အိန္ဒိယက အမေရိကန်နိုင်ငံရဲ့မဟာမိတ်နိုင်ငံဘယ်တော့မှဖြစ်လာဖွယ်မရှိဟု အမေရိကန်အစိုးရပြော
3174
ဂျန်ဇက် (NP News) - ဩဂုတ် ၁
အိန္ဒိယနိုင်ငံဟာ ဂရိတ်ပါဝါနိုင်ငံဖြစ်ပေမယ့် အမေရိကန်နိုင်ငံရဲ့မိတ်ဖက်၊ မဟာမိတ်အဖြစ် ဘယ်တော့မှဖြစ်လာမှာမဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကုတ်ကမ်းဘဲလ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒါပေမဲ့ အမေရိကန်နိုင်ငံဟာ အိန္ဒိယနိုင်ငံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေး ထိန်း သိမ်းနိုင်ရေးဟာ မဟာဗျူဟာမြောက်အရေးကြီးကြောင်း ၎င်းကထပ်မံပြောဆိုခဲ့ပါတယ်။ ကမ်းဘဲလ်က "အိန္ဒိယနိုင်ငံဟာ အမေရိကန်နိုင်ငံအတွက် အပြန်အလှန်ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းဖို့ အရေးကြီးနေပါတယ်။ အိန္ဒိယနိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့ ဆန္ဒရှိနေပါတယ်။ အိန္ဒိယနိုင်ငံဟာ ဂရိတ်ပါဝါ နိုင်ငံဆိုတာ စိတ်ထဲမှာ မှတ်ထားဖို့လိုအပ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့မဟာမိတ်၊ မိတ်ဖက် နိုင်ငံဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး၊ အိန္ဒိယနိုင်ငံဟာ ယူကရိန်းနိုင်ငံနဲ့တိုက်ရိုက် စေ့စပ်ဆွေးနွေးနိုင်မယ်လို့မျှော်လင့်နေပါတယ်"လို့ ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ ဇူလိုင်အစောပိုင်းမှာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ရုရှားနိုင်ငံနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ရုရှားသမ္မတပူတင်နဲ့ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံဟာ အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေရဲ့ဖိအားပေးမှုတွေကို ရင်ဆိုင်ခဲ့ရပေမယ့် ရုရှားနဲ့ အပြန်အလှန်ဆက်ဆံရေးကောင်းမွန်စေဖို့ ဆက်ထိန်းသိမ်းခဲ့ပြီး နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုများမြင့်တက်လာခဲ့ကြောင်းသိရပါတယ်။ ရုရှားနဲ့အိန္ဒိယနိုင်ငံကြား အပြန် အလှန်ဆက်ဆံရေးတိုးတက်ကောင်းမွန်လာခြင်းဟာ ရုရှားနိုင်ငံကိုဖိနှိပ်ဖို့ ကြိုးပမ်းနေတဲ့အနောက်အုပ်စုနိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကိုထိုးနှက်ချက်ဖြစ်လာစေခဲ့ကြောင်းသိရပါတယ်။ ရုရှားဟာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရီကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေရဲ့ ဖိအားများရင်ဆိုင်နေရချိန်မှာ ကမ္ဘာလူဦးအရေအများဆုံးနိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယနိုင်ငံတို့ နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ကြောင်းသိရပါတယ်။
