ဗင်နီဇွဲလားတရားရုံးချုပ်က ရွေးကောက်ပွဲတွင် အနိုင်ရရှိသူကို အတည်ပြုခဲ့

 98

ALynn (NP News) - သြဂုတ် ၂၄

ဗင်နီဇွဲလားတရားရုံးချုပ်သည် ပြီးခဲ့သည့်လက ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် သမ္မတ နီကိုလပ်စ်မာဒူရို အနိုင်ရခဲ့ကြောင်း စီရင်ဆုံးဖြတ်ခဲ့သည်။ အမေရိကန်ကျောထောက်နောက်ခံပြု အတိုက်အခံ ကိုယ်စားလှယ် လောင်း Edmundo Gonzalez Urrutia က မဲ ၆၇ ရာခိုင်နှုန်း အနိုင်ရပြီး မာဒူရိုသည် ရလဒ်များကို လိမ်လည်သည် ဟု စွပ်စွဲခဲ့သည်။ သို့သော် အာဏာပိုင်များက မာဒူရိုသည် ဆန္ဒမဲ ၅၂ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း အတည်ပြု ပေးခဲ့သည်။

ကြာသပတေးနေ့တွင် “တရားရုံးက အမျိုးသား ရွေးကောက်ပွဲကောင်စီ (CNE) မှ ထုတ်ပြန်သည့် တိကျသော ရွေးကောက်ပွဲဆိုင်ရာသက်သေခံပစ္စည်းများနှင့်အတူ ဇူလိုင် ၂၈၊ ၂၀၂၄ သမ္မတ ရွေးကောက်ပွဲရလဒ်များကို သက်သေပြနိုင်ခဲ့သည်” ဟု တရားသူကြီး Caryslia Rodriguez ၏ ပြောကြားချက်အရ သိရသည်။
တရုတ်၊ ရုရှားနှင့် ဗင်နီဇွဲလား၏ ဒေသတွင်း မဟာမိတ်များက မာဒူရို၏ အောင်ပွဲအတွက် ဂုဏ်ပြုကြသော်လည်း အမေရိကန် ဦးဆောင်သော G7 နိုင်ငံများက ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့်ပတ်သက်၍ “စိုးရိမ်ပူပန်မှု” ရှိကြောင်း ဖော်ပြခဲ့ပြီး မဲရလဒ်ကို အသိအမှတ်ပြုရန် ငြင်းဆိုခဲ့ကြသည်။
ဘရာဇီးနှင့် ကိုလံဘီယာတို့သည် အမေရိကန်ထောက်ခံသည့်ရွေးကောက်ပွဲသစ်များ ကျင်းပရန်ပင် တောင်းဆိုခဲ့ကြ သော်လည်း ဗင်နီဇွဲလားအတိုက်အခံများက မဲအပြတ်အသတ် အနိုင်ရခဲ့သည်ဟု အခိုင်အမာဆိုနေသည်။
ဗင်နီဇွဲလားတရားရုံးသည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လမ်းပေါ်ထွက် မငြိမ်မသက်ဖြစ်စေရန် တောင်းဆိုမှုများ ဖြင့် လှုံ့ဆော်ခြင်းများကြောင့် Gonzalez နှင့် အခြားသော အတိုက်အခံခေါင်းဆောင်များကို ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ဖို့ ကြိုးပမ်းခဲ့သည်။ အစိုးရ၏ အဆိုအရ ရွေးကောက်ပွဲနှင့် ဆက်နွယ်သော အဓိကရုဏ်း များတွင် လူ ၂၅ ဦး သေဆုံးပြီး ၁၉၂ ဦး ဒဏ်ရာရခဲ့ကာ လူပေါင်း ၂,၄၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း သိရသည်။

အမေရိကန်က ဗင်နီဇွဲလား အရာရှိ ၆၀ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို အမည်ပျက်စာရင်းသွင်းခဲ့သည်။ ၎င်းစာရင်းတွင် CNE နှင့် တရားရုံးချုပ်မှ အရာရှိများ ပါဝင်နေသည်။ ဗင်နီဇွဲလားတွင် နောက်ထပ်အာဏာသိမ်းမှု ဖြစ်ရန် အမေရိကန်က စီစဉ်နေသည်ဟု အစိုးရက စွပ်စွဲထားသည်။ အမေရိကန်ကလည်း ၂၀၁၈ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ လွှတ်တော်အမတ် Juan Guaido ကို ယာယီသမ္မတအဖြစ် အသိအမှတ်ပြုခဲ့ခြင်းဖြင့် ဗင်နီဇွဲလား ရွှေနှင့် အခြားသောအကျိုးအမြတ်များကို သိမ်းယူရန်အထိ ကြိုးပမ်းနေသည်။ ဗင်နီဇွဲလားအတိုက်အခံ များသည် ၎င်း၏ "ကြားဖြတ်အစိုးရ" ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖျက်သိမ်းရန် မဲခွဲဆုံးဖြတ်ပြီးနောက် Guaido သည် တဖြည်းဖြည်း တိမ်မြုပ်သွားခဲ့သည်။

Zawgyi Version;
ဗင္နီဇြဲလားတရား႐ုံးခ်ဳပ္က ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိသူကို အတည္ျပဳခဲ့
ALynn (NP News) - ၾသဂုတ္ ၂၄

