ကိုလိုနီခေတ် အင်အားကြီးနိုင်ငံများ၏ လူသားဂေဟစနစ်နှင့် ဗဟုဝါဒဆိုင်ရာကြေညက်အားကောင်းမှုများက ရာစုနှစ်ချီ အကျိုးဩဇာကြီးမားစေခဲ့ခြင်း (ဆောင်းပါး)

 495

လင်းမြတ် (NP News) - ‌ဇူလိုင် ၂၁

ဂေဟစနစ်ဆိုသည်မှာ နိုင်ငံအလိုက် လူသားများ၏ နေထိုင်ယုံကြည်ခံယူ တွေးခေါ်မှုထုံးတမ်း စဉ်လာနှင့် မတူကွဲပြားသော ဗဟုဝါဒများကို ဆိုလိုခြင်းဖြစ်သည်။ အားလုံးနားလည်လွယ်သော ဥပမာအားဖြင့် တိရစ္ဆာန်နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ယုံကြည်ထားမှုများကွဲပြားခြင်း ဆိုကြပါစို့။ အာရှနိုင်ငံများတွင် သစ်ပင်စားပင် ခုတ်လှဲခြင်းက ရှင်းလင်းခြင်း သက်သက်ဖြစ်ပြီး အပြစ်မဟုတ်သလို တိရစ္ဆာန်များကို အစာကြွေးခြင်းသည်လည်း ကုသိုလ်ရသည်ဟုများ သောအားဖြင့်အယူရှိကြသော်လည်း အနောက်နိုင်ငံများတွင် တိရစ္ဆာန်များကို အစာမကြွေးဘဲ သစ်ပင်စားပင်များကို ထိန်းသိမ်းခြင်းက တိရစ္ဆာန်များကိုယ်တိုင် သဘာဝအတိုင်း အစာရှာစားစေခြင်းဖြင့် ၎င်းတို့ရဲ့ ဂေဟစနစ်သဘာဝကို ထိန်းသိမ်းခြင်းဖြစ်သည်ဟု အယူရှိကြသည်။ အာရှနိုင်ငံများတွင် ဓလေ့အရရော ဆင်းရဲမှုအရပါ ငါးသန်သေးနုပ်များကို ဟင်းအဖြစ် ဖမ်းယူစားသုံးလေ့ရှိသလို ငှက်မှအစ သားရဲများကိုလည်းပဲ အကန့်အသတ်မရှိ မျိုးတုံးသည်အထိ အရွယ် အစားမရွေး ဖမ်းယူစားသုံးလေ့ရှိသော်လည်း အနောက်နိုင်ငံများတွင်တော့ ငါးကို အရွယ်အစားနှင့် တိုင်းထွာဖမ်း ဆီးခြင်း၊ သတ်မှတ်အရေအတွက်သာ ဖမ်းဆီးခြင်း အခွင့်ရပါတယ်။ အစိုးရကသတ်မှတ်ထား တဲ့ အရွယ်အစားမဟုတ်ရင် ပြန်လွှတ်ပေးခြင်း၊ အခြားသောသားရဲများကိုလည်း လိုင်စင်ဖြင့် ရာသီအလိုက် အကောင်အရေအတွက် အကန့်အသတ် ဖြင့်သာ မုဆိုးလိုက်ခွင့်ပေးခြင်းကို ဥပဒေအသက်ဝင်စေခြင်းဖြင့် အနာဂတ်အစာလိုအပ်မှုကို သဘာဝအားဖြင့် ထိန်း သိမ်းခြင်း ယုံကြည်မှုကို ခေတ်သစ်အနောက် နိုင်ငံတိုင်းတွင် ကျင့်သုံးလက်ဆင့်ကမ်းလာကြသည်။ ထိုတိရစ္ဆာန်များ နေနိုင်စေရန် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြသလို သစ်တောသစ်ပင် မြစ်ချောင်းပင်လယ် ထိန်းသိမ်းမှုဆိုင်ရာ အလေ့အကျင့်များကို လူသားဆိုင်ရာဥပဒေအဖြစ် အာဏာတည်စေကြသည်။ အဆိုပါ သေးငယ်သောမတူညီမှုပေါင်း များစွာဟာ ကိုလိုနီခေတ် အနောက်နှင့် အချို့အရှေ့ အင်အားကြီးနိုင်ငံများ၏ မဟာဗျူဟာအားသာချက်များ ဖြစ်လာ သလို တစ်ဆက်တည်းမှာပဲ အနောက်/ အရှေ့ ဆက်စပ်နိုင်ငံများနှင့် အာရှနိုင်ငံများအတွက် အနာဂတ်အားနည်းချက်များ ဖြစ်လာတော့သည်။ ယခုလေ့လာမှု၌ အငြင်းပွားစရာက ခေတ်သစ်ဂေဟစနစ်နှင့် ဗဟုဝါဒဆိုင်ရာစာပေနှင့် ဆွေးနွေး ပွဲများရှိသော်လည်း အာရှမှလေ့လာသူများက ပမာဏအားဖြင့် အလွန်သေးငယ်သောလူနည်းစုဖြစ်ပြီး လူများစုထံ ပြန်လည်ဖြန့်ဝေနိုင်စွမ်းနှင့် ရာစုနှစ်ချီနေသည့် ယုံကြည်မှုများကိုချေဖျက်တည့်မတ်ပေးနိုင်စွမ်းက အလွန်နည်းပါးသည်။ အာရှနိုင်ငံများတွင် အများနှင့်ဆိုင်သောဥပဒေများကို ဥပဒေအဖြစ်သာ သူများနည်းတူ လိုအပ်ချက်အရ ပြဋ္ဌာန်းလိုက်ခြင်း သက်သက်ဖြစ်ပြီး ပြဋ္ဌာန်းပြီးမကျင့်သုံးနိုင်ခြင်းပြဿနာရှိနေပါသည်။ အင်အားသုံးပြီး ကြီးလေးတဲ့ပြစ်ဒဏ် လက်တွေ့ချမှတ်မှသာ ကျင့်သုံးနိုင်ခြင်းများဟာ ဘုံတန်ဖိုးကို နားလည် နိုင်စွမ်းမရှိသော ဗဟုဝါဒမတူညီသည့် လူ့ပတ်ဝန်းကျင်နှင့် လက်ခံနိုင်စွမ်းနှလုံးသားသေးသည့်နိုင်ငံ သားများ၏ ဥပဒေဆိုင်ရာအားနည်းသော လူမှုဂေဟ စနစ်ဖြစ်နေဆဲငြားလည်းပဲ အင်အားကြီးနိုင်ငံအစိုးရများက အများနှင့်ဆိုင်သောဥပဒေများကို နိုင်ငံသား များ၏ရင်ထဲ ရောက်အောင်လုပ်နိုင်စွမ်းနှင့် ဗဟုဝါဒ မတူညီသောအများကလည်း နှလုံးသားဖြင့် စည်းလုံးစွာခံယူနိုင်စွမ်း ဘုံတန်ဖိုးကိုနားလည်နိုင်စွမ်းက ၎င်းတို့ ၏အားကောင်းသည့် လူမှုဂေဟစနစ်ဖြစ်လာသည်။ ကိုလိုနီအပြုခံနိုင်ငံများ၏ ဂေဟစနစ်နှင့် ဗဟုဝါဒ ဆိုင်ရာအားနည်းချက်များကို ကိုလိုနီပြုနိုင်ငံကြီးများ အဖို့ ဝင်ရောက်မတိုက်ခိုက်ခင်ကတည်းက သုတေသနပြု သုံးသပ်ဆန်းစစ်လေ့လာပြီးမှ ဝင်ရောက်လာသလို ထွက်ခွာချိန်မှာလည်း နောင်နှစ်ပေါင်းများစွာ သားစဉ် မြေးဆက် ပြန်မလှန်နိုင်အောင် အစီအစဉ် တကျထားထွက်ခွာခြင်းဖြင့် နောင်နှစ်ထောင်ချီ အာဏာတည်ခြင်းက သက်သေဖြစ်လာခဲ့သည်။ ကိုလိုနီပြုခံနိုင်ငံများသည် ယခုအချိန်ထိ လူအင်အား လက်နက်အင်အားမမျှခဲ့ခြင်းက အဓိက ပါလို့ ခံယူသမိုင်းရေး ယုံကြည်နေကြဆဲဖြစ်သော်လည်း ကိုလိုနီနိုင်ငံကြီးများအဖို့ နိုင်ငံငယ်များ၏ လူမှုဆိုင်ရာ ဂေဟ စနစ်နဲ့ ဗဟုဝါဒဆိုင်ရာအားနည်းချက်များကိုသိရှိခြင်းက တစ်ဆင့်သပ်သျှိုသွေးခွဲ အတွင်းလူကို စည်းရုံးနိုင်ခဲ့ ခြင်းများက သာ အလျင်အမြန်ကျွန်ပြုနိုင်ခဲ့ခြင်း၏ အဓိကသော့ချက်ဆိုသည်ကို နားလည်ကြပါသည်။ ၎င်းတို့ လူမှုပတ် ဝန်းကျင်များ တွင် အမျိုးသားရေးဆိုင် ရာစိတ်ဓာတ်ရှိစေရန် မျိုးဆက်သစ်များကို အလုပ်ဖြင့်သာ ထင်ရှားစွာဖော်ပြပြီး စာဖြင့်ချရေးရ သည့်သမိုင်းတွင်တော့ လက်ရှိရန်သူနှင့် အနာဂတ်ရန်သူမဖတ် စေလိုသည်များကိုမဖော်ပြဘဲ ဖတ်စေလိုသောအချက် အလက်ဖြစ်သည့် လက်နက်နှင့်စစ်ဗျူဟာကိုသာ ဇောင်းပေးဖော်ပြခဲ့ကြသည်။

