ဗြိတိန်ဝန်ကြီးချုပ်သစ်နှင့် ၎င်းရင်ဆိုင်ရမည့် စိန်ခေါ်မှုများ (ဘာသာပြန်ဆောင်းပါး)

 268

ALynn (NP News) - ဇူလိုင် ၂ဝ

ယူကေ၏ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ လပေါင်းများစွာကတည်းက ကြိုတင်ဟော ကိန်းများ ထွက်ပေါ်ထားသော်လည်း ဇူလိုင်လ ၄ ရက် ကကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၏ ရလဒ်မှာ အံ့မခန်းပင်ဖြစ်နေသည်။ ယင်းမှာ ကွန်ဆာဗေး တစ်ပါတီ၏ နှစ်ပေါင်း ၁၉၀ သမိုင်းအတွင်း အဆိုးရွားဆုံး စွမ်းဆောင်ရည်အဖြစ်ဖော်ပြနေပါသည်။ ကွန်ဆာဗေးတစ်ပါတီသည် ပါလီမန်အမတ်နေရာ ၂၅၀ နှင့် မဲဝေစုတစ်ဝက်နီးပါး ဆုံးရှုံးခဲ့ရသည်။ ယခုနှစ်များအတွင်း ဝန်ကြီးချုပ်ဟောင်းတစ်ဦး (Liz Truss)၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၉ ဦး (ကာကွယ်ရေး၊ ပညာ ရေးနှင့် တရားမျှတမှုဆိုင်ရာ ဝန်ကြီးများ အပါအဝင်) နှင့် အခြားသော ထင်ရှားသည့် ကွန်ဆာဗေးတစ်ခေါင်း ဆောင်များသည် ထင်မှတ်မထားဘဲ ထုတ်ပယ်ခံခဲ့ရသည်။ ဤသည်မှာ ကွန်ဆာဗေးတစ်ပါတီ၏ ကျရှုံး ခန်းအတွက် အရိပ်အယောင်များဖြစ် နေပြီး ယခုအခါ ဝန်ကြီးချုပ် Rishi Sunak က ကွန်ဆာဗေးတစ်ပါတီမှ နောက်ဆုံးဝန်ကြီးချုပ် ဖြစ်သွားခဲ့သည်။

ကွန်ဆာဗေးတစ်ပါတီ ကျရှုံးရခြင်း၏ အကြောင်းရင်းများမှာ သိသာထင်ရှားနေသည်။ ဥရောပ သမဂ္ဂ မှထွက်ခွာခြင်း၊ လူမှုရေးနှင့် စီးပွားရေးကဏ္ဍများတွင် သိသိသာသာ ကျဆင်းလာခြင်း၊ အဖွဲ့ အစည်းများ၏ ယိုယွင်းပျက်စီးနေခြင်း၊ တစ်ခါတစ်ရံ ဆိုးရွားလှသော ခေါင်းဆောင်များ၏ အုပ်ချုပ်မှု များဖြင့်လည်ပတ်နေခြင်း၊ အထူးသဖြင့် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန် ဆင်၏ ကိုးယိုးကားယား အုပ်ချုပ်မှုပုံစံများနှင့် ဝန်ကြီး ချုပ်ဟောင်း Truss ၏ ဆိုးရွားသောစီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက် များကြောင့် ကွန်ဆာဗေးတစ်ပါတီ အလျင်အမြန်ကျရှုံးသွားရခြင်းလည်းဖြစ်သည်။

အခြားတစ်ဖက်တွင်မူ လေဘာပါတီခေါင်း ဆောင် Keir Starmer သည် ခန့်မှန်းထားသည့် အတိုင်း အမတ်နေရာ ၄၁၃ နေရာဖြင့် ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ပြီး ကွန်ဆာဗေးတစ်တို့၏ ၁၄ နှစ် ကြာအုပ်ချုပ်မှုကို အဆုံးသတ်ခဲ့သည်။ လေဘာပါတီ သည် ၂၀၁၉ ခုနှစ်တုန်းက ဘောရစ်ဂျွန်ဆင်၏ Brexit ကို အပြီးသတ်မည်ဟူသော ဆွဲဆောင်မှုရှိသည့် မဲဆွယ်ကတိတို့ကြောင့် ရှုံးနိမ့်ခဲ့ရဖူးသည်။ သို့ သော် ယခုအခါ လေဘာပါတီက မဲဆန္ဒနယ်အများစု၏ ထောက်ခံမှုကိုပြန်လည်သိမ်းပိုက်လာနိုင်ခဲ့သည်။ စကော့တလန်အမျိုးသားပါတီက ရာစုနှစ် တစ်လျှောက်လုံးအနိုင်ရခဲ့သော စကော့တလန်တွင်လည်း လေဘာပါတီ၏လွှမ်းမိုးမှုကို ပြန်လည်တည် ဆောက်နိုင်ခဲ့သည်။ ဝေလပြည်နယ်တွင် နေရာ ၃၂ နေရာ အနက် ၂၇ နေရာကိုလည်း အနိုင်ရရှိခဲ့သည်။

