"နမ့်ခမ်းငရဲခန်း (၁၁)ရက် " (ကိုယ်တွေ့ရင်ဆိုင်ခဲ့ရသူ၏ရင်ဖွင့်သံ) (အင်တာဗျူး)

 11469

သုတကျော် (NP News) - ဩဂုတ် ၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်း က အေးချမ်းတည်ငြိမ်သော နမ့်ခမ်းမြို့သည် TNLA နှင့် ပူးပေါင်းအဖွဲ့၏ တိုက်ပွဲများကြောင့် အထိနာသွားခဲ့သည်။ အဆိုပါမြို့ကို လက်ရှိတွင် TNLA က ထိန်းချုပ်ထားသည့်အခြေအနေတွင် ပြည်သူအများအပြားမှာ ကျပ်တည်းမှုများ တွေ့ကြုံ လျက်ရှိသည်။ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်စဉ်ကလည်း ပြည်သူကို အကာအကွယ်ယူကာ တိုက်ကွက် ဖော်မှုများရှိသည်ဟုဆို၏။ နမ့်ခမ်းမြို့တွင် ဖြစ်ပွား ခဲ့သော တိုက်ပွဲကာလ အတွေ့အကြုံ တစေ့တစောင်း နှင့် လက်ရှိအခြေအနေများနှင့် ပတ်သက်၍ အဆိုပါ မြို့မှစစ်ဘေးကြောင့် စွန့်ခွာလာခဲ့သူတစ်ဦးထံ The Statesman ဂျာနယ်က ဆက်သွယ်မေးမြန်းထားသည်များကို NP News က ထပ်ဆင့် ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - တိုက်ပွဲတွေ မဖြစ်ခင်က နမ့်ခမ်းမြို့ရဲ့ အခြေ အနေကို အရင်ဆုံး ပြောပြပေးပါခင်ဗျာ။
ဖြေ - အရင်တုန်းက အခြေအနေက အေးအေးဆေးဆေးပါပဲ။ နမ့်ခမ်းက အေးဆေးပါတယ်။ တိုက်ပွဲ မဖြစ်ခင်တုန်းက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ။

မေး - စီးပွားရေးကော အဆင်ပြေကြပါသလား။
ဖြေ - စီးပွားရေးကတော့ တရုတ်ဘက်ကို ကုန်စည် ပို့ဆောင်တာတို့၊ စားသောက်ကုန်တွေ၊ အသီးအနှံတွေ ပို့တာပေါ့။ အဲ့ဒါတွေ လုပ်ကြတာပါ။ အေးအေးဆေးဆေးပါပဲ။

မေး - တိုက်ပွဲမစခင် လာသိမ်းမယ်ဆိုတာမျိုးကို ရက်တွေ ကြိုပြီး သတင်းကြားရတာ ရှိပါသလား။
ဖြေ - ရက်ကြိုပြီး သတင်းကြားသလားဆိုတော့ ဒီအတိုင်းပဲ ကျွန်တော်တို့ဆီ ဝင်လာမယ်ပေါ့။ ဟို အရင်တုန်းကလို ဝင်လိုက်ထွက်လိုက်ပေါ့နော်။ လှုပ် ရှားမယ်လို့ပဲ ကျွန်တော်တို့ ထင်တာပေါ့။ သတင်းက တော့ သိမ်းမယ်တို့ ဘာတို့မကြားပါဘူး။ ဝင်လာတာလည်း သိတယ်။ တစ်ပတ်လောက်၊ သုံးလေးရက် လောက်ကတည်းက မြို့နယ်နိမိတ်ထဲကို ကြိုဝင်လာတာ။

မေး - အဲဒီအချိန်အထိ မြို့သူ မြို့သားတွေမှာ စိုးရိမ်စိတ်မဝင်သေးဘူးပေါ့။
ဖြေ - မဝင်သေးဘူး။ ဘယ်လိုလဲဆိုတော့ ဒေသခံတွေဆိုတော့ ကိုယ့်မြို့ကိုယ်လုပ်မယ်မ ထင်ဘူး။ အရင်ကလည်း ရှမ်းအဖွဲ့တွေ ဝင်လာတာ ရှိတယ်။ သူတို့က သူတို့မြို့ကို သူတို့နာအောင် မလုပ်ကြဘူးလေ။ ကျွန်တော်တို့ကလည်း အဲဒီလိုပဲ ထင်တာ။ ဒီအတိုင်း ပုံမှန်ပဲ တွေ့ရင်နှုတ်ဆက်၊ ပြော ဆို ဆက်ဆံတာ ရှိတာပေါ့။ အရင်တည်းကပဲလေ။

မေး - တိုက်ပွဲစဖြစ်တဲ့နေ့က အတွေ့အကြုံလေး ပြောပြပေးပါ ခင်ဗျာ။
ဖြေ - တိုက်ပွဲစဖြစ်တော့ (၂၆) ရက် မနက် (၅) နာရီ လောက်ကြီးကို သူတို့က စခန်းကုန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်တာလေ။ ရှော့တိုက်ဒုံးက စခန်းကုန်းကို မကျဘဲ ဘေးမှာရှိတဲ့ အိမ်ကိုသွားကျတယ်။ ကလေးနှစ် ယောက်သေတယ်။ တစ်ယောက်က အတွင်းလူနာ ဖြစ်သွားတာပေါ့။ အဲဒီလို စဖြစ်ပြီးတော့မှ မြို့ဝင် ဂိတ် တွေ၊ တပ်စခန်း အသေးတွေ၊ ရဲကင်း အသေး တွေကို (၂၇) ရက်မှာ ဝင်တိုက်တာ။ (၂၈) ရက်ကျတော့ မြို့ ထဲမှာ နေရာယူထားပြီ။ (၃၁) လောက်မှာ ဌာနဆိုင်ရာ ရုံးတွေ ဝင်တိုက်တယ်။