ကိုလိုနီခေတ်အလွန် နိုင်ငံကြီးများက ၎င်းတို့၏ ကိုလိုနီနိုင်ငံငယ်များအပေါ် ဂေဟစနစ်နှင့် ဗဟုဝါဒအားနည်း ချက်ကိုအခွင့်အရေးယူပြီး ဆက်လက် ကိုလိုနီပြုဆဲလား။

ကိုလိုနီပြုနိုင်ငံကြီးများဟာ ကိုလိုနီအပြုခံ နိုင်ငံများကမထွက်ခွာမီ အဆိုပါနိုင်ငံများထဲတွင် အလားအလာ ကောင်းပြီး ထက်မြက်သည့်ခေါင်းဆောင်ငယ်များကို နိုင်ငံသားများ၏ မညီညွတ်ခြင်း များကိုအခွင့်ကောင်းယူမွေးစား သပ်လျှိုသွေးခွဲမှုပြုကာ အချင်းချင်း လုပ်ကြံစေခြင်းများဖြင့် ၎င်းတို့ကို အာရုံမစိုက်နိုင်အောင် မဟာဗျူဟာကျသည့် လူမှုဘဝအမုန်းကို ကွဲပြားနေသောနိုင်ငံသားများကြားထဲ ဖန်တီးခဲ့ကြခြင်းကလည်း ထူးခြားစွာတူညီနေကြပြန်သည်။ ဉာဏ်ရည်ကြီး ကြိုတွေးတတ်တဲ့လူမျိုးများသည် သူတို့အုပ်ချုပ်ခံနိုင်ငံသားများ၏ ကောင်းခြင်းဆိုးခြင်းနှင့် ထိုနိုင်ငံနှင့် နိုင်ငံသားများအပေါ် ၎င်းကို ပြုခဲ့သမျှကို သူတို့ဘာသာအသိဆုံးမို့ ကိုလိုနီခေတ်လွန် ၎င်းတို့နိုင်ငံများ၏ အနာဂတ် အကျိုးစီးပွားအတွက် အထောက်အကူမဖြစ်လျှင်တောင် တစ်နေ့ တန်ပြန်မှု မဖြစ်လာစေရန် ရေရှည်စီမံကိန်းများကို ရင်းနှီးဆောင် ရွက်နေကြသည်မှာလည်း လက်ရှိအချိန်အထိပင်ဖြစ်သည်။ အထင်ရှားဆုံးဥပမာတစ်ခုအနေဖြင့် ထိုကို လိုနီအပြုခံနိုင်ငံနာမည်နှင့် သတင်းဌာနများ တည်ထောင်ခြင်းဖြင့် ဆယ်စုနှစ်များစွာ သွေးထိုး/သွေးခွဲ ခြင်းသက် သက်ကိုသာ စဉ်ဆက် မပြတ်လုပ်ဆောင် ခြင်းဖြင့် မစည်းလုံးမှုများကို အဓွန့်ရှည်စေခြင်းက ပြဿနာတိုင်း၏နောက်ဆုံး ရလဒ်ဖြစ်စေခဲ့သည်။ လူ့အသိုင်းအဝိုင်း လူမျိုးစုများ ညီညွတ်စုပေါင်းအင်အား တောင့်စေခြင်းအတွက် လူတစ်ဦး တစ်ယောက် တစ်ဖွဲ့တည်းကိုသာ မရှိမဖြစ်ဆိုသောအငြင်းပွားမှုမျိုးကို လက်ရှိမျိုးဆက်အတွက် သွတ်သွင်းပုံဖော် ယုံကြည် စေခဲ့ကြသလို နောက်မျိုးဆက်များအတွက်လည်း ရင်းနှီးစိုက်ထုတ်ခြင်းဖြင့် ၎င်းတို့၏ ရာစုနှစ်ကအပြစ်များကို ဖုံးကွယ်ကြဆဲပဲဖြစ်သည်။