အီတလီနှင့် ပြင်သစ်တို့မှသည် နယ်သာလန်နှင့် ဆွီဒင်တို့အထိ ဥရောပဒီမိုကရေစီနိုင်ငံအများစု တွင် လက်ယာစွန်းဘက်သို့ လမ်းကြောင်းပြောင်းသွားသော်လည်း ယူကေတွင် ဗဟိုလက်ဝဲယိမ်းပါတီ ဖြစ်သည့် လေဘာပါတီက အနိုင်ရရှိခဲ့သောကြောင့် အနည်းငယ် စိတ်သက်သာရာရစရာဖြစ်နေသည်။ လေဘာပါတီကို ဦးဆောင်သော Starmer သည် ဆွဲဆောင်မှုမရှိသော်လည်း လက်တွေ့ကျသူဖြစ်သည်။ ယခုအခါ Starmer သည် အာဏာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားနိုင်သော်လည်း ရှေ့ဆက် လျှောက်မည့်လမ်းမှာ အခက်အခဲများစွာရှိနေသေးသည်။ တိုင်းပြည်ကို ဆုတ်ယုတ်သွားစေသော လူမှုရေးနှင့် နိုင်ငံရေးအခြေခံအုတ်မြစ်များကို ပြန်လည်တည်ဆောက်ရန် လိုအပ်လိမ့်မည်။ ထို့ပြင် အကြီးမားဆုံး အကျပ်အတည်း ဖြစ်သည့် Brexit ၏ နောက်ဆက်တွဲ စီးပွား‌ရေးနှေးကွေးမှုကို Starmer အနေဖြင့် အရေးတယူဖြေရှင်းရန် လိုအပ်မည်ဖြစ်သည်။ လူနေမှုအဆင့်အတန်းမှာ ထိတ်လန့် တုန်လှုပ် ဖွယ်ကောင်းလောက်အောင် ကျဆင်းနေပြီး လူတန်းစားအလွှာကွဲပြားခြားနားမှု အကြီးအကျယ်ဖြစ် လာကာ အင်္ဂလန်တောင်ပိုင်းနှင့် အခြားသော ယူကေ၏အစိတ်အပိုင်းများကြား ကွာဟ ချက်မှာ မြင့်မား လာခဲ့သည်။ ပြည်သူ့ဝန်ဆောင်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ပြိုလဲလာသည်နှင့်အမျှ ဗြိတိသျှတို့၏ ကိုယ်ပိုင်ဝိသေသလက္ခဏာအချို့ကို ဖျက်ဆီးရန် ခြိမ်းခြောက်လာနေသည်။

အစိုးရ၏အခြေခံစနစ်များတွင် အဆင့်ဆင့် ပြုပြင်ပြောင်းလဲမှုများမရှိဘဲ အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားနိုင်ဖို့ငှာ မစွမ်းသာပါ။ ပြည်သူ့ဝန်ဆောင်မှုများကို ဖြည့်ဆည်းရန်နှင့် ရင်းနှီးမြှုပ်နှံမှုတွင် လိုငွေ ပြမှုများကိုဖြည့်တင်းရန် လိုအပ်သည့်အခွန်ဘဏ္ဍာငွေ မြှင့်တင်ရေးအတွက် အခွန်တိုးမြှင့်မှုကို ရှောင်ရှား လိုသော်လည်း ကွန်ဆာဗေးတစ်များက ချမှတ်ထားသော ဘဏ္ဍာရေးကန့်သတ်ချက်များအတိုင်း လေဘာ ပါတီ က လက်ခံကျင့်သုံးသွားမည်ဖြစ်သည်။ နိုင်ငံအတွင်းတွင် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကျပ်အ တည်းများကို တစ်ပြိုင်တည်းခံစားနေရသောကြောင့် ခေါင်း ဆောင်သစ်အနေဖြင့် လုံးဝပြုပြင်ပြောင်းလဲရေးထက် အကျပ်အတည်း စီမံခန့်ခွဲမှုအပိုင်းကို ဦးစားပေး၍ လုပ်ဆောင်သွားနိုင်ခြေရှိနေသည်။

လေဘာပါတီ၏ မဲဆွယ်စည်းရုံးမှုတွင် ထင်ရှားသောအရာတစ်ခုမှာ ပါတီ၏ စည်းရုံးပြောဆိုမှုများ ထဲတွင် Brexit အကြောင်း လုံးဝမပါဝင်ခြင်းပင်ဖြစ်သည်။ ဤကဲ့သို့ Brexit နှင့်ပတ်သက်၍ နှုတ်ဆိတ်နေခြင်းသည် ပညာရှိဆန်သောလုပ်ရပ် ဖြစ်ကောင်းဖြစ်နိုင်သည်။ အကြောင်းမှာ မဲဆန္ဒရှင် ၁၃ ရာခိုင်နှုန်းသည် အီးယူနှင့်ဆက်နွှယ်နေသောကိစ္စရပ်များကို နိုင်ငံရင်ဆိုင်နေရသည့် အရေးအကြီးဆုံး ပြဿနာများထဲမှ တစ်ခုအဖြစ် ရှုမြင်နေကြခြင်းကြောင့်ဖြစ်သည်။ ၂၀၁၆ Brexit ဆန္ဒခံယူပွဲ၌ ဘောရစ် ဂျွန်ဆင်နှင့် ၎င်း၏ကွန်ဆာဗေးတစ်အပေါင်းအပါများက အီးယူမှ ခွဲထွက်ပြီး “ ကြီးမြတ်သောဗြိတိန် ”အဖြစ်သို့ ပြန်လည်ရောက်ရှိစေရမည်ဟုကြွေးကြော်ကာ မဲဆန္ဒရှင်အများစုကို ဆွဲဆောင်ခဲ့သည်။ သို့ သော် ထိုအမြင်သည် ဗြိတိန်၏ လွှမ်းမိုးနိုင်စွမ်းကို ယခင်ကထက် ပိုမိုသေးသိမ်အောင် ဖန်တီးလိုက်သလို ဖြစ်သွားခဲ့သည်။ ထိုအမြင်မှာ ရူးသွပ်သည်ဟုထင်ရသော်လည်း ထိုအချိန်က ပြန်လည်နိုးကြားလာသော အင်္ဂလိပ်အမျိုးသားရေးဝါဒက ဗြိတိန်အား အီးယူမှ နုတ်ထွက်ရန် တွန်းအားပေးခဲ့သည်။ ထို့ကြောင့်လည်း ဤအဆိုပြုချက်က ဘောရစ်ဂျွန်ဆင်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရရှိစေခဲ့ပြီး ကွန်ဆာဗေးတစ်ပါတီကို ပါလီမန်အမတ်အများစုရ ရှိစေခဲ့ခြင်းလည်းဖြစ်သည်။