မေး - တိုက်ပွဲတွေ စဖြစ်တော့ ဘယ်လိုအနေ အထားမျိုး မြင်ရပါသလဲ။
ဖြေ - တိုက်ပွဲဖြစ်တော့ ဒီကောင်တွေက မြို့ထဲမှာ နေရာယူတာ။ ဈေးထဲမှာ လူတွေ အဲ့ဒီလောက်အများ ကြီးထဲမှာ ဒီကောင်တွေက Cover ယူပြီးတော့မှ မြို့လယ် ဘုရားမှာရှိတဲ့ ပြည်သူ့စစ်တွေနဲ့ တပ်က အဖွဲ့တွေကို ဝင်တိုက်တာ။ ဒီကောင်တွေက လူနေ အိမ်တွေထဲကနေ ပစ်တာဗျာ။ အရပ်သားတွေကို အကာအကွယ်ယူတယ်။ လက်နက်ကြီးလည်း ထုတာပဲ။ ရပ်ကွက်ထဲကို ကပ်ထုတာပဲ။ ကျွန်တော်တို့ ပုန်းနေတဲ့နေရာနားဆိုရင် ဘေးမှာ ကွမ်းယာဆိုင်ထဲကို အီနာဂါ ဗုံးသီးကြီးလာကျတာလေ။ မကွဲလို့ ကံကောင်းတာ။ ကျွန်တော်တို့နဲ့ဆို လက်တစ်ကမ်းပေါ့။ အိမ်ပြတင်းပေါက်ကနေ ချောင်းကြည့်လိုက်မယ် ဆိုရင် သူတို့ ပစ်နေတာတွေ၊ ဆဲနေတာတွေ အကုန် ကြားနေရတယ်။ မောင်းတင်သံက အစ ကြားရတယ်။ လက်နက်ကြီးတွေလည်း လမ်းပေါ်တင်ထုတာပဲ။

မေး - တိုက်ပွဲစဖြစ်တော့ ရုတ်တရက်ကြုံရတာမှာ ဒေသခံတွေ ကစဉ့်ကလျား ထွက်ပြေးတာကို မြင်ရပါ သလား။ ဘယ်လို မြင်တွေ့ရပါသလဲ။
ဖြေ - ကျွန်တော်ပြောရမယ်ဆို နီးစပ်ရာ ခိုလှုံရတာ ပေါ့။ ဟိုဘက်ကမ်းက ရှမ်းရွာတွေထဲကို အကုန်လုံး ပြေးရတာ။ SSPP ထိန်းချုပ်တဲ့ နေရာကို ပြေးကပ်ရတာပေါ့။ ဌာနဆိုင်ရာ ဝန်ထမ်း မိသားစုတွေကောပေါ့။ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတုန်းတောင်မှ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုတွေရှိရင် ထုတ်ပေးပါ ဆိုပြီး ဝင်စီးသေးတယ်။

မေး - တိုက်ပွဲဖြစ်တဲ့ကာလမြို့မှာ ဘယ်နှစ်ရက် လောက် ရှိနေခဲ့ပါသလဲ။
ဖြေ - ကျွန်တော်တစ်ပတ်ကျော် ၁၁ ရက်လောက် အထိ ရှိနေခဲ့ပါတယ်။

မေး - (၁၁) ရက်ကာလ ကာလအတွင်းမှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်မျှဝေပေးပါဦး ခင်ဗျာ။
ဖြေ - ဘယ်လိုလဲဆိုတော့ ထွက်သွားပြီဆိုတဲ့ အိမ် တွေကို အကုန်ဖောက်ပြီးတော့ အဲဒီမှာ ရှိသမျှ အဖိုး တန်တဲ့ ပစ္စည်းပေါ့။ အိမ်ထောင် ပရိဘောဂပစ္စည်း တွေ အားလုံးကို တရုတ်ကားအပြာကြီးနဲ့ သယ်ပြီး တော့ သူတို့အခြေပြုတဲ့ရွာမှာ သွားပုံ၊ ဌာနဆိုင်ရာ ပစ္စည်းတွေကိုလည်းယူပြီး သွားပုံတယ်။ သူတို့က ကြေငြာချက်တွေ အမျိုးမျိုး ထုတ်ပြန်တယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေ ပြည်သူပိုင် ပစ္စည်းကို ခိုးပြီး သိမ်းထားတယ်၊ မိရင်ဘာဖြစ်မယ်၊ ညာဖြစ်မယ်ပေါ့။ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို သူတို့ ပိုင်တဲ့ ပစ္စည်း တောင် ပြန်အပ်ခိုင်းတာ။

မေး - နမ့်ခမ်းမှာ ရှိခဲ့တဲ့ ကာလအတွင်း မြို့မကျခင် တိုက်ပွဲ ဘယ်နှရက်ဖြစ်ပါသလဲ။
ဖြေ - (၄၅) ရက် ဖြစ်တယ်။ ပထမဆုံး ဦးဆုံး ကြမ်း တဲ့အပိုင်းမှာ ကျွန်တော် ရှိနေခဲ့ပါတယ်။

မေး - တိုက်ပွဲကာလအတွင်း အစ်ကိုကော ဘယ်လို ခိုလှုံ ရှင်သန်ရပါသလဲ။ သူတို့ကကော အရပ်သား တွေကို ဘယ်လို ဆက်ဆံပါသလဲ။
ဖြေ - ကျွန်တော်တို့က အိမ်ထဲမှာချည်းပဲ ပုန်းနေလို့ မရဘူး။ ဘယ်လိုနေသလဲဆိုတော့ လုံတဲ့နေရာ၊ ခိုင်ခံ့တဲ့ နေရာတွေ သွားရတယ်။ ရပ်ကွက်ထဲမှာ လက်နက်ကြီး ကို ကပ်ထုတာကိုး။ ရပ်ကွက်ထဲမှာတင်ကို ထောင်ထု တာ။ မြို့နယ် အား/ကာ ခန်းမမှာ ပွဲကြည့်စင်ရှိတယ်။ ပွဲကြည့်စင်အောက်ကFlat ပြားက အကြီးကြီးကိုး။ အဲဒီအောက် ကျွန်တော်တို့နေရတာ။ ဘာလို့လဲ ဆိုတော့ လက်နက်ကြီးကျလိုက်ရင် ပွဲကြည့်စင်မှာက မြင့်မိုရ်ပိတ်တွေရှိတာကိုး။ ပေါက်ပြီး အစတွေက အထဲထိကိုဝင်တာ။ အဲဒီအောက်မှာ ဝပ်နေရတာ။

မေး - တိုက်ပွဲကာလမှာ မှတ်မှတ်ထင်ထင် ဖြစ်တဲ့ အမှတ်တရကို ပြောပြပေးပါလား။
ဖြေ - အမှတ်တရကတော့ ဆိုင်တွေ အကုန်ပိတ်လို့ ခေါက်ဆွဲပြုတ်စားရတာပေါ့။ ထရန်စဖော်မာကို မှန်တော့လည်း မီးပျက်သွားသေးတယ်။ ပြီးတော့ မြို့ပြင်ထွက်ဖို့ကို လေးငါးခေါက်လောက် ဆိုင် ကယ်စီးပြီးတော့မှ ခိုးကြောင်ခိုးဝှက်သွားရတာ။ မြို့ထဲကို အဝင်ပဲလက်ခံတယ်။ အထွက်မရှိဘူး။