zawgyi version
အိႏၵိယက အေမရိကန္ႏိုင္ငံရဲ႕မဟာမိတ္ႏိုင္ငံဘယ္ေတာ့မွျဖစ္လာဖြယ္မရွိဟု အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁
အိႏၵိယႏိုင္ငံဟာ ဂရိတ္ပါဝါႏိုင္ငံျဖစ္ေပမယ့္ အေမရိကန္ႏိုင္ငံရဲ႕မိတ္ဖက္၊ မဟာမိတ္အျဖစ္ ဘယ္ေတာ့မွျဖစ္လာမွာမဟုတ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ကုတ္ကမ္းဘဲလ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ဒါေပမဲ့ အေမရိကန္ႏိုင္ငံဟာ အိႏၵိယႏိုင္ငံနဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရး ထိန္း သိမ္းႏိုင္ေရးဟာ မဟာဗ်ဴဟာေျမာက္အေရးႀကီးေၾကာင္း ၎ကထပ္မံေျပာဆိုခဲ့ပါတယ္။ ကမ္းဘဲလ္က "အိႏၵိယႏိုင္ငံဟာ အေမရိကန္ႏိုင္ငံအတြက္ အျပန္အလွန္ဆက္ဆံေရးေကာင္းမြန္ေအာင္ ထိန္းသိမ္းဖို႔ အေရးႀကီးေနပါတယ္။ အိႏၵိယႏိုင္ငံဟာ လြတ္လပ္တဲ့ ႏိုင္ငံျဖစ္ဖို႔ ဆႏၵရွိေနပါတယ္။ အိႏၵိယႏိုင္ငံဟာ ဂရိတ္ပါဝါ ႏိုင္ငံဆိုတာ စိတ္ထဲမွာ မွတ္ထားဖို႔လိုအပ္ပါတယ္။ အိႏၵိယႏိုင္ငံဟာ အေမရိကန္ႏိုင္ငံရဲ႕မဟာမိတ္၊ မိတ္ဖက္ ႏိုင္ငံဘယ္ေတာ့မွျဖစ္လာမွာမဟုတ္ဘူး၊ အိႏၵိယႏိုင္ငံဟာ ယူကရိန္းႏိုင္ငံနဲ႔တိုက္႐ိုက္ ေစ့စပ္ေဆြးေႏြးႏိုင္မယ္လို႔ေမွ်ာ္လင့္ေနပါတယ္"လို႔ ေျပာပါတယ္။
အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီဟာ ဇူလိုင္အေစာပိုင္းမွာ ႐ုရွားႏိုင္ငံကို သြားေရာက္ခဲ့ၿပီး ႐ုရွားႏိုင္ငံနဲ႔ေကာင္းမြန္တဲ့ ဆက္ဆံေရးတည္ေဆာက္ဖို႔ ႐ုရွားသမၼတပူတင္နဲ႔ေဆြးေႏြးခဲ့ေၾကာင္းသိရပါတယ္။ ယူကရိန္းစစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း အိႏၵိယႏိုင္ငံဟာ အေမရိကန္အပါအဝင္ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ဖိအားေပးမႈေတြကို ရင္ဆိုင္ခဲ့ရေပမယ့္ ႐ုရွားနဲ႔ အျပန္အလွန္ဆက္ဆံေရးေကာင္းမြန္ေစဖို႔ ဆက္ထိန္းသိမ္းခဲ့ၿပီး ႏွစ္ႏိုင္ငံၾကား အျပန္အလွန္ကုန္သြယ္မႈမ်ားျမင့္တက္လာခဲ့ေၾကာင္းသိရပါတယ္။ ႐ုရွားနဲ႔အိႏၵိယႏိုင္ငံၾကား အျပန္ အလွန္ဆက္ဆံေရးတိုးတက္ေကာင္းမြန္လာျခင္းဟာ ႐ုရွားႏိုင္ငံကိုဖိႏွိပ္ဖို႔ ႀကိဳးပမ္းေနတဲ့အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ႀကိဳးပမ္းမႈေတြကိုထိုးႏွက္ခ်က္ျဖစ္လာေစခဲ့ေၾကာင္းသိရပါတယ္။ ႐ုရွားဟာ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း အေမရီကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ဖိအားမ်ားရင္ဆိုင္ေနရခ်ိန္မွာ ကမာၻလူဦးအေရအမ်ားဆုံးႏိုင္ငံျဖစ္တဲ့ တ႐ုတ္၊အိႏၵိယႏိုင္ငံတို႔ နဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးတည္ေဆာက္ႏိုင္ခဲ့ေၾကာင္းသိရပါတယ္။