ရှမ်းမြောက် (အရှေ့ မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့မျှော်ကြည့်ခြင်း အပိုင်း(၁)

 5563

ဒေါက်တာအေးမောင် (NP News) - ဩဂုတ် ၂၃

အမျိုးသားအကျိုးစီးပွား၌သာ ရပ်တည်ကြမြဲ
၁။ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် မိမိတို့၏အမျိုးသား အကျိုးစီးပွားအပေါ်၌သာ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်ကြစမြဲဖြစ်၏။ လူမျိုး နွယ်စုများစွာ တည်ရှိနေထိုင်ကြသည့် မြန်မာနှင့် ကမ္ဘာ့အင်အားကြီး တရုတ်တို့သည် အိန္ဒိယနှင့်ထိစပ်သည့် ကချင်ပြည်နယ်မှသည် ရှမ်းမြောက်၊ ရှမ်းအရှေ့မြောက်၊ ၎င်းမှ ရှမ်းအရှေ့ရှိ လာအိုနှင့် ထိစပ် ဒေသအထိ တစ်နံတစ်လျား ကွေ့ကောက်ကာ မြေ/ ရေချင်းထိစပ်သလို လူမျိုးနွယ်စုချင်းလည်း ထိစပ် တည်ရှိနေကြ၏။ ဆွေမျိုးပေါက်ဖော်ဟု နိုင်ငံရေးအရ ချစ်ကြည်မှုခိုင်မြဲစေရန် တစ်အူတုံဆင်း ညီရင်းအစ်ကို သဖွယ် ခိုင်းနှိုင်းသုံးနှုန်းကြ၏။ နည်းတူ ကမ္ဘာ့လူဦးရေ အများဆုံး အိန္ဒိယသည်လည်း ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်သည့် ရခိုင်၊ ချင်းပြည်နယ်မှသည် စစ်ကိုင်း၊ ကချင်စပ်အထိ ရှည်လျားကွေ့ပတ်ဆက်စပ်တည်ရှိကြ၏။ ရှမ်းအရှေ့မှသည် တနင်္သာရီ တစ်လျှောက် ရှည်လျားစွာ နယ်စပ်နှင့်ထိစပ်သည့် ဘုရင့်နိုင်ငံတော် ထိုင်းနှင့်မူ မြန်မာသည် ရှည်လျားသည့် သမိုင်း နောက် ကြောင်းများနှင့်အတူ ကူးလူးဆက်ဆံမှု ပိုများသည်ဟု သုံးသပ်ရာ၏။

ပထဝီနိုင်ငံရေး၏ အရေးပါမှု
၂။ ယနေ့ကာလ၏ ပထဝီနိုင်ငံရေးအရ မြန်မာနှင့် ထိစပ်သည့် မဟာအင်အားကြီး နှစ်နိုင်ငံသည် သူတို့၏ အမျိုးသားအကျိုးစီးပွားအတွက် မြန်မာနိုင်ငံကို ညီညွတ်ပြီးတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်စေလို ကြပုံရ၏။ သူတစ် လူငါတစ်မင်းဖြင့် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲစေလိုပုံမရ။ အိန္ဒိယသည် ၎င်း၏ အရှေ့မြောက်ဒေသ မောင်နှမ ခုနစ်ဖော် ပြည်နယ်များ မပြိုကွဲစေရေးနှင့် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားသည် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် တိုက်ရိုက် ဆက်စပ်ပုံလည်းရ၏။

တရုတ်ပြည်ကြီးအနေဖြင့်လည်း စွမ်းအင်လုံခြုံ ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက် နယ်မြေအေးချမ်း တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးသည် ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးအတွက်လိုအပ်၏။ ပိုးလမ်းမသစ် ဖြစ်သော ကမ္ဘာ့လွှမ်းခြုံရပ်ဝန်းနှင့်လမ်း စီမံကိန်း (BRI) သည် အလွန် အရေးပါသည့် အမျိုးသားအကျိုးစီးပွားဖြစ်၏။ သို့ဖြင့် တရုတ်-မြန်မာ့စီးပွားရေးစင်္ကြံ CMEC သည်လိုအပ်၏။ BRI ၏ အိန္ဒိယသမုဒ္ဒရာသို့ ပွင့်မည့် (ကူမင်း - မန္တလေး - ကျောက်ဖြူ) မြန်နှုန်းမြင့် ရထားလမ်း၊ ကားလမ်းစီမံကိန်းနှင့် ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်းတို့သည်လိုအပ်၏။ နည်းတူ အိန္ဒိယ - မြန်မာ ( ကိုးလ်ကတ္တား - စစ်တွေ - မီဇိုရမ် ) ကုန်သွယ်မှု လမ်းကြောင်းသည်လည်းလိုအပ်၏။ အဆိုပါလမ်းကြောင်းများတစ်လျှောက် တည်ငြိမ်လုံခြုံမှုသည် ပို၍လိုအပ်၏။ သို့ဖြင့် မြန်မာနိုင်ငံ မပြိုကွဲဘဲ ညီညွတ်ပြီးတည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးသည် ၎င်းတို့နှစ်နိုင်ငံအတွက် အလွန်လိုအပ်သည်ဟု သုံးသပ်မှတ်ချက်ပြု၍ရ၏။ ပထဝီ စစ်ရေး၊ နိုင်ငံရေး၏ လိုအပ်ချက်တစ်ရပ်လည်း ဖြစ်၏။ အမျိုးသား အကျိုးစီးပွားလည်း ဖြစ်ကြ၏။

စစ်ဆင်ရေး ၁၀၂၇ (ပထမလှိုင်း)
၃။ (၂၀၂၃) ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဟု အမည်တွင်သည့် MNDAA, TNLA နှင့် AA တို့သည် ‘‘စစ်ဆင်ရေး ၁၀၂၇” မည်သော စစ်မျက်နှာသစ်ကိုဖွင့်ကြ၏။ အချိန်တိုအတွင်း တပ်မတော် စခန်းကုန်းများ၊ ရဲစခန်းများမှသည် တရုတ်-မြန်မာ နယ်စပ်ရှိ စည်ပင်၊ ဖွံ့ဖြိုးသည့်မြို့များအထိ သိမ်းပစ် လိုက်နိုင်ကြ၏။ ချင်းရွှေဟော်၊ လောက်ကိုင်နှင့် ဖောင်းဆိုင်မြို့ တို့သည်ထင်ရှား၏။ နိုဝင်ဘာလ ၆ ရက်နေ့တွင် နမ့် ခမ်းမြို့ကို သိမ်းပစ်သည်ဟုကြားရ၏။ စစ်စခန်းနှင့် ရဲစခန်းပေါင်းများစွာ လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု လည်းကြားရ၏။ တပ်မ (၉၉) ၏ တပ်မမှူးသည်လည်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ မုံးကိုးမြို့တွင်ကျဆုံး သည်ဟု နိုဝင်ဘာလ (၇) ရက်က ကြားရပြန်၏။ ကိုး ကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်၌ တပ်မတော်အရာရှိကြီးအချို့နှင့် တပ်မတော် မိသား စုဝင်ထောင်ပေါင်းများစွာတို့ အလံဖြူထောင် လက်နက်ချခြင်းဖြစ်စဉ်သည် မြန်မာ့တပ်မတော်၏ သမိုင်းကြောင်းအရ မှတ်တမ်းဆိုးဖြစ်၏။ ဂုဏ်သိက္ခာနှင့် ခံယူချက်ကို ကြီးမားစွာထိခိုက်စေနိုင်သလို စိတ်ဓာတ် နှင့်ရပ်တည်မှုမပြိုလဲစေရေး ဦးဆောင်သူများ၏ အစီအမံသည် အောင်ပွဲဆီ ချီတက်နိုင်စေမည် ဖြစ်သလို ပြောင်းပြန်အကျိုးဆက်အား မည်သို့လျှင် တားဆီးကာကွယ်မည်သည်လည်း အရေးပါသည့် နည်းဗျူဟာ ဖြစ်သည်ဟုမြင်၏။

နောက်ကြောင်းဆက်စပ်ကြည့်ခြင်း
၄။ ရှမ်းမြောက် (အရှေ့မြောက်ဒေသ) တွင် ဝ၊ ကိုးကန့်၊ ပလောင်(တအာင်း) တို့၏မြို့နယ်အချို့မှ လွဲ၍ ကျန်ဆက်စပ်နယ်မြေအားလုံးသည် ရှမ်းတို့၏ဘူမိနက်သန်ဖြစ်၏။ နမ့်ခမ်းသည် ရှမ်းမြို့ဖြစ်၏။ သိန္နီသည် ရှမ်းမြို့ဖြစ်၏။ ရှမ်းမြောက်နှင့် ရှမ်း အရှေ့မြောက်တွင် NCA လက်မှတ်မထိုးကြသည့် ယခင်နဝတခေတ် အပစ်ရပ်အဖွဲ့များဖြစ်သည့် UWSA, SSPP/SSA, NDAA တို့တည်ရှိကြ၏။ MNDAA သည် TNLA, AA နှင့်အတူ မဟာ မိတ်ဖွဲ့လှုပ်ရှားကြ၏။ ဝ၊ ကိုးကန့်၊ ပလောင် ဒေသအသီးသီးတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ ဦးစီးအဖွဲ့အသီးသီးသည် အစိုးရ၏ အုပ်ချုပ်မှု ဖြင့်လည်ပတ်၏။ ကချင်ပန်ဝါမှစပြီး ကရင်ရွှေကုက္ကို အပါအဝင် အထူးဒေသများ၌ BGF အဖွဲ့ အသီးသီး သည်လည်း နယကခေတ်တွင် ရှမ်းမြောက်မှလွဲ၍ ပေါ်ပေါက်ခဲ့ရ၏။

