လားရှိုးတိုက်ပွဲများအတွင်း သေဆုံးသူအလောင်းများကို အစာငတ်နေသောခွေးများက ကိုက်ဖဲ့စားသောက်မှုများရှိခဲ့

 6161

သန့်ဇင် (NP News) - ဩဂုတ် - ၁၉

မြို့သိမ်းတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း၏ လားရှိုးမြို့တွင်းရှိ အချို့လမ်းများတွင် လူသေအလောင်းများကို ခွေးများက ကိုက်စားနေသည်အထိ အခြေအနေဆိုးရွားခဲ့ကြောင်း NP News က စုံစမ်းသိရှိရသည်။

လားရှိုးမြို့သိမ်းတိုက်ပွဲကာလအတွင်း MNDAA ဘက်မှလည်း အကျအဆုံးများပြားခဲ့ကာ ၎င်းတို့၏ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုများလည်းရှိခဲ့သည်။ ထို့နောက် တိုက်ပွဲ အလွန်ကာလ လူမှုကွန်ရက်စာမျက်နှာအချို့၌ လမ်းပေါ်ရှိနေသောအလောင်းကို ခွေးစားနေသည့် ရုပ်သံဖိုင်အချို့ ထွက်ပေါ်လာခဲ့ပြီး အလောင်းမှာ ပျက်စီးနေပြီဖြစ်သောကြောင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားမရတော့ပေ။

"တချို့ကခွေးတွေကိုခေါ်သွားတဲ့လူလည်း ရှိတယ်။ တချို့ကျတော့လည်း ခေါ်မသွားဘဲထားခဲ့တဲ့ ခွေးတွေကတော့ ငတ်တာပေါ့။ အဲဒီခွေးတွေကျတော့ အပုပ်နံ့ထွက်ပြီး တချို့ကလည်း တံခါးပိတ်ပြီးထား ခဲ့တဲ့ခွေးတွေတော့ သေကုန်တာပေါ့။ လွှတ်ထားတဲ့ ခွေးတွေကတော့ လူသေအလောင်းတွေဘာတွေစားရတော့တာလေ။ တချို့လည်း အရိုးစုပဲကျန်တယ်။ အိမ်နားမှာဆိုရင်လည်း သုံးဘီးနားမှာ သေနေတာ"ဟု လားရှိုးမြို့မှ တိမ်းရှောင်လာသူတစ်ဦးက ပြော သည်။ UWSA မှ ပြန်ကြားရေးတာဝန်ခံ ဦးညီရမ်းက ၎င်း၏ဖေ့စ်ဘွတ်ခ် myday တွင် ခွေးတစ်ကောင်က ယူနီဖောင်းဝတ်ဖြင့်သေဆုံးနေသူတစ်ဦးကို ကိုက်စား နေသည့်မှတ်တမ်းဗီဒီယိုအတိုကို ရည်ရွယ်ချက်တစ်ခုခုဖြင့် လွှင့်တင်ခဲ့ဖူးသည်။

ထို့ပြင် လားရှိုးမြို့သိမ်းတိုက်ပွဲဖြစ်ပွားချိန်တွင် နေရပ်စွန့်ခွာစစ်ဘေးရှောင်သွားသည့် ဒေသခံများက ၎င်းတို့၏နေအိမ်များကို အိမ်စောင့်များငှားရမ်း ထား ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲများပြင်းထန်ချိန်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကြောင့် နေအိမ်အတွင်း သေဆုံးခဲ့ရသည်များလည်း ရှိကြောင်းသိရသည်။