Brexit ၏ နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်၍ ဗြိတိန်၏ ကုန်စည် တင်ပို့မှုတွင် ကျဆင်းလာသည်ကိုတွေ့ရှိရပြီး နှစ်စဉ် ၁ ဒသမ ၁ ရာခိုင်နှုန်းလောက်သာ တိုးတက်ခဲ့ ကြောင်း တွေ့ရသည်။ ယင်းမှာ ဗြိတိန်အနေဖြင့် ကမ္ဘာ့အကြီးဆုံး တစ်ခုတည်းသော ဈေးကွက်ကိုစွန့်ခွာ ရန်ရွေးချယ်ခြင်း၏ အကျိုးဆက်များပင်ဖြစ်သည်။ ဗြိတိန်အနေဖြင့် Brexit မတိုင်မီကအတိုင်း ဈေး ကွက်ကို ထိန်းသိမ်းထားနိုင်မည်ဆိုပါက ၎င်း၏ပို့ကုန်သည် ၂၀၁၉ နှင့် ၂၀၂၂ ခုနှစ်ကြားတွင် ယခုလို ဒေါ်လာ ၄ ဘီလျံလောက် အထိကျုံ့သွားမည့်အစား ဒေါ်လာ ၆၄ ဘီလျံအထိ တိုးတက်လာမည် ဖြစ်ကြောင်း သုံးသပ်ထားကြသည်။

ယခုအခါ Starmer သည် တိုင်းပြည်၏ စီးပွားရေးအကျပ်အတည်းများကိုဖြေရှင်းနိုင်ရန်အလို့ငှာ အီးယူအဖွဲ့နှင့် ဆက်စပ်နေသောပြဿနာများကို ဦးစွာရင်ဆိုင်ရတော့မည်ဖြစ်သည်။ လေဘာပါတီ အနေဖြင့် ပထမဦးစွာ အရေးပေါ် ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍကိုမြှင့်တင်ရန် လိုအပ်သည်။ ခက်သည်မှာ ဗြိတိန်ဈေးကွက်အနေဖြင့် ကျန်ကမ္ဘာ့အစိတ်အပိုင်းများနှင့် ကုန်သွယ်မှုကဏ္ဍမှာ မဖွံ့ဖြိုးသောကြောင့် ဗြိတိန်သည် ၂၀၁၉ ခုနှစ်ကတည်းက ဥရောပဈေးကွက်များကိုသာ မှီခိုလာခဲ့ရသည်။ ထို့ကြောင့် အစိုးရ သည် အီးယူနှင့် ၎င်း၏ကုန်သွယ်မှုအတွက် ထိခိုက်စေသည့်အရာများကို ပြန်လည်ကုစားရန်လိုအပ် သည်။ Starmer သည် ဤအခြေအနေကို သိရှိနားလည်းပြီးဖြစ်သော်လည်း လက်တွေ့တွင် ဗြိတိန်အား အီးယူ၏ဈေးကွက် သို့မဟုတ် ၎င်း၏ အကောက်ခွန် သမဂ္ဂသို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းနေခြင်း ထက် အခြားသောနည်းလမ်းများကို ပြောင်းလဲကျင့်သုံးဖို့ အသေအချာစဉ်းစားရဦးမည်ဖြစ်သည်။

Starmer အနေဖြင့် အာဏာနှင့် သာယာဝပြောရေးအကြား ခိုင်မာသောချိတ်ဆက်မှုအဖြစ် ယူကေ ပြည်ထောင်စု၏ စည်းလုံးညီညွတ်မှုကိုလည်း ထိန်းသိမ်းထားဖို့လိုအပ်မည်ဖြစ်သည်။ ယေဘုယျအားဖြင့် အင်္ဂလန်မြောက်ပိုင်းဒေသ၊ စကော့တလန်၊ ဝေလ နယ်နှင့် မြောက်အိုင်ယာလန်တို့သည် ပြည်ထောင်စု ၏ အဆင်းရဲဆုံးအစိတ်အပိုင်းများဖြစ်နေသည်။ ထိုကဲ့သို့ လူတန်းစားအလွှာ ကွာခြားချက်များမှတစ်ဆင့် ပြည်ထောင်စုအပေါ် မကျေနပ်ချက်များသည် ခွဲထွက်ရေးလမ်းကြောင်းများဆီသို့ ကူးပြောင်းသွားနိုင်ခြေ ရှိသည်။ ထိုကွာဟချက်များသည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ပိုမိုကျယ်ပြန့်လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် လန်ဒန်ရှိ တစ်ဦးချင်း GDP သည် (၇၃ဝဝဝ) ဒေါ်လာဖြစ်ပြီး (၃၈ဝဝဝ) ဒေါ်လာသာ ရှိသော စကော့တလန်နှင့် အင်္ဂလန် အရှေ့ပိုင်းတို့ထက် ၉၀ ရာခိုင်နှုန်းနီးပါးမြင့်မားနေသည်။ ဝန်ဆောင် မှုစီးပွားရေးကို ဆက်လက်မြင့်မားအောင် ပြုလုပ်နေချိန်တွင် Brexit ကြောင့်ထုတ်ကုန်တင်ပို့မှုအပိုင်းတွင် ကျဆင်းနေခြင်းက ဒေသတွင်းမညီမျှမှုများကို ပိုမိုဆိုးရွားလာစေသည်။ အင်္ဂလန်နိုင်ငံအတွင်း၌ အရှေ့ တောင်နှင့် မြောက်ဘက်အကြား ချမ်းသာကြွယ်ဝမှု ကွာဟချက်သည် ၂၀၃၀ ပြည့်နှစ်တွင် လူတစ်ဦး လျှင်(၂၉၀ဝဝဝ) ဒေါ်လာသို့ရောက်ရှိသွားနိုင်သည်ဟု မျှော်မှန်းထားကြသည်။

