ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟို ကြီးကြပ်ကွပ်ကဲမှုအဖွဲ့အပေါ် သူတို့အမြင်

 3584

သုတကျော် (NP News) - စက်တင်ဘာ ၄

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို မကြာမီက ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့သည် အဆင့်ဆင့်ဖွဲ့စည်းသွားမည်ဖြစ်ကာ ရပ်ကွက်၊ ကျေးရွာတွင် နေထိုင်သူများ သည် မိမိတို့ဒေသလုံခြုံရေးအတွက် ဆောင်ရွက်ခွင့်ရကြမည်ဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်အချို့ထံ The Statesman Journal မှ မေးမြန်းထားသည်များအား NP News မှ ထပ်ဆင့်ကောက်နုတ်ဖော်ပြအပ်ပါသည်။

ဒေါ်စန္ဒာမင်း - လွှတ်တော်ကိုယ်စားလှယ်ဟောင်း
အဲဒီဟာကတော့ အစ်မတို့တွေ့တာက လို အပ်တယ်။ လူတွေက အခုလောလောဆယ်မှာ စစ်မှု ထမ်းဥပဒေအရ စစ်မှုထမ်းဖို့ နှစ်နှစ်ခေါ်ဆောင်တဲ့ကိစ္စ တွေရယ်၊ ပြည်သူ့စစ်ဆိုပြီးတော့ နယ်စပ်ဒေသတွေနဲ့ တိုင်းရင်းသားဒေသတွေမှာ ပြည်သူ့စစ်ဖွဲ့တဲ့ ပုံစံမျိုး တွေနဲ့ အခု ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်း ရေးအဖွဲ့ဆိုပြီး လုံ/ကြမ်းလို့ ခေါ်တယ်တဲ့။ ဒီဟာတွေ ကိုတော့ ရောထွေးနေကြတယ်။ သေသေချာချာ ရှင်း ပြဖို့က စာနဲ့ပေနဲ့လည်း ရှင်းပြသင့်တယ်။ နောက်တစ် ခုကတော့ လူကြားထဲမှာလည်း အဲဒါတွေအားလုံးကို တစ်ခုချင်းစီရဲ့အဓိပ္ပာယ်ရော၊ တစ်ခုချင်းကိုရော ဘာ ကြောင့်ဖွဲ့ရတယ်ဆိုတာကို နားလည်အောင် ရှင်းပြ စေချင်တယ်၊ ရှင်းပြဖို့ လိုတယ်။ နောက်တစ်ခုကတော့ အခုဖွဲ့တဲ့ လုံ/ကြမ်းဆိုရင်တော့ ဥပဒေ မထွက်သေး ဘူးလို့ပြောတယ်။ ဒါ အခုချိန်အထိ တပ်ချုပ်ကြီးကို တင်ပြထားတုန်းပဲရှိသေးတယ်။ ပြန်တော့မကျသေး ဘူးလို့ သိရတယ်။ ဒါပေမဲ့ ဒီဟာတွေကတော့ ပြည် သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့က မရှိ သင့်ဘူးလားဆိုတော့ ရှိသင့်ပါတယ်။ ကျွန်မတို့ ရန် ကုန်မြို့လိုမြို့ကြီးတွေဆိုရင် ပြည်သူ့စစ်ဆိုတာမရှိ ဘူး။ ပြည်သူ့စစ်ဆိုတာမရှိတော့ တစ်ခုခုများ ဖြစ်လာ ပြီဆိုရင် တပ်ကိုခေါ်နေရတယ်၊ ရဲကို ခေါ်နေရတယ် ဆိုတာထက် ဟိုတုန်းကလည်း ဒါမျိုးတွေလုပ်ခဲ့ကြဖူး ပါတယ်။ ဥပမာအနေနဲ့ မဆလခေတ်မှာဆိုရင် မီးဘေးလုံခြုံရေး မီးကင်းစောင့်ရတယ်ဆိုတာမျိုးပေါ့။ ဒါက ပိုက်ဆံပေးတာလည်းမဟုတ်ဘူး။ ကိုယ့်ရပ်ရွာ ဒေသအတွက် ကိုယ့်ဘာသာ ရပ်ရွာကဖွဲ့ပြီးတော့ စောင့်ရှောက်ကြတာပေါ့။ အဲဒီလိုပဲ (၈၈) အရေးအ ခင်းတွေဖြစ်တုန်းကလည်း ကိုယ့်ရပ်ရွာအတွက်ကို ဖွဲ့စည်းကြရတယ်။ ရပ်ကွက်လုံခြုံရေးအဖွဲ့တွေကို ဘယ်သူကမှလာပြီးတော့ ပိုက်ဆံလည်းမပေးပါဘူး၊ ထောက်ပံ့တာလည်း မရှိဘူး။ ဒါပေမဲ့ ကိုယ့်ရပ်ရွာလုံ ခြုံရေးအတွက်ဆိုတော့ အဲဒီတုန်းကလည်း ဖွဲ့စည်း ကြတာရှိပါတယ်။ ဥပဒေနဲ့လည်း မဟုတ်ဘူး၊ အမိန့် ညွှန်ကြားချက်နဲ့လည်းမဟုတ်ဘူး ဖွဲ့စည်းကြတယ်။ အဲဒါတွေအားလုံးက မလိုအပ်ဘူးလားဆိုတော့ လိုအပ်တယ်။ အခု မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးမဟုတ် ဘူးဆိုရင်တောင် လူတွေက မီဒီယာရဲ့လှုံ့ဆော်မှုတွေ ကြောင့် တစ်နိုင်ငံလုံးပဲ ပြည်တွင်းစစ်ကြီးဖြစ်နေသလို ထင်ယောင်ထင်မှားတာတွေရှိတယ်။ မဟုတ်ဘူးလား ဆိုတော့လည်း ဟုတ်တယ်လို့ အကြမ်းဖျင်းအားဖြင့် ပြောလို့ရတာပေါ့။ ခုနကလို ပြည်သူ့စစ်တို့ ဘာတို့လို မနီးစပ်တဲ့ မြို့ကြီးတွေမှာဆိုရင်တော့ ဒီလိုအဖွဲ့တွေကို ဖွဲ့ကိုဖွဲ့ထားသင့်တယ်။ အဲဒီလိုမှသာလျှင်လည်း ရန် ကုန်မြို့ထဲမှာတော့ အကြမ်းဖက်ကိစ္စက မဖြစ်နိုင်ဘူး ဆိုပေမယ့်လည်း ဖောက်ခွဲဖျက်ဆီးတာက အချိန်မ ရွေးဖြစ်လာနိုင်တယ်။ ဒါမျိုးတွေကို တားဆီးနိုင်မယ်လို့ ကျွန်မကပြောချင်တယ်။
အခုချိန်မှာ ကိုယ့်နိုင်ငံ ဘာဖြစ်နေတာလဲ ဆိုတာ မြင်ဖို့လိုတယ်။ ကိုယ့်နိုင်ငံရဲ့အခြေအနေက တည်ငြိမ်တဲ့အခြေအနေလား၊ စစ်ဖြစ်နေတဲ့အခြေ အနေလားဆိုတာ သိရမယ်။ ဒီလိုအခြေအနေမှာ ဒါမျိုး ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ရတယ်ဆိုတာ မမှား ဘူးလို့ ပြောချင်တယ်။ ဥပမာ အခုလို မတည်ငြိမ်တဲ့ နိုင်ငံမဟုတ်ပါဘူး။ အမေရိကန်လိုနိုင်ငံမှာတောင် ပါတီကြီးတွေကဖွဲ့ထားတဲ့ အဖွဲ့တွေဆိုတာ ရှိတာပဲ။ ပါတီကြီးနှစ်ခုကဖွဲ့ထားပြီး ပူးတွဲဖွဲ့စည်းအုပ်ချုပ် တာလည်းရှိတာပဲ။ ဒါက အမေရိကန်နိုင်ငံမှာတောင် ရှိတယ်ဆိုရင် ကျွန်မတို့လိုမျိုး မတည်ငြိမ်မှုတွေဖြစ် နေတဲ့နိုင်ငံမှာ ဒါမျိုးအဖွဲ့အစည်းတွေက ရှိလည်း ရှိ သင့်တယ်၊ လုပ်လည်း လုပ်ထားသင့်တယ်။ အခု တိုင်းပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ဆိုတဲ့ တစ်ခု လေးမကြည့်ဘဲနဲ့ လူတွေဟာ ကျယ်ကျယ်ပြန့်ပြန့် မြင်သင့်တယ်။ ကျွန်မတို့နိုင်ငံက Proxy ဖြစ်နေ တယ်ဆိုတာကိုလည်း အဲဒါကို ပိုပြီးသတိထား သင့်တယ်။ Proxy အနေနဲ့ ဖြစ်နေတဲ့ တိုင်းပြည်ဆိုရင် ဒီလိုအဖွဲ့အစည်းတွေက ပိုပြီးလိုအပ်တယ်လို့ ပြော ချင်ပါတယ်။

