ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်နိုင်ဖို့ စိန်ခေါ်မှုတွေရင်ဆိုင်ရမယ့် အီရန်သမ္မတအသစ် (ဘာသာပြန်ဆောင်းပါး)

 319

ဂျန်ဇက် (NP News) - ဇူလိုင် ၂၁

ဇူလိုင် ၆ ရက်နေ့ကကျင်းပခဲ့တဲ့ အီရန်သမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့မှာ ပြုပြင် ပြောင်း လဲရေးသမားအဖြစ်လူသိများတဲ့ မာဆွတ်ပီဇီရှာကန်ဆိုသူဟာ ပြိုင်ဘက်တွေကိုအနိုင်ရပြီး အီရန် နိုင်ငံ သမ္မတ အသစ်အဖြစ် တာဝန်ယူတော့မှာဖြစ်ပါတယ်။ အီရန် သမ္မတဟောင်းအီဘရာဟင်ရိုင်စီ ဟာ မေလက နိုင်ငံ အရှေ့ဘက်ပိုင်းကိုသွားရောက်ချိန်အတွင်း ရဟတ် ယာဉ်ပျက်ကျကာသေဆုံးခဲ့ပြီးနောက် အီရန်နိုင်ငံမှာ သမ္မတအသစ်ရွေးကောက်ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ အီရန်နိုင်ငံမှာကျင်းပတဲ့ သမ္မတ အသစ်ရွေးကောက်ပွဲကို သမ္မတလောင်းလေးဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်သူ လေးဦးစလုံးဟာ သတ်မှတ်ထားတဲ့မဲအရေအတွက်မျိုးမရတဲ့အတွက် မဲအများဆုံးရရှိသူ နှစ်ဦးကို ဒုတိယအကျော့ ထပ်မံယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။ အီရန်နိုင်ငံသမ္မတအဖြစ်တာဝန်ထမ်း
ဆောင်မယ့်သူဟာ ရွေးကောက်ပွဲမှာ ထောက်ခံမဲအရေအတွက် အနည်းဆုံး ၅၀ ရာခိုင်နှုန်းရရှိဖို့လိုတယ်လို့သတ်မှတ်ထားရာ မာဆွတ်ပီဇီရှာကန်ဟာ ပထမကျော့တုန်းက မဲအများဆုံးရရှိခဲ့ပေမယ့် သတ်မှတ်ချက်နဲ့မညီတဲ့အတွက် ဒုတိယအကျော့ ထပ်မံယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

ပီဇီရှာကန်ဆိုသူကို ၁၉၅၄ ခုနှစ်မှာမွေးဖွားခဲ့ပြီး အီရန်နိုင်ငံရဲ့ခွဲစိတ်ဆရာဝန်ဖြစ်ကာ ကျန်းမာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ ပီဇီရှာ ကန်ဆိုသူဟာ သမ္မတအဖြစ်ရွေးချယ်မခံရခင် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း လွှတ်တော်အကြီးအကဲအဖြစ်တာဝန်ယူခဲ့ဖူးသလို ၂၀ဝ၁ ခုနှစ်ကနေ ၂၀ဝ၅ ခုနှစ်အတွင်းမှာလည်း ကျန်းမာရေးနဲ့ ပညာ ရေးဝန်ကြီးတာဝန် တွေကိုထမ်းဆောင် ခဲ့ဖူးသူဖြစ်ပါတယ်။

အီရန်သမ္မတရွေးကောက်ပွဲဒုတိယအကျော့မှာ ထောက်ခံမဲ ၅၅ ရာခိုင်နှုန်းနီးပါးရရှိခဲ့တဲ့ ပီဇီရှာ ကန် ဟာ အီရန်သမ္မတအဖြစ် ဩဂုတ်လအတွင်း ကျမ်း သစ္စာကျိန်ဆိုသွားဖွယ်ရှိနေပြီး အီရန်နိုင်ငံရဲ့ သမ္မတ သမိုင်းမှာ အသက်အကြီးဆုံးသမ္မတဖြစ်လာဖွယ်ရှိ နေပါတယ်။ ပီဇီရှာကန်ဟာ ဆေးပညာကို စိတ်ဝင်စားတဲ့အတွက် လူငယ်ဘဝမှာ ဆေးပညာဘာသာရပ်ကို သင်ကြားလေ့လာခဲ့ပြီး ဆရာဝန်ဖြစ်ခဲ့ သလို ၈ နှစ် ကြာ ဖြစ်ပွားခဲ့တဲ့ အီရန်-အီရတ်စစ်ပွဲမှာလည်း ရှေ့တန်းကစစ်သားတွေကို ဆေးဝါးကုသပေး တာတွေ လုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

