ညွန့်ပေါင်းတပ်ဖွဲ့တွေ ရုတ်သိမ်းဖို့ အမေရိကန်က သဘောတူညီခဲ့တယ်လို့ အီရတ်ကာကွယ်ရေးဝန်ကြီးပြော

 427

Pika (NP News) - စက်တင်ဘာ ၉

အမေရိကန် နဲ့ အီရတ်တို့ဟာ အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းတပ်ဖွဲ့တွေ ရုတ်သိမ်းရေးနဲ့ပတ်သက်ပြီး သဘောတူညီခဲ့ကြပေမယ့်လည်း နောက်ဆုံးသဘောတူညီချက်ကို လက်မှတ်မရေးထိုးရသေးဘူးလို့ အီရတ်ကာကွယ်ရေးဝန်ကြီးက စက်တင်ဘာလ(၈)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ISIS အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်တဲ့နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အီရတ်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်(၂၅၀၀)ခန့်ရှိပြီး ဆီးရီးယားမှာ တပ်ဖွဲ့ဝင်(၉၀၀)ခန့်ရှိတယ်လို့လည်း သိရပါတယ်။ အမေရိကန်နဲ့ အီရတ်တို့ဟာ အီရတ်နိုင်ငံတွင်းမှာရှိတဲ့ တပ်ဖွဲ့တွေကို ရုတ်သိမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေကို လပေါင်းများစွာလုပ်ဆောင်ခဲ့ပေမယ့်လည်း ရုတ်သိမ်းမယ့် အချိန်ဇယားကိုတော့ ထုတ်ပြန်ကြေညာတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေဟာ Baghdad မြို့နဲ့ အခြားအစိတ်အပိုင်းတွေမှာရှိတဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေကို ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ စတင်ရုတ်သိမ်းသွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကာဒစ်စတန်ဒေသမှာရှိတဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေကို ရုတ်သိမ်းသွားမှာဖြစ်တယ်လို့ အီရတ်ကာကွယ်ရေးဝန်ကြီး Thabet al-Abbassi က စက်တင်ဘာလ(၈)ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ရုတ်သိမ်းမှုမှာ အဆင့်(၂)ဆင့်ရှိပြီး လာမယ့်ရက်ပိုင်းအတွင်း ရုတ်သိမ်းမှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးသွားမယ်လို့ Thabet al-Abbassi ကပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း တပ်ဖွဲ့ဝင်တွေ ရုတ်သိမ်းမှုဟာ အချိန် (၂)နှစ်နဲ့ မလုံလောက်ဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အစည်းအဝေးအတွင်းမှာ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ Thabet al-Abbassi က"တပ်ဖွဲ့ဝင်တွေရုတ်သိမ်းမှုနဲ့ပတ်သက်ပြီး အပိုတစ်နှစ်ထပ်ပေးဖို့နဲ့ပတ်သက်တဲ့ လွိုက်အော်စတင်ရဲ့အဆိုပြုချက်ကို ကျွန်တော်တို့ ငြင်းဆန်ပယ်ချခဲ့ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့ အစ္စရေး-ဟားမက်စစ်ပွဲနဲ့ပတ်သက်ပြီး အီရတ်နဲ့ဆီးရီးယားတို့မှာရှိတဲ့ အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းတပ်ဖွဲ့တွေဟာ ဒရုန်းတွေ၊ဒုံးကျည်တွေနဲ့ အကြိမ်ပေါင်းများစွာ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတယ်လို့လည်းသိရပါတယ်။ ဒါ့ပြင် အမေရိကန်တပ်ဖွဲ့တွေဟာ နှစ်နိုင်ငံစလုံးမှာရှိတဲ့ အကြမ်းဖက်အဖွဲ့တွေအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို ပြန်လည်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
ၫြန႔္ေပါင္းတပ္ဖြဲ႕ေတြ ႐ုတ္သိမ္းဖို႔ အေမရိကန္က သေဘာတူညီခဲ့တယ္လို႔ အီရတ္ကာကြယ္ေရးဝန္ႀကီးေျပာ
Pika (NP News) - စက္တင္ဘာ ၉

