Jamaat-e-Islami (သို့မဟုတ်)ဟာစီနာကို လွင့်ပါးစေသည့် မုန်တိုင်းတစ်ခု

 2116

လင်းမြတ် (NP News) - ဩဂုတ် ၂၈

(၂၀၂၄) ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် ဒါကာတက္ကသိုလ်ကျောင်း သားများစတင်လိုက်သော ဆူပူအုံကြွမှုသည် ဩဂုတ်လ (၅)ရက်နေ့တွင် အာဏာရအစိုးရကိုပြုတ်ကျစေခဲ့ပြီး အစိုးရအဖွဲ့ ခေါင်းဆောင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို နိုင်ငံပြင်ပသို့ လွင့်ပါးစေခဲ့သည်။ (၂၀ဝ၉) ခုနှစ်မှ (၂၀၂၄) ခုနှစ် ဩဂုတ်လအထိတာဝန်ယူခဲ့သော သက်တမ်း ရှည်ဝန်ကြီးချုပ်တစ်ဦးဖြစ်သည့်အပြင် ဆူပူအုံကြွမှုများစွာကိုဖြေရှင်းနိုင်ခဲ့သည့် ဟာစီနာကို အချိန်တိုကာလအတွင်းမှာပင် လွင့်ပါးစေနိုင်သောမုန်တိုင်း များမှာ တစ်ခုတည်းတော့မဟုတ်နိုင်ပေ။ ထို့ကြောင့် လည်း ဤဖြစ်စဉ်နှင့်ပတ်သက်ပြီး ကမ္ဘာ့မီဒီယာများမှ အသီးသီး သုံးသပ်ရေးသားလျက်ရှိသည်။

မုန်တိုင်းများထဲမှဟာစီနာကို လွင့်ပါး စေမည့် မောင်းခလုတ်ကိုဆွဲလိုက်သည့်Jamaat-e-Islami အဖွဲ့အစည်းအကြောင်းတင်ပြလိုသည်။ Jamaat-e-Islami ဆိုသည်မှာ "အစ္စလာမ်သာသနာတော်၏နောက်လိုက်များ"ဟု အဓိပ္ပာယ် ရသည်။Jamaat-e-Islami ကို (၁၉၄၁) ခုနှစ်တွင် ကိုလိုနီအိန္ဒိယနိုင်ငံ လာဟိုးမြို့(နောင်တွင် ပါကစ္စ တန်နိုင်ငံ)တွင် စတင်ဖွဲ့စည်းခဲ့ပြီး စတင်တည်ထောင် သူမှာ အစ္စလာမ်ဘာသာရေးဆရာ၊ အတွေးအခေါ် ပညာရှင်Syed Abul Ala Maududi ဖြစ်သည်။ ထို့အဖွဲ့ကိုထူထောင်ရန် အားပေးကူညီခဲ့သူများမှာ ယနေ့ ကမ္ဘာတွင်နာမည်ကျော်နေသောMuslim Brotherhood အဖွဲ့ပင်ဖြစ်သည်။