ပီဇီရှာကန်ဟာ ဆေးတက္ကသိုလ်တက်ရောက်ချိန်အတွင်း စိတ်ပညာ၊ အထွေထွေရောဂါကုအပြင် ခွဲစိတ်ပညာရပ်တွေကို အဓိကထားသင်ကြား တတ်မြောက်ခဲ့သူဖြစ်ပါတယ်။ ပီဇီရှာကန်ဟာ ၁၉၉၇ ခုနှစ် နောက်ပိုင်းတည်းက လက်ရှိအချိန်အထိ အီရန်နိုင်ငံရေးလောကမှာ ပါဝင်လှုပ်ရှားခဲ့ပြီး အစိုးရအဖွဲ့မှာ ဒုတိယဝန်ကြီး၊ ဝန်ကြီးတာဝန်တွေကိုထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ ၎င်းဟာ အစိုးရအဖွဲ့မှာ ဝန်ကြီး၊ ဒုတိယဝန်ကြီးတွေတာဝန်ယူခဲ့ပေမယ့် အီရန်နိုင်ငံရဲ့ စနစ်တွေကို မကြာခဏဝေဖန်ပြစ်တင်ခဲ့ဖူးသူဖြစ်ပြီး ၂၀ဝ၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ရွေးကောက်ပွဲအလွန် ဆန္ဒပြပွဲတွေမှာ တောရိုင်းတိရစ္ဆာန်တွေလိုမျိုး လူတွေ ကို မဆက်ဆံသင့်ဘူးလို့ဝေဖန်ခဲ့ရာ လူကြိုက်များလာခဲ့သူဖြစ်ပါတယ်။ ပီဇီရှာကန်ဟာ အီရန်နိုင်ငံ ရဲ့ စနစ်တွေကိုမကြာခဏဝေဖန်နေသူဖြစ်ရာ “ အီရန်နိုင်ငံကို လက်ရှိထက်ပိုမိုကောင်းမွန်အောင်လုပ် ဆောင်ရမယ်” လို့ မကြာခဏထည့်သွင်းပြောဆိုတတ်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ပီဇီရှာကန်ဟာ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)ကို အားပေးထောက်ခံသူတစ်ဦးဖြစ်ပြီး (IRGC)ကို အတိတ်တုန်း ကထက်မတူညီတဲ့ လက်နက်ကိုင်အဖွဲ့မျိုးဖြစ်အောင် လုပ်ဆောင်ရမယ်လို့ ဝေဖန်ထောက်ပြခဲ့ဖူးသူဖြစ်ပါ တယ်။ အီရန်နိုင်ငံရေးလောကမှာ နိုင်ငံရေးသမား အများစုဟာ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စု ဆန့်ကျင့်ရေးကိုလိုလားခဲ့ပေမယ့် ပီဇီရှာကန်ကတော့ အမေရိကန်နိုင်ငံနဲ့ စေ့စပ်ဆွေးနွေးဖို့လိုလားသူ အဖြစ် လူသိများနေသူလည်းဖြစ်ပါတယ်။ အီရန်နိုင်ငံ ဟာ လက်ရှိအချိန်မှာ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ပွားခဲ့ရာ စီးပွားရေး ပိတ်ဆို့မှုတွေရင်ဆိုင်နေရတဲ့ နိုင်ငံဖြစ်ပါတယ်။ ပီဇီရှာကန်ဟာ အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံနဲ့စေ့စပ် ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ လိုလားထောက်ခံ သူဖြစ်တယ်လို့နိုင်ငံတကာသတင်းမီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။ ပီဇီရှာကန်ဟာ ၂၀၁၅ ခုနှစ်က အီရန်နျူကလီးယားအစီအစဉ်အတွက် အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုတဲ့စာချုပ်ကို ပြန်လည် သုံးသပ်ပြီး အီရန်နိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျှော့ပေးရေး လိုလားနေသူ ဖြစ်ပါတယ်။ သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း နိုင်ငံစီးပွားရေး ပြန်လည်ကောင်းမွန်စေဖို့၊ စီမံခန့်ခွဲမှု အမှားတွေကို ပြန်လည်ပြင်ဆင်ဖို့၊ အကျင့်ပျက်လာဘ်စားမှုတွေနဲ့ အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကို ဖြေလျှော့နိုင်အောင် ကြိုးပမ်းဖို့လိုလားနေသူဖြစ်ပါတယ်။ ဒါပေမဲ့ အီရန်နိုင်ငံရဲ့ အမြင့်ဆုံးဘာသာရေး ခေါင်းဆောင် အယာတိုလာ ခါမေနီဟာ ရွေးကောက်ခံသမ္မတတွေရဲ့လုပ်ပိုင်ခွင့်တွေကို ကန့်သတ် ချုပ်ခြယ်ထားခြင်းကြောင့် ပီဇီရှာကန်ရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ ဘယ်လောက် အတိုင်းတာအထိ တိုးတက်မှုရှိမလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ အီရန်နိုင်ငံ ကစ်ကျွန်းမှ အသက် ၄၅ နှစ်အရွယ်ရှိ စီးပွားရေးသမား ဟူစိန်က “ သမ္မတအသစ် ပီဇီရှာကန်ရဲ့ပြုပြင် ပြောင်းရေး သမားတစ်ဦးဖြစ်တယ်။ ဒါပေမဲ့ အီရန်နိုင်ငံမှာ ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီနဲ့ မဟာ မိတ်တွေဟာ သမ္မတထက် ပိုမိုလုပ်ပိုင်ခွင့်နဲ့ ဩ ဇာပိုရှိနေတယ်။ ဒါကြောင့် သမ္မတအသစ်ဟာ အားနည်း ချက်တွေရှိကောင်းရှိနိုင်တယ်” လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။ ပီဇီရှာကန်ဟာ တခြား နိုင်ငံရေးသမား တွေနဲ့မတူဘဲ လူနည်းစုတိုင်းရင်းသား အခွင့်အရေးကို ထောက်ခံသူဖြစ်သလို အီရန်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမူရေးကိစ္စတွေမှာ ဘာသာရေးခေါင်းဆောင်တွေ ပါဝင် စွက်ဖက်နေတာတွေကို ဝေဖန်ပြစ်တင်ခဲ့သူ ဖြစ်ပါတယ်။ “ ကျွန်တော်တို့ဟာ hijab ဥပဒေကို လေးစားလိုက်နာပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ အပေါ် လူသားမဆန်တဲ့လုပ်ရပ်တွေ လုပ်ဆောင်တာမျိုး ဘယ်တော့မှမဖြစ်သင့်ဘူး၊ နိုင်ငံရေး အကျဉ်း သားတွေဟာ ကျွန်တော် သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း မရှိစေရဘူး။ ဒါပေမဲ့ ကျွန်တော်ဟာ တစ်စုံ တစ်ခုကို လုပ်လိုပေမယ့် လုပ်ပိုင်ခွင့်အာဏာအပြည့်အဝမရှိဘူး” လို့ ပီဇီရှာကန်က ပြောပါတယ်။ အီရန်နိုင်ငံမှာ ဩဇာအာဏာအရှိဆုံးသူဟာ နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ဖြစ်ပြီး အမြင့်ဆုံး ဘာသာရေး ခေါင်းဆောင်နဲ့ အားပေးထောက်ခံမှု၊ ကူညီမှုရှိမှသာ အီရန်သမ္မတတွေဟာ အာဏာ ဆက် လက်တည်မြဲနိုင်မယ့်အခြေနေမျိုးရှိတယ်လို့ ထင်ကြေးပေး သုံးသပ်တာတွေလည်းရှိနေပါတယ်။ ပီဇီရှာကန် အီရန်သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုချမှတ်ထားတာ တွေ ဖြေလျှော့နိုင်အောင် အမေရိကန်နိုင်ငံနဲ့ နျူကလီးယား အစီအစဉ်တွေကို ဆွေးနွေးဖို့ ၊ အကျင့်ပျက် လာဘ်စားမှုတွေ တိုက်ဖျက်ဖို့၊ အစိုးရအဖွဲ့အတွင်း စီမံခန့်ခွဲမှု အမှားတွေကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရာမှာ အီရန်နိုင်ငံရဲ့အမြင့်ဆုံး ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီကိုစည်းရုံးနိုင်ဖို့ အဓိကအရေး ကြီးနေပါတယ်။ အီရန်နိုင်ငံမှာ ဩဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခံထားရတဲ့ အယာတို လာခါမေနီ လက်ခံခွင့်ပြုမှသာ ပီဇီရှာကန်ဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အဆင်ပြေစွာ လုပ်ကိုင်နိုင်မှာ ဖြစ်တယ်လို့ သုံးသပ်ရမှာပါ။

