ပြင်ပအခြေစိုက်သတင်းဌာန(၈) ခု၏ သတင်းထုတ်လွှင့်မှုအပေါ် သုံးသပ်ချက် (၂၁-၆-၂၀၂၄) ရက်မှ (၂၀-၇-၂၀၂၄) ရက်အထိ
2008
NP News - ဩဂုတ် ၇
၁။ ပြည်ပအခြေစိုက် သတင်းမီဒီယာဌာနများအနက် သတင်းတု၊ သတင်းမှား အများဆုံးလွှင့်တင်နေသော သတင်းဌာန (၈) ခု ဖြစ်သည့် BBC ,VOA , RFA, DVB , The Irrawaddy , Mizzima , Myanmar Now နှင့်Khit Thit Media Media တို့၏ သတင်း လွှင့်တင်မှုများကို အောက်ပါအတိုင်း အကြောင်းအ ရာခွဲခြားပြီး နေ့စဉ် မှတ်တမ်းရယူ ဆောင်ရွက်လျက် ရှိသည်-
(က) အချက်အလက်ခိုင်မာမှုမရှိဘဲ ဖော်ပြမှု
(ခ) ပဋိပက္ခအားပေးလှုံ့ဆော်မှု
(ဂ) NUG/PDF သတင်း အသားပေးဖော်ပြမှုနှင့်
(ဃ) အခြားသာမန်သတင်း သတင်းလွှင့်တင်ထားရှိမှုအခြေအနေ
၂။ RFA Burmese မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၂၂) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၆၇၄) ပုဒ်လွှင့် တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၅၄%၊NUG/ PDF သတင်း အသားပေး ဖော်ပြမှု ၆ %၊ အချက်အလက်မခိုင်မာသည့်သတင်း ၅ %၊ အခြား သာမန်သတင်း ၂၃% လွှင့်တင်ထားသည်။
၃။ BBC မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၁၄) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၄၄၃)ပုဒ်လွှင့်တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၄၀ %၊NUG/ PDF သတင်း အသားပေးဖော်ပြမှု ၁၀%၊ အချက် အလက်မခိုင်မာသည့်သတင်း ၆ %၊ အခြားသာမန် သတင်း ၄၇ % လွှင့်တင်ထားသည်။
၄။ VOA Burmese မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ(၈)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၂၅၀) ပုဒ် လွှင့်တင် ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၂၅ %၊NUG/ PDF သတင်း အသားပေးဖော်ပြမှု ၁၆ %၊ အချက်အလက်မခိုင်မာသည့်သတင်း ၁၁ %၊ အခြား သာမန်သတင်း ၃၈ % လွှင့်တင်ထားသည်။
၅။ DVB မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၂၃) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၇၁၀)ပုဒ် လွှင့်တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၅၅ %၊NUG/ PDFသတင်း အသားပေးဖော်ပြမှု ၅ %၊ အချက် အလက်မခိုင်မာသည့် သတင်း ၅ %၊ အခြားသာမန် သတင်း ၄၀ % လွှင့်တင်ထားသည်။
၆။ Myanmar Now မီဒီယာအနေဖြင့် တစ်ရက်လျှင် ပျမ်းမျှသတင်း (၆) ပုဒ်နှုန်းဖြင့် စုစုပေါင်း(၁၉၈) ပုဒ်လွှင့်တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ ဆော်မှုသ တင်း ၄၃%၊NUG/ PDF သတင်း အသားပေးဖော် ပြမှု ၃၇%၊ အခြားသာမန်သတင်း ၁၉% ကို လွှင့်တင် ထားသည်။
