ဖိလစ်ပိုင်အစိုးရရဲ့လုပ်ရပ်တွေကို တရုတ်အစိုးရ သတိပေး

 1947

ဂျန်ဇက် (NP News) - ဇူလိုင် ၂၇

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အမေရိကန်နိုင်ငံထုတ် တာလတ်ပစ်ဒုံးကျည်များဖြန့်ကြက်ချထားခြင်းနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံကို သတိပေးပြောဆိုလိုက်ကြောင်းသိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ လာအိုနိုင်ငံမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်လာချိန်အတွင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကို သတိပေးပြောဆိုခဲ့တာဖြစ်ကြောင်းသိရပါတယ်။ အမေရိကန်နိုင်ငံဟာ ဒီနှစ်အစောပိုင်းက ကျင်းပတဲ့ စစ်ရေးလေ့ကျင့်ခန်းအစီအ စဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်းအမည်ရှိ ဒုံးကျည်တွေကို ဖြန့်ကြက်ချထားခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖိလစ်ပိုင်နဲ့ အမေရိကန်နိုင်ငံတို့ ပူးတွဲပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်အတွင်း အဆိုပါဒုံးကျည်ကို ပစ်ခတ်ခြင်းမျိုးမရှိခဲ့သလို ဖိလစ်ပိုင်နိုင်ငံမှာ အချိန်ဘယ်လောက်ကြာဖြန့်ကြက်ချထားမယ်ဆိုတဲ့အချက်ကို ဖိလစ်ပိုင်ဘက်က သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။ တရုတ်အစိုးရက အဲဒီဒုံးကျည်တွေချထားခြင်းဟာ ဒေသအတွင်းတင်းမာမှုများဖြစ်လာစေသလို စစ်လက်နက်ပြိုင်ဆိုင်မှုတွေပိုမိုဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံကြားဆက်ဆံရေးဟာ တောင်တရုတ်ပင်လယ်အ ရေးနဲ့ပတ်သက်ပြီး လမ်းဆုံလမ်းခွကို ရောက်ရှိနေပြီး အငြင်းပွားမှုများမြင့်တက်နေရာ ဖြေလျော့နိုင်ဖို့ ကြိုးပမ်းနေရကြောင်း သိရပါတယ်။ ဖိလစ်ပိုင် ကတိတွေကို ချိုးဖောက်သလို နှစ်နိုင်ငံကြားနားလည်မှုတွေကို ချိုးဖောက်ခဲ့ရာ ဖိလစ်ပိုင်နဲ့တရုတ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးက စိန်ခေါ်မှုများရှိလာနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ ၎င်းက "ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်နိုင်ငံထုတ် တာလတ်ပစ်ဒုံးကျည်တွေကိုဖြန့်ကြတ်ချထားခဲ့တယ်။ အဲဒီလုပ်ရပ်ကဒေသအတွင်းမှာထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်လာစေတယ်။လက်နက်အားပြိုင်မှုတွေလည်းဖြစ်လာစေတယ်"လို့ပြောပါတယ်။

zawgyi version
ဖိလစ္ပိုင္အစိုးရရဲ႕လုပ္ရပ္ေတြကို တ႐ုတ္အစိုးရ သတိေပး
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၇

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိဟာ အေမရိကန္ႏိုင္ငံထုတ္ တာလတ္ပစ္ဒုံးက်ည္မ်ားျဖန႔္ၾကက္ခ်ထားျခင္းနဲ႔ပတ္သက္ၿပီး ဖိလစ္ပိုင္ႏိုင္ငံကို သတိေပးေျပာဆိုလိုက္ေၾကာင္းသိရပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဟာ လာအိုႏိုင္ငံမွာက်င္းပတဲ့ အာဆီယံႏိုင္ငံျခား ေရးဝန္ႀကီးမ်ားအစည္းအေဝးကို တက္ေရာက္လာခ်ိန္အတြင္း ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးကို သတိေပးေျပာဆိုခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။ အေမရိကန္ႏိုင္ငံဟာ ဒီႏွစ္အေစာပိုင္းက က်င္းပတဲ့ စစ္ေရးေလ့က်င့္ခန္းအစီအ စဥ္အတြင္း ဖိလစ္ပိုင္ႏိုင္ငံမွာ တိုင္ဖြန္းအမည္ရွိ ဒုံးက်ည္ေတြကို ျဖန႔္ၾကက္ခ်ထားခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါဖိလစ္ပိုင္နဲ႔ အေမရိကန္ႏိုင္ငံတို႔ ပူးတြဲျပဳလုပ္တဲ့ စစ္ေရးေလ့က်င့္ခန္းအစီအစဥ္အတြင္း အဆိုပါဒုံးက်ည္ကို ပစ္ခတ္ျခင္းမ်ိဳးမရွိခဲ့သလို ဖိလစ္ပိုင္ႏိုင္ငံမွာ အခ်ိန္ဘယ္ေလာက္ၾကာျဖန႔္ၾကက္ခ်ထားမယ္ဆိုတဲ့အခ်က္ကို ဖိလစ္ပိုင္ဘက္က သတင္းထုတ္ျပန္ျခင္းမရွိပါဘူး။ တ႐ုတ္အစိုးရက အဲဒီဒုံးက်ည္ေတြခ်ထားျခင္းဟာ ေဒသအတြင္းတင္းမာမႈမ်ားျဖစ္လာေစသလို စစ္လက္နက္ၿပိဳင္ဆိုင္မႈေတြပိုမိုျဖစ္လာႏိုင္ဖြယ္ရွိတယ္လို႔ ဆိုပါတယ္။

တ႐ုတ္နဲ႔ ဖိလစ္ပိုင္ႏိုင္ငံၾကားဆက္ဆံေရးဟာ ေတာင္တ႐ုတ္ပင္လယ္အ ေရးနဲ႔ပတ္သက္ၿပီး လမ္းဆုံလမ္းခြကို ေရာက္ရွိေနၿပီး အျငင္းပြားမႈမ်ားျမင့္တက္ေနရာ ေျဖေလ်ာ့ႏိုင္ဖို႔ ႀကိဳးပမ္းေနရေၾကာင္း သိရပါတယ္။ ဖိလစ္ပိုင္ ကတိေတြကို ခ်ိဳးေဖာက္သလို ႏွစ္ႏိုင္ငံၾကားနားလည္မႈေတြကို ခ်ိဳးေဖာက္ခဲ့ရာ ဖိလစ္ပိုင္နဲ႔တ႐ုတ္ႏိုင္ငံၾကား အျပန္အလွန္ဆက္ဆံေရးက စိန္ေခၚမႈမ်ားရွိလာေနေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးကေျပာပါတယ္။ ၎က "ဖိလစ္ပိုင္ႏိုင္ငံဟာ အေမရိကန္ႏိုင္ငံထုတ္ တာလတ္ပစ္ဒုံးက်ည္ေတြကိုျဖန႔္ၾကတ္ခ်ထားခဲ့တယ္။ အဲဒီလုပ္ရပ္ကေဒသအတြင္းမွာထိပ္တိုက္ေတြ႕ဆုံမႈေတြျဖစ္လာေစတယ္။လက္နက္အားၿပိဳင္မႈေတြလည္းျဖစ္လာေစတယ္"လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.