စစ်နယ်ဝန်း ကျယ်လာသည့် “ရခိုင် ”(အခန်းဆက်ဆောင်းပါးရှည်) (အပိုင်း ၅ - ဇာတ်သိမ်းပိုင်း)

 1306

ဒေါက်တာအေးမောင် (NP News) - ဇူလိုင် ၁၁

(ဃ) အုပ်ချုပ်မှုနှစ်ရပ်ကြားက ရခိုင်လူထု၏ လူမှု၊ စီးပွားဘဝ အခြေအနေ။
“စီးပွားရေးကျပ်တည်းမှုကို တောင့်ခံနေကြသည့် ရခိုင်လူထု”

၂၁။ အားပြိုင်နေကြဆဲဖြစ်သည့် အုပ်ချုပ်မှုနှစ် ရပ်အကြား၌ ကြားညပ်နေကြရသည့် ရခိုင်လူထုသည် နစက ထိန်းချုပ်မြို့ရွာများနှင့်ULA/AA ထိန်းချုပ် မြို့ရွာများအဖြစ် အချင်းချင်း ကူးလူးဆက်သွယ်မှု ပြတ်တောက်နေပြီဖြစ်ရာ စစ်အရှိန်မြင့်လာသည်နှင့် အမျှ လူမှုဒုက္ခမျိုးစုံ၊ စီးပွားရေးကျပ်တည်းမှု ဒုက္ခမျိုးစုံကို ပိုမိုခံစားလာကြရသည်ဟု ကြားသိရ၏။ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် စီးပွားရေး လုပ်ငန်း၊ ကုန် ရောင်း/ကုန်ဝယ် အားလုံးရပ်တန့်သွားကြ၏။ ULA/AA အုပ်ချုပ်သည့်ဒေသရှိ မြို့ရွာအချင်းချင်း ကူးလူး ဆက်သွယ်မှု ရှိကောင်းရှိမည်ဖြစ်သော်လည်း ပြည်မနှင့်ဆက်သွယ်ရေးပြတ်တောက်နေပြီး နစကအုပ်ချုပ်သည့်မြို့ရွာများသာ ပြည်မနှင့် ဆက်သွယ်မှုရှိ၏။

“ဘဏ်စနစ်၊ ငွေကြေးလှည့်ပတ်စီးဆင်းမှုနှင့် လူမှုဘဝ”
၂၂။ ဘဏ်စနစ်သည် နစက အုပ်ချုပ်သည့်မြို့ များမှလွဲ၍ ပြတ်တောက်သွား၏။ အဆိုပါမြို့များနှင့် ပြည်မချိတ်ဆက်မှုသည်ပင်လျှင် အင်တာနက် ချိတ် ဆက်မှု ကောင်းမှရ၏။ ပြည်မနှင့် လေကြောင်း၊ ရေ ကြောင်း ချိတ်ဆက်မှုရှိသော်လည်း ဓာတ်ဆီတစ်လီ တာ၏ပေါက်ဈေးသည် စစ်တွေ၌ပင် ၁၇၀ဝ၀ ကျပ် ဖြစ်နေဆဲဖြစ်၏။ ဆန်၊ ဆီ ဈေးခေါင်ခိုက်၏။ ဆေး ဆိုင်အများစုသည် ပိတ်ထားကြ၏။ ပုံမှန် ဆေးဝါးမှီဝဲရသည့် နာတာရှည်ရောဂါရှိသူများအဖို့ အသက်ရှင် သန်ရေးသည် စိုးရိမ်ဖွယ်ဖြစ်၏။ အစိုးရဆေးရုံများ၌ ဆရာဝန်၊ သူနာပြု ပြည့်စုံမှုနှင့် ကုသပေးနိုင်မှုသည် ပုဂ္ဂလိကဆေးရုံထက် ပိုအရေးပါ၏။ အစိုးရဆေးရုံ များ၌ ဆရာဝန် မလုံလောက်မှု၊ ခွင့်ယူမှုတို့ကို ကြိုး စားဖြေရှင်းရမှုများရှိ၏။ လူထု၏ ကျန်းမာရေးစောင့် ရှောက်မှုသည် သုံးဆခန့်မြင့်တက်သွား၏။ အချို့မြို့ နယ်များ၌ ငွေကြေးလည်ပတ်မှုပြတ်တောက်စ ပြု၏။ စစ်ရှောင်များဘဝ ငွေလို၍ ရွှေရောင်းချသော်လည်း ပေါက်ဈေးမရကြ၊ ငွေလွဲလျှင် သိန်း ၁၀ဝ ကို ၅ သိန်း ဟုကြားရ၏။ ငွေကြေးလှည့်ပတ်စီးဆင်းမှုနှင့် ထုတ်ကုန်ပစ္စည်းဈေးကွက်လည်ပတ်နေမှုသည် လိုအပ်၏။ ကုန်သွယ်မှုပြတ်တောက်သဖြင့် ထုတ်ကုန်ဈေးကျသလို၊ လိုအပ်သည့်နေရာ၌ ဈေးခေါင်ခိုက်၏။ ULA/AA အုပ်ချုပ်သည့်မြို့နှင့် ကျေးရွာများသည် ပိုမိုခက်ခဲမည်ဟု သုံးသပ်နိုင်၏။

“နယ်စပ်ကုန်သွယ်ရေး၊ ငွေကြေးစနစ်နှင့် ထွက်ကုန်၊ ပို့ကုန်”
၂၃။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုသည် စစ်တွေ၊ မောင်တောနှင့် တက္ကနပ်မြို့တို့ကို အခြေပြု၏။ မြန်မာ-အိန္ဒိယကုန်သွယ်မှု (စစ်တွေအခြေပြု)သည် အိန္ဒိယအရှေ့မြောက်နှင့် ကိုးလ်ကတ္တား အကြား၌ (ကိုးလ်ကတ္တား-စစ်တွေ၊ စစ်တွေ-ပလက်ဝကြားသည်) ရေကြောင်းခရီးဖြစ်၏။ ပလက်ဝ-မီဇို ရမ်ကြားသည် ကုန်းလမ်းခရီးဖြင့် ဆက်သွယ်ထား၏။ နှစ်ဖက်ကုန်သွယ်မှုတိုင်းသည် ကုန်သွယ်လမ်း ကြောင်း၏ တည်ငြိမ်လုံခြုံမှုအပေါ် မှီတည်၏။ နှစ်ဖက်သတ်မှတ်သည့်ငွေကြေးနှင့် ဘဏ်စနစ်သည် အရေးကြီး၏။ ရခိုင်နယ်စပ်ကုန်သွယ်မှု၏ ပြည်ပပို့ ကုန်အဖြစ် မြေလတ်ပိုင်း၊ အညာ၊ ဧရာဝတီတို့မှ ဒေသထွက်ကုန်နှင့် ရှမ်းမှ ချင်းတက်စသည့် ဒေသ ထွက်ကုန်တို့အပေါ် အဓိကအခြေပြုမှီခိုရ၏။ ရခိုင် ဒေသထွက် သစ်နှင့် ကျွဲ/နွား တို့သည် တရားမဝင် မှောင်ခိုကုန်အဖြစ်သာ ကုန်သွယ်ကြ၏။ ဘင်္ဂလား ဒေ့ရှ်အစိုးရသည် မြန်မာဘက်မှ နည်းမျိုးစုံဖြင့် ဂိုဏ်းဖွဲ့ပြီး မူးယစ်ဆေးဝါး နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု ကို အထူးတပ်ဖွဲ့ကာ အထူးစစ်ဆင်ရေးဖြင့် နယ်စပ် တစ်လျှောက် စောင့်ကြပ်၊ ကာကွယ်နေရဆဲဖြစ်၏။

“နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်”
၂၄။ နှစ်နိုင်ငံနယ်စပ်၌ နယ်စပ်ကုန်သွယ်ရေး ဖြစ်မြောက်ရန် ဗဟိုအစိုးရချင်းကုန်သွယ်မှု သဘော တူညီချက်၊ နှစ်ဖက်ဆက်စပ်ဌာနဆိုင်ရာများ၊ ဆက်စပ်အသိအမှတ်ပြုဘဏ်များ(ဥပမာ-ဘင်္ဂလားဒေ့ရှ် ဘက်မှ SONALI Bank၊ မြန်မာမှ MICB၊ MFTB နှင့် ယင်း၏ကိုယ်စားလှယ် MEB မောင်တော၊ စစ်တွေ) ပေးချေကြမည့် ငွေကြေးအမျိုးအစား နှင့် ငွေပေးစနစ်၊ ငွေကြေးအာမခံအပ်နှံမှုနှင့် LC ဖွင့်ခြင်း၊ Bank Drafts တို့သည် နယ်စပ်ကုန်သွယ်မှု၏ အခြေခံများဖြစ်၏။ ကုန်ပစ္စည်းအမှာလွှာ၊ ဈေးနှုန်း ဖော်ပြချက်၊ ပေးပို့ရမည့် ကြိမ်ရေ၊ DICA အသိအမှတ်ပြု သက်ဆိုင်ရာ ပို့ကုန်/သွင်းကုန်ပါမစ်ရ ကုမ္ပဏီ၏ ကုန်သွယ် ခွန်၊ Export Earnings အပေါ် သွင်းကုန်တင်သွင်းခွင့်ဆိုင်ရာမူဝါဒတို့သည် နှစ်နိုင်ငံစလုံးမှ ချမှတ် ပြဋ္ဌာန်း ထားပြီးဖြစ်၏။ ရခိုင်ဒေသ၌ စစ်တွေနှင့် မောင်တောသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ် ရေး၏ ကြားခံဖြစ်၏။ ကုန်သွယ်မှု၌ ပို့ကုန်/သွင်းကုန်နှင့် ဘဏ်စနစ်သည် အရေးကြီး၏။ နှစ်နိုင်ငံကုန်ပို့ လမ်းကြောင်း မလုံခြုံသဖြင့် ပို့ကုန်နှင့် ဘဏ်စနစ် ပြတ်တောက်ခြင်းသည် နယ်စပ်ကုန်သွယ်မှု ပြတ်တောက်ခြင်းပင်ဖြစ်၏။