၇။ ခေတ်သစ်မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၂၈)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၈၉၁)ပုဒ် လွှင့်တင်ထား ပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၃၃ %၊ အချက်အလက်ခိုင်မာမှုမရှိသည့် သတင်း ၂၉%၊NUG/ PDFသတင်းအသားပေးဖော်ပြမှု ၃၁% နှင့် အခြားသာမန်သတင်း ၄ % လွှင့်တင်ထားသည်။
၈။ The Irrawaddy မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ(၈) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၂၄၇) ပုဒ် လွှင့် တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၃၈ %၊ အချက်အလက်မခိုင်မာသည့် သတင်း ၆ %၊ NUG/ PDF သတင်း အသားပေးဖော်ပြမှု ၂၅%၊ အခြား သာမန်သတင်း ၃၄% လွှင့်တင်ထားသည်။
၉။ Mizzima မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၁၇)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၅၁၆)ပုဒ် လွှင့်တင် ထားပြီး NUG/ PDF သတင်းအသားပေးဖော်ပြမှု ၂၂%၊ ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၄၀% ၊ အချက်အလက်မခိုင်မာသည့် သတင်း ၂၄ %၊ အခြား သာမန်သတင်း ၃၂ % လွှင့်တင်ထားသည်။
သတင်းထုတ်လွှင့်မှုများနှင့်ပတ်သက်၍ သုံးသပ်တင်ပြခြင်း
၁၀။ အဆိုပါသတင်းဌာန(၈)ခုတို့သည် နေပြည်တော် ဧလာလေဆိပ် ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခံရမှုများ ကိုလည်းကောင်း၊ ငပလီ-သံတွဲ တိုက်ပွဲများအ ကြောင်းကိုလည်းကောင်း စဉ့်ကူးနှင့်မတ္တရာတစ်ဝိုက် မှတိုက်ပွဲများအကြောင်းကိုလည်းကောင်း နိုင်ငံတော် နှင့် ရဟန်းသံဃာတော်များအကြား အထင်အမြင်လွဲ မှားစေရန်ရည်ရွယ်၍ ဘာသာသာသနာနှင့် သံဃာ တော်များအပေါ်ကျူးလွန်ခဲ့သော ရာဇဝတ်သတ် ဖြတ်မှုများကိုလည်းကောင်း အကြမ်းဖက်အဖွဲ့များ အင်အားကြီးမားလာမှုကိုအလေးပေးဖော်ပြသည့် လပခတိုင်းမှူးသစ် အလံဖြူထောင်လက်နက်ချရန် မန္တလေး PDF တိုက်တွန်းဆိုသည့်သတင်းကိုလည်း ကောင်း၊ ဘဏ်များတွင် ငွေထုတ်ယူခြင်းနှင့်ပတ်သက် ၍ ပြည်သူများ အထိတ်တလန့်ဖြစ်စေရန်နှင့် ပြည် တွင်းမငြိမ်မသက်ဖြစ်စေရန်ရည်ရွယ်သည့် Kpay Account နှင့်Wave Pay ငွေထုတ်ခများ (၅) ရာခိုင်နှုန်းအထိ တိုးကောက်ဟူသည့်သတင်းများနှင့် လက်နက် ကိုင်များနှင့် အကြမ်းဖက်အဖွဲ့များကိုအလေးပေးသည့် တစ်ဖက်သတ်ရေးသားဖော်ပြချက်များကို အဓိကလွှင့် တင်ထားကြောင်း သုံးသပ်တွေ့ရှိရသည်။
