ပြည်လမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးဟောင်း စီမံကိန်းကိစ္စ နိုင်ငံတော်နစ်နာဆုံးရှုံးနေ

 2110

အေဝိုင်အီး (NP News) - ဇူလိုင် ၂၄

ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းနှင့် သံတမန် လမ်းထောင့်ရှိ ယခင်နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်းကို (၁၈)ထပ်ပါဝင်သည့် စီးပွားရေးစင်တာကြီးတစ်ခု တည်ဆောက်မည်ဟု နိုင်ငံတော်ထံမှ လုပ်ပိုင်ခွင့်ရယူခဲ့သောကုမ္ပဏီလုပ်ငန်းစဉ်မှာ (၁၀)နှစ်ကျော်လာသော်လည်း မည်သည့်အရိပ်အ ယောင်မှမရှိသည့်အပြင် လုပ်ပိုင်ခွင့်ရကုမ္ပဏီကို မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်ခိုင်းစေထားမှန်း တိတိကျကျ ထွက်ပေါ်လာခြင်းမရှိကြောင်း စုံစမ်းသိရှိသည်။

နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အအုံများကို ပုဂ္ဂလိကလုပ်ငန်းရှင်များက ခေါင်းစဉ်အမျိုးမျိုးဖြင့် လုပ်ပိုင်ခွင့်များရယူထားမှုတွင် နှစ်ဦးနှစ်ဖက်အကျိုးရှိ အောင်မြင်သောလုပ်ငန်းစဉ်များရှိသကဲ့သို့ နိုင်ငံ တော်က နစ်နာနေသည့်တိုင် မည်သည့်အရေးယူမှုမှ မလုပ်နိုင်သောလုပ်ငန်းစဉ်များ ရှိနေ သည်။ ယခင် နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးဟောင်း၏ တိုးတက်မှုမရှိခြင်းအကြောင်းအရင်းက အဓိကသက်သေပြ ယုဂ်တစ်ခုလည်း ဖြစ်လာသည်။ " မှတ်မိသလောက် ၂၀၁၁-၁၂ လောက်မှာ လုပ်ငန်းရှင်တစ်ဖွဲ့က သတင်း ထောက်တွေကို အဲဒီဝင်းထဲကို ခေါ်ပြခဲ့သေးတယ်။ သူတို့ ဘာတွေလုပ်မယ်ဆိုတာမျိုးပေါ့။ အခုဆို (၁၃)နှစ်လောက်ရှိပြီ။ ဘာမှထူးခြားတဲ့ အရိပ်အ ယောင်မရှိဘဲ ရပ်နေတယ်။ အခုမှပဲ ပြန်သတိရတယ်"ဟု အဆိုပါစီမံကိန်းအတွင်းသို့ ကိုယ်တိုင်ရောက်ရှိခဲ့သူ ဝါရင့်သတင်းထောက်တစ်ဦး က NP News ကို ပြောသည်။ အဆိုပါ တန်ဖိုးကြီးမားလွန်းလှသော နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အအုံကြီးကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက မြန်မာ နိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC)၏ ခွင့်ပြုချက်ဖြင့် Youth Force Hotel ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားခဲ့ခြင်းဖြစ်ပြီး BOT စနစ်ဖြင့်June XI Business Center & Service Apartment အဖြစ် အသွင်ပြောင်းအဆင့်မြှင့်သွား