“ငွေကြေးစနစ်နှင့်လှည့်ပတ်သုံးစွဲငွေ”
၂၅။ ရှမ်းမြောက် တရုတ်နယ်စပ်ကုန်သွယ်မှု၌ တရုတ် ယွမ်ငွေ (ရမ်မင်ဘီ) ကိုသုံး၏။ ရခိုင်နယ်စပ် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုတွင် “အမေရိ ကန်ဒေါ်လာ” ကိုသုံးကြ၏။ ပလက်ဝ-မီဇိုရမ် နယ် စပ်ကုန်သွယ်မှု(မြန်မာ-အိန္ဒိယ)သည် ကုန်းပိုင်းလမ်း မပြီးစီးသေးသဖြင့် တရားဝင် မဖွင့်လှစ်နိုင်သေး သည့် ကာလ၌ ULA/ AA ၏ ထိန်းချုပ်စစ်နယ်ဝန်းသို့ ကျရောက်သွားပြီဖြစ်ရာ(အိန္ဒိယရူပီး၊ အမေရိကန် ဒေါ်လာ၊ မြန်မာကျပ်ငွေ) မည်သည့် ငွေကြေးစနစ်ကို အသုံးပြုမည်သည် အရေးပါမည်ဖြစ်၏။ လက်ရှိ ကာလတွင် နယ်စပ်မှောင်ခိုကုန်သွယ်မှု၌ “ရူပီး”ငွေ ကြေးဖြင့်သာ အဆင့်ဆင့် အရောင်းအဝယ်ကဏ္ဍ ဖြတ်သန်းနေကြရဦးမည် ထင်မှတ်ရ၏။ ULA/AA သည် မိမိထိန်းချုပ်မှုအောက်ရောက် မြို့ရွာများ၏ အုပ်ချုပ်မှုနှင့် လူမူစီးပွားဘဝ ဖွံ့ဖြိုးရန်အတွက် ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်မှုကဏ္ဍ ဖြစ်ထွန်း လာရေး မည်ကဲ့သို့သော ငွေကြေးစနစ်နှင့် ဘဏ်စနစ်ကို အခြေခံကာ မည်သည့်ငွေကြေး (MMK,$,TK, Rupee,?)ကို လူထုကြား လှည့်ပတ်သုံးစွဲနိုင်ရန် သတ်မှတ်မည် အိန္ဒိယနယ်စပ်၌ မည်သည့်ငွေကြေး စနစ်ဖြင့် နယ်စပ်ကုန်သွယ်မှုပြုမည်တို့သည် နောက်ပိုင်းတွင် ပိုမို အရေးပါလာမည်ဖြစ်၏။ မီဇိုရမ်-ပ လက်ဝ ကုန်သွယ်မှုလမ်းကြောင်း လုံခြုံ၊ တည်ငြိမ်၊ အေးချမ်းအောင် မည်ကဲ့သို့ဆောင်ရွက်ပြီး၊ ကုန်သွယ် လမ်းကြောင်း ပုံမှန်လည်ပတ်ရေး၊ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမည့်သူများကို မည်ကဲ့သို့ ဖိတ်ခေါ်မည်၊ ဖွံ့ဖြိုးအောင်လုပ်မည်တို့သည် ULA/AA ၏ မူဝါဒ နှင့် ရှေ့လုပ်ငန်းစဉ်များနှင့်သာ စပ်ဆိုင်မည်ဟုမြင်၏။

“တရုတ်နှင့်အိန္ဒိယနယ်စပ် ကုန်သွယ်မှု
ကွာခြားချက်နှင့် အားပြိုင်လာကြမည့် မဟာအင်အားကြီးတို့၏ အိန္ဒိယသမုဒ္ဒရာ”
၂၆။ တရုတ်နယ်စပ်ရှိ “ဝ”၊ မိုင်းလား၊ ကိုးကန့် ဒေသတို့၏ ထိန်းချုပ်နယ်မြေများတွင် တရုတ် “ယွမ်” ငွေကိုသာ သုံးကြ၏။ နယ်စပ်ကုန်သွယ်ရေး ၌သုံးသကဲ့သို့ လူထုလှည့်ပတ်သုံးစွဲငွေအဖြစ်လည်း သုံးကြ၏။ တရုတ်ထံမှ လျှပ်စစ်ဓာတ်အားကို သုံးစွဲကြသကဲ့သို့ အချို့ဒေသများ၌ မိမိဒေသထုတ် လျှပ်စစ် ဓာတ်အားကို သုံးကြ၏။ တရုတ်ဆက်သွယ်မှုကွန်ရက် နှင့် ဘဏ်စနစ်အားသုံးကြ၏။ တရုတ်စာနှင့် စကားသည် အဓိက ဒေသသုံး ဘာသာစကားဖြစ်၏။ ဒေသခံများ၏ဘဏ်စာရင်းကို တရုတ်အမည်များ ဖြင့် ဖွင့်လှစ်ခွင့်ရကြ၏။ တရုတ်ပြည်ကြီးကဲ့သို့ ပါတီ၊ တပ်မတော်၊ တရားစီရင်ရေးစနစ်၊ အုပ်ချုပ်ရေး စနစ်တို့ဖြင့် အုပ်ချုပ်ကြ၏။ တရုတ် နယ်စပ် ရှမ်းမြောက်၏ဖြစ် တည်မှုမျိုး အိန္ဒိယနှင့် ဘင်္ဂလားနယ်စပ် တွင်ရရန်မူ ခက်ခဲနိုင်၏။ ဘင်္ဂလား-မြန်မာ နယ်စပ် မိုင် ၁၄၀ ကျော်ကို ခြံစည်းရိုးကာရံရန် ဘင်္ဂလားဒေ့ရှ် အစိုးရသည် Budget ချပြီးဖြစ်သကဲ့သို့ အိန္ဒိယ ဗဟိုအစိုးရသည် မိုင် ၁၀ဝ၀ ခန့် ရှည်လျားသော မြန်မာနယ်စပ် တစ်လျှောက်ကို ဒေါ်လာ ၃.၂ ဘီလီယံ ကုန်ကျခံကာ ခြံစည်းရိုးကာခြင်း၊ မြန်မာဘက်မှ ဗီဇာမဲ့ ဝင်ရောက်နေသူများကို ပြည်နှင်ဒဏ်ပေးခြင်း မူဝါဒ ချမှတ်ထားပြီး မြန်မာ့တပ်မတော်နှင့် ချစ်ကြည်မူ ပိုမိုခိုင်မာသည့် ချိတ်ဆက်မှုများ၊ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမူများကို အရှိန်မြှင့်လာသည်ဖြစ်ရာ မဟာပြိုင်ဘက်နှစ်နိုင်ငံ၏ ဗျူဟာမြောက် ဆိပ်ကမ်း ကြီးနှစ်ခုသည်လည်း ရခိုင်ဒေသ၌ တည်ဆောက်ပြီး ဖြစ်ကြသည့်ကာလ ဖြစ်၏။ နစက၏ မဟာဗျူဟာ မြောက်မိတ်ဖက် ရုရှားသည်လည်း အင်ဒို-ပစိဖိတ် ဒေသအတွက် ဗျူဟာမြောက်အရေးပါသည့် အိန္ဒိယ သမုဒ္ဒရာအပေါ် အာရုံစူးစိုက်မှုပိုသည့် ကာလဖြစ်ရာ မိမိတို့ အမျိုးသားအကျိုးစီးပွားအပေါ် ရပ်တည်ကြမည့် မဟာအင်အားကြီးနိုင်ငံကြီးများ၏ ခြေလှမ်းများသည် အိန္ဒိယသမုဒ္ဒရာအပေါ် မိုင် ၄၀ဝ ကျော် မျက်နှာမူ မေးတင်ထားသည့် ရခိုင်ဒေသ၏ စစ်နယ်ဝန်း ကျယ်ပြန့်လာမူအပေါ် တစ်နည်းတစ်ဖုံ ရိုက်ခတ်လာ မည်မှာမလွဲဟု သုံးသပ်မိရပါ၏။

