ဒရုန်းတွေကို ပစ်ချဖို့ စစ်တပ်ကို ခွင့်ပြုသွားမယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးပြော

138

Pika (NP News) - အောက်တိုဘာ ၂၂
ဥရောပတစ်ဝှမ်းမှာဖြစ်ပွားခဲ့တဲ့ ဒရုန်းဖြစ်ရပ်တွေကြောင့် ရုရှားနဲ့တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီးနောက် စစ်အခြေစိုက်စခန်းတွေအပေါ်မှာ ပျံသန်းလာနိုင်တဲ့ ဒရုန်းတွေကို ပစ်ချဖို့ ဗြိတိန်စစ်တပ်ကို ခွင့်ပြုသွားမယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး John Healey က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဂျာမနီနဲ့ ဒိန်းမတ်နိုင်ငံတို့ရဲ့ လေဆိပ်တွေမှာ ဒရုန်းတွေပေါ်ထွက်လာခဲ့မှုနဲ့အတူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ John Healey ရဲ့ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့လတုန်းက ပိုလန်လေပိုင်နက်အတွင်းကို ဝင်ရောက်လာခဲ့တဲ့ဒရုန်းအချို့ကို ပိုလန်စစ်တပ်က ပစ်ချခဲ့ တယ်လို့လည်း သိရပါတယ်။ ဥရောပနိုင်ငံအများအပြားဟာ ဒရုန်းဖြစ်ရပ်တွေအတွက် ရုရှားကို အပြစ်တင်ခဲ့ ကြပြီး စစ်ရေးအသုံးစရိတ်ကိုမြှင့်တင်ဖို့ သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။
ရုရှားရဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် ဥရောပအရှေ့ပိုင်းမှာ ဒရုန်းကာကွယ်ရေးစနစ်တွေကို စမ်းသပ်နေ တယ်လို့လည်း နေတိုးအဖွဲ့က ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ John Healey က “ရုရှားရဲ့ ရန်လိုမှုတွေက တိုးလာနေပါတယ်။ ရုရှားရဲ့ရန်လိုမှုတွေဟာ အနောက်အုပ်စုဆီကို ပိုပြီးတိုးလာနေပါတယ်။ ဗြိတိန် ပြည်သူတွေကို ကာကွယ်ဖို့ လိုအပ်တာတွေအားလုံးကို အမြဲတမ်းလုပ်ဆောင်သွားမှာပါ။ ဗြိတိန်ရဲ့စစ်အခြေစိုက် စခန်းတွေမှာ ပေါ်လာနိုင်တဲ့ဒရုန်းတွေကို ပစ်ချဖို့ တရားဝင်အာဏာအသစ်တွေကို ကျွန်တော်တို့ဖော်ဆောင် နေပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဒ႐ုန္းေတြကို ပစ္ခ်ဖို႔ စစ္တပ္ကို ခြင့္ျပဳသြားမယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးေျပာ
Pika (NP News) - ေအာက္တိုဘာ ၂၂
ဥေရာပတစ္ဝွမ္းမွာျဖစ္ပြားခဲ့တဲ့ ဒ႐ုန္းျဖစ္ရပ္ေတြေၾကာင့္ ႐ုရွားနဲ႔တင္းမာမႈေတြ ျမင့္တက္လာခဲ့ၿပီးေနာက္ စစ္အေျခစိုက္စခန္းေတြအေပၚမွာ ပ်ံသန္းလာႏိုင္တဲ့ ဒ႐ုန္းေတြကို ပစ္ခ်ဖို႔ ၿဗိတိန္စစ္တပ္ကို ခြင့္ျပဳသြားမယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီး John Healey က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဂ်ာမနီနဲ႔ ဒိန္းမတ္ႏိုင္ငံတို႔ရဲ႕ ေလဆိပ္ေတြမွာ ဒ႐ုန္းေတြေပၚထြက္လာခဲ့မႈနဲ႔အတူ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြ ေႏွာင့္ေႏွးခဲ့ရၿပီးေနာက္ သီတင္းပတ္အနည္းငယ္အၾကာမွာ John Healey ရဲ႕ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ ၿပီးခဲ့တဲ့လတုန္းက ပိုလန္ေလပိုင္နက္အတြင္းကို ဝင္ေရာက္လာခဲ့တဲ့ဒ႐ုန္းအခ်ိဳ႕ကို ပိုလန္စစ္တပ္က ပစ္ခ်ခဲ့ တယ္လို႔လည္း သိရပါတယ္။ ဥေရာပႏိုင္ငံအမ်ားအျပားဟာ ဒ႐ုန္းျဖစ္ရပ္ေတြအတြက္ ႐ုရွားကို အျပစ္တင္ခဲ့ ၾကၿပီး စစ္ေရးအသုံးစရိတ္ကိုျမႇင့္တင္ဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
႐ုရွားရဲ႕ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ႏိုင္ဖို႔အတြက္ ဥေရာပအေရွ႕ပိုင္းမွာ ဒ႐ုန္းကာကြယ္ေရးစနစ္ေတြကို စမ္းသပ္ေန တယ္လို႔လည္း ေနတိုးအဖြဲ႕က ၿပီးခဲ့တဲ့သီတင္းပတ္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ John Healey က “႐ုရွားရဲ႕ ရန္လိုမႈေတြက တိုးလာေနပါတယ္။ ႐ုရွားရဲ႕ရန္လိုမႈေတြဟာ အေနာက္အုပ္စုဆီကို ပိုၿပီးတိုးလာေနပါတယ္။ ၿဗိတိန္ ျပည္သူေတြကို ကာကြယ္ဖို႔ လိုအပ္တာေတြအားလုံးကို အၿမဲတမ္းလုပ္ေဆာင္သြားမွာပါ။ ၿဗိတိန္ရဲ႕စစ္အေျခစိုက္ စခန္းေတြမွာ ေပၚလာႏိုင္တဲ့ဒ႐ုန္းေတြကို ပစ္ခ်ဖို႔ တရားဝင္အာဏာအသစ္ေတြကို ကြၽန္ေတာ္တို႔ေဖာ္ေဆာင္ ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။