ပီဇီရှာကန်ဟာ ပါးနပ်တဲ့နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်း ဆောင်ဖြစ်သူ အယာတိုလာခါမေနီကို ချီးကျူးပြောဆိုမှုတွေနဲ့အတူ သမ္မတရွေးကောက်ပွဲမှာပါဝင်ယှဉ် ပြိုင်ခွင့်ရအောင် ကြိုးပမ်းခဲ့သူဖြစ်တယ်လို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ပီဇီရှာကန်ဟာ အီရန်နိုင်ငံရဲ့ အမြင့်ဆုံး ဘာသာရေးခေါင်းဆောင်ဖြစ်သူ အယာတို လာခါမေနီရဲ့ကူညီထောက်ပံ့ပေးမှုမရှိဘဲ အောင် မြင်မှုတွေရရှိမှာမဟုတ်သလို အယာတိုလာခါမေနီရဲ့ လမ်းညွှန်မှုတွေကိုချီးကျူးမိကြောင်း ပြောဆိုခဲ့ဖူးပါ တယ်။ အီရန်နိုင်ငံဟာ လက်ရှိအချိန်မှာ စီးပွားရေး ကျဆင်းနေသလို အစ္စရေးနိုင်ငံနဲ့လည်း စစ်ရေးတင်း မာမှုတွေရှိနေရာ ပီဇီရှာကန်ဟာ သမ္မတအဖြစ်တာဝန်ယူချိန်မှာ အဲဒီကိစ္စတွေကို အဓိကထားကိုင်တွယ် ဖြေရှင်းရဖွယ်ရှိနေပါတယ်။ အီရန် သမ္မတအဖြစ် တာဝန်ယူချိန်မှာ နျူကလီးယား အစီအစဉ်တွေကို ပြန် လည် ဆွေးနွေးနိုင်ဖို့ကြိုးပမ်းရမှာဖြစ်သလို တခြားတစ်ဖက်မှာ အမြင့်ဆုံးဘာသာရေး ခေါင်းဆောင် အယာတိုလာခါမေနီကို သစ္စာရှိကြောင်း ပြသဖို့လည်းလိုအပ်နေပါတယ်။ ပီဇီရှာကန်က “ ပူးပေါင်း ဆောင်ရွက်မှု၊ ကိုယ်ချင်းစာတရားနဲ့ ယုံကြည်မှုမရှိရင် ခက်ခဲတဲ့ရှေ့ခရီးက ချောမွေ့နိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့ဟာ လက်ချင်းချိတ်ပြီး ဂုဏ်ယူစွာနဲ့ ရှေ့ကိုချီတက်ရမှာပါ၊ ဒီပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်တွေကို ကျွန်တော်တစ်ဦးတည်း လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး၊ ကျွန်တော်တစ်ဦးတည်းမလုပ်ဘဲ အားလုံးပူးပေါင်းဆောင်ရွက်ပေးပါ။ ကျွန်တော်က အဓိကကျတဲ့သူပါ၊ ပြုပြင်ပြောင်းလဲရေးရှာနေတဲ့ ဒီအခြေခံမူတွေအတွက်ပါ” လို့ပြောပါတယ်။ လက်ရှိအချိန်မှာ စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေ ရတဲ့အီရန်ပြည်သူတွေဟာ သမ္မတအသစ်က ၎င်းတို့ရဲ့ လူမူဘဝတွေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဘယ် လောက်အထိ စွမ်းဆောင်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားနေပြီဖြစ်ပါတယ်။

