MNDAA အဖွဲ့က ပစ်ခတ်သောရှော့တိုက်ဒုံးများမှာ ကျချင်ရာကျ သဘောဆန်လာရာ လားရှိုးမြို့ခံများအတွက် အိပ်မက်ဆိုးဖြစ်နေ

 2608

သုတကျော် (NP News) - ဇူလိုင် ၁၅

MNDAA အဖွဲ့ကပစ်ခတ်သော ရှော့ တိုက်ဒုံးများမှာ ကျချင်ရာကျ သဘောဆန်လာရာ အကြောင်းအမျိုးမျိုးကြောင့် မြို့ကိုမစွန့်ခွာနိုင်သော လားရှိုးမြို့ခံများအတွက် အိပ်မက်ဆိုးဖြစ်နေ ကြောင်း လက်ရှိမြို့တွင် ကျန်ခဲ့သူများထံ NP News က မေးမြန်းထားချက်အရ သိရသည်။
တပ်မတော်၏ အရှေ့မြောက်တိုင်း စစ်ဌာ နချုပ်တည်ရှိသော လားရှိုးမြို့ကို ဇူလိုင်လ ၂ ရက်မှ စတင်၍ MNDAA ပူးပေါင်းအဖွဲ့က စတင်တိုက် ခိုက်လာခဲ့ရာ တိုက်ပွဲအရှိန်မြင့်တက်လာပြီး နောက် မြို့ခံအများအပြားနေရပ်စွန့်ခွာ တိမ်းရှောင်သွားခဲ့ကြသော်လည်း မြို့တွင်မစွန့်ခွာနိုင်သူများ ဆက်လက် ကျန်နေဆဲဖြစ်သည်။
ထိုသို့ ကျန်နေသူများထဲတွင် မြို့မှ တိမ်းရှောင်ရန်အတွက် အခက်အခဲဖြစ်နေသူ အများစုပါ ဝင်ပြီး သက်ကြီးရွယ်အိုအချို့လည်း မတိမ်းရှောင်ဘဲ ရှိနေရာ ဇူလိုင်လ ၁၀ ရက်၊ ၁၁ ရက်ခန့်မှစတင်၍ MNDAA ဘက်မှပစ်ခတ်သော ရှော့တိုက်ဒုန်းအ များအပြားမှာ မြို့အတွင်း ကျရောက်ပေါက်ကွဲသည့်အတွက် သေဆုံးဒဏ်ရာရသူများလည်း မြင့်တက်လာနေကြောင်း ဒေသတွင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
MNDAA က ပစ်သော ရှော့တိုက်ဒုံးများသည် ပြည်သူများနေထိုင်ရာနေရာသို့ ကျရောက် နေရာ မြို့ခံအချို့ထံ NP News က မေးမြန်းချက်အရ ယခုနောက်ပိုင်းတွင် နေ့အချိန် သာမက ညပိုင်းများ တွင်လည်း ရှော့တိုက်ဒုံး ကျရောက်မှု ပိုမိုများပြားလာကြောင်း သိရသည်။
သို့သော် ကံကောင်းနေသည်မှာ အချို့ ရှော့တိုက်ဒုံးများမှာ မပေါက်ကွဲဘဲ မြေပြင်တွင် စိုက် နေခြင်းမျိုးလည်းရှိသည့်အတွက် မြို့ခံအချို့ခံသာ အခက်အခဲများကြောင့် မြို့ကိုမစွန့်ခွာနိုင်သည့် မြို့ခံများအတွက်မူ မည့်သည့်အချိန် မိမိ အိမ်ပေါ် ရှော့တိုက်ဒုံးကျမည်နည်းဟု ရင်တထိတ်ထိတ်ဖြင့် စောင့်နေရသော အခြေအနေဖြစ်သည်။
“ အခုဟာက ရှော့တိုက်ဒုံးနဲ့တင်မဟုတ်ဘူး။ လက်နက်ကြီးနဲ့ပါ အသားကုန်ထုနေတာဆိုတော့ တော်ရုံ အဆောက်အအုံလောက်နဲ့ နေလို့မရတော့ဘူး။ ဘုရားတနေရတယ်။ သွားဖို့ကျတော့လည်း ခက် ပြန်ရော။ မိသားစုနဲ့က သွားဖို့မလွယ်ဘူး။ ကားခတွေက အရမ်းမြင့်တယ်။ ရွှေတောင်ရောင်းဖို့ မလွယ် ဘူး။ ကျွန်တော်တို့က လောလောဆယ်တော့ ဒီလိုပဲ နေရသေးတာပေါ့” ဟု မြို့မှမစွန့်ခွာနိုင်သူ လားရှိုး မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
၎င်းတွင် မိသားစုများသည့်အတွက် မြို့မှ တိမ်းရှောင်ရန် အခက်အခဲရှိနေခြင်းဖြစ်ရာ လက်ရှိ အနေအထားတွင် ရှော့တိုက်ဒုံးနှင့် လက်နက်ကြီး ကြောင့် ညတိုင်းအိပ်မက်ဆိုးသဖွယ် ကြုံနေရသူ လည်းဖြစ်သည်။ ထို့အတူ ရှင်သန်ခြင်း၊ သေဆုံးခြင်း အတွက် ကံအပေါ်ကိုသာ ပုံချပြီး နေထိုင်နေ သူလည်း ဖြစ်သည်။