Muslim Brotherhood အဖွဲ့မှာ (၁၉၂၈) ခုနှစ်တွင်ဖွဲ့စည်းထားသော သက်တမ်းရှည် အဖွဲ့အစည်းဖြစ်သည်။Jamaat-e-Islami အဖွဲ့အ စည်း၏ဦးတည်ချက်မှာ အစ္စလာမ္မစ်နိုင်ငံတော်များပေါ် ထွန်းရေးဖြစ်သည်။ နှစ်ကြာလာသည်နှင့်အမျှJamaat-e-Islami အဖွဲ့အစည်းသည်လည်း ကြီး ထွားလာကာ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် ဂျာမူး၊ ကက်ရှ်မီးယားဒေသတို့တွင် ရုံးခွဲ များတည်ထောင်နိုင်လာခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏Jamaat-e-Islami ကို (၁၉၇၁)ခုနှစ်က ဒါကာမြို့တွင် တရားမဝင် တည်ထောင်ခဲ့သည်။ ထိုအချိန်က ဘင်္ဂလားဒေရှ့်နိုင်ငံ ၏ ပထမဆုံးသမ္မတဖြစ်သည့် Sheikh Mujibur Rahman သည်Jamaat-e-Islami အဖွဲ့အစည်း ကို တရားမဝင်အဖွဲ့အစည်းအဖြစ်သတ်မှတ်နှိမ်နင်း ခဲ့သည်။Sheikh Mujibur Rahman သည် ဟာစီနာ၏ဖခင်ဖြစ်သည်။ (၁၉၇၅)ခုနှစ် ဩဂုတ်လတွင် ဟာစီနာ၏ဖခင်ဖြစ်သူSheikh Mujibur Rahman ကို ဘင်္ဂလားဒေ့ရှ်စစ်တပ်အရာရှိငယ်များက လုပ်ကြံသတ်ဖြတ်၍ အာဏာသိမ်းပြီးနောက်Jamaat-e-Islami သည် ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် ပနံသင့်ကာ ဘင်္ဂလားဒေ့ရှ်တွင် တရားဝင်တည်ထောင်ခွင့်ရရှိလာသည်။

ထိုသို့ တရားဝင်တည်ထောင်ခွင့်ရရှိရန် ဆော်ဒီအာရေးဗျအစိုးရနှင့် ပါကစ္စတန်အစိုး ရတို့ကလည်း ဘင်္ဂလားဒေ့ရှ်စစ်အစိုးရကို အသိအ မှတ်ပြုခြင်းဖြင့် လဲလှယ်ခဲ့သည်။ (၁၉၉၀)ပြည့် နှစ်တွင် စစ်အုပ်ချုပ်ရေးပြီးဆုံးသည့်နောက် ဘင်္ဂလားဒေ့ရှ်စာရေးဆရာမနှင့် နိုင်ငံရေးသမားဖြစ်သူJaha­nara Imam ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ်ပြည် သူလူထုသည် စစ်အုပ်ချုပ်ရေးကာလက စစ်ရာဇဝတ် မှုများကျူးလွန်ခဲ့သည့်Bangladesh Jamaat-e-Islami ခေါင်းဆောင်Ghulam Azam ကို တရား ရုံးချုပ်သို့ တရားစွဲဆိုခဲ့သော်လည်း အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သဖြင့် ပြစ်ဒဏ်မှကင်းလွတ်ခဲ့သည်။ သို့ သော် (၂၀၁၂) ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့ (ဝန် ကြီးချုပ် ဟာစီနာ၏ ဒုတိယသက်တမ်းကာလအတွင်း)တွင် ဖမ်းဆီးခံရပြီး စစ်ရာဇဝတ်မှုအတွက် ထောင် ဒဏ်ချမှတ်ခံရသည်။

(၂၀၁၄) ခုနှစ် အောက်တိုဘာ (၂၃) ရက် နေ့တွင်Ghulam Azam သည် လေဖြတ်ခြင်းကြောင့်Bangabandhu Sheikh Mujib Medical University ဆေးရုံတွင် သေဆုံးခဲ့သည်။ Bang ladesh Jamaat-e-Islami ပါတီသည် ဝန်ကြီးချုပ် ဟောင်း ဟာစီနာဦးဆောင်သည့် Awami League ပါတီ၏အတိုက်အခံဖြစ်သည့်Bangladesh Nationalist Party၏ (၄)ပါတီ မဟာမိတ်အဖွဲ့တွင် ပါဝင်နေခြင်းကြောင့် မြေပေါ်နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခွင့်ရနေခဲ့သည်။