အလားတူ အာရှနိုင်ငံထဲမှ ဖက်ဆစ်စနစ် ကိုကျင့်သုံးခဲ့သည့် နိုင်ငံတစ်ခုဟာလည်း သူ့အပြစ် သူသာအသိဆုံးမို့ သူကျူးလွန်ခဲ့သောနိုင်ငံများတွင် နိုင်ငံသားဆိုင်ရာ အထောက်အပံ့၊ ပညာရေး လူမှုရေးများတွင် အစိုးရနှင့်တန်းတူ သို့မဟုတ် ကျော်လွန်စွာထောက်ပံ့စေခြင်းဖြင့် သူတို့၏အနာဂတ်နာမည် ကောင်းကိုတည်ဆောက်သလိုနှင့် အဆိုပါတိုင်းပြည် ငယ်များ၏ လူမှုအဖွဲ့အစည်းကြားထဲ မရှိမဖြစ် အလှူရှင် ကယ်တင်ရှင်သဖွယ် ဩဇာတည်ဆောက် လာကြသည်လည်းရှိသည်။ သက်ဆိုင်ရာ အစိုးရ လူမှုအဖွဲ့အစည်းနှင့်အဆင်မသင့်ဖြစ်ချင်စေသလို ဖြစ်ခွင့်မရလျှင် အကူအညီ ယာယီဖြတ်တောက်ခြင်းဖြင့် လူမှုအဖွဲ့စည်းအတွင်း အပြစ်တင် အမုန်းပွားစေခြင်းက "သူ တို့အလှူမှ မလာရင် ဒီနိုင်ငံ ကူရာမဲ့တော့မယ်”ဆို သော ကိုယ်ပိုင်ယုံကြည်ချက်မဲ့စေမည့်အတွေးမျိုးကို သွယ်ဝိုက်စွာပေးခြင်းဖြင့် ဥပမာ-လူအစာကျွေးသည်ကို နေ့တိုင်း မွေးကတည်းကစားနေကျမျောက်တွေဟာ ကိုယ်ပိုင် အစာရှာနိုင်စွမ်းမရှိတော့ သလို လူလာ ရင်အစာပါမယ်ထင်ကုန်ကြသည်။ ရှာစရာ သစ်တော လည်းမရှိတော့သလို သဘာဝသစ်ပင်တွေကနေ အစာရှာရတယ်ဆိုတာကို မသိနားမလည်တော့တဲ့ ဂေဟစနစ်ပျက်မျောက်များသကဲ့သို့ ကိုယ်တိုင်စု ပေါင်းလုပ်ဆောင်လို စိတ်တီထွင်ကြံဆလိုစိတ်များ ပျက်ယွင်းရုံမက အစွမ်းအစပါ မဲ့လာစေခဲ့ကြသည်။
ဂေဟစနစ်ပျက် လူမှုအဖွဲ့အစည်းများတွင်တွေရသည့် အချက်အလက်များ
(၁) တစ်နိုင်ငံလုံအတိုင်းအတာဖြင့် အထွေ ထွေဗဟုသုတ၊ ပညာ၊ အမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု ဆိုင်ရာများတွင် ပျမ်းမျှလူဦးရေ၏အများစုက အား နည်းခြင်း။
(၂) လူမှုပတ်ဝန်းကျင်ကြား တစ်ဦးနှင့်တစ်ဦး အဖွဲ့အစည်းများကြား ယုံကြည်မှုအားနည်းခြင်း၊ ယုံကြည်မှုမတည် ဆောက်နိုင်ခြင်း၊ မကောင်းမြင် စိတ်များခြင်း။
(၃) ကိုယ်တိုင်ပါဝင်လုပ်ကိုင်နိုင်စွမ်းနှင့်တာ ဝန်ကိုမေ့ထားပြီး ဝေဖန်ပြစ်တင်ခြင်းဖြင့်သာ အချိန် ကုန်ခြင်း။
(၄) တစ်ချိန်က အောင်မြင်ခဲ့ခြင်းအတိတ်တွင် သာ ဂုဏ်ယူပျော်မွေ့နေခြင်း။
(၅) သမားရိုးကျထက် အဂတိလိုက်စားမှုများ ပြားခြင်းနှင့် အဂတိကွန်ရက်ကို အသုံးပြုကြီးပွားလို သူများပြားခြင်း။ ဥပမာ လာဘ်ပေးသူများက လာဘ်ယူသူများမျိုးဆက်ကို အဓွန့်ရှည်စေခြင်းဖြင့် လာဘ်ပေးလာဘ်ယူခြင်းက လူ့အဖွဲ့ အစည်းထဲ နှိမ်နင်းရ ခက်လောက်အောင် အမှန်တရားဖြစ်လာခြင်း။
(၆) ပညာနည်းလူမျိုးစုများအကြား လက်နက် ရှိမှအာဏာရှိမည်ဆိုသော တလွဲအတွေးဝင်စေခြင်း ဖြင့် ှသ်အ ှုငူ ကောင်းသည့် အနာဂတ်မျိုးဆက်ပြတ် နေခြင်းနှင့်အတူ ပညာတတ်အသိြွကယ်သူများကို အချင်းချင်း သုတ်သင်ဖယ် ကြဉ်ခြင်း။
(၇) ဒုတိယရွေးချယ်မှု 2nd Choice or Plan-B ဆိုသည်ကို မပြင်ဆင်တတ်ခြင်းနှင့်အတူ လုပ်တတ်ရကောင်းမှန်း ယုံကြည်မှုမရှိ လက်လျှော့ တတ်ပြီး မရှိတော့သည့်ပထမတွင် သာယာတွယ်ကပ် နှမျော အပြစ်တင်တတ်ခြင်း။
(၈) တစ်စုံတစ်ဦး (သို့) စကားတစ်ခွန်းအပေါ် တွင် မှီခို အသက်ရှင် စိတ်ချတတ်ကြခြင်း။
(၉) မိမိနှင့် မိမိပတ်ဝန်းကျင် ပကတိဖြစ်တည်မှု ကို နားမလည်ခြင်း၊ လက်မခံခြင်း၊ နားလည်သော် လည်း လက်မခံနိုင်ခြင်း။
(၁၀) အပေးအယူဆွေးနွေးတိုင်ပင်မှုနှင့် စုပေါင်းဆုံးဖြတ်တတ်မှုတန်ဖိုးကို နားမလည်ခြင်း။
(၁၁) ပကတိ မည်သည့် လက်တွေ့လုပ်ဆောင် မှုကိုမျှ ရေရေရာရာ မသိနားမလည်သော်လည်း အရာ ရာကို မိမိကိုယ်တိုင်ဖျက်ဆီးပြီး အစအဆုံးပြန်လုပ် နိုင်ခြင်းက လက်ရှိကို ပိုကောင်းအောင် လုပ်ခြင်းထက် ကောင်းသည်ဆို သော ယုံကြည်မှုလွန်ကဲတတ်ကြခြင်း။
(၁၂) သိထားလေ့လာထားသည်ထက် ကျော်လွန်စွာမတွေးခေါ်တတ်ခြင်း၊ ကိုယ်ပိုင်တီထွင်ကြံဆမှု မရှိတော့ သလောက် အစွမ်းအစမဲ့ အားနည်းလာကြခြင်း။
စသည်ဖြင့် အစွမ်းစမဲ့မှု များစွာရှိကြသည်။