မေး - တိုက်ပွဲကာလမှာ အဝင်ပဲလက်ခံပြီး အထွက် မရှိဘူးလား။
ဖြေ - မူဆယ်ဘက်ကနေ ဝင်လာရင် ဝင်လို့ရတယ်။ နမ့်ခမ်းကနေ မူဆယ်ဘက်ကို ပြေးမယ် ထွက်မယ်ဆို ပေးမထွက်ဘူး။

မေး - SSPP နယ်ဘက် ပြေးတယ်ဆိုတာက အစပိုင်းမှာ ပြေးရတာလား။
ဖြေ - ဟုတ်တယ် တိုက်ပွဲ စဖြစ်ဖြစ်ချင်းမှာ ပြေးမှ လွတ်တယ်။ တိုက်ပွဲ ဖြစ်နေတုန်းမှာ ပေးမထွက်တော့ဘူး။

မေး - ပိတ်မိတဲ့ သူတွေက နှစ်ဖက်တိုက်ပွဲအကြားမှာ ဘယ်လို ကြုံရပါသလဲ။
ဖြေ - တပ်ကတော့ ရှောင်တယ်။ မြို့ထဲကို ဝင်မလုပ် ဘူး။ တပ်က ရှောင်တယ်။ သူတို့ TNLA) ကပဲ မြို့ ထဲကိုဝင်ပြီး လုပ်တာ။ ဘယ်လို ပြောရမလဲဆို မြို့ စောင့် စခန်းကုန်းနဲ့ မြို့ထဲက တော်တော်လှမ်းတယ်ဗျ။ သူတို့ (TNLA) က ရမ်းသမ်း မှန်းသမ်းပစ်ကြတာ။ သတင်းမှာတက်ရင်တော့ တပ်ကြောင့်။ မြေပြင်မှာ ကျတော့ သောက်တလွဲတွေချည်းပဲ။ မြေပြင်မှာက သူတို့ပဲ လုပ်နေတာ။

မေး - နမ့်ခမ်း ဖြစ်စဉ်မှာ တပ်က မြို့ထဲကို ပစ်တယ် ဆိုပြီး သတင်းထွက်တာ ရှိတယ်။ အစ်ကို့ အနေနဲ့ ဘာများ ပြောချင်ပါသလဲ။
ဖြေ - တပ်က ပစ်တဲ့ လက်နက်ကြီးက အများပြည်သူ နေတဲ့အိမ်ထိတာ ရှားတယ်။ တိုက်ပွဲ ဖြစ်နေတုန်းက မကျဘူးလေ။ တိုက်ပွဲ ဖြစ်နေတုန်းက တပ်က ပစ်တာ က ကွက်တိ သူတို့အပေါ်ကျတယ်။ တိုက်ပွဲပြီးမှ လေယာဉ်နဲ့ လာကြဲမှ အိမ်တစ်လုံး ထိသွားတာ။ နမ့်ခမ်းမြို့လယ်က သမိုင်းဝင်ဘုရားကြီးက သူတို့ ပစ်လို့ ပျက်သွားတာ။

မေး - ဘုရားတစ်ဆူလုံးလား။ ဘယ်နေရာတွေ ပျက် သွားပါသလဲ။
ဖြေ - အကုန်လုံးပေါ့။ စေတီတွေကော စောင်းတန်း တွေရောက လက်နက်ကြီးကျတဲ့ဒဏ်တွေရော၊ သေနတ်နဲ့ ပစ်တဲ့ ဒဏ်တွေရောပေါ့။

မေး - အစ်ကိုက တိုက်ပွဲကြားမှာ ၁၁ ရက်လောက် ပိတ်မိနေခဲ့တာ ဆိုတော့ ဒီကာလမှာ စိတ်ပိုင်းဆိုင်ရာ ရော ရုပ်ပိုင်းဆိုင်ရာရော ဘယ်လောက်အထိ ထိခိုက် သွားပါသလဲ။
ဖြေ - ကျွန်တော်တို့ကျတော့ စိတ်ထဲမှာ ပထမဆုံး ဖြစ်တာက မျှော်လင့်ချက်မရှိတော့ဘူး။ ဒီအတိုင်း ငါတို့ဘဝက ပြီးပြီ။ သေရင်လည်း သေမယ်၊ အဖမ်းခံရရင်လည်း အဖမ်းခံရမယ်ပေါ့။ သူတို့ လုပ်ချင်တာ လုပ်မယ်ပေါ့ဗျာ။ ကျွန်တော် ပြောပြမယ် သိတယ်မလား သူတို့ လုပ်ချင်ရာလုပ်၊ သတ်ချင်ရာ သတ်ပြီးရင် ဘာကြောင့် သတ်တယ်ဆိုတာ သတင်း လျှောက်လွှင့်မှာပေါ့ဗျာ။ အဲဒါကိုကြောက်တာ၊ စိတ်ပူတာ။ သေမှာတော့ စိတ်မပူပါဘူးဗျာ အိမ်နား ပတ်လည်က လက်နက်ကြီး ခဏခဏ ကျနေတာ။ သေမှာတော့ စိတ်မပူတော့ဘူး။ စားစရာရှိတာ စား တယ်။ အိပ်စရာရှိတာ အိပ်တယ်။ ကျနေလည်း ထမကြည့်တော့ဘူး။ အိပ်နေတုန်း ကျလို့ သေသွား လည်း ပြီးတာပဲ ဆိုပြီး။

မေး - အဲဒီလို သေမထူး၊ နေမထူး စိတ်ဝင်တာက တိုက်ပွဲရဲ့ ဘယ်နှရက်မြောက်မှာလဲ။
ဖြေ - တိုက်ပွဲ ငါးရက်လောက်မှာ ကိုယ့်အိမ်နားမှာ ကျည်တွေ ကျတယ်၊ ကျည်တွေ ပေါက်တယ် ဆို တော့။ အတူတူပါပဲ။ ကျန်တဲ့သူတွေလည်း အကုန် အတူတူပါပဲ။ ပြေးရင်လည်း ဒုက္ခရောက်မယ်လေ။ ပြေးစရာ မြေမှ မရှိတာ။ သေမထူး၊ နေမထူးပေါ့ အဲ့ဒီလို ဖြစ်သွားတာ။

မေး - အမျိုးသမီးကော ရှိပါသလား။ သူက မိန်းမ သားဆိုတော့ ဘယ်လောက် စိတ်ဒဏ်ရာရသွားပါ သလဲ။
ဖြေ - ကြောက်တာပေါ့။ တအားကြောက်သွားတယ်။ တအား ကြောက်ပြီးတော့ မြန်မာပြည်မှာ နေရမှာကို ကြောက်သွားတယ်။

