အိန္ဒိယနယ်စပ်တွင် တရုတ်စစ်တပ်က မြေအောက် ကတုတ်ကျင်းနှင့် ဘန်ကာများဆောက်လုပ်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများ၌ မြင်တွေ့ရ

 682

Htay Oung (NP News) - ဇူလိုင် ၂ဝ

အိန္ဒိယနိုင်ငံမြောက်ပိုင်းဖျား ပန်ဂေါင်းရေကန် ကြီးအနီးမှာ တရုတ်စစ်တပ်က မြေသားတွေကို တူးဆွနေ တယ်လို့ နယူးဒေလီအခြေစိုက် “ဟိန္ဒူစတန်တိုင်းမ်” က ဇူလိုင်လ ၇ ရက်က ရေးသားပါတယ်။

တိဘက်ဘာသာ “ပန်ဂေါင်း လျှို” လို့ခေါ်တဲ့ ကုန်းတွင်းရေအိုင်ကြီးဟာ တရုတ်-အိန္ဒိယ နှစ်နိုင်ငံ အကြား ဟိမဝန္တာတောင်တန်းရဲ့ (၁၃၈၆ ၂) ပေ အမြင့်မှာတည်ရှိတဲ့အတွက် ကမ္ဘာ့အမြင့်ဆုံး ကုန်းတွင်း ရေအိုင်လို့ခေါ်ဆိုနိုင်ပါတယ်။ ဆားငန် ရောနှောနေပေမယ့် ဆောင်းရာသီမှာ လုံးဝရေခဲတတ်ပါတယ်။ အရှည် (၈၃)မိုင်၊ အကျယ်ဆုံးနေရာမှာ ၃ မိုင်ခန့်ရှိပြီး ရေကန်ငယ် (၅)ခုအဖြစ် ပိုင်းခြားထားပါတယ်။ ရေ ကန်ကြီးရဲ့ ၅၀ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံအုပ်ချုပ်တဲ့ တိဘက်နယ်မြေအတွင်းမှာတည်ရှိပြီး ၄၀ရာခိုင် နှုန်းကတော့ အိန္ဒိယနိုင်ငံပိုင်နက် “လာဒက်ခ်” ဒေသတွင်းမှာ ကျရောက်နေပါတယ်။ ရေကန်ကြီးရဲ့ ကျန် ၁၀ရာခိုင်နှုန်းဟာ နျူကလီးယားလက်နက်ပိုင် ကမ္ဘာ့လူဦးရေအများဆုံး အိမ်နီးချင်းနှစ်နိုင်ငံအကြား သူပိုင် ငါပိုင် အငြင်းပွားနေဆဲဖြစ်ပြီး ရန်စောင်နေတဲ့ နှစ်နိုင်ငံစစ်တပ်တို့ရဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံရာ “အမှန်တကယ် ထိန်းချုပ်မျဉ်း” LAC ဖြတ်သန်းနေပါတယ်။ ရေကန်ကြီးရဲ့ မြောက်ဘက်ကမ်းမှာ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ရဲ့ အခြေစိုက်စခန်းတည်ရှိပြီး ပန်ဂေါင်းဒေသတစ်ဝိုက် တပ်စွဲထားတဲ့ တရုတ်စစ်တပ်တွေရဲ့ ဌာနချုပ်ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် နှစ်နိုင်ငံနယ်ခြားဒေသ တရုတ်-အိန္ဒိယတို့အကြား တစ်လနဲ့တစ်ရက်ကြာ စစ်ပွဲ အတွင်း PLA တို့က တိုက်ခိုက်အောင်မြင်ခဲ့ပြီး ပေကျင်းရဲ့ တစ်ဖက်သတ်ကြေညာချက်အရ အပစ် အခတ်ရပ်စဲ ပြီးနောက် နှစ်ဖက်စစ်တပ်တွေရဲ့ အမှန်တကယ် ထိန်းချုပ်မျဉ်းတစ်လျှောက်မှာ အချိန်မရွေး ပေါက်ကွဲတော့မယ့် ဗုံးကြီးတစ်လုံးလိုဖြစ်နေပါတယ်။ နယ်မြေအတွင်း တရုတ်ဘက်က ကျူးကျော် ဝင်ရောက်တယ်လို့ စွပ်စွဲမှုသတင်းတွေကို မကြာခဏ ကြားနေရပါတယ်။၂၀၁၇ ခုနှစ် လက်ဒက်ဒေသ နယ်စပ်နဲ့ကပ်ပြီး အိန္ဒိယရဲ့လမ်းဖောက်လုပ်မှုကို တရုတ်က တားဆီးရာမှ ပန်ဂေါင်းလျှိုအနီး တပ်စွဲထား တဲ့ နှစ်ဖက်စစ်တပ် အချင်းချင်းကျောက်ခဲတွေ၊ သစ်သားချောင်းတွေနဲ့ လုံးထွေးသတ်ပုတ်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်တော့မယ့်အလား ထိပ်တိုက်တွေ့ခဲ့ကြပြန်ပါတယ်။ ၂၀၂၀ ပြည့်နှစ် မေလ အဲဒီရေကန်ကြီးအနီးမှာ နှစ်နိုင်ငံစစ်သားအုပ်စုတွေအကြား တင်း ပုတ်၊ သစ်သားချောင်း၊ ကျောက်ခဲတွေနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတဲ့အတွက် နှစ်ဖက် ထိခိုက်သေဆုံးမှု တွေရှိခဲ့ပါတယ်။ အလားတူ ဇွန်လမှာ ထပ်မံတိုက်ခိုက် ကြတဲ့အတွက် အိန္ဒိယစစ်သား ၂၄ ဦး တရုတ်စစ်သား ၄ ဦး သေဆုံးတယ်လို့ နှစ်ဖက်အသီးသီးက သတင်းထုတ်ပြန်ပါတယ်။ နှစ်နိုင်ငံ အတိအလင်း စစ်ပွဲပြီးဆုံးပြီး နောက်ဆက်တွဲ ပစ်ခတ်မှုတွေရပ်တန့်သွားပြီးနောက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှာ ၄၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် နှစ်နိုင်ငံစစ်တပ်တွေ သေနတ်အသုံးပြု တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားခဲ့ပါ တယ်။ ပစ်ခတ်မှု ဖြစ်ပွားရခြင်းအတွက် နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။ နယူး ဒေလီ မီဒီယာတွေကတော့ အိန္ဒိယတပ်တွေဟာ သတိပေးတဲ့အနေနဲ့ သေနတ်ပစ်ဖောက်ခြင်း ဖြစ်တယ် လို့ရေးကြပါတယ်။ အိမ်နီးချင်း အင်အားကြီးနှစ်နိုင်ငံတို့ရဲ့ ထိပ်တိုက်တွေ့မှုတွေဟာ ဖွဲမီးအလား တငွေ့ငွေ့ လောင်ကျွမ်းနေခိုက် တရုတ်တပ်တွေက လာဒက်ဒေသအရှေ့ဖျား LAC မျဉ်းအနီး အဓိက အခြေစိုက်စခန်းတစ် ခုမှာ လက်နက်တွေနဲ့ လောင်စာဆီတွေသိုလှောင်ဖို့ အတွက် မြေအောက် ကတုတ်ကျင်းတွေကိုဆောက်လုပ်နေပြီး သံချပ်ကာယာဉ်တွေအတွက် ခိုင်မာတဲ့ ကွန်ကရစ်အမိုးအကာ တွေကို တည်ဆောက်ထားကြောင်း ကောင်းကင်ဂြိုဟ်တုဓာတ်ပုံတွေအရသိရှိ ရပါတယ်။တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် အခြေစိုက်စခန်းဟာ ပန်ဂေါင်းရေကန်ကြီး မြောက်ဘက် တောင်ကုန်း တောင်တန်းတွေအကြား “ဆာဂျစ်”လို့ခေါ်တဲ့ နုံးဆန်ဆန်မြေပေါ်မှာတည်ရှိပါတယ်။