“ ခါတိုင်းက ညဘက် ရှော့တိုက်ဒုံးတွေ ဘာတွေ မပစ်ဘူးဗျ။ တပ်ဖက်က ပစ်တဲ့လက်နက်ကြီးတွေ ဟိုဘက်ကိုပစ်တဲ့ ရော့ကတ်တို့ ဘာတို့ပဲရှိတာ။ လွန်ခဲ့တဲ့ သုံးလေးရက်တည်းက ရှော့တိုက်ဒုံးနဲ့ ပစ် နေတာ။ ကျွန်တော်တို့က ကံပေါ့ဗျာ။ အဆောက်အအုံ ဘယ်လောက်ပဲ ကောင်းကောင်း၊ ပုန်းတဲ့အိမ် ဘယ် လောက်ကောင်းကောင်း ရှောင်နိုင်တာ မဟုတ်ဘူးလေ။ အိမ်ရဲ့အောက်ဆုံးထပ်၊ ခုတင်လေးတွေ အောက်မှာပဲ ပုန်းလျှိုးကွယ်လျှိုး နေရတာပေါ့။ တစ်ခုခုဖြစ်ရင် နည်းနည်းပါးပါး ခံသာတာပေါ့” ဟု ၎င်းက ဆိုသည်။
ယခင်က လားရှိုးမြို့လယ်ဘက်သို့ ရှော့တိုက်ဒုံးကျခြင်းမရှိသော်လည်း ဇူလိုင်လ ၁၁ ရက်က လားရှိုးမြို့လယ်အထိပင် ရှော့တိုက်ဒုံးကျရောက်လာခဲ့ရာ ယခင်က လက်နက်ကြီးမကျရောက်ဟု ယူဆ ထားသော မြို့လယ်တွင် နေထိုင်သူများအတွက်လည်း စိုးရိမ်စိတ် အထွတ်အထိပ်သို့ ရောက်သွားစေခဲ့ သည်။
“ ရှော့တိုက်ဒုံးက အရင်ကတော့ အဝေးမှာ ကျတာလေ။ မနေ့က (ဇူလိုင်လ ၁၁ ရက်) တုန်းက တော့ တိုကျိုကားပစ္စည်းဆိုင်ဆိုတာ။ ကျွန်မတို့နဲ့ဆို နီးတယ်။ သူကတော့ လမ်းမတန်းမှာပေါ့။ ညဆို ကောင်းကောင်းမအိပ်ရတော့ ညနေပိုင်းအိပ်ပျော်သွားတာ။ နားထဲမှာ ဒုန်းဆိုတဲ့ အသံ အုပ်အုပ်ကလေး အဝေးကကြားပြီး ဝရောဆို ကိုယ့်ဆီလိမ့်လာသလိုပဲ။ မနေ့ကမှ နီးနီးကပ်ကပ်ကြားဖူးတာ။ တိုကျိုကား ပစ္စည်းဆိုင် မီးလောင်သွားတယ်။ အစ်မတို့က ရပ်ကွက် (၈)မြို့လယ်ကောင်ဆိုတော့ မကျနိုင်ဘူးထင် တာ” ဟု လားရှိုးမြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ရှော့တိုက်ဒုံးဖြင့် ယခုကဲ့သို့ လားရှိုးမြို့ကို အပြင်းအထန်ပစ်နေခြင်းမှာ မြို့တွင်နေထိုင်သူများကို နှင်သည့်သဘောဆန်လာသည်ဟု အထက်ပါ ဒေသခံများက ဆိုသည်။
အသက်ဘေးစိုးရိမ်ရသောကြောင့် အိုး အိမ်စွန့်ခွာ စစ်ဘေးရှောင်ရသူများအတွက်မူ ၎င်းတို့ အိမ်ကို ဖောက်ထွင်းသူများဘေးမှကာကွယ်ရန် ငွေကြေးအဆမတန်ပေးပြီ အိမ်စောင့်ငှားရခြင်းမျိုးရှိပြီး အချို့မှာမူ အိမ်စောင့်မငှားနိုင်ဘဲ ပစ္စည်းအနည်းငယ်ဖြင့် ကိုယ်လွတ်ရုန်းထွက်ခွာကြရခြင်းဖြစ်သည်။ “ဖောက်ထွင်းတာကလည်း တော်တော်ဆိုးတယ်။ ဖြစ်စဉ်တစ်ခုပြောပြမယ်နော်။ အဲဒီလူက သူ့အိမ်မှာ အိမ်စောင့်ကျန်တာပေါ့။ အပြင်ခဏသွားတုန်း သူ့အိမ်က စစ်ဘေးရှောင်အိမ် လူလုံးဝမရှိဘူးထင်ပြီး ပစ္စည်းတွေ ခိုးသွားတာ အားလုံးပါသွားတယ်။ တချို့သူခိုးတွေက အိမ်က ပစ္စည်းတွေကို ဖျက်ဆီးတာ လည်း ရှိတယ်” ဟု လက်ရှိတွင် ဘေးကင်းရာသို့ စစ်ဘေးရှာင်ရောက်ရှိနေသူ လားရှိုးမြို့ခံ အမျိုးသမီး တစ်ဦးက ဆိုသည်။