မေး - တိုက်ပွဲကာလအတွင်း မြို့မှာ ပိတ်မိခဲ့တဲ့သူ တွေမှာ အသိတွေ ရှိပါသလား။ သူတို့ကော ဘယ်လို အခက်အခဲ ကြုံရပါသလဲ။
ဖြေ - ရှိတာပေါ့။ အိမ်ထဲမှာနေရင်းနဲ့ လက်နက်ကြီး ကျပြီး သေသွားတဲ့ဟာတွေလည်း ရှိတယ်။ ဝန်ထမ်း ထဲကဆိုရင် လက်နက်ကြီးကျပြီး အိမ်ထဲမှာ နေရင်းနဲ့ လင်မယား နှစ်ယောက်စလုံး သေသွားတာ။ ကလေး လေးတွေက ဒီအတိုင်း ကျန်ခဲ့တာ။ စည်ပင်ဝန်ထမ်း အိမ်ယာကို ကျတာပါ။

မေး - အရင်အခြေအနေကို နမ့်ခမ်းမြို့က ပြန်ရောက် နိုင်ပါသလား။
ဖြေ - ရှမ်းတိုင်းရင်းသားများတယ်လေ။ အခုက သူတို့ အချင်းချင်းလည်း ယုံကြည်မှု မရှိတော့ဘူး။ ပြန်နေဖို့ ပြန်ထူထာင်ဖို့ ဆိုတာက မလွယ်ဘူးလေ။ အများပြည်သူပိုင်တဲ့ ဈေးကြီးကို တရုတ်လုပ်ငန်းရှင် တွေနဲ့ ပေါင်းပြီး တရုတ်ကို ရောင်းပစ်လိုက်တာလေ။ ဘာတွေမှန်း မသိတော့ဘူး။ စိတ်ဓာတ်တွေလည်း ကျလာပါပြီ။

မေး - လက်ရှိ TNLA ထိန်းချုပ်မှုအောက်မှာ နမ့်ခမ်းမြို့ခံတွေ အဆင်ပြေပါရဲ့လား ခင်ဗျာ။
ဖြေ - ဘယ်အဆင်ပြေမလဲဗျာ။ အခွန်ခေါင်းစဉ်ပေါင်း သောင်းခြောက်ထောင်နဲ့။ စည်ပင်ခွန်၊ ပညာရေးခွန်၊ ဆိုင်ခွန် လုပ်ငန်းအခွန်တွေတပ်ပြီး သိန်းဆယ်ချီကစလို့ရာချီတောင်းခံနေရတာပါ။ အခွန်မပေးနိုင်ရင် စီးပွားရေး လုပ်လို့က အဆင်မပြေတော့ဘူး။

မေး - ဒီအထဲမှာTNLA နဲ့ အတူ PDF တွေလည်း ပါတယ်လို့ ပြောပါတယ်။ သူတို့ကိုကော တိုက်ပွဲ ကာလမှာTNLA က ဘယ်လို ဆက်ဆံတာမျိုး မြင်ရပါသလဲ။
ဖြေ - ဗမာPDF ကကြားက ငပိန်းတွေပါ။ တိုက်ပွဲ လည်းပြီးရော ဒီကောင်တွေကိုမြို့ပြင်တန်းထုတ်တာပဲ။
မေး - မြို့က တိုက်ပွဲကြောင့် ဘယ်လောက် အထိနာ သွားပါသလဲ။
ဖြေ - မြို့ကတော့ပျက်စီးဆုံးရှုံးမှုတွေများတာပေါ့ ရပ်ကွက် (၁၃) ဆိုမီးလောင်သွားတယ်။ ရပ်ကွက် (၁၄) မှာတော့တိုက်ပွဲကြောင့်ရယ် ပေါင် (၅၀ဝ) ကြောင့် ရယ်အိမ်တွေထိခိုက်ဆုံးရှုံးတာပေါ့။ မြို့ပေါ်ဌာနဆိုင်ရာရုံးရဲစခန်းတွေကတော့ အများဆုံး ထိခိုက်ပါတယ်။ လူတွေ ထိတာလည်း သူတို့ လုပ်လို့ ထိတာချည်းပါပဲ။ မြို့ထဲ တိုက်ကွက်ဖော်တာကိုး။

မေး - ဆိုတော့ စစ်ဘေးသင့်ခဲ့သူ တစ်ယောက်အနေနဲ့ အခက်အခဲက ဘာတွေ ရှိခဲ့ပါသလဲ။
ဖြေ - ဘာမှယူချိန်မရှိဘူးလေ ဒီအတိုင်း ထပြေးရ တာ။ အဲဒါပါပဲ။ ကျွန်တော် ငွေရော ပစ္စည်းတွေရော အဝတ်အထည်တွေရောက အကုန်ထားပစ်ခဲ့ရတော့ လာခဲ့အချိန် ချို့ချို့တဲ့တဲ့ပေါ့။ ဘာမှ ပါမလာတော့ပါဘူး။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

zawgyi version
"နမ့္ခမ္းငရဲခန္း (၁၁)ရက္ " (ကိုယ္ေတြ႕ရင္ဆိုင္ခဲ့ရသူ၏ရင္ဖြင့္သံ) (အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - ဩဂုတ္ ၇

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ခ႐ိုင္အတြင္း က ေအးခ်မ္းတည္ၿငိမ္ေသာ နမ့္ခမ္းၿမိဳ႕သည္ TNLA ႏွင့္ ပူးေပါင္းအဖြဲ႕၏ တိုက္ပြဲမ်ားေၾကာင့္ အထိနာသြားခဲ့သည္။ အဆိုပါၿမိဳ႕ကို လက္ရွိတြင္ TNLA က ထိန္းခ်ဳပ္ထားသည့္အေျခအေနတြင္ ျပည္သူအမ်ားအျပားမွာ က်ပ္တည္းမႈမ်ား ေတြ႕ႀကဳံ လ်က္ရွိသည္။ ၿမိဳ႕သိမ္းတိုက္ပြဲ ေဖာ္ေဆာင္စဥ္ကလည္း ျပည္သူကို အကာအကြယ္ယူကာ တိုက္ကြက္ ေဖာ္မႈမ်ားရွိသည္ဟုဆို၏။ နမ့္ခမ္းၿမိဳ႕တြင္ ျဖစ္ပြား ခဲ့ေသာ တိုက္ပြဲကာလ အေတြ႕အႀကဳံ တေစ့တေစာင္း ႏွင့္ လက္ရွိအေျခအေနမ်ားႏွင့္ ပတ္သက္၍ အဆိုပါ ၿမိဳ႕မွစစ္ေဘးေၾကာင့္ စြန႔္ခြာလာခဲ့သူတစ္ဦးထံ The Statesman ဂ်ာနယ္က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို NP News က ထပ္ဆင့္ ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - တိုက္ပြဲေတြ မျဖစ္ခင္က နမ့္ခမ္းၿမိဳ႕ရဲ႕ အေျခ အေနကို အရင္ဆုံး ေျပာျပေပးပါခင္ဗ်ာ။
ေျဖ - အရင္တုန္းက အေျခအေနက ေအးေအးေဆးေဆးပါပဲ။ နမ့္ခမ္းက ေအးေဆးပါတယ္။ တိုက္ပြဲ မျဖစ္ခင္တုန္းက ေအးေအးေဆးေဆး တည္တည္ၿငိမ္ၿငိမ္ပါပဲ။