တရုတ်၏ ဗဟိုအစိုးရသည် သူ၏ BRI , CNPC ၏ စွမ်းအင်လုံခြုံရေး ပင်မလမ်းကြောင်းနှင့် CMEC အပေါ် မဟာဗျုဟာမြောက်အမျိုးသားအကျိုး စီးပွားဟု သတ်မှတ်ပုံရသော်လည်း တရုတ်၏ဒေသအစိုးရ အာဏာပိုင်တို့သည် နယ်စပ်ဖြတ်ကျော် တရားမဝင်လုပ်ငန်းများ၏အကျိုးအမြတ်အပေါ် ပိုမိုခုံမင်ကြပုံရ၏။ ကျောက်စိမ်း၊ ပယင်း၊ မြေရှား၊ တင်း၊ ခဲမဖြူ၊ သစ်မျိုးစုံတို့သည် မြိုးမြိုးမြက်မြက်ရကြသလို ဘဏ်များတွင်လည်း Account မျိုးစုံဖြင့် ဖွင့်ခွင့်ရကြပုံရ၏။

မြန်မာလူထုနှင့်အစိုးရအဆက်ဆက်သည် တရုတ်အပေါ် ဗမာပြည်ကွန်မြူနစ်ပါတီ (Auy - CPB) မှ သည် ယခုကာလ ရှမ်းနယ်စပ်ရှိ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအထိ သူတို့၏ ခေါင်းကိုင်ဖခင်အဖြစ်သာ မြင်ပုံရ၏၊ စွဲမြဲစွာ ယုံကြည်ထားကြပုံလည်းရ၏။ တရုတ်သည် ကျားဖျန့်၏ ကျယ်ပြန့်မှု၊ တရုတ်လူထုအပေါ်နက်ရှိုင်းစွာ ထိခိုက်စေမှုတို့အပေါ်သုံးသပ်ပြီး ဖြေရှင်းရန် သံခင်း တမန်ခင်း လမ်းကြောင်းဖွင့်ပြီး လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာတို့သို့ အကြိမ်ကြိမ် အလီလီ ချဉ်းကပ် ခဲ့ပုံရ၏။ မြန်မာ၏ဖြေးရှင်းပုံနှင့် နယ်စပ်လုံခြုံရေး အဖွဲ့အစည်းအချို့အပေါ် အစိုးရ၏ကိုင်တွယ်ပုံကို ကျေနပ်ခဲ့ပုံမရသည်ကိုတွေ့ရ၏။

မြန်မာအစိုးရပြည်ထဲရေးဝန်ကြီးသစ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကာလတွင်မှသာ အထူးဒေသများ၏ ကြား ဖျန့်လုပ်ငန်း ဖမ်းဆီးမှုသတင်းများသည် ထိပ်ပိုင်းသတင်းဖြစ်လာ၏။ ကျားဖျန့်လိမ်လည်မှု ပြစ်မှုကျုးလွန်သူ ထောင် ပေါင်းများစွာကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ ပို့ပေးကြ၏၊ မန္တလေးနှင့် ရန်ကုန်တို့မှလည်း ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိသည့် အမှုအခင်းများ ပါဝင်သည့် ဖြစ်စဉ်သတင်းများနှင့် အတူ (၂၀၂၃) ခုနှစ် အောက်တိုဘာလ (၁၅) ရက် နေ့တွင် NCA ရှစ်နှစ်မြောက်ကို ကျင်းပကြ၏၊ BGF ခေါင်းဆောင်အချို့လည်းတက်ကြ၊ တရုတ်နှင့် အိန္ဒိယမှ ကိုယ်စားပြု ခေါင်းဆောင်များလည်းတက်ကြ၏၊ အထူးတက်စေလိုသော NCA မထိုးကြသေးသည့် လက်နက် ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင် များကိုမူ မတွေ့မြင်ဖြစ်ကြရ၏။
တရုတ်ဘဏ်များ၌ မြန်မာများကို Black List ထုတ်ကာ Acc ဖွင့်ခွင့်မပြုခြင်းများ၊ တရုတ်လုံခြုံရေးအဖွဲ့မှ ကိုးကန့်စီးပွားရေး ကိုယ်စားလှယ် (၁၁)ဦး ကိုဖမ်းဆီးမှု၊ (UWSA) ဒုစစ်ဦးစီးချုပ်ကို ဖမ်းဆီးမှု၊ UWSP/UWSA ထိပ်ပိုင်း ခေါင်းဆောင်ဦးပေါက် ယူချမ်း၏တူနှင့် သားမက်ဟောင်းကို တရုတ်တရား ရေးဌာနက ဖမ်းဝရမ်းထုတ်မှု၊ မြန်မာ တရားရေးဌာနမှ လည်း ထပ်ဆင့် ဖမ်းဝရမ်းထုတ်မှုတို့သည် ခပ်သွက်သွက် လူမှုမီဒီယာများ၌ တွေ့လာရ၏။
တရုတ်သည် ကျားဖျန့်ကိစ္စ မြန်မာအစိုးရ၏ EAOs, BGFs တို့အပေါ် အရေးယူဆောင်ရွက်မှုများ အနက် အထူးအားဖြင့် ထိုင်းနယ်စပ်ရှိ ရွှေကုက္ကို အပါအဝင် နာမည်ကြီး BGFs များအပေါ်ဆောင် ရွက်မှု၏ရလဒ်ကို မတွေ့ရ သေးခြင်း၊ ရှမ်းမြောက်နှင့် ရှမ်းအရှေ့၏ နာမည်ကြီး UWSA, NDAA တို့၏ ပန်ဆန်း၊ မိုင်းလားဒေသနှင့် ကိုးကန့်၏ လောက် ကိုင်၊ ချင်းရွှေဟော်ဒေသတို့၌ နစကအစိုးရက ကိုယ်တိုင်ပါဝင်ပြီး ဖိဖိစီးစီးဆောင်ရွက်မှုတို့ကို မတွေ့ရ သေးခြင်းသည် နဝတ၊ နယက ကာလမှစ၍ အပစ်ရပ် သဘောတူညီချက်အပေါ် နစကအစိုးရ၏ စောင့်စည်းရခြင်း ဖြစ်သည်ကိုမူ တရုတ်တို့နားလည်ပုံမရသလို၊ အစိုးရ၏အရေးယူ ဆောင်ရွက်ပုံ အဆင့်ဆင့်အပေါ် အားရကျေနပ်ပုံလည်း မတွေ့ရသေးကြောင်း သတိပြုမိရ၏။

စစ်ဆင်ရေး ၁၀၂၇ (ပထမလှိုင်း) ၏ ဦးတည်ချက်ကိုခန့်မှန်းကြည့်ခြင်း
၅။ ဉာဏ်မီသလောက် မြောက်ပိုင်း(၃)ဖွဲ့၏ စစ်ဆင်ရေး ၁၀၂၇ (ပထမလှိုင်း)ကို စောကြော သုံးသပ် စီစစ်ခန့်မှန်း ကြည့်ဖြစ်မိပါ၏။
(က) တရုတ်၏ မီးစိမ်းမပြဘဲ၊ ပန်ဆန်းနှင့်မိုင်းလား တို့၏ ကြိုတင်သဘောတူညီမှုမရှိဘဲ၊ ငွေကြေးနှင့် ထောက်ပို့ လုပ်ငန်း၊ တပ်အဆုတ်နှင့် အတက်လမ်းကြောင်း တိကျသေချာမှုမရှိဘဲ၊ အချိန်ယူကြိုတင် အသွင်တူ ဇာတ်တိုက် လေ့ကျင့်မထားဘဲ၊ ယခု စစ်ဆင်ရေးကို မြောက်ပိုင်း(၃)ဖွဲ့သည် စတင်ဖြစ် လိမ့်မည်မထင်ဟု ယူဆဖြစ်မိပါ၏။

(ခ) MNDAA ၏ ပန်းတိုင်ရည်မှန်းချက်အတွက် တစ်နည်း (ဖုန်) နေရာတွင် (ရန်) အစားဝင်ခဲ့သလို၊ (ပယ်)နေရာ တွင်(ဖုန်)က ပြန်အစားဝင်ရန်ရည်ရွယ်သည်ဟု ယေဘုယျ စစ်ဆင်ရေးအပေါ်သုံးသပ်ကြရာ၏။ သို့သော် ထုတ်ပြန်ချက်၌ စစ်အာဏာရှင်စနစ်ချုပ် ငြိမ်းရေးနှင့် ကျားဖျန့်လုပ်ငန်းတိုက်ဖျက်ရေးဟု ဦးတည်ကာ မဟာဗျူဟာ ချမှတ်ထားသည်ကို တွေ့ရ၏။ ပထမအချက်သည် NUG, PDF နှင့် ဆက်စပ်ရန် ရည်ရွယ်ထားသလို ဒုတိယအချက်သည် အဓိက တရုတ်အစိုး ရသို့ ဦးတည်ကာ FPNCC ၏ နိုင်ငံရေး ဦးဆောင်မှုနှင့်ဆက်စပ်နိုင်ပြီး၊ ပန်ဆန်း မိုင်းလား ပုံစံတူ Model ကို ချင်းရွှေဟော်၊ လောက်ကိုင်၊ ဖောင်းဆိုင်၌ တည်ဆောက်အကောင်အထည်ဖော်ရန် ဦးတည်ထား ပုံရ၏။

(ဂ) တရုတ်တို့၏ မဟာဗျူဟာမြောက် BRI နှင့် CNPC လမ်းကြောင်းတစ်လျှောကကို သွက်သွက် တက် သွက်သွက်သိမ်း၊ သွက်သွက်ဆုတ်ပြီး CMEC ၏ ပင်မနေရာတွင်မိမိတို့ရှိကြောင်း တရုတ်သို့ ပြလိုပုံသာရ၏။ တာရှည် နယ်မြေထိန်းချုပ်ထား လိုပုံမရ၊ ထားနိုင်မည်လည်းမဟုတ်၊ သို့ဖြင့် သွက် သွက်ဆုတ်မည့်သဘောတွေ့ရ၏။