အငြိမ်းစား ရဲမှူးကြီး တစ်ဦး
လတ်တလောဖြစ်နေတဲ့အခြေအနေအရ တော့ လိုအပ်တယ်လို့ပြောရမှာပေါ့။ ကိုယ့်မြို့၊ ကိုယ့် ရွာ လုံခြုံရေးပေါ့နော်။ လုံခြုံရေးကို ပြည်သူတွေက ပါဝင်ဆောင်ရွက်ရမယ်ဆိုတဲ့အနေအထား ဖြစ်လာ တာပေါ့။ အထူးသဖြင့်တော့ ပါတီစွဲတွေ၊ နိုင်ငံစွဲတွေ မပါဘဲ လုံခြုံရေးကိုခြိမ်းခြောက်လာတဲ့ လုယက်မှုတွေ၊ ဓားပြမှုတွေ၊ လူသတ်မှုတွေကိုပဲပြောဦးတော့။ အဲဒါ တွေက မဖြစ်မနေကာကွယ်ရမယ့်ဟာတွေ ဖြစ်လာပြီ။ သက်ဆိုင်ရာ နယ်မြေမှာရဲစခန်းတွေ ရဲတွေရှိသော် လည်းပဲ သူတို့ဝန်နဲ့သူတို့ ပိနေကြတယ်လေ။ မြန်မာ နိုင်ငံရဲ့ လက်ရှိလူဦးရေနဲ့ ရဲတပ်ဖွဲ့အချိုးအစားက လည်း အင်မတန် ကွာဟတယ်လေနော်။ ပြည်သူလူ ထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစဉ်ဆိုတာလည်း ဟိုတုန်းကရှိတယ်။ အဲဒီတော့ အခုဟာက ဒါထက် ပိုမြင့်တာပေါ့။ အခုဟာကတော့ ပါဝင်ပူးပေါင်းဆောင် ရွက်ရမယ့်အပိုင်းတွေ ပါလာမှာပေါ့။ ရပ်ရွာ အေးချမ်း၊ သာယာ၊ လုံခြုံရေးအတွက်တော့ ရပ်ရွာကလူတွေ ပါသင့်တယ်ထင်ပါတယ်။ ပြည်သူတွေရဲ့ စိတ်ပါဝင် စားမှုနဲ့လည်းဆိုင်မယ်။ ဒီတာဝန်ဟာ ငါတို့မှာလည်း ရှိတယ်ဆိုတဲ့ သူတို့ရဲ့ အမြင်၊ ခံယူချက်ပေါ့။ တစ်ဦး ချင်းစီရဲ့ ခံစားမှု၊ စိတ်ဆန္ဒနဲ့လည်းဆိုင်မယ်။ တချို့ ကလည်း ဒါ ရဲက လုပ်ရမှာပဲ၊ တပ်က လုပ်ရမှာပဲတို့ ဘာတို့ အဲဒီလိုပြောတာတွေလည်း ရှိကောင်း ရှိနိုင် တယ်။ သို့သော်လည်းပဲ ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက် လုံခြုံဖို့တော့ ဒီလမ်းမှာနေတဲ့သူတွေက၊ ဒီရပ်ကွက် မှာနေတဲ့သူတွေက အခန်းတစ်ကဏ္ဍက ပါသင့်တာ ပေါ့။ (ဒီအဖွဲ့နဲ့ပတ်သက်ပြီး ပြည်ပမီဒီယာတွေမှာ မှား ယွင်းရေးသားတာတွေရှိနေတဲ့အပေါ်) ကျွန်တော်တို့ ပြောတာထက်စာရင်တော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ပြောတာပိုကောင်းတယ်။ အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ် တွေက ရပ်ရွာတွေမှာ အများသိအောင်ရှင်းပြမယ်၊ နောက်တစ်ခါ ပြန်ကြားရေးဝန်ကြီးဌာနတို့၊ သတင်း မှန်ပြန်ကြားရေးတို့ အဲဒီလိုအဖွဲ့တွေက လူထုနား ပေါက်အောင် ဘယ်လိုပြောပြရမလဲဆိုတာ နည်း လမ်းရှာပြီးရှင်းပြရမယ်။ စစ်မှုထမ်းကိစ္စလိုပေါ့။ ဒီ ရှင်း တာက နောက် ပြဿနာပေါ်တာက ရှေ့ ဖြစ်နေတယ်။ အဲဒီလိုဟာတွေမပြောခင်မှာ လက်ဦးမှုရပြီး ပြည် သူတွေကြားမှာ ဒီလုပ်ငန်းစဉ်ကို လက်ခံလာအောင် ပြောဖို့က ပါဝင်ပတ်သက်တဲ့ဌာနတွေမှာတာဝန်ရှိ တယ်လို့ အန်ကယ်ကတော့ မြင်တယ်။ အန်ကယ်တို့ တစ်ဦးချင်းပြောမယ်ဆို ဒီဘိုးတော်ကြီး ပင်စင်စားပြီး တော့မှ ဘာတွေလျှောက်ပြောနေတာလဲ၊ ကိုယ်မ လုပ်ရတိုင်း လျှောက်ပြောတယ်ထင်မယ်။ လက်ရှိ အထွေထွေအုပ်ချုပ်ရေးတို့ ရဲတပ်ဖွဲ့တို့၊ နယ်လုံဝန် ကြီးနဲ့ဆိုင်နဲ့ သက်ဆိုင်ရာနယ်မြေတချို့မှာရှိတဲ့ တာဝန်ရှိသူတွေက ရပ်ကွက်တွေမှာ ရှင်းလင်းပြော ကြားတာတွေလုပ်ရမယ်။ ခက်တာက အခုက လူတွေ က သတင်းစာလည်းမဖတ်ဘူး၊ မြန်မာ့အသံလည်း မကြည့်ဘူး၊ သူတို့ကြည့်တာက ယူကျုတို့၊ ဖေ့စ် ဘွတ်ခ်တို့ တစ်တော့တို့လောက်ပဲကြည့်ပြီးတော့ အဲဒီမှာပြောတဲ့ဟာတွေပဲ အဟုတ်ထင်နေကြတာ။ (၉၀%)က အမှားတွေလေ။ အဲဒီမှာ ဘာထိုးဖောက် မလဲ ဒါမှမဟုတ် ကိုယ်က ဏကဘူငခ ကို သတင်းအချက် အလက်ပေးတဲ့အခါ ထိရောက်မြန်ဆန်တာတွေဖြစ်မှ ဖြစ်မှာလေ။