ဗင္နီဇြဲလားတရား႐ုံးခ်ဳပ္သည္ ၿပီးခဲ့သည့္လက က်င္းပခဲ့ေသာ သမၼတေ႐ြးေကာက္ပြဲတြင္ သမၼတ နီကိုလပ္စ္မာဒူ႐ို အႏိုင္ရခဲ့ေၾကာင္း စီရင္ဆုံးျဖတ္ခဲ့သည္။ အေမရိကန္ေက်ာေထာက္ေနာက္ခံျပဳ အတိုက္အခံ ကိုယ္စားလွယ္ ေလာင္း Edmundo Gonzalez Urrutia က မဲ ၆၇ ရာခိုင္ႏႈန္း အႏိုင္ရၿပီး မာဒူ႐ိုသည္ ရလဒ္မ်ားကို လိမ္လည္သည္ ဟု စြပ္စြဲခဲ့သည္။ သို႔ေသာ္ အာဏာပိုင္မ်ားက မာဒူ႐ိုသည္ ဆႏၵမဲ ၅၂ ရာခိုင္ႏႈန္းျဖင့္ အႏိုင္ရရွိခဲ့ေၾကာင္း အတည္ျပဳ ေပးခဲ့သည္။

ၾကာသပေတးေန႔တြင္ “တရား႐ုံးက အမ်ိဳးသား ေ႐ြးေကာက္ပြဲေကာင္စီ (CNE) မွ ထုတ္ျပန္သည့္ တိက်ေသာ ေ႐ြးေကာက္ပြဲဆိုင္ရာသက္ေသခံပစၥည္းမ်ားႏွင့္အတူ ဇူလိုင္ ၂၈၊ ၂၀၂၄ သမၼတ ေ႐ြးေကာက္ပြဲရလဒ္မ်ားကို သက္ေသျပႏိုင္ခဲ့သည္” ဟု တရားသူႀကီး Caryslia Rodriguez ၏ ေျပာၾကားခ်က္အရ သိရသည္။
တ႐ုတ္၊ ႐ုရွားႏွင့္ ဗင္နီဇြဲလား၏ ေဒသတြင္း မဟာမိတ္မ်ားက မာဒူ႐ို၏ ေအာင္ပြဲအတြက္ ဂုဏ္ျပဳၾကေသာ္လည္း အေမရိကန္ ဦးေဆာင္ေသာ G7 ႏိုင္ငံမ်ားက ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္ႏွင့္ပတ္သက္၍ “စိုးရိမ္ပူပန္မႈ” ရွိေၾကာင္း ေဖာ္ျပခဲ့ၿပီး မဲရလဒ္ကို အသိအမွတ္ျပဳရန္ ျငင္းဆိုခဲ့ၾကသည္။
ဘရာဇီးႏွင့္ ကိုလံဘီယာတို႔သည္ အေမရိကန္ေထာက္ခံသည့္ေ႐ြးေကာက္ပြဲသစ္မ်ား က်င္းပရန္ပင္ ေတာင္းဆိုခဲ့ၾက ေသာ္လည္း ဗင္နီဇြဲလားအတိုက္အခံမ်ားက မဲအျပတ္အသတ္ အႏိုင္ရခဲ့သည္ဟု အခိုင္အမာဆိုေနသည္။
ဗင္နီဇြဲလားတရား႐ုံးသည္ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ လမ္းေပၚထြက္ မၿငိမ္မသက္ျဖစ္ေစရန္ ေတာင္းဆိုမႈမ်ား ျဖင့္ လႈံ႕ေဆာ္ျခင္းမ်ားေၾကာင့္ Gonzalez ႏွင့္ အျခားေသာ အတိုက္အခံေခါင္းေဆာင္မ်ားကို ရာဇ၀တ္မႈဆိုင္ရာ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ဖို႔ ႀကိဳးပမ္းခဲ့သည္။ အစိုးရ၏ အဆိုအရ ေ႐ြးေကာက္ပြဲႏွင့္ ဆက္ႏြယ္ေသာ အဓိက႐ုဏ္း မ်ားတြင္ လူ ၂၅ ဦး ေသဆုံးၿပီး ၁၉၂ ဦး ဒဏ္ရာရခဲ့ကာ လူေပါင္း ၂,၄၀၀ ေက်ာ္ကို ဖမ္းဆီးထားေၾကာင္း သိရသည္။

အေမရိကန္က ဗင္နီဇြဲလား အရာရွိ ၆၀ ဦးႏွင့္ ၎တို႔၏ မိသားစုဝင္မ်ားကို အမည္ပ်က္စာရင္းသြင္းခဲ့သည္။ ၎စာရင္းတြင္ CNE ႏွင့္ တရား႐ုံးခ်ဳပ္မွ အရာရွိမ်ား ပါဝင္ေနသည္။ ဗင္နီဇြဲလားတြင္ ေနာက္ထပ္အာဏာသိမ္းမႈ ျဖစ္ရန္ အေမရိကန္က စီစဥ္ေနသည္ဟု အစိုးရက စြပ္စြဲထားသည္။ အေမရိကန္ကလည္း ၂၀၁၈ ေ႐ြးေကာက္ပြဲကို အသိအမွတ္မျပဳဘဲ လႊတ္ေတာ္အမတ္ Juan Guaido ကို ယာယီသမၼတအျဖစ္ အသိအမွတ္ျပဳခဲ့ျခင္းျဖင့္ ဗင္နီဇြဲလား ေ႐ႊႏွင့္ အျခားေသာအက်ိဳးအျမတ္မ်ားကို သိမ္းယူရန္အထိ ႀကိဳးပမ္းေနသည္။ ဗင္နီဇြဲလားအတိုက္အခံ မ်ားသည္ ၎၏ "ၾကားျဖတ္အစိုးရ" ကို ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာလတြင္ ဖ်က္သိမ္းရန္ မဲခြဲဆုံးျဖတ္ၿပီးေနာက္ Guaido သည္ တျဖည္းျဖည္း တိမ္ျမဳပ္သြားခဲ့သည္။

Related news

© 2021. All rights reserved.