အမှန်တွင် ကိုလိုနီနှင့်ဖက်ဆစ်နိုင်ငံကြီး များသည် လွန်ခဲ့သောရာစုနှစ်များစွာကပင် စစ်လက် နက်ထက် လူသားအရင်အမြစ် Soft Skill ကသာ အရေးကြီးပြီး အင်အားအကြီးဆုံးဆိုသည်ကို ကောင်းကောင်းကြီး နားလည်ပြီးသားဖြစ်ကြသလို မတူကွဲပြား မှုများအပါ် နားလည်ခွင့်လွှတ် စည်းလုံးစွာ အတူနေ နိုင်ခြင်း Unity to United ကို ၎င်းတို့၏ နိုင်ငံနှင့်လူ့အဖွဲ့အစည်း၏ တန်ဖိုးအဖြစ် လက်ခံယုံကြည် ကျင့်သုံးခဲ့ကြသည်။ သို့သော် ကိုလိုနီဖက်ဆစ် အုပ်ချုပ် နိုင်ငံငယ်များ၏ လူမှုအသိုင်းအဝိုင်းများကြားတွင်တော့ Like ဆိုသည့် အကြိုက်တူ၍ ခဏတာပေါင်း ကြခြင်းကို Unity or United စည်လုံးခြင်းသယောင် ထွန်းကားအောင် ဝါဒဖြန့်ထားပြီး အကြိုက်မတူ တော့ရင် ကွဲပြဲ တိုက်ခိုက်ကြခြင်း လူမှုအဖွဲ့အစည်း ကို အဓွန့်ရှည်စေသည့် ရင်နင့်ဖွယ် အနာဂတ်မဲ့ လူမှု ဂေဟစနစ်ကို နည်းမျိုးစုံဖြင့် အသက်ဝင်နေအောင် စွမ်းဆောင်နေကြဆဲဖြစ်သည်။

zawgyi version
ကိုလိုနီေခတ္ အင္အားႀကီးႏိုင္ငံမ်ား၏ လူသားေဂဟစနစ္ႏွင့္ ဗဟုဝါဒဆိုင္ ရာ ေၾကညက္အားေကာင္းမႈမ်ားက ရာစုႏွစ္ခ်ီ အက်ိဳးဩဇာႀကီးမားေစခဲ့ျခင္း (ေဆာင္းပါး)
လင္းျမတ္ (NP News) - ‌ဇူလိုင္ ၂၁