မည်ဟု အသိပေးထားသည်။ ထိုစဉ်ခေတ်ကာလငွေ ကြေးတန်ဖိုး ဒေါ်လာ (၅ ဒသမ ၅) သန်း မတည် ရင်းနှီးမြှုပ်နှံသွားမည်ဟု ဖော်ပြထားပြီး ကုမ္ပဏီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က MIC စည်းကမ်း အတိုင်း စာချုပ်ချုပ်ဆိုခဲ့ကြခြင်း ဖြစ်သည်။ စာချုပ်ပါ စည်းကမ်းများအရ (၇၄၅၅၀)စတုရန်းပေ (နှစ်ဧက နီးပါး)ပေါ်ရှိ မူလရှိရင်းစွဲအဆောက်အအုံကို ထိခိုက်ဆုံးရှုံးစေခြင်းမရှိဘဲ ရှေးမှုမပျက်ပြင်ဆင်မွမ်း မံ၍ အတွင်းမြေလွတ်နေရာ၌ (၁၈)ထပ်ပါရှိသော အဆောက်အအုံအသစ် ဆောက်လုပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြေငှားရမ်းခအတွက် နိုင်ငံတော်သို့ နှစ်စဉ်ဒေါ်လာ(၁၂၅၁၈၆) ပေးဆောင်ရမည်ဖြစ်ပြီး လုပ်ပိုင်ခွင့်ရခဲ့သည့်ကာလမှာ နှစ်ပေါင်း(၅၀) ဖြစ် ကြောင်း သိရသည်။ စာချုပ်ပါ စည်းကမ်းတစ်ခုတွင် လည်း ပြုပြင်ထိန်းသိမ်းခြင်းနှင့် အဆောက်အအုံ အသစ် ဆောက်လုပ်ခြင်းဆိုင်ရာစီမံချက်များကို သုံးနှစ်အတွင်း အပြီးအကောင်အထည်ဖော်ရမည်ဖြစ်ပြီး သုံးနှစ်ပြည့်ပြီးသည့် နောက် လုပ်ငန်းစတင်ဖွင့် လှစ်နိုင်သည်ဖြစ်စေ မဖွင့်လှစ်နိုင်သည်ဖြစ်စေ စာချုပ်ပါအတိုင်း ငှားရမ်းခများကို ပေးချေရမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်စေရေးအတွက် ဘဏ်အာမခံငွေ အဖြစ် ထိုစဉ်က ကျပ်သိန်း(၅၀ဝ)ကို နိုင်ငံတော်အသိအမှတ်ပြုဘဏ်တစ်ခုခုသို့ စပေါ်ငွေအဖြစ် ပေးသွင်း ထားရမည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း သုံးနှစ်ပြည့်သည်အထိ လုပ်ငန်းစဉ်အောင်မြင်ပြီးမြောက် ခြင်းမရှိလျှင် နိုင်ငံတော်က ပြန်လည်သိမ်းယူခြင်း သို့မဟုတ် ခေါ်ယူစစ်ဆေးမေးမြန်းအဖြေထုတ်ခြင်း လုပ်မလုပ်ကိုမူ တိတိပပမတွေ့ရပေ။ "ကြားမိ သလောက်ကတော့ ကုမ္ပဏီက ပြဿနာတက် နေတယ်တဲ့။ အမှုဖြစ်နေတယ်ပေါ့။ သူတို့ ဖြစ်တာ မဖြစ်တာ မသိပေမယ့် နိုင်ငံတော်ကျတော့ နစ်နာ တာပေါ့။ ပြည်လမ်းမကြီးပေါ်က မြေလည်းဖြစ်တယ်။ ဗိသုကာလက်ရာကောင်းတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်းလည်းဖြစ်တယ်။ ဒါမျိုးကို မလုပ်နိုင်မကိုင်နိုင်ဖြစ်ရင် နိုင်ငံတော်က ပြန်လည်စစ်ဆေးဖို့ လိုတာပေါ့။ (၁၃)နှစ်ရှိပြီဆိုတော့ တော်တော်လေးကို နိုင်ငံတော်နစ်နာတာဗျ"ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