zawgyi version
ျပဳျပင္ေျပာင္းလဲေရးေတြလုပ္ေဆာင္ႏိုင္ဖို႔ စိန္ေခၚမႈေတြရင္ဆိုင္ရမယ့္ အီရန္သမၼတအသစ္ (ဘာသာပန္ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၁

ဇူလိုင္ ၆ ရက္ေန႔ကက်င္းပခဲ့တဲ့ အီရန္သမၼတ ေ႐ြးေကာက္ပြဲ ဒုတိယအေက်ာ့မွာ ျပဳျပင္ ေျပာင္း လဲေရးသမားအျဖစ္လူသိမ်ားတဲ့ မာဆြတ္ပီဇီရွာကန္ဆိုသူဟာ ၿပိဳင္ဘက္ေတြကိုအႏိုင္ရၿပီး အီရန္ ႏိုင္ငံ သမၼတ အသစ္အျဖစ္ တာဝန္ယူေတာ့မွာျဖစ္ပါတယ္။ အီရန္ သမၼတေဟာင္းအီဘရာဟင္႐ိုင္စီ ဟာ ေမလက ႏိုင္ငံ အေရွ႕ဘက္ပိုင္းကိုသြားေရာက္ခ်ိန္အတြင္း ရဟတ္ ယာဥ္ပ်က္က်ကာေသဆုံးခဲ့ၿပီးေနာက္ အီရန္ႏိုင္ငံမွာ သမၼတအသစ္ေ႐ြးေကာက္ပြဲကို က်င္းပခဲ့တာျဖစ္ပါတယ္။ အီရန္ႏိုင္ငံမွာက်င္းပတဲ့ သမၼတ အသစ္ေ႐ြးေကာက္ပြဲကို သမၼတေလာင္းေလးဦးပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး သမၼတေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္သူ ေလးဦးစလုံးဟာ သတ္မွတ္ထားတဲ့မဲအေရအတြက္မ်ိဳးမရတဲ့အတြက္ မဲအမ်ားဆုံးရရွိသူ ႏွစ္ဦးကို ဒုတိယအေက်ာ့ ထပ္မံယွဥ္ၿပိဳင္ေစခဲ့တာ ျဖစ္ပါတယ္။ အီရန္ႏိုင္ငံသမၼတအျဖစ္တာဝန္ထမ္း
ေဆာင္မယ့္သူဟာ ေ႐ြးေကာက္ပြဲမွာ ေထာက္ခံမဲအေရအတြက္ အနည္းဆုံး ၅၀ ရာခိုင္ႏႈန္းရရွိဖို႔လိုတယ္လို႔သတ္မွတ္ထားရာ မာဆြတ္ပီဇီရွာကန္ဟာ ပထမေက်ာ့တုန္းက မဲအမ်ားဆုံးရရွိခဲ့ေပမယ့္ သတ္မွတ္ခ်က္နဲ႔မညီတဲ့အတြက္ ဒုတိယအေက်ာ့ ထပ္မံယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ပါတယ္။