ေဂဟစနစ္ဆိုသည္မွာ ႏိုင္ငံအလိုက္ လူသားမ်ား၏ ေနထိုင္ယုံၾကည္ခံယူ ေတြးေခၚမႈထုံးတမ္း စဥ္လာႏွင့္ မတူကြဲျပားေသာ ဗဟုဝါဒမ်ားကို ဆိုလိုျခင္းျဖစ္သည္။ အားလုံးနားလည္လြယ္ေသာ ဥပမာအားျဖင့္ တိရစာၦန္ႏွင့္ သဘာဝ ပတ္ဝန္းက်င္ဆိုင္ရာ ယုံၾကည္ထားမႈမ်ားကြဲျပားျခင္း ဆိုၾကပါစို႔။ အာရွႏိုင္ငံမ်ားတြင္ သစ္ပင္စားပင္ ခုတ္လွဲျခင္းက ရွင္းလင္းျခင္း သက္သက္ျဖစ္ၿပီး အျပစ္မဟုတ္သလို တိရစာၦန္မ်ားကို အစာေႂကြးျခင္းသည္လည္း ကုသိုလ္ရသည္ဟုမ်ား ေသာအားျဖင့္အယူရွိၾကေသာ္လည္း အေနာက္ႏိုင္ငံမ်ားတြင္ တိရစာၦန္မ်ားကို အစာမေႂကြးဘဲ သစ္ပင္စားပင္မ်ားကို ထိန္းသိမ္းျခင္းက တိရစာၦန္မ်ားကိုယ္တိုင္ သဘာဝအတိုင္း အစာရွာစားေစျခင္းျဖင့္ ၎တို႔ရဲ႕ ေဂဟစနစ္သဘာဝကို ထိန္းသိမ္းျခင္းျဖစ္သည္ဟု အယူရွိၾကသည္။ အာရွႏိုင္ငံမ်ားတြင္ ဓေလ့အရေရာ ဆင္းရဲမႈအရပါ ငါးသန္ေသးႏုပ္မ်ားကို ဟင္းအျဖစ္ ဖမ္းယူစားသုံးေလ့ရွိသလို ငွက္မွအစ သားရဲမ်ားကိုလည္းပဲ အကန႔္အသတ္မရွိ မ်ိဳးတုံးသည္အထိ အ႐ြယ္ အစားမေ႐ြး ဖမ္းယူစားသုံးေလ့ရွိေသာ္လည္း အေနာက္ႏိုင္ငံမ်ားတြင္ေတာ့ ငါးကို အ႐ြယ္အစားႏွင့္ တိုင္းထြာဖမ္း ဆီးျခင္း၊ သတ္မွတ္အေရအတြက္သာ ဖမ္းဆီးျခင္း အခြင့္ရပါတယ္။ အစိုးရကသတ္မွတ္ထား တဲ့ အ႐ြယ္အစားမဟုတ္ရင္ ျပန္လႊတ္ေပးျခင္း၊ အျခားေသာသားရဲမ်ားကိုလည္း လိုင္စင္ျဖင့္ ရာသီအလိုက္ အေကာင္အေရအတြက္ အကန႔္အသတ္ ျဖင့္သာ မုဆိုးလိုက္ခြင့္ေပးျခင္းကို ဥပေဒအသက္ဝင္ေစျခင္းျဖင့္ အနာဂတ္အစာလိုအပ္မႈကို သဘာဝအားျဖင့္ ထိန္း သိမ္းျခင္း ယုံၾကည္မႈကို ေခတ္သစ္အေနာက္ ႏိုင္ငံတိုင္းတြင္ က်င့္သုံးလက္ဆင့္ကမ္းလာၾကသည္။ ထိုတိရစာၦန္မ်ား ေနႏိုင္ေစရန္ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းၾကသလို သစ္ေတာသစ္ပင္ ျမစ္ေခ်ာင္းပင္လယ္ ထိန္းသိမ္းမႈဆိုင္ရာ အေလ့အက်င့္မ်ားကို လူသားဆိုင္ရာဥပေဒအျဖစ္ အာဏာတည္ေစၾကသည္။ အဆိုပါ ေသးငယ္ေသာမတူညီမႈေပါင္း မ်ားစြာဟာ ကိုလိုနီေခတ္ အေနာက္ႏွင့္ အခ်ိဳ႕အေရွ႕ အင္အားႀကီးႏိုင္ငံမ်ား၏ မဟာဗ်ဴဟာအားသာခ်က္မ်ား ျဖစ္လာ သလို တစ္ဆက္တည္းမွာပဲ အေနာက္/ အေရွ႕ ဆက္စပ္ႏိုင္ငံမ်ားႏွင့္ အာရွႏိုင္ငံမ်ားအတြက္ အနာဂတ္အားနည္းခ်က္မ်ား ျဖစ္လာေတာ့သည္။ ယခုေလ့လာမႈ၌ အျငင္းပြားစရာက ေခတ္သစ္ေဂဟစနစ္ႏွင့္ ဗဟုဝါဒဆိုင္ရာစာေပႏွင့္ ေဆြးေႏြး ပြဲမ်ားရွိေသာ္လည္း အာရွမွေလ့လာသူမ်ားက ပမာဏအားျဖင့္ အလြန္ေသးငယ္ေသာလူနည္းစုျဖစ္ၿပီး လူမ်ားစုထံ ျပန္လည္ျဖန႔္ေဝႏိုင္စြမ္းႏွင့္ ရာစုႏွစ္ခ်ီေနသည့္ ယုံၾကည္မႈမ်ားကိုေခ်ဖ်က္တည့္မတ္ေပးႏိုင္စြမ္းက အလြန္နည္းပါးသည္။ အာရွႏိုင္ငံမ်ားတြင္ အမ်ားႏွင့္ဆိုင္ေသာဥပေဒမ်ားကို ဥပေဒအျဖစ္သာ သူမ်ားနည္းတူ လိုအပ္ခ်က္အရ ျပ႒ာန္းလိုက္ျခင္း သက္သက္ျဖစ္ၿပီး ျပ႒ာန္းၿပီးမက်င့္သုံးႏိုင္ျခင္းျပႆနာရွိေနပါသည္။ အင္အားသုံးၿပီး ႀကီးေလးတဲ့ျပစ္ဒဏ္ လက္ေတြ႕ခ်မွတ္မွသာ က်င့္သုံးႏိုင္ျခင္းမ်ားဟာ ဘုံတန္ဖိုးကို နားလည္ ႏိုင္စြမ္းမရွိေသာ ဗဟုဝါဒမတူညီသည့္ လူ႔ပတ္ဝန္းက်င္ႏွင့္ လက္ခံႏိုင္စြမ္းႏွလုံးသားေသးသည့္ႏိုင္ငံ သားမ်ား၏ ဥပေဒဆိုင္ရာအားနည္းေသာ လူမႈေဂဟ စနစ္ျဖစ္ေနဆဲျငားလည္းပဲ အင္အားႀကီးႏိုင္ငံအစိုးရမ်ားက အမ်ားႏွင့္ဆိုင္ေသာဥပေဒမ်ားကို ႏိုင္ငံသား မ်ား၏ရင္ထဲ ေရာက္ေအာင္လုပ္ႏိုင္စြမ္းႏွင့္ ဗဟုဝါဒ မတူညီေသာအမ်ားကလည္း ႏွလုံးသားျဖင့္ စည္းလုံးစြာခံယူႏိုင္စြမ္း ဘုံတန္ဖိုးကိုနားလည္ႏိုင္စြမ္းက ၎တို႔ ၏အားေကာင္းသည့္ လူမႈေဂဟစနစ္ျဖစ္လာသည္။ ကိုလိုနီအျပဳခံႏိုင္ငံမ်ား၏ ေဂဟစနစ္ႏွင့္ ဗဟုဝါဒ ဆိုင္ရာအားနည္းခ်က္မ်ားကို ကိုလိုနီျပဳႏိုင္ငံႀကီးမ်ား အဖို႔ ဝင္ေရာက္မတိုက္ခိုက္ခင္ကတည္းက သုေတသနျပဳ သုံးသပ္ဆန္းစစ္ေလ့လာၿပီးမွ ဝင္ေရာက္လာသလို ထြက္ခြာခ်ိန္မွာလည္း ေနာင္ႏွစ္ေပါင္းမ်ားစြာ သားစဥ္ ေျမးဆက္ ျပန္မလွန္ႏိုင္ေအာင္ အစီအစဥ္ တက်ထားထြက္ခြာျခင္းျဖင့္ ေနာင္ႏွစ္ေထာင္ခ်ီ အာဏာတည္ျခင္းက သက္ေသျဖစ္လာခဲ့သည္။ ကိုလိုနီျပဳခံႏိုင္ငံမ်ားသည္ ယခုအခ်ိန္ထိ လူအင္အား လက္နက္အင္အားမမွ်ခဲ့ျခင္းက အဓိက ပါလို႔ ခံယူသမိုင္းေရး ယုံၾကည္ေနၾကဆဲျဖစ္ေသာ္လည္း ကိုလိုနီႏိုင္ငံႀကီးမ်ားအဖို႔ ႏိုင္ငံငယ္မ်ား၏ လူမႈဆိုင္ရာ ေဂဟ စနစ္နဲ႔ ဗဟုဝါဒဆိုင္ရာအားနည္းခ်က္မ်ားကိုသိရွိျခင္းက တစ္ဆင့္သပ္သွ်ိဳေသြးခြဲ အတြင္းလူကို စည္း႐ုံးႏိုင္ခဲ့ ျခင္းမ်ားက သာ အလ်င္အျမန္ကြၽန္ျပဳႏိုင္ခဲ့ျခင္း၏ အဓိကေသာ့ခ်က္ဆိုသည္ကို နားလည္ၾကပါသည္။ ၎တို႔ လူမႈပတ္ ဝန္းက်င္မ်ား တြင္ အမ်ိဳးသားေရးဆိုင္ ရာစိတ္ဓာတ္ရွိေစရန္ မ်ိဳးဆက္သစ္မ်ားကို အလုပ္ျဖင့္သာ ထင္ရွားစြာေဖာ္ျပၿပီး စာျဖင့္ခ်ေရးရ သည့္သမိုင္းတြင္ေတာ့ လက္ရွိရန္သူႏွင့္ အနာဂတ္ရန္သူမဖတ္ ေစလိုသည္မ်ားကိုမေဖာ္ျပဘဲ ဖတ္ေစလိုေသာအခ်က္ အလက္ျဖစ္သည့္ လက္နက္ႏွင့္စစ္ဗ်ဴဟာကိုသာ ေဇာင္းေပးေဖာ္ျပခဲ့ၾကသည္။

