ဖိလစ်ပိုင်ကို အပူပိုင်းမုန်တိုင်း Fengshen ချဉ်းကပ်လာမှုကြောင့် လူထောင်ပေါင်းများစွာ ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်း

178

Pika (NP News) - အောက်တိုဘာ ၂၀
အပူပိုင်းမုန်တိုင်း Fengshen ချဉ်းကပ်လာမှုနဲ့အတူ ရေကြီးမှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေ က သတိပေးခဲ့ပြီးနောက် ဖိလစ်ပိုင်ကျွန်းတစ်ကျွန်းပေါ်က နေထိုင်သူထောင်ချီဟာ နေရပ်စွန့်ခွာမှုတွေကို လုပ်ဆောင်နေပြီဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အပူပိုင်းမုန်တိုင်း Fengshen ရဲ့ဗဟိုချက်ဟာ လူပေါ်ငး(၂၇၀၀၀၀)ခန့်နေထိုင်တဲ့ Catanduanes ကျွန်းကို ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိနေပြီး လေတိုက်နှုန်းက တစ်နာရီမှာ (၈၀)ကီလိုမီတာလောက်ရှိနိုင် တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းပြောဆိုထားကြပါတယ်။
ဒါ့ပြင် အပူပိုင်းမုန်တိုင်း Fengshen ဟာ မိုးသည်းထန်စွာရွာသွန်းမှုတွေကို ဖြစ်ပေါ်စေနိုင်ပြီး ကမ်းရိုးတန်းတွေမှာ (၁)မီတာကနေ (၂)မီတာကြားမြင့်တဲ့ ရေကြီးမှုတွေဖြစ်လာနိုင်တယ်လို့ အစိုးရမိုးလေဝသဌာနက သတိပေးပြောဆို ထားပါတယ်။ လက်ရှိအချိန်မှာ Catanduanes ကျွန်းပေါ်က လူပေါင်း(၉၀၀၀)ခန့်ဟာ ဘေးလွတ်ကင်းရာ ကုန်းမြင့်တွေကို ရွှေ့ပြောင်းသွားပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ကမ်းရိုးတန်းတွေ၊ မြေနိမ့်ပိုင်းနေရာတွေနဲ့ မြေပြိုကျနိုင်တဲ့ တောင်စောင်းတွေ အပါအဝင် ကမ်းရိုးတန်း၊ မြေနိမ့်ပိုင်းဒေသတွေမှာ နေထိုင်သူတွေအတွက် ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းဖို့အစီအစဉ်တွေကို ချက်ချင်း လုပ်ဆောင်ဖို့ ဖိလစ်ပိုင်အစိုးရက ဒေသဆိုင်ရာတာဝန်ရှိသူတွေကို အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဖိလစ္ပိုင္ကို အပူပိုင္းမုန္တိုင္း Fengshen ခ်ဥ္းကပ္လာမႈေၾကာင့္ လူေထာင္ေပါင္းမ်ားစြာ ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္း
Pika (NP News) - ေအာက္တိုဘာ ၂၀
အပူပိုင္းမုန္တိုင္း Fengshen ခ်ဥ္းကပ္လာမႈနဲ႔အတူ ေရႀကီးမႈေတြျဖစ္ေပၚလာႏိုင္တယ္လို႔ ကြၽမ္းက်င္ပညာရွင္ေတြ က သတိေပးခဲ့ၿပီးေနာက္ ဖိလစ္ပိုင္ကြၽန္းတစ္ကြၽန္းေပၚက ေနထိုင္သူေထာင္ခ်ီဟာ ေနရပ္စြန႔္ခြာမႈေတြကို လုပ္ေဆာင္ေနၿပီျဖစ္တယ္လို႔ တာဝန္ရွိသူတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အပူပိုင္းမုန္တိုင္း Fengshen ရဲ႕ဗဟိုခ်က္ဟာ လူေပၚငး(၂၇၀၀၀၀)ခန႔္ေနထိုင္တဲ့ Catanduanes ကြၽန္းကို ျဖတ္ေက်ာ္ဝင္ေရာက္တိုက္ခတ္ႏိုင္ေျခရွိေနၿပီး ေလတိုက္ႏႈန္းက တစ္နာရီမွာ (၈၀)ကီလိုမီတာေလာက္ရွိႏိုင္ တယ္လို႔ ကြၽမ္းက်င္ပညာရွင္ေတြက ခန႔္မွန္းေျပာဆိုထားၾကပါတယ္။
ဒါ့ျပင္ အပူပိုင္းမုန္တိုင္း Fengshen ဟာ မိုးသည္းထန္စြာ႐ြာသြန္းမႈေတြကို ျဖစ္ေပၚေစႏိုင္ၿပီး ကမ္း႐ိုးတန္းေတြမွာ (၁)မီတာကေန (၂)မီတာၾကားျမင့္တဲ့ ေရႀကီးမႈေတြျဖစ္လာႏိုင္တယ္လို႔ အစိုးရမိုးေလဝသဌာနက သတိေပးေျပာဆို ထားပါတယ္။ လက္ရွိအခ်ိန္မွာ Catanduanes ကြၽန္းေပၚက လူေပါင္း(၉၀၀၀)ခန႔္ဟာ ေဘးလြတ္ကင္းရာ ကုန္းျမင့္ေတြကို ေ႐ႊ႕ေျပာင္းသြားၿပီျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ကမ္း႐ိုးတန္းေတြ၊ ေျမနိမ့္ပိုင္းေနရာေတြနဲ႔ ေျမၿပိဳက်ႏိုင္တဲ့ ေတာင္ေစာင္းေတြ အပါအဝင္ ကမ္း႐ိုးတန္း၊ ေျမနိမ့္ပိုင္းေဒသေတြမွာ ေနထိုင္သူေတြအတြက္ ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္းဖို႔အစီအစဥ္ေတြကို ခ်က္ခ်င္း လုပ္ေဆာင္ဖို႔ ဖိလစ္ပိုင္အစိုးရက ေဒသဆိုင္ရာတာဝန္ရွိသူေတြကို အမိန႔္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။