အမေရိကန်၊ ကနေဒါ၊ ဖိလစ်ပိုင် နဲ့ ဩစတြေးလျတို့က တောင်တရုတ်ပင် လယ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်
685
Pika (NP News) - ဩဂုတ် ၇
အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ ၎င်းတို့တပ်ဖွဲ့တွေကြားမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့အတွက် တောင်တရုတ်ပင်လယ်အတွင်းမှာ ၎င်းတို့ရဲ့ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဩဂုတ်လ(၇)ရက်နေ့က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ရေတပ်နဲ့လေတပ်တွေပါဝင်မယ့် နှစ်ရက်ကြာပူးတွဲစစ်ရေးလေ့ကျင့်ခန်းက ၎င်းတို့လေးနိုင်ငံစလုံးရဲ့ ပထဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်ပြီး ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖိလစ်ပိုင်-ဂျပန်ပူးတွဲစစ်ရေးလေ့ကျင့်မှာ လုပ်ဆောင်ပြီးနောက် ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဖိလစ်ပိုင်ရဲ့ မိတ်ဖက်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံဟာ ပြီးခဲ့တဲ့ဇွန်လက တောင်တရုတ်ပင်လယ်အတွင်းမှာ ဂျပန်၊ ဖိလစ်ပိုင်တို့နဲ့အတူ အလားတူစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာရေကြောင်းသွားလာခွင့်ကို ထောက်ခံမှုတစ်စိတ်တစ်ပိုင်းအဖြစ် လေးနိုင်ငံစလုံးရဲ့ ရေတပ်နဲ့လေတပ် တပ်ဖွဲ့တို့ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ရေမိုင်(၂၀၀) သီးသန့်စီးပွားရေးဇုန်အတွင်းမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်လုပ်ဆောင်နိုင်မှုတွေ တိုးတက်စေဖို့အတွက် အတူတကွဆောင်ရွက်သွားမှာဖြစ်တယ်လို့ ၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။ ထုတ်ပြန်ချက်မှာ 'ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ရေကြောင်းစိန်ခေါ်မှုတွေကို အတူတကွဖြေရှင်းပြီး နိုင်ငံတကာ ဥပဒေနဲ့စည်းမျဥ်းအခြေခံတဲ့အမိန့်ကို လိုက်နာတဲ့ ကျွန်တော်တို့ရဲ့သဘောထားကို အလေးပေးဖော်ပြတာမျိုးဖြစ်ပါတယ်'လို့ ရေးသားထားပါတယ်။
တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်ကပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။ ဖိလစ်ပိုင်နဲ့တရုတ်တို့ဟာ အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်းမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ၎င်းတို့ရဲ့သင်္ဘောတွေတိုက်မိမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။
zawgyi version
အေမရိကန္၊ ကေနဒါ၊ ဖိလစ္ပိုင္ နဲ႔ ဩစေၾတးလ်တို႔က ေတာင္တ႐ုတ္ပင္ လယ္အတြင္း ပထမဆုံးအႀကိမ္ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြျပဳလုပ္
Pika (NP News) - ဩဂုတ္ ၇
အေမရိကန္၊ ကေနဒါ၊ ဩစေၾတးလ် နဲ႔ ဖိလစ္ပိုင္ႏိုင္ငံတို႔ဟာ ၎တို႔တပ္ဖြဲ႕ေတြၾကားမွာ အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္မႈေတြကို တိုးျမႇင့္ဖို႔အတြက္ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ၎တို႔ရဲ႕ပထမဆုံးပူးတြဲစစ္ေရးေလ့က်င့္မႈကို ဩဂုတ္လ(၇)ရက္ေန႔က လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
ေရတပ္နဲ႔ေလတပ္ေတြပါဝင္မယ့္ ႏွစ္ရက္ၾကာပူးတြဲစစ္ေရးေလ့က်င့္ခန္းက ၎တို႔ေလးႏိုင္ငံစလုံးရဲ႕ ပထဆုံးပူးတြဲစစ္ေရးေလ့က်င့္မႈျဖစ္ၿပီး ၿပီးခဲ့တဲ့သီတင္းပတ္မွာ ဖိလစ္ပိုင္-ဂ်ပန္ပူးတြဲစစ္ေရးေလ့က်င့္မွာ လုပ္ေဆာင္ၿပီးေနာက္ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ဖိလစ္ပိုင္ရဲ႕ မိတ္ဖက္ႏိုင္ငံျဖစ္တဲ့ အေမရိကန္ႏိုင္ငံဟာ ၿပီးခဲ့တဲ့ဇြန္လက ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ဂ်ပန္၊ ဖိလစ္ပိုင္တို႔နဲ႔အတူ အလားတူစစ္ေရးေလ့က်င့္မႈေတြ လုပ္ေဆာင္ခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။
ေတာင္တ႐ုတ္ပင္လယ္အတြင္း လြတ္လပ္စြာေရေၾကာင္းသြားလာခြင့္ကို ေထာက္ခံမႈတစ္စိတ္တစ္ပိုင္းအျဖစ္ ေလးႏိုင္ငံစလုံးရဲ႕ ေရတပ္နဲ႔ေလတပ္ တပ္ဖြဲ႕တို႔ဟာ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ ေရမိုင္(၂၀၀) သီးသန႔္စီးပြားေရးဇုန္အတြင္းမွာ ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ အျပန္အလွန္လုပ္ေဆာင္ႏိုင္မႈေတြ တိုးတက္ေစဖို႔အတြက္ အတူတကြေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ ၎တို႔ရဲ႕ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။ ထုတ္ျပန္ခ်က္မွာ 'ဒီပူးတြဲစစ္ေရးေလ့က်င့္မႈဟာ ေရေၾကာင္းစိန္ေခၚမႈေတြကို အတူတကြေျဖရွင္းၿပီး ႏိုင္ငံတကာ ဥပေဒနဲ႔စည္းမ်ဥ္းအေျခခံတဲ့အမိန႔္ကို လိုက္နာတဲ့ ကြၽန္ေတာ္တို႔ရဲ႕သေဘာထားကို အေလးေပးေဖာ္ျပတာမ်ိဳးျဖစ္ပါတယ္'လို႔ ေရးသားထားပါတယ္။
ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္ကေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား နဲ႔ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ ပိုင္ဆိုင္တယ္လို႔ အခိုင္အမာေျပာဆိုထားပါတယ္။ ဖိလစ္ပိုင္နဲ႔တ႐ုတ္တို႔ဟာ အျငင္းပြားေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ထိပ္တိုက္ေတြ႕ဆုံမႈေတြ မၾကာခဏျဖစ္ပြားေလ့ရွိၿပီး ၎တို႔ရဲ႕သေဘၤာေတြတိုက္မိမႈေတြလည္းရွိခဲ့တယ္လို႔သိရပါတယ္။