ကိုလိုနီေခတ္အလြန္ ႏိုင္ငံႀကီးမ်ားက ၎တို႔၏ ကိုလိုနီႏိုင္ငံငယ္မ်ားအေပၚ ေဂဟစနစ္ႏွင့္ ဗဟုဝါဒအားနည္း ခ်က္ကိုအခြင့္အေရးယူၿပီး ဆက္လက္ ကိုလိုနီျပဳဆဲလား။

ကိုလိုနီျပဳႏိုင္ငံႀကီးမ်ားဟာ ကိုလိုနီအျပဳခံ ႏိုင္ငံမ်ားကမထြက္ခြာမီ အဆိုပါႏိုင္ငံမ်ားထဲတြင္ အလားအလာ ေကာင္းၿပီး ထက္ျမက္သည့္ေခါင္းေဆာင္ငယ္မ်ားကို ႏိုင္ငံသားမ်ား၏ မညီၫြတ္ျခင္း မ်ားကိုအခြင့္ေကာင္းယူေမြးစား သပ္လွ်ိဳေသြးခြဲမႈျပဳကာ အခ်င္းခ်င္း လုပ္ႀကံေစျခင္းမ်ားျဖင့္ ၎တို႔ကို အာ႐ုံမစိုက္ႏိုင္ေအာင္ မဟာဗ်ဴဟာက်သည့္ လူမႈဘဝအမုန္းကို ကြဲျပားေနေသာႏိုင္ငံသားမ်ားၾကားထဲ ဖန္တီးခဲ့ၾကျခင္းကလည္း ထူးျခားစြာတူညီေနၾကျပန္သည္။ ဉာဏ္ရည္ႀကီး ႀကိဳေတြးတတ္တဲ့လူမ်ိဳးမ်ားသည္ သူတို႔အုပ္ခ်ဳပ္ခံႏိုင္ငံသားမ်ား၏ ေကာင္းျခင္းဆိုးျခင္းႏွင့္ ထိုႏိုင္ငံႏွင့္ ႏိုင္ငံသားမ်ားအေပၚ ၎ကို ျပဳခဲ့သမွ်ကို သူတို႔ဘာသာအသိဆုံးမို႔ ကိုလိုနီေခတ္လြန္ ၎တို႔ႏိုင္ငံမ်ား၏ အနာဂတ္ အက်ိဳးစီးပြားအတြက္ အေထာက္အကူမျဖစ္လွ်င္ေတာင္ တစ္ေန႔ တန္ျပန္မႈ မျဖစ္လာေစရန္ ေရရွည္စီမံကိန္းမ်ားကို ရင္းႏွီးေဆာင္ ႐ြက္ေနၾကသည္မွာလည္း လက္ရွိအခ်ိန္အထိပင္ျဖစ္သည္။ အထင္ရွားဆုံးဥပမာတစ္ခုအေနျဖင့္ ထိုကို လိုနီအျပဳခံႏိုင္ငံနာမည္ႏွင့္ သတင္းဌာနမ်ား တည္ေထာင္ျခင္းျဖင့္ ဆယ္စုႏွစ္မ်ားစြာ ေသြးထိုး/ေသြးခြဲ ျခင္းသက္ သက္ကိုသာ စဥ္ဆက္ မျပတ္လုပ္ေဆာင္ ျခင္းျဖင့္ မစည္းလုံးမႈမ်ားကို အဓြန႔္ရွည္ေစျခင္းက ျပႆနာတိုင္း၏ေနာက္ဆုံး ရလဒ္ျဖစ္ေစခဲ့သည္။ လူ႔အသိုင္းအဝိုင္း လူမ်ိဳးစုမ်ား ညီၫြတ္စုေပါင္းအင္အား ေတာင့္ေစျခင္းအတြက္ လူတစ္ဦး တစ္ေယာက္ တစ္ဖြဲ႕တည္းကိုသာ မရွိမျဖစ္ဆိုေသာအျငင္းပြားမႈမ်ိဳးကို လက္ရွိမ်ိဳးဆက္အတြက္ သြတ္သြင္းပုံေဖာ္ ယုံၾကည္ ေစခဲ့ၾကသလို ေနာက္မ်ိဳးဆက္မ်ားအတြက္လည္း ရင္းႏွီးစိုက္ထုတ္ျခင္းျဖင့္ ၎တို႔၏ ရာစုႏွစ္ကအျပစ္မ်ားကို ဖုံးကြယ္ၾကဆဲပဲျဖစ္သည္။