Starmer အနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ပြည်သူလူထု စိတ်ကျေနပ်လောက် အောင် မစွမ်းဆောင်နိုင်ပါက အမျိုးသားရေးဝါဒက တစ်ဖန် နိုးကြားလာနိုင်ပြီး ပြည်ထောင်စုအတွင်း ကြုံတွေ့နေရသော အကျပ်အတည်းများသည်လည်း ဝရုန်းသုန်းကားအခြေအနေသို့ ဦးတည်သွားနိုင် သည်။ ထို့နောက် လက်ယာစွန်းများ၏ ရှေးရိုးစွဲအမျိုးသား‌ရေး ဝါဒများက တစ်ဖန်ခေါင်းထောင် လာရုံ သာမက ဗြိတိန်အား ဥရောပတွင် တစ်သီးတသန့်ဖြစ်အောင်ပင် အကျိုးဆက်များဖြစ်ပေါ်လာနိုင်ပါသည်။ ထိုကဲ့သို့ လက်ယာယိမ်းနိုင်ငံရေးဖြစ်စဉ်များသည် စကော့တလန်၊ မြောက်အိုင်ယာလန်နှင့် ဝေလနယ် တို့အား ခွဲထွက်ရေးဆီသို့လည်းကူးပြောင်းသွားစေနိုင်သည်။ သို့ဖြစ်ပါသောကြောင့် ဗဟိုလက်ဝဲယိမ်းများ ရွေးကောက်ပွဲတွင် တစ်ဖန်ပြန်လည်အနိုင်ရရှိလာခြင်းက ယူကေအား ပြန်လည်ကယ်တင်ရန်အတွက် အခွင့်အရေးပေးလာသလို ဖြစ်နေသည်။ အီးယူမှ နုတ်ထွက်ပြီးကတည်းက စီးပွားရေး၊ လူမှုရေးဆိုင်ရာ အဘက်ဘက်မှပြိုလဲလာခဲ့သလို ထိုအချိန်ကတည်းက အစဉ်အဆက် အာဏာရလာသော ခေါင်းဆောင် များသည်လည်း ယင်းအကျပ်အတည်းများကို မဖြေရှင်းနိုင်သည့်အပြင် ပိုမိုဆိုးရွားစေသည့် အခြေအနေ များကိုသာဖန်တီးခဲ့ကြသည်။ Starmer က ၎င်းအနေဖြင့် လေဘာပါတီက အာဏာကိုဆုပ်ကိုင်လာနိုင်ပြီ ဖြစ်သည့်အတွက် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ရဲရဲဝံ့ဝံ့လုပ်ဆောင်သွားနိုင်တော့ မည်ဟု ကြွေးကြော်ထားသည်။ ၎င်း၏ အပြောနှင့် တကယ့်လက်တွေ့လုပ်ရပ် တစ်ထပ်တည်းကျ/ မကျ ကိုမူ ယခုအချိန်တွင် ဝေဖန်သုံးသပ်ဖို့ စောနေလွန်းပြီး ဗြိတိန်ကို တစ်ချိန်ကလို ခမ်းနားကြီးကျယ်ပြီး ဩဇာလွှမ်းမိုးနိုင်သည့် အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ကြမည့် လေဘာပါတီ၏ လုပ်ရပ် များကိုမူ ဆက်စောင့်ကြည့်ရဦးမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရသည်။

zawgyi version
ၿဗိတိန္ဝန္ႀကီးခ်ဳပ္သစ္ႏွင့္ ၎ရင္ဆိုင္ရမည့္ စိန္ေခၚမႈမ်ား (ဘာသာျပန္ေဆာင္းပါး)
ALynn (NP News) - ဇူလိုင္ ၂ဝ

ယူေက၏ အေထြေထြေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ လေပါင္းမ်ားစြာကတည္းက ႀကိဳတင္ေဟာ ကိန္းမ်ား ထြက္ေပၚထားေသာ္လည္း ဇူလိုင္လ ၄ ရက္ ကက်င္းပခဲ့ေသာ အေထြေထြေ႐ြးေကာက္ပြဲ၏ ရလဒ္မွာ အံ့မခန္းပင္ျဖစ္ေနသည္။ ယင္းမွာ ကြန္ဆာေဗး တစ္ပါတီ၏ ႏွစ္ေပါင္း ၁၉၀ သမိုင္းအတြင္း အဆိုး႐ြားဆုံး စြမ္းေဆာင္ရည္အျဖစ္ေဖာ္ျပေနပါသည္။ ကြန္ဆာေဗးတစ္ပါတီသည္ ပါလီမန္အမတ္ေနရာ ၂၅၀ ႏွင့္ မဲေဝစုတစ္ဝက္နီးပါး ဆုံးရႈံးခဲ့ရသည္။ ယခုႏွစ္မ်ားအတြင္း ဝန္ႀကီးခ်ဳပ္ေဟာင္းတစ္ဦး (Liz Truss)၊ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီး ၉ ဦး (ကာကြယ္ေရး၊ ပညာ ေရးႏွင့္ တရားမွ်တမႈဆိုင္ရာ ဝန္ႀကီးမ်ား အပါအဝင္) ႏွင့္ အျခားေသာ ထင္ရွားသည့္ ကြန္ဆာေဗးတစ္ေခါင္း ေဆာင္မ်ားသည္ ထင္မွတ္မထားဘဲ ထုတ္ပယ္ခံခဲ့ရသည္။ ဤသည္မွာ ကြန္ဆာေဗးတစ္ပါတီ၏ က်ရႈံး ခန္းအတြက္ အရိပ္အေယာင္မ်ားျဖစ္ ေနၿပီး ယခုအခါ ဝန္ႀကီးခ်ဳပ္ Rishi Sunak က ကြန္ဆာေဗးတစ္ပါတီမွ ေနာက္ဆုံးဝန္ႀကီးခ်ဳပ္ ျဖစ္သြားခဲ့သည္။