ဦးသိန်းထွန်းဦး - အမှုဆောင် ဒါရိုက်တာ(သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့)
ပထမတုန်းကတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေပေါ့။ ပြည်သူ့စစ်မှုထမ်းဥပဒေကတော့ ဘယ် လိုခေါ်မလဲ ယေဘုယျသဘောဆန်တယ်။ စစ်မှုထမ်း မယ့် လုံခြုံရေးပိုင်းပေါ့။ ကင်းလှည့်တာတို့ ဘာတို့။ အခု ဖွဲ့လိုက်တဲ့အဖွဲ့ကျတော့ အကြမ်းနှိမ်နင်းရေး ဆိုတာပါ ပါလာတယ်။ ပိုပြီးတော့ စည်းစနစ်ပိုကျသွား တယ်ပေါ့။ လုပ်မယ့်လုပ်ငန်းစဉ်ကို ပိုပြီးတော့ ကျယ် ကျယ်ပြန့်ပြန့်လုပ်နိုင်တဲ့ အနေအထားဖြစ်သွားတယ်။ ဖွဲ့သင့်လားဆိုရင်တော့ လုံခြုံရေးအနေအထားကို ပိုပြီးတင်းတင်းကြပ်ကြပ်၊ ထိထိရောက်ရောက် ကိုင် တွယ်မယ်ဆိုရင်တော့ ဒီလိုအဖွဲ့မျိုးက ပိုပြီးကိုက်ညီ တယ်။ ဖွဲ့သင့်လားဆိုရင်တော့ ဖွဲ့သင့်တယ်လို့ ပြောရ မှာပေါ့။ ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင်မှာရှိတဲ့ နိုင်ငံတွေကိုတောင်မှ ပြန်တွေးကြည့်ရင် သူတို့က ပြည်သူ့စစ်မှုထမ်းပေါ့၊ စေတနာ့ဝန်ထမ်းပုံစံဖွဲ့ထား တဲ့ အဖွဲ့တွေမှာတောင် ဘာတွေပါလာမလဲဆိုတော့ စစ်မှုထမ်းဟောင်းတွေ ပါလာမယ်၊ ရဲတပ်ဖွဲ့ဝင်အငြိမ်း စားတွေပါထားပြီးတော့ ရပ်ကွက်၊ ကျေးရွာ လုံခြုံရေး ကို ပြည်သူ့စစ်ပုံစံမျိုးနဲ့ တာဝန်ယူသွားကြတာ။ ဘေး နိုင်ငံဆို အိန္ဒိယမှာလည်းတွေ့ဖူးတော့ မြန်မာနိုင်ငံ မှာလည်း ဒီလိုပုံစံမျိုးလုပ်မယ်ဆိုရင် အင်မတန်မှ အ လုပ်ဖြစ်သွားပြီးတော့ တော်တော်အကျိုးရှိမယ့်ဖွဲ့စည်း မှုလို့ သုံးသပ်လို့ရပါတယ်။ အမှန်ကတော့ ကျွန်တော် တို့က လုံခြုံရေးဆိုင်ရာ သာမန်အနေအထားဆိုရင်Traditional Security ခေါ်တာပေါ့။ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ စစ်မက်ဖြစ်ပွားတဲ့အချိန်၊ တိုက်ပွဲတွေ ဘာတွေ ဒါမျိုးဆို နိုင်ငံတော်ကာကွယ်ရေးက ကာကွယ်ရေးအင်အားစုဖြစ်တဲ့ တပ်မတော်တို့၊ တိုက်ခိုက် ရေး ရဲတပ်ဖွဲ့တွေသုံးကြတယ်။ ဒါမျိုးမဟုတ်ဘဲ Non traditional Security ဖြစ်တဲ့ အကြမ်းဖက်တိုက် ခိုက်မှုတွေ၊ ရပ်ရွာ အေးချမ်းငြိမ်သက်အောင် လုပ် ဆောင်တဲ့ကိစ္စရပ်တွေကျတော့ အဲဒီအချိန်မှာ ပြည် သူလူထုပါဝင်မှုက အရေးအကြီးဆုံးဖြစ်သွားတယ်။ အဲဒီအချိန်မှာ ပြည်သူ့စစ်တို့နဲ့ပတ်သက်တာတွေ၊ ပြည်သူ့စစ်မှုထမ်းအပြင် ရပ်ရွာတည်ငြိမ် အေးချမ်း ရေးနဲ့ပတ်သက်လို့ ဒီလိုမျိုးအဖွဲ့တွေပါဝင်လာပြီး ပြည်သူတွေ ပူးပေါင်းဆောင်ရွက်မှုက ပိုပြီး အကျိုး ရှိစေပါလိမ့်မယ်။ ဒီလိုအဖွဲ့မျိုးက အရေးကြီးဆုံး ဖြစ်တယ်လို့ သုံးသပ်ချင်ပါတယ်။ အထူးသဖြင့်တော့ အခုက လောလောဆယ် တပ်မတော်အနေနဲ့ ဘာ သွားထားလဲဆိုတော့ အနိမ့်ဆုံးအဆင့်နဲ့ အနည်းဆုံး အင်အား။ အဲဒီလိုပုံစံလုပ်ဖို့ဆိုရင် ဘာလုပ်ရလဲဆို တော့ လုံခြုံရေးအတွက် ရှိသမျှအင်အားတွေကို ဖြန့်ခွဲ ထုတ်ရတယ်။ ဒါကြောင့်မို့လို့ အဓိကဖြစ်တဲ့ ကာကွယ် ရေး တာဝန်ထမ်းဆောင်ဖို့ကျတော့ အဲဒီအင်အားတွေ က ပြန်စုစည်းရမယ်ဆိုရင် လုံခြုံရေးတာဝန်မှာ လျော့ ပေါ့သွားတာ ဖြစ်နိုင်တယ်။ ပြည်သူ့စစ်ကို ခုနက ပြော သလို ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်း ရေးကိုပူးပေါင်းပြီး ပြည်သူ့အင်အားကို ယူလိုက်တဲ့အ ခါမှာ မြို့ရွာတွေကိုကာကွယ်ရမယ့်တာဝန်သည် အသစ်ဖွဲ့တဲ့ ပြည်သူ့စစ်တွေရဲ့တာဝန်ရောက်သွား တယ်။ ဘာဖြစ်သလဲဆိုတော့ မူလစစ်ဘက်တာဝန် ဖြစ်တဲ့ တပ်မတော်သားတွေက တကယ့် တိုက်ခိုက် ရေးတာဝန်နဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ပိုပြီး တော့ အာရုံစိုက်လို့ရသွားမယ်။ အားသာချက်က အများကြီးပါပဲ။ အဓိကက အဲဒီဥပဒေကို ဘယ် လောက်အကောင်အထည်ဖော်နိုင်မလဲ၊ ဘယ်လောက် အကျိုးရှိရှိလုပ်နိုင်သလဲဆိုတဲ့အပေါ်မူတည်ပြီး ရလဒ် ကောင်းကောင်းတွေ မျှော်လင့်နိုင်ပါတယ်။

