တရုတ်က အမေရိကန်နှင့်ပြုလုပ်မည့် လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲများကို ဆိုင်းငံသွားမည်ဖြစ်ကြောင်း ကြေညာ

 380

ALynn (NP News) - ဇူလိုင် ၁၈

ဝါရှင်တန်က ထိုင်ဝမ်သို့လက်နက်များ ဆက်လက်ရောင်းချမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် အမေရိကန်နှင့်လက်နက်ထိန်းချုပ်ရေး ဆွေးနွေးပွဲများကို ခေတ္တရပ်လိုက်ပြီဟု တရုတ်နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။

အမေရိကန်နှင့် တရုတ်တို့သည် နှစ်ရှည်လများ စောင့်မျှော်ခဲ့သော နျူကလီး ယား မပြန့်ပွားရေးဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးတွေ့ဆုံမှုအဖြစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ၎င်းဆွေးနွေးပွဲများ သည် ခိုင်မာသောရလဒ်များ မထွက်ပေါ်လာသော်လည်း ၎င်းတို့သည် စူပါပါဝါနှစ်နိုင်ငံကြားတင်းမာမှုများကို ပြေပျောက်စေမည့် အရေးကြီးသော ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ခဲ့ကြသည်။ ထို့နောက်တွင်မူ ဘေဂျင်းသည် အစောပိုင်းက ဝါရှင်တန်နှင့် စစ်ရေးဆက်သွယ်မှု အားလုံးနီးပါးကို ဖြတ်တောက်ခဲ့ပြီး အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ထိုင်ဝမ်သို့ လာရောက်လည်ပတ်ခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၁၇ ရက်)က ဘေဂျင်းတွင်ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က အမေရိကန်နှင့်ညှိနှိုင်းမှုအသစ်ကို တရုတ်နိုင်ငံက ဆွေးနွေးမှာမဟုတ်ဘူးလို့ ပြောခဲ့သည်။ “ပြီးခဲ့တဲ့လများအတွင်း တရုတ်က အပြင်းအထန်ကန့်ကွက်နေသည့်ကြားက အမေရိကန်က ထိုင်ဝမ်ကို လက်နက်တွေ ဆက်လက်ရောင်း ချခဲ့ပြီး တရုတ်ရဲ့အဓိက အကျိုးစီးပွားနဲ့ တရုတ်နဲ့အမေရိကန်ကြား အပြန် အလှန်ယုံကြည်မှုကို ဆိုးရွားစွာ ထိခိုက်စေတဲ့ အရာတွေကို လုပ်ဆောင်ခဲ့ပါတယ်” ဟု Lin က ဖော်ပြခဲ့သည်။ “ဒါက လက်နက်ထိန်းချုပ်ရေး ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ နိုင်ငံရေးအသိုက်အဝန်းကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့တယ်” ဟု ၎င်းက ဆိုသည်။

အမေရိကန်-တရုတ် လက်နက်ထိန်းချုပ်ရေး နောက်ဆုံးအကြိမ် ဆွေးနွေးပွဲမှစပြီး ထိုင်ဝမ်သို့ ဒေါ်လာ တစ်ဘီလျံကျော်တန်ဖိုးရှိ လက်နက်များ ရောင်း ချခွင့်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုထားကြောင်း ကာကွယ်ရေး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှသိရသည်။ မကြာသေးမီက ဌာနသည် ရာနှင့်ချီသော Altius-600M နှင့် Switchblade kamikaze ဒရုန်းများကို ထိုင်ဝမ်သို့ ရောင်းချရန် အတည်ပြုခဲ့ပြီးနောက် ဘေဂျင်းသည် အမေရိကန် လက်နက်ကုမ္ပဏီကြီး Lockheed Martin အား ပိတ်ဆို့အရေးယူမှုများချမှတ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်အား ၎င်း၏အချုပ်အခြာအာဏာပိုင်နယ်မြေ၏ တစ်စိတ်တစ်ပိုင်းအဖြစ်သတ်မှတ်ပြီး 'တရုတ်တစ်ပြည်တည်း' မူဝါဒကို ကျင့်သုံးစေသည်။ ဤမူဝါဒကို အမေရိကန်က အသိအမှတ်ပြုသော်လည်း ထောက်ခံခြင်းမရှိပါ။ ထိုင်ဝမ်ကို အမေရိကန်လက်နက်ရောင်းချမှု၊ ထိုင်ဝမ်လွတ်လပ်ရေးအတွက် ထောက်ခံကြောင်းဖော်ပြမှု၊ ထိုင်ဝမ်ကို စစ်ရေးအကူအညီပေးမည်ဆိုသော ကတိကဝတ်များက 'တရုတ်တစ်ပြည်တည်း' မူဝါဒကို ချိုးဖောက်နေကြောင်း တရုတ်က ယူဆလျက်ရှိသည်။