ကြန္ဆာေဗးတစ္ပါတီ က်ရႈံးရျခင္း၏ အေၾကာင္းရင္းမ်ားမွာ သိသာထင္ရွားေနသည္။ ဥေရာပ သမဂၢ မွထြက္ခြာျခင္း၊ လူမႈေရးႏွင့္ စီးပြားေရးက႑မ်ားတြင္ သိသိသာသာ က်ဆင္းလာျခင္း၊ အဖြဲ႕ အစည္းမ်ား၏ ယိုယြင္းပ်က္စီးေနျခင္း၊ တစ္ခါတစ္ရံ ဆိုး႐ြားလွေသာ ေခါင္းေဆာင္မ်ား၏ အုပ္ခ်ဳပ္မႈ မ်ားျဖင့္လည္ပတ္ေနျခင္း၊ အထူးသျဖင့္ ဝန္ႀကီးခ်ဳပ္ေဟာင္း ေဘာရစ္ဂြၽန္ ဆင္၏ ကိုးယိုးကားယား အုပ္ခ်ဳပ္မႈပုံစံမ်ားႏွင့္ ဝန္ႀကီး ခ်ဳပ္ေဟာင္း Truss ၏ ဆိုး႐ြားေသာစီးပြားေရးဆိုင္ရာ ဆုံးျဖတ္ခ်က္ မ်ားေၾကာင့္ ကြန္ဆာေဗးတစ္ပါတီ အလ်င္အျမန္က်ရႈံးသြားရျခင္းလည္းျဖစ္သည္။

အျခားတစ္ဖက္တြင္မူ ေလဘာပါတီေခါင္း ေဆာင္ Keir Starmer သည္ ခန႔္မွန္းထားသည့္ အတိုင္း အမတ္ေနရာ ၄၁၃ ေနရာျဖင့္ ေ႐ြးေကာက္ပြဲတြင္အႏိုင္ရရွိခဲ့ၿပီး ကြန္ဆာေဗးတစ္တို႔၏ ၁၄ ႏွစ္ ၾကာအုပ္ခ်ဳပ္မႈကို အဆုံးသတ္ခဲ့သည္။ ေလဘာပါတီ သည္ ၂၀၁၉ ခုႏွစ္တုန္းက ေဘာရစ္ဂြၽန္ဆင္၏ Brexit ကို အၿပီးသတ္မည္ဟူေသာ ဆြဲေဆာင္မႈရွိသည့္ မဲဆြယ္ကတိတို႔ေၾကာင့္ ရႈံးနိမ့္ခဲ့ရဖူးသည္။ သို႔ ေသာ္ ယခုအခါ ေလဘာပါတီက မဲဆႏၵနယ္အမ်ားစု၏ ေထာက္ခံမႈကိုျပန္လည္သိမ္းပိုက္လာႏိုင္ခဲ့သည္။ စေကာ့တလန္အမ်ိဳးသားပါတီက ရာစုႏွစ္ တစ္ေလွ်ာက္လုံးအႏိုင္ရခဲ့ေသာ စေကာ့တလန္တြင္လည္း ေလဘာပါတီ၏လႊမ္းမိုးမႈကို ျပန္လည္တည္ ေဆာက္ႏိုင္ခဲ့သည္။ ေဝလျပည္နယ္တြင္ ေနရာ ၃၂ ေနရာ အနက္ ၂၇ ေနရာကိုလည္း အႏိုင္ရရွိခဲ့သည္။

အီတလီႏွင့္ ျပင္သစ္တို႔မွသည္ နယ္သာလန္ႏွင့္ ဆြီဒင္တို႔အထိ ဥေရာပဒီမိုကေရစီႏိုင္ငံအမ်ားစု တြင္ လက္ယာစြန္းဘက္သို႔ လမ္းေၾကာင္းေျပာင္းသြားေသာ္လည္း ယူေကတြင္ ဗဟိုလက္ဝဲယိမ္းပါတီ ျဖစ္သည့္ ေလဘာပါတီက အႏိုင္ရရွိခဲ့ေသာေၾကာင့္ အနည္းငယ္ စိတ္သက္သာရာရစရာျဖစ္ေနသည္။ ေလဘာပါတီကို ဦးေဆာင္ေသာ Starmer သည္ ဆြဲေဆာင္မႈမရွိေသာ္လည္း လက္ေတြ႕က်သူျဖစ္သည္။ ယခုအခါ Starmer သည္ အာဏာကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားႏိုင္ေသာ္လည္း ေရွ႕ဆက္ ေလွ်ာက္မည့္လမ္းမွာ အခက္အခဲမ်ားစြာရွိေနေသးသည္။ တိုင္းျပည္ကို ဆုတ္ယုတ္သြားေစေသာ လူမႈေရးႏွင့္ ႏိုင္ငံေရးအေျခခံအုတ္ျမစ္မ်ားကို ျပန္လည္တည္ေဆာက္ရန္ လိုအပ္လိမ့္မည္။ ထို႔ျပင္ အႀကီးမားဆုံး အက်ပ္အတည္း ျဖစ္သည့္ Brexit ၏ ေနာက္ဆက္တြဲ စီးပြား‌ေရးေႏွးေကြးမႈကို Starmer အေနျဖင့္ အေရးတယူေျဖရွင္းရန္ လိုအပ္မည္ျဖစ္သည္။ လူေနမႈအဆင့္အတန္းမွာ ထိတ္လန႔္ တုန္လႈပ္ ဖြယ္ေကာင္းေလာက္ေအာင္ က်ဆင္းေနၿပီး လူတန္းစားအလႊာကြဲျပားျခားနားမႈ အႀကီးအက်ယ္ျဖစ္ လာကာ အဂၤလန္ေတာင္ပိုင္းႏွင့္ အျခားေသာ ယူေက၏အစိတ္အပိုင္းမ်ားၾကား ကြာဟ ခ်က္မွာ ျမင့္မား လာခဲ့သည္။ ျပည္သူ႔ဝန္ေဆာင္မႈႏွင့္ က်န္းမာေရးဝန္ေဆာင္မႈမ်ား ၿပိဳလဲလာသည္ႏွင့္အမွ် ၿဗိတိသွ်တို႔၏ ကိုယ္ပိုင္ဝိေသသလကၡဏာအခ်ိဳ႕ကို ဖ်က္ဆီးရန္ ၿခိမ္းေျခာက္လာေနသည္။