ဦးတင်ဆွေ - ဒုတိယ ဥက္ကဋ္ဌ - ဒီမိုကရက်တစ်ပါတီ
လက်ရှိ လုံခြုံရေးအနေအထားအရ တပ် ရယ်၊ ပြည်သူ့ရဲရယ်၊ ပြည်သူ့စစ်ရယ် ဒါတွေနဲ့ မလုံ လောက်တော့ဘူးလေ။ ဒါကို ကြိုဆိုပါတယ်။ မကြာ ခင်ကပဲ နိုင်ငံတော်အကြီးအကဲက မန္တလေးသွားတော့ လည်း ပြောပြတယ်လေ။ ပြည်ထောင်စုမပြိုကွဲရေး အတွက်ဆိုရင် ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားပြီးသား နိုင်ငံ သားအားလုံးမှာ တာဝန်ရှိတယ်ဆိုတာ။ ဒါကလည်း အဲဒါနဲ့ဆက်နွှယ်နေတာကိုး။ အရေးကြီးပါတယ်၊ လိုအပ်ပါတယ်လို့ အကြံပြုချင်ပါတယ်။ တချို့က တော့ ကိုယ်မပူတဲ့အခါမကျတော့ မပူသလိုနေတာ ပေါ့ဗျာ။ ကိုယ်ပူတော့မှပူမှန်းသိတော့ အပူခံလိုက်ရ တာပေါ့။ ပူမယ်မှန်းသိရင် ကြိုလုပ်ထားတော့ ကိုယ် မပူဘူးပေါ့။ ပြည်သူတွေကိုပြောချင်တာတော့ ထိမှ နာတယ်ဆိုတော့ အနာရွတ်ကျန်ခဲ့တာပေါ့။ မနာခင် တည်းက ကြိုတင်ကာကွယ်တာက အကောင်းဆုံး ပါပဲ။ တချို့ကလည်း စည်းရုံးတဲ့နေရာမှာ ပြောနိုင်ဖို့ ပေါ့။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ထိ ရောက်တယ်ဆိုတဲ့အကြောင်း ပြောသလိုပေါ့။ လက်ရှိ တပ်မတော်တာဝန်က ပြည်ပကျူးကျော်စစ်ကိုတိုက်ဖို့ တာဝန်ရှိလေ။ လုံခြုံရေးကျတော့ ရဲတာဝန်လေ။ လက်ရှိက ပြည်တွင်းမှာဖြစ်နေတဲ့တပ်ရော ပြည်သူ့ ရဲရောလုပ်နေရတော့ မြန်မာနိုင်ငံလူဦးရေက တပ်နဲ့ ပြည်သူ့ရဲနဲ့ အချိုးချမယ်ဆိုရင် ဘယ်လိုမှမမျှတ ဘူးလေ။ ကျွန်တော်တို့ တောင်ဒဂုံလူဦးရေနဲ့ ရဲနဲ့ အချိုးချကြည့် ဘယ်လိုမှမမျှတဘူး။ အဲဒီလို ဖြစ်နေ တာ။ ဒါကတော့ ပြည်သူတွေပါဝင်နိုင်တော့ တပ်ရဲ့ လုပ်ငန်းစဉ်တို့ကို ပိုပြီး အလေးထားနိုင်တာပေါ့ဗျာ။ အရေးပေါ်ကာလမှာ အခု ဒီလိုဖွဲ့စည်းတာမျိုးက ဆေးမြီးတိုသဘောမျိုးလို့ ကျွန်တော်ထင်တာပေါ့။ ရေရှည်အလုပ်ကတော့ ဖွဲ့စည်းပုံမှာပါပြီးသားပဲ။ နိုင်ငံသားတိုင်း အသက်ပြည့်ပြီးသူတိုင်းကတော့ စစ်မှုမထမ်းမနေရ လုပ်ကိုလုပ်ရမယ်။ အင်မတန် လူများတဲ့နိုင်ငံတွေကြားမှာ လုပ်ကိုလုပ်ရမယ်လေ။ လူထုနဲ့တိုက်ရိုက်ထိတွေ့တာတော့ နိုင်ငံရေးပါတီက အခြေခံမှာရှိတော့(အဖွဲ့နဲ့ပတ်သက်လို့ အသိပေး တာကို) ပါတီတွေနဲ့ပေါင်းပြီးလုပ်မယ်ဆိုရင်တော့ ပိုပြီးတော့ ထင်သာမြင်သာပြီး အောက်ခြေပိုသိတာ ပေါ့။ ညွှန်ကြားချက်တွေက အထက်ကလာတဲ့အခါ တစ်ခါတလေမှာ အောက်ခြေမှာ အဖြစ်မှန် မတင် ပြတာရှိတာကိုး။ နိုင်ငံရေးပါတီက ထောက်ပြနိုင်တော့ အားနည်းချက်ကို အထက်က ချက်ချင်းသိတာပေါ့။ တိုင်းပြည်ရဲ့လုံခြုံရေးမှာ ပါတီ တွေကလည်း အစိုးရ တက်ဖြစ်မယ့်လူတွေလေ။ သူတို့လည်း မဆိုင်ဘူးလား ဆိုင်တယ်လေ။ သူတို့ နားထောင်သင့်တယ်။ သူတို့ရဲ့ ပါတီဝင်တွေကို ချပြသင့်တယ်။ ဒါကလည်း နိုင်ငံ့ အရေး လုံခြုံရေးလေ။ အဖွဲ့ထဲမှာပါဝင်သင့်တယ်လို့ ထင်တယ်လေ။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှ လာ မယ့်ရွေးကောက်ပွဲမှာ သူ့ဆုံးဖြတ်မဲတစ်မဲက မှန်မှန်ကန်ကန်ရောက်နိုင်မှာ။

ျပည္သူ႔လုံၿခဳံေရးႏွင့္ အၾကမ္းဖက္ႏွိမ္နင္းေရးဗဟို ႀကီးၾကပ္ကြပ္ကဲမႈအဖြဲ႕အေပၚ သူတို႔အျမင္