(ဃ) သို့သော် အခြားဒေသများ၌လည်း တစ်ပြိုင်နက် တိုက်ကွက်ဖော်ခြင်းမျိုးနှင့် NUG, EAOs? PDFs တို့က ဆက်စပ်လာခဲ့လျှင်မူ ရှမ်းမြောက် (အရှေ့မြောက်ဒေသ) ဖြစ်စဉ်သည် မြန်မာပြည်မြောက်ပိုင်း၊ တောင်ပိုင်းတို့နှင့် ဆက်စပ်သွားနိုင်သဖြင့် ၎င်းတို့၏ အဂ္ဂမဟာဗျူဟာသည် တရုတ်နှင့်အိန္ဒိယတို့၏ အမျိုးသားအကျိုးစီးပွားနှင့်များစွာ ကွဲပြားသွားနိုင်၏။ နိုင်ငံကြီးနှစ်ခု၏ ဆန္ဒမပါလျှင် အဂ္ဂမဟာဗျူဟာသည် အောင်မြင်ရန်အလွန်ခက်ခဲ၏။

(င) ၁၀၂၇ စစ်ဆင်ရေး (ပထမလှိုင်း) ၏ စစ်ဆင် ရေးနယ်မြေများသည် များရာစု ရှမ်းနယ်မြေများသာ ဖြစ်၏။ SSPP/SSA, RCSS/SSA တို့မပါဝင်ဘဲ ငြိမ်ချက်သားကောင်းနေသည်ကိုတွေ့ရ၏။ ရှမ်းလုထုသည် အဓိက စစ်ဘေးဒဏ် သင့်ကြသလို စီးပွားရေးလုပ်ငန်းရှင်များ၊ အနယ်နယ်မှအလုပ်သမားများ သည်စစ်ဘေးသင့်ကြရ၏။ မဟာမိတ်(၃)ဖွဲ့၌ ULA/AA သည် မိမိလူထုမှဝေးရာ ရှမ်းတို့ဒေသတွင် မိမိလူမျိုးအကျိုးအတွက်မဟုတ်ဘဲ မဟာမိတ်အကျိုးအတွက် ပေးဆပ်ခြင်းဖြစ်ရာ ထူးခြား၏။ ရခိုင်လူထုသည် ရခိုင်ဒေသ၌ စပါးမရိတ်သိမ်းမီ စစ်ပြန်ဖြစ်မည်ကို ရှမ်းလူထုကဲ့သို့စိုး ရိမ်နေကြသည်က ယခုစစ်ဆင်ရေး၏ စစ်ဆင်ရေးကာလအပေါ်လွှမ်း မိုးမည်လား၊ အဖြေသည် ရှမ်းလူထု၏ ရောင်ပြန် မေတ္တာအပေါ် ကိုယ်ချင်းစာတတ်ခြင်း ဆင်ခြင်သိဖြစ်၏။

နစကနှင့် မြန်မာ့တပ်မတော်၏ရွှေ့ကွက်များ
၆။ နစကနှင့်မြန်မာ့တပ်မတော်၏ အဂ္ဂမဟာဗျူဟာ မဟာဗျူဟာနှင့်နည်းဗျူဟာတို့ကို နိုင်ငံရေး၊ စစ်ရေး၊ သံခင်းတမန်ခင်းရှုထောင့်မှ ဆက်စပ်ရှုမြင်ကြည့်ခြင်း၊ မြန်မာ့နိုင်ငံရေးကို ရှေ့သို့မျှော်ကြည့်ခြင်း ပြုဖြစ်မိ ပါ၏။
(က) အဂ္ဂမဟာဗျူဟာသည် ရှမ်းမြောက် (အရှေ့ မြောက်ဒေသ) စစ်ရေးအကျပ်အတည်းမှသည် မြန်မာ့နိုင်ငံရေး အရှုပ်အထွေးကို ဖြေရှင်းနိုင်မည့် အခွင့်အလမ်းအဖြစ်သို့ ဦးတည်ပုံရ၏။ မြန်မာ့ငြိမ်း ချမ်းရေးနှင့် ဖက်ဒရယ်နိုင်ငံတော် သစ် တည်ဆောက်ရေးကို ရလဒ်ကောင်းအဖြစ် အရယူဆောင်လျက် ရှေ့သို့လှမ်းချီ ဦးတည်ချီတက်လိုပုံရ၏။

(ခ) မြောက်ပိုင်း(၃)ဖွဲ့၏ ယခုစစ်ဆင်ရေး ထိုးစစ် ဧရိယာသည် တရုတ်၏ BRI စွမ်းအင်လုံခြုံရေး၊ ရေနံနှင့် ပင်မဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်နှင့် CMEC ၏ လုံခြုံရေးလမ်းကြောင်းတစ်လျှောက်ဖြစ်ရာ နှစ်နိုင်ငံအကျိုးစီးပွား အတွက် ဗဟိုအစိုးရ၏ပါဝါလစ်ဟာမှုအကျိုးဆက်ကို တရုတ်တို့သတိပြုမိ စေလိုပုံရ၏။ မြန်မာအစိုးရနှင့် မြန်မာ့တပ်မ တော်၏ ပါဝါလစ်ဟာမှုလေဟာနယ်မဖြစ်စေရေး အရေးပါပုံနှင့် လိုအပ်ပုံတို့ကို သတိပြုမိစေလိုပုံလည်းရ၏။

(ဂ) နည်းတူ ကျားဖျန့်လုပ်ငန်း၏ ပင်မဒေသတို့သည် ငြိမ်းချမ်းရေးရယူထားသည့် အထူးဒေသများဖြစ်ပြီး မြန်မာအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် အပစ်ရပ်စာချုပ်သဘောတူညီချက်များအရ မရှိသည်ကို သိစေ လိုပုံလည်းရ၏။
(ဃ) တရုတ်အစိုးရ အဆက်ဆက်သည် ယခင်ကာလက ဗမာပြည်ကွန်မြူနစ်ပါတီ ( ဗကပ - CPB ) မှ သည် ယခုကာလအထိ နယ်စပ်ချင်းထိစပ်ဒေသရှိ လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းကိုင်ဖခင်အဖြစ် မြန်မာလူထုက အမြင်ရှိပုံ နှင့် ၎င်းတို့၏ ထောက်ပို့ လုပ်ငန်းများနှင့်ဆက်စပ်ပုံတို့ကို အသိပေးလိုပုံရ၏။ ကိုယ့်လူကိုယ်ထိန်းစေလိုသည့် ဗျူဟာကို ထုတ်သုံး ပုံရ၏။ သို့ဖြင့် မြန်မာ့တပ်မတော်သည် အဓိကအထိုင် စခန်းများမှလွဲ၍ တပ်စခန်းအသီးသီးမှ ခွာစစ်ဆင်ပြီး တစ်ပတ်ခန့် တရုတ်နှင့်သံခင်းတမန်ခင်း ပြေလည်မှုရ မီးစိမ်းပြသည်အထိ နောက်ဆုတ်နေခြင်းလားဟု ယူဆမှုဖြစ်မိရ ၏။

(င) ဤသို့ အဆင့်ဆင့်ဖြင့် နောက်သို့ခြေလှမ်း(၂)လှမ်းမှသည် (၃)လှမ်းဆုတ်ပြီး တရုတ်မှတန်ပြန်ထိုး စစ်ဆင်ရန် မီးစိမ်းမပြသမျှ ခွာစစ်ဆင်ပြီး ပင်မခု ခံစစ်ကြောင်း၏ နောက်တန်းကို ရှမ်းအစပ် ပြင်ဦးလွင်နှင့် နောင်ချို ဒေသတို့တွင် ချထားပုံရပြီး ၊ ရှေ့တန်းခုခံ စစ်ကြောင်းကိုမူ ( လာရှိုး - ရမခ ) တွင်ချထားပုံရ၏၊ ခံစစ်မှသည် ထိုးစစ်ချီရန် ဗျူဟာ ရေးဆွဲထားပုံ လည်းရ၏။

(စ) နည်းတူ EAOs အချို့၏ ပင်မဌာနချုပ် အထိုင်စခန်းများ လက်နက်တိုက်များ လက်နက်စက်ရုံများကိုလည်း မြေပုံညွှန်းမှတ်ပုံတင်ထားပုံရ၏။ နည်းတူ ရခိုင်ဒေသ၌လည်း ရှမ်းအရှေ့မြောက်တွင် AA ၏ပါဝင်မှုအရှိန်လျှော့ရန် ချင်းပြည်နယ် ထန်တလန်ဒေသကို ထိန်းချုပ်မျဉ်းကြောင်းပြုလုပ်ပြီး ရခိုင် ကို ထိန်းချုပ်ဧရိယာအတွင်း ထည့်သွင်းသတ်မှတ်ထားပုံရ၏။

(ဆ) မြန်မာ့တပ်မတော်၏ တန်ပြန်ထိုးစစ်သည် အစိုးရကအကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ် ကြေငြာခြင်းနှင့်အစပြုနိုင်ပြီး လောက်ကိုင်မှသည် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ နမ့်ခမ်း ပြန်လည် သိမ်းပိုက်ရရှိရေး တရုတ်အစိုးရ၏ သံခင်းတမန်ခင်း နည်းလမ်းပူးပေါင်းကူညီမှုရယူစေမည့် နည်းဗျူဟာနှင့် ကျားဖျန့်လုပ်ငန်းအားလုံး အထူးဒေသများ၌ ချုပ်ငြိမ်းရေး တရုတ်-မြန်မာအစိုးရချင်း ပူးတွဲထိန်း ချုပ်ရေးအထိ ဦးတည်ချက် ထားရှိပုံရ၏။