စစ်ပွဲ၏အနိဋ္ဌာရုံကို ကြုံတွေ့ရသူများထဲတွင် လူကြီးများသာမက ကလေးငယ်များလည်း ပါဝင်နေသည်ဖြစ်ရာ လားရှိုးမြို့တွင် တိုက်ပွဲများ ကြာမြင့်လာခြင်းနှင့်အတူ နုနယ်သော ကလေးငယ် များ၏ စိတ်တွင် စိတ်ဒဏ်ရာများလည်း ရနေသည်။
“အိမ်က တူမလေးတွေက ဘေးအိမ်က တံခါးဖွင့်ရင်တောင် လက်နက်ကြီးသံလို့ ကြားတဲ့အထိ အခြေအနေဖြစ်တယ်။ ဘေးအိမ်က လေချွန်သံ ကြားရင်တောင် ရှော့တိုက်ဒုံးများ ကျသလားလို့ Psycho ဝင်တယ်။ ကလေးတွေတောင် မကဘူး။ ကျွန်တော်တို့တောင် ဖြစ်တယ်။ နေ့စဉ်ရက်ဆက် ကြားနေ ရတာ” ဟု အထက်ပါ မြို့ခံက ဆိုသည်။
စစ်ပွဲ၏ကြားတွင် ရှင်သန်ရသည်မှာ မလွယ်လှသည့် အနေအထားပင် ဖြစ်သည်။ လက်ရှိ ဒေသခံ များ၏ စိတ်အခြေအနေနှင့်ပတ်သက်၍ လားရှိုးမြို့သူ အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ရင်ဖွင့်သည်။ “ ငို လိုက် ယိုလိုက်ပါပဲ။ စားသာစားနေရတာ ဘာစားလို့ စားနေရမှန်းလည်းမသိဘူး။ တစ်ရက် တစ်ရက်ကို လေ မိုးမြန်မြန်လင်းပြီး အခြေအနေ မြန်မြန်ကောင်းမယ်ပေါ့။ မိုးလင်းပြီးငြိမ်တယ်ဆို နောက်ရက်ကျ လက်နက်ကြီးသံတွေ ဆူညံလာပြန်ရော။ ညဘက်တွေ အိပ်မပျော်ဘူး။ ကြောက်နေတာ။ ဘယ်အချိန် မြို့ထဲဝင်လာမလဲ။ တပ်က စည်းပေါက် ပြီး သူတို့ဝင်လာမှာ ကြောက်တယ်။ သူတို့နဲ့ ယှဉ်တွဲပြီး နေဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိလားရှိုးမြို့၏အခြေအနေမှာ ခြောက်ကပ်နေပြီး မြို့တွင်ကျန်ခဲ့သူအချို့က မဖြစ်မနေ ဝယ်ရန်လိုသည့် ပစ္စည်းများကိုသာ ထွက်ဝယ်ခြင်းမျိုးဖြစ်သော်လည်း ဝယ်ရန်အတွက် ဆိုင်များမရှိ တော့သည့်အခြေအနေကို ကြုံတွေ့နေရသည်။
“ ဆန်တွေ ဘာတွေကတော့ အရင်တည်းက စုဆောင်းထားတာရှိတော့ အဲဒါတွေရတယ်။ ကျန် တာကတော့ ရှာဝယ်နေရတာပေါ့။ လမ်းမှာ တစ်ယောက်မှ မကျန်တာတော့မဟုတ်ဘူး။ အသွားအလာ လေးတော့ ရှိတယ်။ လူဦးရေက သုံးပုံတစ်ပုံတောင် ကျန်ဖို့မလွယ်ဘူး။ လူတွေကကြောက်ပြီး ဒီနေ့ (ဇူ လိုင်လ ၁၂ ရက်) ထွက်ကြတာလည်းများတယ်။ ကျွန်တော်တို့ကတော့ မပြေးတော့ပါဘူး” ဟု ၎င်းကဆိုသည်။
စစ်ပွဲဒဏ်သင့် လားရှိုးမြို့တွင် စည်ပင်သာယာ လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခြင်း မရှိတော့သောကြောင့် မြို့တွင်အမှိုက်များ “ဟိုတစ်စု၊ သည်တစ်စု” ဖြင့်ပုံနေပြီး မြို့လယ်တွင်ပင် အမှိုက်ပုံ ဖြစ်နေကာ အချို့က အိမ်မွေးခွေးများကို ထားခဲ့ရသည့်အတွက် ခွေးလေခွေးလွင့်များဖြင့် မြို့ပျက်ကဲ့သို့ ဖြစ်နေကြောင်း မြို့ခံများက ဆိုသည်။ လားရှိုးမြို့တွင် ကျန်ခဲ့သူများအနက် အချို့ သက်ကြီးရွယ်အိုများရှိသည့် မိသားစုများမှာ ကံကိုပုံချကာ မြို့မှမစွန့်ခွာဘဲ နေသူများလည်းရှိရာ အချို့ သက်ကြီးရွယ်အိုများတွင် ဆေးဝါးပြတ်လပ်သူများလည်း ရှိနေသည်။