Bangladesh Jamaat-e-Islami ပါတီသည် ပါတီ၏Jamaat-e-Islami student wings (ပါတီဝင်ကျောင်းသားအင်အားစု)ကို အသုံးချကာ တက္ကသိုလ်ကျောင်းသားများကြားamaat-e-Islami ပါတီ၏ မူဝါဒနှင့်အယူဝါဒများ သွတ်သွင်းနေခဲ့သည်။ (၂၀၂၂) ခုနှစ် ဒီဇင်ဘာလတွင် ကုန်ဈေး နှုန်းကြီးမြင့်ခြင်းကိုအကြောင်းပြု၍ တစ်ကြိမ်၊ (၂၀၂၃) ခုနှစ်တွင် (ဇန်နဝါရီ၊ အောက်တိုဘာ၊ နိုဝင်ဘာလ) သုံးကြိမ် လူထုအုံကြွမှုတို့တွင် Jamaat-e-Islami ပါတီသည် ဦးဆောင်ခဲ့သည်။ (၂၀၂၄) ခုနှစ် ဇူလိုင် လ(၁)ရက်နေ့တွင် အစိုးရအလုပ်အကိုင်ခွဲတမ်းစနစ် ကိုမကျေနပ်သဖြင့် ဒါကာတက္ကသိုလ်ရှိကျောင်းသား အချို့ဆန္ဒပြရာ ဆန္ဒပြကျောင်းသားများနှင့် အာဏာ ရအစိုးရထောက်ခံသူ ကျောင်းသား၊ ပြည်သူများအကြား ရုန်းရင်းဆန်ခတ်အခြေ အနေဖြစ်ပေါ်ခဲ့သည်။ ထို့နောက် အုံကြွမှုသည် Chittagong (စစ်တ ကောင်း) နှင့်Rangpur ကဲ့သို့ အခြားတက္ကသိုလ်များသို့ကူး စက်ခဲ့ပြီး ဇူလိုင်လ (၁၆) ရက်နေ့တွင် လူ(၆)ဦး သေဆုံးသည်အထိ အပြန်အလှန်တိုက်ခိုက်မှုများဖြစ် ပေါ်ခဲ့သဖြင့် တက္ကသိုလ်များအားလုံး ပိတ်ခိုင်းခဲ့ရ သည်။

ဇူလိုင်လ(၁၈)ရက်နေ့တွင် ဆန္ဒပြကျောင်း သားများက ဝန်ကြီးချုပ်အားတွေ့ဆုံရန် တောင်းဆိုမှု ကိုပယ်ချပြီးနောက် ကျောင်းသားများ၏ quota reform movement မှသည် non-cooperation movement သို့ပြောင်းလဲသွားသည်။ non-coo­peration movement သည် မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် CDM လုပ်ရှားမှုနှင့် တစ်ပုံစံတည်း ဖြစ်သည်။ ထိုနေ့မှာပင် အစိုးရသည် တစ်နိုင်ငံလုံး အင်တာနက်အသုံးပြုမှုကို ရပ်တန့်ခဲ့သည်။

ဇူလိုင်လ (၂၁) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်မှ ကိုတာစနစ်ကို လျှော့ချပေးသော်လည်း ဆန္ဒပြသူများကျေနပ်မှုမရှိချေ။ ဇူလိုင် (၂၅) ရက်နေ့ တွင် ဝန်ကြီးချုပ်ဟာစီနာသည် ဆန္ဒပြသူများ ဖျက်ဆီးထားသော မြေအောက်ဘူတာရုံသို့သွားရောက် ကြည့်ရှုခဲ့သည်။ ဇူလိုင်လ(၂၈)ရက်နေ့တွင် အင်တာနက်များပြန်လည်ဖွင့်ပေးခဲ့သော်လည်း လူမှုမီဒီယာ အသုံးပြုများကို ထိန်းကျောင်းထားခဲ့သည်။ ထို့နောက် အားကောင်းလာသော ဆန္ဒပြသူများသည် ဩဂုတ်လ ဆန်းမှစ၍ One Point Movement ဟု ခေါင်းစဉ် တပ်ထားသော ဝန်ကြီးချုပ်နုတ်ထွက်ရေးတစ်ခု တည်းကို အာရုံစိုက်တောင်းဆိုခဲ့ပြီးနောက် ဆန္ဒပြ ကျောင်းသားများနှင့် ဆူပူအုံကြွမှုကိုထိန်းသိမ်းမည့် စစ်တပ်သည် ပူးပေါင်းသွားကာ ဝန်ကြီးချုပ် ဟာစီနာ သည် ၎င်း၏ ညီမဖြစ်သူရှိသည့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည်။ နောက်ဆုံးအခြေအနေ အရ UKတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားကြောင်း သိရသည်။ ဩဂုတ်လ (၅) ရက်နေ့တွင် ဆန္ဒပြသူ များသည် အောင်ပွဲခံအထိမ်းအမှတ်အနေဖြင့် ဒါကာ တွင် စုရုံးချီတက်အောင်ပွဲခံခဲ့ကြသည်။

