ပြင်းထန်ငလျင်လှုပ်မယ်ဆိုတဲ့သတိပေးချက်ကြောင့် ဂျပန်မှာ Panic Buying တွေ ဖြစ်နေ
2041
ရောင်နီ (NP News) - သြဂုတ် ၁၁
ဂျပန်မှာ ပြင်းထန်ငလျင် လှုပ်ခတ်နိုင်ခြေ ရှိတယ်ဆိုတဲ့သတိပေးချက်ကြောင့် နေထိုင်သူတွေ စိုးရိမ်ထိတ်လန့် လွန်ကဲပြီး Panic Buying တွေ မလုပ်ကြဖို့ ဂျပန်အစိုးရက တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်က တိုကျိုမြို့အနီး ကာနာဂါဝါဒေသမှာ ပြင်းအား ၅.၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ် ခဲ့ခြင်းကြောင့် မိုဘိုင်းလ်ဖုန်းတွေမှ အရေးပေါ်အချက်ပေးသံတွေ ထွက်ပေါ်လာခဲ့ပြီး ကျည်ဆန်ရထား ပြေးဆွဲမှုကို ခေတ္တဆိုင်းငံ့ထားခဲ့ရပါတယ်။ အဲဒီနောက် နောက်ထပ် ငလျင်အပြင်းစား ထပ်လှုပ်နိုင်ခြေရှိတယ်ဆိုတဲ့ ပညာရှင် တွေရဲ့သတိပေးချက်ကြောင့် ဘေးအန္တရာယ်ဆိုင်ရာကိရိယာတွေနဲ့ နေ့စဥ်သုံးပစ္စည်းတွေ ဝယ်လိုအားများ မြင့်တက်လာခဲ့ပါတယ်။
ဒါကြောင့် ဩဂုတ် ၁ဝ ရက်က အချို့ တိုကျိုစူပါမားကတ်တွေမှာ ပစ္စည်းတွေကို ကန့်သတ်ချက်တွေနဲ့ ရောင်းချနေ တယ်လို့ သိရပါတယ်။ အထူးသဖြင့် ကြာရှည်ခံ အစားအစာတွေ၊ ရေသန့်ဗူးတွေဟာ ရှာဖွေမှုအများဆုံး ပစ္စည်း စာရင်းမှာ ထိပ်ဆုံးမှ ပါဝင်နေပါတယ်။
ကျွမ်းကျင်သူတွေကတော့ ဂျပန်ရေပြင်မှာ ငလျင်အပြင်းစားတစ်ခု လှုပ်ခတ်ဦးမယ်လို့ ခန့်မှန်းသတိပေးထားပေ မယ့် ဆူနာမီ ဖြစ်လောက်တဲ့ထိ မကြမ်းနိုင်သေးတာကြောင့် ကုန်စည်တွေ အလွန်အကျွံ သိုလှောင်ထားတာမျိုး မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
Zawgyi Version;
ျပင္းထန္ငလ်င္လႈပ္မယ္ဆိုတဲ့သတိေပးခ်က္ေၾကာင့္ ဂ်ပန္မွာ Panic Buying ေတြ ျဖစ္ေန
ေရာင္နီ (NP News) - ၾသဂုတ္ ၁၁
ဂ်ပန္မွာ ျပင္းထန္ငလ်င္ လႈပ္ခတ္ႏိုင္ေျခ ရွိတယ္ဆိုတဲ့သတိေပးခ်က္ေၾကာင့္ ေနထိုင္သူေတြ စိုးရိမ္ထိတ္လန႔္ လြန္ကဲၿပီး Panic Buying ေတြ မလုပ္ၾကဖို႔ ဂ်ပန္အစိုးရက တိုက္တြန္းလိုက္ပါတယ္။
ၿပီးခဲ့တဲ့ ဩဂုတ္လ ၉ ရက္က တိုက်ိဳၿမိဳ႕အနီး ကာနာဂါဝါေဒသမွာ ျပင္းအား ၅.၃ အဆင့္ရွိ ငလ်င္တစ္ခု လႈပ္ခတ္ ခဲ့ျခင္းေၾကာင့္ မိုဘိုင္းလ္ဖုန္းေတြမွ အေရးေပၚအခ်က္ေပးသံေတြ ထြက္ေပၚလာခဲ့ၿပီး က်ည္ဆန္ရထား ေျပးဆြဲမႈကို ေခတၱဆိုင္းငံ့ထားခဲ့ရပါတယ္။ အဲဒီေနာက္ ေနာက္ထပ္ ငလ်င္အျပင္းစား ထပ္လႈပ္ႏိုင္ေျခရွိတယ္ဆိုတဲ့ ပညာရွင္ ေတြရဲ႕သတိေပးခ်က္ေၾကာင့္ ေဘးအႏၲရာယ္ဆိုင္ရာကိရိယာေတြနဲ႔ ေန႔စဥ္သုံးပစၥည္းေတြ ဝယ္လိုအားမ်ား ျမင့္တက္လာခဲ့ပါတယ္။
ဒါေၾကာင့္ ဩဂုတ္ ၁ဝ ရက္က အခ်ိဳ႕ တိုက်ိဳစူပါမားကတ္ေတြမွာ ပစၥည္းေတြကို ကန႔္သတ္ခ်က္ေတြနဲ႔ ေရာင္းခ်ေန တယ္လို႔ သိရပါတယ္။ အထူးသျဖင့္ ၾကာရွည္ခံ အစားအစာေတြ၊ ေရသန႔္ဗူးေတြဟာ ရွာေဖြမႈအမ်ားဆုံး ပစၥည္း စာရင္းမွာ ထိပ္ဆုံးမွ ပါဝင္ေနပါတယ္။
ကြၽမ္းက်င္သူေတြကေတာ့ ဂ်ပန္ေရျပင္မွာ ငလ်င္အျပင္းစားတစ္ခု လႈပ္ခတ္ဦးမယ္လို႔ ခန႔္မွန္းသတိေပးထားေပ မယ့္ ဆူနာမီ ျဖစ္ေလာက္တဲ့ထိ မၾကမ္းႏိုင္ေသးတာေၾကာင့္ ကုန္စည္ေတြ အလြန္အကြၽံ သိုေလွာင္ထားတာမ်ိဳး မလုပ္ၾကဖို႔ တိုက္တြန္းထားပါတယ္။