(င) ဂျိုကာဖြစ်သွားသည့် ဘင်္ဂါလီ ခေါ် ရခိုင်ဒေသမြောက်ပိုင်းနေ မွတ်စလင်များ။

“ဒုက္ခသည်ပြဿနာ၏ မဟာဗျူဟာအရ
အရေးပါသည့် မောင်တောမြို့”
၂၇။ နစက အစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ညှိနှိုင်းနေရဆဲ ကမ္ဘာကျော် ICJ ရောက် ၂၀၁၇ ခုနှစ် ရခိုင်မှ ဘင်္ဂါလားဒေ့ရှ်ရောက် ဘင်္ဂါလီဒုက္ခသည်များ (မြန်မာလဝကစာရင်း-၇.၅ သိန်း၊ နိုင်ငံတကာUN ပြစာရင်း-၁.၂ သန်း)၏ပြဿနာသည် အစိုးရချင်း(G to G)ဖြေရှင်းမှ ပြေလည်မည်ဖြစ်သည်။ ကုလ၏ ပူးပေါင်းကူညီမှုလိုအပ်သည်။ ဒုက္ခသည်များ နေရပ်ပြန် ရေးကိစ္စ၊ ပြန်လည်လက်ခံရေးကိစ္စ၊ ပြန်လည်ထူ ထောင်ရေးကိစ္စ၊ လူသားချင်းကိုယ်ချင်းစာသည့် စားနပ်ရိက္ခာအပါအဝင် ထောက်ပံ့ကူညီရေးကိစ္စ လုပ် ငန်းစဉ်အဆင့်ဆင့်သည် နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဆောင်ရွက်မှ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများကကူညီမှ ပြေလည်မည့် ကမ္ဘာ့ဒုက္ခသည် ပြဿနာ ဖြစ်ဆဲဖြစ်၏။ သို့ဖြင့် ဒုက္ခသည်ပြဿနာ ကို မည်ကဲ့သို့ ရေရှည်တွင် ရှေ့ဆက်ဆောင်ရွက်ကြ မည်နည်း ဟူသည့်မေးခွန်းသည် အင်အားပြင်းပြီး ပါဝါကြီး၏။ နည်းတူ (၃)သန်းခန့်သော(ပြည်တွင်း၊ ပြည်ပ)ရခိုင်လူထုနှင့် (၂)သန်းကျော်နိုင်သည်ဟုယူ ဆရသော(ပြည်တွင်း၊ ပြည်ပ) ဘင်္ဂါလီ(ရခိုင် ဒေသ မြောက်ပိုင်းနေ မွတ်စလင်) လူဦးရေအချိုးသည် အနာဂတ် ရခိုင်ဒေသ၊ ဖက်ဒရယ်နှင့်ဒီမိုကရေစီ၏ စိန်ခေါ်မှုဖြစ်ရာ၊ အနာဂတ်၌ မည်ကဲ့သို့လျှင် လူမျိုး နွယ်စုနှစ်ခု လူမှုသဟဇာတရှိစွာဖြင့် နေထိုင်နိုင်ကြရေး နည်းလမ်းရှာ ဖြေရှင်းကြမည်နည်းဟူသည့် မေးခွန်း သည်လည်း ပါဝါကြီးပြီး အားအလွန်ပြင်းသည့် မေး ခွန်းတစ်ခု ဖြစ်မြဲဖြစ်နေပေ၏။ နည်းတူ ဒုက္ခသည် ပြဿနာကို နှစ်နိုင်ငံဖြေရှင်းကြရာ၌ အဓိက ဝင်/ ထွက်ပေါက်ဖြစ်သော မောင်တောမြို့သည် မဟာဗျူ ဟာမြောက် အရေးပါဆဲဖြစ်၏။ မောင်တောဒေသသည် အစိုးရ၏ အုပ်ချုပ်မှုအောက်၌ရှိမှ ဒုက္ခသည် ပြဿနာကို နှစ်နိုင်ငံ ဖြေရှင်းနိုင်ကြမည်ဖြစ်၏။ သို့ မဟုတ်ပါက ဖြေရှင်းရန် ကာလတစ်ခု အထိ ကြန့်ကြာသွားနိုင်ပေ၏။

“နိုင်ငံရေးအရ တိုက်ပွဲဝင်အမည် ရိုဟင်ဂျာ”
၂၈။ ဘင်္ဂါလီခေါ် ရခိုင်ဒေသမြောက်ပိုင်းနေ မွတ်စလင်များကို ရိုဟင်ဂျာဟု ပြည်ပနေဘင်္ဂါလီတို့က နိုင်ငံရေးအရ ခေါ်တွင်စေလိုကြ၏။ နိုင်ငံတကာ မိသားစုများက ရိုဟင်ဂျာကိုသိ၏။ မြန်မာကိုလည်း ရိုဟင်ဂျာနှင့်ယှဉ်တွဲပြီးမှသာ အချို့သိပုံရ၏။ သူတို့ ၏ယုံကြည်မှု၌ လူမျိုးအမည် မှည့်ခေါ်မှုသည် အရေး မကြီး။ လူ့အခွင့်အရေးအရ အမည်ပေးခွင့် အမည် တပ်ခေါ်ခွင့်သည် ရှိ၏။ ရခိုင်၊ မြန်မာတို့၏ ခိုင်မာ သည့်ရပ်တည်ချက်မှာ သမိုင်းဆိုင်ရာပြဿနာသာ ဖြစ်၏။ နတ်မြစ်ကူးရုံဖြင့် လူမျိုးအမည်ပြောင်းရန် မသင့်သလို ပြောင်းခွင့်မရှိ။ ဘင်္ဂါလီလူမျိုး၏ သမိုင်းဆိုင်ရာသည် ရှည်လျား၏။ စာပေ၊ ဂီတနှင့် အနုပညာ ၊ ယဉ်ကျေးမှု ခိုင်မာသော လူမျိုးကြီးတစ်မျိုး၏ အမည် ဖြစ်၏။ လွယ်လွယ်ဖြင့် နိုင်ငံရေးအရ လူမျိုးနွယ်စု အမည်ကို မပြောင်းလဲသင့်ဟု မြင်၏။ ရိုဟင်ဂျာ အမည်သည် ၁၉၅၁ ခုနှစ် အလယ်သံကျော်ညီလာခံ အလွန် ၌ နိုင်ငံရေးအရ ဆယ်စုနှစ်နှင့်ချီ ခေါ်တွင်စေလိုသည့် တိုက်ပွဲဝင်အမည်ဖြစ်၏။ အင်္ဂလိပ်တို့က စစ်တကောင်းနီယံ(စစ်တကောင်းသား)ဟု ခေါ်တွင်ကြ၏။ ၂၀၂၂ ခုနစ်၌ ရိုဟင်ဂျာအဖွဲ့ဥက္ကဋ္ဌ မစ္စတာ ဝါကာအူဒင် ကွယ်လွန်ရာ ULA/AA သည် အထူး ဝမ်းနည်း ကြေကွဲရပါကြောင်း သဝဏ်လွှာပါးရာ၌ ကိုယ်ချင်း စာနာမှုကို ညွှန်းဆို၏။ လူ့အဖွဲ့အစည်း နှစ်ရပ်အကြား ရေရှည် သဟဇာတဖြစ်ရေးကို ဖြေရှင်းကြရေး နိုင်ငံရေးအရ ဆွဲဆောင်မှုပြု၏။ လူမှုသဟဇာတ ဖြစ်ရေး၊ နိုင်ငံသားဖြစ်ခွင့်နှင့် လွတ်လပ် စွာ ကိုးကွယ်ခွင့်သည် နိုင်ငံရေးရပိုင်ခွင့်ဖြစ်သည်ဟု လူ့အခွင့်အရေးစံအရ လစ်ဘရယ်ဒီမိုကရေစီက ယုံ၏။ AA စစ်သားများက ဘင်္ဂါလီများကို ဆေးကုသပေးနေပုံ နှစ်ဖက်ချစ်ကြည်စွာ ဘောလုံးကစားနေ ကြပုံ၊ ထောက်ပံ့ရေးပစ္စည်း ပေးအပ်နေပုံ၊ ဆရာတော်ကကူညီပေးနေပုံ၊ ရခိုင်ဒုက္ခသည် လူငယ်များကို အင်္ဂလိပ်စာ သင်ကြားပြသနေပုံ ၊AA ယူနီဖောင်းဝတ် ဘင်္ဂါလီစစ်သားမှ အုပ်ချုပ်ရေး တာဝန်ဖြင့် အမှုစစ်နေပုံတို့သည် ULA/AA ၏ ထိန်းချုပ်နယ်မြေ၌ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပုံနှင့် လူမှုသဟဇာတရှိစွာ လူမျိုးနွယ်စုနှစ်ခု၏ တည်ရှိပုံကို ညွှန်းဆိုနေသည်ဟုမြင်၏။ အထက်ပါ လှုပ်ရှားမှု တို့ကို ဘင်္ဂါလီ လူထုကို နိုင်ငံရေးအရ မြင် စေလိုပုံရသလို နိုင်ငံတကာမိသားစုသို့လည်း သိစေချင်ပုံရ၏။

“ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဂျိုကာဖြစ်သွားသည့် ဘင်္ဂါလီနှင့် အနာဂတ်မြင်ကွင်း”
၂၉။ နစကသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် နယက အစိုးရက ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည် သည့်ရက်ကို သတ်မှတ်ကြေညာ၏။ နစကသည် ရှမ်း မြောက်၊ ရခိုင်နှင့် အချို့ဒေသများတွင် ခွာစစ်ဆင် စုစည်းမှုပြန်ယူ တပ်တည်ဆောက်နေသကဲ့သို့ စစ်ရေး နှင့်နိုင်ငံရေးကို တစ်ကွက်ချင်း တည်ငြိမ်ညင်သာစွာ ဖြင့် သတိကြီးကြီးထားကာ စရွှေ့နေသည်ဟု ယူဆ ၏။ အချို့ ရခိုင်သတင်းဌာနများတွင်ဖော်ပြရာ၌ ရခိုင်ဒေသနေမွတ်စလင်များ အခြေခံစစ်ပညာသင်ကြား နေပုံ၊ ပျော်ရွှင်စွာ သေနတ်ကိုယ်စီဖြင့် စစ်ကားစီး ခရီး ထွက်နေကြပုံတို့ကို မြင်ရ၏။ RFA သည် မွတ်စလင် ၁၀ဝ ခန့် ရသေ့တောင်တိုက်ပွဲ၌ လက်နက်ကြီးထိ၊ ရေမြုပ်သေဆုံးကြကြောင်း မတိကျသော သတင်းဖြင့် ဖွ၏။ မင်းပြားမြို့နယ် မွတ်စလင်ရွာ လက်နက်ကြီး ကျ (၂၀)ကျော်သေဆုံး၊ (၃၀)ခန့်ဒဏ်ရာ ရ ဟု ရခိုင်သတင်းဌာနမှ ဓာတ်ပုံနှင့်တကွ စစ်တပ်ကြောင့်ဟု ညွှန်းဆိုလျက် သတင်းဖော်ပြ၏။ နည်းတူ သတင်းပြိုင်အဖြစ် သက်ကေပြင်၊ သဲချောင်း၊ ဒါးပိုင်နှင့် ဘုမေ ဒုက္ခသည်စခန်းများ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အုပ်ကြီးများ အမည်စာရင်း အတင်းကောက်ကြသည့် သတင်းဖော်ပြကြသည်ကိုတွေ့ရ၏။ တာဝန်ရှိသူများ က ငြင်းဆိုကြ၏။
၃၀။ ရှမ်းမြောက်၏ ၁၀၂၇ စစ်ဆင်ရေးသည် ရခိုင်ဒေသ၌ ULA/AA ၏ထိုးစစ်အဖြစ် ၂၀၂၃ ခုနှစ် နိုဝင် ဘာလ (၁၃) ရက်နေ့တွင် စတင်ခဲ့၏။ မြန်မာနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းသည် အရှိန်မြင့်ဆဲဖြစ်၏။ နည်းမျိုးစုံ အင်အားစုဆောင်းလာသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များသည် ပြည်သူ့စစ်မှုထမ်း ဥပဒေအာဏာတည်ပြီးနောက် စုဆောင်းမှုအရှိန်ကို နည်းမျိုးစုံဖြင့်မြှင့်ကြ၏။ ရခိုင်ဒေ သနေ မွတ်စလင် (ဒေသအခေါ် ဘင်္ဂါလီ)များသည် စစ်မက်ပြိုင်ဆိုင်နေကြသည့် နစက နှင့် ULA/AA အကြား ဂျိုကာ ဖြစ်မှန်းမသိဖြစ်သွားပုံရ၏။ နစက ၏ နိုင်ငံရေးအရွေ့သည် ရခိုင်နေ မွတ်စလင်များကို ပြည်သူ့စစ်မှုထမ်းဥပဒေပါ အသက်အရွယ်အရ စစ်မှုထမ်းစေပါက ၁၉၈၂ ခုနှစ် နိုင်ငံသားဥအဒေပါ (ပြု၊ ဧည့်) နိုင်ငံသားအဖြစ် သတ်မှတ်ပေးရမည်ဖြစ်၏။ ရို ဟင်ဂျာအမည်ဖြင့် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုမှ ပြည်တော်ပြန်ရန် တင်းခံနေကြသည့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၁.၂ သန်း၏ နိုင်ငံရေး တိုက်ပွဲ၊ နောက်ဆက်တွဲဖြစ်စဉ်များသည်လည်း အမြင်ကျယ်မှု၊ ရောင့်ရဲတင်းတိမ်မှု၊ ရေရှည် သဟဇာတဖြစ်စေလိုမှု၊ အတူယှဉ်တွဲနေထိုင်နိုင်မှု၊ သည်းခံစိတ်၊ ပင်ကိုအခံဓာတ်တို့ဖြင့်သာ ညှိနှိုင်းဖြေရှင်းကြခြင်းဖြင့် ရလဒ် သတင်းကောင်း ထွက်နိုင်မည်ဟု ယူဆရ၏။

၃၁။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း အရွေ့ကြမ်းလာမည်ဆိုပါက ရခိုင့် စစ်မြေပြင်၊ စစ်နယ်ဝန်း၌ အနာဂတ်ရခိုင်၏ ဒီမိုကရေစီမြင်ကွင်းသစ်ကို ညွှန်းဆိုကြမည့် ဂိမ်းမာ စတာများ ဂျိုကာ (ကိန်းမိုက်ကာ) အဖြစ်သို့ ရခိုင်ဒေသနေ မွတ်စလင်များ (ဒေသအခေါ် ဘင်္ဂါလီ) သည် ရောက်မှန်းမသိ တစ်လှမ်းချင်း တစ်လှမ်းချင်း ရောက်ရှိသွားမည် ဖြစ်၏ဟုသာ သုံးသပ်မိရပါ၏။

ဤတွင် “စစ်နယ်ဝန်းကျယ်လာသည့် ရခိုင်”ပြီး၏။

zawgyi version
စစ္နယ္ဝန္း က်ယ္လာသည့္ “ရခိုင္ ”(အခန္းဆက္ေဆာင္းပါးရွည္) (အပိုင္း ၅ - ဇာတ္သိမ္းပိုင္း)
ေဒါက္တာေအးေမာင္ (NP News) - ဇူလိုင္ ၁၁

(ဃ) အုပ္ခ်ဳပ္မႈႏွစ္ရပ္ၾကားက ရခိုင္လူထု၏ လူမႈ၊ စီးပြားဘဝ အေျခအေန။
“စီးပြားေရးက်ပ္တည္းမႈကို ေတာင့္ခံေနၾကသည့္ ရခိုင္လူထု”

၂၁။ အားၿပိဳင္ေနၾကဆဲျဖစ္သည့္ အုပ္ခ်ဳပ္မႈႏွစ္ ရပ္အၾကား၌ ၾကားညပ္ေနၾကရသည့္ ရခိုင္လူထုသည္ နစက ထိန္းခ်ဳပ္ၿမိဳ႕႐ြာမ်ားႏွင့္ULA/AA ထိန္းခ်ဳပ္ ၿမိဳ႕႐ြာမ်ားအျဖစ္ အခ်င္းခ်င္း ကူးလူးဆက္သြယ္မႈ ျပတ္ေတာက္ေနၿပီျဖစ္ရာ စစ္အရွိန္ျမင့္လာသည္ႏွင့္ အမွ် လူမႈဒုကၡမ်ိဳးစုံ၊ စီးပြားေရးက်ပ္တည္းမႈ ဒုကၡမ်ိဳးစုံကို ပိုမိုခံစားလာၾကရသည္ဟု ၾကားသိရ၏။ ကုန္ထုတ္လုပ္မႈ၊ ကုန္သြယ္မႈႏွင့္ စီးပြားေရး လုပ္ငန္း၊ ကုန္ ေရာင္း/ကုန္ဝယ္ အားလုံးရပ္တန႔္သြားၾက၏။ ULA/AA အုပ္ခ်ဳပ္သည့္ေဒသရွိ ၿမိဳ႕႐ြာအခ်င္းခ်င္း ကူးလူး ဆက္သြယ္မႈ ရွိေကာင္းရွိမည္ျဖစ္ေသာ္လည္း ျပည္မႏွင့္ဆက္သြယ္ေရးျပတ္ေတာက္ေနၿပီး နစကအုပ္ခ်ဳပ္သည့္ၿမိဳ႕႐ြာမ်ားသာ ျပည္မႏွင့္ ဆက္သြယ္မႈရွိ၏။

