အိန္ဒိယ မဏိပူရပြည်နယ်တွင် အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွား လူမျိုးစုသူ ပုန်တို့က ဒရုန်းနှင့် ခေတ်မီမောင်းပြန်သေနတ်များအသုံးပြု

 640

Htay Oung (NP News) - စက်တင်ဘာ ၁၂

ဝန်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့ “ဘာရတ်တီယာဂျာနာတာပါတီ” BJP က အုပ်ချုပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံ အရှေ့ မြောက်ဖျား မဏိပူရပြည်နယ်မှာ စက်တင်ဘာလဆန်းပိုင်းမှစတင်ပြီး အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွားလာ တယ်လို့ နယူးဒေလီအခြေစိုက် “တိုင်းမ်အော့ဖ်အင်ဒီးယား”က စက်တင်ဘာလ ၁၂ ရက်က ရေးသားပါတယ်။

မဏိပူရပြည်နယ်မှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဝေးလံခေါင်ဖျား ပြည်နယ် ၇-ခုအနက် တစ်ခုဖြစ်ပြီး မြန်မာ နိုင်ငံ လုံခြုံရေးပျက်ပြားနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ မြန်မာနိုင်ငံ ကရင်ပြည်နယ်ရဲ့ ၇၀ % ခန့် ကျယ်ဝန်းပြီး နေထိုင်သူ ၃-သန်းနီးပါး ရှိပါတယ်။ လူဦးရေ ထက်ဝက် ကျော်မှာ မြေပြန့်လွင်ပြင်ဒေသနေ မေထေး (ကသည်း) တို့ဖြစ်ပြီး တောင်တန်းဒေသနေ ကူကီးဇိုမျိုးနွယ်စု ၁၆ %၊ နာဂမျိုးနွယ်စု ၂၀%နဲ့ အခြားလူမျိုးစုငယ်များလည်း နေထိုင်ပါတယ်။ ဘာသာရေးကိုးကွယ်မှုအရ ၁၉၆၁-ခုနှစ်မှ နှစ်ပေါင်း ၅၀ အတွင်း ဟိန္ဒူဘာသာဝင်ဦးရေ ၆၂% မှ ၄၁% ဖြစ်သွားပြီး၊ ခရစ်ယာန်ဘာသာဝင် ၁၉% မှ ၄၁% အထိ တိုးမြင့်လာခြင်း ဟာ မှတ်သားစရာတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ ချင်းလူမျိုးများ၊ အိန္ဒိယ မီဇိုရမ် ပြည်နယ်ရှိ မီဇိုလူမျိုးတွေဟာ ကူကီးအနွယ်ဝင်များဖြစ်ကြပြီး အိန္ဒိယဘက်မှာတော့ ကူကီးဇိုတို့ကို “သာဒူး ကူ ကီး” လို့ ခေါ်ဆိုကြပါတယ်။

အိန္ဒိယနိုင်ငံအတွင်း အရှည်ကြာဆုံးသော ခွဲထွက်ရေးသောင်းကျန်းမှုနဲ့ အကြမ်းဖက်မှုများ မှတ်တမ်းရှိခဲ့ပြီး အဖွဲ့အသီးသီးတို့မှာ မတူကွဲပြားတဲ့ ပန်းတိုင်အသီးသီး ရှိနေပါတယ်။ ၁၉၇၇-ခုနှစ်နောက်ပိုင်း မဏိပူရပြည်နယ် အတွင်း ခွဲထွက်ရေး (PREPAK) လက်နက်ကိုင်ဆန့်ကျင်မှုများမှာ ကွန်မြူနစ်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်တို့ နဲ့အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က လက်နက်နဲ့လေ့ကျင့်မှုများ ပံ့ပိုးပေးခဲ့တယ်လို့ လူ့အခွင့် အရေးစောင့်ကြည့်သူများက သံသယ ရှိပါတယ်။ ဘဏ်လုယက်ခြင်း၊ ရဲတပ်ဖွဲ့နဲ့ အစိုးရအဆောက်အ အုံများကို တိုက်ခိုက်ခြင်းအပါအဝင် ကျူးလွန်မှုများကြောင့် ၂၀၁၆-ခုနှစ်မှာ အိန္ဒိယအစိုးရက အဲ့ဒီ PREPAK ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တားမြစ်ထားပါတယ်။

