“ ရခိုင်စကားပြောလည်း မှတ်ပုံတင်မှာ ဗမာဆိုရင် ဗမာတစ်ကောင်ပါတယ်ဆိုပြီး ...” “AA” လက်အောက်မှာ ‘ပလက်ဝ’ ဘာဖြစ်နေသလဲ (အင်တာဗျူး)
2061
သုတကျော် (NP News) - ဩဂုတ် ၁၅
AA ၏ထိန်းချုပ်မှုအောက်တွင်ကျရောက်နေသည့် ပလက်ဝမြို့မှဒေသခံများမှာ စိတ်မလုံခြုံမှုနှင့်အတူ လူမှုရေး၊ စီးပွားရေးတို့တွင် နိမ့်ကျမှုများ ဖြစ်ပေါ်နေသည်။ ထို့ပြင် အထိတ်ထိတ်အလန့်လန့်နေရဆဲဖြစ်ပြီး စစ်၏အကျိုးသက် ရောက်မှုကိုလည်း ကြုံတွေ့နေရသည်ဖြစ်ရာ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ NP News ဂျာနယ်က ပလက်ဝမြို့ မှတိမ်းရှောင်လာခဲ့သူတစ်ဦးထံ ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။
မေး - ပလက်ဝကို AA ဝင်ပြီးတဲ့နောက်မှာ ဘယ်လို အခက်အခဲတွေ ကြုံနေကြရပါသလဲ။
ဖြေ - ဝင်ပြီးကတည်းက ကျွန်တော်တို့ပြေးရတာပဲ။ အခုက ပလက်ဝမှာက AA က အုပ်ချုပ်မှု စတင်ထားတယ်။ ဗမာတချို့နဲ့ တိုင်းရင်းသားတွေ အတော်များများကတော့ အနေအစားကျပ်တယ်ပေါ့ဗျာ။ နောက်ပြီးတော့ သွားရ၊ လာရလည်း တအားခက်ခဲသွားတယ်။ အရင်တုန်းက ရေကြောင်းရော၊ ကုန်းကြောင်းရော သွားလို့ရတယ်။ အခု လွယ် လွယ်ကူကူ သွားလို့မရ တော့ဘူး။ AA နဲ့ ပိုင်ရာဆိုင်ရာတွေကတော့ သွားလို့ ရတယ်။
မေး - ကျပ်တယ်ဆိုတာက စီးပွားရေးအရ ဘယ်လို ကျပ်တည်းသွားပါသလဲ။
ဖြေ - စီးပွားရေးကျပ်သွားတယ်။ ကျပ်သွားတယ်ဆိုတာက စစ်တွေလမ်းကြောင်းကလာဖို့လည်း မရှိတော့ဘူး။ ပြည်ပ လမ်းကြောင်းကလာဖို့လည်း မရှိတော့ဘူး။ အရင်တုန်းကတော့ အဲဒီလမ်းကြောင်းတွေပိတ်ရင် ဆောဘက်က လာတာ လည်းရှိတယ်။ အဲဒီလမ်းကြောင်း တွေက လုံးဝပိတ်သွားတယ်။ အခုကတော့ အိန္ဒိယ လမ်းကြောင်းပဲရှိမယ်။
မေး - AA မဝင်ခင်က ပလက်ဝမြို့ စီးပွားရေးဟာ ဘယ်လိုရှိပါသလဲ။
ဖြေ - သူတို့မလာခင်က စီးပွားရေးက အဆင်ပြေတယ်။ အဆင်ပြေတယ်ဆိုတာက တစ်မြို့လုံးနီးပါးက ဝန်ထမ်း များတယ်။ တစ်အိမ်မှာ တစ်ယောက်လောက်က ဝန်ထမ်းရှိတယ်။ ဝန်ထမ်းရဲ့ငွေနဲ့ လည်တာပေါ့။ အဆင်ပြေတယ်။ အတော်များများကို အဆင်ပြေကြတယ်။ ရန်ကုန်မှာ အခုတက်တဲ့ဈေးနှုန်းက ဒီမှာအရင်ကတည်းက အဲဒီဈေးနှုန်း တွေရှိ နေတာ။ လက်လုပ်လက်စားလည်း ဒါပဲစားတယ်။ ကျန်တဲ့ ချမ်းသာသူလည်း ဒါပဲဆိုတော့ မျှတတယ်လို့ ပြောလို့ရတယ်။
မေး - တိုက်ပွဲမဖြစ်ခင် လူမှုရေးအခြေအနေတွေက ဘယ်လိုရှိပါသလဲ။
ဖြေ - တိုက်ပွဲမဖြစ်ခင်ကတော့ တော်တော်ကြီးကို အဆင်ပြေတယ်။ သွားရလာရ အဆင်ပြေတယ်။ တပ်ကတော့ ကားလမ်းပိတ်ထားတာရှိတယ်။ ရေလမ်းတော့လွှတ်ပေးထားတယ်။ ရေလမ်းလွှတ်ပေးထား တယ်ဆိုတော့ တစ်မျိုးတော့ သွားရလာရအဆင်ပြေတာပေါ့။ ကျန်းမာရေးကိစ္စ ဘာညာဆိုလည်း ချက်ချင်းသွားလို့ရတယ်။ စီးပွားရေးအခြေအနေက ခုနကပြောသလို ကောင်းတယ်လို့ပြောလို့ရတယ်။
မေး - ကျန်းမာရေးနဲ့ပတ်သက်လို့ ဆေးကုသဖို့က ဘယ်လိုအခက်အခဲတွေ ရှိနေပါသလဲ။
ဖြေ - လူမျိုးရေးမှာတော့ ဗမာဆိုရင် ဗမာစကား ပြောရင် လက်မခံတဲ့အနေအထားရှိတယ်။ ဗမာစ ကားပြောရင် သိပ်မကြိုက်ဘူး။ လူမှုရေးကျတော့ ဆေးရုံဆိုရင် ဆရာဝန်မရှိတော့ဘူး။ ဆရာဝန်မရှိတော့ နာ့စ်တွေနဲ့ Run နေရတယ်။ သူတို့ဘက်က CDM ဆရာဝန်တစ်ယောက်ရှိမယ်။ နောက်ပြီးတော့ တပ်ကဖမ်းထားလို့ရထားတဲ့ ဆရာဝန်တစ်ယောက်ရှိ မယ်။ အဲဒါနဲ့ Run နေတယ်။ အရင်တုန်းက ကျွန်တော်တို့ အောက်ဆီဂျင်လိုတယ်ဆိုရင် မြို့မှာ လွယ်လွယ်ကူ ကူရတယ်ဗျာ။ အခုဆိုရင် ရဖို့အဆင်မပြေဘူး။ ဆီအ ဆင်မပြေဘူး။ မီးက ညနေ ၆ နာရီကနေ ၁၁ နာရီအ ထိပဲရတော့ ကိုယ့်မီးစက်နဲ့ကိုယ် Run ရတယ်။ အခု ဆီမရှိတော့ Run မရဘူးပေါ့။ ပြဿနာက အဲဒီလိုရှိ တယ်ဗျ။
မေး - သူတို့အုပ်ချုပ်နေတဲ့ပုံစံက အဆင်ပြေရဲ့လား ခင်ဗျာ။