သုတေက်ာ္ (NP News) - စက္တင္ဘာ ၄

ျပည္သူ႔လုံၿခဳံေရးႏွင့္ အၾကမ္းဖက္ႏွိမ္နင္းေရးဗဟိုႀကီးၾကပ္ကြပ္ကဲမႈအဖြဲ႕ကို မၾကာမီက ဖြဲ႕စည္းခဲ့သည္။ အဆိုပါအဖြဲ႕သည္ အဆင့္ဆင့္ဖြဲ႕စည္းသြားမည္ျဖစ္ကာ ရပ္ကြက္၊ ေက်း႐ြာတြင္ ေနထိုင္သူမ်ား သည္ မိမိတို႔ေဒသလုံၿခဳံေရးအတြက္ ေဆာင္႐ြက္ခြင့္ရၾကမည္ျဖစ္သည္။ အဆိုပါကိစၥႏွင့္ပတ္သက္၍ နယ္ပယ္ အသီးသီးမွ ပုဂၢိဳလ္အခ်ိဳ႕ထံ The Statesman Journal မွ ေမးျမန္းထားသည္မ်ားအား NP News မွ ထပ္ဆင့္ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေဒၚစႏၵာမင္း - လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း
အဲဒီဟာကေတာ့ အစ္မတို႔ေတြ႕တာက လို အပ္တယ္။ လူေတြက အခုေလာေလာဆယ္မွာ စစ္မႈ ထမ္းဥပေဒအရ စစ္မႈထမ္းဖို႔ ႏွစ္ႏွစ္ေခၚေဆာင္တဲ့ကိစၥ ေတြရယ္၊ ျပည္သူ႔စစ္ဆိုၿပီးေတာ့ နယ္စပ္ေဒသေတြနဲ႔ တိုင္းရင္းသားေဒသေတြမွာ ျပည္သူ႔စစ္ဖြဲ႕တဲ့ ပုံစံမ်ိဳး ေတြနဲ႔ အခု ျပည္သူ႔လုံၿခဳံေရးနဲ႔ အၾကမ္းဖက္ ႏွိမ္နင္း ေရးအဖြဲ႕ဆိုၿပီး လုံ/ၾကမ္းလို႔ ေခၚတယ္တဲ့။ ဒီဟာေတြ ကိုေတာ့ ေရာေထြးေနၾကတယ္။ ေသေသခ်ာခ်ာ ရွင္း ျပဖို႔က စာနဲ႔ေပနဲ႔လည္း ရွင္းျပသင့္တယ္။ ေနာက္တစ္ ခုကေတာ့ လူၾကားထဲမွာလည္း အဲဒါေတြအားလုံးကို တစ္ခုခ်င္းစီရဲ႕အဓိပၸာယ္ေရာ၊ တစ္ခုခ်င္းကိုေရာ ဘာ ေၾကာင့္ဖြဲ႕ရတယ္ဆိုတာကို နားလည္ေအာင္ ရွင္းျပ ေစခ်င္တယ္၊ ရွင္းျပဖို႔ လိုတယ္။ ေနာက္တစ္ခုကေတာ့ အခုဖြဲ႕တဲ့ လုံ/ၾကမ္းဆိုရင္ေတာ့ ဥပေဒ မထြက္ေသး ဘူးလို႔ေျပာတယ္။ ဒါ အခုခ်ိန္အထိ တပ္ခ်ဳပ္ႀကီးကို တင္ျပထားတုန္းပဲရွိေသးတယ္။ ျပန္ေတာ့မက်ေသး ဘူးလို႔ သိရတယ္။ ဒါေပမဲ့ ဒီဟာေတြကေတာ့ ျပည္ သူ႔လုံၿခဳံေရးနဲ႔ အၾကမ္းဖက္ႏွိမ္နင္းေရးအဖြဲ႕က မရွိ သင့္ဘူးလားဆိုေတာ့ ရွိသင့္ပါတယ္။ ကြၽန္မတို႔ ရန္ ကုန္ၿမိဳ႕လိုၿမိဳ႕ႀကီးေတြဆိုရင္ ျပည္သူ႔စစ္ဆိုတာမရွိ ဘူး။ ျပည္သူ႔စစ္ဆိုတာမရွိေတာ့ တစ္ခုခုမ်ား ျဖစ္လာ ၿပီဆိုရင္ တပ္ကိုေခၚေနရတယ္၊ ရဲကို ေခၚေနရတယ္ ဆိုတာထက္ ဟိုတုန္းကလည္း ဒါမ်ိဳးေတြလုပ္ခဲ့ၾကဖူး ပါတယ္။ ဥပမာအေနနဲ႔ မဆလေခတ္မွာဆိုရင္ မီးေဘးလုံၿခဳံေရး မီးကင္းေစာင့္ရတယ္ဆိုတာမ်ိဳးေပါ့။ ဒါက ပိုက္ဆံေပးတာလည္းမဟုတ္ဘူး။ ကိုယ့္ရပ္႐ြာ ေဒသအတြက္ ကိုယ့္ဘာသာ ရပ္႐ြာကဖြဲ႕ၿပီးေတာ့ ေစာင့္ေရွာက္ၾကတာေပါ့။ အဲဒီလိုပဲ (၈၈) အေရးအ ခင္းေတြျဖစ္တုန္းကလည္း ကိုယ့္ရပ္႐ြာအတြက္ကို ဖြဲ႕စည္းၾကရတယ္။ ရပ္ကြက္လုံၿခဳံေရးအဖြဲ႕ေတြကို ဘယ္သူကမွလာၿပီးေတာ့ ပိုက္ဆံလည္းမေပးပါဘူး၊ ေထာက္ပံ့တာလည္း မရွိဘူး။ ဒါေပမဲ့ ကိုယ့္ရပ္႐ြာလုံ ၿခဳံေရးအတြက္ဆိုေတာ့ အဲဒီတုန္းကလည္း ဖြဲ႕စည္း ၾကတာရွိပါတယ္။ ဥပေဒနဲ႔လည္း မဟုတ္ဘူး၊ အမိန႔္ ၫႊန္ၾကားခ်က္နဲ႔လည္းမဟုတ္ဘူး ဖြဲ႕စည္းၾကတယ္။ အဲဒါေတြအားလုံးက မလိုအပ္ဘူးလားဆိုေတာ့ လိုအပ္တယ္။ အခု ျမန္မာႏိုင္ငံမွာ တစ္ႏိုင္ငံလုံးမဟုတ္ ဘူးဆိုရင္ေတာင္ လူေတြက မီဒီယာရဲ႕လႈံ႕ေဆာ္မႈေတြ ေၾကာင့္ တစ္ႏိုင္ငံလုံးပဲ ျပည္တြင္းစစ္ႀကီးျဖစ္ေနသလို ထင္ေယာင္ထင္မွားတာေတြရွိတယ္။ မဟုတ္ဘူးလား ဆိုေတာ့လည္း ဟုတ္တယ္လို႔ အၾကမ္းဖ်င္းအားျဖင့္ ေျပာလို႔ရတာေပါ့။ ခုနကလို ျပည္သူ႔စစ္တို႔ ဘာတို႔လို မနီးစပ္တဲ့ ၿမိဳ႕ႀကီးေတြမွာဆိုရင္ေတာ့ ဒီလိုအဖြဲ႕ေတြကို ဖြဲ႕ကိုဖြဲ႕ထားသင့္တယ္။ အဲဒီလိုမွသာလွ်င္လည္း ရန္ ကုန္ၿမိဳ႕ထဲမွာေတာ့ အၾကမ္းဖက္ကိစၥက မျဖစ္ႏိုင္ဘူး ဆိုေပမယ့္လည္း ေဖာက္ခြဲဖ်က္ဆီးတာက အခ်ိန္မ ေ႐ြးျဖစ္လာႏိုင္တယ္။ ဒါမ်ိဳးေတြကို တားဆီးႏိုင္မယ္လို႔ ကြၽန္မကေျပာခ်င္တယ္။
အခုခ်ိန္မွာ ကိုယ့္ႏိုင္ငံ ဘာျဖစ္ေနတာလဲ ဆိုတာ ျမင္ဖို႔လိုတယ္။ ကိုယ့္ႏိုင္ငံရဲ႕အေျခအေနက တည္ၿငိမ္တဲ့အေျခအေနလား၊ စစ္ျဖစ္ေနတဲ့အေျခ အေနလားဆိုတာ သိရမယ္။ ဒီလိုအေျခအေနမွာ ဒါမ်ိဳး ကာကြယ္ေရးအဖြဲ႕ေတြ ဖြဲ႕ရတယ္ဆိုတာ မမွား ဘူးလို႔ ေျပာခ်င္တယ္။ ဥပမာ အခုလို မတည္ၿငိမ္တဲ့ ႏိုင္ငံမဟုတ္ပါဘူး။ အေမရိကန္လိုႏိုင္ငံမွာေတာင္ ပါတီႀကီးေတြကဖြဲ႕ထားတဲ့ အဖြဲ႕ေတြဆိုတာ ရွိတာပဲ။ ပါတီႀကီးႏွစ္ခုကဖြဲ႕ထားၿပီး ပူးတြဲဖြဲ႕စည္းအုပ္ခ်ဳပ္ တာလည္းရွိတာပဲ။ ဒါက အေမရိကန္ႏိုင္ငံမွာေတာင္ ရွိတယ္ဆိုရင္ ကြၽန္မတို႔လိုမ်ိဳး မတည္ၿငိမ္မႈေတြျဖစ္ ေနတဲ့ႏိုင္ငံမွာ ဒါမ်ိဳးအဖြဲ႕အစည္းေတြက ရွိလည္း ရွိ သင့္တယ္၊ လုပ္လည္း လုပ္ထားသင့္တယ္။ အခု တိုင္းျပည္မွာျဖစ္ေနတဲ့ ျပည္တြင္းစစ္ဆိုတဲ့ တစ္ခု ေလးမၾကည့္ဘဲနဲ႔ လူေတြဟာ က်ယ္က်ယ္ျပန႔္ျပန႔္ ျမင္သင့္တယ္။ ကြၽန္မတို႔ႏိုင္ငံက Proxy ျဖစ္ေန တယ္ဆိုတာကိုလည္း အဲဒါကို ပိုၿပီးသတိထား သင့္တယ္။ Proxy အေနနဲ႔ ျဖစ္ေနတဲ့ တိုင္းျပည္ဆိုရင္ ဒီလိုအဖြဲ႕အစည္းေတြက ပိုၿပီးလိုအပ္တယ္လို႔ ေျပာ ခ်င္ပါတယ္။