အိန္ဒိယတပ်တွေရှိနေတဲ့ အမှန်တကယ် ထိန်းချုပ်မျဉ်း မှ ၃ မိုင်ခန့်သာကွာဝေးပြီး ၂၀၂၀ ပြည့်နှစ် မေလ နှစ် ဖက်တပ်တွေ ထိပ်တိုက်မတွေ့မီအထိ အဲဒီနယ်မြေမှာ လူနေထိုင်ခြင်း လုံးဝ မရှိခဲ့ပါဘူး။ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း တည်ဆောက်ခဲ့တဲ့ အဆိုပါအခြေစိုက်စခန်းရဲ့ ကောင်းကင်ဂြိုဟ်တု ဓာတ်ပုံကို အမေရိကန်အခြေစိုက် “ဘလက်စကိုင်း နည်းပညာကုမ္ပဏီ”ကရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။ အာကာသ အခြေစိုက် မြေကမ္ဘာ စူးစမ်းရှာဖွေရေး အချိန်နဲ့တစ်ပြေးညီထောက်လှမ်းနေတဲ့ အဲဒီကုမ္ပဏီဟာ တစ်နေ ရာတည်းကို တစ်ရက်လျှင် ဓာတ်ပုံပေါင်း ၁၅ ပုံအထိ ရိုက်ကူးပေးနိုင်ပါတယ်။ အဲဒီကုမ္ပဏီက ရရှိထားတဲ့ ကောင်းကင်ဂြိုဟ်တု ဓာတ်ပုံတွေအရ အိန္ဒိယနယ်စပ် အမှန်တယ် ထိန်းချုပ်မျဉ်းရဲ့ တခြား တစ်ဖက်မှာ တရုတ်တို့ရဲ့လက်နက်စနစ်တွေ၊ လောင်စာဆီ သို့မဟုတ် တခြားထောက်ပံ့ရေးပစ္စည်းတွေကို သိုလှောင် ရာမှာ အသုံးပြုနိုင်တဲ့ မြေအောက်ဘန်ကာ တွေတည်ရှိကြောင်း ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့မှာရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံမှာ မြေအောက်ဘန်ကာကြီးတစ်ခုထံ နိမ့်ဆင်းသွားတဲ့ ဝင်ပေါက် ၈ ခုကို ရှင်းလင်းလင်းပြတ်သားစွာ မြင်နေ ရပါတယ်။ ဝင်ပေါက် ၅ ခုရှိတဲ့ နောက်ထပ် ဘန်ကာအ ငယ်စားတစ်ခုကိုလည်း ဘန်ကာကြီးအနီးမှာ တွေ့ရ ပါတယ်။