ေမး - စီးပြားေရးေကာ အဆင္ေျပၾကပါသလား။
ေျဖ - စီးပြားေရးကေတာ့ တ႐ုတ္ဘက္ကို ကုန္စည္ ပို႔ေဆာင္တာတို႔၊ စားေသာက္ကုန္ေတြ၊ အသီးအႏွံေတြ ပို႔တာေပါ့။ အဲ့ဒါေတြ လုပ္ၾကတာပါ။ ေအးေအးေဆးေဆးပါပဲ။

ေမး - တိုက္ပြဲမစခင္ လာသိမ္းမယ္ဆိုတာမ်ိဳးကို ရက္ေတြ ႀကိဳၿပီး သတင္းၾကားရတာ ရွိပါသလား။
ေျဖ - ရက္ႀကိဳၿပီး သတင္းၾကားသလားဆိုေတာ့ ဒီအတိုင္းပဲ ကြၽန္ေတာ္တို႔ဆီ ဝင္လာမယ္ေပါ့။ ဟို အရင္တုန္းကလို ဝင္လိုက္ထြက္လိုက္ေပါ့ေနာ္။ လႈပ္ ရွားမယ္လို႔ပဲ ကြၽန္ေတာ္တို႔ ထင္တာေပါ့။ သတင္းက ေတာ့ သိမ္းမယ္တို႔ ဘာတို႔မၾကားပါဘူး။ ဝင္လာတာလည္း သိတယ္။ တစ္ပတ္ေလာက္၊ သုံးေလးရက္ ေလာက္ကတည္းက ၿမိဳ႕နယ္နိမိတ္ထဲကို ႀကိဳဝင္လာတာ။

ေမး - အဲဒီအခ်ိန္အထိ ၿမိဳ႕သူ ၿမိဳ႕သားေတြမွာ စိုးရိမ္စိတ္မဝင္ေသးဘူးေပါ့။
ေျဖ - မဝင္ေသးဘူး။ ဘယ္လိုလဲဆိုေတာ့ ေဒသခံေတြဆိုေတာ့ ကိုယ့္ၿမိဳ႕ကိုယ္လုပ္မယ္မ ထင္ဘူး။ အရင္ကလည္း ရွမ္းအဖြဲ႕ေတြ ဝင္လာတာ ရွိတယ္။ သူတို႔က သူတို႔ၿမိဳ႕ကို သူတို႔နာေအာင္ မလုပ္ၾကဘူးေလ။ ကြၽန္ေတာ္တို႔ကလည္း အဲဒီလိုပဲ ထင္တာ။ ဒီအတိုင္း ပုံမွန္ပဲ ေတြ႕ရင္ႏႈတ္ဆက္၊ ေျပာ ဆို ဆက္ဆံတာ ရွိတာေပါ့။ အရင္တည္းကပဲေလ။

ေမး - တိုက္ပြဲစျဖစ္တဲ့ေန႔က အေတြ႕အႀကဳံေလး ေျပာျပေပးပါ ခင္ဗ်ာ။
ေျဖ - တိုက္ပြဲစျဖစ္ေတာ့ (၂၆) ရက္ မနက္ (၅) နာရီ ေလာက္ႀကီးကို သူတို႔က စခန္းကုန္းကို ေရွာ့တိုက္ဒုံးနဲ႔ ပစ္တာေလ။ ေရွာ့တိုက္ဒုံးက စခန္းကုန္းကို မက်ဘဲ ေဘးမွာရွိတဲ့ အိမ္ကိုသြားက်တယ္။ ကေလးႏွစ္ ေယာက္ေသတယ္။ တစ္ေယာက္က အတြင္းလူနာ ျဖစ္သြားတာေပါ့။ အဲဒီလို စျဖစ္ၿပီးေတာ့မွ ၿမိဳ႕ဝင္ ဂိတ္ ေတြ၊ တပ္စခန္း အေသးေတြ၊ ရဲကင္း အေသး ေတြကို (၂၇) ရက္မွာ ဝင္တိုက္တာ။ (၂၈) ရက္က်ေတာ့ ၿမိဳ႕ ထဲမွာ ေနရာယူထားၿပီ။ (၃၁) ေလာက္မွာ ဌာနဆိုင္ရာ ႐ုံးေတြ ဝင္တိုက္တယ္။

ေမး - တိုက္ပြဲေတြ စျဖစ္ေတာ့ ဘယ္လိုအေန အထားမ်ိဳး ျမင္ရပါသလဲ။
ေျဖ - တိုက္ပြဲျဖစ္ေတာ့ ဒီေကာင္ေတြက ၿမိဳ႕ထဲမွာ ေနရာယူတာ။ ေဈးထဲမွာ လူေတြ အဲ့ဒီေလာက္အမ်ား ႀကီးထဲမွာ ဒီေကာင္ေတြက Cover ယူၿပီးေတာ့မွ ၿမိဳ႕လယ္ ဘုရားမွာရွိတဲ့ ျပည္သူ႔စစ္ေတြနဲ႔ တပ္က အဖြဲ႕ေတြကို ဝင္တိုက္တာ။ ဒီေကာင္ေတြက လူေန အိမ္ေတြထဲကေန ပစ္တာဗ်ာ။ အရပ္သားေတြကို အကာအကြယ္ယူတယ္။ လက္နက္ႀကီးလည္း ထုတာပဲ။ ရပ္ကြက္ထဲကို ကပ္ထုတာပဲ။ ကြၽန္ေတာ္တို႔ ပုန္းေနတဲ့ေနရာနားဆိုရင္ ေဘးမွာ ကြမ္းယာဆိုင္ထဲကို အီနာဂါ ဗုံးသီးႀကီးလာက်တာေလ။ မကြဲလို႔ ကံေကာင္းတာ။ ကြၽန္ေတာ္တို႔နဲ႔ဆို လက္တစ္ကမ္းေပါ့။ အိမ္ျပတင္းေပါက္ကေန ေခ်ာင္းၾကည့္လိုက္မယ္ ဆိုရင္ သူတို႔ ပစ္ေနတာေတြ၊ ဆဲေနတာေတြ အကုန္ ၾကားေနရတယ္။ ေမာင္းတင္သံက အစ ၾကားရတယ္။ လက္နက္ႀကီးေတြလည္း လမ္းေပၚတင္ထုတာပဲ။

