ဘန်ကောက်မြို့က ဟိုတယ်တစ်ခုအတွင်းမှာ အဆိပ်ခတ်သတ်ခံရပုံပေါ်တဲ့ နိုင်ငံခြားသား(၆)ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိ

 5159

Pika (NP News) - ဇူလိုင် ၁၇

ဇူလိုင်လ(၁၆)ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ဟိုတယ်အခန်းတစ်ခုအတွင်းမှာ နိုင်ငံခြားသား(၆)ဦးကို သေဆုံးလျက်တွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲဒီနိုင်ငံခြားသား(၆)ဦးဟာ အဆိပ်ခတ်ပြီးသတ်ခံခဲ့ရတဲ့ပုံပေါ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အဲဒီဖြစ်ရပ်နဲ့ပတ်သက်ဆက်နွှယ်တဲ့ သတ္တမမြောက်လူကို ရဲတပ်ဖွဲ့က ရှာဖွေနေတယ်လို့လည်းသိရပါတယ်။ အမေရိကန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ နှစ်ဦးအပါအဝင် ဗီယက်နမ်နွယ်ဖွားတွေဖြစ်ကြတဲ့ ၎င်းတို့ခြောက်ဦးစလုံးဟာ ဇူလိုင်လ (၁၃) ရက်နေ့နဲ့ (၁၄)ရက်နေ့တို့မှာ ထိုင်းနိုင်ငံကိုရောက်ရှိလာခဲ့တာဖြစ်ပြီး ဘန်ကောက်မြို့ရဲ့ Grand Hyatt Erawan ဟိုတယ်ကို သီးခြားနှစ်ကြိမ်စီ ဝင်ရောက်ခဲ့တယ်လို့ ထိုင်းရဲအရာရှိ Thiti Saengsawang ကပြောကြားခဲ့ပါတယ်။

အမျိုးသမီး(၃)ဦးနဲ့ အမျိုးသား(၃)ဦးပါဝင်တဲ့ ၎င်းတို့အဖွဲ့ဟာ မတူညီတဲ့အခန်းတွေမှာ နေခဲ့ကြပေမယ့်လည်း ၎င်းတို့ရဲ့ရုပ်အလောင်းတွေကိုတော့ အခန်းတစ်ခန်းထဲမှာ အတူတကွတွေ့ရှိခဲ့တာဖြစ်တယ်လို့ Thiti Saengsawang က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ၎င်းတို့ခြောက်ဦးစလုံးဟာ အချင်းချင်းခိုက်ရန်ဖြစ်တဲ့ပုံမျိုးလည်းမပေါ်ဘူးလို့ ၎င်းကထပ်မံပြောဆိုခဲ့ပါတယ်။ ၎င်းက 'ဒါက အချင်းချင်းခိုက်ရန်ဖြစ်ပွားတာမျိုးမဟုတ်ဘဲ တစ် ယောက်ယောက်ကြောင့် သေဆုံးတာမျိုးဖြစ်ပါတယ်။ သူတို့တွေအားလုံး လေယာဉ်ပေါ်ကနေဆင်းတဲ့အချိန်ကစတင်ပြီး လုပ်ဆောင်ခဲ့တာတွေအားလုံးကို ကျွန်တော်တို့ ခြေရာခံနေပါတယ်။ အစောပိုင်းစစ်ဆေးချက်တွေအရတော့ ၎င်းတို့အားလုံးဟာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတစ်မျိုးကို မျိုခဲ့တယ်လို့ သိရပါတယ်။ အခုကျွန်တော်တို့သက်သေပြနိုင်တာကတော့ သူတို့အားလုံးဟာ ကိုယ့်ကိုကိုယ်သတ်သေတာမျိုးမဟုတ်ဘဲ အခြားတစ်ယောက်ယောက်ရဲ့သတ်ဖြတ်မှုကို ခံခဲ့ရတာပါ'လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
ဘန္ေကာက္ၿမိဳ႕က ဟိုတယ္တစ္ခုအတြင္းမွာ အဆိပ္ခတ္သတ္ခံရပုံေပၚတဲ့ ႏိုင္ငံျခားသား(၆)ဦးရဲ႕ ႐ုပ္အေလာင္းေတြကို ရွာေဖြေတြ႕ရွိ
Pika (NP News) - ဇူလိုင္ ၁၇