ဖြေ - အဆင်ပြေသလားဆိုရင် အားလုံးကြီးတော့ အဆင်မပြေဘူး။ အခုဆိုရင် ဆိုင်တွေကို အခွန် ကောက်တယ်ဗျာ။ ဘယ်လိုပြောရမလဲ မြေခွန်တို့ အိမ်ခွန်တို့လာမယ်ဆိုတော့ အားလုံးကျပ်တည်းနေချိန် အဲဒီလိုကြီးကျတော့ အဆင်မ ပြေဘူးလေ။ နောက်ပြီးတော့ ဟိုနေရာ ဈေးမရောင်းရဘူး၊ ဒီနေရာ ဈေးမရောင်းရဘူးနဲ့ ကန့်သတ်ချက်တွေ ရှိလာတယ်။ အခက်အခဲက အမျိုးမျိုးပါ။ အဓိကတော့ စားဝတ်နေ ရေးကျပ်တည်းလာတာ။ ဈေးရောင်းတဲ့သူက ဈေးမရောင်းရရင် စားဝတ်နေရေးကျပ်တည်းလာတာပဲလေ။
မေး - အခွန်ကောက်တယ်ဆိုတဲ့ကိစ္စမှာ အခွန်က ဘယ်လိုပုံစံနဲ့ ကောက်နေပါသလဲဗျ။
ဖြေ - အခွန်က ဖုန်းဆိုင်တို့၊ အီလက်ထရွန်းနစ်ဆိုင်တို့၊ ဆေးဆိုင်တို့ဆို ငါးသိန်းဗျ။ ငါးသိန်းဆိုတာက တချို့ကျရင် ခွဲသွင်းပေါ့။ သုံးသိန်းအရင်သွင်းပေါ့။ တချို့ ဆိုင်သေးသေးလေးတွေကျတော့ သုံးသောင်း၊ ငါးသောင်းအစားစားပေါ့။ ငါးသိန်းဆိုတာက နှစ်စဉ်ကြေးအဖြစ်ကောက်နေတာပါ။ ဈေးကောက်ကောက် သလိုကောက်တာက လစဉ်ကြေးပေါ့။
မေး - ခုနက အစ်ကိုပြောတဲ့အထဲ ဗမာစကားပြောရင် မရဘူးဆိုတော့ ဘယ်ဘာသာစကားကို ပြောစေချင် တာလဲ။
ဖြေ - အဓိကတော့ သူတို့က ရခိုင်စကားကိုပဲပြော စေချင်တာ။ ချင်းပြည်နယ်ဆိုပေမယ့် ရခိုင်နဲ့ပိုနီးတာကိုး။ မြို့ပေါ်မှာ များတာက ရခိုင်ကပိုများတော့ မြို့စကားကလည်း ရခိုင်စကားဖြစ်သွားတာ။ တွင်တွင် ကျယ်ကျယ်သုံး ကြတယ်။ ချင်းဆို ပေမယ့် ဒီဘက်မှာ ခမီလူမျိုးများတယ်။
မေး - ခမီလူမျိုးတွေ ကျတော့ကော အဆင်ပြေလား။ သူတို့ကိုဖိနှိပ်တာတွေ ရှိလား။
ဖြေ - ရှိတယ်ဗျ။ ဒီလိုမျိုးပေါ့။ ဗမာစကားတောင် မပြေဘူးဆိုတော့ ခမီလူမျိုးက ပိုဆိုးတာပေါ့။ ပလက်ဝမှာ ရိက္ခာ ရပ်ကွက်ဆိုတာရှိတယ်ဗျ။ ခမီတွေချည်းပဲနေတာပေါ့။ တော်တော်များများက မရှိကြတော့ဘူး။ သူတို့ (AA) ဝင်တည်း ကပြေးကြတာ။ သူတို့ရည်မှန်းချက်က သူတို့အဲဒီနေရာမှာပဲနေမယ်ဆိုပြီး မရွှေ့ဘူး။ သွားကြမယ်ဆိုပြီးပြောတော့ သူတို့ လာရင်လည်း ခမီအုပ်ချုပ်မှုထားမှာပေါ့။ AA ဝင်လာတော့ အခြေအနေက မကောင်းတော့ဘူး။ ဖိနှိပ်တာတွေရှိလာ တယ်။ နီးစပ်ရာ ခမီလူကြီးခန့်တာရှိပေမယ့် တော်တော်များများက ပြေးကြပြီ။ မရှိကြတော့ဘူး။
မေး - AA က တစ်အိမ်တစ်ယောက် စစ်ထဲလိုက် ရမယ်ဆိုပြီး ခေါ်တယ်ပြောပါတယ်။ အစ်ကိုတို့ကော ကြားမိပါသလား။
ဖြေ - ပလက်ဝမြို့ပေါ်မှာတော့ အသံပဲကြားသေးတယ်။ နယ်တွေမှာတော့ ခေါ်နေပြီ။ အခုမိန်းကလေး သုံးယောက်ရှိ တယ်ဆိုရင်လည်း တစ်ယောက်ဝင်ရ မယ်။ အဲဒီမိန်းကလေးက စစ်တော့မတိုက်ရဘူး။ အုပ်ချုပ်မှုကိစ္စ လုပ်ရမယ်ပေါ့။ ကျောက်တော်မှာတော့ တော်တော် Hot ဖြစ်နေတယ်။
မေး - ဒါကို ဒေသခံတွေကော လက်ခံကြပါသလား။
ဖြေ - ဒေသခံတွေတော်တော်များများက လက်မခံ ကြဘူးလေဗျာ။ စီးပွားရေး တအားကျပ်နေတဲ့ကိစ္စ ကြီးဗျာ။ သုံးယောက်ရှိ သုံးယောက်လုံးကအလုပ် ထွက်လုပ်မှ အဆင်ပြေမယ့်အနေအထားလေ။ တစ်ယောက်ကဝင်ဆိုရင် ဘယ်လိုလုပ်အဆင်ပြေမှာလဲ။
မေး - ခုနက မေးခဲ့တဲ့ဟာကို ခြုံငုံမိအောင် ထပ်မေး တာပါခင်ဗျာ။ ပလက်ဝမြို့အခြေအနေဟာ အရင်အ ခြေအနေနဲ့နှိုင်း ယှဉ်ဘယ်ဆို ဘယ်လောက်အထိ နိမ့် ကျသွားပါသလဲ။
ဖြေ - အခုဆို ကျွန်တော်တို့ရပ်ကွက်ဆို လူမရှိဘူး။ အရင်ဆို အရမ်းစည်ကားခဲ့တာ။ မနက်ဆို ကလေး ကျောင်းသွားတာနဲ့ နယ်ကဈေးလာဝယ်တာနဲ့ စည် ကားတာ။ အခုဆို တော်တော်လေးရှားသွားတယ်။ မနက် (၁၀)နာရီဆိုရင် ဈေးတွေ သိမ်းရပြီ။ မနက်အစော (၅) နာရီ၊ (၆) နာရီ ဆိုင်စဖွင့်တယ် (၁၀) နာရီ ဆိုဈေးသိမ်းရပြီ။ ပြီးတော့ နည်းနည်းလေး အခြေအ နေကောင်းတယ်ဆိုရင် (၃) နာရီ၊ (၄) နာရီလောက် ပြန်ဖွင့် (၅) နာရီဆိုသိမ်းရတော့ လူကမရှိသလောက်ပဲ။ အဲဒီလိုဖြစ်သွားတယ်။ စားဝတ်နေရေးလည်း တအား ကျပ်တည်းလာတယ်။ အရင်က ဝန်ထမ်းလုပ်တဲ့လူတွေဆို အခု အိန္ဒိယသွားပြီး ရှိတာလေးထုခွဲရောင်းချ ပြီးတော့ ရခိုင်ဘက်ကိုကုန်တက်ရောင်းပေါ့။ ကျပ်တည်းတာတော့ အကုန်ကျပ် တည်းတာပေါ့။
မေး - AA အုပ်ချုပ်တာမှာ လိုအပ်ချက်တွေ အများ ကြီးရှိနေတယ်လို့ မြင်ရပါသလား။