ဘာသာပြန်သူ၏သုံးသပ်ချက်
ကမ္ဘာ့လူဦးရေအများဆုံး အာရှနိုင်ငံကြီး နှစ်နိုင် ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ဦးတည်တဲ့ ငြိမ်းချမ်း စွာဆက်ဆံရေးဟာ နှစ်ပေါင်း ထောင်ချီ သမိုင်းဝင် တည်ရှိခဲ့ပါတယ်။ ၁၉၄၉ ခုနှစ် တရုတ် ပြည်တွင်းစစ် မှာ ကွန်မြူနစ်တို့အောင်ပွဲခံပြီးနောက်ပိုင်း မျက်မှောက်ကာလအထိ ဆက်ဆံရေးပျက်ပြား နေပါတယ်။ ၁၉၅၁ ခုနှစ်မှာ တရုတ်စစ်တပ်က အိန္ဒိယ အိမ်နီးချင်း တိဘက်နိုင်ငံကို တိုက်ခိုက်သိမ်းယူ တာဟာ နယူးဒေလီအတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။လာဆာမြို့ကိုတိုက်ခိုက်စဉ် ထွက်ပြေးသွားတဲ့ ဒလိုင်းလားမားကို အိန္ဒိယက လက်ခံထားခြင်း၊ နယူးဒေလီကို အခြေပြုပြီး တိဘက်အုပ်ချုပ်သူက တရုတ်ဆန့်ကျင်ရေးတွေကို နိုင်ငံတကာလှည့်လည်ပြောဆိုမှုတွေဟာ ဘေဂျင်းအတွက် စိတ်မသက်သာ စရာ များဖြစ်ပါတယ်။ တခြားတစ်ဖက်မှာလည်း အတိတ် ကာလ ဗြိတိသျှအရှေ့အိန္ဒိယ ကုမ္ပဏီက အိန္ဒိယနယ် မြေကိုအခြေပြုပြီး တရုတ်ပြည်တွင်း ဘိန်ကုန်ကူးခြင်း၊ တရုတ်ချန်ကေရှိတ်အစိုးရက ကျူးကျော်သူဂျပန်တို့ ကိုတွန်းလှန်တိုက်ခိုက်စဉ် နယူးဒေလီဗြိတိသျှအစိုး ရက မြန်မာနိုင်ငံကို ဖြတ်သန်း ပြီး လက်နက်ရိက္ခာ ထောက်ပံ့ခဲ့ခြင်း၊ အိန္ဒိယဆရာဝန်တွေစေလွှတ်ပေးခြင်းတွေကို မေ့မရနိုင် အောင်ရှိပါတယ်။

အထူးသဖြင့် တိဘက်ကိုသိမ်းယူခဲ့တဲ့ ခေတ်သစ်တရုတ်တို့က လာဆာနဲ့နယူးဒေလီအကြား ချုပ်ဆိုခဲ့တဲ့ နယ်ခြားသတ်မှတ်ချက်ကို လက်မခံ တာတွေဟာ အိမ်နီးချင်းနိုင်ငံကြီးနှစ်နိုင်ငံအကြား ပိုင်နက်နယ်မြေ အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ ဒီအတွက် ၁၉၆၂ ခုနှစ် မှာ နှစ်နိုင်ငံအကြား အတိအလင်း စစ်ခင်းခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ကချင်ပြည်နယ်အနောက်ပိုင်းနဲ့ ထိစပ်နေတဲ့ အိန္ဒိယရဲ့ အာရူနာချယ်ပရာဒက်ရှ်ပြည် နယ်တစ်စိတ်တစ်ပိုင်းဟာ သမိုင်းစဉ်တစ်လျှောက် သူတို့ပိုင် “တောင်တိဘက်ဒေသ” ဖြစ်တယ်လို့ ပေကျင်းက အခိုင်အမာပြောဆိုနေပါတယ်။ တရုတ်-အိန္ဒိယ နယ်ခြားစစ်ပွဲဖြစ်ပွားစဉ် အဲဒီနယ်မြေမှာ လည်း နှစ်ဖက်တပ်တွေ ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြ ပါတယ်။ အဲဒီနောက် LOAမျဉ်းတစ်လျှောက် နှစ်ဖက်တပ်တွေရန်စောင်နေခဲ့ကြတာ ယနေ့တိုင် ဖြစ်ပါတယ်။