“ဘဏ္စနစ္၊ ေငြေၾကးလွည့္ပတ္စီးဆင္းမႈႏွင့္ လူမႈဘဝ”
၂၂။ ဘဏ္စနစ္သည္ နစက အုပ္ခ်ဳပ္သည့္ၿမိဳ႕ မ်ားမွလြဲ၍ ျပတ္ေတာက္သြား၏။ အဆိုပါၿမိဳ႕မ်ားႏွင့္ ျပည္မခ်ိတ္ဆက္မႈသည္ပင္လွ်င္ အင္တာနက္ ခ်ိတ္ ဆက္မႈ ေကာင္းမွရ၏။ ျပည္မႏွင့္ ေလေၾကာင္း၊ ေရ ေၾကာင္း ခ်ိတ္ဆက္မႈရွိေသာ္လည္း ဓာတ္ဆီတစ္လီ တာ၏ေပါက္ေဈးသည္ စစ္ေတြ၌ပင္ ၁၇၀ဝ၀ က်ပ္ ျဖစ္ေနဆဲျဖစ္၏။ ဆန္၊ ဆီ ေဈးေခါင္ခိုက္၏။ ေဆး ဆိုင္အမ်ားစုသည္ ပိတ္ထားၾက၏။ ပုံမွန္ ေဆးဝါးမွီဝဲရသည့္ နာတာရွည္ေရာဂါရွိသူမ်ားအဖို႔ အသက္ရွင္ သန္ေရးသည္ စိုးရိမ္ဖြယ္ျဖစ္၏။ အစိုးရေဆး႐ုံမ်ား၌ ဆရာဝန္၊ သူနာျပဳ ျပည့္စုံမႈႏွင့္ ကုသေပးႏိုင္မႈသည္ ပုဂၢလိကေဆး႐ုံထက္ ပိုအေရးပါ၏။ အစိုးရေဆး႐ုံ မ်ား၌ ဆရာဝန္ မလုံေလာက္မႈ၊ ခြင့္ယူမႈတို႔ကို ႀကိဳး စားေျဖရွင္းရမႈမ်ားရွိ၏။ လူထု၏ က်န္းမာေရးေစာင့္ ေရွာက္မႈသည္ သုံးဆခန႔္ျမင့္တက္သြား၏။ အခ်ိဳ႕ၿမိဳ႕ နယ္မ်ား၌ ေငြေၾကးလည္ပတ္မႈျပတ္ေတာက္စ ျပဳ၏။ စစ္ေရွာင္မ်ားဘဝ ေငြလို၍ ေ႐ႊေရာင္းခ်ေသာ္လည္း ေပါက္ေဈးမရၾက၊ ေငြလြဲလွ်င္ သိန္း ၁၀ဝ ကို ၅ သိန္း ဟုၾကားရ၏။ ေငြေၾကးလွည့္ပတ္စီးဆင္းမႈႏွင့္ ထုတ္ကုန္ပစၥည္းေဈးကြက္လည္ပတ္ေနမႈသည္ လိုအပ္၏။ ကုန္သြယ္မႈျပတ္ေတာက္သျဖင့္ ထုတ္ကုန္ေဈးက်သလို၊ လိုအပ္သည့္ေနရာ၌ ေဈးေခါင္ခိုက္၏။ ULA/AA အုပ္ခ်ဳပ္သည့္ၿမိဳ႕ႏွင့္ ေက်း႐ြာမ်ားသည္ ပိုမိုခက္ခဲမည္ဟု သုံးသပ္ႏိုင္၏။

“နယ္စပ္ကုန္သြယ္ေရး၊ ေငြေၾကးစနစ္ႏွင့္ ထြက္ကုန္၊ ပို႔ကုန္”
၂၃။ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ကုန္သြယ္မႈသည္ စစ္ေတြ၊ ေမာင္ေတာႏွင့္ တကၠနပ္ၿမိဳ႕တို႔ကို အေျချပဳ၏။ ျမန္မာ-အိႏၵိယကုန္သြယ္မႈ (စစ္ေတြအေျချပဳ)သည္ အိႏၵိယအေရွ႕ေျမာက္ႏွင့္ ကိုးလ္ကတၱား အၾကား၌ (ကိုးလ္ကတၱား-စစ္ေတြ၊ စစ္ေတြ-ပလက္ဝၾကားသည္) ေရေၾကာင္းခရီးျဖစ္၏။ ပလက္ဝ-မီဇို ရမ္ၾကားသည္ ကုန္းလမ္းခရီးျဖင့္ ဆက္သြယ္ထား၏။ ႏွစ္ဖက္ကုန္သြယ္မႈတိုင္းသည္ ကုန္သြယ္လမ္း ေၾကာင္း၏ တည္ၿငိမ္လုံၿခဳံမႈအေပၚ မွီတည္၏။ ႏွစ္ဖက္သတ္မွတ္သည့္ေငြေၾကးႏွင့္ ဘဏ္စနစ္သည္ အေရးႀကီး၏။ ရခိုင္နယ္စပ္ကုန္သြယ္မႈ၏ ျပည္ပပို႔ ကုန္အျဖစ္ ေျမလတ္ပိုင္း၊ အညာ၊ ဧရာဝတီတို႔မွ ေဒသထြက္ကုန္ႏွင့္ ရွမ္းမွ ခ်င္းတက္စသည့္ ေဒသ ထြက္ကုန္တို႔အေပၚ အဓိကအေျချပဳမွီခိုရ၏။ ရခိုင္ ေဒသထြက္ သစ္ႏွင့္ ကြၽဲ/ႏြား တို႔သည္ တရားမဝင္ ေမွာင္ခိုကုန္အျဖစ္သာ ကုန္သြယ္ၾက၏။ ဘဂၤလား ေဒ့ရွ္အစိုးရသည္ ျမန္မာဘက္မွ နည္းမ်ိဳးစုံျဖင့္ ဂိုဏ္းဖြဲ႕ၿပီး မူးယစ္ေဆးဝါး နယ္စပ္ျဖတ္ေက်ာ္ကုန္သြယ္မႈ ကို အထူးတပ္ဖြဲ႕ကာ အထူးစစ္ဆင္ေရးျဖင့္ နယ္စပ္ တစ္ေလွ်ာက္ ေစာင့္ၾကပ္၊ ကာကြယ္ေနရဆဲျဖစ္၏။

“နယ္စပ္ကုန္သြယ္ေရး လုပ္ငန္းစဥ္ အဆင့္ဆင့္”
၂၄။ ႏွစ္ႏိုင္ငံနယ္စပ္၌ နယ္စပ္ကုန္သြယ္ေရး ျဖစ္ေျမာက္ရန္ ဗဟိုအစိုးရခ်င္းကုန္သြယ္မႈ သေဘာ တူညီခ်က္၊ ႏွစ္ဖက္ဆက္စပ္ဌာနဆိုင္ရာမ်ား၊ ဆက္စပ္အသိအမွတ္ျပဳဘဏ္မ်ား(ဥပမာ-ဘဂၤလားေဒ့ရွ္ ဘက္မွ SONALI Bank၊ ျမန္မာမွ MICB၊ MFTB ႏွင့္ ယင္း၏ကိုယ္စားလွယ္ MEB ေမာင္ေတာ၊ စစ္ေတြ) ေပးေခ်ၾကမည့္ ေငြေၾကးအမ်ိဳးအစား ႏွင့္ ေငြေပးစနစ္၊ ေငြေၾကးအာမခံအပ္ႏွံမႈႏွင့္ LC ဖြင့္ျခင္း၊ Bank Drafts တို႔သည္ နယ္စပ္ကုန္သြယ္မႈ၏ အေျခခံမ်ားျဖစ္၏။ ကုန္ပစၥည္းအမွာလႊာ၊ ေဈးႏႈန္း ေဖာ္ျပခ်က္၊ ေပးပို႔ရမည့္ ႀကိမ္ေရ၊ DICA အသိအမွတ္ျပဳ သက္ဆိုင္ရာ ပို႔ကုန္/သြင္းကုန္ပါမစ္ရ ကုမၸဏီ၏ ကုန္သြယ္ ခြန္၊ Export Earnings အေပၚ သြင္းကုန္တင္သြင္းခြင့္ဆိုင္ရာမူဝါဒတို႔သည္ ႏွစ္ႏိုင္ငံစလုံးမွ ခ်မွတ္ ျပ႒ာန္း ထားၿပီးျဖစ္၏။ ရခိုင္ေဒသ၌ စစ္ေတြႏွင့္ ေမာင္ေတာသည္ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ကုန္သြယ္ ေရး၏ ၾကားခံျဖစ္၏။ ကုန္သြယ္မႈ၌ ပို႔ကုန္/သြင္းကုန္ႏွင့္ ဘဏ္စနစ္သည္ အေရးႀကီး၏။ ႏွစ္ႏိုင္ငံကုန္ပို႔ လမ္းေၾကာင္း မလုံၿခဳံသျဖင့္ ပို႔ကုန္ႏွင့္ ဘဏ္စနစ္ ျပတ္ေတာက္ျခင္းသည္ နယ္စပ္ကုန္သြယ္မႈ ျပတ္ေတာက္ျခင္းပင္ျဖစ္၏။

