ကိုယ်တိုင်သန့်ရှင်းမှုများ လုပ်ဆောင်နိုင်သည့် မှန်အမျိုးအစားကို တရုတ်သုတေသီများ တီထွင်

 137

Pika (NP News) - သြဂုတ် ၂၂
တရုတ်နိုင်ငံ Zhejiang တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် လျှပ်စစ်စက်ကွင်းကို ဖန်တီး ပေး သည့် လျှပ်ကူးပစ္စည်းအကူအညီဖြင့် ကိုယ်တိုင် သန့်ရှင်းမှုများလုပ်ဆောင်နိုင်သော ပါးလွှာပြီး ဖောက် မြင်နိုင်သည့် မှန်အမျိုးအစားအသစ်ကို တီ ထွင်ခဲ့ကြောင်း သိရသည်။
မှန်များနှင့်ပတ်သက်ပြီး မျက်နှာပြင် အမှုန်အမွှား ညစ်ညမ်းမှုသည် သိပ္ပံနည်းကျ ဖြေရှင်းရန် ရုန်း ကန်နေရသော ပြဿနာတစ်ခုဖြစ်သည်။ သွား လာ၍မရသောနေရာများတွင်ရှိသည့် ညစ်ပတ်သော ပြတင်းပေါက်များမှသည် သဲကန္တာရအလယ်ရှိ ဆိုလာ ပြားများအထိ ဖုန်များ၊ သဲများနှင့် အခြား အမှုန် အမွှားများကို ကိုင်တွယ်ဖြေရှင်းရာတွင် မကြာခဏခက်ခဲလေ့ရှိပြီး အချိန်ကုန်ကာဈေးကြီးကြောင်းလည်း သိရသည်။
သို့သော်လည်း တရုတ်နိုင်ငံမှသုတေသီ အဖွဲ့တစ်ဖွဲ့သည် ရေနှင့် ဓာတုပစ္စည်းများကို အသုံး မပြု ဘဲ စက္ကန့်အနည်းငယ်အတွင်း မျက်နှာပြင်အမှုန် များကို (၉၈)ရာခိုင်နှုန်းအထိ သန့်ရှင်းပေးနိုင်သော ကိုယ် တိုင်သန့်စင်မှုများလုပ်ဆောင်နိုင်သည့် မှန်အ မျိုးအစားကို တီထွင်နိုင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် အမှုန် အမွှားများသည် လျှပ်စစ်စက်ကွင်းတစ်ခုနှင့် ထိတွေ့သည့်အခါတွင် မမျှော်လင့်ထားသောပုံစံများပြုမူ သည်ကို သုတေသီများက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။ လျှပ်စစ် စက် ကွင်းနှင့်ထိသည့်အချိန်တွင် ဖုန်မှုန့်များသည် ဦးတည်ရာ ပြောင်းလဲသွားခြင်း သို့မဟုတ် မျက်နှာပြင် ပေါ်မှထွက်ကျသွားသည်ကို သုတေသီများက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှာဖွေတွေ့ရှိမှုကိုအခြေခံကာ တရုတ်နိုင်ငံမှသုတေသီအဖွဲ့တစ်ဖွဲ့သည် အထူ (ဝ ဒသမ ၆၂) မီလီမီတာသာရှိသော လျှပ်စစ်စက်ကွင်း အကူအညီဖြင့် ကိုယ်တိုင်သန့်ရှင်းမှုများလုပ် ဆောင်နိုင် သည့် ပါးလွှာပြီး ဖောက်မြင်နိုင်သောမှန်ကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
