Nokia ဖုန်းများကို ထုတ်လုပ်သည့် HMD Global ကုမ္ပဏီက ပန်းရောင်ဘာဘီခေါက်ဖုန်းကို စတင်မိတ်ဆက်

 273

Pika (NP News) - ဩဂုတ် ၂၉

Nokia ဖုန်းများကို ထုတ်လုပ်သည့် HMD Global ကုမ္ပဏီသည် အရုပ်ထုတ်လုပ်သည့်ကုမ္ပဏီ Mattel နှင့်ပူးပေါင်းကာ ပန်းရောင်ခေါက်ဖုန်းဖြစ်သည့် HMD Barbie ဖုန်းကို မိတ်ဆက်ခဲ့ကြောင်းသိရသည်။

အဆိုပါဖုန်းသည် အမေရိကန်ဒေါ်လာ(၁၇၁)ဒေါ်လာတန်ဖိုးရှိပြီး ဩဂုတ်လ(၂၈)ရက်နေ့မှစတင်ကာ ဝယ်ယူနိုင်ပြီဖြစ်ကြောင်းသိရသည်။အဆိုပါပန်းရောင်ခေါက်ဖုန်းသည် ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းများကို လုပ်ဆောင်နိုင်မည်ဖြစ်သော်လည်း ဆိုရှယ်မီဒီယာအပ်ပ်များကို အသုံးပြုနိုင်မည်မဟုတ်ကြောင်းလည်း သိရသည်။ ထို့ပြင် ယင်းခေါက်ဖုန်းတွင် လျှို့ဝှက်ထားသော ဒီဇိုင်းများလည်းပါဝင်ကြောင်း HMD Global ကုမ္ပဏီကပြောကြားခဲ့သည်။

ပန်းရောင်ခေါက်ဖုန်းကိုမိတ်ဆက်မှုသည် ယခုနှစ်အတွင်း ဘာဘီအရုပ်၏ (၆၅)နှစ်ပြည့်မွေးနေ့နှင့်တိုက်ဆိုင်ပြီး ဩစတြေးလျရုပ်ရှင်သရုပ်ဆောင်မာဂေါ့ရော်ဘီသရုပ်ဆောင်ထားကာ ရုံတင်ဝင်ငွေအမေရိကန်ဒေါ်လာ(၁ ဒသမ ၄)ဘီလျံထိရရှိခဲ့သော ဘာဘီဇာတ်ကားထွက်ရှိခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ယခုကဲ့သို့ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သုတေသနကုမ္ပဏီ CCS Insight မှ ခွဲခြမ်းစိတ်ဖြာသူ ဘန်ဝုဒ်က'ပျော်စရာတစ်ခုအနေနဲ့ ဒီဖုန်းကိုဝယ်ယူဖို့ လူအနည်းစုကိုသွေးဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ လူတိုင်းကသူတို့ရဲ့ စမတ်ဖုန်းကိုပဲ အသုံးပြုနေတာကြောင့် အများကြီးမျှော်လင့်ထားလို့တော့မရပါဘူး' ဟုပြောဆိုခဲ့သည်။

ထို့ပြင် HMD Global ကုမ္ပဏီသည် ဗြိတိန်တွင် ဘာဘီဖုန်းအလုံးရေ(၄)သိန်းကျော် ရောင်းချနိုင်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း CCS Insight ကုမ္ပဏီကပြောကြားခဲ့သည်။

zawgyi version
Nokia ဖုန္းမ်ားကို ထုတ္လုပ္သည့္ HMD Global ကုမၸဏီက ပန္းေရာင္ဘာဘီေခါက္ဖုန္းကို စတင္မိတ္ဆက္
Pika (NP News) - ဩဂုတ္ ၂၉

Nokia ဖုန္းမ်ားကို ထုတ္လုပ္သည့္ HMD Global ကုမၸဏီသည္ အ႐ုပ္ထုတ္လုပ္သည့္ကုမၸဏီ Mattel ႏွင့္ပူးေပါင္းကာ ပန္းေရာင္ေခါက္ဖုန္းျဖစ္သည့္ HMD Barbie ဖုန္းကို မိတ္ဆက္ခဲ့ေၾကာင္းသိရသည္။

အဆိုပါဖုန္းသည္ အေမရိကန္ေဒၚလာ(၁၇၁)ေဒၚလာတန္ဖိုးရွိၿပီး ဩဂုတ္လ(၂၈)ရက္ေန႔မွစတင္ကာ ဝယ္ယူႏိုင္ၿပီျဖစ္ေၾကာင္းသိရသည္။အဆိုပါပန္းေရာင္ေခါက္ဖုန္းသည္ ဖုန္းေခၚဆိုျခင္းႏွင့္ စာတိုေပးပို႔ျခင္းမ်ားကို လုပ္ေဆာင္ႏိုင္မည္ျဖစ္ေသာ္လည္း ဆိုရွယ္မီဒီယာအပ္ပ္မ်ားကို အသုံးျပဳႏိုင္မည္မဟုတ္ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ယင္းေခါက္ဖုန္းတြင္ လွ်ိဳ႕ဝွက္ထားေသာ ဒီဇိုင္းမ်ားလည္းပါဝင္ေၾကာင္း HMD Global ကုမၸဏီကေျပာၾကားခဲ့သည္။

ပန္းေရာင္ေခါက္ဖုန္းကိုမိတ္ဆက္မႈသည္ ယခုႏွစ္အတြင္း ဘာဘီအ႐ုပ္၏ (၆၅)ႏွစ္ျပည့္ေမြးေန႔ႏွင့္တိုက္ဆိုင္ၿပီး ဩစေၾတးလ်႐ုပ္ရွင္သ႐ုပ္ေဆာင္မာေဂါ့ေရာ္ဘီသ႐ုပ္ေဆာင္ထားကာ ႐ုံတင္ဝင္ေငြအေမရိကန္ေဒၚလာ(၁ ဒသမ ၄)ဘီလ်ံထိရရွိခဲ့ေသာ ဘာဘီဇာတ္ကားထြက္ရွိခဲ့ၿပီးေနာက္ တစ္ႏွစ္အၾကာတြင္ ယခုကဲ့သို႔ဖန္တီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ သုေတသနကုမၸဏီ CCS Insight မွ ခြဲျခမ္းစိတ္ျဖာသူ ဘန္ဝုဒ္က'ေပ်ာ္စရာတစ္ခုအေနနဲ႔ ဒီဖုန္းကိုဝယ္ယူဖို႔ လူအနည္းစုကိုေသြးေဆာင္ႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဒါေပမဲ့ လက္ေတြ႕မွာေတာ့ လူတိုင္းကသူတို႔ရဲ႕ စမတ္ဖုန္းကိုပဲ အသုံးျပဳေနတာေၾကာင့္ အမ်ားႀကီးေမွ်ာ္လင့္ထားလို႔ေတာ့မရပါဘူး' ဟုေျပာဆိုခဲ့သည္။

ထို႔ျပင္ HMD Global ကုမၸဏီသည္ ၿဗိတိန္တြင္ ဘာဘီဖုန္းအလုံးေရ(၄)သိန္းေက်ာ္ ေရာင္းခ်ႏိုင္လိမ့္မည္ဟု ခန႔္မွန္းထားေၾကာင္း CCS Insight ကုမၸဏီကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.