ဂျပန်နိုင်ငံအခြေစိုက် Ingo PEACE မှ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ(၅)သိန်းနီးပါး ဆေးဝါးများကို ပထမဆုံးအကြိမ် လှူဒါန်း
2302
ယွန်း၊ နာမူ (NP News) - စက်တင်ဘာ ၁
ဂျပန်နိုင်ငံအခြေစိုက် Ingo PEACE မှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ မြန်မာနိုင်ငံအတွက် အမေရိကန် ဒေါ်လာ(၅)သိန်း နီးပါး ဆေးဝါးနှင့် ဆေးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများကို ပထမဆုံးအကြိမ် လှူဒါန်းခဲ့သည်။
အဆိုပါအခမ်းအနားကို ယနေ့တွင် ဗဟန်းမြို့နယ်ရှိ၊ Chatrium Ballroom ၌ ကျင်းပခဲ့ပြီး ဂျပန်နိုင်ငံအခြေစိုက် ingo PEACE မှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့် Ingo PEACE Vice President တို့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။
မြန်မာနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများ၏ တောင်းဆိုမှုအရ ဂျပန်နိုင်ငံမှ အဆိုပါအသင်းမှ ပထမဆုံးအကြိမ် အဖြစ် မြန်မာနိုင်ငံကို လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ထပ်မံလှူဒါန်းသွားနိုင်ရေးကိုလည်း စီစဥ်ဆောင်ရွက်နေကြောင်း သိရသည်။
“အစီအစဉ်ထဲမှာတော့ လှူဒါန်းတဲ့ငွေပမာဏတော့ မပါဘူး။ တကယ့်တကယ်ကျ အင်မတန် ဝမ်းသာစရာ ကောင်းပါတယ်။ ပေ ၂ဝ ကွန်တိန်နာတစ်လုံးစာ ဒေါ်လာ လေးသိန်း ခုနှစ်သောင်းကျော် အခုပထမဆုံးအနေနဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို လှူဒါန်းတာဖြစ်ပါတယ်။ ဆက်ပြီးသွားလို့ရှိရင်လည်း ဆက်လှူသွားဖို့ သူတို့ အနေနဲ့ စီစဉ်ဆောင်ရွက်နေတာရှိပါတယ်” ဟု မြန်မာနိုင်ငံ မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇင်ဝင်းက ဆိုသည်။
အဆိုပါဆေးဝါးများတွင် ကူးစက်ရောဂါနှင့်ပတ်သက်သည့်ဆေးဝါးများ အပါအဝင် ဆေးရုံ၊ ဆေးခန်းများ၌ အဓိက အသုံးပြုနိုင်သည့် ဆေးများလည်း ပါဝင်ကြောင်း သိရသည်။
Zawgyi Version;
ဂ်ပန္ႏိုင္ငံအေျခစိုက္ Ingo PEACE မွ ျမန္မာႏိုင္ငံအတြက္ အေမရိကန္ေဒၚလာ(၅)သိန္းနီးပါး ေဆးဝါးမ်ားကို ပထမဆုံးအႀကိမ္ လႉဒါန္း
ယြန္း၊ နာမူ (NP News) - စက္တင္ဘာ ၁
ဂ်ပန္ႏိုင္ငံအေျခစိုက္ Ingo PEACE မွ ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္းသို႔ ျမန္မာႏိုင္ငံအတြက္ အေမရိကန္ ေဒၚလာ(၅)သိန္း နီးပါး ေဆးဝါးႏွင့္ ေဆးလုပ္ငန္းသုံး ဆက္စပ္ပစၥည္းမ်ားကို ပထမဆုံးအႀကိမ္ လႉဒါန္းခဲ့သည္။
အဆိုပါအခမ္းအနားကို ယေန႔တြင္ ဗဟန္းၿမိဳ႕နယ္ရွိ၊ Chatrium Ballroom ၌ က်င္းပခဲ့ၿပီး ဂ်ပန္ႏိုင္ငံအေျခစိုက္ ingo PEACE မွ ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္းကို လႉဒါန္းခဲ့ျခင္းျဖစ္သည္။
အခမ္းအနားတြင္ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းဥကၠ႒ ပါေမာကၡ ေဒါက္တာမ်ိဳးၫြန႔္ႏွင့္ Ingo PEACE Vice President တို႔မွ လက္မွတ္ေရးထိုးခဲ့ၾကသည္။
ျမန္မာႏိုင္ငံမွ သက္ဆိုင္ရာတာဝန္ရွိသူမ်ား၏ ေတာင္းဆိုမႈအရ ဂ်ပန္ႏိုင္ငံမွ အဆိုပါအသင္းမွ ပထမဆုံးအႀကိမ္ အျဖစ္ ျမန္မာႏိုင္ငံကို လႉဒါန္းခဲ့ျခင္းျဖစ္ၿပီး ထပ္မံလႉဒါန္းသြားႏိုင္ေရးကိုလည္း စီစဥ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
“အစီအစဥ္ထဲမွာေတာ့ လႉဒါန္းတဲ့ေငြပမာဏေတာ့ မပါဘူး။ တကယ့္တကယ္က် အင္မတန္ ဝမ္းသာစရာ ေကာင္းပါတယ္။ ေပ ၂ဝ ကြန္တိန္နာတစ္လုံးစာ ေဒၚလာ ေလးသိန္း ခုႏွစ္ေသာင္းေက်ာ္ အခုပထမဆုံးအေနနဲ႔ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းကို လႉဒါန္းတာျဖစ္ပါတယ္။ ဆက္ၿပီးသြားလို႔ရွိရင္လည္း ဆက္လႉသြားဖို႔ သူတို႔ အေနနဲ႔ စီစဥ္ေဆာင္႐ြက္ေနတာရွိပါတယ္” ဟု ျမန္မာႏိုင္ငံ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ ျဖန႔္ျဖဴးေရာင္းခ်ေရး လုပ္ငန္းရွင္မ်ားအသင္းမွ ဒုတိယဥကၠ႒ ဦးမ်ိဳးဇင္ဝင္းက ဆိုသည္။
အဆိုပါေဆးဝါးမ်ားတြင္ ကူးစက္ေရာဂါႏွင့္ပတ္သက္သည့္ေဆးဝါးမ်ား အပါအဝင္ ေဆး႐ုံ၊ ေဆးခန္းမ်ား၌ အဓိက အသုံးျပဳႏိုင္သည့္ ေဆးမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။