လုံခြုံရေးမတည်ငြိမ်မှုများကြောင့် အနက်ရောင်နယ်မြေအဖြစ်သတ်မှတ်ပြီး နှစ် ၅၀ ခန့်ကြာတဲ့အထိ စစ်အုပ် ချုပ်ရေးပြဌာန်းခဲ့ရစဉ်အတွင်း နိုင့်ထက်စီးနင်းသတ်ဖြတ်မှု၊ လူမဆန်စွာနှိမ်ချဆက်ဆံမှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ဥပဒေမဲ့ လက်စဖျောက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

အဲဒီလို သမိုင်းရှိခဲ့တဲ့ပြည်နယ်မှာ လူမျိုးစုအချင်းချင်းတို့အကြား အကြမ်းဖက်မှုများလည်း ဖြစ်ပွားနေခဲ့ပါတယ်။ အိန္ဒိယပြည်နယ်အစိုးရရဲ့ မျိုးနွယ်စုအဆင့်အတန်းအရ အထူးအခွင့်အရေးခံစားခွင့် သတ်မှတ်ချက်ပြဌာန်း ခြင်း ဟာ ၂၀၂၃-ခုနှစ် မေလ ပြည်နယ်အတွင်း မေထေး(ကသည်း) တို့နဲ့ ကူးကီးဇိုလူမျိုးစုတို့အကြား လူမျိုး ရေး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ အဓိကရုန်းများနဲ့ အပြန်အလှန်အကြမ်းဖက်ခြင်းများဟာ လူမျိုးရေး ကြောင့်လို့ ဆိုရပေမယ့် မေထေးကြီးစိုးလွှမ်းမိုးရေးစနစ်၊ ခရစ်ယာန်ဆန့်ကျင်ရေး၊ တရားမဝင် ပြောင်းရွှေ့နေ ထိုင်သူများအပေါ် မုန်းတီးမှုနဲ့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်ကူးမှုများကြောင့်လည်း ပါဝင်နေပါ တယ်။

၁-နှစ် ၄-လကျော်ကြာမြင့်တဲ့ အကြမ်းဖက်မှုများအတွင်း တရားဝင် စာရင်းများအရ လူပေါင်း ၂၂၁-ဦး သေဆုံး ပြီး ဘုရားကျောင်းများ၊ ဘာသာရေးဝတ်ပြုရာနေရာများ အပါအဝင် နေအိမ်အဆောက်အအုံ ၅၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ လူသတ်မှု၊ ရုန့်ရင်းဆန်ခတ်မှု၊ လုယက်မှုနဲ့ မုဒိန်းမှုများဖြစ်ပွားခဲ့ပြီး ဒဏ်ရာ ရရှိသူ ၁၀၀၀ ကျော်နဲ့ ပျောက်ဆုံးနေသူ ၃၂-ဦး ရှိခဲ့ရာ အဲ့ဒီကိန်းဂဏန်းများဟာ အဖြစ်မှန်ထက် အများကြီး ပိုမိုနည်းပါးဖွယ်ရှိပါတယ်။

ပြည်နယ်အစိုးရရဲ့ တင်းကြပ်တဲ့ အရေးယူဆောင်ရွက်မှုများကြောင့် ပဋိပက္ခများဟာ ခေတ္တမျှ ုငြိမ်သက်သွားခဲ့ ပြီး ယခုရက်ပိုင်း အင်ဖာချိုင့်ဝှမ်းဒေသမှာ လူမျိုးစုသူပုန်များလက်ချက်နဲ့ လူ ၁၁-ဦး သေဆုံးတဲ့အထိ လူမျိုးရေး အပြန်အလှန် အားပြိုင်မှုများ ပြန်လည်ဖြစ်ပွားလာပါတယ်။

ယခုတစ်ဖန် မငြိမ်သက်မှုများ ပြန်လည်ဖြစ်ပွားလာရခြင်းမှာ လွန်ခဲ့တဲ့ သြဂုတ်လ ၆-ရက် လူမှုကွန်ရက်မှာ ပျံ့နှံ့ လာတဲ့ မဏိပူရပြည်နယ်ဝန်ကြီးချုပ်ရဲ့ အသံဖိုင်နဲ့ ပတ်သက်နေပါတယ်။ ပြည်နယ် ဝန်ကြီးချုပ် အင် ဘီရမ် ဆင်းရဲ့ အသံလို့ စွပ်စွဲကြတဲ့ အမျိုးသားတစ်ဦးရဲ့ပြောဆိုချက်မှာ လူ့အသိုင်းအဝန်းတစ်ခုအကြောင်း ရိုင်းစိုင်းစွာ ပုတ်ခတ်ပြောဆိုမှုများ ပါဝင်နေပါတယ်။