ပီဇီရွာကန္ဆိုသူကို ၁၉၅၄ ခုႏွစ္မွာေမြးဖြားခဲ့ၿပီး အီရန္ႏိုင္ငံရဲ႕ခြဲစိတ္ဆရာဝန္ျဖစ္ကာ က်န္းမာေရး ဝန္ႀကီးအျဖစ္လည္း တာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။ ပီဇီရွာ ကန္ဆိုသူဟာ သမၼတအျဖစ္ေ႐ြးခ်ယ္မခံရခင္ ၂၀၁၆ ခုႏွစ္ကေန ၂၀၂၀ ျပည့္ႏွစ္အတြင္း လႊတ္ေတာ္အႀကီးအကဲအျဖစ္တာဝန္ယူခဲ့ဖူးသလို ၂၀ဝ၁ ခုႏွစ္ကေန ၂၀ဝ၅ ခုႏွစ္အတြင္းမွာလည္း က်န္းမာေရးနဲ႔ ပညာ ေရးဝန္ႀကီးတာဝန္ ေတြကိုထမ္းေဆာင္ ခဲ့ဖူးသူျဖစ္ပါတယ္။

အီရန္သမၼတေ႐ြးေကာက္ပြဲဒုတိယအေက်ာ့မွာ ေထာက္ခံမဲ ၅၅ ရာခိုင္ႏႈန္းနီးပါးရရွိခဲ့တဲ့ ပီဇီရွာ ကန္ ဟာ အီရန္သမၼတအျဖစ္ ဩဂုတ္လအတြင္း က်မ္း သစၥာက်ိန္ဆိုသြားဖြယ္ရွိေနၿပီး အီရန္ႏိုင္ငံရဲ႕ သမၼတ သမိုင္းမွာ အသက္အႀကီးဆုံးသမၼတျဖစ္လာဖြယ္ရွိ ေနပါတယ္။ ပီဇီရွာကန္ဟာ ေဆးပညာကို စိတ္ဝင္စားတဲ့အတြက္ လူငယ္ဘဝမွာ ေဆးပညာဘာသာရပ္ကို သင္ၾကားေလ့လာခဲ့ၿပီး ဆရာဝန္ျဖစ္ခဲ့ သလို ၈ ႏွစ္ ၾကာ ျဖစ္ပြားခဲ့တဲ့ အီရန္-အီရတ္စစ္ပြဲမွာလည္း ေရွ႕တန္းကစစ္သားေတြကို ေဆးဝါးကုသေပး တာေတြ လုပ္ေဆာင္ခဲ့ဖူးသူျဖစ္ပါတယ္။