ဖြေ - လိုအပ်တာတွေ အများကြီးရှိတယ်ဗျ။ ထွေအုပ်တို့ကကျတော့ အထိုင်ကျနေပြီးသားလေ။ သူတို့မှာတော့ လိုအပ်ချက်တွေအများကြီးရှိတယ်။ ဆိုတာက ဘယ်လိုပြောရမလဲ မရခင်တုန်းကတော့ တည်ငြိမ် အောင်လုပ်ပေးမယ်၊ ဖွံ့ဖြိုးအောင်လုပ်ပေးမယ် အများကြီးပြောတာပေါ့။ အခု ရလည်းရပြီးရော လက်ထဲသေနတ်ရောက်ရင် လူကတစ်မျိုး ပြောင်းသွားတယ် ဆိုတဲ့သဘောကြီး မြင်နေရတယ်။ ဥပမာတစ်ခုဗျာ အခု သူတို့တိုက်ပြီးလို့ ဝင်လာတယ်ဗျာ။ မြို့သိမ်း ကို သိမ်းပြီးသွားပြီဗျာ။ တပ်လည်းမရှိတော့ဘူး။ သူတို့ အမျိုးသမီးတွေလာကြတယ်ဗျာ။ သူတို့အတွက် အုပ် ချုပ်ရေး လုပ်မယ့်အဖွဲ့တွေကို ချန်ထားခဲ့တာရှိတယ်။ အိမ်ထောင်သည်အမျိုးသမီးတွေလာကြတော့ ဘယ်လိုဖြစ်စေချင်သလဲဆို တော့ ဘယ်လိုပဲလာလာဗျာ သူတို့ယောကျာ်းတွေဆီ သွားပေါ့။ အဲဒီလိုမဟုတ်ဘူး။ သပြေခက်နဲ့ ကြိုစေချင်တာတို့ အဲဒီလိုတွေဖြစ်လာတာ။ မြို့ကလူတွေက အမြင်မကြည်တော့ဘူး။ အောင်ပွဲရ တာဗျာ။ ယောကျာ်းတွေကို ကြိုရင်ကြိုမှာ ပေါ့။ မိန်းမတွေကို ကြိုရမလား။ မြို့ခံလူထုရပ်ကွက်က အခုထိ ထမင်းချက်ကျွေးရတယ်။အလှည့်ကျပေါ့။ လူ ၂၀ဝ၊ ၃၀ဝ စာပေါ့ဗျာ။ ရပ်ကွက် အလှည့်ကျပေါ့။
မေး - သူတို့အုပ်ချုပ်တာမှာ လွဲနေတာတချို့ကို ဥပမာအနေနဲ့ ပြောလို့ရမလား။
ဖြေ - ကျွန်တော်တို့ အခု သင်္ကြန်တုန်းကဟာ ဥပမာ ပေးချင်တယ်။ သင်္ကြန်တုန်းကဆို ပြည်သူတွေ အပြင် မထွက်ရဘူး။ သီချင်းမဖွင့်ရဘူး။ အရင်တုန်းကဆို သင်္ကြန်ကို ပြည်မလောက်မဟုတ်ပေမယ့် မြို့အတိုင်း အတာနဲ့ တော်တော်ပျော်ဖို့ ကောင်းတယ်။ မဏ္ဍပ်ကြီး မဆောက်ပေမယ့် အိမ်တိုင်းသီချင်းဖွင့်ပြီး ကကြတယ်။ ကလေးတွေလည်း ပျော်ကြတယ် ပေါ့ဗျာ။ အဲဒီဟာကို သင်္ကြန်မှာဘာလုပ်သလဲဆိုတော့ အပြင်မ ထွက်ရဘူး။ သီချင်းမဖွင့်ရဘူး။ သူတို့အမိန့်နော်။ သူတို့ အမိန့်ထုတ်တယ်။ ထုတ်ပြီးတော့ သိမ်းထားတဲ့ ကားတွေပေါ် ဘောက်တွေတင်ပြီး လိုက်ကနေကြတာ။ ညဘက်သီချင်း မဖွင့်ရဘူး။ လူစုလူဝေးမလုပ်ရဘူး။ သူတို့ပြောတယ်ဗျာ။ ကျွန်တော်တို့မြို့မှာဆိုရင် သုံးထပ်ဆို အမြင့်ဆုံးပဲ။ သုံးထပ်က စည်ပင်ရုံးရှိတယ်။ အဲဒီရုံးပေါ်မှာ ပျော်ပွဲစားလုပ်တယ်။ သူတို့က လုပ်တာနော်။ ပြည်သူတွေကိုမလုပ်ခိုင်းဘူး။ လုပ်ပြီး တော့ ပြည်သူ့မေတ္တာစူးတာပဲလား မသိဘူး။ အရက်မူးပြီးတော့ တစ်ယောက်ကျပြီး လစ်(ဆုံး)သွားရော။ ရခိုင် သားတစ်ယောက်ပြောတာရှိတယ်။ Fair ဖြစ်တဲ့ တစ် ယောက်ပေါ့။ ဘာမှမထူးပါဘူးကွာတဲ့ တပ်ကဆိုရင် ဆဲတာက ဗမာလို ဆဲတယ်။ ရခိုင်ကဆိုရင် ရခိုင်လို ဆဲတယ် ခ -ိုးသားချေလို့ ဆဲတာ အဲဒါပဲ ကွာသွား တယ်။ ဘာမှ မထူးဘူးတဲ့။
မေး - လူမျိုးရေးမှိုင်းတိုက်တယ်ဆိုတဲ့စကားလုံးကို အခုနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ကြားလာရပါတယ်။ ဘယ်လို လုပ်နေကြပါသလဲ။ ကိုယ်တိုင်ကော ကြုံခဲ့ရပါသလား။
ဖြေ - တွေ့ရတယ်။ ဟိုအရင်တည်းကဗျ။ ပလက်ဝ မှာ ရခိုင်သား ၅ ယောက်ရှိတယ်ဆိုရင် ၄ ယောက်က AA ပဲ။ တစ်ယောက်က ကြားနေပေါ့။ ထွန်းမြတ်နိုင် တက်တည်းက ဗမာလူမျိုးရေးဝါဒနဲ့တက်လာတာလေ။ ဗမာတွေက ကျွန်ပြုထားတယ်ဆိုတဲ့ဟာပေါ့။ အဲဒါက တော်တော်ဆိုးတယ်ဗျ။ ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားမှာ၊ အပေါင်း အသင်းတွေကြားမှာ တချို့လူမျိုးရေး Strong ဖြစ်တယ်ဆိုရင် ကျွန်တော် တို့နဲ့ စကားပြောလို့အဆင်မပြေတော့ဘူး။ အဲဒီ ကိစ္စ တစ်ခုတည်းနဲ့တက်လာတော့ ကျန်တဲ့နေရာတွေမှာ နည်းနည်းလေး ထိရှမှုတွေ ရှိလာတာပေါ့။
မေး - မြို့မှာနေတဲ့သူတွေအတွက် စိတ်ချလက်ချကော နေနိုင်ကြပါရဲ့လားခင်ဗျာ။ ကြောက်နေလန့် နေရတာကော ရှိလား။
ဖြေ - ရှိတာပေါ့ဗျာ။ အမြဲတမ်းကြောက်နေရတာ။ အပေါ်ကဟာတစ်မျိုး အောက်ကဟာတစ်မျိုး ကြောက်နေရတာ။ ညဘက်ဆိုရင် ဝုန်း ဝုန်း ဝုန်း အသံကြားရင် တောင် ဗုံးခိုကျင်းထဲပြေးဝင်ကြတဲ့အဖွဲ့တွေ ဖြစ်နေ တာ။ ကလေးတွေရော လူကြီးတွေရော စိတ်ပိုင်းဆိုင် ရာက အဲဒီလိုဖြစ်နေတာ။