၁၁။ သတင်းဌာန (၈)ခုမှ သတင်းထုတ်လွှင့် ဖော်ပြ မှုများကို ခြုံငုံသုံးသပ်ကြည့်ပါက လမ်း၊ တံတား များကို အကြမ်းဖက်အဖွဲ့များကဖောက်ခွဲဖျက်ဆီးသည် မှာထင်ရှားသော်လည်း တပ်မတော်က ဖောက်ခွဲ ဖျက်ဆီးသည့်အလား သတင်းဖော်ပြခြင်း၊ တပ်မ တော်က အရပ်သားများကို အကြောင်းမဲ့ ပစ်ခတ်၊ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဗုံးကြဲ၊ အရပ်သားနေအိမ်များ၊ ရွာများကိုမီးရှို့သည့် ပုံသေရေးသားနည်းများအတိုင်း ရေးသားထုတ်လွှင့်ခြင်း၊ ပြည်သူ့ စစ်မှုထမ်းဥပဒေ နှင့်ပတ်သက်၍ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြစ် စေရန် ပုံစံမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်သည့်အကြောင်း အရာများ၊ တပ်မတော်ခေါင်းဆောင်ပိုင်းနှင့် စစ်သည် များကြား သပ်လျှိုသွေးခွဲသည့် နှပ်ကြောင်းပေးမှုများ၊ ဝင်းနိမ္မိတာရုံဆရာတော်အားသတ်ဖြတ်မှုမှာ ဗုဒ္ဓဘာ သာတစ်ရပ်လုံးကို စော်ကားခြင်းဖြစ်ကြောင်း ဘာသာ ရေးပဋိပက္ခဖြစ်စေမည့်ရေးသားထုတ်လွှင့်ချက်များ၊ ဘဏ်လုပ်ငန်းကန့်သတ်ချက်များကြောင့် နိုင်ငံတော် အစိုးရလက်ထက်ဆောင်ရွက်ခဲ့သော Special Account တွင် ငွေလွှဲငွေပြောင်း အခက်အခဲ ကြုံတွေ့ရ မှုများကို ဦးစားပေးဖော်ပြထားကြောင်း တွေ့ရှိရပါ သည်။ VPN အခက်အခဲများကြောင့် သတင်းဌာန (၈)ခုအနက် သတင်းဌာန (၂) ခု၏ ပို့စ်များကို Reaction ရရှိမှုအရေအတွက်မှာလည်း သိသိသာသာ ကျဆင်းသွားခဲ့သည်။Khit Thit သတင်းဌာန၏ ယခင်ပို့စ် အများဆုံးသတင်း၏ Reaction ရရှိမှု သည် (၆၇,ဝဝဝ) ရှိရာမှ ယခုလတွင် (၆၀,ဝဝဝ) အထိနှင့်The Irrawaddy သတင်းဌာန၏ ယခင်လ ပို့စ် အများဆုံးသတင်း၏ Reaction ရရှိမှုသည် (၁၉,ဝဝဝ)ရှိရာမှ ယခုလတွင် (၉,၈၀ဝ) အထိကျ ဆင်းနေကြောင်းတွေ့ရှိရပါသည်။
zawgyi version
ျပင္ပအေျခစိုက္သတင္းဌာန(၈) ခု၏ သတင္းထုတ္လႊင့္မႈအေပၚ သုံးသပ္ခ်က္ (၂၁-၆-၂၀၂၄) ရက္မွ (၂၀-၇-၂၀၂၄) ရက္အထိ
NP News - ဩဂုတ္ ၇
၁။ ျပည္ပအေျခစိုက္ သတင္းမီဒီယာဌာနမ်ားအနက္ သတင္းတု၊ သတင္းမွား အမ်ားဆုံးလႊင့္တင္ေနေသာ သတင္းဌာန (၈) ခု ျဖစ္သည့္ BBC ,VOA , RFA, DVB , The Irrawaddy , Mizzima , Myanmar Now ႏွင့္Khit Thit Media Media တို႔၏ သတင္း လႊင့္တင္မႈမ်ားကို ေအာက္ပါအတိုင္း အေၾကာင္းအ ရာခြဲျခားၿပီး ေန႔စဥ္ မွတ္တမ္းရယူ ေဆာင္႐ြက္လ်က္ ရွိသည္-
(က) အခ်က္အလက္ခိုင္မာမႈမရွိဘဲ ေဖာ္ျပမႈ
(ခ) ပဋိပကၡအားေပးလႈံ႕ေဆာ္မႈ
(ဂ) NUG/PDF သတင္း အသားေပးေဖာ္ျပမႈႏွင့္
(ဃ) အျခားသာမန္သတင္း သတင္းလႊင့္တင္ထားရွိမႈအေျခအေန
၂။ RFA Burmese မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ် (၂၂) ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၆၇၄) ပုဒ္လႊင့္ တင္ထားၿပီး ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း ၅၄%၊NUG/ PDF သတင္း အသားေပး ေဖာ္ျပမႈ ၆ %၊ အခ်က္အလက္မခိုင္မာသည့္သတင္း ၅ %၊ အျခား သာမန္သတင္း ၂၃% လႊင့္တင္ထားသည္။