နယူးဒေလီက တရုတ်နယ်စပ်အနီးမှာ လမ်း၊ တံတားနဲ့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ် တာဟာ ဘေဂျင်းအတွက် စိုးရိမ်စရာဖြစ်ခဲ့ရကြောင်း နိုင်ငံတကာစစ်ရေးလေ့လာသူတွေကပြောကြပါ တယ်။ အိန္ဒိယကတော့ တရုတ်တို့သာလျှင် နယ်စပ် အနီးတစ်လျှောက် လူနေကျေးရွာပေါင်း ၆၀ ကျော် စတင်တည်ဆောက်လာတာဖြစ်တယ်လို့ တုံ့ပြန် စွပ်စွဲပါတယ်။

၂၀၁၈ ခုနှစ်ဆန်းပိုင်းတုန်းက ဘူတန်နိုင်ငံ အရှေ့ဘက် အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် ဒိုလမ် ကုန်းမြင့်မှာ နှစ်နိုင်ငံစစ်တပ်တွေ ထိပ်တိုက်တွေ့ ခဲ့ကြပြီးနောက် နိုင်ငံဆက်ဆံရေးဟာ တဖြည်းဖြည်း တင်းမာနေခဲ့ပါတယ်။ ဘူတန်နိုင်ငံအရှေ့ဘက် တာ ဝမ်းမြို့အနီး ဟိမဝန္တာ ဆီလာတောင်ကြားအောက် ပေ ၁၂၀ဝ ခန့်အနက်မှာ ဥမင်လိုဏ်ခေါင်းတစ်ခုကို နယူးဒေလီက တူးဖောက်ဆောက်လုပ်ခဲ့ပါတယ်။ ပေ ပေါင်း ၁၃၀ဝ၀ ခန့်ရှည်လျားပြီး ကမ္ဘာ့အရှည်ဆုံး နှစ်လမ်းသွားဥမင်ဟာ အရိုးကွဲမတတ်အေးမြတဲ့ ဆောင်းရာသီမှာပင် LOA မှာ တရုတ်ရဲ့ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်တပ်တွေနဲ့ရင်ဆိုင်နေတဲ့ အိန္ဒိယ တပ်တွေထံ လူအင်အား၊ လက်နက်ခဲယမ်းနဲ့ စက်ယန္တ ရားတွေကို လုံခြုံဘေးကင်းစွာ အလျင်အမြန် ပို့ဆောင်ပေးနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်မှာဖွင့်လှစ်လိုက်တဲ့ အဲဒီ မဟာဗျူဟာမြောက်ဥမင် တခြားတစ်ဖက်ဟာ အာရူ နာချယ်ပရာဒက်ရှ်ပြည်နယ် ဒါရန်းနဲ့ ကားလမ်းဆက် သွယ်ထားပြီး မြန်မာနိုင်ငံ ပူတာအိုမြို့မှ အဖြောင့်တိုင်း လျှင် မိုင် ၃၂၀ ခန့်သာဝေးကွာပါတယ်။ မြန်မာနိုင်ငံ ကချင်ပြည်နယ်အနောက်ပိုင်း တောင်ကြားလမ်း ၄ ခု မှတစ်ဆင့် အဲဒီပြည်နယ်အတွင်း ဝင်ရောက်နိုင်ပါတယ်။

zawgyi version
အိႏၵိယနယ္စပ္တြင္ တ႐ုတ္စစ္တပ္က ေျမေအာက္ ကတုတ္က်င္းႏွင့္ ဘန္ကာမ်ားေဆာက္ လုပ္ေနေၾကာင္း ၿဂိဳဟ္တုဓာတ္ပုံမ်ား၌ ျမင္ေတြ႕ရ
Htay Oung (NP News) - ဇူလိုင္ ၂ဝ

အိႏၵိယႏိုင္ငံေျမာက္ပိုင္းဖ်ား ပန္ေဂါင္းေရကန္ ႀကီးအနီးမွာ တ႐ုတ္စစ္တပ္က ေျမသားေတြကို တူးဆြေန တယ္လို႔ နယူးေဒလီအေျခစိုက္ “ဟိႏၵဴစတန္တိုင္းမ္” က ဇူလိုင္လ ၇ ရက္က ေရးသားပါတယ္။