Youth Force Hotel ကုမ္ပဏီက လုပ်ပိုင်ခွင့်ရယူထားသော အဆိုပါမြေနှင့် အဆောက်အအုံအနီးတွင် ရုရှားသံရုံး၊ တော်ဝင်စင်တာ၊ စိန်ဂေဟာနှင့် အခြားသော အဆင့်မြင့်အဆောက်အအုံများစွာတည်ရှိနေပြီး ခေတ်ကာလပေါက်ဈေးတန်ဖိုးအားဖြင့် ဒေါ်လာသန်းပေါင်းများစွာ တန်နေပြီဖြစ်ကြောင်း လည်း ၎င်းကထောက်ပြသည်။ ၎င်းတို့အနေဖြင့် အဆိုပါမြေမျိုးကို ရယူလုပ်ကိုင်နိုင်သည့်အနေအထားမျိုးမရှိသကဲ့သို့ ၂၀၁၁ ခုနှစ်က လုပ်ပိုင်ခွင့်များ ရယူမှုမျိုးတွင်ပါဝင်သော ကုမ္ပဏီများထဲ၌ အနားပင်ကပ်နိုင်မည်မဟုတ်ကြောင်း ဆိုသည်။

"ဒီအဆောက်အအုံကို ဦးစိုးသိန်းလက်ထက်က တင်ဒါပေးခဲ့တာလို့ သတင်းတွေမှာ အတည်ပြုလို့ရတယ်။ ဒီလိုမြေနဲ့အဆောက်အအုံမျိုးကို လုပ်နိုင် ကိုင်နိုင်ရှိသူ လက်ထဲကိုပဲ နိုင်ငံတော်က ပေးသင့်တာ။ အဲဒီတုန်းက ကုမ္ပဏီက လုပ်နိုင်မယ်လို့ ထင်ခဲ့ကြရင် ထင်ခဲ့ကြမှာပေါ့။ အခုကျတော့ ဘယ်သူမှ အကျိုးမရှိတာကို ဘယ်သူက တာဝန်ယူကြမတုံး"ဟု လုပ်ငန်းရှင်က သုံးသပ်ပြောကြားသည်။

ယခင် အစိုးရများအဆက်ဆက်က နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများကို လုပ်ငန်းရှင်အသီးသီးက မောင်ပိုင်စီး ရယူမှုများရှိခဲ့ပြီး ထိုစဉ်တင်ဒါရွေးချယ် ရေးတာဝန်ရှိသူများသည်လည်း ပြုံးရွှင်ချမ်းမြေ့ ကြလေ့ရှိသည်ဟု ဆိုနိုင်သည်။ ဦးသန်းရွှေလက်ထက်မှ ဒေါ်အောင်ဆန်းစုကြည်လက်ထက်အထိ နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အအုံပေါင်း(၁၀ဝဝ)ထက်မနည်းကို တင်ဒါစနစ်ဖြင့် ရောင်းချခြင်း၊ ငှားရမ်းပေးခြင်း၊ နှစ်ရှည် BOTလုပ်ခွင့်ပြုခြင်း အပါအဝင် အောင်မြင်ခဲ့သော အဆောက်အအုံအသစ် များစွာကို ရန်ကုန်၊ မန္တလေး အစရှိသောမြို့ကြီးများတွင် မြင်တွေ့လာရသည်။ သို့သော်လည်း တင်ဒါရခဲ့ကြသူ များထဲမှ အချို့မှာမူ အမှန်တကယ်လုပ်နိုင်ခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ရယူ၍ နိုင်ငံတော်အား နစ်နာမှု ဖြစ်စေခဲ့ခြင်းများလည်း ရှိနေသည်။ MIC မှတ်တမ်း အရ ပြည်လမ်းနှင့် သံတမန်လမ်းထောင့်ရှိ အဆိုပါအဆောက်အအုံစီမံကိန်းကိစ္စအတွက် လုပ်ပိုင်ခွင့် ရသော ကုမ္ပဏီ၏ ထိုစဉ်က လိပ်စာနှင့် လုပ်ငန်းရှင် ဖော်ပြချက်များတွင် ဦးတင်ထွန်းအောင်ဟူ၍ လည်း ကောင်း၊ အမှတ်(၂၇၂) ၊ အခန်း (၉၀၁)၊ ဓနလှိုင် တာဝါ၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်ဟူ၍လည်း ကောင်း၊ နေရပ်လိပ်စာကို အမှတ်(၆၄/ဈ) ကျိုက်ဝိုင်းဘုရားလမ်း၊ (၆)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်ဟူ၍လည်းကောင်း ထည့်သွင်းဖော်ပြထား သည်ကို တွေ့ရသည်။ သက်ဆိုင်ရာဝန်ကြီးဌာနတို့ထံ ဆက်သွယ်မေးမြန်းမှု၌လည်း ရှင်းလင်းတိကျသောအဖြေမျိုးမရသည့်အပြင် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ထားသည်ဆိုသည်ကိုလည်း တိတိပပသိရှိထားကြခြင်းမရှိကြောင်း သိရသည်။