အၿငိမ္းစား ရဲမႉးႀကီး တစ္ဦး
လတ္တေလာျဖစ္ေနတဲ့အေျခအေနအရ ေတာ့ လိုအပ္တယ္လို႔ေျပာရမွာေပါ့။ ကိုယ့္ၿမိဳ႕၊ ကိုယ့္ ႐ြာ လုံၿခဳံေရးေပါ့ေနာ္။ လုံၿခဳံေရးကို ျပည္သူေတြက ပါဝင္ေဆာင္႐ြက္ရမယ္ဆိုတဲ့အေနအထား ျဖစ္လာ တာေပါ့။ အထူးသျဖင့္ေတာ့ ပါတီစြဲေတြ၊ ႏိုင္ငံစြဲေတြ မပါဘဲ လုံၿခဳံေရးကိုၿခိမ္းေျခာက္လာတဲ့ လုယက္မႈေတြ၊ ဓားျပမႈေတြ၊ လူသတ္မႈေတြကိုပဲေျပာဦးေတာ့။ အဲဒါ ေတြက မျဖစ္မေနကာကြယ္ရမယ့္ဟာေတြ ျဖစ္လာၿပီ။ သက္ဆိုင္ရာ နယ္ေျမမွာရဲစခန္းေတြ ရဲေတြရွိေသာ္ လည္းပဲ သူတို႔ဝန္နဲ႔သူတို႔ ပိေနၾကတယ္ေလ။ ျမန္မာ ႏိုင္ငံရဲ႕ လက္ရွိလူဦးေရနဲ႔ ရဲတပ္ဖြဲ႕အခ်ိဳးအစားက လည္း အင္မတန္ ကြာဟတယ္ေလေနာ္။ ျပည္သူလူ ထု ပူးေပါင္းပါဝင္ေသာ ရဲလုပ္ငန္းစဥ္ဆိုတာလည္း ဟိုတုန္းကရွိတယ္။ အဲဒီေတာ့ အခုဟာက ဒါထက္ ပိုျမင့္တာေပါ့။ အခုဟာကေတာ့ ပါဝင္ပူးေပါင္းေဆာင္ ႐ြက္ရမယ့္အပိုင္းေတြ ပါလာမွာေပါ့။ ရပ္႐ြာ ေအးခ်မ္း၊ သာယာ၊ လုံၿခဳံေရးအတြက္ေတာ့ ရပ္႐ြာကလူေတြ ပါသင့္တယ္ထင္ပါတယ္။ ျပည္သူေတြရဲ႕ စိတ္ပါဝင္ စားမႈနဲ႔လည္းဆိုင္မယ္။ ဒီတာဝန္ဟာ ငါတို႔မွာလည္း ရွိတယ္ဆိုတဲ့ သူတို႔ရဲ႕ အျမင္၊ ခံယူခ်က္ေပါ့။ တစ္ဦး ခ်င္းစီရဲ႕ ခံစားမႈ၊ စိတ္ဆႏၵနဲ႔လည္းဆိုင္မယ္။ တခ်ိဳ႕ ကလည္း ဒါ ရဲက လုပ္ရမွာပဲ၊ တပ္က လုပ္ရမွာပဲတို႔ ဘာတို႔ အဲဒီလိုေျပာတာေတြလည္း ရွိေကာင္း ရွိႏိုင္ တယ္။ သို႔ေသာ္လည္းပဲ ကိုယ့္လမ္း၊ ကိုယ့္ရပ္ကြက္ လုံၿခဳံဖို႔ေတာ့ ဒီလမ္းမွာေနတဲ့သူေတြက၊ ဒီရပ္ကြက္ မွာေနတဲ့သူေတြက အခန္းတစ္က႑က ပါသင့္တာ ေပါ့။ (ဒီအဖြဲ႕နဲ႔ပတ္သက္ၿပီး ျပည္ပမီဒီယာေတြမွာ မွား ယြင္းေရးသားတာေတြရွိေနတဲ့အေပၚ) ကြၽန္ေတာ္တို႔ ေျပာတာထက္စာရင္ေတာ့ တာဝန္ရွိတဲ့ ပုဂၢိဳလ္ေတြက ေျပာတာပိုေကာင္းတယ္။ အုပ္ခ်ဳပ္ေရးဆိုင္ရာ ပုဂၢိဳလ္ ေတြက ရပ္႐ြာေတြမွာ အမ်ားသိေအာင္ရွင္းျပမယ္၊ ေနာက္တစ္ခါ ျပန္ၾကားေရးဝန္ႀကီးဌာနတို႔၊ သတင္း မွန္ျပန္ၾကားေရးတို႔ အဲဒီလိုအဖြဲ႕ေတြက လူထုနား ေပါက္ေအာင္ ဘယ္လိုေျပာျပရမလဲဆိုတာ နည္း လမ္းရွာၿပီးရွင္းျပရမယ္။ စစ္မႈထမ္းကိစၥလိုေပါ့။ ဒီ ရွင္း တာက ေနာက္ ျပႆနာေပၚတာက ေရွ႕ ျဖစ္ေနတယ္။ အဲဒီလိုဟာေတြမေျပာခင္မွာ လက္ဦးမႈရၿပီး ျပည္ သူေတြၾကားမွာ ဒီလုပ္ငန္းစဥ္ကို လက္ခံလာေအာင္ ေျပာဖို႔က ပါဝင္ပတ္သက္တဲ့ဌာနေတြမွာတာဝန္ရွိ တယ္လို႔ အန္ကယ္ကေတာ့ ျမင္တယ္။ အန္ကယ္တို႔ တစ္ဦးခ်င္းေျပာမယ္ဆို ဒီဘိုးေတာ္ႀကီး ပင္စင္စားၿပီး ေတာ့မွ ဘာေတြေလွ်ာက္ေျပာေနတာလဲ၊ ကိုယ္မ လုပ္ရတိုင္း ေလွ်ာက္ေျပာတယ္ထင္မယ္။ လက္ရွိ အေထြေထြအုပ္ခ်ဳပ္ေရးတို႔ ရဲတပ္ဖြဲ႕တို႔၊ နယ္လုံဝန္ ႀကီးနဲ႔ဆိုင္နဲ႔ သက္ဆိုင္ရာနယ္ေျမတခ်ိဳ႕မွာရွိတဲ့ တာဝန္ရွိသူေတြက ရပ္ကြက္ေတြမွာ ရွင္းလင္းေျပာ ၾကားတာေတြလုပ္ရမယ္။ ခက္တာက အခုက လူေတြ က သတင္းစာလည္းမဖတ္ဘူး၊ ျမန္မာ့အသံလည္း မၾကည့္ဘူး၊ သူတို႔ၾကည့္တာက ယူက်ဳတို႔၊ ေဖ့စ္ ဘြတ္ခ္တို႔ တစ္ေတာ့တို႔ေလာက္ပဲၾကည့္ၿပီးေတာ့ အဲဒီမွာေျပာတဲ့ဟာေတြပဲ အဟုတ္ထင္ေနၾကတာ။ (၉၀%)က အမွားေတြေလ။ အဲဒီမွာ ဘာထိုးေဖာက္ မလဲ ဒါမွမဟုတ္ ကိုယ္က ဏကဘူငခ ကို သတင္းအခ်က္ အလက္ေပးတဲ့အခါ ထိေရာက္ျမန္ဆန္တာေတြျဖစ္မွ ျဖစ္မွာေလ။