“ ကျွန်မတို့အိမ်နားမှာ အဘိုးအဘွား နှစ်ယောက် ကျန်တယ်။ ကျွန်မတို့က တတ်နိုင်သလောက် စောင့်ရှောက်တယ်။ သူတို့က သားသမီးတွေ ရှိတယ်။ သားသမီးတွေက ဆိုင်ကယ်တွေနဲ့ ပြေးတော့ ခေါ်ပါတယ်။ အဘိုးအဘွားတွေက သားသမီးတွေကို ဝန်ပိမှာ ဆိုးတော့ မလိုက်သွားဘူး။ နှလုံးရောဂါ တွေထ။ နှလုံး ငြိမ်ဆေးသောက်ဖို့ မြန်မာဆေးဆိုင်တွေကလည်း မဖွင့်တော့ ငိုနေရှာတာ သနားဖို့ ကောင်းတယ်” ဟု အထက်ပါ မြို့ခံအမျိုးသမီးက ဆိုသည်။
အချို့မှာ သက်ကြီးရွယ်အိုများက နေထိုင်ရန် ဆုံးဖြတ်သည့်အတွက် သားသမီးများကပါ မြို့တွင် ဆက်လက်နေထိုင်ခြင်းများလည်းရှိကြောင်း သိရသည်။ “ တချို့သက်ကြီးရွယ်အို ရှစ်ဆယ်၊ ကိုး ဆယ်ကျော်တွေ အောက်ဆီဂျင်ဘူးတွေနဲ့ နေရတဲ့ သူတွေကျတော့လည်း သူတို့က မပြေးတော့ဘူး။ အ ဘိုးအဘွားတွေ၊ အဖေအမေတွေ မပြေးတော့ သားသမီးတွေလည်း မပြေးတော့ဘူး။ နေလိုက်ကြတာ။ ကံပေါ့ဗျာ။ အဲဒီလိုပဲ လိုက်ကြရတော့တာပေါ့” ဟု လားရှိုးမြို့ခံက ဆိုသည်။
လက်ရှိတွင် မြို့၌ ကုန်ဈေးနှုန်း မြင့်တက်နေကာ စားနပ်ရိက္ခာမှာလည်း ယာယီသာ လုံလောက်ပြီး ရေရှည်တွင် ရပ်တည်ရန် ခက်ခဲလာမည်ဖြစ်သောကြောင့် ယခုတိုက်ပွဲကို လျင်မြန်စွာ ပြီးစေလိုနေကြ သည်။ ထိုသို့ စားနပ်ရိက္ခာခက်ခဲသူများထဲတွင် ငွေကြေး ချို့တဲ့သူများမှာ အများဆုံးအခက်အခဲတွေ့ နေကြရခြင်း ဖြစ်ပြီး မြင့်တက်နေသော ကုန်ဈေးနှုန်းအခြေအနေက စိုးရိမ်စိတ်ကို ပိုမိုတိုးပွားလာ စေသည်။
“ လက်ရှိမှာ ကုန်ဈေးနှုန်းက တော်တော်လေးကို မြင့်တက်နေပါတယ်။ မိသားစုတွေ ခြစ်ကုပ်ပြီး စုထားဆောင်းထားတာတွေနဲ့ စားနေကြရပေမယ့် နောင်တစ်ချိန်ကျရင်တော့ အခက်အခဲတွေ တွေ့ကြ ရမှာပဲ။ တိုက်ပွဲတွေကို မြန်မြန်ပြီးစေချင်တယ်။ အခု အခြေအနေက မနက်ဖြန်ကို မစဉ်စားရဲဘူး။ မစဉ်းစား ချင်တော့တာ” ဟု လားရှိုးမြို့ခံတစ်ဦးက ဆိုသည်။
လားရှိုးမြို့ကြီးတွင် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားလာမည်ဟု ယခင်ကတွေးပင်မတွေးဖူးကြောင်း ဟုလည်း NP News ဆက်သွယ် မေးမြန်းခွင့်ရခဲ့သည့် မြို့ခံများက ဆိုသည်။ “ ရင်ထဲလည်း မကောင်း ဘူး။ ဒီလိုဖြစ်လာလိမ့်လို့ ကိုယ့်မြို့ကိုယ် တစ်ခါမှ မတွေးဖူးဘူး” ဟု လားရှိုးမြို့ခံ အမျိုးသမီးက ငိုသံစွက် သောအသံဖြင့် ပြောသည်။
ယခုသတင်းကို ရေးသားနေစဉ် ကာလ (ဇူလိုင်လ ၁၂ ရက်) ညနေပိုင်း ၅ နာရီ အချိန်ခန့်က လားရှိုးမြို့သို့ ရှော့တိုက်ဒုံးကျသည့်အတွက် နေအိမ် တစ်လုံးလုံးနှင့် ကားပါမီးလောင်ကျွမ်းသွားခဲ့ ကြောင်း သတင်းပေးပို့ချက်ရရှိခဲ့သည်။ အိမ်ပိုင်ရှင်များမှာ ဗုံးခိုကျင်းအတွင်း ရောက်ရှိနေသောကြောင့် ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှ လွတ်ခဲ့ရသော်လည်း ၎င်းတို့ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံး ဆုံးရှုံးခဲ့ရကြောင်းလည်း စုံစမ်းသိရှိရသည်။