(ဇ) ရှမ်းမြောက် (အရှေ့မြောက်ဒေသ) တည်ငြိမ် အေးချမ်းမှုသည် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အလွန်အရေး ပါပြီး တရုတ်နိုင်ငံ၏ပါဝင်ကူညီ ပူးပေါင်းမှု အဓိကဖိအားမပါဘဲမရရှိနိုင်သဖြင့် ယခု ဖြစ်ရပ်၊ ဖြစ်စဉ်၏ မြန်မာ့စစ်ရေး၊ နိုင်ငံရေး၊ အကျပ်အတည်းမှသည် အလျှော့အတင်း ချိန်ဆမှုများစွာဖြင့် မြန်မာ့ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်သစ် ပေါ်ထွန်းရေးသို့ဦးတည်ပြီး ဆောင်ရွက်သွားနိုင် ကြလိမ့်မည်ဟု မျှော်လင့်ယူဆမိဖြစ်ရပါ၏။

နစကနှင့် နိုင်ငံကြီးများ၏ အရွေ့များ
၇။ နစကနှင့် နိုင်ငံကြီးများ၏ စစ်ရေး၊ နိုင်ငံရေး၊ သံခင်းတမန်ခင်း လှုပ်ရှားမှုသည် ယခု (၂၀၂၃) ခုနှစ် နိုဝင်ဘာလ၊ ဒုတိယပတ်အတွင်း ထင်ထင်ရှားရှား တွေ့လာရ၏။ မြန်မာကိုယ်စားလှယ်အဖွဲ့ကို တရုတ် နိုင်ငံသို့ စေလွှတ်မှုများ၊ တရုတ်ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ရောက်ရှိမှုများ၊ ရုရှား၏ ပစိဖိတ်ရေတပ်တော် ဖျက်သင်္ဘောအုပ်စု၊ ရေတပ်ဦးစီးချုပ်၏ အလည်အပတ်ခရီးစဉ်နှင့် စစ်ရေးလေ့ကျင့်မှုသတင်း၊ မကြာမီ ကျင်းပကြမည့် မြန်မာ၊ အိန္ဒိယစစ်ရေး ပူးပေါင်းလေ့ကျင့်မှုသတင်းတို့သည် ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ရေးဖြစ်စဉ်များကြား ထူးခြားစွာဖြင့်ဖြစ် တည်လာသည့် ကောင်းမွန်သောအရွေ့များဖြစ်၏။ နစကသည် ရှမ်းမြောက်ဖြစ်စဉ်ကို နိုဝင်ဘာလ မကုန်မီ နိုင်နင်းစွာ မကိုင်တွယ်နိုင်ပါက လာမည့် (၂၀၂၄) ခုနှစ် ဒီဇင်ဘာလအကုန်သည် မြန်မာ့နိုင်ငံရေး၏ ကြီးမားသည့်အရွေ့တစ်ခုသို့ ဦးတည်နေပြီ ဖြစ်သည်ကိုမူ ခံစားမိဖြစ်ခဲ့ရပါ၏။
မည်သို့ပင်ဖြစ်ပါစေ (၂၀၂၄)ခုနှစ်၏အစပိုင်း၌ စစ်ရိပ်စစ်ငွေ့များမှသည် ဆောင်းအဝင်၌ တစ်ဖန်ပြန် လည်ပြီး ယမ်းနံ့ယမ်းခိုးများဝေခဲ့ရပြီဖြစ်၏။ သွေးနံ့သွေးခိုးများ ဝေခဲ့ရပြီဖြစ်၏။ အမုန်းတရားများ၊ ရက်စက်မှုများဖြင့် ယခုရှမ်း တို့၏ဌာနေသည်လည်းကောင်း၊ ယခင်က ချင်း၊ ကယား၊ ကရင်၊ ကချင်တို့၏ ဌာနေများ သည်လည်းကောင်း၊ ဗမာတို့၏ အညာဌာနေသည် လည်းကောင်း သွေးညှီနံ့တို့ တစ်လှိုင်းချင်း တစ်လှိုင်းချင်း ဖုံးလွှမ်းခဲ့ရ၊ ဖုံးလွှမ်းခံရပြီးဖြစ်ရာ စစ်ဘေး သင့် ရှမ်းလူထုသည် စိတ်ထောင်းကိုယ်ကြေ အတိဒုက္ခမျိုးစုံဖြင့် စစ်ကိုမွေ့ပျော်သူတွေများအကြားမြေစာပင် ဖြစ်ခဲ့ရ ပေ၏။

ရှမ်းတို့၏ မြို့ရွာများစွာတို့သည် ထောင်းထောင်း ကြေညက်ကာ မြေစာပုံအတိ ဖြစ်ခဲ့ရပေ၏။ အမုန်း တရားများ၊ ဒေါသ မောဟ မာန်မာနများ၊ ရက်စက်မှု များကြားမှ ကျွန်ုပ်တို့ချစ်သော ရှမ်းမောမြေသည် အမြန်ဆုံး စစ်ဘေးဒုက္ခဒဏ်ရာဒဏ်ချက်များကြားမှ ထူထလျက် အမြန်ဆုံးကျော်ဖြတ်နိုင်ပါစေ၊ ငြိမ်းချမ်းမှုနှင့်ဖွံ့ဖြိုးမှုတို့ကို တစ်ပြိုင်တည်းရှမ်းလူထုရရှိကြပါ စေဟု ဆုတောင်းမိပါ၏။ မြန်မာလူထုသည်လည်း ရှမ်း လူထုနှင့်ထပ်တူ ရရှိနိုင်ကြ ပါစေ၊ မြန်မာပြည်ကြီး အမြန်ဆုံး ညီညွတ်၊ တည်ငြိမ်၊ အေးချမ်း၊ ဖွံ့ဖြိုးတိုး တက်ပါစေဟု ဆုမွန်ကောင်း အကြိမ်ကြိမ်တောင်းမိပါ၏။

ဆောင်းပါး အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမည်

zawgyi version
ရွမ္းေျမာက္ (အေရွ႕ ေျမာက္ ေဒသ) စစ္ဆင္ေရး၏ အဆုတ္-အတက္ ႏွင့္
ျမန္မာ့ႏိုင္ငံေရးကို ေရွ႕သို႔ေမွ်ာ္ၾကည့္ျခင္း အပိုင္း(၁)

ေဒါက္တာေအးေမာင္ (NP News) - ဩဂုတ္ ၂၃

အမ်ိဳးသားအက်ိဳးစီးပြား၌သာ ရပ္တည္ၾကၿမဲ
၁။ ကမာၻေပၚရွိႏိုင္ငံတိုင္းသည္ မိမိတို႔၏အမ်ိဳးသား အက်ိဳးစီးပြားအေပၚ၌သာ တိုက္႐ိုက္ သို႔မဟုတ္ သြယ္ဝိုက္ၿပီး ခိုင္ခိုင္မာမာ ရပ္တည္ၾကစၿမဲျဖစ္၏။ လူမ်ိဳး ႏြယ္စုမ်ားစြာ တည္ရွိေနထိုင္ၾကသည့္ ျမန္မာႏွင့္ ကမာၻ႔အင္အားႀကီး တ႐ုတ္တို႔သည္ အိႏၵိယႏွင့္ထိစပ္သည့္ ကခ်င္ျပည္နယ္မွသည္ ရွမ္းေျမာက္၊ ရွမ္းအေရွ႕ေျမာက္၊ ၎မွ ရွမ္းအေရွ႕ရွိ လာအိုႏွင့္ ထိစပ္ ေဒသအထိ တစ္နံတစ္လ်ား ေကြ႕ေကာက္ကာ ေျမ/ ေရခ်င္းထိစပ္သလို လူမ်ိဳးႏြယ္စုခ်င္းလည္း ထိစပ္ တည္ရွိေနၾက၏။ ေဆြမ်ိဳးေပါက္ေဖာ္ဟု ႏိုင္ငံေရးအရ ခ်စ္ၾကည္မႈခိုင္ၿမဲေစရန္ တစ္အူတုံဆင္း ညီရင္းအစ္ကို သဖြယ္ ခိုင္းႏႈိင္းသုံးႏႈန္းၾက၏။ နည္းတူ ကမာၻ႔လူဦးေရ အမ်ားဆုံး အိႏၵိယသည္လည္း ဘဂၤလားေဒ့ရွ္ႏွင့္ ထိစပ္သည့္ ရခိုင္၊ ခ်င္းျပည္နယ္မွသည္ စစ္ကိုင္း၊ ကခ်င္စပ္အထိ ရွည္လ်ားေကြ႕ပတ္ဆက္စပ္တည္ရွိၾက၏။ ရွမ္းအေရွ႕မွသည္ တနသၤာရီ တစ္ေလွ်ာက္ ရွည္လ်ားစြာ နယ္စပ္ႏွင့္ထိစပ္သည့္ ဘုရင့္ႏိုင္ငံေတာ္ ထိုင္းႏွင့္မူ ျမန္မာသည္ ရွည္လ်ားသည့္ သမိုင္း ေနာက္ ေၾကာင္းမ်ားႏွင့္အတူ ကူးလူးဆက္ဆံမႈ ပိုမ်ားသည္ဟု သုံးသပ္ရာ၏။