zawgyi version
ျပည္လမ္းရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ႐ုံးေဟာင္း စီမံကိန္းကိစၥ ႏိုင္ငံေတာ္နစ္နာဆုံးရႈံးေန
ေအဝိုင္အီး (NP News) - ဇူလိုင္ ၂၄

ရန္ကုန္ၿမိဳ႕ ဒဂုံၿမိဳ႕နယ္ ျပည္လမ္းႏွင့္ သံတမန္ လမ္းေထာင့္ရွိ ယခင္ႏိုင္ငံျခားေရးဝန္ႀကီး႐ုံးေဟာင္းကို (၁၈)ထပ္ပါဝင္သည့္ စီးပြားေရးစင္တာႀကီးတစ္ခု တည္ေဆာက္မည္ဟု ႏိုင္ငံေတာ္ထံမွ လုပ္ပိုင္ခြင့္ရယူခဲ့ေသာကုမၸဏီလုပ္ငန္းစဥ္မွာ (၁၀)ႏွစ္ေက်ာ္လာေသာ္လည္း မည္သည့္အရိပ္အ ေယာင္မွမရွိသည့္အျပင္ လုပ္ပိုင္ခြင့္ရကုမၸဏီကို မည္ကဲ့သို႔ ဆက္လက္လုပ္ေဆာင္ခိုင္းေစထားမွန္း တိတိက်က် ထြက္ေပၚလာျခင္းမရွိေၾကာင္း စုံစမ္းသိရွိသည္။