“ရပ်ကွက်ထဲမှာ အများကြီးကျတယ်။ သေကြတယ်။ ကျွန်မတို့ ဘဝတွေက ဘယ်လိုရပ်တည် ရမှာလဲ” ဟု လားရှိုးမြို့ခံအမျိုးသမီးတစ်ဦးက ဆို သည်။

MNDAA အဖြဲ႕က ပစ္ခတ္ေသာေရွာ့တိုက္ဒုံးမ်ားမွာ က်ခ်င္ရာက် သေဘာဆန္လာရာ လားရႈိးၿမိဳ႕ခံမ်ားအတြက္ အိပ္မက္ဆိုးျဖစ္ေန
သုတေက်ာ္ (NP News) - ဇူလိုင္ ၁၅

MNDAA အဖြဲ႕ကပစ္ခတ္ေသာ ေရွာ့ တိုက္ဒုံးမ်ားမွာ က်ခ်င္ရာက် သေဘာဆန္လာရာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၿမိဳ႕ကိုမစြန႔္ခြာႏိုင္ေသာ လားရႈိးၿမိဳ႕ခံမ်ားအတြက္ အိပ္မက္ဆိုးျဖစ္ေန ေၾကာင္း လက္ရွိၿမိဳ႕တြင္ က်န္ခဲ့သူမ်ားထံ NP News က ေမးျမန္းထားခ်က္အရ သိရသည္။
တပ္မေတာ္၏ အေရွ႕ေျမာက္တိုင္း စစ္ဌာ နခ်ဳပ္တည္ရွိေသာ လားရႈိးၿမိဳ႕ကို ဇူလိုင္လ ၂ ရက္မွ စတင္၍ MNDAA ပူးေပါင္းအဖြဲ႕က စတင္တိုက္ ခိုက္လာခဲ့ရာ တိုက္ပြဲအရွိန္ျမင့္တက္လာၿပီး ေနာက္ ၿမိဳ႕ခံအမ်ားအျပားေနရပ္စြန႔္ခြာ တိမ္းေရွာင္သြားခဲ့ၾကေသာ္လည္း ၿမိဳ႕တြင္မစြန႔္ခြာႏိုင္သူမ်ား ဆက္လက္ က်န္ေနဆဲျဖစ္သည္။
ထိုသို႔ က်န္ေနသူမ်ားထဲတြင္ ၿမိဳ႕မွ တိမ္းေရွာင္ရန္အတြက္ အခက္အခဲျဖစ္ေနသူ အမ်ားစုပါ ဝင္ၿပီး သက္ႀကီး႐ြယ္အိုအခ်ိဳ႕လည္း မတိမ္းေရွာင္ဘဲ ရွိေနရာ ဇူလိုင္လ ၁၀ ရက္၊ ၁၁ ရက္ခန႔္မွစတင္၍ MNDAA ဘက္မွပစ္ခတ္ေသာ ေရွာ့တိုက္ဒုန္းအ မ်ားအျပားမွာ ၿမိဳ႕အတြင္း က်ေရာက္ေပါက္ကြဲသည့္အတြက္ ေသဆုံးဒဏ္ရာရသူမ်ားလည္း ျမင့္တက္လာေနေၾကာင္း ေဒသတြင္းသတင္းမီဒီယာမ်ားတြင္ ေဖာ္ျပထားသည္။
MNDAA က ပစ္ေသာ ေရွာ့တိုက္ဒုံးမ်ားသည္ ျပည္သူမ်ားေနထိုင္ရာေနရာသို႔ က်ေရာက္ ေနရာ ၿမိဳ႕ခံအခ်ိဳ႕ထံ NP News က ေမးျမန္းခ်က္အရ ယခုေနာက္ပိုင္းတြင္ ေန႔အခ်ိန္ သာမက ညပိုင္းမ်ား တြင္လည္း ေရွာ့တိုက္ဒုံး က်ေရာက္မႈ ပိုမိုမ်ားျပားလာေၾကာင္း သိရသည္။
သို႔ေသာ္ ကံေကာင္းေနသည္မွာ အခ်ိဳ႕ ေရွာ့တိုက္ဒုံးမ်ားမွာ မေပါက္ကြဲဘဲ ေျမျပင္တြင္ စိုက္ ေနျခင္းမ်ိဳးလည္းရွိသည့္အတြက္ ၿမိဳ႕ခံအခ်ိဳ႕ခံသာ အခက္အခဲမ်ားေၾကာင့္ ၿမိဳ႕ကိုမစြန႔္ခြာႏိုင္သည့္ ၿမိဳ႕ခံမ်ားအတြက္မူ မည့္သည့္အခ်ိန္ မိမိ အိမ္ေပၚ ေရွာ့တိုက္ဒုံးက်မည္နည္းဟု ရင္တထိတ္ထိတ္ျဖင့္ ေစာင့္ေနရေသာ အေျခအေနျဖစ္သည္။
“ အခုဟာက ေရွာ့တိုက္ဒုံးနဲ႔တင္မဟုတ္ဘူး။ လက္နက္ႀကီးနဲ႔ပါ အသားကုန္ထုေနတာဆိုေတာ့ ေတာ္႐ုံ အေဆာက္အအုံေလာက္နဲ႔ ေနလို႔မရေတာ့ဘူး။ ဘုရားတေနရတယ္။ သြားဖို႔က်ေတာ့လည္း ခက္ ျပန္ေရာ။ မိသားစုနဲ႔က သြားဖို႔မလြယ္ဘူး။ ကားခေတြက အရမ္းျမင့္တယ္။ ေ႐ႊေတာင္ေရာင္းဖို႔ မလြယ္ ဘူး။ ကြၽန္ေတာ္တို႔က ေလာေလာဆယ္ေတာ့ ဒီလိုပဲ ေနရေသးတာေပါ့” ဟု ၿမိဳ႕မွမစြန႔္ခြာႏိုင္သူ လားရႈိး ၿမိဳ႕ခံ အမ်ိဳးသားတစ္ဦးက ဆိုသည္။