(၂၀၂၄) ခုနှစ် ဩဂုတ်လ (၁) ရက်နေ့တွင် ဟာစီနာအစိုးရက အလုပ်အကိုင်ခွဲတမ်းဆန္ဒပြပွဲ တွင်ပါဝင်မှုဖြင့် ဖျက်သိမ်းလိုက်သော Bangladesh Jamaat-e-Islami ပါတီသည်လည်း ကြားဖြတ်အ စိုးရဖွဲ့ပြီး မကြာမီ ဩဂုတ်လ (၆) ရက်နေ့တွင် ပါတီ ရုံးချုပ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းမှာ စိတ်ဝင်စားစရာ ပင်ဖြစ်သည်။ အစွန်းရောက်သည့်အစ္စလာမ္မစ်ဝါဒကို အခြေခံထားသည့်Jamaat-e-Islami ပါတီပေါ် မှီတည်သည့်အစိုးရသည် ဘင်္ဂါလီအရေးနှင့်ပတ် သက်၍ ပိုမိုတင်းမာလာနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း အာဏာလွန်ဆွဲပွဲများ ရှည်ကြာလာနိုင်သော ကြောင့် မြန်မာနိုင်ငံရှိ CMPအထည်ချုပ်လုပ်ငန်း များအတွက် အခွင့်အလမ်းများရရှိလာနိုင်သကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံ၏ သွင်းကုန်များ အပေါ် ပိုမိုမှီတည်လာနိုင်သဖြင့် အခက်အခဲနှင့် အခွင့်အလမ်းများကို အကျိုးရှိစွာအသုံးချနိုင်ရေး ရေးသားလိုက်ရသည်။

zawgyi version
Jamaat-e-Islami (သို႔မဟုတ္)ဟာစီနာကို လြင့္ပါးေစသည့္ မုန္တိုင္းတစ္ခု
လင္းျမတ္ (NP News) - ဩဂုတ္ ၂၈

(၂၀၂၄) ခုႏွစ္ ဇူလိုင္လ (၁) ရက္ေန႔တြင္ ဒါကာတကၠသိုလ္ေက်ာင္း သားမ်ားစတင္လိုက္ေသာ ဆူပူအုံႂကြမႈသည္ ဩဂုတ္လ (၅)ရက္ေန႔တြင္ အာဏာရအစိုးရကိုျပဳတ္က်ေစခဲ့ၿပီး အစိုးရအဖြဲ႕ ေခါင္းေဆာင္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာကို ႏိုင္ငံျပင္ပသို႔ လြင့္ပါးေစခဲ့သည္။ (၂၀ဝ၉) ခုႏွစ္မွ (၂၀၂၄) ခုႏွစ္ ဩဂုတ္လအထိတာဝန္ယူခဲ့ေသာ သက္တမ္း ရွည္ဝန္ႀကီးခ်ဳပ္တစ္ဦးျဖစ္သည့္အျပင္ ဆူပူအုံႂကြမႈမ်ားစြာကိုေျဖရွင္းႏိုင္ခဲ့သည့္ ဟာစီနာကို အခ်ိန္တိုကာလအတြင္းမွာပင္ လြင့္ပါးေစႏိုင္ေသာမုန္တိုင္း မ်ားမွာ တစ္ခုတည္းေတာ့မဟုတ္ႏိုင္ေပ။ ထို႔ေၾကာင့္ လည္း ဤျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ကမာၻ႔မီဒီယာမ်ားမွ အသီးသီး သုံးသပ္ေရးသားလ်က္ရွိသည္။