ပထဝီႏိုင္ငံေရး၏ အေရးပါမႈ
၂။ ယေန႔ကာလ၏ ပထဝီႏိုင္ငံေရးအရ ျမန္မာႏွင့္ ထိစပ္သည့္ မဟာအင္အားႀကီး ႏွစ္ႏိုင္ငံသည္ သူတို႔၏ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ ျမန္မာႏိုင္ငံကို ညီၫြတ္ၿပီးတည္ၿငိမ္ေအးခ်မ္း ဖြံ႕ၿဖိဳးတိုးတက္ေစလို ၾကပုံရ၏။ သူတစ္ လူငါတစ္မင္းျဖင့္ အစိတ္စိတ္အႁမႊာႁမႊာ ၿပိဳကြဲေစလိုပုံမရ။ အိႏၵိယသည္ ၎၏ အေရွ႕ေျမာက္ေဒသ ေမာင္ႏွမ ခုနစ္ေဖာ္ ျပည္နယ္မ်ား မၿပိဳကြဲေစေရးႏွင့္ ၎တို႔၏ အမ်ိဳးသားအက်ိဳးစီးပြားသည္ ျမန္မာႏိုင္ငံ၏ အမ်ိဳးသားအက်ိဳးစီးပြားႏွင့္ တိုက္႐ိုက္ ဆက္စပ္ပုံလည္းရ၏။

တ႐ုတ္ျပည္ႀကီးအေနျဖင့္လည္း စြမ္းအင္လုံၿခဳံ ေရးအတြက္ ျမန္မာႏိုင္ငံအတြင္းရွိ ေရနံႏွင့္ သဘာဝ ဓာတ္ေငြ႕ ပိုက္လိုင္းတစ္ေလွ်ာက္ နယ္ေျမေအးခ်မ္း တည္ၿငိမ္ေရးႏွင့္ တရားဥပေဒစိုးမိုးေရးသည္ ဓာတ္ေငြ႕ပိုက္လိုင္း လုံၿခဳံေရးအတြက္လိုအပ္၏။ ပိုးလမ္းမသစ္ ျဖစ္ေသာ ကမာၻ႔လႊမ္းၿခဳံရပ္ဝန္းႏွင့္လမ္း စီမံကိန္း (BRI) သည္ အလြန္ အေရးပါသည့္ အမ်ိဳးသားအက်ိဳးစီးပြားျဖစ္၏။ သို႔ျဖင့္ တ႐ုတ္-ျမန္မာ့စီးပြားေရးစႀကႍ CMEC သည္လိုအပ္၏။ BRI ၏ အိႏၵိယသမုဒၵရာသို႔ ပြင့္မည့္ (ကူမင္း - မႏၲေလး - ေက်ာက္ျဖဴ) ျမန္ႏႈန္းျမင့္ ရထားလမ္း၊ ကားလမ္းစီမံကိန္းႏွင့္ ေက်ာက္ျဖဴေရနက္ ဆိပ္ကမ္း စီမံကိန္းတို႔သည္လိုအပ္၏။ နည္းတူ အိႏၵိယ - ျမန္မာ ( ကိုးလ္ကတၱား - စစ္ေတြ - မီဇိုရမ္ ) ကုန္သြယ္မႈ လမ္းေၾကာင္းသည္လည္းလိုအပ္၏။ အဆိုပါလမ္းေၾကာင္းမ်ားတစ္ေလွ်ာက္ တည္ၿငိမ္လုံၿခဳံမႈသည္ ပို၍လိုအပ္၏။ သို႔ျဖင့္ ျမန္မာႏိုင္ငံ မၿပိဳကြဲဘဲ ညီၫြတ္ၿပီးတည္ၿငိမ္ေအးခ်မ္းစြာ ဖြံ႕ၿဖိဳးတိုးတက္ေရးသည္ ၎တို႔ႏွစ္ႏိုင္ငံအတြက္ အလြန္လိုအပ္သည္ဟု သုံးသပ္မွတ္ခ်က္ျပဳ၍ရ၏။ ပထဝီ စစ္ေရး၊ ႏိုင္ငံေရး၏ လိုအပ္ခ်က္တစ္ရပ္လည္း ျဖစ္၏။ အမ်ိဳးသား အက်ိဳးစီးပြားလည္း ျဖစ္ၾက၏။

စစ္ဆင္ေရး ၁၀၂၇ (ပထမလႈိင္း)
၃။ (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာလ (၂၇) ရက္ေန႔တြင္ ေျမာက္ပိုင္းမဟာမိတ္ သုံးဖြဲ႕ဟု အမည္တြင္သည့္ MNDAA, TNLA ႏွင့္ AA တို႔သည္ ‘‘စစ္ဆင္ေရး ၁၀၂၇” မည္ေသာ စစ္မ်က္ႏွာသစ္ကိုဖြင့္ၾက၏။ အခ်ိန္တိုအတြင္း တပ္မေတာ္ စခန္းကုန္းမ်ား၊ ရဲစခန္းမ်ားမွသည္ တ႐ုတ္-ျမန္မာ နယ္စပ္ရွိ စည္ပင္၊ ဖြံ႕ၿဖိဳးသည့္ၿမိဳ႕မ်ားအထိ သိမ္းပစ္ လိုက္ႏိုင္ၾက၏။ ခ်င္းေ႐ႊေဟာ္၊ ေလာက္ကိုင္ႏွင့္ ေဖာင္းဆိုင္ၿမိဳ႕ တို႔သည္ထင္ရွား၏။ ႏိုဝင္ဘာလ ၆ ရက္ေန႔တြင္ နမ့္ ခမ္းၿမိဳ႕ကို သိမ္းပစ္သည္ဟုၾကားရ၏။ စစ္စခန္းႏွင့္ ရဲစခန္းေပါင္းမ်ားစြာ လက္လႊတ္ဆုံးရႈံးခဲ့ရသည္ဟု လည္းၾကားရ၏။ တပ္မ (၉၉) ၏ တပ္မမႉးသည္လည္း ဒ႐ုန္းျဖင့္တိုက္ခိုက္ခံရ၍ မုံးကိုးၿမိဳ႕တြင္က်ဆုံး သည္ဟု ႏိုဝင္ဘာလ (၇) ရက္က ၾကားရျပန္၏။ ကိုး ကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလာက္ကိုင္၌ တပ္မေတာ္အရာရွိႀကီးအခ်ိဳ႕ႏွင့္ တပ္မေတာ္ မိသား စုဝင္ေထာင္ေပါင္းမ်ားစြာတို႔ အလံျဖဴေထာင္ လက္နက္ခ်ျခင္းျဖစ္စဥ္သည္ ျမန္မာ့တပ္မေတာ္၏ သမိုင္းေၾကာင္းအရ မွတ္တမ္းဆိုးျဖစ္၏။ ဂုဏ္သိကၡာႏွင့္ ခံယူခ်က္ကို ႀကီးမားစြာထိခိုက္ေစႏိုင္သလို စိတ္ဓာတ္ ႏွင့္ရပ္တည္မႈမၿပိဳလဲေစေရး ဦးေဆာင္သူမ်ား၏ အစီအမံသည္ ေအာင္ပြဲဆီ ခ်ီတက္ႏိုင္ေစမည္ ျဖစ္သလို ေျပာင္းျပန္အက်ိဳးဆက္အား မည္သို႔လွ်င္ တားဆီးကာကြယ္မည္သည္လည္း အေရးပါသည့္ နည္းဗ်ဴဟာ ျဖစ္သည္ဟုျမင္၏။

ေနာက္ေၾကာင္းဆက္စပ္ၾကည့္ျခင္း
၄။ ရွမ္းေျမာက္ (အေရွ႕ေျမာက္ေဒသ) တြင္ ဝ၊ ကိုးကန႔္၊ ပေလာင္(တအာင္း) တို႔၏ၿမိဳ႕နယ္အခ်ိဳ႕မွ လြဲ၍ က်န္ဆက္စပ္နယ္ေျမအားလုံးသည္ ရွမ္းတို႔၏ဘူမိနက္သန္ျဖစ္၏။ နမ့္ခမ္းသည္ ရွမ္းၿမိဳ႕ျဖစ္၏။ သိႏၷီသည္ ရွမ္းၿမိဳ႕ျဖစ္၏။ ရွမ္းေျမာက္ႏွင့္ ရွမ္း အေရွ႕ေျမာက္တြင္ NCA လက္မွတ္မထိုးၾကသည့္ ယခင္နဝတေခတ္ အပစ္ရပ္အဖြဲ႕မ်ားျဖစ္သည့္ UWSA, SSPP/SSA, NDAA တို႔တည္ရွိၾက၏။ MNDAA သည္ TNLA, AA ႏွင့္အတူ မဟာ မိတ္ဖြဲ႕လႈပ္ရွားၾက၏။ ဝ၊ ကိုးကန႔္၊ ပေလာင္ ေဒသအသီးသီးတြင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း၊ ေဒသ ဦးစီးအဖြဲ႕အသီးသီးသည္ အစိုးရ၏ အုပ္ခ်ဳပ္မႈ ျဖင့္လည္ပတ္၏။ ကခ်င္ပန္ဝါမွစၿပီး ကရင္ေ႐ႊကုကၠိဳ အပါအဝင္ အထူးေဒသမ်ား၌ BGF အဖြဲ႕ အသီးသီး သည္လည္း နယကေခတ္တြင္ ရွမ္းေျမာက္မွလြဲ၍ ေပၚေပါက္ခဲ့ရ၏။

တ႐ုတ္၏ ဗဟိုအစိုးရသည္ သူ၏ BRI , CNPC ၏ စြမ္းအင္လုံၿခဳံေရး ပင္မလမ္းေၾကာင္းႏွင့္ CMEC အေပၚ မဟာဗ်ဳဟာေျမာက္အမ်ိဳးသားအက်ိဳး စီးပြားဟု သတ္မွတ္ပုံရေသာ္လည္း တ႐ုတ္၏ေဒသအစိုးရ အာဏာပိုင္တို႔သည္ နယ္စပ္ျဖတ္ေက်ာ္ တရားမဝင္လုပ္ငန္းမ်ား၏အက်ိဳးအျမတ္အေပၚ ပိုမိုခုံမင္ၾကပုံရ၏။ ေက်ာက္စိမ္း၊ ပယင္း၊ ေျမရွား၊ တင္း၊ ခဲမျဖဴ၊ သစ္မ်ိဳးစုံတို႔သည္ ၿမိဳးၿမိဳးျမက္ျမက္ရၾကသလို ဘဏ္မ်ားတြင္လည္း Account မ်ိဳးစုံျဖင့္ ဖြင့္ခြင့္ရၾကပုံရ၏။