၎တြင္ မိသားစုမ်ားသည့္အတြက္ ၿမိဳ႕မွ တိမ္းေရွာင္ရန္ အခက္အခဲရွိေနျခင္းျဖစ္ရာ လက္ရွိ အေနအထားတြင္ ေရွာ့တိုက္ဒုံးႏွင့္ လက္နက္ႀကီး ေၾကာင့္ ညတိုင္းအိပ္မက္ဆိုးသဖြယ္ ႀကဳံေနရသူ လည္းျဖစ္သည္။ ထို႔အတူ ရွင္သန္ျခင္း၊ ေသဆုံးျခင္း အတြက္ ကံအေပၚကိုသာ ပုံခ်ၿပီး ေနထိုင္ေန သူလည္း ျဖစ္သည္။
“ ခါတိုင္းက ညဘက္ ေရွာ့တိုက္ဒုံးေတြ ဘာေတြ မပစ္ဘူးဗ်။ တပ္ဖက္က ပစ္တဲ့လက္နက္ႀကီးေတြ ဟိုဘက္ကိုပစ္တဲ့ ေရာ့ကတ္တို႔ ဘာတို႔ပဲရွိတာ။ လြန္ခဲ့တဲ့ သုံးေလးရက္တည္းက ေရွာ့တိုက္ဒုံးနဲ႔ ပစ္ ေနတာ။ ကြၽန္ေတာ္တို႔က ကံေပါ့ဗ်ာ။ အေဆာက္အအုံ ဘယ္ေလာက္ပဲ ေကာင္းေကာင္း၊ ပုန္းတဲ့အိမ္ ဘယ္ ေလာက္ေကာင္းေကာင္း ေရွာင္ႏိုင္တာ မဟုတ္ဘူးေလ။ အိမ္ရဲ႕ေအာက္ဆုံးထပ္၊ ခုတင္ေလးေတြ ေအာက္မွာပဲ ပုန္းလွ်ိဳးကြယ္လွ်ိဳး ေနရတာေပါ့။ တစ္ခုခုျဖစ္ရင္ နည္းနည္းပါးပါး ခံသာတာေပါ့” ဟု ၎က ဆိုသည္။
ယခင္က လားရႈိးၿမိဳ႕လယ္ဘက္သို႔ ေရွာ့တိုက္ဒုံးက်ျခင္းမရွိေသာ္လည္း ဇူလိုင္လ ၁၁ ရက္က လားရႈိးၿမိဳ႕လယ္အထိပင္ ေရွာ့တိုက္ဒုံးက်ေရာက္လာခဲ့ရာ ယခင္က လက္နက္ႀကီးမက်ေရာက္ဟု ယူဆ ထားေသာ ၿမိဳ႕လယ္တြင္ ေနထိုင္သူမ်ားအတြက္လည္း စိုးရိမ္စိတ္ အထြတ္အထိပ္သို႔ ေရာက္သြားေစခဲ့ သည္။
“ ေရွာ့တိုက္ဒုံးက အရင္ကေတာ့ အေဝးမွာ က်တာေလ။ မေန႔က (ဇူလိုင္လ ၁၁ ရက္) တုန္းက ေတာ့ တိုက်ိဳကားပစၥည္းဆိုင္ဆိုတာ။ ကြၽန္မတို႔နဲ႔ဆို နီးတယ္။ သူကေတာ့ လမ္းမတန္းမွာေပါ့။ ညဆို ေကာင္းေကာင္းမအိပ္ရေတာ့ ညေနပိုင္းအိပ္ေပ်ာ္သြားတာ။ နားထဲမွာ ဒုန္းဆိုတဲ့ အသံ အုပ္အုပ္ကေလး အေဝးကၾကားၿပီး ဝေရာဆို ကိုယ့္ဆီလိမ့္လာသလိုပဲ။ မေန႔ကမွ နီးနီးကပ္ကပ္ၾကားဖူးတာ။ တိုက်ိဳကား ပစၥည္းဆိုင္ မီးေလာင္သြားတယ္။ အစ္မတို႔က ရပ္ကြက္ (၈)ၿမိဳ႕လယ္ေကာင္ဆိုေတာ့ မက်ႏိုင္ဘူးထင္ တာ” ဟု လားရႈိးၿမိဳ႕ခံအမ်ိဳးသမီးတစ္ဦးက ဆိုသည္။
ေရွာ့တိုက္ဒုံးျဖင့္ ယခုကဲ့သို႔ လားရႈိးၿမိဳ႕ကို အျပင္းအထန္ပစ္ေနျခင္းမွာ ၿမိဳ႕တြင္ေနထိုင္သူမ်ားကို ႏွင္သည့္သေဘာဆန္လာသည္ဟု အထက္ပါ ေဒသခံမ်ားက ဆိုသည္။
အသက္ေဘးစိုးရိမ္ရေသာေၾကာင့္ အိုး အိမ္စြန႔္ခြာ စစ္ေဘးေရွာင္ရသူမ်ားအတြက္မူ ၎တို႔ အိမ္ကို ေဖာက္ထြင္းသူမ်ားေဘးမွကာကြယ္ရန္ ေငြေၾကးအဆမတန္ေပးၿပီ အိမ္ေစာင့္ငွားရျခင္းမ်ိဳးရွိၿပီး အခ်ိဳ႕မွာမူ အိမ္ေစာင့္မငွားႏိုင္ဘဲ ပစၥည္းအနည္းငယ္ျဖင့္ ကိုယ္လြတ္႐ုန္းထြက္ခြာၾကရျခင္းျဖစ္သည္။ “ေဖာက္ထြင္းတာကလည္း ေတာ္ေတာ္ဆိုးတယ္။ ျဖစ္စဥ္တစ္ခုေျပာျပမယ္ေနာ္။ အဲဒီလူက သူ႔အိမ္မွာ အိမ္ေစာင့္က်န္တာေပါ့။ အျပင္ခဏသြားတုန္း သူ႔အိမ္က စစ္ေဘးေရွာင္အိမ္ လူလုံးဝမရွိဘူးထင္ၿပီး ပစၥည္းေတြ ခိုးသြားတာ အားလုံးပါသြားတယ္။ တခ်ိဳ႕သူခိုးေတြက အိမ္က ပစၥည္းေတြကို ဖ်က္ဆီးတာ လည္း ရွိတယ္” ဟု လက္ရွိတြင္ ေဘးကင္းရာသို႔ စစ္ေဘးရွာင္ေရာက္ရွိေနသူ လားရႈိးၿမိဳ႕ခံ အမ်ိဳးသမီး တစ္ဦးက ဆိုသည္။