တိဘက္ဘာသာ “ပန္ေဂါင္း လွ်ိဳ” လို႔ေခၚတဲ့ ကုန္းတြင္းေရအိုင္ႀကီးဟာ တ႐ုတ္-အိႏၵိယ ႏွစ္ႏိုင္ငံ အၾကား ဟိမဝႏၲာေတာင္တန္းရဲ႕ (၁၃၈၆ ၂) ေပ အျမင့္မွာတည္ရွိတဲ့အတြက္ ကမာၻ႔အျမင့္ဆုံး ကုန္းတြင္း ေရအိုင္လို႔ေခၚဆိုႏိုင္ပါတယ္။ ဆားငန္ ေရာေႏွာေနေပမယ့္ ေဆာင္းရာသီမွာ လုံးဝေရခဲတတ္ပါတယ္။ အရွည္ (၈၃)မိုင္၊ အက်ယ္ဆုံးေနရာမွာ ၃ မိုင္ခန႔္ရွိၿပီး ေရကန္ငယ္ (၅)ခုအျဖစ္ ပိုင္းျခားထားပါတယ္။ ေရ ကန္ႀကီးရဲ႕ ၅၀ရာခိုင္ႏႈန္းဟာ တ႐ုတ္ႏိုင္ငံအုပ္ခ်ဳပ္တဲ့ တိဘက္နယ္ေျမအတြင္းမွာတည္ရွိၿပီး ၄၀ရာခိုင္ ႏႈန္းကေတာ့ အိႏၵိယႏိုင္ငံပိုင္နက္ “လာဒက္ခ္” ေဒသတြင္းမွာ က်ေရာက္ေနပါတယ္။ ေရကန္ႀကီးရဲ႕ က်န္ ၁၀ရာခိုင္ႏႈန္းဟာ န်ဴကလီးယားလက္နက္ပိုင္ ကမာၻ႔လူဦးေရအမ်ားဆုံး အိမ္နီးခ်င္းႏွစ္ႏိုင္ငံအၾကား သူပိုင္ ငါပိုင္ အျငင္းပြားေနဆဲျဖစ္ၿပီး ရန္ေစာင္ေနတဲ့ ႏွစ္ႏိုင္ငံစစ္တပ္တို႔ရဲ႕ မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံရာ “အမွန္တကယ္ ထိန္းခ်ဳပ္မ်ဥ္း” LAC ျဖတ္သန္းေနပါတယ္။ ေရကန္ႀကီးရဲ႕ ေျမာက္ဘက္ကမ္းမွာ တ႐ုတ္ ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ PLA ရဲ႕ အေျခစိုက္စခန္းတည္ရွိၿပီး ပန္ေဂါင္းေဒသတစ္ဝိုက္ တပ္စြဲထားတဲ့ တ႐ုတ္စစ္တပ္ေတြရဲ႕ ဌာနခ်ဳပ္ျဖစ္ပါတယ္။