အလားတူ အာရွႏိုင္ငံထဲမွ ဖက္ဆစ္စနစ္ ကိုက်င့္သုံးခဲ့သည့္ ႏိုင္ငံတစ္ခုဟာလည္း သူ႔အျပစ္ သူသာအသိဆုံးမို႔ သူက်ဴးလြန္ခဲ့ေသာႏိုင္ငံမ်ားတြင္ ႏိုင္ငံသားဆိုင္ရာ အေထာက္အပံ့၊ ပညာေရး လူမႈေရးမ်ားတြင္ အစိုးရႏွင့္တန္းတူ သို႔မဟုတ္ ေက်ာ္လြန္စြာေထာက္ပံ့ေစျခင္းျဖင့္ သူတို႔၏အနာဂတ္နာမည္ ေကာင္းကိုတည္ေဆာက္သလိုႏွင့္ အဆိုပါတိုင္းျပည္ ငယ္မ်ား၏ လူမႈအဖြဲ႕အစည္းၾကားထဲ မရွိမျဖစ္ အလႉရွင္ ကယ္တင္ရွင္သဖြယ္ ဩဇာတည္ေဆာက္ လာၾကသည္လည္းရွိသည္။ သက္ဆိုင္ရာ အစိုးရ လူမႈအဖြဲ႕အစည္းႏွင့္အဆင္မသင့္ျဖစ္ခ်င္ေစသလို ျဖစ္ခြင့္မရလွ်င္ အကူအညီ ယာယီျဖတ္ေတာက္ျခင္းျဖင့္ လူမႈအဖြဲ႕စည္းအတြင္း အျပစ္တင္ အမုန္းပြားေစျခင္းက "သူ တို႔အလႉမွ မလာရင္ ဒီႏိုင္ငံ ကူရာမဲ့ေတာ့မယ္”ဆို ေသာ ကိုယ္ပိုင္ယုံၾကည္ခ်က္မဲ့ေစမည့္အေတြးမ်ိဳးကို သြယ္ဝိုက္စြာေပးျခင္းျဖင့္ ဥပမာ-လူအစာေကြၽးသည္ကို ေန႔တိုင္း ေမြးကတည္းကစားေနက်ေမ်ာက္ေတြဟာ ကိုယ္ပိုင္ အစာရွာႏိုင္စြမ္းမရွိေတာ့ သလို လူလာ ရင္အစာပါမယ္ထင္ကုန္ၾကသည္။ ရွာစရာ သစ္ေတာ လည္းမရွိေတာ့သလို သဘာဝသစ္ပင္ေတြကေန အစာရွာရတယ္ဆိုတာကို မသိနားမလည္ေတာ့တဲ့ ေဂဟစနစ္ပ်က္ေမ်ာက္မ်ားသကဲ့သို႔ ကိုယ္တိုင္စု ေပါင္းလုပ္ေဆာင္လို စိတ္တီထြင္ႀကံဆလိုစိတ္မ်ား ပ်က္ယြင္း႐ုံမက အစြမ္းအစပါ မဲ့လာေစခဲ့ၾကသည္။
ေဂဟစနစ္ပ်က္ လူမႈအဖြဲ႕အစည္းမ်ားတြင္ေတြရသည့္ အခ်က္အလက္မ်ား
(၁) တစ္ႏိုင္ငံလုံအတိုင္းအတာျဖင့္ အေထြ ေထြဗဟုသုတ၊ ပညာ၊ အမ်ိဳး၊ ဘာသာ၊ ယဥ္ေက်းမႈ ဆိုင္ရာမ်ားတြင္ ပ်မ္းမွ်လူဦးေရ၏အမ်ားစုက အား နည္းျခင္း။
(၂) လူမႈပတ္ဝန္းက်င္ၾကား တစ္ဦးႏွင့္တစ္ဦး အဖြဲ႕အစည္းမ်ားၾကား ယုံၾကည္မႈအားနည္းျခင္း၊ ယုံၾကည္မႈမတည္ ေဆာက္ႏိုင္ျခင္း၊ မေကာင္းျမင္ စိတ္မ်ားျခင္း။
(၃) ကိုယ္တိုင္ပါဝင္လုပ္ကိုင္ႏိုင္စြမ္းႏွင့္တာ ဝန္ကိုေမ့ထားၿပီး ေဝဖန္ျပစ္တင္ျခင္းျဖင့္သာ အခ်ိန္ ကုန္ျခင္း။
(၄) တစ္ခ်ိန္က ေအာင္ျမင္ခဲ့ျခင္းအတိတ္တြင္ သာ ဂုဏ္ယူေပ်ာ္ေမြ႕ေနျခင္း။
(၅) သမား႐ိုးက်ထက္ အဂတိလိုက္စားမႈမ်ား ျပားျခင္းႏွင့္ အဂတိကြန္ရက္ကို အသုံးျပဳႀကီးပြားလို သူမ်ားျပားျခင္း။ ဥပမာ လာဘ္ေပးသူမ်ားက လာဘ္ယူသူမ်ားမ်ိဳးဆက္ကို အဓြန႔္ရွည္ေစျခင္းျဖင့္ လာဘ္ေပးလာဘ္ယူျခင္းက လူ႔အဖြဲ႕ အစည္းထဲ ႏွိမ္နင္းရ ခက္ေလာက္ေအာင္ အမွန္တရားျဖစ္လာျခင္း။
(၆) ပညာနည္းလူမ်ိဳးစုမ်ားအၾကား လက္နက္ ရွိမွအာဏာရွိမည္ဆိုေသာ တလြဲအေတြးဝင္ေစျခင္း ျဖင့္ ွသ္အ ႈငူ ေကာင္းသည့္ အနာဂတ္မ်ိဳးဆက္ျပတ္ ေနျခင္းႏွင့္အတူ ပညာတတ္အသိျြကယ္သူမ်ားကို အခ်င္းခ်င္း သုတ္သင္ဖယ္ ၾကဥ္ျခင္း။
(၇) ဒုတိယေ႐ြးခ်ယ္မႈ 2nd Choice or Plan-B ဆိုသည္ကို မျပင္ဆင္တတ္ျခင္းႏွင့္အတူ လုပ္တတ္ရေကာင္းမွန္း ယုံၾကည္မႈမရွိ လက္ေလွ်ာ့ တတ္ၿပီး မရွိေတာ့သည့္ပထမတြင္ သာယာတြယ္ကပ္ ႏွေမ်ာ အျပစ္တင္တတ္ျခင္း။
(၈) တစ္စုံတစ္ဦး (သို႔) စကားတစ္ခြန္းအေပၚ တြင္ မွီခို အသက္ရွင္ စိတ္ခ်တတ္ၾကျခင္း။
(၉) မိမိႏွင့္ မိမိပတ္ဝန္းက်င္ ပကတိျဖစ္တည္မႈ ကို နားမလည္ျခင္း၊ လက္မခံျခင္း၊ နားလည္ေသာ္ လည္း လက္မခံႏိုင္ျခင္း။
(၁၀) အေပးအယူေဆြးေႏြးတိုင္ပင္မႈႏွင့္ စုေပါင္းဆုံးျဖတ္တတ္မႈတန္ဖိုးကို နားမလည္ျခင္း။
(၁၁) ပကတိ မည္သည့္ လက္ေတြ႕လုပ္ေဆာင္ မႈကိုမွ် ေရေရရာရာ မသိနားမလည္ေသာ္လည္း အရာ ရာကို မိမိကိုယ္တိုင္ဖ်က္ဆီးၿပီး အစအဆုံးျပန္လုပ္ ႏိုင္ျခင္းက လက္ရွိကို ပိုေကာင္းေအာင္ လုပ္ျခင္းထက္ ေကာင္းသည္ဆို ေသာ ယုံၾကည္မႈလြန္ကဲတတ္ၾကျခင္း။
(၁၂) သိထားေလ့လာထားသည္ထက္ ေက်ာ္လြန္စြာမေတြးေခၚတတ္ျခင္း၊ ကိုယ္ပိုင္တီထြင္ႀကံဆမႈ မရွိေတာ့ သေလာက္ အစြမ္းအစမဲ့ အားနည္းလာၾကျခင္း။
စသည္ျဖင့္ အစြမ္းစမဲ့မႈ မ်ားစြာရွိၾကသည္။