ေမး - တိုက္ပြဲစျဖစ္ေတာ့ ႐ုတ္တရက္ႀကဳံရတာမွာ ေဒသခံေတြ ကစဥ့္ကလ်ား ထြက္ေျပးတာကို ျမင္ရပါ သလား။ ဘယ္လို ျမင္ေတြ႕ရပါသလဲ။
ေျဖ - ကြၽန္ေတာ္ေျပာရမယ္ဆို နီးစပ္ရာ ခိုလႈံရတာ ေပါ့။ ဟိုဘက္ကမ္းက ရွမ္း႐ြာေတြထဲကို အကုန္လုံး ေျပးရတာ။ SSPP ထိန္းခ်ဳပ္တဲ့ ေနရာကို ေျပးကပ္ရတာေပါ့။ ဌာနဆိုင္ရာ ဝန္ထမ္း မိသားစုေတြေကာေပါ့။ ဘုန္းႀကီးေက်ာင္းမွာ စစ္ေဘးေရွာင္ေနတုန္းေတာင္မွ ဌာနဆိုင္ရာ ဝန္ထမ္းမိသားစုေတြရွိရင္ ထုတ္ေပးပါ ဆိုၿပီး ဝင္စီးေသးတယ္။

ေမး - တိုက္ပြဲျဖစ္တဲ့ကာလၿမိဳ႕မွာ ဘယ္ႏွစ္ရက္ ေလာက္ ရွိေနခဲ့ပါသလဲ။
ေျဖ - ကြၽန္ေတာ္တစ္ပတ္ေက်ာ္ ၁၁ ရက္ေလာက္ အထိ ရွိေနခဲ့ပါတယ္။

ေမး - (၁၁) ရက္ကာလ ကာလအတြင္းမွာ ႀကဳံခဲ့ရတဲ့ အေတြ႕အႀကဳံေတြကို ျပန္မွ်ေဝေပးပါဦး ခင္ဗ်ာ။
ေျဖ - ဘယ္လိုလဲဆိုေတာ့ ထြက္သြားၿပီဆိုတဲ့ အိမ္ ေတြကို အကုန္ေဖာက္ၿပီးေတာ့ အဲဒီမွာ ရွိသမွ် အဖိုး တန္တဲ့ ပစၥည္းေပါ့။ အိမ္ေထာင္ ပရိေဘာဂပစၥည္း ေတြ အားလုံးကို တ႐ုတ္ကားအျပာႀကီးနဲ႔ သယ္ၿပီး ေတာ့ သူတို႔အေျချပဳတဲ့႐ြာမွာ သြားပုံ၊ ဌာနဆိုင္ရာ ပစၥည္းေတြကိုလည္းယူၿပီး သြားပုံတယ္။ သူတို႔က ေၾကျငာခ်က္ေတြ အမ်ိဳးမ်ိဳး ထုတ္ျပန္တယ္။ ဌာနဆိုင္ရာဝန္ထမ္းေတြ ျပည္သူပိုင္ ပစၥည္းကို ခိုးၿပီး သိမ္းထားတယ္၊ မိရင္ဘာျဖစ္မယ္၊ ညာျဖစ္မယ္ေပါ့။ ဌာနဆိုင္ရာ ဝန္ထမ္းေတြကို သူတို႔ ပိုင္တဲ့ ပစၥည္း ေတာင္ ျပန္အပ္ခိုင္းတာ။

ေမး - နမ့္ခမ္းမွာ ရွိခဲ့တဲ့ ကာလအတြင္း ၿမိဳ႕မက်ခင္ တိုက္ပြဲ ဘယ္ႏွရက္ျဖစ္ပါသလဲ။
ေျဖ - (၄၅) ရက္ ျဖစ္တယ္။ ပထမဆုံး ဦးဆုံး ၾကမ္း တဲ့အပိုင္းမွာ ကြၽန္ေတာ္ ရွိေနခဲ့ပါတယ္။

ေမး - တိုက္ပြဲကာလအတြင္း အစ္ကိုေကာ ဘယ္လို ခိုလႈံ ရွင္သန္ရပါသလဲ။ သူတို႔ကေကာ အရပ္သား ေတြကို ဘယ္လို ဆက္ဆံပါသလဲ။
ေျဖ - ကြၽန္ေတာ္တို႔က အိမ္ထဲမွာခ်ည္းပဲ ပုန္းေနလို႔ မရဘူး။ ဘယ္လိုေနသလဲဆိုေတာ့ လုံတဲ့ေနရာ၊ ခိုင္ခံ့တဲ့ ေနရာေတြ သြားရတယ္။ ရပ္ကြက္ထဲမွာ လက္နက္ႀကီး ကို ကပ္ထုတာကိုး။ ရပ္ကြက္ထဲမွာတင္ကို ေထာင္ထု တာ။ ၿမိဳ႕နယ္ အား/ကာ ခန္းမမွာ ပြဲၾကည့္စင္ရွိတယ္။ ပြဲၾကည့္စင္ေအာက္ကFlat ျပားက အႀကီးႀကီးကိုး။ အဲဒီေအာက္ ကြၽန္ေတာ္တို႔ေနရတာ။ ဘာလို႔လဲ ဆိုေတာ့ လက္နက္ႀကီးက်လိုက္ရင္ ပြဲၾကည့္စင္မွာက ျမင့္မိုရ္ပိတ္ေတြရွိတာကိုး။ ေပါက္ၿပီး အစေတြက အထဲထိကိုဝင္တာ။ အဲဒီေအာက္မွာ ဝပ္ေနရတာ။