အေမရိကန္ နဲ႔ အီရတ္တို႔ဟာ အေမရိကန္ဦးေဆာင္တဲ့ၫြန႔္ေပါင္းတပ္ဖြဲ႕ေတြ ႐ုတ္သိမ္းေရးနဲ႔ပတ္သက္ၿပီး သေဘာတူညီခဲ့ၾကေပမယ့္လည္း ေနာက္ဆုံးသေဘာတူညီခ်က္ကို လက္မွတ္မေရးထိုးရေသးဘူးလို႔ အီရတ္ကာကြယ္ေရးဝန္ႀကီးက စက္တင္ဘာလ(၈)ရက္ေန႔မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ISIS အၾကမ္းဖက္အဖြဲ႕ကို ဆန႔္က်င္တဲ့ႏိုင္ငံတကာၫြန႔္ေပါင္းတပ္ဖြဲ႕ရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔ အီရတ္ႏိုင္ငံမွာ အေမရိကန္တပ္ဖြဲ႕ဝင္(၂၅၀၀)ခန႔္ရွိၿပီး ဆီးရီးယားမွာ တပ္ဖြဲ႕ဝင္(၉၀၀)ခန႔္ရွိတယ္လို႔လည္း သိရပါတယ္။ အေမရိကန္နဲ႔ အီရတ္တို႔ဟာ အီရတ္ႏိုင္ငံတြင္းမွာရွိတဲ့ တပ္ဖြဲ႕ေတြကို ႐ုတ္သိမ္းေရးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြကို လေပါင္းမ်ားစြာလုပ္ေဆာင္ခဲ့ေပမယ့္လည္း ႐ုတ္သိမ္းမယ့္ အခ်ိန္ဇယားကိုေတာ့ ထုတ္ျပန္ေၾကညာတာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။ အေမရိကန္ဦးေဆာင္တဲ့ ၫြန႔္ေပါင္းတပ္ဖြဲ႕ေတြဟာ Baghdad ၿမိဳ႕နဲ႔ အျခားအစိတ္အပိုင္းေတြမွာရွိတဲ့ ၫြန႔္ေပါင္းတပ္ဖြဲ႕ေတြကို ၂၀၂၅ ခုႏွစ္ စက္တင္ဘာလမွာ စတင္႐ုတ္သိမ္းသြားမည္ျဖစ္ၿပီး ၂၀၂၆ ခုႏွစ္ စက္တင္ဘာလမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရကာဒစ္စတန္ေဒသမွာရွိတဲ့ ၫြန႔္ေပါင္းတပ္ဖြဲ႕ေတြကို ႐ုတ္သိမ္းသြားမွာျဖစ္တယ္လို႔ အီရတ္ကာကြယ္ေရးဝန္ႀကီး Thabet al-Abbassi က စက္တင္ဘာလ(၈)ရက္ေန႔မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

႐ုတ္သိမ္းမႈမွာ အဆင့္(၂)ဆင့္ရွိၿပီး လာမယ့္ရက္ပိုင္းအတြင္း ႐ုတ္သိမ္းမႈသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးသြားမယ္လို႔ Thabet al-Abbassi ကေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့လည္း တပ္ဖြဲ႕ဝင္ေတြ ႐ုတ္သိမ္းမႈဟာ အခ်ိန္ (၂)ႏွစ္နဲ႔ မလုံေလာက္ဘူးလို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ေအာ္စတင္က အစည္းအေဝးအတြင္းမွာ ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ Thabet al-Abbassi က"တပ္ဖြဲ႕ဝင္ေတြ႐ုတ္သိမ္းမႈနဲ႔ပတ္သက္ၿပီး အပိုတစ္ႏွစ္ထပ္ေပးဖို႔နဲ႔ပတ္သက္တဲ့ လြိဳက္ေအာ္စတင္ရဲ႕အဆိုျပဳခ်က္ကို ကြၽန္ေတာ္တို႔ ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသမွာျဖစ္ပြားေနတဲ့ အစၥေရး-ဟားမက္စစ္ပြဲနဲ႔ပတ္သက္ၿပီး အီရတ္နဲ႔ဆီးရီးယားတို႔မွာရွိတဲ့ အေမရိကန္ဦးေဆာင္တဲ့ၫြန႔္ေပါင္းတပ္ဖြဲ႕ေတြဟာ ဒ႐ုန္းေတြ၊ဒုံးက်ည္ေတြနဲ႔ အႀကိမ္ေပါင္းမ်ားစြာ ပစ္မွတ္ထားတိုက္ခိုက္ခံခဲ့ရတယ္လို႔လည္းသိရပါတယ္။ ဒါ့ျပင္ အေမရိကန္တပ္ဖြဲ႕ေတြဟာ ႏွစ္ႏိုင္ငံစလုံးမွာရွိတဲ့ အၾကမ္းဖက္အဖြဲ႕ေတြအေပၚ လက္တုံ႔ျပန္တိုက္ခိုက္မႈေတြကို ျပန္လည္လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.