပီးေနာက္ပိုင္းမွာ ဒုံးက်ည္အပါအဝင္ စစ္လက္နက္ပစၥည္းစမ္း သပ္မႈေတြ ပိုမိုလုပ္ေဆာင္လာခဲ့ရာ ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ ပိုမိုရွိလာခဲ့ပါတယ္။

ယြန္ဆက္ယိုလ္ဟာ ေတာင္ကိုရီးယား သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ပိုင္း အေမရိကန္ဦး ေဆာင္တဲ့အ ေနာက္အုပ္စုႏိုင္ငံေတြနဲ႔ ဆက္ဆံေရး ပိုမိုေကာင္းမြန္ေအာင္တည္ေဆာက္ခဲ့သလိုေျမာက္ ကိုရီးယားႏိုင္ငံက သတိေပးမႈ ေတြရွိေနတဲ့ၾကားကေန အေမရိကန္ႏိုင္ငံနဲ႔ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြ ပိုမိုလုပ္ေဆာင္လာခဲ့ပါတယ္။ အေမရိကန္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံၾကား စစ္ေရးပူးတြဲေလ့က်င့္မႈေတြနဲ႔ပတ္ သက္ၿပီး ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ ေတာင္ကိုရီးယားႏိုင္ ငံၾကားတင္းမာမႈေတြ ပိုမိုျဖစ္လာခဲ့သလို လက္ရွိအခ်ိန္မွာ ၂၀၁၈ခုႏွစ္တုန္းကရရွိထားတဲ့ ေတာင္ကိုရီးယားနဲ႔ ေျမာက္ကို ရီးယားႏိုင္ငံၾကား နယ္စပ္ေဒသ စစ္ေရးလႈပ္ရွားမႈေတြသေဘာတူညီမႈကိုဆိုင္းငံ့ခဲ့ပါတယ္။

သမၼတေဟာင္း မြန္ေဂ်အင္း လက္ထက္ကရရွိခဲ့တဲ့ နယ္စပ္ေဒသစစ္ေရးသေဘာတူညီခ်က္ေတြ ဆိုင္းငံ့လိုက္ၿပီး ေနာက္ လက္ရွိအခ်ိန္မွာ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသမွာ စစ္ေရးလႈပ္ရွားမႈေတြတစ္ေက်ာ့ ျပန္ျဖစ္လာခဲ့ပါတယ္။ အသက္ (၆၃) ႏွစ္အ႐ြယ္ရွိ ယြန္ဆက္ယိုလ္ဟာ သမၼတအျဖစ္စတင္တာဝန္ယူၿပီး ေနာက္ပိုင္းတည္းက ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ အျပဳ သေဘာေဆာင္တဲ့ ဆက္ဆံေရးထက္ အင္အားသုံးေျဖ ရွင္းလိုတဲ့ ပုံစံမ်ိဳးေတြျပသခဲ့တယ္လို႔ အေမရိကန္ႏိုင္ ငံ အိုဟိုင္း႐ိုး ျပည္နယ္တကၠသိုလ္ရဲ႕ ႏိုင္ငံေရးသုေတ သီတစ္ဦးျဖစ္တဲ့ မင္ဆန္ကူကေျပာပါတယ္။ ယြန္ဆက္ယိုလ္ဟာ ေတာင္ကိုရီး ယားသမၼတအျဖစ္တာဝန္ ယူၿပီးေနာက္ပိုင္းတည္းက လိုအပ္မယ္ဆိုရင္ ေျမာက္ကိုရီးယားႏိုင္ငံကို လက္ဦးမႈယူ ႀကိဳတင္ တိုက္ခိုက္သြား မယ္လို႔ေျပာဆိုခဲ့ဖူးရာ အဲဒီစကားက ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးကိုအဖုအထစ္ေတြျဖစ္လာခဲ့တယ္လို႔ သုံး သပ္မႈေတြရွိေနပါတယ္။ ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္က ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ရန္စမႈေတြက ကာကြယ္ ႏိုင္ဖို႔ အေမရိကန္ႏိုင္ငံထုတ္ THAAD ဒုံးက်ည္ ကာကြယ္ေရးစနစ္ေတြ ပိုမိုဝယ္ယူသြားမယ္လို႔ ေျပာဆိုခဲ့ဖူးရာ ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြပိုမိုျဖစ္လာခဲ့ပါတယ္။ အိုဟိုင္း႐ိုး ျပည္နယ္တကၠသိုလ္ရဲ႕ႏိုင္ငံေရးသု ေတသီတစ္ဦးျဖစ္တဲ့ မင္ဆန္ကူက '' သမၼတ ယြန္ဆက္ယိုလ္ရဲ႕ ႏိုင္ငံေရးကြၽမ္းက်င္မႈအားနည္းခ်က္ေတြဟာ ႏိုင္ငံျခားေရးမူဝါဒေတြကို ယိုဖိတ္မႈေတြရွိ လာေစတယ္'' လို႔ေျပာပါတယ္။ သမၼတေဟာင္း မြန္ေဂ်အင္းလက္ထက္က ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ ဆက္ဆံေရးေကာင္းမြန္ေစဖို႔ ႀကိဳးပမ္းခဲ့တဲ့အတြက္ သံတမန္ေတြ အျပန္အလွန္ေစလႊတ္ေဆြးေႏြးတာမ်ိဳး လုပ္ေဆာင္ ႏိုင္ခဲ့ေပမယ့္ ယြန္ဆက္ယိုလ္ လက္ထက္မွာေတာ့ ေျမာက္ကိုရီးယားနဲ႔ ေတာင္ကိုရီးယားႏိုင္ငံၾကား အျပန္အလွန္ ဆက္ဆံေရး ေကာင္းမြန္ေအာင္တည္ ေဆာက္ႏိုင္တာမ်ိဳးမရွိတဲ့အတြက္ စစ္ေရးအရွိန္လည္း ျမင့္တက္လာေနပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံဟာ နယ္စပ္ေဒသ မွာျဖန႔္ၾကက္ခ်ထားတဲ့ အတားအဆီးေတြကို ဖယ္ရွား လိုက္တဲ့ အတြက္ ေျမာက္ကိုရီးယားစစ္သားေတြဟာ ေတာင္ကိုရီးယားႏိုင္ငံဘက္ျခမ္းကိုက်ဴးေက်ာ္ဝင္ ေရာက္ဖို႔ႀကိဳး ပမ္းတာ ေတြရွိေနပါတယ္။ ေတာင္ကိုရီး ယားစစ္တပ္ကလည္း နယ္စပ္ေဒသကို က်ဴးေက်ာ္ဖို႔ ႀကိဳးပမ္းလာတဲ့ ေျမာက္ကိုရီး ယားစစ္သားေတြကို သတိေပးပစ္ခတ္တာေတြလုပ္ေဆာင္ခဲ့ရပါတယ္။ ေတာင္ကိုရီးယားဟာ ေျမာက္ကိုရီးယားနဲ႔ သေဘာ တူညီထားတဲ့ စစ္ေရးသေဘာတူညီမႈစာခ်ဳပ္ကို ဆိုင္းငံ့လိုက္ၿပီးေနာက္ နယ္စပ္ေဒသမွာေျမာက္ကိုရီးယားႏိုင္ငံ အတြက္ ရည္႐ြယ္ဖြင့္လွစ္ေနတဲ့ ဝါဒျဖန႔္ခ်ိေရး ေလာ္စပီကာေတြကို ျပန္လည္ဖြင့္လွစ္ခဲ့သလို ေျမာက္ကိုရီးယားက လည္းလက္တုံ႔ျပန္မႈအျဖစ္ စြန႔္ပစ္ပစၥည္းေတြကို မိုးပ်ံပူေဖာင္းေတြမွာခ်ိတ္ဆြဲၿပီး ေတာင္ကိုရီးယားဘက္ျခမ္းကို ပို႔လႊတ္ တာေတြရွိေနရာ ႏွစ္ႏိုင္ငံၾကား အျငင္းပြားမႈေတြျဖစ္လာေနပါတယ္။