မေး - မြို့မှာ လူဦးရေက ဘယ်လောက်ကျန်ပါသေးလဲ။
ဖြေ - အခုက တော်တော်နည်းသွားပြီဗျ။ လေးဆယ် ရာခိုင်နှုန်းလောက်ပဲကျန်တော့မယ်။ ကျွန်တော်တို့ ရပ်ကွက် ဆိုရင်တော့ မရှိသလောက်ပဲ။
မေး - ပလက်ဝကိုလာဖို့က ဘယ်လိုလမ်းကြောင်း တွေပဲ ရပါတော့လဲ။
ဖြေ - အိန္ဒိယဘက်ကပတ်လာရင် တစ်ကြောင်းရ မယ်ဗျာ။ ကျောက်ဖြူဘက်က တစ်လမ်းရှိမယ်။ စစ် တွေကလာရင် တအားကျပ်မယ်။ ကျွန်တော်တို့ဆို (ပလက်ဝက) လမ်းလျှောက်ပြီးပြေးရတာ။ ကလေးတွေရော သက်ကြီးရွယ်အိုတွေ ရောပါတယ်။ လမ်းမလျှောက်နိုင်ရင် ထမ်းပြီးပြေးရတာ။ တောလမ်းက ပြေးရတာ။ ကျောက်ဖြူကနေ မင်းပြား၊ မြေပုံကို စက် လှေစီးရမယ် အဲဒီကနေ ကျောက်တော်ပြန်ဆင်းပေါ့။ အခု ကျောက်တော်ကနေ လိုင်းဘုတ်ကတော့ နေ့တိုင်း ရှိတယ်ပြောတယ်။ ကျောက်တော်ကနေ ပလက်ဝကို လိုင်းဘုတ်နဲ့သွား။ လမ်းကတော့ ငွေခင်းပြီးသွား ရတဲ့လမ်းဖြစ်သွား တယ်။ ဖြတ်ရတဲ့ဂိတ်တွေက အများကြီးပေါ့။
မေး - အစ်ကို ပလက်ဝကနေ ဘာကြောင့်ရှောင်ခဲ့ ရတာလဲ။
ဖြေ - ကျွန်တော်တို့ဆို သေနတ်သံ၊ ဗုံးသံကို အခုမှ ကြားတာမဟုတ်ဘူး။ စတိုက်ကတည်းကလေ။ ပြည်မမှာ PDF မပေါ်ခင်တည်းက ကျွန်တော်တို့ဆီ တိုက်ပွဲ ဖြစ်နေတာ။ ကလေးတွေလည်း ရင်းနှီးနေပြီ။ တစ်ခု ပြောဖို့ကျန်ခဲ့တာက AA က အရင်တုန်းက သူတို့ ပြည်သူတွေကို တအားကြည့်တယ်။ မြို့ကိုထိခိုက် အောင်မလုပ်ဘူး။ ကျွန်တော်တို့လည်း အဲဒီလိုထင်တာ။ ထင်တော့ဘယ်မှမသွားဘူး ဗုံးကျင်းပဲတူးမယ် ဆိုပြီးနေကြတာ။ စစ်လည်းဖြစ်ရော ဗျူဟာကုန်းတွေ လည်းကျ ပလက်ဝနားရောက်လာတဲ့အထိလည်း ကျွန်တော်တို့နေတုန်းပဲ။ မြို့ကိုမထိခိုက်ဘူးလို့ ထင်တာ။ တပ်နဲ့မြို့နဲ့ ကလည်း အဝေးကြီးလေဗျာ။ တပ် ကိုပဲ သွားတိုက်ပြီပေါ့။ မြို့ခံတွေထင်တာ။ ဖြစ်လည်း ဖြစ်ရော ဟိုဘက်ပစ်လိုက် ဒီဘက်ကပစ်လိုက် မြို့ပေါ်ကျလိုက် နေ့ခင်းကလေးတွေ ဆော့နေရင်းလည်း စည်ပင်ရုံးနားကိုဗုံးကကျလာ တပ်က ပစ်လို့ ပစ်မှန်း မသိ၊ ဟိုကပစ်လို့ပစ်မှန်းမသိပစ်တော့ အခြေအနေ က မကောင်းတော့ဘူးလေ။ ဘယ်အချိန် ကိုယ့်ခေါင်း ပေါ်ကျလာမလဲမသိဘူးဆိုတော့ ပြေးရတာပေါ့ဗျာ။ နောက်တစ်ချက်က သတင်းတွေကြားရတာပေါ့။ လူမျိုးခြားတွေရှိ လားဆိုတဲ့ ပြဿနာပေါ့။ ဝင်လာတာနဲ့ ဂိတ်တွေမှာဆိုရင် မှတ်ပုံတင်မှာ ဗမာပါလားမေးတာ။ သွားလိုက်ရင် ဗမာဆို တော်တော်မျက်နှာငယ်ရတယ်။ ရခိုင်စကားပြောနေရင်တောင် မှတ်ပုံတင်မှာ ဗမာဆိုရင် အဲဒီမှတ်ပုံတင်ပစ်ချတာ။ ဗမာတစ်ကောင် ပါတယ်ဆိုပြီး အဲဒီလိုမျိုး အဆင်မပြေတော့ဘူး။ ကျွန်တော့်ဘက်ကတွေးမယ်ဆို အဆင်မပြေတော့ဘူး။ သူတို့လုပ်တာ၊ မလုပ်တာ အပထား ကျွန်တော့်မှာ မိသားစုရှိတယ်။ ကျွန်တော့်ကလေးတွေရှိတယ်။ အကုန်လုံးရှိတော့ Safe မဖြစ်လို့ ခွာဖို့ဆုံးဖြတ်လိုက်တာ။
မေး - မြို့ကနေ စစ်ဘေးရှောင်လာခဲ့သူတစ်ယောက် အနေနဲ့ ဘယ်လိုမျိုးဆန္ဒရှိပါသလဲ။
ဖြေ - အေးအေးချမ်းချမ်းလေး စီးပွားရေး ပြန်လုပ်စားချင်တယ်။ ကျွန်တော်တို့ဆို ဒီမှာအရမ်းဒုက္ခ ရောက်တယ်။ ကျွန်တော်တို့ဆို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြေးလာရတဲ့ အခြေအနေမျိုးပေါ့။ ပိုက်ဆံလည်း အများကြီး မပါလာ တော့ ဒုက္ခရောက်တယ်။ ကလေးကျောင်းထားဖို့စရိတ်က အစပေါ့ဗျာ။ စစ်ရှောင်ဆိုရင် အစ်ကိုသိတဲ့အတိုင်းပဲ။ ကျွန်တော် လုပ်နေကျစီးပွားရေး မဟုတ်တော့ ဒီမှာလုပ်တဲ့အခါ အလွဲလွဲအချော်ချော်တွေဖြစ် အဲဒီလိုပေါ့ဗျာ။ အဲဒီအခါ ကျတော့ အမြန်ဆုံး အေးချမ်းချင်တယ်။ ကျွန်တော်တို့ အိမ်လည်းမရှိဘူး။ ဆိုင်လည်းမရှိတော့ဘူး။ အဓိကတော့ အဲဒီနေရာလေးမှာပြန်ပြီး လုပ်စားချင်တယ်။ ကျွန်တော့်နေရာလေးလည်း ဖြစ်တာကိုး။ တည်တည်ငြိမ်ငြိမ်လေး ဖြစ်စေချင်တယ်။
zawgyi version
“ ရခိုင္စကားေျပာလည္း မွတ္ပုံတင္မွာ ဗမာဆိုရင္ ဗမာတစ္ေကာင္ပါတယ္ဆိုၿပီး ...”