ႏိုင္ငံေတာ္ပိုင္ေျမႏွင့္ အေဆာက္အအုံမ်ားကို ပုဂၢလိကလုပ္ငန္းရွင္မ်ားက ေခါင္းစဥ္အမ်ိဳးမ်ိဳးျဖင့္ လုပ္ပိုင္ခြင့္မ်ားရယူထားမႈတြင္ ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိ ေအာင္ျမင္ေသာလုပ္ငန္းစဥ္မ်ားရွိသကဲ့သို႔ ႏိုင္ငံ ေတာ္က နစ္နာေနသည့္တိုင္ မည္သည့္အေရးယူမႈမွ မလုပ္ႏိုင္ေသာလုပ္ငန္းစဥ္မ်ား ရွိေန သည္။ ယခင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ႐ုံးေဟာင္း၏ တိုးတက္မႈမရွိျခင္းအေၾကာင္းအရင္းက အဓိကသက္ေသျပ ယုဂ္တစ္ခုလည္း ျဖစ္လာသည္။ " မွတ္မိသေလာက္ ၂၀၁၁-၁၂ ေလာက္မွာ လုပ္ငန္းရွင္တစ္ဖြဲ႕က သတင္း ေထာက္ေတြကို အဲဒီဝင္းထဲကို ေခၚျပခဲ့ေသးတယ္။ သူတို႔ ဘာေတြလုပ္မယ္ဆိုတာမ်ိဳးေပါ့။ အခုဆို (၁၃)ႏွစ္ေလာက္ရွိၿပီ။ ဘာမွထူးျခားတဲ့ အရိပ္အ ေယာင္မရွိဘဲ ရပ္ေနတယ္။ အခုမွပဲ ျပန္သတိရတယ္"ဟု အဆိုပါစီမံကိန္းအတြင္းသို႔ ကိုယ္တိုင္ေရာက္ရွိခဲ့သူ ဝါရင့္သတင္းေထာက္တစ္ဦး က NP News ကို ေျပာသည္။ အဆိုပါ တန္ဖိုးႀကီးမားလြန္းလွေသာ ႏိုင္ငံေတာ္ပိုင္ေျမႏွင့္ အေဆာက္အအုံႀကီးကို ၂၀၁၁ ခုႏွစ္ ႏိုဝင္ဘာလအတြင္းက ျမန္မာ ႏိုင္ငံရင္းႏွီးျမဳပ္ႏွံမႈေကာ္မရွင္ (MIC)၏ ခြင့္ျပဳခ်က္ျဖင့္ Youth Force Hotel ကုမၸဏီက လုပ္ပိုင္ခြင့္ရထားခဲ့ျခင္းျဖစ္ၿပီး BOT စနစ္ျဖင့္June XI Business Center & Service Apartment အျဖစ္ အသြင္ေျပာင္းအဆင့္ျမႇင့္သြား မည္ဟု အသိေပးထားသည္။ ထိုစဥ္ေခတ္ကာလေငြ ေၾကးတန္ဖိုး ေဒၚလာ (၅ ဒသမ ၅) သန္း မတည္ ရင္းႏွီးျမႇဳပ္ႏွံသြားမည္ဟု ေဖာ္ျပထားၿပီး ကုမၸဏီႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔က MIC စည္းကမ္း အတိုင္း စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၾကျခင္း ျဖစ္သည္။ စာခ်ဳပ္ပါ စည္းကမ္းမ်ားအရ (၇၄၅၅၀)စတုရန္းေပ (ႏွစ္ဧက နီးပါး)ေပၚရွိ မူလရွိရင္းစြဲအေဆာက္အအုံကို ထိခိုက္ဆုံးရႈံးေစျခင္းမရွိဘဲ ေရွးမႈမပ်က္ျပင္ဆင္မြမ္း မံ၍ အတြင္းေျမလြတ္ေနရာ၌ (၁၈)ထပ္ပါရွိေသာ အေဆာက္အအုံအသစ္ ေဆာက္လုပ္မည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ေျမငွားရမ္းခအတြက္ ႏိုင္ငံေတာ္သို႔ ႏွစ္စဥ္ေဒၚလာ(၁၂၅၁၈၆) ေပးေဆာင္ရမည္ျဖစ္ၿပီး လုပ္ပိုင္ခြင့္ရခဲ့သည့္ကာလမွာ ႏွစ္ေပါင္း(၅၀) ျဖစ္ ေၾကာင္း သိရသည္။ စာခ်ဳပ္ပါ စည္းကမ္းတစ္ခုတြင္ လည္း ျပဳျပင္ထိန္းသိမ္းျခင္းႏွင့္ အေဆာက္အအုံ အသစ္ ေဆာက္လုပ္ျခင္းဆိုင္ရာစီမံခ်က္မ်ားကို သုံးႏွစ္အတြင္း အၿပီးအေကာင္အထည္ေဖာ္ရမည္ျဖစ္ၿပီး သုံးႏွစ္ျပည့္ၿပီးသည့္ ေနာက္ လုပ္ငန္းစတင္ဖြင့္ လွစ္ႏိုင္သည္ျဖစ္ေစ မဖြင့္လွစ္ႏိုင္သည္ျဖစ္ေစ စာခ်ဳပ္ပါအတိုင္း ငွားရမ္းခမ်ားကို ေပးေခ်ရမည္ျဖစ္ေၾကာင္း၊ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား သတ္မွတ္ခ်ိန္အတြင္း ၿပီးစီးႏိုင္ေစေရးအတြက္ ဘဏ္အာမခံေငြ အျဖစ္ ထိုစဥ္က က်ပ္သိန္း(၅၀ဝ)ကို ႏိုင္ငံေတာ္အသိအမွတ္ျပဳဘဏ္တစ္ခုခုသို႔ စေပၚေငြအျဖစ္ ေပးသြင္း ထားရမည္ျဖစ္ေၾကာင္း သိရသည္။