မုန္တိုင္းမ်ားထဲမွဟာစီနာကို လြင့္ပါး ေစမည့္ ေမာင္းခလုတ္ကိုဆြဲလိုက္သည့္Jamaat-e-Islami အဖြဲ႕အစည္းအေၾကာင္းတင္ျပလိုသည္။ Jamaat-e-Islami ဆိုသည္မွာ "အစၥလာမ္သာသနာေတာ္၏ေနာက္လိုက္မ်ား"ဟု အဓိပၸာယ္ ရသည္။Jamaat-e-Islami ကို (၁၉၄၁) ခုႏွစ္တြင္ ကိုလိုနီအိႏၵိယႏိုင္ငံ လာဟိုးၿမိဳ႕(ေနာင္တြင္ ပါကစၥ တန္ႏိုင္ငံ)တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး စတင္တည္ေထာင္ သူမွာ အစၥလာမ္ဘာသာေရးဆရာ၊ အေတြးအေခၚ ပညာရွင္Syed Abul Ala Maududi ျဖစ္သည္။ ထို႔အဖြဲ႕ကိုထူေထာင္ရန္ အားေပးကူညီခဲ့သူမ်ားမွာ ယေန႔ ကမာၻတြင္နာမည္ေက်ာ္ေနေသာMuslim Brotherhood အဖြဲ႕ပင္ျဖစ္သည္။

Muslim Brotherhood အဖြဲ႕မွာ (၁၉၂၈) ခုႏွစ္တြင္ဖြဲ႕စည္းထားေသာ သက္တမ္းရွည္ အဖြဲ႕အစည္းျဖစ္သည္။Jamaat-e-Islami အဖြဲ႕အ စည္း၏ဦးတည္ခ်က္မွာ အစၥလာမၼစ္ႏိုင္ငံေတာ္မ်ားေပၚ ထြန္းေရးျဖစ္သည္။ ႏွစ္ၾကာလာသည္ႏွင့္အမွ်Jamaat-e-Islami အဖြဲ႕အစည္းသည္လည္း ႀကီး ထြားလာကာ အိႏၵိယႏိုင္ငံ၊ ပါကစၥတန္ႏိုင္ငံ၊ ဘဂၤလား ေဒ့ရွ္ႏိုင္ငံႏွင့္ ဂ်ာမူး၊ ကက္ရွ္မီးယားေဒသတို႔တြင္ ႐ုံးခြဲ မ်ားတည္ေထာင္ႏိုင္လာခဲ့သည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏Jamaat-e-Islami ကို (၁၉၇၁)ခုႏွစ္က ဒါကာၿမိဳ႕တြင္ တရားမဝင္ တည္ေထာင္ခဲ့သည္။ ထိုအခ်ိန္က ဘဂၤလားေဒရွ႕္ႏိုင္ငံ ၏ ပထမဆုံးသမၼတျဖစ္သည့္ Sheikh Mujibur Rahman သည္Jamaat-e-Islami အဖြဲ႕အစည္း ကို တရားမဝင္အဖြဲ႕အစည္းအျဖစ္သတ္မွတ္ႏွိမ္နင္း ခဲ့သည္။Sheikh Mujibur Rahman သည္ ဟာစီနာ၏ဖခင္ျဖစ္သည္။ (၁၉၇၅)ခုႏွစ္ ဩဂုတ္လတြင္ ဟာစီနာ၏ဖခင္ျဖစ္သူSheikh Mujibur Rahman ကို ဘဂၤလားေဒ့ရွ္စစ္တပ္အရာရွိငယ္မ်ားက လုပ္ႀကံသတ္ျဖတ္၍ အာဏာသိမ္းၿပီးေနာက္Jamaat-e-Islami သည္ ဘဂၤလားေဒ့ရွ္စစ္တပ္ႏွင့္ ပနံသင့္ကာ ဘဂၤလားေဒ့ရွ္တြင္ တရားဝင္တည္ေထာင္ခြင့္ရရွိလာသည္။