၁၉၆၂ ခုႏွစ္ ႏွစ္ႏိုင္ငံနယ္ျခားေဒသ တ႐ုတ္-အိႏၵိယတို႔အၾကား တစ္လနဲ႔တစ္ရက္ၾကာ စစ္ပြဲ အတြင္း PLA တို႔က တိုက္ခိုက္ေအာင္ျမင္ခဲ့ၿပီး ေပက်င္းရဲ႕ တစ္ဖက္သတ္ေၾကညာခ်က္အရ အပစ္ အခတ္ရပ္စဲ ၿပီးေနာက္ ႏွစ္ဖက္စစ္တပ္ေတြရဲ႕ အမွန္တကယ္ ထိန္းခ်ဳပ္မ်ဥ္းတစ္ေလွ်ာက္မွာ အခ်ိန္မေ႐ြး ေပါက္ကြဲေတာ့မယ့္ ဗုံးႀကီးတစ္လုံးလိုျဖစ္ေနပါတယ္။ နယ္ေျမအတြင္း တ႐ုတ္ဘက္က က်ဴးေက်ာ္ ဝင္ေရာက္တယ္လို႔ စြပ္စြဲမႈသတင္းေတြကို မၾကာခဏ ၾကားေနရပါတယ္။၂၀၁၇ ခုႏွစ္ လက္ဒက္ေဒသ နယ္စပ္နဲ႔ကပ္ၿပီး အိႏၵိယရဲ႕လမ္းေဖာက္လုပ္မႈကို တ႐ုတ္က တားဆီးရာမွ ပန္ေဂါင္းလွ်ိဳအနီး တပ္စြဲထား တဲ့ ႏွစ္ဖက္စစ္တပ္ အခ်င္းခ်င္းေက်ာက္ခဲေတြ၊ သစ္သားေခ်ာင္းေတြနဲ႔ လုံးေထြးသတ္ပုတ္ခဲ့ၾကပါတယ္။ ၂၀၁၉ ခုႏွစ္မွာ ႏွစ္ဖက္တိုက္ပြဲ ျဖစ္ေတာ့မယ့္အလား ထိပ္တိုက္ေတြ႕ခဲ့ၾကျပန္ပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ ေမလ အဲဒီေရကန္ႀကီးအနီးမွာ ႏွစ္ႏိုင္ငံစစ္သားအုပ္စုေတြအၾကား တင္း ပုတ္၊ သစ္သားေခ်ာင္း၊ ေက်ာက္ခဲေတြနဲ႔ အျပန္အလွန္ တိုက္ခိုက္ခဲ့ၾကတဲ့အတြက္ ႏွစ္ဖက္ ထိခိုက္ေသဆုံးမႈ ေတြရွိခဲ့ပါတယ္။ အလားတူ ဇြန္လမွာ ထပ္မံတိုက္ခိုက္ ၾကတဲ့အတြက္ အိႏၵိယစစ္သား ၂၄ ဦး တ႐ုတ္စစ္သား ၄ ဦး ေသဆုံးတယ္လို႔ ႏွစ္ဖက္အသီးသီးက သတင္းထုတ္ျပန္ပါတယ္။ ႏွစ္ႏိုင္ငံ အတိအလင္း စစ္ပြဲၿပီးဆုံးၿပီး ေနာက္ဆက္တြဲ ပစ္ခတ္မႈေတြရပ္တန႔္သြားၿပီးေနာက္ ၂၀၂၀ ျပည့္ႏွစ္ စက္တင္ဘာလမွာ ၄၅ ႏွစ္အတြင္း ပထမဆုံး အႀကိမ္အျဖစ္ ႏွစ္ႏိုင္ငံစစ္တပ္ေတြ ေသနတ္အသုံးျပဳ တိုက္ခိုက္မႈေတြ စတင္ျဖစ္ပြားခဲ့ပါ တယ္။ ပစ္ခတ္မႈ ျဖစ္ပြားရျခင္းအတြက္ ႏွစ္ဖက္စလုံးက အျပန္အလွန္ အျပစ္တင္ခဲ့ၾကပါတယ္။ နယူး ေဒလီ မီဒီယာေတြကေတာ့ အိႏၵိယတပ္ေတြဟာ သတိေပးတဲ့အေနနဲ႔ ေသနတ္ပစ္ေဖာက္ျခင္း ျဖစ္တယ္ လို႔ေရးၾကပါတယ္။ အိမ္နီးခ်င္း အင္အားႀကီးႏွစ္ႏိုင္ငံတို႔ရဲ႕ ထိပ္တိုက္ေတြ႕မႈေတြဟာ ဖြဲမီးအလား တေငြ႕ေငြ႕ ေလာင္ကြၽမ္းေနခိုက္ တ႐ုတ္တပ္ေတြက လာဒက္ေဒသအေရွ႕ဖ်ား LAC မ်ဥ္းအနီး အဓိက အေျခစိုက္စခန္းတစ္ ခုမွာ လက္နက္ေတြနဲ႔ ေလာင္စာဆီေတြသိုေလွာင္ဖို႔ အတြက္ ေျမေအာက္ ကတုတ္က်င္းေတြကိုေဆာက္လုပ္ေနၿပီး သံခ်ပ္ကာယာဥ္ေတြအတြက္ ခိုင္မာတဲ့ ကြန္ကရစ္အမိုးအကာ ေတြကို တည္ေဆာက္ထားေၾကာင္း ေကာင္းကင္ၿဂိဳဟ္တုဓာတ္ပုံေတြအရသိရွိ ရပါတယ္။တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရးတပ္မေတာ္ အေျခစိုက္စခန္းဟာ ပန္ေဂါင္းေရကန္ႀကီး ေျမာက္ဘက္ ေတာင္ကုန္း ေတာင္တန္းေတြအၾကား “ဆာဂ်စ္”လို႔ေခၚတဲ့ ႏုံးဆန္ဆန္ေျမေပၚမွာတည္ရွိပါတယ္။

အိႏၵိယတပ္ေတြရွိေနတဲ့ အမွန္တကယ္ ထိန္းခ်ဳပ္မ်ဥ္း မွ ၃ မိုင္ခန႔္သာကြာေဝးၿပီး ၂၀၂၀ ျပည့္ႏွစ္ ေမလ ႏွစ္ ဖက္တပ္ေတြ ထိပ္တိုက္မေတြ႕မီအထိ အဲဒီနယ္ေျမမွာ လူေနထိုင္ျခင္း လုံးဝ မရွိခဲ့ပါဘူး။ ၂၀၂၁-၂၀၂၂ ခုႏွစ္အတြင္း တည္ေဆာက္ခဲ့တဲ့ အဆိုပါအေျခစိုက္စခန္းရဲ႕ ေကာင္းကင္ၿဂိဳဟ္တု ဓာတ္ပုံကို အေမရိကန္အေျခစိုက္ “ဘလက္စကိုင္း နည္းပညာကုမၸဏီ”က႐ိုက္ကူးခဲ့တယ္လို႔ ဆိုပါတယ္။ အာကာသ အေျခစိုက္ ေျမကမာၻ စူးစမ္းရွာေဖြေရး အခ်ိန္နဲ႔တစ္ေျပးညီေထာက္လွမ္းေနတဲ့ အဲဒီကုမၸဏီဟာ တစ္ေန ရာတည္းကို တစ္ရက္လွ်င္ ဓာတ္ပုံေပါင္း ၁၅ ပုံအထိ ႐ိုက္ကူးေပးႏိုင္ပါတယ္။ အဲဒီကုမၸဏီက ရရွိထားတဲ့ ေကာင္းကင္ၿဂိဳဟ္တု ဓာတ္ပုံေတြအရ အိႏၵိယနယ္စပ္ အမွန္တယ္ ထိန္းခ်ဳပ္မ်ဥ္းရဲ႕ တျခား တစ္ဖက္မွာ တ႐ုတ္တို႔ရဲ႕လက္နက္စနစ္ေတြ၊ ေလာင္စာဆီ သို႔မဟုတ္ တျခားေထာက္ပံ့ေရးပစၥည္းေတြကို သိုေလွာင္ ရာမွာ အသုံးျပဳႏိုင္တဲ့ ေျမေအာက္ဘန္ကာ ေတြတည္ရွိေၾကာင္း ေဖာ္ျပေနပါတယ္။ ၿပီးခဲ့တဲ့ ေမလ ၃၀ ရက္ေန႔မွာ႐ိုက္ကူးထားတဲ့ ဓာတ္ပုံတစ္ပုံမွာ ေျမေအာက္ဘန္ကာႀကီးတစ္ခုထံ နိမ့္ဆင္းသြားတဲ့ ဝင္ေပါက္ ၈ ခုကို ရွင္းလင္းလင္းျပတ္သားစြာ ျမင္ေန ရပါတယ္။ ဝင္ေပါက္ ၅ ခုရွိတဲ့ ေနာက္ထပ္ ဘန္ကာအ ငယ္စားတစ္ခုကိုလည္း ဘန္ကာႀကီးအနီးမွာ ေတြ႕ရ ပါတယ္။