ဇူလိုင္လ(၁၆)ရက္ေန႔က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာရွိတဲ့ ဟိုတယ္အခန္းတစ္ခုအတြင္းမွာ ႏိုင္ငံျခားသား(၆)ဦးကို ေသဆုံးလ်က္ေတြ႕ရွိခဲ့တာနဲ႔ပတ္သက္ၿပီး ထိုင္းရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

အဲဒီႏိုင္ငံျခားသား(၆)ဦးဟာ အဆိပ္ခတ္ၿပီးသတ္ခံခဲ့ရတဲ့ပုံေပၚတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ဆက္ႏႊယ္တဲ့ သတၱမေျမာက္လူကို ရဲတပ္ဖြဲ႕က ရွာေဖြေနတယ္လို႔လည္းသိရပါတယ္။ အေမရိကန္ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ထားတဲ့ ႏွစ္ဦးအပါအဝင္ ဗီယက္နမ္ႏြယ္ဖြားေတြျဖစ္ၾကတဲ့ ၎တို႔ေျခာက္ဦးစလုံးဟာ ဇူလိုင္လ (၁၃) ရက္ေန႔နဲ႔ (၁၄)ရက္ေန႔တို႔မွာ ထိုင္းႏိုင္ငံကိုေရာက္ရွိလာခဲ့တာျဖစ္ၿပီး ဘန္ေကာက္ၿမိဳ႕ရဲ႕ Grand Hyatt Erawan ဟိုတယ္ကို သီးျခားႏွစ္ႀကိမ္စီ ဝင္ေရာက္ခဲ့တယ္လို႔ ထိုင္းရဲအရာရွိ Thiti Saengsawang ကေျပာၾကားခဲ့ပါတယ္။

အမ်ိဳးသမီး(၃)ဦးနဲ႔ အမ်ိဳးသား(၃)ဦးပါဝင္တဲ့ ၎တို႔အဖြဲ႕ဟာ မတူညီတဲ့အခန္းေတြမွာ ေနခဲ့ၾကေပမယ့္လည္း ၎တို႔ရဲ႕႐ုပ္အေလာင္းေတြကိုေတာ့ အခန္းတစ္ခန္းထဲမွာ အတူတကြေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ Thiti Saengsawang က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ၎တို႔ေျခာက္ဦးစလုံးဟာ အခ်င္းခ်င္းခိုက္ရန္ျဖစ္တဲ့ပုံမ်ိဳးလည္းမေပၚဘူးလို႔ ၎ကထပ္မံေျပာဆိုခဲ့ပါတယ္။ ၎က 'ဒါက အခ်င္းခ်င္းခိုက္ရန္ျဖစ္ပြားတာမ်ိဳးမဟုတ္ဘဲ တစ္ ေယာက္ေယာက္ေၾကာင့္ ေသဆုံးတာမ်ိဳးျဖစ္ပါတယ္။ သူတို႔ေတြအားလုံး ေလယာဥ္ေပၚကေနဆင္းတဲ့အခ်ိန္ကစတင္ၿပီး လုပ္ေဆာင္ခဲ့တာေတြအားလုံးကို ကြၽန္ေတာ္တို႔ ေျခရာခံေနပါတယ္။ အေစာပိုင္းစစ္ေဆးခ်က္ေတြအရေတာ့ ၎တို႔အားလုံးဟာ အဆိပ္အေတာက္ျဖစ္ေစတဲ့ ဓါတုပစၥည္းတစ္မ်ိဳးကို မ်ိဳခဲ့တယ္လို႔ သိရပါတယ္။ အခုကြၽန္ေတာ္တို႔သက္ေသျပႏိုင္တာကေတာ့ သူတို႔အားလုံးဟာ ကိုယ့္ကိုကိုယ္သတ္ေသတာမ်ိဳးမဟုတ္ဘဲ အျခားတစ္ေယာက္ေယာက္ရဲ႕သတ္ျဖတ္မႈကို ခံခဲ့ရတာပါ'လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.