ထိုသို႔ တရားဝင္တည္ေထာင္ခြင့္ရရွိရန္ ေဆာ္ဒီအာေရးဗ်အစိုးရႏွင့္ ပါကစၥတန္အစိုး ရတို႔ကလည္း ဘဂၤလားေဒ့ရွ္စစ္အစိုးရကို အသိအ မွတ္ျပဳျခင္းျဖင့္ လဲလွယ္ခဲ့သည္။ (၁၉၉၀)ျပည့္ ႏွစ္တြင္ စစ္အုပ္ခ်ဳပ္ေရးၿပီးဆုံးသည့္ေနာက္ ဘဂၤလားေဒ့ရွ္စာေရးဆရာမႏွင့္ ႏိုင္ငံေရးသမားျဖစ္သူJaha­nara Imam ဦးေဆာင္သည့္ ဘဂၤလားေဒ့ရွ္ျပည္ သူလူထုသည္ စစ္အုပ္ခ်ဳပ္ေရးကာလက စစ္ရာဇဝတ္ မႈမ်ားက်ဴးလြန္ခဲ့သည့္Bangladesh Jamaat-e-Islami ေခါင္းေဆာင္Ghulam Azam ကို တရား ႐ုံးခ်ဳပ္သို႔ တရားစြဲဆိုခဲ့ေသာ္လည္း အျပစ္မရွိေၾကာင္း ဆုံးျဖတ္ခဲ့သျဖင့္ ျပစ္ဒဏ္မွကင္းလြတ္ခဲ့သည္။ သို႔ ေသာ္ (၂၀၁၂) ခုႏွစ္ ဇန္နဝါရီလ (၁၁) ရက္ေန႔ (ဝန္ ႀကီးခ်ဳပ္ ဟာစီနာ၏ ဒုတိယသက္တမ္းကာလအတြင္း)တြင္ ဖမ္းဆီးခံရၿပီး စစ္ရာဇဝတ္မႈအတြက္ ေထာင္ ဒဏ္ခ်မွတ္ခံရသည္။

(၂၀၁၄) ခုႏွစ္ ေအာက္တိုဘာ (၂၃) ရက္ ေန႔တြင္Ghulam Azam သည္ ေလျဖတ္ျခင္းေၾကာင့္Bangabandhu Sheikh Mujib Medical University ေဆး႐ုံတြင္ ေသဆုံးခဲ့သည္။ Bang ladesh Jamaat-e-Islami ပါတီသည္ ဝန္ႀကီးခ်ဳပ္ ေဟာင္း ဟာစီနာဦးေဆာင္သည့္ Awami League ပါတီ၏အတိုက္အခံျဖစ္သည့္Bangladesh Nationalist Party၏ (၄)ပါတီ မဟာမိတ္အဖြဲ႕တြင္ ပါဝင္ေနျခင္းေၾကာင့္ ေျမေပၚႏိုင္ငံေရးလႈပ္ရွားမႈမ်ားတြင္ ပါဝင္ခြင့္ရေနခဲ့သည္။