“ေငြေၾကးစနစ္ႏွင့္လွည့္ပတ္သုံးစြဲေငြ”
၂၅။ ရွမ္းေျမာက္ တ႐ုတ္နယ္စပ္ကုန္သြယ္မႈ၌ တ႐ုတ္ ယြမ္ေငြ (ရမ္မင္ဘီ) ကိုသုံး၏။ ရခိုင္နယ္စပ္ ျမန္မာ-ဘဂၤလားေဒ့ရွ္ ကုန္သြယ္မႈတြင္ “အေမရိ ကန္ေဒၚလာ” ကိုသုံးၾက၏။ ပလက္ဝ-မီဇိုရမ္ နယ္ စပ္ကုန္သြယ္မႈ(ျမန္မာ-အိႏၵိယ)သည္ ကုန္းပိုင္းလမ္း မၿပီးစီးေသးသျဖင့္ တရားဝင္ မဖြင့္လွစ္ႏိုင္ေသး သည့္ ကာလ၌ ULA/ AA ၏ ထိန္းခ်ဳပ္စစ္နယ္ဝန္းသို႔ က်ေရာက္သြားၿပီျဖစ္ရာ(အိႏၵိယ႐ူပီး၊ အေမရိကန္ ေဒၚလာ၊ ျမန္မာက်ပ္ေငြ) မည္သည့္ ေငြေၾကးစနစ္ကို အသုံးျပဳမည္သည္ အေရးပါမည္ျဖစ္၏။ လက္ရွိ ကာလတြင္ နယ္စပ္ေမွာင္ခိုကုန္သြယ္မႈ၌ “႐ူပီး”ေငြ ေၾကးျဖင့္သာ အဆင့္ဆင့္ အေရာင္းအဝယ္က႑ ျဖတ္သန္းေနၾကရဦးမည္ ထင္မွတ္ရ၏။ ULA/AA သည္ မိမိထိန္းခ်ဳပ္မႈေအာက္ေရာက္ ၿမိဳ႕႐ြာမ်ား၏ အုပ္ခ်ဳပ္မႈႏွင့္ လူမူစီးပြားဘဝ ဖြံ႕ၿဖိဳးရန္အတြက္ ပညာေရး၊ က်န္းမာေရး၊ ကုန္သြယ္မႈက႑ ျဖစ္ထြန္း လာေရး မည္ကဲ့သို႔ေသာ ေငြေၾကးစနစ္ႏွင့္ ဘဏ္စနစ္ကို အေျခခံကာ မည္သည့္ေငြေၾကး (MMK,$,TK, Rupee,?)ကို လူထုၾကား လွည့္ပတ္သုံးစြဲႏိုင္ရန္ သတ္မွတ္မည္ အိႏၵိယနယ္စပ္၌ မည္သည့္ေငြေၾကး စနစ္ျဖင့္ နယ္စပ္ကုန္သြယ္မႈျပဳမည္တို႔သည္ ေနာက္ပိုင္းတြင္ ပိုမို အေရးပါလာမည္ျဖစ္၏။ မီဇိုရမ္-ပ လက္ဝ ကုန္သြယ္မႈလမ္းေၾကာင္း လုံၿခဳံ၊ တည္ၿငိမ္၊ ေအးခ်မ္းေအာင္ မည္ကဲ့သို႔ေဆာင္႐ြက္ၿပီး၊ ကုန္သြယ္ လမ္းေၾကာင္း ပုံမွန္လည္ပတ္ေရး၊ ျပည္တြင္းျပည္ပမွ ရင္းႏွီးျမႇဳပ္ႏွံမည့္သူမ်ားကို မည္ကဲ့သို႔ ဖိတ္ေခၚမည္၊ ဖြံ႕ၿဖိဳးေအာင္လုပ္မည္တို႔သည္ ULA/AA ၏ မူဝါဒ ႏွင့္ ေရွ႕လုပ္ငန္းစဥ္မ်ားႏွင့္သာ စပ္ဆိုင္မည္ဟုျမင္၏။

“တ႐ုတ္ႏွင့္အိႏၵိယနယ္စပ္ ကုန္သြယ္မႈ
ကြာျခားခ်က္ႏွင့္ အားၿပိဳင္လာၾကမည့္ မဟာအင္အားႀကီးတို႔၏ အိႏၵိယသမုဒၵရာ”
၂၆။ တ႐ုတ္နယ္စပ္ရွိ “ဝ”၊ မိုင္းလား၊ ကိုးကန႔္ ေဒသတို႔၏ ထိန္းခ်ဳပ္နယ္ေျမမ်ားတြင္ တ႐ုတ္ “ယြမ္” ေငြကိုသာ သုံးၾက၏။ နယ္စပ္ကုန္သြယ္ေရး ၌သုံးသကဲ့သို႔ လူထုလွည့္ပတ္သုံးစြဲေငြအျဖစ္လည္း သုံးၾက၏။ တ႐ုတ္ထံမွ လွ်ပ္စစ္ဓာတ္အားကို သုံးစြဲၾကသကဲ့သို႔ အခ်ိဳ႕ေဒသမ်ား၌ မိမိေဒသထုတ္ လွ်ပ္စစ္ ဓာတ္အားကို သုံးၾက၏။ တ႐ုတ္ဆက္သြယ္မႈကြန္ရက္ ႏွင့္ ဘဏ္စနစ္အားသုံးၾက၏။ တ႐ုတ္စာႏွင့္ စကားသည္ အဓိက ေဒသသုံး ဘာသာစကားျဖစ္၏။ ေဒသခံမ်ား၏ဘဏ္စာရင္းကို တ႐ုတ္အမည္မ်ား ျဖင့္ ဖြင့္လွစ္ခြင့္ရၾက၏။ တ႐ုတ္ျပည္ႀကီးကဲ့သို႔ ပါတီ၊ တပ္မေတာ္၊ တရားစီရင္ေရးစနစ္၊ အုပ္ခ်ဳပ္ေရး စနစ္တို႔ျဖင့္ အုပ္ခ်ဳပ္ၾက၏။ တ႐ုတ္ နယ္စပ္ ရွမ္းေျမာက္၏ျဖစ္ တည္မႈမ်ိဳး အိႏၵိယႏွင့္ ဘဂၤလားနယ္စပ္ တြင္ရရန္မူ ခက္ခဲႏိုင္၏။ ဘဂၤလား-ျမန္မာ နယ္စပ္ မိုင္ ၁၄၀ ေက်ာ္ကို ၿခံစည္း႐ိုးကာရံရန္ ဘဂၤလားေဒ့ရွ္ အစိုးရသည္ Budget ခ်ၿပီးျဖစ္သကဲ့သို႔ အိႏၵိယ ဗဟိုအစိုးရသည္ မိုင္ ၁၀ဝ၀ ခန႔္ ရွည္လ်ားေသာ ျမန္မာနယ္စပ္ တစ္ေလွ်ာက္ကို ေဒၚလာ ၃.၂ ဘီလီယံ ကုန္က်ခံကာ ၿခံစည္း႐ိုးကာျခင္း၊ ျမန္မာဘက္မွ ဗီဇာမဲ့ ဝင္ေရာက္ေနသူမ်ားကို ျပည္ႏွင္ဒဏ္ေပးျခင္း မူဝါဒ ခ်မွတ္ထားၿပီး ျမန္မာ့တပ္မေတာ္ႏွင့္ ခ်စ္ၾကည္မူ ပိုမိုခိုင္မာသည့္ ခ်ိတ္ဆက္မႈမ်ား၊ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ဆက္ဆံမူမ်ားကို အရွိန္ျမႇင့္လာသည္ျဖစ္ရာ မဟာၿပိဳင္ဘက္ႏွစ္ႏိုင္ငံ၏ ဗ်ဴဟာေျမာက္ ဆိပ္ကမ္း ႀကီးႏွစ္ခုသည္လည္း ရခိုင္ေဒသ၌ တည္ေဆာက္ၿပီး ျဖစ္ၾကသည့္ကာလ ျဖစ္၏။ နစက၏ မဟာဗ်ဴဟာ ေျမာက္မိတ္ဖက္ ႐ုရွားသည္လည္း အင္ဒို-ပစိဖိတ္ ေဒသအတြက္ ဗ်ဴဟာေျမာက္အေရးပါသည့္ အိႏၵိယ သမုဒၵရာအေပၚ အာ႐ုံစူးစိုက္မႈပိုသည့္ ကာလျဖစ္ရာ မိမိတို႔ အမ်ိဳးသားအက်ိဳးစီးပြားအေပၚ ရပ္တည္ၾကမည့္ မဟာအင္အားႀကီးႏိုင္ငံႀကီးမ်ား၏ ေျခလွမ္းမ်ားသည္ အိႏၵိယသမုဒၵရာအေပၚ မိုင္ ၄၀ဝ ေက်ာ္ မ်က္ႏွာမူ ေမးတင္ထားသည့္ ရခိုင္ေဒသ၏ စစ္နယ္ဝန္း က်ယ္ျပန႔္လာမူအေပၚ တစ္နည္းတစ္ဖုံ ႐ိုက္ခတ္လာ မည္မွာမလြဲဟု သုံးသပ္မိရပါ၏။