ဘာသာျပန္သူ၏သုံးသပ္ခ်က္
ကမာၻ႔လူဦးေရအမ်ားဆုံး အာရွႏိုင္ငံႀကီး ႏွစ္ႏိုင္ ငံရဲ႕ အမ်ိဳးသားအက်ိဳးစီးပြားကို ဦးတည္တဲ့ ၿငိမ္းခ်မ္း စြာဆက္ဆံေရးဟာ ႏွစ္ေပါင္း ေထာင္ခ်ီ သမိုင္းဝင္ တည္ရွိခဲ့ပါတယ္။ ၁၉၄၉ ခုႏွစ္ တ႐ုတ္ ျပည္တြင္းစစ္ မွာ ကြန္ျမဴနစ္တို႔ေအာင္ပြဲခံၿပီးေနာက္ပိုင္း မ်က္ေမွာက္ကာလအထိ ဆက္ဆံေရးပ်က္ျပား ေနပါတယ္။ ၁၉၅၁ ခုႏွစ္မွာ တ႐ုတ္စစ္တပ္က အိႏၵိယ အိမ္နီးခ်င္း တိဘက္ႏိုင္ငံကို တိုက္ခိုက္သိမ္းယူ တာဟာ နယူးေဒလီအတြက္ စိုးရိမ္စရာျဖစ္ခဲ့ရပါတယ္။လာဆာၿမိဳ႕ကိုတိုက္ခိုက္စဥ္ ထြက္ေျပးသြားတဲ့ ဒလိုင္းလားမားကို အိႏၵိယက လက္ခံထားျခင္း၊ နယူးေဒလီကို အေျချပဳၿပီး တိဘက္အုပ္ခ်ဳပ္သူက တ႐ုတ္ဆန႔္က်င္ေရးေတြကို ႏိုင္ငံတကာလွည့္လည္ေျပာဆိုမႈေတြဟာ ေဘဂ်င္းအတြက္ စိတ္မသက္သာ စရာ မ်ားျဖစ္ပါတယ္။ တျခားတစ္ဖက္မွာလည္း အတိတ္ ကာလ ၿဗိတိသွ်အေရွ႕အိႏၵိယ ကုမၸဏီက အိႏၵိယနယ္ ေျမကိုအေျချပဳၿပီး တ႐ုတ္ျပည္တြင္း ဘိန္ကုန္ကူးျခင္း၊ တ႐ုတ္ခ်န္ေကရွိတ္အစိုးရက က်ဴးေက်ာ္သူဂ်ပန္တို႔ ကိုတြန္းလွန္တိုက္ခိုက္စဥ္ နယူးေဒလီၿဗိတိသွ်အစိုး ရက ျမန္မာႏိုင္ငံကို ျဖတ္သန္း ၿပီး လက္နက္ရိကၡာ ေထာက္ပံ့ခဲ့ျခင္း၊ အိႏၵိယဆရာဝန္ေတြေစလႊတ္ေပးျခင္းေတြကို ေမ့မရႏိုင္ ေအာင္ရွိပါတယ္။