“AA” လက္ေအာက္မွာ ‘ပလက္ဝ’ ဘာျဖစ္ေနသလဲ (အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - ဩဂုတ္ ၁၅
AA ၏ထိန္းခ်ဳပ္မႈေအာက္တြင္က်ေရာက္ေနသည့္ ပလက္ဝၿမိဳ႕မွေဒသခံမ်ားမွာ စိတ္မလုံၿခဳံမႈႏွင့္အတူ လူမႈေရး၊ စီးပြားေရးတို႔တြင္ နိမ့္က်မႈမ်ား ျဖစ္ေပၚေနသည္။ ထို႔ျပင္ အထိတ္ထိတ္အလန႔္လန႔္ေနရဆဲျဖစ္ၿပီး စစ္၏အက်ိဳးသက္ ေရာက္မႈကိုလည္း ႀကဳံေတြ႕ေနရသည္ျဖစ္ရာ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ NP News ဂ်ာနယ္က ပလက္ဝၿမိဳ႕ မွတိမ္းေရွာင္လာခဲ့သူတစ္ဦးထံ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ ေဖာ္ျပအပ္ပါသည္။
ေမး - ပလက္ဝကို AA ဝင္ၿပီးတဲ့ေနာက္မွာ ဘယ္လို အခက္အခဲေတြ ႀကဳံေနၾကရပါသလဲ။
ေျဖ - ဝင္ၿပီးကတည္းက ကြၽန္ေတာ္တို႔ေျပးရတာပဲ။ အခုက ပလက္ဝမွာက AA က အုပ္ခ်ဳပ္မႈ စတင္ထားတယ္။ ဗမာတခ်ိဳ႕နဲ႔ တိုင္းရင္းသားေတြ အေတာ္မ်ားမ်ားကေတာ့ အေနအစားက်ပ္တယ္ေပါ့ဗ်ာ။ ေနာက္ၿပီးေတာ့ သြားရ၊ လာရလည္း တအားခက္ခဲသြားတယ္။ အရင္တုန္းက ေရေၾကာင္းေရာ၊ ကုန္းေၾကာင္းေရာ သြားလို႔ရတယ္။ အခု လြယ္ လြယ္ကူကူ သြားလို႔မရ ေတာ့ဘူး။ AA နဲ႔ ပိုင္ရာဆိုင္ရာေတြကေတာ့ သြားလို႔ ရတယ္။
ေမး - က်ပ္တယ္ဆိုတာက စီးပြားေရးအရ ဘယ္လို က်ပ္တည္းသြားပါသလဲ။
ေျဖ - စီးပြားေရးက်ပ္သြားတယ္။ က်ပ္သြားတယ္ဆိုတာက စစ္ေတြလမ္းေၾကာင္းကလာဖို႔လည္း မရွိေတာ့ဘူး။ ျပည္ပ လမ္းေၾကာင္းကလာဖို႔လည္း မရွိေတာ့ဘူး။ အရင္တုန္းကေတာ့ အဲဒီလမ္းေၾကာင္းေတြပိတ္ရင္ ေဆာဘက္က လာတာ လည္းရွိတယ္။ အဲဒီလမ္းေၾကာင္း ေတြက လုံးဝပိတ္သြားတယ္။ အခုကေတာ့ အိႏၵိယ လမ္းေၾကာင္းပဲရွိမယ္။
ေမး - AA မဝင္ခင္က ပလက္ဝၿမိဳ႕ စီးပြားေရးဟာ ဘယ္လိုရွိပါသလဲ။
ေျဖ - သူတို႔မလာခင္က စီးပြားေရးက အဆင္ေျပတယ္။ အဆင္ေျပတယ္ဆိုတာက တစ္ၿမိဳ႕လုံးနီးပါးက ဝန္ထမ္း မ်ားတယ္။ တစ္အိမ္မွာ တစ္ေယာက္ေလာက္က ဝန္ထမ္းရွိတယ္။ ဝန္ထမ္းရဲ႕ေငြနဲ႔ လည္တာေပါ့။ အဆင္ေျပတယ္။ အေတာ္မ်ားမ်ားကို အဆင္ေျပၾကတယ္။ ရန္ကုန္မွာ အခုတက္တဲ့ေဈးႏႈန္းက ဒီမွာအရင္ကတည္းက အဲဒီေဈးႏႈန္း ေတြရွိ ေနတာ။ လက္လုပ္လက္စားလည္း ဒါပဲစားတယ္။ က်န္တဲ့ ခ်မ္းသာသူလည္း ဒါပဲဆိုေတာ့ မွ်တတယ္လို႔ ေျပာလို႔ရတယ္။
ေမး - တိုက္ပြဲမျဖစ္ခင္ လူမႈေရးအေျခအေနေတြက ဘယ္လိုရွိပါသလဲ။
ေျဖ - တိုက္ပြဲမျဖစ္ခင္ကေတာ့ ေတာ္ေတာ္ႀကီးကို အဆင္ေျပတယ္။ သြားရလာရ အဆင္ေျပတယ္။ တပ္ကေတာ့ ကားလမ္းပိတ္ထားတာရွိတယ္။ ေရလမ္းေတာ့လႊတ္ေပးထားတယ္။ ေရလမ္းလႊတ္ေပးထား တယ္ဆိုေတာ့ တစ္မ်ိဳးေတာ့ သြားရလာရအဆင္ေျပတာေပါ့။ က်န္းမာေရးကိစၥ ဘာညာဆိုလည္း ခ်က္ခ်င္းသြားလို႔ရတယ္။ စီးပြားေရးအေျခအေနက ခုနကေျပာသလို ေကာင္းတယ္လို႔ေျပာလို႔ရတယ္။
ေမး - က်န္းမာေရးနဲ႔ပတ္သက္လို႔ ေဆးကုသဖို႔က ဘယ္လိုအခက္အခဲေတြ ရွိေနပါသလဲ။
ေျဖ - လူမ်ိဳးေရးမွာေတာ့ ဗမာဆိုရင္ ဗမာစကား ေျပာရင္ လက္မခံတဲ့အေနအထားရွိတယ္။ ဗမာစ ကားေျပာရင္ သိပ္မႀကိဳက္ဘူး။ လူမႈေရးက်ေတာ့ ေဆး႐ုံဆိုရင္ ဆရာဝန္မရွိေတာ့ဘူး။ ဆရာဝန္မရွိေတာ့ နာ့စ္ေတြနဲ႔ Run ေနရတယ္။ သူတို႔ဘက္က CDM ဆရာဝန္တစ္ေယာက္ရွိမယ္။ ေနာက္ၿပီးေတာ့ တပ္ကဖမ္းထားလို႔ရထားတဲ့ ဆရာဝန္တစ္ေယာက္ရွိ မယ္။ အဲဒါနဲ႔ Run ေနတယ္။ အရင္တုန္းက ကြၽန္ေတာ္တို႔ ေအာက္ဆီဂ်င္လိုတယ္ဆိုရင္ ၿမိဳ႕မွာ လြယ္လြယ္ကူ ကူရတယ္ဗ်ာ။ အခုဆိုရင္ ရဖို႔အဆင္မေျပဘူး။ ဆီအ ဆင္မေျပဘူး။ မီးက ညေန ၆ နာရီကေန ၁၁ နာရီအ ထိပဲရေတာ့ ကိုယ့္မီးစက္နဲ႔ကိုယ္ Run ရတယ္။ အခု ဆီမရွိေတာ့ Run မရဘူးေပါ့။ ျပႆနာက အဲဒီလိုရွိ တယ္ဗ်။
ေမး - သူတို႔အုပ္ခ်ဳပ္ေနတဲ့ပုံစံက အဆင္ေျပရဲ႕လား ခင္ဗ်ာ။