ျမန္မာလူထုႏွင့္အစိုးရအဆက္ဆက္သည္ တ႐ုတ္အေပၚ ဗမာျပည္ကြန္ျမဴနစ္ပါတီ (Auy - CPB) မွ သည္ ယခုကာလ ရွမ္းနယ္စပ္ရွိ တိုင္းရင္း သားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕မ်ားအထိ သူတို႔၏ ေခါင္းကိုင္ဖခင္အျဖစ္သာ ျမင္ပုံရ၏၊ စြဲၿမဲစြာ ယုံၾကည္ထားၾကပုံလည္းရ၏။ တ႐ုတ္သည္ က်ားဖ်န႔္၏ က်ယ္ျပန႔္မႈ၊ တ႐ုတ္လူထုအေပၚနက္ရႈိင္းစြာ ထိခိုက္ေစမႈတို႔အေပၚသုံးသပ္ၿပီး ေျဖရွင္းရန္ သံခင္း တမန္ခင္း လမ္းေၾကာင္းဖြင့္ၿပီး လာအို၊ ကေမာၻဒီးယား၊ ထိုင္းႏွင့္ ျမန္မာတို႔သို႔ အႀကိမ္ႀကိမ္ အလီလီ ခ်ဥ္းကပ္ ခဲ့ပုံရ၏။ ျမန္မာ၏ေျဖးရွင္းပုံႏွင့္ နယ္စပ္လုံၿခဳံေရး အဖြဲ႕အစည္းအခ်ိဳ႕အေပၚ အစိုးရ၏ကိုင္တြယ္ပုံကို ေက်နပ္ခဲ့ပုံမရသည္ကိုေတြ႕ရ၏။

ျမန္မာအစိုးရျပည္ထဲေရးဝန္ႀကီးသစ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ကာလတြင္မွသာ အထူးေဒသမ်ား၏ ၾကား ဖ်န႔္လုပ္ငန္း ဖမ္းဆီးမႈသတင္းမ်ားသည္ ထိပ္ပိုင္းသတင္းျဖစ္လာ၏။ က်ားဖ်န႔္လိမ္လည္မႈ ျပစ္မႈက်ဳးလြန္သူ ေထာင္ ေပါင္းမ်ားစြာကို ဖမ္းဆီးၿပီး တ႐ုတ္ႏိုင္ငံသို႔ ပို႔ေပးၾက၏၊ မႏၲေလးႏွင့္ ရန္ကုန္တို႔မွလည္း ျပစ္မႈ က်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိသည့္ အမႈအခင္းမ်ား ပါဝင္သည့္ ျဖစ္စဥ္သတင္းမ်ားႏွင့္ အတူ (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာလ (၁၅) ရက္ ေန႔တြင္ NCA ရွစ္ႏွစ္ေျမာက္ကို က်င္းပၾက၏၊ BGF ေခါင္းေဆာင္အခ်ိဳ႕လည္းတက္ၾက၊ တ႐ုတ္ႏွင့္ အိႏၵိယမွ ကိုယ္စားျပဳ ေခါင္းေဆာင္မ်ားလည္းတက္ၾက၏၊ အထူးတက္ေစလိုေသာ NCA မထိုးၾကေသးသည့္ လက္နက္ ကိုင္အဖြဲ႕အစည္းမ်ား၏ ေခါင္းေဆာင္ မ်ားကိုမူ မေတြ႕ျမင္ျဖစ္ၾကရ၏။
တ႐ုတ္ဘဏ္မ်ား၌ ျမန္မာမ်ားကို Black List ထုတ္ကာ Acc ဖြင့္ခြင့္မျပဳျခင္းမ်ား၊ တ႐ုတ္လုံၿခဳံေရးအဖြဲ႕မွ ကိုးကန႔္စီးပြားေရး ကိုယ္စားလွယ္ (၁၁)ဦး ကိုဖမ္းဆီးမႈ၊ (UWSA) ဒုစစ္ဦးစီးခ်ဳပ္ကို ဖမ္းဆီးမႈ၊ UWSP/UWSA ထိပ္ပိုင္း ေခါင္းေဆာင္ဦးေပါက္ ယူခ်မ္း၏တူႏွင့္ သားမက္ေဟာင္းကို တ႐ုတ္တရား ေရးဌာနက ဖမ္းဝရမ္းထုတ္မႈ၊ ျမန္မာ တရားေရးဌာနမွ လည္း ထပ္ဆင့္ ဖမ္းဝရမ္းထုတ္မႈတို႔သည္ ခပ္သြက္သြက္ လူမႈမီဒီယာမ်ား၌ ေတြ႕လာရ၏။
တ႐ုတ္သည္ က်ားဖ်န႔္ကိစၥ ျမန္မာအစိုးရ၏ EAOs, BGFs တို႔အေပၚ အေရးယူေဆာင္႐ြက္မႈမ်ား အနက္ အထူးအားျဖင့္ ထိုင္းနယ္စပ္ရွိ ေ႐ႊကုကၠိဳ အပါအဝင္ နာမည္ႀကီး BGFs မ်ားအေပၚေဆာင္ ႐ြက္မႈ၏ရလဒ္ကို မေတြ႕ရ ေသးျခင္း၊ ရွမ္းေျမာက္ႏွင့္ ရွမ္းအေရွ႕၏ နာမည္ႀကီး UWSA, NDAA တို႔၏ ပန္ဆန္း၊ မိုင္းလားေဒသႏွင့္ ကိုးကန႔္၏ ေလာက္ ကိုင္၊ ခ်င္းေ႐ႊေဟာ္ေဒသတို႔၌ နစကအစိုးရက ကိုယ္တိုင္ပါဝင္ၿပီး ဖိဖိစီးစီးေဆာင္႐ြက္မႈတို႔ကို မေတြ႕ရ ေသးျခင္းသည္ နဝတ၊ နယက ကာလမွစ၍ အပစ္ရပ္ သေဘာတူညီခ်က္အေပၚ နစကအစိုးရ၏ ေစာင့္စည္းရျခင္း ျဖစ္သည္ကိုမူ တ႐ုတ္တို႔နားလည္ပုံမရသလို၊ အစိုးရ၏အေရးယူ ေဆာင္႐ြက္ပုံ အဆင့္ဆင့္အေပၚ အားရေက်နပ္ပုံလည္း မေတြ႕ရေသးေၾကာင္း သတိျပဳမိရ၏။

စစ္ဆင္ေရး ၁၀၂၇ (ပထမလႈိင္း) ၏ ဦးတည္ခ်က္ကိုခန႔္မွန္းၾကည့္ျခင္း
၅။ ဉာဏ္မီသေလာက္ ေျမာက္ပိုင္း(၃)ဖြဲ႕၏ စစ္ဆင္ေရး ၁၀၂၇ (ပထမလႈိင္း)ကို ေစာေၾကာ သုံးသပ္ စီစစ္ခန႔္မွန္း ၾကည့္ျဖစ္မိပါ၏။
(က) တ႐ုတ္၏ မီးစိမ္းမျပဘဲ၊ ပန္ဆန္းႏွင့္မိုင္းလား တို႔၏ ႀကိဳတင္သေဘာတူညီမႈမရွိဘဲ၊ ေငြေၾကးႏွင့္ ေထာက္ပို႔ လုပ္ငန္း၊ တပ္အဆုတ္ႏွင့္ အတက္လမ္းေၾကာင္း တိက်ေသခ်ာမႈမရွိဘဲ၊ အခ်ိန္ယူႀကိဳတင္ အသြင္တူ ဇာတ္တိုက္ ေလ့က်င့္မထားဘဲ၊ ယခု စစ္ဆင္ေရးကို ေျမာက္ပိုင္း(၃)ဖြဲ႕သည္ စတင္ျဖစ္ လိမ့္မည္မထင္ဟု ယူဆျဖစ္မိပါ၏။

(ခ) MNDAA ၏ ပန္းတိုင္ရည္မွန္းခ်က္အတြက္ တစ္နည္း (ဖုန္) ေနရာတြင္ (ရန္) အစားဝင္ခဲ့သလို၊ (ပယ္)ေနရာ တြင္(ဖုန္)က ျပန္အစားဝင္ရန္ရည္႐ြယ္သည္ဟု ေယဘုယ် စစ္ဆင္ေရးအေပၚသုံးသပ္ၾကရာ၏။ သို႔ေသာ္ ထုတ္ျပန္ခ်က္၌ စစ္အာဏာရွင္စနစ္ခ်ဳပ္ ၿငိမ္းေရးႏွင့္ က်ားဖ်န႔္လုပ္ငန္းတိုက္ဖ်က္ေရးဟု ဦးတည္ကာ မဟာဗ်ဴဟာ ခ်မွတ္ထားသည္ကို ေတြ႕ရ၏။ ပထမအခ်က္သည္ NUG, PDF ႏွင့္ ဆက္စပ္ရန္ ရည္႐ြယ္ထားသလို ဒုတိယအခ်က္သည္ အဓိက တ႐ုတ္အစိုး ရသို႔ ဦးတည္ကာ FPNCC ၏ ႏိုင္ငံေရး ဦးေဆာင္မႈႏွင့္ဆက္စပ္ႏိုင္ၿပီး၊ ပန္ဆန္း မိုင္းလား ပုံစံတူ Model ကို ခ်င္းေ႐ႊေဟာ္၊ ေလာက္ကိုင္၊ ေဖာင္းဆိုင္၌ တည္ေဆာက္အေကာင္အထည္ေဖာ္ရန္ ဦးတည္ထား ပုံရ၏။

