လားရှိုးမြို့အတွင်း လိုအပ်သူများ အဆာပြေသုံးဆောင်နိုင်ရန် Food box များကို နေရာ(၄)ခု၌ စီစဉ်ပေးထား

 3929

စော (NP News) - ဩဂုတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း လိုအပ်သူများ အဆာပြေသုံးဆောင်နိုင်ရန် Food box များကို နေရာ (၄)ခု၌ စီစဉ်ပေးထားကြောင်း Freedom Youth Volunteers ထံမှ သိရသည်။

အဆိုပါအဖွဲ့အစည်းက ပြီးခဲ့သည့် ဩဂုတ်လ ၂၃ရက်နေ့မှ စတင်ကာ Food Box များကို စီစဉ်ထားခြင်းဖြစ်ပြီး ရေရှည်လုပ်ဆောင်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

“ရေရှည်တော့လုပ်ဖို့ စဉ်းစားထားတယ်။ ဒီနှစ်လလောက်တော့ လူတွေအား လုံးပြန်ပြီးမှအေးဆေးဖြစ်သွားတဲ့ အခြေအနေတစ်ခုထိပေါ့။ ခက်ခဲတဲ့အိမ်တွေများတယ်။ ဆီဈေးတွေက ဈေးကြီးတော့ လမ်းလျှောက်တဲ့လူကများတယ်။ လမ်းလျှောက်ပြီးမှ လိုင်းသွားသုံးတဲ့လူများတယ်။ လမ်းသွားလမ်းလာတွေက လမ်းလျှောက်တဲ့လူတွေက များတယ်ဆိုတော့ သူတို့အမောပြေလေး သောက်လို့ရအောင်ထားထားပေးတာ ရေသန့်တွေ၊ မုန့်တွေထားထားပေးတာပေါ့”ဟု Freedom Youth Volunteers မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် အဆိုပါ Food Box များကို လားရှိုးပြည်သူ့ဆေးရုံကြီး၊ ရပ်ကွက် ၁၂၊ ရပ်ကွက် ၁ နှင့် ရပ်ကွက် ၂ တို့တွင် အဆာပြေမုန့်စင်တစ်ခုစီ စီစဉ်ထားရှိကြောင်း သိရသည်။

“အခက်အခဲကတော့ အခုလောလောဆယ်တော့ မရှိသေးဘူး။ ရေရှည်လုပ်နိုင်ဖို့ကတော့ အလှူရှင်တော့ လိုအပ်မယ်။ ကျွန်တော်တို့ဆီမှာရှိထားတဲ့ဟာက အချိန်တစ်ခုမှာ ကုန်သွားနိုင်တယ်။ အထွက်ပဲရှိပြီး အဝင်မရှိတဲ့အချိန်ကျရင် နားသင့်ရင်လည်းနားရမှာပေ့ါ။ ကျွန်တော်တို့ နားဖိုအစီအစဉ်တော့ မရှိဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ Food Box များ စီစဉ်ထားခြင်းအပြင် ပြန်လည်ထူထောင်ရေးကာလ၌ ပထမဆုံးအကြိမ်အဖြစ် ဩဂုတ်လ ၂၇ တွင် ဆန်၊ ဆီ၊ ဆားနှင့်ကြက်ဥများကို အိမ်ထောင်စု (၅၀၀)အတွက် အခမဲ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
လားရႈိးၿမိဳ႕အတြင္း လိုအပ္သူမ်ား အဆာေျပသုံးေဆာင္ႏိုင္ရန္ Food box မ်ားကို ေနရာ(၄)ခု၌ စီစဥ္ေပးထား

ေစာ (NP News) - ဩဂုတ္ ၂၅

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕အတြင္း လိုအပ္သူမ်ား အဆာေျပသုံးေဆာင္ႏိုင္ရန္ Food box မ်ားကို ေနရာ (၄)ခု၌ စီစဥ္ေပးထားေၾကာင္း Freedom Youth Volunteers ထံမွ သိရသည္။

အဆိုပါအဖြဲ႕အစည္းက ၿပီးခဲ့သည့္ ဩဂုတ္လ ၂၃ရက္ေန႔မွ စတင္ကာ Food Box မ်ားကို စီစဥ္ထားျခင္းျဖစ္ၿပီး ေရရွည္လုပ္ေဆာင္ရန္လည္း စီစဥ္ထားေၾကာင္း သိရသည္။

“ေရရွည္ေတာ့လုပ္ဖို႔ စဥ္းစားထားတယ္။ ဒီႏွစ္လေလာက္ေတာ့ လူေတြအား လုံးျပန္ၿပီးမွေအးေဆးျဖစ္သြားတဲ့ အေျခအေနတစ္ခုထိေပါ့။ ခက္ခဲတဲ့အိမ္ေတြမ်ားတယ္။ ဆီေဈးေတြက ေဈးႀကီးေတာ့ လမ္းေလွ်ာက္တဲ့လူကမ်ားတယ္။ လမ္းေလွ်ာက္ၿပီးမွ လိုင္းသြားသုံးတဲ့လူမ်ားတယ္။ လမ္းသြားလမ္းလာေတြက လမ္းေလွ်ာက္တဲ့လူေတြက မ်ားတယ္ဆိုေတာ့ သူတို႔အေမာေျပေလး ေသာက္လို႔ရေအာင္ထားထားေပးတာ ေရသန႔္ေတြ၊ မုန႔္ေတြထားထားေပးတာေပါ့”ဟု Freedom Youth Volunteers မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ အဆိုပါ Food Box မ်ားကို လားရႈိးျပည္သူ႔ေဆး႐ုံႀကီး၊ ရပ္ကြက္ ၁၂၊ ရပ္ကြက္ ၁ ႏွင့္ ရပ္ကြက္ ၂ တို႔တြင္ အဆာေျပမုန႔္စင္တစ္ခုစီ စီစဥ္ထားရွိေၾကာင္း သိရသည္။

“အခက္အခဲကေတာ့ အခုေလာေလာဆယ္ေတာ့ မရွိေသးဘူး။ ေရရွည္လုပ္ႏိုင္ဖို႔ကေတာ့ အလႉရွင္ေတာ့ လိုအပ္မယ္။ ကြၽန္ေတာ္တို႔ဆီမွာရွိထားတဲ့ဟာက အခ်ိန္တစ္ခုမွာ ကုန္သြားႏိုင္တယ္။ အထြက္ပဲရွိၿပီး အဝင္မရွိတဲ့အခ်ိန္က်ရင္ နားသင့္ရင္လည္းနားရမွာေပ့ါ။ ကြၽန္ေတာ္တို႔ နားဖိုအစီအစဥ္ေတာ့ မရွိဘူး”ဟု ၎က ဆက္လက္ေျပာသည္။

အဆိုပါ Food Box မ်ား စီစဥ္ထားျခင္းအျပင္ ျပန္လည္ထူေထာင္ေရးကာလ၌ ပထမဆုံးအႀကိမ္အျဖစ္ ဩဂုတ္လ ၂၇ တြင္ ဆန္၊ ဆီ၊ ဆားႏွင့္ၾကက္ဥမ်ားကို အိမ္ေထာင္စု (၅၀၀)အတြက္ အခမဲ့လႉဒါန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.