ယြန္ဆက္ယိုလ္ဟာ ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီးယားႏိုင္ငံၾကားမွာျဖစ္ပြားေနတဲ့ အျငင္းပြားမႈေတြကို ေျဖေလွ်ာ့ႏိုင္ေအာင္ သံတမန္ေရးနည္း လမ္းအသုံးျပဳၿပီးႀကိဳးပမ္းဖို႔ လိုအပ္ေနၿပီး သံတမန္ ေရးနည္းလမ္းကို ေအာင္ျမင္စြာမႀကိဳးပမ္းႏိုင္ဘူးဆိုရင္ ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြကို စစ္ေရးနည္းလမ္းနဲ႔ ေျဖရွင္းရမယ့္ အေျခအေနမ်ိဳး ေရာက္ရွိလာႏိုင္တယ္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြကေျပာပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံ ဟာေတာင္ကိုရီး ယားနဲ႔ အေမရိကန္တို႔ ပူးတြဲစစ္ေရးေလ့က်င့္ခန္းေတြကို စိတ္ဆိုး ေဒါသျဖစ္ေနကာ ေျမာက္ကိုရီးယား ႏိုင္ငံကို က်ဴး ေက်ာ္ဖို႔ ႀကိဳတင္ဇာတ္တိုက္ေနျခင္းျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။ ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္ကေတာ့ ေျမာက္ကိုရီးယားရဲ႕စိုးရိမ္မႈေတြ၊ သတိေပး မႈေတြကို ထည့္သြင္းမစဥ္းစားဘဲ အေမရိကန္နဲ႔ ပူးတြဲ စစ္ေရးေလ့က်င့္ခန္းေတြကိုအရွိန္ျမႇင့္လုပ္ေဆာင္ လာခဲ့ရာ ႏွစ္ႏိုင္ငံၾကား အေျခအေနေတြဟာအခ်ိန္မေ႐ြး စစ္ပြဲအသြင္ကူးေျပာင္းလာမယ့္ အေျခအေနမ်ိဳး ေတြရွိေနပါတယ္။ ေရွး႐ိုးစြဲအယူဆရွိသူ တစ္ဦးျဖစ္တဲ့ ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္အတြက္ေတာ့ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ တင္းမာမႈေတြေျဖ ေလွ်ာ့ၿပီး ေကာင္းမြန္တဲ့ဆက္ဆံေရးတည္ေဆာက္ ႏိုင္ဖို႔ဆိုတာက သူ႔အတြက္ သမၼတအရည္အခ်င္း ျပည့္မီမႈ ရွိမရွိဆိုတာ စမ္းသပ္တဲ့ စားေမးပြဲတစ္ခုလို ျဖစ္လာေနတယ္လို႔ သုံးသပ္တင္ျပလိုက္ပါတယ္။

Related news

© 2021. All rights reserved.