"တချို့ အိမ်ထဲမှာတင် လက်နက်ကြီးမှန်ပြီး သေနေတဲ့ဟာတွေကလည်း ပုပ်ပွနေတာပဲ။ အခု နောက်ပိုင်းမှ လမ်းမှာတွေ့တဲ့ အလောင်းတွေ ဘာတွေ ရှင်းကြတယ်ဆိုပေမယ့်လည်း တချို့ရပ် ကွက်တွေထဲက အိမ်ခြံဝန်းထဲနဲ့ အိမ်ထဲမှာသေနေတဲ့ဟာ တွေ ကျန်တာလေ။ အရင် ရက်က ရပ်ကွက်(၁၂)ကို ရှင်းတာတင်ပဲ မိန်းမအလောင်း(၇)လောင်းနဲ့ ယောကျာ်းအလောင်း(၁၂)လောင်းကို အိမ်ထဲမှာ သေနေတဲ့ဟာတွေ ရပ်ကွက်ထဲမှာသေနေတဲ့ဟာ တွေပေါ့။ အဲဒါ ရပ်ကွက်တစ်ခုမှာပဲရှိသေးတယ်။ တစ် မြို့လုံးအတိုင်းအတာနဲ့ဆိုရင်တော်တော်များတယ်"ဟု ၎င်းကဆက်လက်ပြောသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဖော်ဆောင်သည့် လားရှိုးမြို့တိုက်ပွဲအတွင်း၌ ကလေးငယ် (၅)ဦးအပါအဝင် ပြည်သူ(၃၀)ဦးထက်မနည်း သေဆုံးခဲ့ရပြီး နေအိမ်အဆောက်အအုံများစွာလည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ထို့ပြင် လားရှိုးမြို့ပြည်သူ (၈၀)ရာခိုင်နှုန်းခန့်သည်လည်း အနှစ်နှစ်အလလ စုဆောင်းခဲ့ရသည့် အိုးအိမ်စည်းစိမ် များကို စွန့်ခွာကာ စစ်ဘေးရှောင်နေရလျက်ရှိသည်။ လားရှိုးတိုက်ပွဲများအတွင်း သေဆုံးသွားခဲ့ရသော MNDAA ယူနီဖောင်းဝတ်ထားသူ သောင်းဂဏန်းအထိ ရှိခဲ့ပြီး တပ်မတော်သားအချို့လည်း သေဆုံးခဲ့ရသည်။

zawgyi version
လားရႈိးတိုက္ပြဲမ်ားအတြင္း ေသဆုံးသူအေလာင္းမ်ားကို အစာငတ္ေနေသာေခြးမ်ားက ကိုက္ဖဲ့စားေသာက္မႈမ်ားရွိခဲ့
သန႔္ဇင္ (NP News) - ဩဂုတ္ - ၁၉

ၿမိဳ႕သိမ္းတိုက္ပြဲျပင္းထန္စြာျဖစ္ပြားခဲ့ေသာ ရွမ္းျပည္နယ္ေျမာက္ပိုင္း၏ လားရႈိးၿမိဳ႕တြင္းရွိ အခ်ိဳ႕လမ္းမ်ားတြင္ လူေသအေလာင္းမ်ားကို ေခြးမ်ားက ကိုက္စားေနသည္အထိ အေျခအေနဆိုး႐ြားခဲ့ေၾကာင္း NP News က စုံစမ္းသိရွိရသည္။

လားရႈိးၿမိဳ႕သိမ္းတိုက္ပြဲကာလအတြင္း MNDAA ဘက္မွလည္း အက်အဆုံးမ်ားျပားခဲ့ကာ ၎တို႔၏ေရွာ့တိုက္ဒုံးျဖင့္ပစ္ခတ္မႈေၾကာင့္ အရပ္သားျပည္သူ ေသဆုံးမႈမ်ားလည္းရွိခဲ့သည္။ ထို႔ေနာက္ တိုက္ပြဲ အလြန္ကာလ လူမႈကြန္ရက္စာမ်က္ႏွာအခ်ိဳ႕၌ လမ္းေပၚရွိေနေသာအေလာင္းကို ေခြးစားေနသည့္ ႐ုပ္သံဖိုင္အခ်ိဳ႕ ထြက္ေပၚလာခဲ့ၿပီး အေလာင္းမွာ ပ်က္စီးေနၿပီျဖစ္ေသာေၾကာင့္ မည္သူမည္ဝါျဖစ္ေၾကာင္း ခြဲျခားမရေတာ့ေပ။