အစိုးရ၏အေျခခံစနစ္မ်ားတြင္ အဆင့္ဆင့္ ျပဳျပင္ေျပာင္းလဲမႈမ်ားမရွိဘဲ အဆိုပါစိန္ေခၚမႈမ်ားကို ေက်ာ္လႊားႏိုင္ဖို႔ငွာ မစြမ္းသာပါ။ ျပည္သူ႔ဝန္ေဆာင္မႈမ်ားကို ျဖည့္ဆည္းရန္ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈတြင္ လိုေငြ ျပမႈမ်ားကိုျဖည့္တင္းရန္ လိုအပ္သည့္အခြန္ဘ႑ာေငြ ျမႇင့္တင္ေရးအတြက္ အခြန္တိုးျမႇင့္မႈကို ေရွာင္ရွား လိုေသာ္လည္း ကြန္ဆာေဗးတစ္မ်ားက ခ်မွတ္ထားေသာ ဘ႑ာေရးကန႔္သတ္ခ်က္မ်ားအတိုင္း ေလဘာ ပါတီ က လက္ခံက်င့္သုံးသြားမည္ျဖစ္သည္။ ႏိုင္ငံအတြင္းတြင္ လူမႈေရးႏွင့္ စီးပြားေရးဆိုင္ရာ အက်ပ္အ တည္းမ်ားကို တစ္ၿပိဳင္တည္းခံစားေနရေသာေၾကာင့္ ေခါင္း ေဆာင္သစ္အေနျဖင့္ လုံးဝျပဳျပင္ေျပာင္းလဲေရးထက္ အက်ပ္အတည္း စီမံခန႔္ခြဲမႈအပိုင္းကို ဦးစားေပး၍ လုပ္ေဆာင္သြားႏိုင္ေျခရွိေနသည္။

ေလဘာပါတီ၏ မဲဆြယ္စည္း႐ုံးမႈတြင္ ထင္ရွားေသာအရာတစ္ခုမွာ ပါတီ၏ စည္း႐ုံးေျပာဆိုမႈမ်ား ထဲတြင္ Brexit အေၾကာင္း လုံးဝမပါဝင္ျခင္းပင္ျဖစ္သည္။ ဤကဲ့သို႔ Brexit ႏွင့္ပတ္သက္၍ ႏႈတ္ဆိတ္ေနျခင္းသည္ ပညာရွိဆန္ေသာလုပ္ရပ္ ျဖစ္ေကာင္းျဖစ္ႏိုင္သည္။ အေၾကာင္းမွာ မဲဆႏၵရွင္ ၁၃ ရာခိုင္ႏႈန္းသည္ အီးယူႏွင့္ဆက္ႏႊယ္ေနေသာကိစၥရပ္မ်ားကို ႏိုင္ငံရင္ဆိုင္ေနရသည့္ အေရးအႀကီးဆုံး ျပႆနာမ်ားထဲမွ တစ္ခုအျဖစ္ ရႈျမင္ေနၾကျခင္းေၾကာင့္ျဖစ္သည္။ ၂၀၁၆ Brexit ဆႏၵခံယူပြဲ၌ ေဘာရစ္ ဂြၽန္ဆင္ႏွင့္ ၎၏ကြန္ဆာေဗးတစ္အေပါင္းအပါမ်ားက အီးယူမွ ခြဲထြက္ၿပီး “ ႀကီးျမတ္ေသာၿဗိတိန္ ”အျဖစ္သို႔ ျပန္လည္ေရာက္ရွိေစရမည္ဟုေႂကြးေၾကာ္ကာ မဲဆႏၵရွင္အမ်ားစုကို ဆြဲေဆာင္ခဲ့သည္။ သို႔ ေသာ္ ထိုအျမင္သည္ ၿဗိတိန္၏ လႊမ္းမိုးႏိုင္စြမ္းကို ယခင္ကထက္ ပိုမိုေသးသိမ္ေအာင္ ဖန္တီးလိုက္သလို ျဖစ္သြားခဲ့သည္။ ထိုအျမင္မွာ ႐ူးသြပ္သည္ဟုထင္ရေသာ္လည္း ထိုအခ်ိန္က ျပန္လည္ႏိုးၾကားလာေသာ အဂၤလိပ္အမ်ိဳးသားေရးဝါဒက ၿဗိတိန္အား အီးယူမွ ႏုတ္ထြက္ရန္ တြန္းအားေပးခဲ့သည္။ ထို႔ေၾကာင့္လည္း ဤအဆိုျပဳခ်က္က ေဘာရစ္ဂြၽန္ဆင္ကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိေစခဲ့ၿပီး ကြန္ဆာေဗးတစ္ပါတီကို ပါလီမန္အမတ္အမ်ားစုရ ရွိေစခဲ့ျခင္းလည္းျဖစ္သည္။