ေမး - တိုက္ပြဲကာလမွာ မွတ္မွတ္ထင္ထင္ ျဖစ္တဲ့ အမွတ္တရကို ေျပာျပေပးပါလား။
ေျဖ - အမွတ္တရကေတာ့ ဆိုင္ေတြ အကုန္ပိတ္လို႔ ေခါက္ဆြဲျပဳတ္စားရတာေပါ့။ ထရန္စေဖာ္မာကို မွန္ေတာ့လည္း မီးပ်က္သြားေသးတယ္။ ၿပီးေတာ့ ၿမိဳ႕ျပင္ထြက္ဖို႔ကို ေလးငါးေခါက္ေလာက္ ဆိုင္ ကယ္စီးၿပီးေတာ့မွ ခိုးေၾကာင္ခိုးဝွက္သြားရတာ။ ၿမိဳ႕ထဲကို အဝင္ပဲလက္ခံတယ္။ အထြက္မရွိဘူး။

ေမး - တိုက္ပြဲကာလမွာ အဝင္ပဲလက္ခံၿပီး အထြက္ မရွိဘူးလား။
ေျဖ - မူဆယ္ဘက္ကေန ဝင္လာရင္ ဝင္လို႔ရတယ္။ နမ့္ခမ္းကေန မူဆယ္ဘက္ကို ေျပးမယ္ ထြက္မယ္ဆို ေပးမထြက္ဘူး။

ေမး - SSPP နယ္ဘက္ ေျပးတယ္ဆိုတာက အစပိုင္းမွာ ေျပးရတာလား။
ေျဖ - ဟုတ္တယ္ တိုက္ပြဲ စျဖစ္ျဖစ္ခ်င္းမွာ ေျပးမွ လြတ္တယ္။ တိုက္ပြဲ ျဖစ္ေနတုန္းမွာ ေပးမထြက္ေတာ့ဘူး။

ေမး - ပိတ္မိတဲ့ သူေတြက ႏွစ္ဖက္တိုက္ပြဲအၾကားမွာ ဘယ္လို ႀကဳံရပါသလဲ။
ေျဖ - တပ္ကေတာ့ ေရွာင္တယ္။ ၿမိဳ႕ထဲကို ဝင္မလုပ္ ဘူး။ တပ္က ေရွာင္တယ္။ သူတို႔ TNLA) ကပဲ ၿမိဳ႕ ထဲကိုဝင္ၿပီး လုပ္တာ။ ဘယ္လို ေျပာရမလဲဆို ၿမိဳ႕ ေစာင့္ စခန္းကုန္းနဲ႔ ၿမိဳ႕ထဲက ေတာ္ေတာ္လွမ္းတယ္ဗ်။ သူတို႔ (TNLA) က ရမ္းသမ္း မွန္းသမ္းပစ္ၾကတာ။ သတင္းမွာတက္ရင္ေတာ့ တပ္ေၾကာင့္။ ေျမျပင္မွာ က်ေတာ့ ေသာက္တလြဲေတြခ်ည္းပဲ။ ေျမျပင္မွာက သူတို႔ပဲ လုပ္ေနတာ။

ေမး - နမ့္ခမ္း ျဖစ္စဥ္မွာ တပ္က ၿမိဳ႕ထဲကို ပစ္တယ္ ဆိုၿပီး သတင္းထြက္တာ ရွိတယ္။ အစ္ကို႔ အေနနဲ႔ ဘာမ်ား ေျပာခ်င္ပါသလဲ။
ေျဖ - တပ္က ပစ္တဲ့ လက္နက္ႀကီးက အမ်ားျပည္သူ ေနတဲ့အိမ္ထိတာ ရွားတယ္။ တိုက္ပြဲ ျဖစ္ေနတုန္းက မက်ဘူးေလ။ တိုက္ပြဲ ျဖစ္ေနတုန္းက တပ္က ပစ္တာ က ကြက္တိ သူတို႔အေပၚက်တယ္။ တိုက္ပြဲၿပီးမွ ေလယာဥ္နဲ႔ လာႀကဲမွ အိမ္တစ္လုံး ထိသြားတာ။ နမ့္ခမ္းၿမိဳ႕လယ္က သမိုင္းဝင္ဘုရားႀကီးက သူတို႔ ပစ္လို႔ ပ်က္သြားတာ။

ေမး - ဘုရားတစ္ဆူလုံးလား။ ဘယ္ေနရာေတြ ပ်က္ သြားပါသလဲ။
ေျဖ - အကုန္လုံးေပါ့။ ေစတီေတြေကာ ေစာင္းတန္း ေတြေရာက လက္နက္ႀကီးက်တဲ့ဒဏ္ေတြေရာ၊ ေသနတ္နဲ႔ ပစ္တဲ့ ဒဏ္ေတြေရာေပါ့။

ေမး - အစ္ကိုက တိုက္ပြဲၾကားမွာ ၁၁ ရက္ေလာက္ ပိတ္မိေနခဲ့တာ ဆိုေတာ့ ဒီကာလမွာ စိတ္ပိုင္းဆိုင္ရာ ေရာ ႐ုပ္ပိုင္းဆိုင္ရာေရာ ဘယ္ေလာက္အထိ ထိခိုက္ သြားပါသလဲ။
ေျဖ - ကြၽန္ေတာ္တို႔က်ေတာ့ စိတ္ထဲမွာ ပထမဆုံး ျဖစ္တာက ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူး။ ဒီအတိုင္း ငါတို႔ဘဝက ၿပီးၿပီ။ ေသရင္လည္း ေသမယ္၊ အဖမ္းခံရရင္လည္း အဖမ္းခံရမယ္ေပါ့။ သူတို႔ လုပ္ခ်င္တာ လုပ္မယ္ေပါ့ဗ်ာ။ ကြၽန္ေတာ္ ေျပာျပမယ္ သိတယ္မလား သူတို႔ လုပ္ခ်င္ရာလုပ္၊ သတ္ခ်င္ရာ သတ္ၿပီးရင္ ဘာေၾကာင့္ သတ္တယ္ဆိုတာ သတင္း ေလွ်ာက္လႊင့္မွာေပါ့ဗ်ာ။ အဲဒါကိုေၾကာက္တာ၊ စိတ္ပူတာ။ ေသမွာေတာ့ စိတ္မပူပါဘူးဗ်ာ အိမ္နား ပတ္လည္က လက္နက္ႀကီး ခဏခဏ က်ေနတာ။ ေသမွာေတာ့ စိတ္မပူေတာ့ဘူး။ စားစရာရွိတာ စား တယ္။ အိပ္စရာရွိတာ အိပ္တယ္။ က်ေနလည္း ထမၾကည့္ေတာ့ဘူး။ အိပ္ေနတုန္း က်လို႔ ေသသြား လည္း ၿပီးတာပဲ ဆိုၿပီး။