Bangladesh Jamaat-e-Islami ပါတီသည္ ပါတီ၏Jamaat-e-Islami student wings (ပါတီဝင္ေက်ာင္းသားအင္အားစု)ကို အသုံးခ်ကာ တကၠသိုလ္ေက်ာင္းသားမ်ားၾကားamaat-e-Islami ပါတီ၏ မူဝါဒႏွင့္အယူဝါဒမ်ား သြတ္သြင္းေနခဲ့သည္။ (၂၀၂၂) ခုႏွစ္ ဒီဇင္ဘာလတြင္ ကုန္ေဈး ႏႈန္းႀကီးျမင့္ျခင္းကိုအေၾကာင္းျပဳ၍ တစ္ႀကိမ္၊ (၂၀၂၃) ခုႏွစ္တြင္ (ဇန္နဝါရီ၊ ေအာက္တိုဘာ၊ ႏိုဝင္ဘာလ) သုံးႀကိမ္ လူထုအုံႂကြမႈတို႔တြင္ Jamaat-e-Islami ပါတီသည္ ဦးေဆာင္ခဲ့သည္။ (၂၀၂၄) ခုႏွစ္ ဇူလိုင္ လ(၁)ရက္ေန႔တြင္ အစိုးရအလုပ္အကိုင္ခြဲတမ္းစနစ္ ကိုမေက်နပ္သျဖင့္ ဒါကာတကၠသိုလ္ရွိေက်ာင္းသား အခ်ိဳ႕ဆႏၵျပရာ ဆႏၵျပေက်ာင္းသားမ်ားႏွင့္ အာဏာ ရအစိုးရေထာက္ခံသူ ေက်ာင္းသား၊ ျပည္သူမ်ားအၾကား ႐ုန္းရင္းဆန္ခတ္အေျခ အေနျဖစ္ေပၚခဲ့သည္။ ထို႔ေနာက္ အုံႂကြမႈသည္ Chittagong (စစ္တ ေကာင္း) ႏွင့္Rangpur ကဲ့သို႔ အျခားတကၠသိုလ္မ်ားသို႔ကူး စက္ခဲ့ၿပီး ဇူလိုင္လ (၁၆) ရက္ေန႔တြင္ လူ(၆)ဦး ေသဆုံးသည္အထိ အျပန္အလွန္တိုက္ခိုက္မႈမ်ားျဖစ္ ေပၚခဲ့သျဖင့္ တကၠသိုလ္မ်ားအားလုံး ပိတ္ခိုင္းခဲ့ရ သည္။

ဇူလိုင္လ(၁၈)ရက္ေန႔တြင္ ဆႏၵျပေက်ာင္း သားမ်ားက ဝန္ႀကီးခ်ဳပ္အားေတြ႕ဆုံရန္ ေတာင္းဆိုမႈ ကိုပယ္ခ်ၿပီးေနာက္ ေက်ာင္းသားမ်ား၏ quota reform movement မွသည္ non-cooperation movement သို႔ေျပာင္းလဲသြားသည္။ non-coo­peration movement သည္ ျမန္မာႏိုင္ငံတြင္ ျပဳလုပ္ခဲ့သည့္ CDM လုပ္ရွားမႈႏွင့္ တစ္ပုံစံတည္း ျဖစ္သည္။ ထိုေန႔မွာပင္ အစိုးရသည္ တစ္ႏိုင္ငံလုံး အင္တာနက္အသုံးျပဳမႈကို ရပ္တန႔္ခဲ့သည္။