Brexit ၏ ေနာက္ဆက္တြဲအက်ိဳးဆက္အေနျဖင့္ ၂၀၁၉ ခုႏွစ္မွစတင္၍ ၿဗိတိန္၏ ကုန္စည္ တင္ပို႔မႈတြင္ က်ဆင္းလာသည္ကိုေတြ႕ရွိရၿပီး ႏွစ္စဥ္ ၁ ဒသမ ၁ ရာခိုင္ႏႈန္းေလာက္သာ တိုးတက္ခဲ့ ေၾကာင္း ေတြ႕ရသည္။ ယင္းမွာ ၿဗိတိန္အေနျဖင့္ ကမာၻ႔အႀကီးဆုံး တစ္ခုတည္းေသာ ေဈးကြက္ကိုစြန႔္ခြာ ရန္ေ႐ြးခ်ယ္ျခင္း၏ အက်ိဳးဆက္မ်ားပင္ျဖစ္သည္။ ၿဗိတိန္အေနျဖင့္ Brexit မတိုင္မီကအတိုင္း ေဈး ကြက္ကို ထိန္းသိမ္းထားႏိုင္မည္ဆိုပါက ၎၏ပို႔ကုန္သည္ ၂၀၁၉ ႏွင့္ ၂၀၂၂ ခုႏွစ္ၾကားတြင္ ယခုလို ေဒၚလာ ၄ ဘီလ်ံေလာက္ အထိက်ဳံ႕သြားမည့္အစား ေဒၚလာ ၆၄ ဘီလ်ံအထိ တိုးတက္လာမည္ ျဖစ္ေၾကာင္း သုံးသပ္ထားၾကသည္။

ယခုအခါ Starmer သည္ တိုင္းျပည္၏ စီးပြားေရးအက်ပ္အတည္းမ်ားကိုေျဖရွင္းႏိုင္ရန္အလို႔ငွာ အီးယူအဖြဲ႕ႏွင့္ ဆက္စပ္ေနေသာျပႆနာမ်ားကို ဦးစြာရင္ဆိုင္ရေတာ့မည္ျဖစ္သည္။ ေလဘာပါတီ အေနျဖင့္ ပထမဦးစြာ အေရးေပၚ ျပည္သူ႔ဝန္ေဆာင္မႈ က႑ကိုျမႇင့္တင္ရန္ လိုအပ္သည္။ ခက္သည္မွာ ၿဗိတိန္ေဈးကြက္အေနျဖင့္ က်န္ကမာၻ႔အစိတ္အပိုင္းမ်ားႏွင့္ ကုန္သြယ္မႈက႑မွာ မဖြံ႕ၿဖိဳးေသာေၾကာင့္ ၿဗိတိန္သည္ ၂၀၁၉ ခုႏွစ္ကတည္းက ဥေရာပေဈးကြက္မ်ားကိုသာ မွီခိုလာခဲ့ရသည္။ ထို႔ေၾကာင့္ အစိုးရ သည္ အီးယူႏွင့္ ၎၏ကုန္သြယ္မႈအတြက္ ထိခိုက္ေစသည့္အရာမ်ားကို ျပန္လည္ကုစားရန္လိုအပ္ သည္။ Starmer သည္ ဤအေျခအေနကို သိရွိနားလည္းၿပီးျဖစ္ေသာ္လည္း လက္ေတြ႕တြင္ ၿဗိတိန္အား အီးယူ၏ေဈးကြက္ သို႔မဟုတ္ ၎၏ အေကာက္ခြန္ သမဂၢသို႔ ျပန္လည္ဝင္ေရာက္ရန္ ႀကိဳးပမ္းေနျခင္း ထက္ အျခားေသာနည္းလမ္းမ်ားကို ေျပာင္းလဲက်င့္သုံးဖို႔ အေသအခ်ာစဥ္းစားရဦးမည္ျဖစ္သည္။