zawgyi version
တ႐ုတ္က အေမရိကန္ႏွင့္ျပဳလုပ္မည့္ လက္နက္ထိန္းခ်ဳပ္ေရးေဆြးေႏြးပြဲမ်ားကို ဆိုင္းငံသြားမည္ျဖစ္ေၾကာင္း ေၾကညာ
ALynn (NP News) - ဇူလိုင္ ၁၈

ဝါရွင္တန္က ထိုင္ဝမ္သို႔လက္နက္မ်ား ဆက္လက္ေရာင္းခ်မႈအေပၚ တုံ႔ျပန္သည့္အေနျဖင့္ တ႐ုတ္ႏိုင္ငံသည္ အေမရိကန္ႏွင့္လက္နက္ထိန္းခ်ဳပ္ေရး ေဆြးေႏြးပြဲမ်ားကို ေခတၱရပ္လိုက္ၿပီဟု တ႐ုတ္ႏိုင္ငံျခားေရးဌာနက ေျပာၾကားခဲ့သည္။

အေမရိကန္ႏွင့္ တ႐ုတ္တို႔သည္ ႏွစ္ရွည္လမ်ား ေစာင့္ေမွ်ာ္ခဲ့ေသာ န်ဴကလီး ယား မျပန႔္ပြားေရးေဆြးေႏြးပြဲကို ၂၀၁၈ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးေတြ႕ဆုံမႈအျဖစ္ ၂၀၂၂ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ က်င္းပခဲ့သည္။ ၎ေဆြးေႏြးပြဲမ်ား သည္ ခိုင္မာေသာရလဒ္မ်ား မထြက္ေပၚလာေသာ္လည္း ၎တို႔သည္ စူပါပါဝါႏွစ္ႏိုင္ငံၾကားတင္းမာမႈမ်ားကို ေျပေပ်ာက္ေစမည့္ အေရးႀကီးေသာ ေျခလွမ္းတစ္ရပ္အျဖစ္ ရႈျမင္ခဲ့ၾကသည္။ ထို႔ေနာက္တြင္မူ ေဘဂ်င္းသည္ အေစာပိုင္းက ဝါရွင္တန္ႏွင့္ စစ္ေရးဆက္သြယ္မႈ အားလုံးနီးပါးကို ျဖတ္ေတာက္ခဲ့ၿပီး အေမရိကန္ေအာက္လႊတ္ေတာ္ ဥကၠ႒ နန္စီေပလိုစီ၏ ထိုင္ဝမ္သို႔ လာေရာက္လည္ပတ္ခဲ့သည္။