အထူးသျဖင့္ တိဘက္ကိုသိမ္းယူခဲ့တဲ့ ေခတ္သစ္တ႐ုတ္တို႔က လာဆာနဲ႔နယူးေဒလီအၾကား ခ်ဳပ္ဆိုခဲ့တဲ့ နယ္ျခားသတ္မွတ္ခ်က္ကို လက္မခံ တာေတြဟာ အိမ္နီးခ်င္းႏိုင္ငံႀကီးႏွစ္ႏိုင္ငံအၾကား ပိုင္နက္နယ္ေျမ အျငင္းပြားစရာျဖစ္ခဲ့ပါတယ္။ ဒီအတြက္ ၁၉၆၂ ခုႏွစ္ မွာ ႏွစ္ႏိုင္ငံအၾကား အတိအလင္း စစ္ခင္းခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္အေနာက္ပိုင္းနဲ႔ ထိစပ္ေနတဲ့ အိႏၵိယရဲ႕ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္ နယ္တစ္စိတ္တစ္ပိုင္းဟာ သမိုင္းစဥ္တစ္ေလွ်ာက္ သူတို႔ပိုင္ “ေတာင္တိဘက္ေဒသ” ျဖစ္တယ္လို႔ ေပက်င္းက အခိုင္အမာေျပာဆိုေနပါတယ္။ တ႐ုတ္-အိႏၵိယ နယ္ျခားစစ္ပြဲျဖစ္ပြားစဥ္ အဲဒီနယ္ေျမမွာ လည္း ႏွစ္ဖက္တပ္ေတြ ျပင္းထန္စြာတိုက္ခိုက္ခဲ့ၾက ပါတယ္။ အဲဒီေနာက္ LOAမ်ဥ္းတစ္ေလွ်ာက္ ႏွစ္ဖက္တပ္ေတြရန္ေစာင္ေနခဲ့ၾကတာ ယေန႔တိုင္ ျဖစ္ပါတယ္။

နယူးေဒလီက တ႐ုတ္နယ္စပ္အနီးမွာ လမ္း၊ တံတားနဲ႔ အေျခခံအေဆာက္အအုံေတြ ေဆာက္လုပ္ တာဟာ ေဘဂ်င္းအတြက္ စိုးရိမ္စရာျဖစ္ခဲ့ရေၾကာင္း ႏိုင္ငံတကာစစ္ေရးေလ့လာသူေတြကေျပာၾကပါ တယ္။ အိႏၵိယကေတာ့ တ႐ုတ္တို႔သာလွ်င္ နယ္စပ္ အနီးတစ္ေလွ်ာက္ လူေနေက်း႐ြာေပါင္း ၆၀ ေက်ာ္ စတင္တည္ေဆာက္လာတာျဖစ္တယ္လို႔ တုံ႔ျပန္ စြပ္စြဲပါတယ္။

၂၀၁၈ ခုႏွစ္ဆန္းပိုင္းတုန္းက ဘူတန္ႏိုင္ငံ အေရွ႕ဘက္ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ ဒိုလမ္ ကုန္းျမင့္မွာ ႏွစ္ႏိုင္ငံစစ္တပ္ေတြ ထိပ္တိုက္ေတြ႕ ခဲ့ၾကၿပီးေနာက္ ႏိုင္ငံဆက္ဆံေရးဟာ တျဖည္းျဖည္း တင္းမာေနခဲ့ပါတယ္။ ဘူတန္ႏိုင္ငံအေရွ႕ဘက္ တာ ဝမ္းၿမိဳ႕အနီး ဟိမဝႏၲာ ဆီလာေတာင္ၾကားေအာက္ ေပ ၁၂၀ဝ ခန႔္အနက္မွာ ဥမင္လိုဏ္ေခါင္းတစ္ခုကို နယူးေဒလီက တူးေဖာက္ေဆာက္လုပ္ခဲ့ပါတယ္။ ေပ ေပါင္း ၁၃၀ဝ၀ ခန႔္ရွည္လ်ားၿပီး ကမာၻ႔အရွည္ဆုံး ႏွစ္လမ္းသြားဥမင္ဟာ အ႐ိုးကြဲမတတ္ေအးျမတဲ့ ေဆာင္းရာသီမွာပင္ LOA မွာ တ႐ုတ္ရဲ႕ အေနာက္ ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တပ္ေတြနဲ႔ရင္ဆိုင္ေနတဲ့ အိႏၵိယ တပ္ေတြထံ လူအင္အား၊ လက္နက္ခဲယမ္းနဲ႔ စက္ယႏၲ ရားေတြကို လုံၿခဳံေဘးကင္းစြာ အလ်င္အျမန္ ပို႔ေဆာင္ေပးႏိုင္ပါတယ္။ ၂၀၂၄ ခုႏွစ္မွာဖြင့္လွစ္လိုက္တဲ့ အဲဒီ မဟာဗ်ဴဟာေျမာက္ဥမင္ တျခားတစ္ဖက္ဟာ အာ႐ူ နာခ်ယ္ပရာဒက္ရွ္ျပည္နယ္ ဒါရန္းနဲ႔ ကားလမ္းဆက္ သြယ္ထားၿပီး ျမန္မာႏိုင္ငံ ပူတာအိုၿမိဳ႕မွ အေျဖာင့္တိုင္း လွ်င္ မိုင္ ၃၂၀ ခန႔္သာေဝးကြာပါတယ္။ ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္အေနာက္ပိုင္း ေတာင္ၾကားလမ္း ၄ ခု မွတစ္ဆင့္ အဲဒီျပည္နယ္အတြင္း ဝင္ေရာက္ႏိုင္ပါတယ္။

Related news

© 2021. All rights reserved.