(င) ဂ်ိဳကာျဖစ္သြားသည့္ ဘဂၤါလီ ေခၚ ရခိုင္ေဒသေျမာက္ပိုင္းေန မြတ္စလင္မ်ား။

“ဒုကၡသည္ျပႆနာ၏ မဟာဗ်ဴဟာအရ
အေရးပါသည့္ ေမာင္ေတာၿမိဳ႕”
၂၇။ နစက အစိုးရႏွင့္ ဘဂၤလားေဒ့ရွ္အစိုးရတို႔ ညႇိႏႈိင္းေနရဆဲ ကမာၻေက်ာ္ ICJ ေရာက္ ၂၀၁၇ ခုႏွစ္ ရခိုင္မွ ဘဂၤါလားေဒ့ရွ္ေရာက္ ဘဂၤါလီဒုကၡသည္မ်ား (ျမန္မာလဝကစာရင္း-၇.၅ သိန္း၊ ႏိုင္ငံတကာUN ျပစာရင္း-၁.၂ သန္း)၏ျပႆနာသည္ အစိုးရခ်င္း(G to G)ေျဖရွင္းမွ ေျပလည္မည္ျဖစ္သည္။ ကုလ၏ ပူးေပါင္းကူညီမႈလိုအပ္သည္။ ဒုကၡသည္မ်ား ေနရပ္ျပန္ ေရးကိစၥ၊ ျပန္လည္လက္ခံေရးကိစၥ၊ ျပန္လည္ထူ ေထာင္ေရးကိစၥ၊ လူသားခ်င္းကိုယ္ခ်င္းစာသည့္ စားနပ္ရိကၡာအပါအဝင္ ေထာက္ပံ့ကူညီေရးကိစၥ လုပ္ ငန္းစဥ္အဆင့္ဆင့္သည္ ႏွစ္ႏိုင္ငံအစိုးရခ်င္း ပူးေပါင္းေဆာင္႐ြက္မွ ကုလသမဂၢႏွင့္ ႏိုင္ငံတကာအဖြဲ႕ အစည္းမ်ားကကူညီမွ ေျပလည္မည့္ ကမာၻ႔ဒုကၡသည္ ျပႆနာ ျဖစ္ဆဲျဖစ္၏။ သို႔ျဖင့္ ဒုကၡသည္ျပႆနာ ကို မည္ကဲ့သို႔ ေရရွည္တြင္ ေရွ႕ဆက္ေဆာင္႐ြက္ၾက မည္နည္း ဟူသည့္ေမးခြန္းသည္ အင္အားျပင္းၿပီး ပါဝါႀကီး၏။ နည္းတူ (၃)သန္းခန႔္ေသာ(ျပည္တြင္း၊ ျပည္ပ)ရခိုင္လူထုႏွင့္ (၂)သန္းေက်ာ္ႏိုင္သည္ဟုယူ ဆရေသာ(ျပည္တြင္း၊ ျပည္ပ) ဘဂၤါလီ(ရခိုင္ ေဒသ ေျမာက္ပိုင္းေန မြတ္စလင္) လူဦးေရအခ်ိဳးသည္ အနာဂတ္ ရခိုင္ေဒသ၊ ဖက္ဒရယ္ႏွင့္ဒီမိုကေရစီ၏ စိန္ေခၚမႈျဖစ္ရာ၊ အနာဂတ္၌ မည္ကဲ့သို႔လွ်င္ လူမ်ိဳး ႏြယ္စုႏွစ္ခု လူမႈသဟဇာတရွိစြာျဖင့္ ေနထိုင္ႏိုင္ၾကေရး နည္းလမ္းရွာ ေျဖရွင္းၾကမည္နည္းဟူသည့္ ေမးခြန္း သည္လည္း ပါဝါႀကီးၿပီး အားအလြန္ျပင္းသည့္ ေမး ခြန္းတစ္ခု ျဖစ္ၿမဲျဖစ္ေနေပ၏။ နည္းတူ ဒုကၡသည္ ျပႆနာကို ႏွစ္ႏိုင္ငံေျဖရွင္းၾကရာ၌ အဓိက ဝင္/ ထြက္ေပါက္ျဖစ္ေသာ ေမာင္ေတာၿမိဳ႕သည္ မဟာဗ်ဴ ဟာေျမာက္ အေရးပါဆဲျဖစ္၏။ ေမာင္ေတာေဒသသည္ အစိုးရ၏ အုပ္ခ်ဳပ္မႈေအာက္၌ရွိမွ ဒုကၡသည္ ျပႆနာကို ႏွစ္ႏိုင္ငံ ေျဖရွင္းႏိုင္ၾကမည္ျဖစ္၏။ သို႔ မဟုတ္ပါက ေျဖရွင္းရန္ ကာလတစ္ခု အထိ ၾကန႔္ၾကာသြားႏိုင္ေပ၏။

“ႏိုင္ငံေရးအရ တိုက္ပြဲဝင္အမည္ ႐ိုဟင္ဂ်ာ”
၂၈။ ဘဂၤါလီေခၚ ရခိုင္ေဒသေျမာက္ပိုင္းေန မြတ္စလင္မ်ားကို ႐ိုဟင္ဂ်ာဟု ျပည္ပေနဘဂၤါလီတို႔က ႏိုင္ငံေရးအရ ေခၚတြင္ေစလိုၾက၏။ ႏိုင္ငံတကာ မိသားစုမ်ားက ႐ိုဟင္ဂ်ာကိုသိ၏။ ျမန္မာကိုလည္း ႐ိုဟင္ဂ်ာႏွင့္ယွဥ္တြဲၿပီးမွသာ အခ်ိဳ႕သိပုံရ၏။ သူတို႔ ၏ယုံၾကည္မႈ၌ လူမ်ိဳးအမည္ မွည့္ေခၚမႈသည္ အေရး မႀကီး။ လူ႔အခြင့္အေရးအရ အမည္ေပးခြင့္ အမည္ တပ္ေခၚခြင့္သည္ ရွိ၏။ ရခိုင္၊ ျမန္မာတို႔၏ ခိုင္မာ သည့္ရပ္တည္ခ်က္မွာ သမိုင္းဆိုင္ရာျပႆနာသာ ျဖစ္၏။ နတ္ျမစ္ကူး႐ုံျဖင့္ လူမ်ိဳးအမည္ေျပာင္းရန္ မသင့္သလို ေျပာင္းခြင့္မရွိ။ ဘဂၤါလီလူမ်ိဳး၏ သမိုင္းဆိုင္ရာသည္ ရွည္လ်ား၏။ စာေပ၊ ဂီတႏွင့္ အႏုပညာ ၊ ယဥ္ေက်းမႈ ခိုင္မာေသာ လူမ်ိဳးႀကီးတစ္မ်ိဳး၏ အမည္ ျဖစ္၏။ လြယ္လြယ္ျဖင့္ ႏိုင္ငံေရးအရ လူမ်ိဳးႏြယ္စု အမည္ကို မေျပာင္းလဲသင့္ဟု ျမင္၏။ ႐ိုဟင္ဂ်ာ အမည္သည္ ၁၉၅၁ ခုႏွစ္ အလယ္သံေက်ာ္ညီလာခံ အလြန္ ၌ ႏိုင္ငံေရးအရ ဆယ္စုႏွစ္ႏွင့္ခ်ီ ေခၚတြင္ေစလိုသည့္ တိုက္ပြဲဝင္အမည္ျဖစ္၏။ အဂၤလိပ္တို႔က စစ္တေကာင္းနီယံ(စစ္တေကာင္းသား)ဟု ေခၚတြင္ၾက၏။ ၂၀၂၂ ခုနစ္၌ ႐ိုဟင္ဂ်ာအဖြဲ႕ဥကၠ႒ မစၥတာ ဝါကာအူဒင္ ကြယ္လြန္ရာ ULA/AA သည္ အထူး ဝမ္းနည္း ေၾကကြဲရပါေၾကာင္း သဝဏ္လႊာပါးရာ၌ ကိုယ္ခ်င္း စာနာမႈကို ၫႊန္းဆို၏။ လူ႔အဖြဲ႕အစည္း ႏွစ္ရပ္အၾကား ေရရွည္ သဟဇာတျဖစ္ေရးကို ေျဖရွင္းၾကေရး ႏိုင္ငံေရးအရ ဆြဲေဆာင္မႈျပဳ၏။ လူမႈသဟဇာတ ျဖစ္ေရး၊ ႏိုင္ငံသားျဖစ္ခြင့္ႏွင့္ လြတ္လပ္ စြာ ကိုးကြယ္ခြင့္သည္ ႏိုင္ငံေရးရပိုင္ခြင့္ျဖစ္သည္ဟု လူ႔အခြင့္အေရးစံအရ လစ္ဘရယ္ဒီမိုကေရစီက ယုံ၏။ AA စစ္သားမ်ားက ဘဂၤါလီမ်ားကို ေဆးကုသေပးေနပုံ ႏွစ္ဖက္ခ်စ္ၾကည္စြာ ေဘာလုံးကစားေန ၾကပုံ၊ ေထာက္ပံ့ေရးပစၥည္း ေပးအပ္ေနပုံ၊ ဆရာေတာ္ကကူညီေပးေနပုံ၊ ရခိုင္ဒုကၡသည္ လူငယ္မ်ားကို အဂၤလိပ္စာ သင္ၾကားျပသေနပုံ ၊AA ယူနီေဖာင္းဝတ္ ဘဂၤါလီစစ္သားမွ အုပ္ခ်ဳပ္ေရး တာဝန္ျဖင့္ အမႈစစ္ေနပုံတို႔သည္ ULA/AA ၏ ထိန္းခ်ဳပ္နယ္ေျမ၌ အုပ္ခ်ဳပ္ေရးယႏၲရား လည္ပတ္ေနပုံႏွင့္ လူမႈသဟဇာတရွိစြာ လူမ်ိဳးႏြယ္စုႏွစ္ခု၏ တည္ရွိပုံကို ၫႊန္းဆိုေနသည္ဟုျမင္၏။ အထက္ပါ လႈပ္ရွားမႈ တို႔ကို ဘဂၤါလီ လူထုကို ႏိုင္ငံေရးအရ ျမင္ ေစလိုပုံရသလို ႏိုင္ငံတကာမိသားစုသို႔လည္း သိေစခ်င္ပုံရ၏။