အမွန္တြင္ ကိုလိုနီႏွင့္ဖက္ဆစ္ႏိုင္ငံႀကီး မ်ားသည္ လြန္ခဲ့ေသာရာစုႏွစ္မ်ားစြာကပင္ စစ္လက္ နက္ထက္ လူသားအရင္အျမစ္ Soft Skill ကသာ အေရးႀကီးၿပီး အင္အားအႀကီးဆုံးဆိုသည္ကို ေကာင္းေကာင္းႀကီး နားလည္ၿပီးသားျဖစ္ၾကသလို မတူကြဲျပား မႈမ်ားအပၚ နားလည္ခြင့္လႊတ္ စည္းလုံးစြာ အတူေန ႏိုင္ျခင္း Unity to United ကို ၎တို႔၏ ႏိုင္ငံႏွင့္လူ႔အဖြဲ႕အစည္း၏ တန္ဖိုးအျဖစ္ လက္ခံယုံၾကည္ က်င့္သုံးခဲ့ၾကသည္။ သို႔ေသာ္ ကိုလိုနီဖက္ဆစ္ အုပ္ခ်ဳပ္ ႏိုင္ငံငယ္မ်ား၏ လူမႈအသိုင္းအဝိုင္းမ်ားၾကားတြင္ေတာ့ Like ဆိုသည့္ အႀကိဳက္တူ၍ ခဏတာေပါင္း ၾကျခင္းကို Unity or United စည္လုံးျခင္းသေယာင္ ထြန္းကားေအာင္ ဝါဒျဖန႔္ထားၿပီး အႀကိဳက္မတူ ေတာ့ရင္ ကြဲၿပဲ တိုက္ခိုက္ၾကျခင္း လူမႈအဖြဲ႕အစည္း ကို အဓြန႔္ရွည္ေစသည့္ ရင္နင့္ဖြယ္ အနာဂတ္မဲ့ လူမႈ ေဂဟစနစ္ကို နည္းမ်ိဳးစုံျဖင့္ အသက္ဝင္ေနေအာင္ စြမ္းေဆာင္ေနၾကဆဲျဖစ္သည္။

Related news

© 2021. All rights reserved.