ပီဇီရွာကန္ဟာ ေဆးတကၠသိုလ္တက္ေရာက္ခ်ိန္အတြင္း စိတ္ပညာ၊ အေထြေထြေရာဂါကုအျပင္ ခြဲစိတ္ပညာရပ္ေတြကို အဓိကထားသင္ၾကား တတ္ေျမာက္ခဲ့သူျဖစ္ပါတယ္။ ပီဇီရွာကန္ဟာ ၁၉၉၇ ခုႏွစ္ ေနာက္ပိုင္းတည္းက လက္ရွိအခ်ိန္အထိ အီရန္ႏိုင္ငံေရးေလာကမွာ ပါဝင္လႈပ္ရွားခဲ့ၿပီး အစိုးရအဖြဲ႕မွာ ဒုတိယဝန္ႀကီး၊ ဝန္ႀကီးတာဝန္ေတြကိုထမ္းေဆာင္ခဲ့ဖူးသူျဖစ္ပါတယ္။ ၎ဟာ အစိုးရအဖြဲ႕မွာ ဝန္ႀကီး၊ ဒုတိယဝန္ႀကီးေတြတာဝန္ယူခဲ့ေပမယ့္ အီရန္ႏိုင္ငံရဲ႕ စနစ္ေတြကို မၾကာခဏေဝဖန္ျပစ္တင္ခဲ့ဖူးသူျဖစ္ၿပီး ၂၀ဝ၉ ခုႏွစ္ကျဖစ္ပြားခဲ့တဲ့ ေ႐ြးေကာက္ပြဲအလြန္ ဆႏၵျပပြဲေတြမွာ ေတာ႐ိုင္းတိရစာၦန္ေတြလိုမ်ိဳး လူေတြ ကို မဆက္ဆံသင့္ဘူးလို႔ေဝဖန္ခဲ့ရာ လူႀကိဳက္မ်ားလာခဲ့သူျဖစ္ပါတယ္။ ပီဇီရွာကန္ဟာ အီရန္ႏိုင္ငံ ရဲ႕ စနစ္ေတြကိုမၾကာခဏေဝဖန္ေနသူျဖစ္ရာ “ အီရန္ႏိုင္ငံကို လက္ရွိထက္ပိုမိုေကာင္းမြန္ေအာင္လုပ္ ေဆာင္ရမယ္” လို႔ မၾကာခဏထည့္သြင္းေျပာဆိုတတ္သူ ျဖစ္ပါတယ္။ ဒါေပမဲ့ ပီဇီရွာကန္ဟာ အီရန္ ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕ (IRGC)ကို အားေပးေထာက္ခံသူတစ္ဦးျဖစ္ၿပီး (IRGC)ကို အတိတ္တုန္း ကထက္မတူညီတဲ့ လက္နက္ကိုင္အဖြဲ႕မ်ိဳးျဖစ္ေအာင္ လုပ္ေဆာင္ရမယ္လို႔ ေဝဖန္ေထာက္ျပခဲ့ဖူးသူျဖစ္ပါ တယ္။ အီရန္ႏိုင္ငံေရးေလာကမွာ ႏိုင္ငံေရးသမား အမ်ားစုဟာ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စု ဆန႔္က်င့္ေရးကိုလိုလားခဲ့ေပမယ့္ ပီဇီရွာကန္ကေတာ့ အေမရိကန္ႏိုင္ငံနဲ႔ ေစ့စပ္ေဆြးေႏြးဖို႔လိုလားသူ အျဖစ္ လူသိမ်ားေနသူလည္းျဖစ္ပါတယ္။ အီရန္ႏိုင္ငံ ဟာ လက္ရွိအခ်ိန္မွာ န်ဴကလီးယားအစီအစဥ္နဲ႔ ပတ္သက္ၿပီး အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုနဲ႔ ပတ္သက္ၿပီး အျငင္းပြားမႈမ်ားျဖစ္ပြားခဲ့ရာ စီးပြားေရး ပိတ္ဆို႔မႈေတြရင္ဆိုင္ေနရတဲ့ ႏိုင္ငံျဖစ္ပါတယ္။ ပီဇီရွာကန္ဟာ အီရန္ႏိုင္ငံရဲ႕ န်ဴကလီးယား အစီအစဥ္နဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံနဲ႔ေစ့စပ္ ေဆြးေႏြးမႈေတြ ျပန္လည္စတင္ဖို႔ လိုလားေထာက္ခံ သူျဖစ္တယ္လို႔ႏိုင္ငံတကာသတင္းမီဒီယာေတြက ေရးသားေဖာ္ျပၾကပါတယ္။ ပီဇီရွာကန္ဟာ ၂၀၁၅ ခုႏွစ္က အီရန္န်ဴကလီးယားအစီအစဥ္အတြက္ အင္အားႀကီးႏိုင္ငံေတြနဲ႔ ခ်ဳပ္ဆိုတဲ့စာခ်ဳပ္ကို ျပန္လည္ သုံးသပ္ၿပီး အီရန္ႏိုင္ငံအေပၚခ်မွတ္ထားတဲ့ စီးပြားေရးပိတ္ဆို႔မႈေတြ ေျဖေလွ်ာ့ေပးေရး လိုလားေနသူ ျဖစ္ပါတယ္။ သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္း ႏိုင္ငံစီးပြားေရး ျပန္လည္ေကာင္းမြန္ေစဖို႔၊ စီမံခန႔္ခြဲမႈ အမွားေတြကို ျပန္လည္ျပင္ဆင္ဖို႔၊ အက်င့္ပ်က္လာဘ္စားမႈေတြနဲ႔ အေမရိကန္ရဲ႕ပိတ္ဆို႔မႈေတြကို ေျဖေလွ်ာ့ႏိုင္ေအာင္ ႀကိဳးပမ္းဖို႔လိုလားေနသူျဖစ္ပါတယ္။ ဒါေပမဲ့ အီရန္ႏိုင္ငံရဲ႕ အျမင့္ဆုံးဘာသာေရး ေခါင္းေဆာင္ အယာတိုလာ ခါေမနီဟာ ေ႐ြးေကာက္ခံသမၼတေတြရဲ႕လုပ္ပိုင္ခြင့္ေတြကို ကန႔္သတ္ ခ်ဳပ္ျခယ္ထားျခင္းေၾကာင့္ ပီဇီရွာကန္ရဲ႕ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းစဥ္ေတြဟာ ဘယ္ေလာက္ အတိုင္းတာအထိ တိုးတက္မႈရွိမလဲဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။ အီရန္ႏိုင္ငံ ကစ္ကြၽန္းမွ အသက္ ၄၅ ႏွစ္အ႐ြယ္ရွိ စီးပြားေရးသမား ဟူစိန္က “ သမၼတအသစ္ ပီဇီရွာကန္ရဲ႕ျပဳျပင္ ေျပာင္းေရး သမားတစ္ဦးျဖစ္တယ္။ ဒါေပမဲ့ အီရန္ႏိုင္ငံမွာ ဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီနဲ႔ မဟာ မိတ္ေတြဟာ သမၼတထက္ ပိုမိုလုပ္ပိုင္ခြင့္နဲ႔ ဩ ဇာပိုရွိေနတယ္။ ဒါေၾကာင့္ သမၼတအသစ္ဟာ အားနည္း ခ်က္ေတြရွိေကာင္းရွိႏိုင္တယ္” လို႔ သုံးသပ္ ေျပာဆိုခဲ့ပါတယ္။ ပီဇီရွာကန္ဟာ တျခား ႏိုင္ငံေရးသမား ေတြနဲ႔မတူဘဲ လူနည္းစုတိုင္းရင္းသား အခြင့္အေရးကို ေထာက္ခံသူျဖစ္သလို အီရန္ႏိုင္ငံရဲ႕ ႏိုင္ငံေရးနဲ႔ လူမူေရးကိစၥေတြမွာ ဘာသာေရးေခါင္းေဆာင္ေတြ ပါဝင္ စြက္ဖက္ေနတာေတြကို ေဝဖန္ျပစ္တင္ခဲ့သူ ျဖစ္ပါတယ္။ “ ကြၽန္ေတာ္တို႔ဟာ hijab ဥပေဒကို ေလးစားလိုက္နာပါတယ္။ ဒါေပမဲ့ အမ်ိဳးသမီးေတြ အေပၚ လူသားမဆန္တဲ့လုပ္ရပ္ေတြ လုပ္ေဆာင္တာမ်ိဳး ဘယ္ေတာ့မွမျဖစ္သင့္ဘူး၊ ႏိုင္ငံေရး အက်ဥ္း သားေတြဟာ ကြၽန္ေတာ္ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း မရွိေစရဘူး။ ဒါေပမဲ့ ကြၽန္ေတာ္ဟာ တစ္စုံ တစ္ခုကို လုပ္လိုေပမယ့္ လုပ္ပိုင္ခြင့္အာဏာအျပည့္အဝမရွိဘူး” လို႔ ပီဇီရွာကန္က ေျပာပါတယ္။ အီရန္ႏိုင္ငံမွာ ဩဇာအာဏာအရွိဆုံးသူဟာ ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ျဖစ္ၿပီး အျမင့္ဆုံး ဘာသာေရး ေခါင္းေဆာင္နဲ႔ အားေပးေထာက္ခံမႈ၊ ကူညီမႈရွိမွသာ အီရန္သမၼတေတြဟာ အာဏာ ဆက္ လက္တည္ၿမဲႏိုင္မယ့္အေျခေနမ်ိဳးရွိတယ္လို႔ ထင္ေၾကးေပး သုံးသပ္တာေတြလည္းရွိေနပါတယ္။ ပီဇီရွာကန္ အီရန္သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္း ႏိုင္ငံအေပၚ စီးပြားေရးပိတ္ဆို႔မႈခ်မွတ္ထားတာ ေတြ ေျဖေလွ်ာ့ႏိုင္ေအာင္ အေမရိကန္ႏိုင္ငံနဲ႔ န်ဴကလီးယား အစီအစဥ္ေတြကို ေဆြးေႏြးဖို႔ ၊ အက်င့္ပ်က္ လာဘ္စားမႈေတြ တိုက္ဖ်က္ဖို႔၊ အစိုးရအဖြဲ႕အတြင္း စီမံခန႔္ခြဲမႈ အမွားေတြကို ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္ရာမွာ အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံး ဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီကိုစည္း႐ုံးႏိုင္ဖို႔ အဓိကအေရး ႀကီးေနပါတယ္။ အီရန္ႏိုင္ငံမွာ ဩဇာအရွိဆုံးပုဂၢိဳလ္အျဖစ္သတ္မွတ္ခံထားရတဲ့ အယာတို လာခါေမနီ လက္ခံခြင့္ျပဳမွသာ ပီဇီရွာကန္ဟာ ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းေတြကို အဆင္ေျပစြာ လုပ္ကိုင္ႏိုင္မွာ ျဖစ္တယ္လို႔ သုံးသပ္ရမွာပါ။