သို႔ေသာ္လည္း သုံးႏွစ္ျပည့္သည္အထိ လုပ္ငန္းစဥ္ေအာင္ျမင္ၿပီးေျမာက္ ျခင္းမရွိလွ်င္ ႏိုင္ငံေတာ္က ျပန္လည္သိမ္းယူျခင္း သို႔မဟုတ္ ေခၚယူစစ္ေဆးေမးျမန္းအေျဖထုတ္ျခင္း လုပ္မလုပ္ကိုမူ တိတိပပမေတြ႕ရေပ။ "ၾကားမိ သေလာက္ကေတာ့ ကုမၸဏီက ျပႆနာတက္ ေနတယ္တဲ့။ အမႈျဖစ္ေနတယ္ေပါ့။ သူတို႔ ျဖစ္တာ မျဖစ္တာ မသိေပမယ့္ ႏိုင္ငံေတာ္က်ေတာ့ နစ္နာ တာေပါ့။ ျပည္လမ္းမႀကီးေပၚက ေျမလည္းျဖစ္တယ္။ ဗိသုကာလက္ရာေကာင္းေတြနဲ႔ တည္ေဆာက္ထားတဲ့ ႏိုင္ငံျခားေရးဝန္ႀကီး႐ုံးေဟာင္းလည္းျဖစ္တယ္။ ဒါမ်ိဳးကို မလုပ္ႏိုင္မကိုင္ႏိုင္ျဖစ္ရင္ ႏိုင္ငံေတာ္က ျပန္လည္စစ္ေဆးဖို႔ လိုတာေပါ့။ (၁၃)ႏွစ္ရွိၿပီဆိုေတာ့ ေတာ္ေတာ္ေလးကို ႏိုင္ငံေတာ္နစ္နာတာဗ်"ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက သုံးသပ္ေျပာၾကားသည္။

Youth Force Hotel ကုမၸဏီက လုပ္ပိုင္ခြင့္ရယူထားေသာ အဆိုပါေျမႏွင့္ အေဆာက္အအုံအနီးတြင္ ႐ုရွားသံ႐ုံး၊ ေတာ္ဝင္စင္တာ၊ စိန္ေဂဟာႏွင့္ အျခားေသာ အဆင့္ျမင့္အေဆာက္အအုံမ်ားစြာတည္ရွိေနၿပီး ေခတ္ကာလေပါက္ေဈးတန္ဖိုးအားျဖင့္ ေဒၚလာသန္းေပါင္းမ်ားစြာ တန္ေနၿပီျဖစ္ေၾကာင္း လည္း ၎ကေထာက္ျပသည္။ ၎တို႔အေနျဖင့္ အဆိုပါေျမမ်ိဳးကို ရယူလုပ္ကိုင္ႏိုင္သည့္အေနအထားမ်ိဳးမရွိသကဲ့သို႔ ၂၀၁၁ ခုႏွစ္က လုပ္ပိုင္ခြင့္မ်ား ရယူမႈမ်ိဳးတြင္ပါဝင္ေသာ ကုမၸဏီမ်ားထဲ၌ အနားပင္ကပ္ႏိုင္မည္မဟုတ္ေၾကာင္း ဆိုသည္။

"ဒီအေဆာက္အအုံကို ဦးစိုးသိန္းလက္ထက္က တင္ဒါေပးခဲ့တာလို႔ သတင္းေတြမွာ အတည္ျပဳလို႔ရတယ္။ ဒီလိုေျမနဲ႔အေဆာက္အအုံမ်ိဳးကို လုပ္ႏိုင္ ကိုင္ႏိုင္ရွိသူ လက္ထဲကိုပဲ ႏိုင္ငံေတာ္က ေပးသင့္တာ။ အဲဒီတုန္းက ကုမၸဏီက လုပ္ႏိုင္မယ္လို႔ ထင္ခဲ့ၾကရင္ ထင္ခဲ့ၾကမွာေပါ့။ အခုက်ေတာ့ ဘယ္သူမွ အက်ိဳးမရွိတာကို ဘယ္သူက တာဝန္ယူၾကမတုံး"ဟု လုပ္ငန္းရွင္က သုံးသပ္ေျပာၾကားသည္။