အဲဒီ အသံဖိုင်ထွက်ပေါ်လာပြီးနောက် ဩဂုတ်လ ၈ ရက်နဲ့ သြဂုတ် ၂၀ ရက်တို့မှာ ၁၂ ရက်ခြားပြီး အိန္ဒိယ ဗဟိုအစိုးရက နှစ်ကြိမ်တိုင်တိုင် တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း တရားဥပဒေစိုးမိုးရေး သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ကြောင်း၊ မဏိပူရပြည်နယ်ဝန်ကြီးချုပ်ရဲ့ အသံ ဖိုင်ဆိုရာမှာ လူမျိုးရေးအကြမ်းဖက်မှုကို လှုံ့ဆော်ရန်နဲ့ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များကို နှောင့်ယှက် ရန် တမင်တည်းဖြတ်ဖန်တီးထားခြင်းဖြစ်ကြောင်း ဗဟိုအစိုးရက ရှင်းလင်းထားပါတယ်။ ဒါပေမယ့် နယူးဒေလီရဲ့ သတင်းထုတ်ပြန်ချက်ဟာ နောက်ကျနေပြီး အဲ့ဒီအချိန်ကတည်းက ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုများ ပျက်ပြားနေပြီဖြစ်ပါတယ်။

ပြည်နယ်အစိုးရဟာ ကူကီးဇိုမျိုးနွယ်စုရဲ့ မျိုးရိုးစဉ်ဆက်ဖြစ်တဲ့ သာဒူးလူမျိုးစုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မကြာမီ ကျင်းပတော့မည်ဖြစ်ကြောင်း၊ ပြည်တွင်း ပြည်ပရှိ “သာဒူးကွန်မြူနစ်တီးအင်တာနေရှင်နယ်” က တင်ပြ ထားတဲ့ အိတ်ဖွင့်ပေးစာကို တုန့်ပြန်ခြင်းအဖြစ် ဩဂုတ်လ ၁၂ ရက်နေ့ ပြည်နယ်ပါလီမန်မှာ ဝန်ကြီးချုပ် ဘီရမ် ဆင်းက တင်ပြပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ဟာ အခြေအမြစ် မရှိကြောင်း၊ ပြည်တွင်းရှိ သူတို့ ကောင်စီ မပါဝင်တဲ့ မည်သည့် ဆွေးနွေးပွဲ မဆို တရားမဝင်ကြောင်း သာဒူးမျိုးနွယ်စုကောင်စီဌာနချုပ်က (၂)ရက်အကြာမှာ သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ် ၂၇ ရက်နေ့မှာ မဏိပူရပြည်နယ် ချူရာချမ်ပူခရိုင် သာဒူးလူမျိုးများဆိုင်ရာ BJP ပါတီ ပြောရေးဆို ခွင့်ရှိ သူရဲ့ နေအိမ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီး ချုပ်က တော့ အဲ့ဒီလုပ်ရပ်ဟာ အိန္ဒိယနိုင်ငံတော်ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဂုဏ်သိက္ခာကို ခြိမ်းခြောက်မှုအဖြစ် ရှုတ်ချခဲ့ ပါတယ်။