(ဂ) တ႐ုတ္တို႔၏ မဟာဗ်ဴဟာေျမာက္ BRI ႏွင့္ CNPC လမ္းေၾကာင္းတစ္ေလွ်ာကကို သြက္သြက္ တက္ သြက္သြက္သိမ္း၊ သြက္သြက္ဆုတ္ၿပီး CMEC ၏ ပင္မေနရာတြင္မိမိတို႔ရွိေၾကာင္း တ႐ုတ္သို႔ ျပလိုပုံသာရ၏။ တာရွည္ နယ္ေျမထိန္းခ်ဳပ္ထား လိုပုံမရ၊ ထားႏိုင္မည္လည္းမဟုတ္၊ သို႔ျဖင့္ သြက္ သြက္ဆုတ္မည့္သေဘာေတြ႕ရ၏။

(ဃ) သို႔ေသာ္ အျခားေဒသမ်ား၌လည္း တစ္ၿပိဳင္နက္ တိုက္ကြက္ေဖာ္ျခင္းမ်ိဳးႏွင့္ NUG, EAOs? PDFs တို႔က ဆက္စပ္လာခဲ့လွ်င္မူ ရွမ္းေျမာက္ (အေရွ႕ေျမာက္ေဒသ) ျဖစ္စဥ္သည္ ျမန္မာျပည္ေျမာက္ပိုင္း၊ ေတာင္ပိုင္းတို႔ႏွင့္ ဆက္စပ္သြားႏိုင္သျဖင့္ ၎တို႔၏ အဂၢမဟာဗ်ဴဟာသည္ တ႐ုတ္ႏွင့္အိႏၵိယတို႔၏ အမ်ိဳးသားအက်ိဳးစီးပြားႏွင့္မ်ားစြာ ကြဲျပားသြားႏိုင္၏။ ႏိုင္ငံႀကီးႏွစ္ခု၏ ဆႏၵမပါလွ်င္ အဂၢမဟာဗ်ဴဟာသည္ ေအာင္ျမင္ရန္အလြန္ခက္ခဲ၏။

(င) ၁၀၂၇ စစ္ဆင္ေရး (ပထမလႈိင္း) ၏ စစ္ဆင္ ေရးနယ္ေျမမ်ားသည္ မ်ားရာစု ရွမ္းနယ္ေျမမ်ားသာ ျဖစ္၏။ SSPP/SSA, RCSS/SSA တို႔မပါဝင္ဘဲ ၿငိမ္ခ်က္သားေကာင္းေနသည္ကိုေတြ႕ရ၏။ ရွမ္းလုထုသည္ အဓိက စစ္ေဘးဒဏ္ သင့္ၾကသလို စီးပြားေရးလုပ္ငန္းရွင္မ်ား၊ အနယ္နယ္မွအလုပ္သမားမ်ား သည္စစ္ေဘးသင့္ၾကရ၏။ မဟာမိတ္(၃)ဖြဲ႕၌ ULA/AA သည္ မိမိလူထုမွေဝးရာ ရွမ္းတို႔ေဒသတြင္ မိမိလူမ်ိဳးအက်ိဳးအတြက္မဟုတ္ဘဲ မဟာမိတ္အက်ိဳးအတြက္ ေပးဆပ္ျခင္းျဖစ္ရာ ထူးျခား၏။ ရခိုင္လူထုသည္ ရခိုင္ေဒသ၌ စပါးမရိတ္သိမ္းမီ စစ္ျပန္ျဖစ္မည္ကို ရွမ္းလူထုကဲ့သို႔စိုး ရိမ္ေနၾကသည္က ယခုစစ္ဆင္ေရး၏ စစ္ဆင္ေရးကာလအေပၚလႊမ္း မိုးမည္လား၊ အေျဖသည္ ရွမ္းလူထု၏ ေရာင္ျပန္ ေမတၱာအေပၚ ကိုယ္ခ်င္းစာတတ္ျခင္း ဆင္ျခင္သိျဖစ္၏။

နစကႏွင့္ ျမန္မာ့တပ္မေတာ္၏ေ႐ႊ႕ကြက္မ်ား
၆။ နစကႏွင့္ျမန္မာ့တပ္မေတာ္၏ အဂၢမဟာဗ်ဴဟာ မဟာဗ်ဴဟာႏွင့္နည္းဗ်ဴဟာတို႔ကို ႏိုင္ငံေရး၊ စစ္ေရး၊ သံခင္းတမန္ခင္းရႈေထာင့္မွ ဆက္စပ္ရႈျမင္ၾကည့္ျခင္း၊ ျမန္မာ့ႏိုင္ငံေရးကို ေရွ႕သို႔ေမွ်ာ္ၾကည့္ျခင္း ျပဳျဖစ္မိ ပါ၏။
(က) အဂၢမဟာဗ်ဴဟာသည္ ရွမ္းေျမာက္ (အေရွ႕ ေျမာက္ေဒသ) စစ္ေရးအက်ပ္အတည္းမွသည္ ျမန္မာ့ႏိုင္ငံေရး အရႈပ္အေထြးကို ေျဖရွင္းႏိုင္မည့္ အခြင့္အလမ္းအျဖစ္သို႔ ဦးတည္ပုံရ၏။ ျမန္မာ့ၿငိမ္း ခ်မ္းေရးႏွင့္ ဖက္ဒရယ္ႏိုင္ငံေတာ္ သစ္ တည္ေဆာက္ေရးကို ရလဒ္ေကာင္းအျဖစ္ အရယူေဆာင္လ်က္ ေရွ႕သို႔လွမ္းခ်ီ ဦးတည္ခ်ီတက္လိုပုံရ၏။

(ခ) ေျမာက္ပိုင္း(၃)ဖြဲ႕၏ ယခုစစ္ဆင္ေရး ထိုးစစ္ ဧရိယာသည္ တ႐ုတ္၏ BRI စြမ္းအင္လုံၿခဳံေရး၊ ေရနံႏွင့္ ပင္မဓာတ္ေငြ႕ပိုက္လိုင္းတစ္ေလွ်ာက္ႏွင့္ CMEC ၏ လုံၿခဳံေရးလမ္းေၾကာင္းတစ္ေလွ်ာက္ျဖစ္ရာ ႏွစ္ႏိုင္ငံအက်ိဳးစီးပြား အတြက္ ဗဟိုအစိုးရ၏ပါဝါလစ္ဟာမႈအက်ိဳးဆက္ကို တ႐ုတ္တို႔သတိျပဳမိ ေစလိုပုံရ၏။ ျမန္မာအစိုးရႏွင့္ ျမန္မာ့တပ္မ ေတာ္၏ ပါဝါလစ္ဟာမႈေလဟာနယ္မျဖစ္ေစေရး အေရးပါပုံႏွင့္ လိုအပ္ပုံတို႔ကို သတိျပဳမိေစလိုပုံလည္းရ၏။

(ဂ) နည္းတူ က်ားဖ်န႔္လုပ္ငန္း၏ ပင္မေဒသတို႔သည္ ၿငိမ္းခ်မ္းေရးရယူထားသည့္ အထူးေဒသမ်ားျဖစ္ၿပီး ျမန္မာအစိုးရ၏ အုပ္ခ်ဳပ္မႈေအာက္တြင္ အပစ္ရပ္စာခ်ဳပ္သေဘာတူညီခ်က္မ်ားအရ မရွိသည္ကို သိေစ လိုပုံလည္းရ၏။
(ဃ) တ႐ုတ္အစိုးရ အဆက္ဆက္သည္ ယခင္ကာလက ဗမာျပည္ကြန္ျမဴနစ္ပါတီ ( ဗကပ - CPB ) မွ သည္ ယခုကာလအထိ နယ္စပ္ခ်င္းထိစပ္ေဒသရွိ လက္နက္ကိုင္အဖြဲ႕မ်ား၏ ေခါင္းကိုင္ဖခင္အျဖစ္ ျမန္မာလူထုက အျမင္ရွိပုံ ႏွင့္ ၎တို႔၏ ေထာက္ပို႔ လုပ္ငန္းမ်ားႏွင့္ဆက္စပ္ပုံတို႔ကို အသိေပးလိုပုံရ၏။ ကိုယ့္လူကိုယ္ထိန္းေစလိုသည့္ ဗ်ဴဟာကို ထုတ္သုံး ပုံရ၏။ သို႔ျဖင့္ ျမန္မာ့တပ္မေတာ္သည္ အဓိကအထိုင္ စခန္းမ်ားမွလြဲ၍ တပ္စခန္းအသီးသီးမွ ခြာစစ္ဆင္ၿပီး တစ္ပတ္ခန႔္ တ႐ုတ္ႏွင့္သံခင္းတမန္ခင္း ေျပလည္မႈရ မီးစိမ္းျပသည္အထိ ေနာက္ဆုတ္ေနျခင္းလားဟု ယူဆမႈျဖစ္မိရ ၏။