စစ္ပြဲ၏အနိ႒ာ႐ုံကို ႀကဳံေတြ႕ရသူမ်ားထဲတြင္ လူႀကီးမ်ားသာမက ကေလးငယ္မ်ားလည္း ပါဝင္ေနသည္ျဖစ္ရာ လားရႈိးၿမိဳ႕တြင္ တိုက္ပြဲမ်ား ၾကာျမင့္လာျခင္းႏွင့္အတူ ႏုနယ္ေသာ ကေလးငယ္ မ်ား၏ စိတ္တြင္ စိတ္ဒဏ္ရာမ်ားလည္း ရေနသည္။
“အိမ္က တူမေလးေတြက ေဘးအိမ္က တံခါးဖြင့္ရင္ေတာင္ လက္နက္ႀကီးသံလို႔ ၾကားတဲ့အထိ အေျခအေနျဖစ္တယ္။ ေဘးအိမ္က ေလခြၽန္သံ ၾကားရင္ေတာင္ ေရွာ့တိုက္ဒုံးမ်ား က်သလားလို႔ Psycho ဝင္တယ္။ ကေလးေတြေတာင္ မကဘူး။ ကြၽန္ေတာ္တို႔ေတာင္ ျဖစ္တယ္။ ေန႔စဥ္ရက္ဆက္ ၾကားေန ရတာ” ဟု အထက္ပါ ၿမိဳ႕ခံက ဆိုသည္။
စစ္ပြဲ၏ၾကားတြင္ ရွင္သန္ရသည္မွာ မလြယ္လွသည့္ အေနအထားပင္ ျဖစ္သည္။ လက္ရွိ ေဒသခံ မ်ား၏ စိတ္အေျခအေနႏွင့္ပတ္သက္၍ လားရႈိးၿမိဳ႕သူ အမ်ိဳးသမီးတစ္ဦးက ယခုကဲ့သို႔ ရင္ဖြင့္သည္။ “ ငို လိုက္ ယိုလိုက္ပါပဲ။ စားသာစားေနရတာ ဘာစားလို႔ စားေနရမွန္းလည္းမသိဘူး။ တစ္ရက္ တစ္ရက္ကို ေလ မိုးျမန္ျမန္လင္းၿပီး အေျခအေန ျမန္ျမန္ေကာင္းမယ္ေပါ့။ မိုးလင္းၿပီးၿငိမ္တယ္ဆို ေနာက္ရက္က် လက္နက္ႀကီးသံေတြ ဆူညံလာျပန္ေရာ။ ညဘက္ေတြ အိပ္မေပ်ာ္ဘူး။ ေၾကာက္ေနတာ။ ဘယ္အခ်ိန္ ၿမိဳ႕ထဲဝင္လာမလဲ။ တပ္က စည္းေပါက္ ၿပီး သူတို႔ဝင္လာမွာ ေၾကာက္တယ္။ သူတို႔နဲ႔ ယွဥ္တြဲၿပီး ေနဖို႔က ဘယ္လိုမွမျဖစ္ႏိုင္ဘူး” ဟု ၎က ဆိုသည္။
လက္ရွိလားရႈိးၿမိဳ႕၏အေျခအေနမွာ ေျခာက္ကပ္ေနၿပီး ၿမိဳ႕တြင္က်န္ခဲ့သူအခ်ိဳ႕က မျဖစ္မေန ဝယ္ရန္လိုသည့္ ပစၥည္းမ်ားကိုသာ ထြက္ဝယ္ျခင္းမ်ိဳးျဖစ္ေသာ္လည္း ဝယ္ရန္အတြက္ ဆိုင္မ်ားမရွိ ေတာ့သည့္အေျခအေနကို ႀကဳံေတြ႕ေနရသည္။
“ ဆန္ေတြ ဘာေတြကေတာ့ အရင္တည္းက စုေဆာင္းထားတာရွိေတာ့ အဲဒါေတြရတယ္။ က်န္ တာကေတာ့ ရွာဝယ္ေနရတာေပါ့။ လမ္းမွာ တစ္ေယာက္မွ မက်န္တာေတာ့မဟုတ္ဘူး။ အသြားအလာ ေလးေတာ့ ရွိတယ္။ လူဦးေရက သုံးပုံတစ္ပုံေတာင္ က်န္ဖို႔မလြယ္ဘူး။ လူေတြကေၾကာက္ၿပီး ဒီေန႔ (ဇူ လိုင္လ ၁၂ ရက္) ထြက္ၾကတာလည္းမ်ားတယ္။ ကြၽန္ေတာ္တို႔ကေတာ့ မေျပးေတာ့ပါဘူး” ဟု ၎ကဆိုသည္။
စစ္ပြဲဒဏ္သင့္ လားရႈိးၿမိဳ႕တြင္ စည္ပင္သာယာ လုပ္ငန္းမ်ားကိုလည္း ေဆာင္႐ြက္ႏိုင္ျခင္း မရွိေတာ့ေသာေၾကာင့္ ၿမိဳ႕တြင္အမႈိက္မ်ား “ဟိုတစ္စု၊ သည္တစ္စု” ျဖင့္ပုံေနၿပီး ၿမိဳ႕လယ္တြင္ပင္ အမႈိက္ပုံ ျဖစ္ေနကာ အခ်ိဳ႕က အိမ္ေမြးေခြးမ်ားကို ထားခဲ့ရသည့္အတြက္ ေခြးေလေခြးလြင့္မ်ားျဖင့္ ၿမိဳ႕ပ်က္ကဲ့သို႔ ျဖစ္ေနေၾကာင္း ၿမိဳ႕ခံမ်ားက ဆိုသည္။ လားရႈိးၿမိဳ႕တြင္ က်န္ခဲ့သူမ်ားအနက္ အခ်ိဳ႕ သက္ႀကီး႐ြယ္အိုမ်ားရွိသည့္ မိသားစုမ်ားမွာ ကံကိုပုံခ်ကာ ၿမိဳ႕မွမစြန႔္ခြာဘဲ ေနသူမ်ားလည္းရွိရာ အခ်ိဳ႕ သက္ႀကီး႐ြယ္အိုမ်ားတြင္ ေဆးဝါးျပတ္လပ္သူမ်ားလည္း ရွိေနသည္။