ပီဇီရွာကန္ဟာ ပါးနပ္တဲ့ႏိုင္ငံေရးသမားတစ္ဦးျဖစ္ၿပီး အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္း ေဆာင္ျဖစ္သူ အယာတိုလာခါေမနီကို ခ်ီးက်ဴးေျပာဆိုမႈေတြနဲ႔အတူ သမၼတေ႐ြးေကာက္ပြဲမွာပါဝင္ယွဥ္ ၿပိဳင္ခြင့္ရေအာင္ ႀကိဳးပမ္းခဲ့သူျဖစ္တယ္လို႔ ေဝဖန္မႈေတြလည္းရွိေနပါတယ္။ ပီဇီရွာကန္ဟာ အီရန္ႏိုင္ငံရဲ႕ အျမင့္ဆုံး ဘာသာေရးေခါင္းေဆာင္ျဖစ္သူ အယာတို လာခါေမနီရဲ႕ကူညီေထာက္ပံ့ေပးမႈမရွိဘဲ ေအာင္ ျမင္မႈေတြရရွိမွာမဟုတ္သလို အယာတိုလာခါေမနီရဲ႕ လမ္းၫႊန္မႈေတြကိုခ်ီးက်ဴးမိေၾကာင္း ေျပာဆိုခဲ့ဖူးပါ တယ္။ အီရန္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ စီးပြားေရး က်ဆင္းေနသလို အစၥေရးႏိုင္ငံနဲ႔လည္း စစ္ေရးတင္း မာမႈေတြရွိေနရာ ပီဇီရွာကန္ဟာ သမၼတအျဖစ္တာဝန္ယူခ်ိန္မွာ အဲဒီကိစၥေတြကို အဓိကထားကိုင္တြယ္ ေျဖရွင္းရဖြယ္ရွိေနပါတယ္။ အီရန္ သမၼတအျဖစ္ တာဝန္ယူခ်ိန္မွာ န်ဴကလီးယား အစီအစဥ္ေတြကို ျပန္ လည္ ေဆြးေႏြးႏိုင္ဖို႔ႀကိဳးပမ္းရမွာျဖစ္သလို တျခားတစ္ဖက္မွာ အျမင့္ဆုံးဘာသာေရး ေခါင္းေဆာင္ အယာတိုလာခါေမနီကို သစၥာရွိေၾကာင္း ျပသဖို႔လည္းလိုအပ္ေနပါတယ္။ ပီဇီရွာကန္က “ ပူးေပါင္း ေဆာင္႐ြက္မႈ၊ ကိုယ္ခ်င္းစာတရားနဲ႔ ယုံၾကည္မႈမရွိရင္ ခက္ခဲတဲ့ေရွ႕ခရီးက ေခ်ာေမြ႕ႏိုင္မွာမဟုတ္ဘူး။ ကြၽန္ေတာ္တို႔ဟာ လက္ခ်င္းခ်ိတ္ၿပီး ဂုဏ္ယူစြာနဲ႔ ေရွ႕ကိုခ်ီတက္ရမွာပါ၊ ဒီျပဳျပင္ေျပာင္းလဲေရးလုပ္ငန္း စဥ္ေတြကို ကြၽန္ေတာ္တစ္ဦးတည္း လုပ္ေဆာင္ႏိုင္မွာ မဟုတ္ဘူး၊ ကြၽန္ေတာ္တစ္ဦးတည္းမလုပ္ဘဲ အားလုံးပူးေပါင္းေဆာင္႐ြက္ေပးပါ။ ကြၽန္ေတာ္က အဓိကက်တဲ့သူပါ၊ ျပဳျပင္ေျပာင္းလဲေရးရွာေနတဲ့ ဒီအေျခခံမူေတြအတြက္ပါ” လို႔ေျပာပါတယ္။ လက္ရွိအခ်ိန္မွာ စီးပြားေရးအက်ပ္အတည္းကို ရင္ဆိုင္ေန ရတဲ့အီရန္ျပည္သူေတြဟာ သမၼတအသစ္က ၎တို႔ရဲ႕ လူမူဘဝေတြနဲ႔ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးကို ဘယ္ ေလာက္အထိ စြမ္းေဆာင္ေပးႏိုင္မလဲဆိုတာ စိတ္ဝင္စားေနၿပီျဖစ္ပါတယ္။

Related news

© 2021. All rights reserved.