(င) ဤသို႔ အဆင့္ဆင့္ျဖင့္ ေနာက္သို႔ေျခလွမ္း(၂)လွမ္းမွသည္ (၃)လွမ္းဆုတ္ၿပီး တ႐ုတ္မွတန္ျပန္ထိုး စစ္ဆင္ရန္ မီးစိမ္းမျပသမွ် ခြာစစ္ဆင္ၿပီး ပင္မခု ခံစစ္ေၾကာင္း၏ ေနာက္တန္းကို ရွမ္းအစပ္ ျပင္ဦးလြင္ႏွင့္ ေနာင္ခ်ိဳ ေဒသတို႔တြင္ ခ်ထားပုံရၿပီး ၊ ေရွ႕တန္းခုခံ စစ္ေၾကာင္းကိုမူ ( လာရႈိး - ရမခ ) တြင္ခ်ထားပုံရ၏၊ ခံစစ္မွသည္ ထိုးစစ္ခ်ီရန္ ဗ်ဴဟာ ေရးဆြဲထားပုံ လည္းရ၏။

(စ) နည္းတူ EAOs အခ်ိဳ႕၏ ပင္မဌာနခ်ဳပ္ အထိုင္စခန္းမ်ား လက္နက္တိုက္မ်ား လက္နက္စက္႐ုံမ်ားကိုလည္း ေျမပုံၫႊန္းမွတ္ပုံတင္ထားပုံရ၏။ နည္းတူ ရခိုင္ေဒသ၌လည္း ရွမ္းအေရွ႕ေျမာက္တြင္ AA ၏ပါဝင္မႈအရွိန္ေလွ်ာ့ရန္ ခ်င္းျပည္နယ္ ထန္တလန္ေဒသကို ထိန္းခ်ဳပ္မ်ဥ္းေၾကာင္းျပဳလုပ္ၿပီး ရခိုင္ ကို ထိန္းခ်ဳပ္ဧရိယာအတြင္း ထည့္သြင္းသတ္မွတ္ထားပုံရ၏။

(ဆ) ျမန္မာ့တပ္မေတာ္၏ တန္ျပန္ထိုးစစ္သည္ အစိုးရကအၾကမ္းဖက္အဖြဲ႕အစည္းမ်ားအျဖစ္ သတ္မွတ္ ေၾကျငာျခင္းႏွင့္အစျပဳႏိုင္ၿပီး ေလာက္ကိုင္မွသည္ ခ်င္းေ႐ႊေဟာ္၊ ေဖာင္းဆိုင္၊ နမ့္ခမ္း ျပန္လည္ သိမ္းပိုက္ရရွိေရး တ႐ုတ္အစိုးရ၏ သံခင္းတမန္ခင္း နည္းလမ္းပူးေပါင္းကူညီမႈရယူေစမည့္ နည္းဗ်ဴဟာႏွင့္ က်ားဖ်န႔္လုပ္ငန္းအားလုံး အထူးေဒသမ်ား၌ ခ်ဳပ္ၿငိမ္းေရး တ႐ုတ္-ျမန္မာအစိုးရခ်င္း ပူးတြဲထိန္း ခ်ဳပ္ေရးအထိ ဦးတည္ခ်က္ ထားရွိပုံရ၏။

(ဇ) ရွမ္းေျမာက္ (အေရွ႕ေျမာက္ေဒသ) တည္ၿငိမ္ ေအးခ်မ္းမႈသည္ ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္တြင္ အလြန္အေရး ပါၿပီး တ႐ုတ္ႏိုင္ငံ၏ပါဝင္ကူညီ ပူးေပါင္းမႈ အဓိကဖိအားမပါဘဲမရရွိႏိုင္သျဖင့္ ယခု ျဖစ္ရပ္၊ ျဖစ္စဥ္၏ ျမန္မာ့စစ္ေရး၊ ႏိုင္ငံေရး၊ အက်ပ္အတည္းမွသည္ အေလွ်ာ့အတင္း ခ်ိန္ဆမႈမ်ားစြာျဖင့္ ျမန္မာ့ၿငိမ္းခ်မ္းေရးႏွင့္ ဖက္ဒရယ္ျပည္သစ္ ေပၚထြန္းေရးသို႔ဦးတည္ၿပီး ေဆာင္႐ြက္သြားႏိုင္ ၾကလိမ့္မည္ဟု ေမွ်ာ္လင့္ယူဆမိျဖစ္ရပါ၏။

နစကႏွင့္ ႏိုင္ငံႀကီးမ်ား၏ အေ႐ြ႕မ်ား
၇။ နစကႏွင့္ ႏိုင္ငံႀကီးမ်ား၏ စစ္ေရး၊ ႏိုင္ငံေရး၊ သံခင္းတမန္ခင္း လႈပ္ရွားမႈသည္ ယခု (၂၀၂၃) ခုႏွစ္ ႏိုဝင္ဘာလ၊ ဒုတိယပတ္အတြင္း ထင္ထင္ရွားရွား ေတြ႕လာရ၏။ ျမန္မာကိုယ္စားလွယ္အဖြဲ႕ကို တ႐ုတ္ ႏိုင္ငံသို႔ ေစလႊတ္မႈမ်ား၊ တ႐ုတ္ကိုယ္စားလွယ္အဖြဲ႕ ျမန္မာသို႔ေရာက္ရွိမႈမ်ား၊ ႐ုရွား၏ ပစိဖိတ္ေရတပ္ေတာ္ ဖ်က္သေဘၤာအုပ္စု၊ ေရတပ္ဦးစီးခ်ဳပ္၏ အလည္အပတ္ခရီးစဥ္ႏွင့္ စစ္ေရးေလ့က်င့္မႈသတင္း၊ မၾကာမီ က်င္းပၾကမည့္ ျမန္မာ၊ အိႏၵိယစစ္ေရး ပူးေပါင္းေလ့က်င့္မႈသတင္းတို႔သည္ ရွမ္းေျမာက္(အေရွ႕ေျမာက္ေဒသ) စစ္ေရးျဖစ္စဥ္မ်ားၾကား ထူးျခားစြာျဖင့္ျဖစ္ တည္လာသည့္ ေကာင္းမြန္ေသာအေ႐ြ႕မ်ားျဖစ္၏။ နစကသည္ ရွမ္းေျမာက္ျဖစ္စဥ္ကို ႏိုဝင္ဘာလ မကုန္မီ ႏိုင္နင္းစြာ မကိုင္တြယ္ႏိုင္ပါက လာမည့္ (၂၀၂၄) ခုႏွစ္ ဒီဇင္ဘာလအကုန္သည္ ျမန္မာ့ႏိုင္ငံေရး၏ ႀကီးမားသည့္အေ႐ြ႕တစ္ခုသို႔ ဦးတည္ေနၿပီ ျဖစ္သည္ကိုမူ ခံစားမိျဖစ္ခဲ့ရပါ၏။
မည္သို႔ပင္ျဖစ္ပါေစ (၂၀၂၄)ခုႏွစ္၏အစပိုင္း၌ စစ္ရိပ္စစ္ေငြ႕မ်ားမွသည္ ေဆာင္းအဝင္၌ တစ္ဖန္ျပန္ လည္ၿပီး ယမ္းနံ႔ယမ္းခိုးမ်ားေဝခဲ့ရၿပီျဖစ္၏။ ေသြးနံ႔ေသြးခိုးမ်ား ေဝခဲ့ရၿပီျဖစ္၏။ အမုန္းတရားမ်ား၊ ရက္စက္မႈမ်ားျဖင့္ ယခုရွမ္း တို႔၏ဌာေနသည္လည္းေကာင္း၊ ယခင္က ခ်င္း၊ ကယား၊ ကရင္၊ ကခ်င္တို႔၏ ဌာေနမ်ား သည္လည္းေကာင္း၊ ဗမာတို႔၏ အညာဌာေနသည္ လည္းေကာင္း ေသြးညႇီနံ႔တို႔ တစ္လႈိင္းခ်င္း တစ္လႈိင္းခ်င္း ဖုံးလႊမ္းခဲ့ရ၊ ဖုံးလႊမ္းခံရၿပီးျဖစ္ရာ စစ္ေဘး သင့္ ရွမ္းလူထုသည္ စိတ္ေထာင္းကိုယ္ေၾက အတိဒုကၡမ်ိဳးစုံျဖင့္ စစ္ကိုေမြ႕ေပ်ာ္သူေတြမ်ားအၾကားေျမစာပင္ ျဖစ္ခဲ့ရ ေပ၏။

ရွမ္းတို႔၏ ၿမိဳ႕႐ြာမ်ားစြာတို႔သည္ ေထာင္းေထာင္း ေၾကညက္ကာ ေျမစာပုံအတိ ျဖစ္ခဲ့ရေပ၏။ အမုန္း တရားမ်ား၊ ေဒါသ ေမာဟ မာန္မာနမ်ား၊ ရက္စက္မႈ မ်ားၾကားမွ ကြၽႏ္ုပ္တို႔ခ်စ္ေသာ ရွမ္းေမာေျမသည္ အျမန္ဆုံး စစ္ေဘးဒုကၡဒဏ္ရာဒဏ္ခ်က္မ်ားၾကားမွ ထူထလ်က္ အျမန္ဆုံးေက်ာ္ျဖတ္ႏိုင္ပါေစ၊ ၿငိမ္းခ်မ္းမႈႏွင့္ဖြံ႕ၿဖိဳးမႈတို႔ကို တစ္ၿပိဳင္တည္းရွမ္းလူထုရရွိၾကပါ ေစဟု ဆုေတာင္းမိပါ၏။ ျမန္မာလူထုသည္လည္း ရွမ္း လူထုႏွင့္ထပ္တူ ရရွိႏိုင္ၾက ပါေစ၊ ျမန္မာျပည္ႀကီး အျမန္ဆုံး ညီၫြတ္၊ တည္ၿငိမ္၊ ေအးခ်မ္း၊ ဖြံ႕ၿဖိဳးတိုး တက္ပါေစဟု ဆုမြန္ေကာင္း အႀကိမ္ႀကိမ္ေတာင္းမိပါ၏။

ေဆာင္းပါး အပိုင္း(၂)ကို ဆက္လက္ေဖာ္ျပပါမည္

Related news

© 2021. All rights reserved.