“ ကြၽန္မတို႔အိမ္နားမွာ အဘိုးအဘြား ႏွစ္ေယာက္ က်န္တယ္။ ကြၽန္မတို႔က တတ္ႏိုင္သေလာက္ ေစာင့္ေရွာက္တယ္။ သူတို႔က သားသမီးေတြ ရွိတယ္။ သားသမီးေတြက ဆိုင္ကယ္ေတြနဲ႔ ေျပးေတာ့ ေခၚပါတယ္။ အဘိုးအဘြားေတြက သားသမီးေတြကို ဝန္ပိမွာ ဆိုးေတာ့ မလိုက္သြားဘူး။ ႏွလုံးေရာဂါ ေတြထ။ ႏွလုံး ၿငိမ္ေဆးေသာက္ဖို႔ ျမန္မာေဆးဆိုင္ေတြကလည္း မဖြင့္ေတာ့ ငိုေနရွာတာ သနားဖို႔ ေကာင္းတယ္” ဟု အထက္ပါ ၿမိဳ႕ခံအမ်ိဳးသမီးက ဆိုသည္။
အခ်ိဳ႕မွာ သက္ႀကီး႐ြယ္အိုမ်ားက ေနထိုင္ရန္ ဆုံးျဖတ္သည့္အတြက္ သားသမီးမ်ားကပါ ၿမိဳ႕တြင္ ဆက္လက္ေနထိုင္ျခင္းမ်ားလည္းရွိေၾကာင္း သိရသည္။ “ တခ်ိဳ႕သက္ႀကီး႐ြယ္အို ရွစ္ဆယ္၊ ကိုး ဆယ္ေက်ာ္ေတြ ေအာက္ဆီဂ်င္ဘူးေတြနဲ႔ ေနရတဲ့ သူေတြက်ေတာ့လည္း သူတို႔က မေျပးေတာ့ဘူး။ အ ဘိုးအဘြားေတြ၊ အေဖအေမေတြ မေျပးေတာ့ သားသမီးေတြလည္း မေျပးေတာ့ဘူး။ ေနလိုက္ၾကတာ။ ကံေပါ့ဗ်ာ။ အဲဒီလိုပဲ လိုက္ၾကရေတာ့တာေပါ့” ဟု လားရႈိးၿမိဳ႕ခံက ဆိုသည္။
လက္ရွိတြင္ ၿမိဳ႕၌ ကုန္ေဈးႏႈန္း ျမင့္တက္ေနကာ စားနပ္ရိကၡာမွာလည္း ယာယီသာ လုံေလာက္ၿပီး ေရရွည္တြင္ ရပ္တည္ရန္ ခက္ခဲလာမည္ျဖစ္ေသာေၾကာင့္ ယခုတိုက္ပြဲကို လ်င္ျမန္စြာ ၿပီးေစလိုေနၾက သည္။ ထိုသို႔ စားနပ္ရိကၡာခက္ခဲသူမ်ားထဲတြင္ ေငြေၾကး ခ်ိဳ႕တဲ့သူမ်ားမွာ အမ်ားဆုံးအခက္အခဲေတြ႕ ေနၾကရျခင္း ျဖစ္ၿပီး ျမင့္တက္ေနေသာ ကုန္ေဈးႏႈန္းအေျခအေနက စိုးရိမ္စိတ္ကို ပိုမိုတိုးပြားလာ ေစသည္။
“ လက္ရွိမွာ ကုန္ေဈးႏႈန္းက ေတာ္ေတာ္ေလးကို ျမင့္တက္ေနပါတယ္။ မိသားစုေတြ ျခစ္ကုပ္ၿပီး စုထားေဆာင္းထားတာေတြနဲ႔ စားေနၾကရေပမယ့္ ေနာင္တစ္ခ်ိန္က်ရင္ေတာ့ အခက္အခဲေတြ ေတြ႕ၾက ရမွာပဲ။ တိုက္ပြဲေတြကို ျမန္ျမန္ၿပီးေစခ်င္တယ္။ အခု အေျခအေနက မနက္ျဖန္ကို မစဥ္စားရဲဘူး။ မစဥ္းစား ခ်င္ေတာ့တာ” ဟု လားရႈိးၿမိဳ႕ခံတစ္ဦးက ဆိုသည္။
လားရႈိးၿမိဳ႕ႀကီးတြင္ ယခုကဲ့သို႔ တိုက္ပြဲမ်ား ျဖစ္ပြားလာမည္ဟု ယခင္ကေတြးပင္မေတြးဖူးေၾကာင္း ဟုလည္း NP News ဆက္သြယ္ ေမးျမန္းခြင့္ရခဲ့သည့္ ၿမိဳ႕ခံမ်ားက ဆိုသည္။ “ ရင္ထဲလည္း မေကာင္း ဘူး။ ဒီလိုျဖစ္လာလိမ့္လို႔ ကိုယ့္ၿမိဳ႕ကိုယ္ တစ္ခါမွ မေတြးဖူးဘူး” ဟု လားရႈိးၿမိဳ႕ခံ အမ်ိဳးသမီးက ငိုသံစြက္ ေသာအသံျဖင့္ ေျပာသည္။
ယခုသတင္းကို ေရးသားေနစဥ္ ကာလ (ဇူလိုင္လ ၁၂ ရက္) ညေနပိုင္း ၅ နာရီ အခ်ိန္ခန႔္က လားရႈိးၿမိဳ႕သို႔ ေရွာ့တိုက္ဒုံးက်သည့္အတြက္ ေနအိမ္ တစ္လုံးလုံးႏွင့္ ကားပါမီးေလာင္ကြၽမ္းသြားခဲ့ ေၾကာင္း သတင္းေပးပို႔ခ်က္ရရွိခဲ့သည္။ အိမ္ပိုင္ရွင္မ်ားမွာ ဗုံးခိုက်င္းအတြင္း ေရာက္ရွိေနေသာေၾကာင့္ ကံေကာင္းေထာက္မစြာျဖင့္ အသက္ေဘးမွ လြတ္ခဲ့ရေသာ္လည္း ၎တို႔ပိုင္ဆိုင္သမွ် ပစၥည္းအားလုံး ဆုံးရႈံးခဲ့ရေၾကာင္းလည္း စုံစမ္းသိရွိရသည္။
“ရပ္ကြက္ထဲမွာ အမ်ားႀကီးက်တယ္။ ေသၾကတယ္။ ကြၽန္မတို႔ ဘဝေတြက ဘယ္လိုရပ္တည္ ရမွာလဲ” ဟု လားရႈိးၿမိဳ႕ခံအမ်ိဳးသမီးတစ္ဦးက ဆို သည္။

Related news

© 2021. All rights reserved.