၃။ BBC မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ် (၁၄) ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၄၄၃)ပုဒ္လႊင့္တင္ထားၿပီး ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း ၄၀ %၊NUG/ PDF သတင္း အသားေပးေဖာ္ျပမႈ ၁၀%၊ အခ်က္ အလက္မခိုင္မာသည့္သတင္း ၆ %၊ အျခားသာမန္ သတင္း ၄၇ % လႊင့္တင္ထားသည္။
၄။ VOA Burmese မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ်(၈)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၂၅၀) ပုဒ္ လႊင့္တင္ ထားၿပီး ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း ၂၅ %၊NUG/ PDF သတင္း အသားေပးေဖာ္ျပမႈ ၁၆ %၊ အခ်က္အလက္မခိုင္မာသည့္သတင္း ၁၁ %၊ အျခား သာမန္သတင္း ၃၈ % လႊင့္တင္ထားသည္။
၅။ DVB မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ် (၂၃) ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၇၁၀)ပုဒ္ လႊင့္တင္ထားၿပီး ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း ၅၅ %၊NUG/ PDFသတင္း အသားေပးေဖာ္ျပမႈ ၅ %၊ အခ်က္ အလက္မခိုင္မာသည့္ သတင္း ၅ %၊ အျခားသာမန္ သတင္း ၄၀ % လႊင့္တင္ထားသည္။
၆။ Myanmar Now မီဒီယာအေနျဖင့္ တစ္ရက္လွ်င္ ပ်မ္းမွ်သတင္း (၆) ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း(၁၉၈) ပုဒ္လႊင့္တင္ထားၿပီး ပဋိပကၡအားေပးလႈံ႕ ေဆာ္မႈသ တင္း ၄၃%၊NUG/ PDF သတင္း အသားေပးေဖာ္ ျပမႈ ၃၇%၊ အျခားသာမန္သတင္း ၁၉% ကို လႊင့္တင္ ထားသည္။
၇။ ေခတ္သစ္မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ် (၂၈)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၈၉၁)ပုဒ္ လႊင့္တင္ထား ၿပီး ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း ၃၃ %၊ အခ်က္အလက္ခိုင္မာမႈမရွိသည့္ သတင္း ၂၉%၊NUG/ PDFသတင္းအသားေပးေဖာ္ျပမႈ ၃၁% ႏွင့္ အျခားသာမန္သတင္း ၄ % လႊင့္တင္ထားသည္။
၈။ The Irrawaddy မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ်(၈) ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၂၄၇) ပုဒ္ လႊင့္ တင္ထားၿပီး ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း ၃၈ %၊ အခ်က္အလက္မခိုင္မာသည့္ သတင္း ၆ %၊ NUG/ PDF သတင္း အသားေပးေဖာ္ျပမႈ ၂၅%၊ အျခား သာမန္သတင္း ၃၄% လႊင့္တင္ထားသည္။
၉။ Mizzima မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ် (၁၇)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၅၁၆)ပုဒ္ လႊင့္တင္ ထားၿပီး NUG/ PDF သတင္းအသားေပးေဖာ္ျပမႈ ၂၂%၊ ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း ၄၀% ၊ အခ်က္အလက္မခိုင္မာသည့္ သတင္း ၂၄ %၊ အျခား သာမန္သတင္း ၃၂ % လႊင့္တင္ထားသည္။
သတင္းထုတ္လႊင့္မႈမ်ားႏွင့္ပတ္သက္၍ သုံးသပ္တင္ျပျခင္း