Starmer အေနျဖင့္ အာဏာႏွင့္ သာယာဝေျပာေရးအၾကား ခိုင္မာေသာခ်ိတ္ဆက္မႈအျဖစ္ ယူေက ျပည္ေထာင္စု၏ စည္းလုံးညီၫြတ္မႈကိုလည္း ထိန္းသိမ္းထားဖို႔လိုအပ္မည္ျဖစ္သည္။ ေယဘုယ်အားျဖင့္ အဂၤလန္ေျမာက္ပိုင္းေဒသ၊ စေကာ့တလန္၊ ေဝလ နယ္ႏွင့္ ေျမာက္အိုင္ယာလန္တို႔သည္ ျပည္ေထာင္စု ၏ အဆင္းရဲဆုံးအစိတ္အပိုင္းမ်ားျဖစ္ေနသည္။ ထိုကဲ့သို႔ လူတန္းစားအလႊာ ကြာျခားခ်က္မ်ားမွတစ္ဆင့္ ျပည္ေထာင္စုအေပၚ မေက်နပ္ခ်က္မ်ားသည္ ခြဲထြက္ေရးလမ္းေၾကာင္းမ်ားဆီသို႔ ကူးေျပာင္းသြားႏိုင္ေျခ ရွိသည္။ ထိုကြာဟခ်က္မ်ားသည္ ၿပီးခဲ့သည့္ ဆယ္စုႏွစ္မ်ားအတြင္း ပိုမိုက်ယ္ျပန႔္လာခဲ့သည္။ ၂၀၁၉ ခုႏွစ္တြင္ လန္ဒန္ရွိ တစ္ဦးခ်င္း GDP သည္ (၇၃ဝဝဝ) ေဒၚလာျဖစ္ၿပီး (၃၈ဝဝဝ) ေဒၚလာသာ ရွိေသာ စေကာ့တလန္ႏွင့္ အဂၤလန္ အေရွ႕ပိုင္းတို႔ထက္ ၉၀ ရာခိုင္ႏႈန္းနီးပါးျမင့္မားေနသည္။ ဝန္ေဆာင္ မႈစီးပြားေရးကို ဆက္လက္ျမင့္မားေအာင္ ျပဳလုပ္ေနခ်ိန္တြင္ Brexit ေၾကာင့္ထုတ္ကုန္တင္ပို႔မႈအပိုင္းတြင္ က်ဆင္းေနျခင္းက ေဒသတြင္းမညီမွ်မႈမ်ားကို ပိုမိုဆိုး႐ြားလာေစသည္။ အဂၤလန္ႏိုင္ငံအတြင္း၌ အေရွ႕ ေတာင္ႏွင့္ ေျမာက္ဘက္အၾကား ခ်မ္းသာႂကြယ္ဝမႈ ကြာဟခ်က္သည္ ၂၀၃၀ ျပည့္ႏွစ္တြင္ လူတစ္ဦး လွ်င္(၂၉၀ဝဝဝ) ေဒၚလာသို႔ေရာက္ရွိသြားႏိုင္သည္ဟု ေမွ်ာ္မွန္းထားၾကသည္။

Starmer အေနျဖင့္ ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းမ်ားကို ျပည္သူလူထု စိတ္ေက်နပ္ေလာက္ ေအာင္ မစြမ္းေဆာင္ႏိုင္ပါက အမ်ိဳးသားေရးဝါဒက တစ္ဖန္ ႏိုးၾကားလာႏိုင္ၿပီး ျပည္ေထာင္စုအတြင္း ႀကဳံေတြ႕ေနရေသာ အက်ပ္အတည္းမ်ားသည္လည္း ဝ႐ုန္းသုန္းကားအေျခအေနသို႔ ဦးတည္သြားႏိုင္ သည္။ ထို႔ေနာက္ လက္ယာစြန္းမ်ား၏ ေရွး႐ိုးစြဲအမ်ိဳးသား‌ေရး ဝါဒမ်ားက တစ္ဖန္ေခါင္းေထာင္ လာ႐ုံ သာမက ၿဗိတိန္အား ဥေရာပတြင္ တစ္သီးတသန႔္ျဖစ္ေအာင္ပင္ အက်ိဳးဆက္မ်ားျဖစ္ေပၚလာႏိုင္ပါသည္။ ထိုကဲ့သို႔ လက္ယာယိမ္းႏိုင္ငံေရးျဖစ္စဥ္မ်ားသည္ စေကာ့တလန္၊ ေျမာက္အိုင္ယာလန္ႏွင့္ ေဝလနယ္ တို႔အား ခြဲထြက္ေရးဆီသို႔လည္းကူးေျပာင္းသြားေစႏိုင္သည္။ သို႔ျဖစ္ပါေသာေၾကာင့္ ဗဟိုလက္ဝဲယိမ္းမ်ား ေ႐ြးေကာက္ပြဲတြင္ တစ္ဖန္ျပန္လည္အႏိုင္ရရွိလာျခင္းက ယူေကအား ျပန္လည္ကယ္တင္ရန္အတြက္ အခြင့္အေရးေပးလာသလို ျဖစ္ေနသည္။ အီးယူမွ ႏုတ္ထြက္ၿပီးကတည္းက စီးပြားေရး၊ လူမႈေရးဆိုင္ရာ အဘက္ဘက္မွၿပိဳလဲလာခဲ့သလို ထိုအခ်ိန္ကတည္းက အစဥ္အဆက္ အာဏာရလာေသာ ေခါင္းေဆာင္ မ်ားသည္လည္း ယင္းအက်ပ္အတည္းမ်ားကို မေျဖရွင္းႏိုင္သည့္အျပင္ ပိုမိုဆိုး႐ြားေစသည့္ အေျခအေန မ်ားကိုသာဖန္တီးခဲ့ၾကသည္။ Starmer က ၎အေနျဖင့္ ေလဘာပါတီက အာဏာကိုဆုပ္ကိုင္လာႏိုင္ၿပီ ျဖစ္သည့္အတြက္ ႏိုင္ငံ၏ ျပဳျပင္ေျပာင္းလဲေရး လုပ္ငန္းစဥ္မ်ားကို ရဲရဲဝံ့ဝံ့လုပ္ေဆာင္သြားႏိုင္ေတာ့ မည္ဟု ေႂကြးေၾကာ္ထားသည္။ ၎၏ အေျပာႏွင့္ တကယ့္လက္ေတြ႕လုပ္ရပ္ တစ္ထပ္တည္းက်/ မက် ကိုမူ ယခုအခ်ိန္တြင္ ေဝဖန္သုံးသပ္ဖို႔ ေစာေနလြန္းၿပီး ၿဗိတိန္ကို တစ္ခ်ိန္ကလို ခမ္းနားႀကီးက်ယ္ၿပီး ဩဇာလႊမ္းမိုးႏိုင္သည့္ အင္အားႀကီးႏိုင္ငံအျဖစ္ ျပန္လည္တည္ေဆာက္ၾကမည့္ ေလဘာပါတီ၏ လုပ္ရပ္ မ်ားကိုမူ ဆက္ေစာင့္ၾကည့္ရဦးမည္ျဖစ္ပါေၾကာင္း ေရးသားလိုက္ရသည္။

Related news

© 2021. All rights reserved.