ေျဖ - အဆင္ေျပသလားဆိုရင္ အားလုံးႀကီးေတာ့ အဆင္မေျပဘူး။ အခုဆိုရင္ ဆိုင္ေတြကို အခြန္ ေကာက္တယ္ဗ်ာ။ ဘယ္လိုေျပာရမလဲ ေျမခြန္တို႔ အိမ္ခြန္တို႔လာမယ္ဆိုေတာ့ အားလုံးက်ပ္တည္းေနခ်ိန္ အဲဒီလိုႀကီးက်ေတာ့ အဆင္မ ေျပဘူးေလ။ ေနာက္ၿပီးေတာ့ ဟိုေနရာ ေဈးမေရာင္းရဘူး၊ ဒီေနရာ ေဈးမေရာင္းရဘူးနဲ႔ ကန႔္သတ္ခ်က္ေတြ ရွိလာတယ္။ အခက္အခဲက အမ်ိဳးမ်ိဳးပါ။ အဓိကေတာ့ စားဝတ္ေန ေရးက်ပ္တည္းလာတာ။ ေဈးေရာင္းတဲ့သူက ေဈးမေရာင္းရရင္ စားဝတ္ေနေရးက်ပ္တည္းလာတာပဲေလ။
ေမး - အခြန္ေကာက္တယ္ဆိုတဲ့ကိစၥမွာ အခြန္က ဘယ္လိုပုံစံနဲ႔ ေကာက္ေနပါသလဲဗ်။
ေျဖ - အခြန္က ဖုန္းဆိုင္တို႔၊ အီလက္ထ႐ြန္းနစ္ဆိုင္တို႔၊ ေဆးဆိုင္တို႔ဆို ငါးသိန္းဗ်။ ငါးသိန္းဆိုတာက တခ်ိဳ႕က်ရင္ ခြဲသြင္းေပါ့။ သုံးသိန္းအရင္သြင္းေပါ့။ တခ်ိဳ႕ ဆိုင္ေသးေသးေလးေတြက်ေတာ့ သုံးေသာင္း၊ ငါးေသာင္းအစားစားေပါ့။ ငါးသိန္းဆိုတာက ႏွစ္စဥ္ေၾကးအျဖစ္ေကာက္ေနတာပါ။ ေဈးေကာက္ေကာက္ သလိုေကာက္တာက လစဥ္ေၾကးေပါ့။
ေမး - ခုနက အစ္ကိုေျပာတဲ့အထဲ ဗမာစကားေျပာရင္ မရဘူးဆိုေတာ့ ဘယ္ဘာသာစကားကို ေျပာေစခ်င္ တာလဲ။
ေျဖ - အဓိကေတာ့ သူတို႔က ရခိုင္စကားကိုပဲေျပာ ေစခ်င္တာ။ ခ်င္းျပည္နယ္ဆိုေပမယ့္ ရခိုင္နဲ႔ပိုနီးတာကိုး။ ၿမိဳ႕ေပၚမွာ မ်ားတာက ရခိုင္ကပိုမ်ားေတာ့ ၿမိဳ႕စကားကလည္း ရခိုင္စကားျဖစ္သြားတာ။ တြင္တြင္ က်ယ္က်ယ္သုံး ၾကတယ္။ ခ်င္းဆို ေပမယ့္ ဒီဘက္မွာ ခမီလူမ်ိဳးမ်ားတယ္။
ေမး - ခမီလူမ်ိဳးေတြ က်ေတာ့ေကာ အဆင္ေျပလား။ သူတို႔ကိုဖိႏွိပ္တာေတြ ရွိလား။
ေျဖ - ရွိတယ္ဗ်။ ဒီလိုမ်ိဳးေပါ့။ ဗမာစကားေတာင္ မေျပဘူးဆိုေတာ့ ခမီလူမ်ိဳးက ပိုဆိုးတာေပါ့။ ပလက္ဝမွာ ရိကၡာ ရပ္ကြက္ဆိုတာရွိတယ္ဗ်။ ခမီေတြခ်ည္းပဲေနတာေပါ့။ ေတာ္ေတာ္မ်ားမ်ားက မရွိၾကေတာ့ဘူး။ သူတို႔ (AA) ဝင္တည္း ကေျပးၾကတာ။ သူတို႔ရည္မွန္းခ်က္က သူတို႔အဲဒီေနရာမွာပဲေနမယ္ဆိုၿပီး မေ႐ႊ႕ဘူး။ သြားၾကမယ္ဆိုၿပီးေျပာေတာ့ သူတို႔ လာရင္လည္း ခမီအုပ္ခ်ဳပ္မႈထားမွာေပါ့။ AA ဝင္လာေတာ့ အေျခအေနက မေကာင္းေတာ့ဘူး။ ဖိႏွိပ္တာေတြရွိလာ တယ္။ နီးစပ္ရာ ခမီလူႀကီးခန႔္တာရွိေပမယ့္ ေတာ္ေတာ္မ်ားမ်ားက ေျပးၾကၿပီ။ မရွိၾကေတာ့ဘူး။
ေမး - AA က တစ္အိမ္တစ္ေယာက္ စစ္ထဲလိုက္ ရမယ္ဆိုၿပီး ေခၚတယ္ေျပာပါတယ္။ အစ္ကိုတို႔ေကာ ၾကားမိပါသလား။
ေျဖ - ပလက္ဝၿမိဳ႕ေပၚမွာေတာ့ အသံပဲၾကားေသးတယ္။ နယ္ေတြမွာေတာ့ ေခၚေနၿပီ။ အခုမိန္းကေလး သုံးေယာက္ရွိ တယ္ဆိုရင္လည္း တစ္ေယာက္ဝင္ရ မယ္။ အဲဒီမိန္းကေလးက စစ္ေတာ့မတိုက္ရဘူး။ အုပ္ခ်ဳပ္မႈကိစၥ လုပ္ရမယ္ေပါ့။ ေက်ာက္ေတာ္မွာေတာ့ ေတာ္ေတာ္ Hot ျဖစ္ေနတယ္။
ေမး - ဒါကို ေဒသခံေတြေကာ လက္ခံၾကပါသလား။
ေျဖ - ေဒသခံေတြေတာ္ေတာ္မ်ားမ်ားက လက္မခံ ၾကဘူးေလဗ်ာ။ စီးပြားေရး တအားက်ပ္ေနတဲ့ကိစၥ ႀကီးဗ်ာ။ သုံးေယာက္ရွိ သုံးေယာက္လုံးကအလုပ္ ထြက္လုပ္မွ အဆင္ေျပမယ့္အေနအထားေလ။ တစ္ေယာက္ကဝင္ဆိုရင္ ဘယ္လိုလုပ္အဆင္ေျပမွာလဲ။
ေမး - ခုနက ေမးခဲ့တဲ့ဟာကို ၿခဳံငုံမိေအာင္ ထပ္ေမး တာပါခင္ဗ်ာ။ ပလက္ဝၿမိဳ႕အေျခအေနဟာ အရင္အ ေျခအေနနဲ႔ႏႈိင္း ယွဥ္ဘယ္ဆို ဘယ္ေလာက္အထိ နိမ့္ က်သြားပါသလဲ။
ေျဖ - အခုဆို ကြၽန္ေတာ္တို႔ရပ္ကြက္ဆို လူမရွိဘူး။ အရင္ဆို အရမ္းစည္ကားခဲ့တာ။ မနက္ဆို ကေလး ေက်ာင္းသြားတာနဲ႔ နယ္ကေဈးလာဝယ္တာနဲ႔ စည္ ကားတာ။ အခုဆို ေတာ္ေတာ္ေလးရွားသြားတယ္။ မနက္ (၁၀)နာရီဆိုရင္ ေဈးေတြ သိမ္းရၿပီ။ မနက္အေစာ (၅) နာရီ၊ (၆) နာရီ ဆိုင္စဖြင့္တယ္ (၁၀) နာရီ ဆိုေဈးသိမ္းရၿပီ။ ၿပီးေတာ့ နည္းနည္းေလး အေျခအ ေနေကာင္းတယ္ဆိုရင္ (၃) နာရီ၊ (၄) နာရီေလာက္ ျပန္ဖြင့္ (၅) နာရီဆိုသိမ္းရေတာ့ လူကမရွိသေလာက္ပဲ။ အဲဒီလိုျဖစ္သြားတယ္။ စားဝတ္ေနေရးလည္း တအား က်ပ္တည္းလာတယ္။ အရင္က ဝန္ထမ္းလုပ္တဲ့လူေတြဆို အခု အိႏၵိယသြားၿပီး ရွိတာေလးထုခြဲေရာင္းခ် ၿပီးေတာ့ ရခိုင္ဘက္ကိုကုန္တက္ေရာင္းေပါ့။ က်ပ္တည္းတာေတာ့ အကုန္က်ပ္ တည္းတာေပါ့။
ေမး - AA အုပ္ခ်ဳပ္တာမွာ လိုအပ္ခ်က္ေတြ အမ်ား ႀကီးရွိေနတယ္လို႔ ျမင္ရပါသလား။
ေျဖ - လိုအပ္တာေတြ အမ်ားႀကီးရွိတယ္ဗ်။ ေထြအုပ္တို႔ကက်ေတာ့ အထိုင္က်ေနၿပီးသားေလ။ သူတို႔မွာေတာ့ လိုအပ္ခ်က္ေတြအမ်ားႀကီးရွိတယ္။ ဆိုတာက ဘယ္လိုေျပာရမလဲ မရခင္တုန္းကေတာ့ တည္ၿငိမ္ ေအာင္လုပ္ေပးမယ္၊ ဖြံ႕ၿဖိဳးေအာင္လုပ္ေပးမယ္ အမ်ားႀကီးေျပာတာေပါ့။ အခု ရလည္းရၿပီးေရာ လက္ထဲေသနတ္ေရာက္ရင္ လူကတစ္မ်ိဳး ေျပာင္းသြားတယ္ ဆိုတဲ့သေဘာႀကီး ျမင္ေနရတယ္။ ဥပမာတစ္ခုဗ်ာ အခု သူတို႔တိုက္ၿပီးလို႔ ဝင္လာတယ္ဗ်ာ။ ၿမိဳ႕သိမ္း ကို သိမ္းၿပီးသြားၿပီဗ်ာ။ တပ္လည္းမရွိေတာ့ဘူး။ သူတို႔ အမ်ိဳးသမီးေတြလာၾကတယ္ဗ်ာ။ သူတို႔အတြက္ အုပ္ ခ်ဳပ္ေရး လုပ္မယ့္အဖြဲ႕ေတြကို ခ်န္ထားခဲ့တာရွိတယ္။ အိမ္ေထာင္သည္အမ်ိဳးသမီးေတြလာၾကေတာ့ ဘယ္လိုျဖစ္ေစခ်င္သလဲဆို ေတာ့ ဘယ္လိုပဲလာလာဗ်ာ သူတို႔ေယာက်ာ္းေတြဆီ သြားေပါ့။ အဲဒီလိုမဟုတ္ဘူး။ သေျပခက္နဲ႔ ႀကိဳေစခ်င္တာတို႔ အဲဒီလိုေတြျဖစ္လာတာ။ ၿမိဳ႕ကလူေတြက အျမင္မၾကည္ေတာ့ဘူး။ ေအာင္ပြဲရ တာဗ်ာ။ ေယာက်ာ္းေတြကို ႀကိဳရင္ႀကိဳမွာ ေပါ့။ မိန္းမေတြကို ႀကိဳရမလား။ ၿမိဳ႕ခံလူထုရပ္ကြက္က အခုထိ ထမင္းခ်က္ေကြၽးရတယ္။အလွည့္က်ေပါ့။ လူ ၂၀ဝ၊ ၃၀ဝ စာေပါ့ဗ်ာ။ ရပ္ကြက္ အလွည့္က်ေပါ့။
ေမး - သူတို႔အုပ္ခ်ဳပ္တာမွာ လြဲေနတာတခ်ိဳ႕ကို ဥပမာအေနနဲ႔ ေျပာလို႔ရမလား။
ေျဖ - ကြၽန္ေတာ္တို႔ အခု သၾကၤန္တုန္းကဟာ ဥပမာ ေပးခ်င္တယ္။ သၾကၤန္တုန္းကဆို ျပည္သူေတြ အျပင္ မထြက္ရဘူး။ သီခ်င္းမဖြင့္ရဘူး။ အရင္တုန္းကဆို သၾကၤန္ကို ျပည္မေလာက္မဟုတ္ေပမယ့္ ၿမိဳ႕အတိုင္း အတာနဲ႔ ေတာ္ေတာ္ေပ်ာ္ဖို႔ ေကာင္းတယ္။ မ႑ပ္ႀကီး မေဆာက္ေပမယ့္ အိမ္တိုင္းသီခ်င္းဖြင့္ၿပီး ကၾကတယ္။ ကေလးေတြလည္း ေပ်ာ္ၾကတယ္ ေပါ့ဗ်ာ။ အဲဒီဟာကို သၾကၤန္မွာဘာလုပ္သလဲဆိုေတာ့ အျပင္မ ထြက္ရဘူး။ သီခ်င္းမဖြင့္ရဘူး။ သူတို႔အမိန႔္ေနာ္။ သူတို႔ အမိန႔္ထုတ္တယ္။ ထုတ္ၿပီးေတာ့ သိမ္းထားတဲ့ ကားေတြေပၚ ေဘာက္ေတြတင္ၿပီး လိုက္ကေနၾကတာ။ ညဘက္သီခ်င္း မဖြင့္ရဘူး။ လူစုလူေဝးမလုပ္ရဘူး။ သူတို႔ေျပာတယ္ဗ်ာ။ ကြၽန္ေတာ္တို႔ၿမိဳ႕မွာဆိုရင္ သုံးထပ္ဆို အျမင့္ဆုံးပဲ။ သုံးထပ္က စည္ပင္႐ုံးရွိတယ္။ အဲဒီ႐ုံးေပၚမွာ ေပ်ာ္ပြဲစားလုပ္တယ္။ သူတို႔က လုပ္တာေနာ္။ ျပည္သူေတြကိုမလုပ္ခိုင္းဘူး။ လုပ္ၿပီး ေတာ့ ျပည္သူ႔ေမတၱာစူးတာပဲလား မသိဘူး။ အရက္မူးၿပီးေတာ့ တစ္ေယာက္က်ၿပီး လစ္(ဆုံး)သြားေရာ။ ရခိုင္ သားတစ္ေယာက္ေျပာတာရွိတယ္။ Fair ျဖစ္တဲ့ တစ္ ေယာက္ေပါ့။ ဘာမွမထူးပါဘူးကြာတဲ့ တပ္ကဆိုရင္ ဆဲတာက ဗမာလို ဆဲတယ္။ ရခိုင္ကဆိုရင္ ရခိုင္လို ဆဲတယ္ ခ -ိုးသားေခ်လို႔ ဆဲတာ အဲဒါပဲ ကြာသြား တယ္။ ဘာမွ မထူးဘူးတဲ့။
ေမး - လူမ်ိဳးေရးမႈိင္းတိုက္တယ္ဆိုတဲ့စကားလုံးကို အခုေနာက္ပိုင္း က်ယ္က်ယ္ျပန႔္ျပန႔္ ၾကားလာရပါတယ္။ ဘယ္လို လုပ္ေနၾကပါသလဲ။ ကိုယ္တိုင္ေကာ ႀကဳံခဲ့ရပါသလား။
ေျဖ - ေတြ႕ရတယ္။ ဟိုအရင္တည္းကဗ်။ ပလက္ဝ မွာ ရခိုင္သား ၅ ေယာက္ရွိတယ္ဆိုရင္ ၄ ေယာက္က AA ပဲ။ တစ္ေယာက္က ၾကားေနေပါ့။ ထြန္းျမတ္ႏိုင္ တက္တည္းက ဗမာလူမ်ိဳးေရးဝါဒနဲ႔တက္လာတာေလ။ ဗမာေတြက ကြၽန္ျပဳထားတယ္ဆိုတဲ့ဟာေပါ့။ အဲဒါက ေတာ္ေတာ္ဆိုးတယ္ဗ်။ ကြၽန္ေတာ္တို႔ သူငယ္ခ်င္းေတြ ၾကားမွာ၊ အေပါင္း အသင္းေတြၾကားမွာ တခ်ိဳ႕လူမ်ိဳးေရး Strong ျဖစ္တယ္ဆိုရင္ ကြၽန္ေတာ္ တို႔နဲ႔ စကားေျပာလို႔အဆင္မေျပေတာ့ဘူး။ အဲဒီ ကိစၥ တစ္ခုတည္းနဲ႔တက္လာေတာ့ က်န္တဲ့ေနရာေတြမွာ နည္းနည္းေလး ထိရွမႈေတြ ရွိလာတာေပါ့။
ေမး - ၿမိဳ႕မွာေနတဲ့သူေတြအတြက္ စိတ္ခ်လက္ခ်ေကာ ေနႏိုင္ၾကပါရဲ႕လားခင္ဗ်ာ။ ေၾကာက္ေနလန႔္ ေနရတာေကာ ရွိလား။
ေျဖ - ရွိတာေပါ့ဗ်ာ။ အၿမဲတမ္းေၾကာက္ေနရတာ။ အေပၚကဟာတစ္မ်ိဳး ေအာက္ကဟာတစ္မ်ိဳး ေၾကာက္ေနရတာ။ ညဘက္ဆိုရင္ ဝုန္း ဝုန္း ဝုန္း အသံၾကားရင္ ေတာင္ ဗုံးခိုက်င္းထဲေျပးဝင္ၾကတဲ့အဖြဲ႕ေတြ ျဖစ္ေန တာ။ ကေလးေတြေရာ လူႀကီးေတြေရာ စိတ္ပိုင္းဆိုင္ ရာက အဲဒီလိုျဖစ္ေနတာ။
