'World of Warcraft' ဂိမ်းကို အချိန်(၇၈)နာရီကျော်ကြာ ကစားခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်နှစ်ခု ချိုးဖျက်နိုင်ခဲ့တဲ့ အမေရိကန်အမျိုးသား

 283

Pika (NP News) - သြဂုတ် ၁၅

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှ အမျိုးသားတစ်ဦးသည် World of Warcraft ဂိမ်းကို အချိန်(၇၈)နာရီကျော် ကြာကစားခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်နှစ်ခု ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

မရိန်းတပ်ဖွဲ့၏ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ Justin O'Donnell သည် World of Warcraft ဂိမ်းကို အချိန်(၇၈) နာရီ နှင့် (၃၀)မိနစ်ကြာကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Justin O'Donnell သည် အချိန်တစ်နာရီလျှင် အနားယူချိန်(၅)မိနစ် ရရှိသော်လည်း အိပ်ခြင်းထက် ၎င်း၏ ခွေးများနှင့်ကစားခြင်း (သို့မဟုတ်) အစာစားခြင်းတို့အတွက်သာ ၎င်း၏အနားယူချိန်ကို အသုံးပြုခဲ့ကြောင်းလည်း သိရသည်။

Justin O'Donnell သည် World of Warcraft ဂိမ်းကစားချိန်(၇၈)နာရီနှင့် (၃၀)မိနစ်အတွင်း အနားယူချိန် (၈၀) မိနစ်ကို အသုံးမပြုဘဲနေခဲ့ကြောင်းလည်း သိရသည်။ Justin O'Donnell က “ကျွန်တော်က ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းတာတော့ ရှိပေမယ့် စိတ်ပိုင်းဆိုင်ရာပင်ပန်းတာမျိုးတော့ သိပ်မရှိပါဘူး။ အချိန်အကြာကြီး မအိပ်ပဲနေတဲ့ အခါမှာ ပုံမှန်ပြဿနာတွေကို ကျွန်တော်သိပ်မခံစားရပါဘူး။ တစ်ချို့လူတွေက အချိန်အကြာကြီး မအိပ်ဘဲနေတဲ့ အခါမှာ စကားပြောမှားတာမျိုးတွေဖြစ်တတ်ပေမယ့် ကျွန်တော့်မှာတော့ အဲဒီလိုမျိုး မဖြစ်ပါဘူး” ဟု ပြောခဲ့သည်။

Justin O'Donnell သည် World of Warcraft ဂိမ်းကို အချိန်အကြာဆုံးကစားပြနိုင်ခဲ့ခြင်းအတွက် ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဂင်းနစ်စံချိန်ကို ယခင်စံချိန်တင်ထားသည့်အချိန်မှာ (၅၉) နာရီ နှင့် (၂၀)မိနစ်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် Justin O'Donnellသည် MMORPG ဗီဒီယိုဂိမ်းများကို အချိန်အကြာဆုံးကစားပြနိုင်ခဲ့သည့် ကမ္ဘာ့ဂင်းနစ်စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
Pika (NP News) - သြဂုတ် ၁၅





© 2021. All rights reserved.