ဦးသိန္းထြန္းဦး - အမႈေဆာင္ ဒါ႐ိုက္တာ(ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႕)
ပထမတုန္းကေတာ့ ျပည္သူ႔စစ္မႈထမ္း ဥပေဒေပါ့။ ျပည္သူ႔စစ္မႈထမ္းဥပေဒကေတာ့ ဘယ္ လိုေခၚမလဲ ေယဘုယ်သေဘာဆန္တယ္။ စစ္မႈထမ္း မယ့္ လုံၿခဳံေရးပိုင္းေပါ့။ ကင္းလွည့္တာတို႔ ဘာတို႔။ အခု ဖြဲ႕လိုက္တဲ့အဖြဲ႕က်ေတာ့ အၾကမ္းႏွိမ္နင္းေရး ဆိုတာပါ ပါလာတယ္။ ပိုၿပီးေတာ့ စည္းစနစ္ပိုက်သြား တယ္ေပါ့။ လုပ္မယ့္လုပ္ငန္းစဥ္ကို ပိုၿပီးေတာ့ က်ယ္ က်ယ္ျပန႔္ျပန႔္လုပ္ႏိုင္တဲ့ အေနအထားျဖစ္သြားတယ္။ ဖြဲ႕သင့္လားဆိုရင္ေတာ့ လုံၿခဳံေရးအေနအထားကို ပိုၿပီးတင္းတင္းၾကပ္ၾကပ္၊ ထိထိေရာက္ေရာက္ ကိုင္ တြယ္မယ္ဆိုရင္ေတာ့ ဒီလိုအဖြဲ႕မ်ိဳးက ပိုၿပီးကိုက္ညီ တယ္။ ဖြဲ႕သင့္လားဆိုရင္ေတာ့ ဖြဲ႕သင့္တယ္လို႔ ေျပာရ မွာေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ ပတ္ဝန္းက်င္မွာရွိတဲ့ ႏိုင္ငံေတြကိုေတာင္မွ ျပန္ေတြးၾကည့္ရင္ သူတို႔က ျပည္သူ႔စစ္မႈထမ္းေပါ့၊ ေစတနာ့ဝန္ထမ္းပုံစံဖြဲ႕ထား တဲ့ အဖြဲ႕ေတြမွာေတာင္ ဘာေတြပါလာမလဲဆိုေတာ့ စစ္မႈထမ္းေဟာင္းေတြ ပါလာမယ္၊ ရဲတပ္ဖြဲ႕ဝင္အၿငိမ္း စားေတြပါထားၿပီးေတာ့ ရပ္ကြက္၊ ေက်း႐ြာ လုံၿခဳံေရး ကို ျပည္သူ႔စစ္ပုံစံမ်ိဳးနဲ႔ တာဝန္ယူသြားၾကတာ။ ေဘး ႏိုင္ငံဆို အိႏၵိယမွာလည္းေတြ႕ဖူးေတာ့ ျမန္မာႏိုင္ငံ မွာလည္း ဒီလိုပုံစံမ်ိဳးလုပ္မယ္ဆိုရင္ အင္မတန္မွ အ လုပ္ျဖစ္သြားၿပီးေတာ့ ေတာ္ေတာ္အက်ိဳးရွိမယ့္ဖြဲ႕စည္း မႈလို႔ သုံးသပ္လို႔ရပါတယ္။ အမွန္ကေတာ့ ကြၽန္ေတာ္ တို႔က လုံၿခဳံေရးဆိုင္ရာ သာမန္အေနအထားဆိုရင္Traditional Security ေခၚတာေပါ့။ ႏိုင္ငံတစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ စစ္မက္ျဖစ္ပြားတဲ့အခ်ိန္၊ တိုက္ပြဲေတြ ဘာေတြ ဒါမ်ိဳးဆို ႏိုင္ငံေတာ္ကာကြယ္ေရးက ကာကြယ္ေရးအင္အားစုျဖစ္တဲ့ တပ္မေတာ္တို႔၊ တိုက္ခိုက္ ေရး ရဲတပ္ဖြဲ႕ေတြသုံးၾကတယ္။ ဒါမ်ိဳးမဟုတ္ဘဲ Non traditional Security ျဖစ္တဲ့ အၾကမ္းဖက္တိုက္ ခိုက္မႈေတြ၊ ရပ္႐ြာ ေအးခ်မ္းၿငိမ္သက္ေအာင္ လုပ္ ေဆာင္တဲ့ကိစၥရပ္ေတြက်ေတာ့ အဲဒီအခ်ိန္မွာ ျပည္ သူလူထုပါဝင္မႈက အေရးအႀကီးဆုံးျဖစ္သြားတယ္။ အဲဒီအခ်ိန္မွာ ျပည္သူ႔စစ္တို႔နဲ႔ပတ္သက္တာေတြ၊ ျပည္သူ႔စစ္မႈထမ္းအျပင္ ရပ္႐ြာတည္ၿငိမ္ ေအးခ်မ္း ေရးနဲ႔ပတ္သက္လို႔ ဒီလိုမ်ိဳးအဖြဲ႕ေတြပါဝင္လာၿပီး ျပည္သူေတြ ပူးေပါင္းေဆာင္႐ြက္မႈက ပိုၿပီး အက်ိဳး ရွိေစပါလိမ့္မယ္။ ဒီလိုအဖြဲ႕မ်ိဳးက အေရးႀကီးဆုံး ျဖစ္တယ္လို႔ သုံးသပ္ခ်င္ပါတယ္။ အထူးသျဖင့္ေတာ့ အခုက ေလာေလာဆယ္ တပ္မေတာ္အေနနဲ႔ ဘာ သြားထားလဲဆိုေတာ့ အနိမ့္ဆုံးအဆင့္နဲ႔ အနည္းဆုံး အင္အား။ အဲဒီလိုပုံစံလုပ္ဖို႔ဆိုရင္ ဘာလုပ္ရလဲဆို ေတာ့ လုံၿခဳံေရးအတြက္ ရွိသမွ်အင္အားေတြကို ျဖန႔္ခြဲ ထုတ္ရတယ္။ ဒါေၾကာင့္မို႔လို႔ အဓိကျဖစ္တဲ့ ကာကြယ္ ေရး တာဝန္ထမ္းေဆာင္ဖို႔က်ေတာ့ အဲဒီအင္အားေတြ က ျပန္စုစည္းရမယ္ဆိုရင္ လုံၿခဳံေရးတာဝန္မွာ ေလ်ာ့ ေပါ့သြားတာ ျဖစ္ႏိုင္တယ္။ ျပည္သူ႔စစ္ကို ခုနက ေျပာ သလို ကာကြယ္ေရး၊ လုံၿခဳံေရးနဲ႔ အၾကမ္းဖက္ႏွိမ္နင္း ေရးကိုပူးေပါင္းၿပီး ျပည္သူ႔အင္အားကို ယူလိုက္တဲ့အ ခါမွာ ၿမိဳ႕႐ြာေတြကိုကာကြယ္ရမယ့္တာဝန္သည္ အသစ္ဖြဲ႕တဲ့ ျပည္သူ႔စစ္ေတြရဲ႕တာဝန္ေရာက္သြား တယ္။ ဘာျဖစ္သလဲဆိုေတာ့ မူလစစ္ဘက္တာဝန္ ျဖစ္တဲ့ တပ္မေတာ္သားေတြက တကယ့္ တိုက္ခိုက္ ေရးတာဝန္နဲ႔ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ကို ပိုၿပီး ေတာ့ အာ႐ုံစိုက္လို႔ရသြားမယ္။ အားသာခ်က္က အမ်ားႀကီးပါပဲ။ အဓိကက အဲဒီဥပေဒကို ဘယ္ ေလာက္အေကာင္အထည္ေဖာ္ႏိုင္မလဲ၊ ဘယ္ေလာက္ အက်ိဳးရွိရွိလုပ္ႏိုင္သလဲဆိုတဲ့အေပၚမူတည္ၿပီး ရလဒ္ ေကာင္းေကာင္းေတြ ေမွ်ာ္လင့္ႏိုင္ပါတယ္။