ေမး - ၿမိဳ႕မွာ လူဦးေရက ဘယ္ေလာက္က်န္ပါေသးလဲ။
ေျဖ - အခုက ေတာ္ေတာ္နည္းသြားၿပီဗ်။ ေလးဆယ္ ရာခိုင္ႏႈန္းေလာက္ပဲက်န္ေတာ့မယ္။ ကြၽန္ေတာ္တို႔ ရပ္ကြက္ ဆိုရင္ေတာ့ မရွိသေလာက္ပဲ။
ေမး - ပလက္ဝကိုလာဖို႔က ဘယ္လိုလမ္းေၾကာင္း ေတြပဲ ရပါေတာ့လဲ။
ေျဖ - အိႏၵိယဘက္ကပတ္လာရင္ တစ္ေၾကာင္းရ မယ္ဗ်ာ။ ေက်ာက္ျဖဴဘက္က တစ္လမ္းရွိမယ္။ စစ္ ေတြကလာရင္ တအားက်ပ္မယ္။ ကြၽန္ေတာ္တို႔ဆို (ပလက္ဝက) လမ္းေလွ်ာက္ၿပီးေျပးရတာ။ ကေလးေတြေရာ သက္ႀကီး႐ြယ္အိုေတြ ေရာပါတယ္။ လမ္းမေလွ်ာက္ႏိုင္ရင္ ထမ္းၿပီးေျပးရတာ။ ေတာလမ္းက ေျပးရတာ။ ေက်ာက္ျဖဴကေန မင္းျပား၊ ေျမပုံကို စက္ ေလွစီးရမယ္ အဲဒီကေန ေက်ာက္ေတာ္ျပန္ဆင္းေပါ့။ အခု ေက်ာက္ေတာ္ကေန လိုင္းဘုတ္ကေတာ့ ေန႔တိုင္း ရွိတယ္ေျပာတယ္။ ေက်ာက္ေတာ္ကေန ပလက္ဝကို လိုင္းဘုတ္နဲ႔သြား။ လမ္းကေတာ့ ေငြခင္းၿပီးသြား ရတဲ့လမ္းျဖစ္သြား တယ္။ ျဖတ္ရတဲ့ဂိတ္ေတြက အမ်ားႀကီးေပါ့။
ေမး - အစ္ကို ပလက္ဝကေန ဘာေၾကာင့္ေရွာင္ခဲ့ ရတာလဲ။
ေျဖ - ကြၽန္ေတာ္တို႔ဆို ေသနတ္သံ၊ ဗုံးသံကို အခုမွ ၾကားတာမဟုတ္ဘူး။ စတိုက္ကတည္းကေလ။ ျပည္မမွာ PDF မေပၚခင္တည္းက ကြၽန္ေတာ္တို႔ဆီ တိုက္ပြဲ ျဖစ္ေနတာ။ ကေလးေတြလည္း ရင္းႏွီးေနၿပီ။ တစ္ခု ေျပာဖို႔က်န္ခဲ့တာက AA က အရင္တုန္းက သူတို႔ ျပည္သူေတြကို တအားၾကည့္တယ္။ ၿမိဳ႕ကိုထိခိုက္ ေအာင္မလုပ္ဘူး။ ကြၽန္ေတာ္တို႔လည္း အဲဒီလိုထင္တာ။ ထင္ေတာ့ဘယ္မွမသြားဘူး ဗုံးက်င္းပဲတူးမယ္ ဆိုၿပီးေနၾကတာ။ စစ္လည္းျဖစ္ေရာ ဗ်ဴဟာကုန္းေတြ လည္းက် ပလက္ဝနားေရာက္လာတဲ့အထိလည္း ကြၽန္ေတာ္တို႔ေနတုန္းပဲ။ ၿမိဳ႕ကိုမထိခိုက္ဘူးလို႔ ထင္တာ။ တပ္နဲ႔ၿမိဳ႕နဲ႔ ကလည္း အေဝးႀကီးေလဗ်ာ။ တပ္ ကိုပဲ သြားတိုက္ၿပီေပါ့။ ၿမိဳ႕ခံေတြထင္တာ။ ျဖစ္လည္း ျဖစ္ေရာ ဟိုဘက္ပစ္လိုက္ ဒီဘက္ကပစ္လိုက္ ၿမိဳ႕ေပၚက်လိုက္ ေန႔ခင္းကေလးေတြ ေဆာ့ေနရင္းလည္း စည္ပင္႐ုံးနားကိုဗုံးကက်လာ တပ္က ပစ္လို႔ ပစ္မွန္း မသိ၊ ဟိုကပစ္လို႔ပစ္မွန္းမသိပစ္ေတာ့ အေျခအေန က မေကာင္းေတာ့ဘူးေလ။ ဘယ္အခ်ိန္ ကိုယ့္ေခါင္း ေပၚက်လာမလဲမသိဘူးဆိုေတာ့ ေျပးရတာေပါ့ဗ်ာ။ ေနာက္တစ္ခ်က္က သတင္းေတြၾကားရတာေပါ့။ လူမ်ိဳးျခားေတြရွိ လားဆိုတဲ့ ျပႆနာေပါ့။ ဝင္လာတာနဲ႔ ဂိတ္ေတြမွာဆိုရင္ မွတ္ပုံတင္မွာ ဗမာပါလားေမးတာ။ သြားလိုက္ရင္ ဗမာဆို ေတာ္ေတာ္မ်က္ႏွာငယ္ရတယ္။ ရခိုင္စကားေျပာေနရင္ေတာင္ မွတ္ပုံတင္မွာ ဗမာဆိုရင္ အဲဒီမွတ္ပုံတင္ပစ္ခ်တာ။ ဗမာတစ္ေကာင္ ပါတယ္ဆိုၿပီး အဲဒီလိုမ်ိဳး အဆင္မေျပေတာ့ဘူး။ ကြၽန္ေတာ့္ဘက္ကေတြးမယ္ဆို အဆင္မေျပေတာ့ဘူး။ သူတို႔လုပ္တာ၊ မလုပ္တာ အပထား ကြၽန္ေတာ့္မွာ မိသားစုရွိတယ္။ ကြၽန္ေတာ့္ကေလးေတြရွိတယ္။ အကုန္လုံးရွိေတာ့ Safe မျဖစ္လို႔ ခြာဖို႔ဆုံးျဖတ္လိုက္တာ။
ေမး - ၿမိဳ႕ကေန စစ္ေဘးေရွာင္လာခဲ့သူတစ္ေယာက္ အေနနဲ႔ ဘယ္လိုမ်ိဳးဆႏၵရွိပါသလဲ။
ေျဖ - ေအးေအးခ်မ္းခ်မ္းေလး စီးပြားေရး ျပန္လုပ္စားခ်င္တယ္။ ကြၽန္ေတာ္တို႔ဆို ဒီမွာအရမ္းဒုကၡ ေရာက္တယ္။ ကြၽန္ေတာ္တို႔ဆို အဝတ္တစ္ထည္ ကိုယ္တစ္ခုနဲ႔ေျပးလာရတဲ့ အေျခအေနမ်ိဳးေပါ့။ ပိုက္ဆံလည္း အမ်ားႀကီး မပါလာ ေတာ့ ဒုကၡေရာက္တယ္။ ကေလးေက်ာင္းထားဖို႔စရိတ္က အစေပါ့ဗ်ာ။ စစ္ေရွာင္ဆိုရင္ အစ္ကိုသိတဲ့အတိုင္းပဲ။ ကြၽန္ေတာ္ လုပ္ေနက်စီးပြားေရး မဟုတ္ေတာ့ ဒီမွာလုပ္တဲ့အခါ အလြဲလြဲအေခ်ာ္ေခ်ာ္ေတြျဖစ္ အဲဒီလိုေပါ့ဗ်ာ။ အဲဒီအခါ က်ေတာ့ အျမန္ဆုံး ေအးခ်မ္းခ်င္တယ္။ ကြၽန္ေတာ္တို႔ အိမ္လည္းမရွိဘူး။ ဆိုင္လည္းမရွိေတာ့ဘူး။ အဓိကေတာ့ အဲဒီေနရာေလးမွာျပန္ၿပီး လုပ္စားခ်င္တယ္။ ကြၽန္ေတာ့္ေနရာေလးလည္း ျဖစ္တာကိုး။ တည္တည္ၿငိမ္ၿငိမ္ေလး ျဖစ္ေစခ်င္တယ္။