“ျပည္သူ႔စစ္မႈထမ္းဥပေဒ၊ ဂ်ိဳကာျဖစ္သြားသည့္ ဘဂၤါလီႏွင့္ အနာဂတ္ျမင္ကြင္း”
၂၉။ နစကသည္ ၂၀၂၄ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၀)ရက္ေန႔တြင္ နယက အစိုးရက ျပ႒ာန္းခဲ့ၿပီး ျဖစ္သည့္ ျပည္သူ႔စစ္မႈထမ္းဥပေဒ အာဏာတည္ သည့္ရက္ကို သတ္မွတ္ေၾကညာ၏။ နစကသည္ ရွမ္း ေျမာက္၊ ရခိုင္ႏွင့္ အခ်ိဳ႕ေဒသမ်ားတြင္ ခြာစစ္ဆင္ စုစည္းမႈျပန္ယူ တပ္တည္ေဆာက္ေနသကဲ့သို႔ စစ္ေရး ႏွင့္ႏိုင္ငံေရးကို တစ္ကြက္ခ်င္း တည္ၿငိမ္ညင္သာစြာ ျဖင့္ သတိႀကီးႀကီးထားကာ စေ႐ႊ႕ေနသည္ဟု ယူဆ ၏။ အခ်ိဳ႕ ရခိုင္သတင္းဌာနမ်ားတြင္ေဖာ္ျပရာ၌ ရခိုင္ေဒသေနမြတ္စလင္မ်ား အေျခခံစစ္ပညာသင္ၾကား ေနပုံ၊ ေပ်ာ္႐ႊင္စြာ ေသနတ္ကိုယ္စီျဖင့္ စစ္ကားစီး ခရီး ထြက္ေနၾကပုံတို႔ကို ျမင္ရ၏။ RFA သည္ မြတ္စလင္ ၁၀ဝ ခန႔္ ရေသ့ေတာင္တိုက္ပြဲ၌ လက္နက္ႀကီးထိ၊ ေရျမဳပ္ေသဆုံးၾကေၾကာင္း မတိက်ေသာ သတင္းျဖင့္ ဖြ၏။ မင္းျပားၿမိဳ႕နယ္ မြတ္စလင္႐ြာ လက္နက္ႀကီး က် (၂၀)ေက်ာ္ေသဆုံး၊ (၃၀)ခန႔္ဒဏ္ရာ ရ ဟု ရခိုင္သတင္းဌာနမွ ဓာတ္ပုံႏွင့္တကြ စစ္တပ္ေၾကာင့္ဟု ၫႊန္းဆိုလ်က္ သတင္းေဖာ္ျပ၏။ နည္းတူ သတင္းၿပိဳင္အျဖစ္ သက္ေကျပင္၊ သဲေခ်ာင္း၊ ဒါးပိုင္ႏွင့္ ဘုေမ ဒုကၡသည္စခန္းမ်ား၌ ျပည္သူ႔စစ္မႈထမ္း ဥပေဒအရ အုပ္ႀကီးမ်ား အမည္စာရင္း အတင္းေကာက္ၾကသည့္ သတင္းေဖာ္ျပၾကသည္ကိုေတြ႕ရ၏။ တာဝန္ရွိသူမ်ား က ျငင္းဆိုၾက၏။
၃၀။ ရွမ္းေျမာက္၏ ၁၀၂၇ စစ္ဆင္ေရးသည္ ရခိုင္ေဒသ၌ ULA/AA ၏ထိုးစစ္အျဖစ္ ၂၀၂၃ ခုႏွစ္ ႏိုဝင္ ဘာလ (၁၃) ရက္ေန႔တြင္ စတင္ခဲ့၏။ ျမန္မာႏိုင္ငံ၏ စစ္ေရး၊ ႏိုင္ငံေရး အက်ပ္အတည္းသည္ အရွိန္ျမင့္ဆဲျဖစ္၏။ နည္းမ်ိဳးစုံ အင္အားစုေဆာင္းလာေသာ ေတာ္လွန္ေရးလက္နက္ကိုင္အဖြဲ႕မ်ားသည္ ျပည္သူ႔စစ္မႈထမ္း ဥပေဒအာဏာတည္ၿပီးေနာက္ စုေဆာင္းမႈအရွိန္ကို နည္းမ်ိဳးစုံျဖင့္ျမႇင့္ၾက၏။ ရခိုင္ေဒ သေန မြတ္စလင္ (ေဒသအေခၚ ဘဂၤါလီ)မ်ားသည္ စစ္မက္ၿပိဳင္ဆိုင္ေနၾကသည့္ နစက ႏွင့္ ULA/AA အၾကား ဂ်ိဳကာ ျဖစ္မွန္းမသိျဖစ္သြားပုံရ၏။ နစက ၏ ႏိုင္ငံေရးအေ႐ြ႕သည္ ရခိုင္ေန မြတ္စလင္မ်ားကို ျပည္သူ႔စစ္မႈထမ္းဥပေဒပါ အသက္အ႐ြယ္အရ စစ္မႈထမ္းေစပါက ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥအေဒပါ (ျပဳ၊ ဧည့္) ႏိုင္ငံသားအျဖစ္ သတ္မွတ္ေပးရမည္ျဖစ္၏။ ႐ို ဟင္ဂ်ာအမည္ျဖင့္ တိုင္းရင္းသားအျဖစ္ အသိအမွတ္ျပဳမွ ျပည္ေတာ္ျပန္ရန္ တင္းခံေနၾကသည့္ ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ ၁.၂ သန္း၏ ႏိုင္ငံေရး တိုက္ပြဲ၊ ေနာက္ဆက္တြဲျဖစ္စဥ္မ်ားသည္လည္း အျမင္က်ယ္မႈ၊ ေရာင့္ရဲတင္းတိမ္မႈ၊ ေရရွည္ သဟဇာတျဖစ္ေစလိုမႈ၊ အတူယွဥ္တြဲေနထိုင္ႏိုင္မႈ၊ သည္းခံစိတ္၊ ပင္ကိုအခံဓာတ္တို႔ျဖင့္သာ ညႇိႏႈိင္းေျဖရွင္းၾကျခင္းျဖင့္ ရလဒ္ သတင္းေကာင္း ထြက္ႏိုင္မည္ဟု ယူဆရ၏။

၃၁။ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒကို ျပင္ဆင္ျခင္း၊ ျဖည့္စြက္ျခင္း အေ႐ြ႕ၾကမ္းလာမည္ဆိုပါက ရခိုင့္ စစ္ေျမျပင္၊ စစ္နယ္ဝန္း၌ အနာဂတ္ရခိုင္၏ ဒီမိုကေရစီျမင္ကြင္းသစ္ကို ၫႊန္းဆိုၾကမည့္ ဂိမ္းမာ စတာမ်ား ဂ်ိဳကာ (ကိန္းမိုက္ကာ) အျဖစ္သို႔ ရခိုင္ေဒသေန မြတ္စလင္မ်ား (ေဒသအေခၚ ဘဂၤါလီ) သည္ ေရာက္မွန္းမသိ တစ္လွမ္းခ်င္း တစ္လွမ္းခ်င္း ေရာက္ရွိသြားမည္ ျဖစ္၏ဟုသာ သုံးသပ္မိရပါ၏။

ဤတြင္ “စစ္နယ္ဝန္းက်ယ္လာသည့္ ရခိုင္”ၿပီး၏။

Related news

© 2021. All rights reserved.