ကိုယ္တိုင္သန႔္ရွင္းမႈမ်ား လုပ္ေဆာင္ႏိုင္သည့္ မွန္အမ်ိဳးအစားကို တ႐ုတ္သုေတသီမ်ား တီထြင္
Pika (NP News) - ၾသဂုတ္ ၂၂
တ႐ုတ္ႏိုင္ငံ Zhejiang တကၠသိုလ္မွ သိပၸံပညာရွင္မ်ားသည္ လွ်ပ္စစ္စက္ကြင္းကို ဖန္တီး ေပး သည့္ လွ်ပ္ကူးပစၥည္းအကူအညီျဖင့္ ကိုယ္တိုင္ သန႔္ရွင္းမႈမ်ားလုပ္ေဆာင္ႏိုင္ေသာ ပါးလႊာၿပီး ေဖာက္ ျမင္ႏိုင္သည့္ မွန္အမ်ိဳးအစားအသစ္ကို တီ ထြင္ခဲ့ေၾကာင္း သိရသည္။
မွန္မ်ားႏွင့္ပတ္သက္ၿပီး မ်က္ႏွာျပင္ အမႈန္အမႊား ညစ္ညမ္းမႈသည္ သိပၸံနည္းက် ေျဖရွင္းရန္ ႐ုန္း ကန္ေနရေသာ ျပႆနာတစ္ခုျဖစ္သည္။ သြား လာ၍မရေသာေနရာမ်ားတြင္ရွိသည့္ ညစ္ပတ္ေသာ ျပတင္းေပါက္မ်ားမွသည္ သဲကႏၲာရအလယ္ရွိ ဆိုလာ ျပားမ်ားအထိ ဖုန္မ်ား၊ သဲမ်ားႏွင့္ အျခား အမႈန္ အမႊားမ်ားကို ကိုင္တြယ္ေျဖရွင္းရာတြင္ မၾကာခဏခက္ခဲေလ့ရွိၿပီး အခ်ိန္ကုန္ကာေဈးႀကီးေၾကာင္းလည္း သိရသည္။
သို႔ေသာ္လည္း တ႐ုတ္ႏိုင္ငံမွသုေတသီ အဖြဲ႕တစ္ဖြဲ႕သည္ ေရႏွင့္ ဓာတုပစၥည္းမ်ားကို အသုံး မျပဳ ဘဲ စကၠန႔္အနည္းငယ္အတြင္း မ်က္ႏွာျပင္အမႈန္ မ်ားကို (၉၈)ရာခိုင္ႏႈန္းအထိ သန႔္ရွင္းေပးႏိုင္ေသာ ကိုယ္ တိုင္သန႔္စင္မႈမ်ားလုပ္ေဆာင္ႏိုင္သည့္ မွန္အ မ်ိဳးအစားကို တီထြင္ႏိုင္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ အမႈန္ အမႊားမ်ားသည္ လွ်ပ္စစ္စက္ကြင္းတစ္ခုႏွင့္ ထိေတြ႕သည့္အခါတြင္ မေမွ်ာ္လင့္ထားေသာပုံစံမ်ားျပဳမူ သည္ကို သုေတသီမ်ားက ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ ယခုကဲ့သို႔ဖန္တီးႏိုင္ခဲ့ျခင္းျဖစ္သည္။ လွ်ပ္စစ္ စက္ ကြင္းႏွင့္ထိသည့္အခ်ိန္တြင္ ဖုန္မႈန႔္မ်ားသည္ ဦးတည္ရာ ေျပာင္းလဲသြားျခင္း သို႔မဟုတ္ မ်က္ႏွာျပင္ ေပၚမွထြက္က်သြားသည္ကို သုေတသီမ်ားက ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ရွာေဖြေတြ႕ရွိမႈကိုအေျခခံကာ တ႐ုတ္ႏိုင္ငံမွသုေတသီအဖြဲ႕တစ္ဖြဲ႕သည္ အထူ (ဝ ဒသမ ၆၂) မီလီမီတာသာရွိေသာ လွ်ပ္စစ္စက္ကြင္း အကူအညီျဖင့္ ကိုယ္တိုင္သန႔္ရွင္းမႈမ်ားလုပ္ ေဆာင္ႏိုင္ သည့္ ပါးလႊာၿပီး ေဖာက္ျမင္ႏိုင္ေသာမွန္ကို ဖန္တီးႏိုင္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.