၁၀။ အဆိုပါသတင္းဌာန(၈)ခုတို႔သည္ ေနျပည္ေတာ္ ဧလာေလဆိပ္ ေရွာ့တိုက္ဒုံးျဖင့္ပစ္ခတ္ခံရမႈမ်ား ကိုလည္းေကာင္း၊ ငပလီ-သံတြဲ တိုက္ပြဲမ်ားအ ေၾကာင္းကိုလည္းေကာင္း စဥ့္ကူးႏွင့္မတၱရာတစ္ဝိုက္ မွတိုက္ပြဲမ်ားအေၾကာင္းကိုလည္းေကာင္း ႏိုင္ငံေတာ္ ႏွင့္ ရဟန္းသံဃာေတာ္မ်ားအၾကား အထင္အျမင္လြဲ မွားေစရန္ရည္႐ြယ္၍ ဘာသာသာသနာႏွင့္ သံဃာ ေတာ္မ်ားအေပၚက်ဴးလြန္ခဲ့ေသာ ရာဇဝတ္သတ္ ျဖတ္မႈမ်ားကိုလည္းေကာင္း အၾကမ္းဖက္အဖြဲ႕မ်ား အင္အားႀကီးမားလာမႈကိုအေလးေပးေဖာ္ျပသည့္ လပခတိုင္းမႉးသစ္ အလံျဖဴေထာင္လက္နက္ခ်ရန္ မႏၲေလး PDF တိုက္တြန္းဆိုသည့္သတင္းကိုလည္း ေကာင္း၊ ဘဏ္မ်ားတြင္ ေငြထုတ္ယူျခင္းႏွင့္ပတ္သက္ ၍ ျပည္သူမ်ား အထိတ္တလန႔္ျဖစ္ေစရန္ႏွင့္ ျပည္ တြင္းမၿငိမ္မသက္ျဖစ္ေစရန္ရည္႐ြယ္သည့္ Kpay Account ႏွင့္Wave Pay ေငြထုတ္ခမ်ား (၅) ရာခိုင္ႏႈန္းအထိ တိုးေကာက္ဟူသည့္သတင္းမ်ားႏွင့္ လက္နက္ ကိုင္မ်ားႏွင့္ အၾကမ္းဖက္အဖြဲ႕မ်ားကိုအေလးေပးသည့္ တစ္ဖက္သတ္ေရးသားေဖာ္ျပခ်က္မ်ားကို အဓိကလႊင့္ တင္ထားေၾကာင္း သုံးသပ္ေတြ႕ရွိရသည္။
၁၁။ သတင္းဌာန (၈)ခုမွ သတင္းထုတ္လႊင့္ ေဖာ္ျပ မႈမ်ားကို ၿခဳံငုံသုံးသပ္ၾကည့္ပါက လမ္း၊ တံတား မ်ားကို အၾကမ္းဖက္အဖြဲ႕မ်ားကေဖာက္ခြဲဖ်က္ဆီးသည္ မွာထင္ရွားေသာ္လည္း တပ္မေတာ္က ေဖာက္ခြဲ ဖ်က္ဆီးသည့္အလား သတင္းေဖာ္ျပျခင္း၊ တပ္မ ေတာ္က အရပ္သားမ်ားကို အေၾကာင္းမဲ့ ပစ္ခတ္၊ တိုက္ပြဲျဖစ္ပြားမႈမရွိဘဲ ဗုံးႀကဲ၊ အရပ္သားေနအိမ္မ်ား၊ ႐ြာမ်ားကိုမီးရႈိ႕သည့္ ပုံေသေရးသားနည္းမ်ားအတိုင္း ေရးသားထုတ္လႊင့္ျခင္း၊ ျပည္သူ႔ စစ္မႈထမ္းဥပေဒ ႏွင့္ပတ္သက္၍ ျပည္သူမ်ား စိုးရိမ္ထိတ္လန႔္မႈျဖစ္ ေစရန္ ပုံစံမ်ိဳးစုံျဖင့္ ေသြးထိုးလႈံ႕ေဆာ္သည့္အေၾကာင္း အရာမ်ား၊ တပ္မေတာ္ေခါင္းေဆာင္ပိုင္းႏွင့္ စစ္သည္ မ်ားၾကား သပ္လွ်ိဳေသြးခြဲသည့္ ႏွပ္ေၾကာင္းေပးမႈမ်ား၊ ဝင္းနိမၼိတာ႐ုံဆရာေတာ္အားသတ္ျဖတ္မႈမွာ ဗုဒၶဘာ သာတစ္ရပ္လုံးကို ေစာ္ကားျခင္းျဖစ္ေၾကာင္း ဘာသာ ေရးပဋိပကၡျဖစ္ေစမည့္ေရးသားထုတ္လႊင့္ခ်က္မ်ား၊ ဘဏ္လုပ္ငန္းကန႔္သတ္ခ်က္မ်ားေၾကာင့္ ႏိုင္ငံေတာ္ အစိုးရလက္ထက္ေဆာင္႐ြက္ခဲ့ေသာ Special Account တြင္ ေငြလႊဲေငြေျပာင္း အခက္အခဲ ႀကဳံေတြ႕ရ မႈမ်ားကို ဦးစားေပးေဖာ္ျပထားေၾကာင္း ေတြ႕ရွိရပါ သည္။ VPN အခက္အခဲမ်ားေၾကာင့္ သတင္းဌာန (၈)ခုအနက္ သတင္းဌာန (၂) ခု၏ ပို႔စ္မ်ားကို Reaction ရရွိမႈအေရအတြက္မွာလည္း သိသိသာသာ က်ဆင္းသြားခဲ့သည္။Khit Thit သတင္းဌာန၏ ယခင္ပို႔စ္ အမ်ားဆုံးသတင္း၏ Reaction ရရွိမႈ သည္ (၆၇,ဝဝဝ) ရွိရာမွ ယခုလတြင္ (၆၀,ဝဝဝ) အထိႏွင့္The Irrawaddy သတင္းဌာန၏ ယခင္လ ပို႔စ္ အမ်ားဆုံးသတင္း၏ Reaction ရရွိမႈသည္ (၁၉,ဝဝဝ)ရွိရာမွ ယခုလတြင္ (၉,၈၀ဝ) အထိက် ဆင္းေနေၾကာင္းေတြ႕ရွိရပါသည္။