ဦးတင္ေဆြ - ဒုတိယ ဥကၠ႒ - ဒီမိုကရက္တစ္ပါတီ
လက္ရွိ လုံၿခဳံေရးအေနအထားအရ တပ္ ရယ္၊ ျပည္သူ႔ရဲရယ္၊ ျပည္သူ႔စစ္ရယ္ ဒါေတြနဲ႔ မလုံ ေလာက္ေတာ့ဘူးေလ။ ဒါကို ႀကိဳဆိုပါတယ္။ မၾကာ ခင္ကပဲ ႏိုင္ငံေတာ္အႀကီးအကဲက မႏၲေလးသြားေတာ့ လည္း ေျပာျပတယ္ေလ။ ျပည္ေထာင္စုမၿပိဳကြဲေရး အတြက္ဆိုရင္ ဖြဲ႕စည္းပုံမွာ ျပ႒ာန္းထားၿပီးသား ႏိုင္ငံ သားအားလုံးမွာ တာဝန္ရွိတယ္ဆိုတာ။ ဒါကလည္း အဲဒါနဲ႔ဆက္ႏႊယ္ေနတာကိုး။ အေရးႀကီးပါတယ္၊ လိုအပ္ပါတယ္လို႔ အႀကံျပဳခ်င္ပါတယ္။ တခ်ိဳ႕က ေတာ့ ကိုယ္မပူတဲ့အခါမက်ေတာ့ မပူသလိုေနတာ ေပါ့ဗ်ာ။ ကိုယ္ပူေတာ့မွပူမွန္းသိေတာ့ အပူခံလိုက္ရ တာေပါ့။ ပူမယ္မွန္းသိရင္ ႀကိဳလုပ္ထားေတာ့ ကိုယ္ မပူဘူးေပါ့။ ျပည္သူေတြကိုေျပာခ်င္တာေတာ့ ထိမွ နာတယ္ဆိုေတာ့ အနာ႐ြတ္က်န္ခဲ့တာေပါ့။ မနာခင္ တည္းက ႀကိဳတင္ကာကြယ္တာက အေကာင္းဆုံး ပါပဲ။ တခ်ိဳ႕ကလည္း စည္း႐ုံးတဲ့ေနရာမွာ ေျပာႏိုင္ဖို႔ ေပါ့။ ႀကိဳတင္ကာကြယ္ျခင္းက ကုသျခင္းထက္ထိ ေရာက္တယ္ဆိုတဲ့အေၾကာင္း ေျပာသလိုေပါ့။ လက္ရွိ တပ္မေတာ္တာဝန္က ျပည္ပက်ဴးေက်ာ္စစ္ကိုတိုက္ဖို႔ တာဝန္ရွိေလ။ လုံၿခဳံေရးက်ေတာ့ ရဲတာဝန္ေလ။ လက္ရွိက ျပည္တြင္းမွာျဖစ္ေနတဲ့တပ္ေရာ ျပည္သူ႔ ရဲေရာလုပ္ေနရေတာ့ ျမန္မာႏိုင္ငံလူဦးေရက တပ္နဲ႔ ျပည္သူ႔ရဲနဲ႔ အခ်ိဳးခ်မယ္ဆိုရင္ ဘယ္လိုမွမမွ်တ ဘူးေလ။ ကြၽန္ေတာ္တို႔ ေတာင္ဒဂုံလူဦးေရနဲ႔ ရဲနဲ႔ အခ်ိဳးခ်ၾကည့္ ဘယ္လိုမွမမွ်တဘူး။ အဲဒီလို ျဖစ္ေန တာ။ ဒါကေတာ့ ျပည္သူေတြပါဝင္ႏိုင္ေတာ့ တပ္ရဲ႕ လုပ္ငန္းစဥ္တို႔ကို ပိုၿပီး အေလးထားႏိုင္တာေပါ့ဗ်ာ။ အေရးေပၚကာလမွာ အခု ဒီလိုဖြဲ႕စည္းတာမ်ိဳးက ေဆးၿမီးတိုသေဘာမ်ိဳးလို႔ ကြၽန္ေတာ္ထင္တာေပါ့။ ေရရွည္အလုပ္ကေတာ့ ဖြဲ႕စည္းပုံမွာပါၿပီးသားပဲ။ ႏိုင္ငံသားတိုင္း အသက္ျပည့္ၿပီးသူတိုင္းကေတာ့ စစ္မႈမထမ္းမေနရ လုပ္ကိုလုပ္ရမယ္။ အင္မတန္ လူမ်ားတဲ့ႏိုင္ငံေတြၾကားမွာ လုပ္ကိုလုပ္ရမယ္ေလ။ လူထုနဲ႔တိုက္႐ိုက္ထိေတြ႕တာေတာ့ ႏိုင္ငံေရးပါတီက အေျခခံမွာရွိေတာ့(အဖြဲ႕နဲ႔ပတ္သက္လို႔ အသိေပး တာကို) ပါတီေတြနဲ႔ေပါင္းၿပီးလုပ္မယ္ဆိုရင္ေတာ့ ပိုၿပီးေတာ့ ထင္သာျမင္သာၿပီး ေအာက္ေျခပိုသိတာ ေပါ့။ ၫႊန္ၾကားခ်က္ေတြက အထက္ကလာတဲ့အခါ တစ္ခါတေလမွာ ေအာက္ေျခမွာ အျဖစ္မွန္ မတင္ ျပတာရွိတာကိုး။ ႏိုင္ငံေရးပါတီက ေထာက္ျပႏိုင္ေတာ့ အားနည္းခ်က္ကို အထက္က ခ်က္ခ်င္းသိတာေပါ့။ တိုင္းျပည္ရဲ႕လုံၿခဳံေရးမွာ ပါတီ ေတြကလည္း အစိုးရ တက္ျဖစ္မယ့္လူေတြေလ။ သူတို႔လည္း မဆိုင္ဘူးလား ဆိုင္တယ္ေလ။ သူတို႔ နားေထာင္သင့္တယ္။ သူတို႔ရဲ႕ ပါတီဝင္ေတြကို ခ်ျပသင့္တယ္။ ဒါကလည္း ႏိုင္ငံ့ အေရး လုံၿခဳံေရးေလ။ အဖြဲ႕ထဲမွာပါဝင္သင့္တယ္လို႔ ထင္တယ္ေလ။ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းမွ လာ မယ့္ေ႐ြးေကာက္ပြဲမွာ သူ႔ဆုံးျဖတ္မဲတစ္မဲက မွန္မွန္ကန္ကန္ေရာက္ႏိုင္မွာ။

Picture

Aung Aung

04/09/2024 20:24

အရှင်းဆုံးပြောရရင် ဘုန်းကြီးအမှု ရွာပတ်တာပါဘဲ 😤

Related news

© 2021. All rights reserved.