ဇူလိုင္လ (၂၁) ရက္ေန႔တြင္ ဘဂၤလားေဒ့ရွ္ တရား႐ုံးခ်ဳပ္မွ ကိုတာစနစ္ကို ေလွ်ာ့ခ်ေပးေသာ္လည္း ဆႏၵျပသူမ်ားေက်နပ္မႈမရွိေခ်။ ဇူလိုင္ (၂၅) ရက္ေန႔ တြင္ ဝန္ႀကီးခ်ဳပ္ဟာစီနာသည္ ဆႏၵျပသူမ်ား ဖ်က္ဆီးထားေသာ ေျမေအာက္ဘူတာ႐ုံသို႔သြားေရာက္ ၾကည့္ရႈခဲ့သည္။ ဇူလိုင္လ(၂၈)ရက္ေန႔တြင္ အင္တာနက္မ်ားျပန္လည္ဖြင့္ေပးခဲ့ေသာ္လည္း လူမႈမီဒီယာ အသုံးျပဳမ်ားကို ထိန္းေက်ာင္းထားခဲ့သည္။ ထို႔ေနာက္ အားေကာင္းလာေသာ ဆႏၵျပသူမ်ားသည္ ဩဂုတ္လ ဆန္းမွစ၍ One Point Movement ဟု ေခါင္းစဥ္ တပ္ထားေသာ ဝန္ႀကီးခ်ဳပ္ႏုတ္ထြက္ေရးတစ္ခု တည္းကို အာ႐ုံစိုက္ေတာင္းဆိုခဲ့ၿပီးေနာက္ ဆႏၵျပ ေက်ာင္းသားမ်ားႏွင့္ ဆူပူအုံႂကြမႈကိုထိန္းသိမ္းမည့္ စစ္တပ္သည္ ပူးေပါင္းသြားကာ ဝန္ႀကီးခ်ဳပ္ ဟာစီနာ သည္ ၎၏ ညီမျဖစ္သူရွိသည့္ အိႏၵိယႏိုင္ငံသို႔ ထြက္ေျပးသြားခဲ့ရသည္။ ေနာက္ဆုံးအေျခအေန အရ UKတြင္ ႏိုင္ငံေရးခိုလႈံခြင့္ေတာင္းခံထားေၾကာင္း သိရသည္။ ဩဂုတ္လ (၅) ရက္ေန႔တြင္ ဆႏၵျပသူ မ်ားသည္ ေအာင္ပြဲခံအထိမ္းအမွတ္အေနျဖင့္ ဒါကာ တြင္ စု႐ုံးခ်ီတက္ေအာင္ပြဲခံခဲ့ၾကသည္။

(၂၀၂၄) ခုႏွစ္ ဩဂုတ္လ (၁) ရက္ေန႔တြင္ ဟာစီနာအစိုးရက အလုပ္အကိုင္ခြဲတမ္းဆႏၵျပပြဲ တြင္ပါဝင္မႈျဖင့္ ဖ်က္သိမ္းလိုက္ေသာ Bangladesh Jamaat-e-Islami ပါတီသည္လည္း ၾကားျဖတ္အ စိုးရဖြဲ႕ၿပီး မၾကာမီ ဩဂုတ္လ (၆) ရက္ေန႔တြင္ ပါတီ ႐ုံးခ်ဳပ္ကို ျပန္လည္ဖြင့္လွစ္ခဲ့ျခင္းမွာ စိတ္ဝင္စားစရာ ပင္ျဖစ္သည္။ အစြန္းေရာက္သည့္အစၥလာမၼစ္ဝါဒကို အေျခခံထားသည့္Jamaat-e-Islami ပါတီေပၚ မွီတည္သည့္အစိုးရသည္ ဘဂၤါလီအေရးႏွင့္ပတ္ သက္၍ ပိုမိုတင္းမာလာႏိုင္ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံ အတြင္း အာဏာလြန္ဆြဲပြဲမ်ား ရွည္ၾကာလာႏိုင္ေသာ ေၾကာင့္ ျမန္မာႏိုင္ငံရွိ CMPအထည္ခ်ဳပ္လုပ္ငန္း မ်ားအတြက္ အခြင့္အလမ္းမ်ားရရွိလာႏိုင္သကဲ့သို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ သြင္းကုန္မ်ား အေပၚ ပိုမိုမွီတည္လာႏိုင္သျဖင့္ အခက္အခဲႏွင့္ အခြင့္အလမ္းမ်ားကို အက်ိဳးရွိစြာအသုံးခ်ႏိုင္ေရး ေရးသားလိုက္ရသည္။

Related news

© 2021. All rights reserved.