ဗုဒၶဟူးေန႔ (ဇူလိုင္လ ၁၇ ရက္)က ေဘဂ်င္းတြင္ျပဳလုပ္သည့္ သတင္းစာရွင္း လင္းပြဲမွာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Lin Jian က အေမရိကန္ႏွင့္ညႇိႏႈိင္းမႈအသစ္ကို တ႐ုတ္ႏိုင္ငံက ေဆြးေႏြးမွာမဟုတ္ဘူးလို႔ ေျပာခဲ့သည္။ “ၿပီးခဲ့တဲ့လမ်ားအတြင္း တ႐ုတ္က အျပင္းအထန္ကန႔္ကြက္ေနသည့္ၾကားက အေမရိကန္က ထိုင္ဝမ္ကို လက္နက္ေတြ ဆက္လက္ေရာင္း ခ်ခဲ့ၿပီး တ႐ုတ္ရဲ႕အဓိက အက်ိဳးစီးပြားနဲ႔ တ႐ုတ္နဲ႔အေမရိကန္ၾကား အျပန္ အလွန္ယုံၾကည္မႈကို ဆိုး႐ြားစြာ ထိခိုက္ေစတဲ့ အရာေတြကို လုပ္ေဆာင္ခဲ့ပါတယ္” ဟု Lin က ေဖာ္ျပခဲ့သည္။ “ဒါက လက္နက္ထိန္းခ်ဳပ္ေရး ညႇိႏႈိင္းေဆြးေႏြးမႈေတြ ဆက္လုပ္ဖို႔ ႏိုင္ငံေရးအသိုက္အဝန္းကို အႀကီးအက်ယ္ ထိခိုက္ပ်က္စီးေစခဲ့တယ္” ဟု ၎က ဆိုသည္။

အေမရိကန္-တ႐ုတ္ လက္နက္ထိန္းခ်ဳပ္ေရး ေနာက္ဆုံးအႀကိမ္ ေဆြးေႏြးပြဲမွစၿပီး ထိုင္ဝမ္သို႔ ေဒၚလာ တစ္ဘီလ်ံေက်ာ္တန္ဖိုးရွိ လက္နက္မ်ား ေရာင္း ခ်ခြင့္ကို အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ခြင့္ျပဳထားေၾကာင္း ကာကြယ္ေရး လုံၿခဳံေရး ပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီမွသိရသည္။ မၾကာေသးမီက ဌာနသည္ ရာႏွင့္ခ်ီေသာ Altius-600M ႏွင့္ Switchblade kamikaze ဒ႐ုန္းမ်ားကို ထိုင္ဝမ္သို႔ ေရာင္းခ်ရန္ အတည္ျပဳခဲ့ၿပီးေနာက္ ေဘဂ်င္းသည္ အေမရိကန္ လက္နက္ကုမၸဏီႀကီး Lockheed Martin အား ပိတ္ဆို႔အေရးယူမႈမ်ားခ်မွတ္ျခင္းျဖင့္ တုံ႔ျပန္ခဲ့သည္။

တ႐ုတ္ႏိုင္ငံသည္ ထိုင္ဝမ္အား ၎၏အခ်ဳပ္အျခာအာဏာပိုင္နယ္ေျမ၏ တစ္စိတ္တစ္ပိုင္းအျဖစ္သတ္မွတ္ၿပီး 'တ႐ုတ္တစ္ျပည္တည္း' မူဝါဒကို က်င့္သုံးေစသည္။ ဤမူဝါဒကို အေမရိကန္က အသိအမွတ္ျပဳေသာ္လည္း ေထာက္ခံျခင္းမရွိပါ။ ထိုင္ဝမ္ကို အေမရိကန္လက္နက္ေရာင္းခ်မႈ၊ ထိုင္ဝမ္လြတ္လပ္ေရးအတြက္ ေထာက္ခံေၾကာင္းေဖာ္ျပမႈ၊ ထိုင္ဝမ္ကို စစ္ေရးအကူအညီေပးမည္ဆိုေသာ ကတိကဝတ္မ်ားက 'တ႐ုတ္တစ္ျပည္တည္း' မူဝါဒကို ခ်ိဳးေဖာက္ေနေၾကာင္း တ႐ုတ္က ယူဆလ်က္ရွိသည္။

Related news

© 2021. All rights reserved.