မျောက်ကျောက်ရောဂါ(mpox) ကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာသင့်၊ မသင့် WHO ကျွမ်းကျင်သူများ ဆွေးနွေးနေ

 1756

ရောင်နီ (NP News) - သြဂုတ် ၁၆

အာဖရိကတိုက်မှာ ကူးစက်မှုနှုန်းမြင့်နေတဲ့ မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ဆုံးဖြတ်ဖို့ သင့်၊ မသင့် ဆွေးနွေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဟာ ဩဂုတ်လ ၁၄ ရက်က ကျွမ်းကျင်သူတွေနဲ့ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

အာဖရိကသမဂ္ဂရဲ့ကျန်းမာရေးစောင့်ကြည့်ရေးအဖွဲ့က ကြီးထွားလာနေတဲ့ မျောက်ကျောက်ရောဂါကူးစက်မှုနဲ့ ပတ်သက်ပြီး အာဖရိကမှာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာပြီးနောက် နိုင်ငံတကာ ကျန်းမာရေးအဖွဲ့ WHO ရဲ့ အစည်းအဝေးခေါ်ယူမှု ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုဟာ ဒီအာကွန်ဂို မှာ ၂ဝ၂၄ ခုနှစ်အထိအတွင်း ရောဂါဖြစ်ပွားမှု ၁၄,ဝဝဝ ကျော်၊ သေဆုံးမှု ၅၂၄ ခုထိ ရှိလာပြီဖြစ်ကာ ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကူးစက်မှု စုစုပေါင်းထက် ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လက ယခင် mpox ကူးစက်မှု ဖြစ်ပွားလေ့မရှိတဲ့ ဘူရွန်ဒီ၊ ကင်ညာ၊ ရဝမ်ဒါနဲ့ ယူကန်ဒါ နိုင်ငံတွေမှာပါ ကူးစက်မှု case ၉၀ ထိ တွေ့ရှိလာခဲ့ရပါတယ်။

ဒါကြောင့် ရောဂါဖြစ်ပွားမှုဟာ နိုင်ငံတကာစိုးရိမ်ပူပန်မှု (PHEIC) WHO ရဲ့ အမြင့်ဆုံးသောသတိပေးချက် ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေ) အဖြစ် ကြေညာ သင့်၊ မသင့် ကော်မတီက ဆွေးနွေးသွားမှာဖြစ်ပါတယ်။ မျောက်ကျောက်ရောဂါဟာ ရောဂါပိုးရှိတဲ့တိရစ္ဆာန်တွေမှ လူကိုကူးစက်တဲ့ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါဖြစ်ပေမယ့် လူအချင်းချင်း ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမှတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ရောဂါ လက္ခဏာအနေနဲ့ အဖျားတက်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းနဲ့ အရေပြားအနာတွေ ဖြစ်လာတတ် တယ်လို့ သိရပါတယ်။

Zawgyi Version;
ေမ်ာက္ေက်ာက္ေရာဂါ(mpox) ေၾကာင့္ တစ္ကမာၻလုံးဆိုင္ရာက်န္းမာေရး အေရးေပၚအေျခအေန ေၾကညာသင့္၊ မသင့္ WHO ကြၽမ္းက်င္သူမ်ား ေဆြးေႏြးေန
ေရာင္နီ (NP News) - ၾသဂုတ္ ၁၆

အာဖရိကတိုက္မွာ ကူးစက္မႈႏႈန္းျမင့္ေနတဲ့ ေမ်ာက္ေက်ာက္ေရာဂါကို ကမာၻလုံးဆိုင္ရာ က်န္းမာေရး အေရးေပၚ အေျခအေနအျဖစ္ ဆုံးျဖတ္ဖို႔ သင့္၊ မသင့္ ေဆြးေႏြးဖို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ဟာ ဩဂုတ္လ ၁၄ ရက္က ကြၽမ္းက်င္သူေတြနဲ႔ အစည္းအေဝးတစ္ရပ္ျပဳလုပ္ခဲ့ပါတယ္။

အာဖရိကသမဂၢရဲ႕က်န္းမာေရးေစာင့္ၾကည့္ေရးအဖြဲ႕က ႀကီးထြားလာေနတဲ့ ေမ်ာက္ေက်ာက္ေရာဂါကူးစက္မႈနဲ႔ ပတ္သက္ၿပီး အာဖရိကမွာ ျပည္သူ႔က်န္းမာေရးအေရးေပၚအေျခအေန ေၾကညာၿပီးေနာက္ ႏိုင္ငံတကာ က်န္းမာေရးအဖြဲ႕ WHO ရဲ႕ အစည္းအေဝးေခၚယူမႈ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။ ေမ်ာက္ေက်ာက္ေရာဂါ ကူးစက္ျဖစ္ပြားမႈဟာ ဒီအာကြန္ဂို မွာ ၂ဝ၂၄ ခုႏွစ္အထိအတြင္း ေရာဂါျဖစ္ပြားမႈ ၁၄,ဝဝဝ ေက်ာ္၊ ေသဆုံးမႈ ၅၂၄ ခုထိ ရွိလာၿပီျဖစ္ကာ ၂၀၂၃ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ ကူးစက္မႈ စုစုေပါင္းထက္ ေက်ာ္လြန္သြားခဲ့ၿပီျဖစ္ပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ ဇူလိုင္လက ယခင္ mpox ကူးစက္မႈ ျဖစ္ပြားေလ့မရွိတဲ့ ဘူ႐ြန္ဒီ၊ ကင္ညာ၊ ရဝမ္ဒါနဲ႔ ယူကန္ဒါ ႏိုင္ငံေတြမွာပါ ကူးစက္မႈ case ၉၀ ထိ ေတြ႕ရွိလာခဲ့ရပါတယ္။

ဒါေၾကာင့္ ေရာဂါျဖစ္ပြားမႈဟာ ႏိုင္ငံတကာစိုးရိမ္ပူပန္မႈ (PHEIC) WHO ရဲ႕ အျမင့္ဆုံးေသာသတိေပးခ်က္ ျပည္သူ႔ က်န္းမာေရး အေရးေပၚအေျခအေန) အျဖစ္ ေၾကညာ သင့္၊ မသင့္ ေကာ္မတီက ေဆြးေႏြးသြားမွာျဖစ္ပါတယ္။ ေမ်ာက္ေက်ာက္ေရာဂါဟာ ေရာဂါပိုးရွိတဲ့တိရစာၦန္ေတြမွ လူကိုကူးစက္တဲ့ဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္ေပၚလာတဲ့ ကူးစက္ေရာဂါျဖစ္ေပမယ့္ လူအခ်င္းခ်င္း ႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕မႈမွတဆင့္လည္း ကူးစက္ႏိုင္ပါတယ္။ ေရာဂါ လကၡဏာအေနနဲ႔ အဖ်ားတက္ျခင္း၊ ႂကြက္သားမ်ား နာက်င္ကိုက္ခဲျခင္းနဲ႔ အေရျပားအနာေတြ ျဖစ္လာတတ္ တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.