ယခင္ အစိုးရမ်ားအဆက္ဆက္က ႏိုင္ငံပိုင္ေျမႏွင့္ အေဆာက္အအုံမ်ားကို လုပ္ငန္းရွင္အသီးသီးက ေမာင္ပိုင္စီး ရယူမႈမ်ားရွိခဲ့ၿပီး ထိုစဥ္တင္ဒါေ႐ြးခ်ယ္ ေရးတာဝန္ရွိသူမ်ားသည္လည္း ၿပဳံး႐ႊင္ခ်မ္းေျမ့ ၾကေလ့ရွိသည္ဟု ဆိုႏိုင္သည္။ ဦးသန္းေ႐ႊလက္ထက္မွ ေဒၚေအာင္ဆန္းစုၾကည္လက္ထက္အထိ ႏိုင္ငံေတာ္ပိုင္ေျမႏွင့္ အေဆာက္အအုံေပါင္း(၁၀ဝဝ)ထက္မနည္းကို တင္ဒါစနစ္ျဖင့္ ေရာင္းခ်ျခင္း၊ ငွားရမ္းေပးျခင္း၊ ႏွစ္ရွည္ BOTလုပ္ခြင့္ျပဳျခင္း အပါအဝင္ ေအာင္ျမင္ခဲ့ေသာ အေဆာက္အအုံအသစ္ မ်ားစြာကို ရန္ကုန္၊ မႏၲေလး အစရွိေသာၿမိဳ႕ႀကီးမ်ားတြင္ ျမင္ေတြ႕လာရသည္။ သို႔ေသာ္လည္း တင္ဒါရခဲ့ၾကသူ မ်ားထဲမွ အခ်ိဳ႕မွာမူ အမွန္တကယ္လုပ္ႏိုင္ျခင္းမရွိဘဲ ရည္႐ြယ္ခ်က္ရွိရွိ ရယူ၍ ႏိုင္ငံေတာ္အား နစ္နာမႈ ျဖစ္ေစခဲ့ျခင္းမ်ားလည္း ရွိေနသည္။ MIC မွတ္တမ္း အရ ျပည္လမ္းႏွင့္ သံတမန္လမ္းေထာင့္ရွိ အဆိုပါအေဆာက္အအုံစီမံကိန္းကိစၥအတြက္ လုပ္ပိုင္ခြင့္ ရေသာ ကုမၸဏီ၏ ထိုစဥ္က လိပ္စာႏွင့္ လုပ္ငန္းရွင္ ေဖာ္ျပခ်က္မ်ားတြင္ ဦးတင္ထြန္းေအာင္ဟူ၍ လည္း ေကာင္း၊ အမွတ္(၂၇၂) ၊ အခန္း (၉၀၁)၊ ဓနလႈိင္ တာဝါ၊ ေျမနီကုန္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္ဟူ၍လည္း ေကာင္း၊ ေနရပ္လိပ္စာကို အမွတ္(၆၄/ဈ) က်ိဳက္ဝိုင္းဘုရားလမ္း၊ (၆)ရပ္ကြက္၊ မရမ္းကုန္းၿမိဳ႕နယ္ဟူ၍လည္းေကာင္း ထည့္သြင္းေဖာ္ျပထား သည္ကို ေတြ႕ရသည္။ သက္ဆိုင္ရာဝန္ႀကီးဌာနတို႔ထံ ဆက္သြယ္ေမးျမန္းမႈ၌လည္း ရွင္းလင္းတိက်ေသာအေျဖမ်ိဳးမရသည့္အျပင္ မည္ကဲ့သို႔ ဆက္လက္ေဆာင္႐ြက္ထားသည္ဆိုသည္ကိုလည္း တိတိပပသိရွိထားၾကျခင္းမရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.