"တခ်ိဳ႕ကေခြးေတြကိုေခၚသြားတဲ့လူလည္း ရွိတယ္။ တခ်ိဳ႕က်ေတာ့လည္း ေခၚမသြားဘဲထားခဲ့တဲ့ ေခြးေတြကေတာ့ ငတ္တာေပါ့။ အဲဒီေခြးေတြက်ေတာ့ အပုပ္နံ႔ထြက္ၿပီး တခ်ိဳ႕ကလည္း တံခါးပိတ္ၿပီးထား ခဲ့တဲ့ေခြးေတြေတာ့ ေသကုန္တာေပါ့။ လႊတ္ထားတဲ့ ေခြးေတြကေတာ့ လူေသအေလာင္းေတြဘာေတြစားရေတာ့တာေလ။ တခ်ိဳ႕လည္း အ႐ိုးစုပဲက်န္တယ္။ အိမ္နားမွာဆိုရင္လည္း သုံးဘီးနားမွာ ေသေနတာ"ဟု လားရႈိးၿမိဳ႕မွ တိမ္းေရွာင္လာသူတစ္ဦးက ေျပာ သည္။ UWSA မွ ျပန္ၾကားေရးတာဝန္ခံ ဦးညီရမ္းက ၎၏ေဖ့စ္ဘြတ္ခ္ myday တြင္ ေခြးတစ္ေကာင္က ယူနီေဖာင္းဝတ္ျဖင့္ေသဆုံးေနသူတစ္ဦးကို ကိုက္စား ေနသည့္မွတ္တမ္းဗီဒီယိုအတိုကို ရည္႐ြယ္ခ်က္တစ္ခုခုျဖင့္ လႊင့္တင္ခဲ့ဖူးသည္။

ထို႔ျပင္ လားရႈိးၿမိဳ႕သိမ္းတိုက္ပြဲျဖစ္ပြားခ်ိန္တြင္ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္သြားသည့္ ေဒသခံမ်ားက ၎တို႔၏ေနအိမ္မ်ားကို အိမ္ေစာင့္မ်ားငွားရမ္း ထား ခဲ့ရာမွ ႏွစ္ဖက္တိုက္ပြဲမ်ားျပင္းထန္ခ်ိန္တြင္ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲမႈမ်ားေၾကာင့္ ေနအိမ္အတြင္း ေသဆုံးခဲ့ရသည္မ်ားလည္း ရွိေၾကာင္းသိရသည္။

"တခ်ိဳ႕ အိမ္ထဲမွာတင္ လက္နက္ႀကီးမွန္ၿပီး ေသေနတဲ့ဟာေတြကလည္း ပုပ္ပြေနတာပဲ။ အခု ေနာက္ပိုင္းမွ လမ္းမွာေတြ႕တဲ့ အေလာင္းေတြ ဘာေတြ ရွင္းၾကတယ္ဆိုေပမယ့္လည္း တခ်ိဳ႕ရပ္ ကြက္ေတြထဲက အိမ္ၿခံဝန္းထဲနဲ႔ အိမ္ထဲမွာေသေနတဲ့ဟာ ေတြ က်န္တာေလ။ အရင္ ရက္က ရပ္ကြက္(၁၂)ကို ရွင္းတာတင္ပဲ မိန္းမအေလာင္း(၇)ေလာင္းနဲ႔ ေယာက်ာ္းအေလာင္း(၁၂)ေလာင္းကို အိမ္ထဲမွာ ေသေနတဲ့ဟာေတြ ရပ္ကြက္ထဲမွာေသေနတဲ့ဟာ ေတြေပါ့။ အဲဒါ ရပ္ကြက္တစ္ခုမွာပဲရွိေသးတယ္။ တစ္ ၿမိဳ႕လုံးအတိုင္းအတာနဲ႔ဆိုရင္ေတာ္ေတာ္မ်ားတယ္"ဟု ၎ကဆက္လက္ေျပာသည္။

ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ေဖာ္ေဆာင္သည့္ လားရႈိးၿမိဳ႕တိုက္ပြဲအတြင္း၌ ကေလးငယ္ (၅)ဦးအပါအဝင္ ျပည္သူ(၃၀)ဦးထက္မနည္း ေသဆုံးခဲ့ရၿပီး ေနအိမ္အေဆာက္အအုံမ်ားစြာလည္း ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ရသည္။ ထို႔ျပင္ လားရႈိးၿမိဳ႕ျပည္သူ (၈၀)ရာခိုင္ႏႈန္းခန႔္သည္လည္း အႏွစ္ႏွစ္အလလ စုေဆာင္းခဲ့ရသည့္ အိုးအိမ္စည္းစိမ္ မ်ားကို စြန႔္ခြာကာ စစ္ေဘးေရွာင္ေနရလ်က္ရွိသည္။ လားရႈိးတိုက္ပြဲမ်ားအတြင္း ေသဆုံးသြားခဲ့ရေသာ MNDAA ယူနီေဖာင္းဝတ္ထားသူ ေသာင္းဂဏန္းအထိ ရွိခဲ့ၿပီး တပ္မေတာ္သားအခ်ိဳ႕လည္း ေသဆုံးခဲ့ရသည္။

Related news

© 2021. All rights reserved.