ေမး - အဲဒီလို ေသမထူး၊ ေနမထူး စိတ္ဝင္တာက တိုက္ပြဲရဲ႕ ဘယ္ႏွရက္ေျမာက္မွာလဲ။
ေျဖ - တိုက္ပြဲ ငါးရက္ေလာက္မွာ ကိုယ့္အိမ္နားမွာ က်ည္ေတြ က်တယ္၊ က်ည္ေတြ ေပါက္တယ္ ဆို ေတာ့။ အတူတူပါပဲ။ က်န္တဲ့သူေတြလည္း အကုန္ အတူတူပါပဲ။ ေျပးရင္လည္း ဒုကၡေရာက္မယ္ေလ။ ေျပးစရာ ေျမမွ မရွိတာ။ ေသမထူး၊ ေနမထူးေပါ့ အဲ့ဒီလို ျဖစ္သြားတာ။

ေမး - အမ်ိဳးသမီးေကာ ရွိပါသလား။ သူက မိန္းမ သားဆိုေတာ့ ဘယ္ေလာက္ စိတ္ဒဏ္ရာရသြားပါ သလဲ။
ေျဖ - ေၾကာက္တာေပါ့။ တအားေၾကာက္သြားတယ္။ တအား ေၾကာက္ၿပီးေတာ့ ျမန္မာျပည္မွာ ေနရမွာကို ေၾကာက္သြားတယ္။

ေမး - တိုက္ပြဲကာလအတြင္း ၿမိဳ႕မွာ ပိတ္မိခဲ့တဲ့သူ ေတြမွာ အသိေတြ ရွိပါသလား။ သူတို႔ေကာ ဘယ္လို အခက္အခဲ ႀကဳံရပါသလဲ။
ေျဖ - ရွိတာေပါ့။ အိမ္ထဲမွာေနရင္းနဲ႔ လက္နက္ႀကီး က်ၿပီး ေသသြားတဲ့ဟာေတြလည္း ရွိတယ္။ ဝန္ထမ္း ထဲကဆိုရင္ လက္နက္ႀကီးက်ၿပီး အိမ္ထဲမွာ ေနရင္းနဲ႔ လင္မယား ႏွစ္ေယာက္စလုံး ေသသြားတာ။ ကေလး ေလးေတြက ဒီအတိုင္း က်န္ခဲ့တာ။ စည္ပင္ဝန္ထမ္း အိမ္ယာကို က်တာပါ။

ေမး - အရင္အေျခအေနကို နမ့္ခမ္းၿမိဳ႕က ျပန္ေရာက္ ႏိုင္ပါသလား။
ေျဖ - ရွမ္းတိုင္းရင္းသားမ်ားတယ္ေလ။ အခုက သူတို႔ အခ်င္းခ်င္းလည္း ယုံၾကည္မႈ မရွိေတာ့ဘူး။ ျပန္ေနဖို႔ ျပန္ထူထာင္ဖို႔ ဆိုတာက မလြယ္ဘူးေလ။ အမ်ားျပည္သူပိုင္တဲ့ ေဈးႀကီးကို တ႐ုတ္လုပ္ငန္းရွင္ ေတြနဲ႔ ေပါင္းၿပီး တ႐ုတ္ကို ေရာင္းပစ္လိုက္တာေလ။ ဘာေတြမွန္း မသိေတာ့ဘူး။ စိတ္ဓာတ္ေတြလည္း က်လာပါၿပီ။

ေမး - လက္ရွိ TNLA ထိန္းခ်ဳပ္မႈေအာက္မွာ နမ့္ခမ္းၿမိဳ႕ခံေတြ အဆင္ေျပပါရဲ႕လား ခင္ဗ်ာ။
ေျဖ - ဘယ္အဆင္ေျပမလဲဗ်ာ။ အခြန္ေခါင္းစဥ္ေပါင္း ေသာင္းေျခာက္ေထာင္နဲ႔။ စည္ပင္ခြန္၊ ပညာေရးခြန္၊ ဆိုင္ခြန္ လုပ္ငန္းအခြန္ေတြတပ္ၿပီး သိန္းဆယ္ခ်ီကစလို႔ရာခ်ီေတာင္းခံေနရတာပါ။ အခြန္မေပးႏိုင္ရင္ စီးပြားေရး လုပ္လို႔က အဆင္မေျပေတာ့ဘူး။

ေမး - ဒီအထဲမွာTNLA နဲ႔ အတူ PDF ေတြလည္း ပါတယ္လို႔ ေျပာပါတယ္။ သူတို႔ကိုေကာ တိုက္ပြဲ ကာလမွာTNLA က ဘယ္လို ဆက္ဆံတာမ်ိဳး ျမင္ရပါသလဲ။
ေျဖ - ဗမာPDF ကၾကားက ငပိန္းေတြပါ။ တိုက္ပြဲ လည္းၿပီးေရာ ဒီေကာင္ေတြကိုၿမိဳ႕ျပင္တန္းထုတ္တာပဲ။
ေမး - ၿမိဳ႕က တိုက္ပြဲေၾကာင့္ ဘယ္ေလာက္ အထိနာ သြားပါသလဲ။
ေျဖ - ၿမိဳ႕ကေတာ့ပ်က္စီးဆုံးရႈံးမႈေတြမ်ားတာေပါ့ ရပ္ကြက္ (၁၃) ဆိုမီးေလာင္သြားတယ္။ ရပ္ကြက္ (၁၄) မွာေတာ့တိုက္ပြဲေၾကာင့္ရယ္ ေပါင္ (၅၀ဝ) ေၾကာင့္ ရယ္အိမ္ေတြထိခိုက္ဆုံးရႈံးတာေပါ့။ ၿမိဳ႕ေပၚဌာနဆိုင္ရာ႐ုံးရဲစခန္းေတြကေတာ့ အမ်ားဆုံး ထိခိုက္ပါတယ္။ လူေတြ ထိတာလည္း သူတို႔ လုပ္လို႔ ထိတာခ်ည္းပါပဲ။ ၿမိဳ႕ထဲ တိုက္ကြက္ေဖာ္တာကိုး။

ေမး - ဆိုေတာ့ စစ္ေဘးသင့္ခဲ့သူ တစ္ေယာက္အေနနဲ႔ အခက္အခဲက ဘာေတြ ရွိခဲ့ပါသလဲ။
ေျဖ - ဘာမွယူခ်ိန္မရွိဘူးေလ ဒီအတိုင္း ထေျပးရ တာ။ အဲဒါပါပဲ။ ကြၽန္ေတာ္ ေငြေရာ ပစၥည္းေတြေရာ အဝတ္အထည္ေတြေရာက အကုန္ထားပစ္ခဲ့ရေတာ့ လာခဲ့အခ်ိန္ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ေပါ့။ ဘာမွ ပါမလာေတာ့ပါဘူး။

ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.