နောက်ရက်သတ္တပတ်အကြာမှာ ဖော်ပြပါ မဏိပူရပြည်နယ် သာဒူးလူမျိုးများဆိုင်ရာ BJP ပါတီ ပြောရေးဆိုခွင့် ရှိသူရဲ့ ဘိုးအေကြီးဖြစ်သူ နေအိမ်မှာလည်း လက်သရမ်းဖျက်ဆီးပြီး မီးတင်ရှို့မှုဖြစ်ပွားခဲ့ပါတယ်။ သာဒူးမျိုး နွယ်စုကောင်စီဌာနချုပ်ရဲ့ အကူအညီနဲ့ ငါးလမှ ခြောက်လအတွင်း ငြိမ်းချမ်းရေး ပြန်လည်ရရှိအောင် ဆောင် ရွက်မည်ဖြစ်ကြောင်း သြဂုတ်လ ၃၀-ရက်နေ့မှာ ပြည်နယ်ဝန်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။ ကူကီးဇိုနဲ့ မေ ထေးတို့ကိုယ်စားလှယ်များ ဆွေးနွေးရာမှာ အဆင်ပြေချောမွေ့စေရန် နာဂလူမျိုးများဆိုင်ရာ BJP ပါတီ ပြောရေးဆိုခွင့်ရှိသူကို ကြားခံအထူးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့အထိ ပြည်နယ်အတွင်း ကူကီးဇိုလူမျိုးစုအဖွဲ့ဝင်များက လူထုစုဝေးပွဲသုံးကြိမ်ကျင်းပပြီး ကုူကီးဇိုတို့အတွက် သီးခြားအုပ်ချုပ်ခွင့်ကို တောင်းဆိုကြပါတယ်။ လူမှုကွန်ရက်မှာ ပျံံ့နှံ့နေတဲ့ ပြည်နယ်ဝန်ကြီး ချုပ်ရဲ့ အသံဖိုင်ပါ မှတ်ချက်များကိုလည်း ကန့်ကွက် ရှုတ်ချကြပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ အင်ဖာအနောက် ခရိုင်ရှိ ကျေးရွာတစ်ရွာမှာ တိုက်ခိုက်ခံရတဲ့အတွက် ရွာသား ၂-ဦး သေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ကူးကီးဇို လူမျိုးစုသူပုန်များလို့ ယူဆရသူတွေဟာ ဒရုန်းများ ကို အသုံးပြုပြီး ဒရော့ဗုံးများကို ပစ်ချခဲ့ကြခြင်းဖြစ်ကြောင်း၊ မေထေးအများစု နေထိုင်ရာကျေးရွာကို ခေတ်မီ မောင်းပြန်သေနတ်များနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း သိရှိရပါတယ်။

ဒုတိယမြောက်အဖြစ် နောက်တစ်နေ့မှာ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အိန္ဒိယ အရန်တပ်ရင်း ဘန်ကာ ၃-ခု ပျက်စီးခဲ့ရပါတယ်။ စက်တင်ဘာ ၆ ရက်နေမှာ မဏိပူရပြည်နယ် ဝန်ကြီးချုပ်ဟောင်းရဲ့ ဇာတိရွာနေအိမ်ကို ရှော့တိုက်ဒုံးဖြင့် အပစ်ခံရခြင်းဟာ ဒေသအတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အသက် ၇၀ အရွယ် ဟိန္ဒူ ဘုန်းကြီးတစ်ပါး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာ ၇ ရက် မဏိပူရပြည်နယ်မြောက်ပိုင်း ဂျီရီဘမ်ကျေးရွာမှာ လက်နက်ကိုင် အုပ်စုနှစ်စုအကြား ပစ် ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူခြောက်ဦးသေဆုံးခဲ့ရတဲ့အတွက် အိန္ဒိယတပ်မတော်က ရဟတ်ယာဉ်များဖြင့် ကင်းလှည့်စောင့်ကြည့်နေခဲ့ရပါတယ်။ ပြည်နယ်အတွင်း တည်ြငိမ်အေးချမ်းရေးပြန်လည်တည်ဆောက်ဖို့ အ တွက် အင်အား ၆၀,၀၀၀ ပါ ဗဟိုတပ်ဖွဲ့ဝင်များ စေလွှတ်ပေးဖို့ မဏိပူရအစိုးရက နယူးဒေလီပြည်ထဲဝန်ကြီးထံ တောင်းခံထားပါတယ်။ တရားဥပဒေစိုးမိုးရေး ငြိမ်ဝပ်ပိပြားရေးအတွက် ဗဟိုအစိုးရက တိုက်ရိုက် ကိုင်တွယ်ရန် ပြည်နယ်မြို့တော်အင်ဖာမှာ ကျောင်းသားများက လမ်းပေါ်ထွက် ဆန္ဒပြနေကြပါတယ်။

(Dhaka Tribune., 11 September 2024,” How Manipur spiralled back into violence” ကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အိႏၵိယ မဏိပူရျပည္နယ္တြင္ အၾကမ္းဖက္မႈမ်ား ျပန္လည္ျဖစ္ပြား လူမ်ိဳးစုသူ ပုန္တို႔က ဒ႐ုန္းႏွင့္ ေခတ္မီေမာင္းျပန္ေသနတ္မ်ားအသုံးျပဳ
Htay Oung (NP News) - စက္တင္ဘာ ၁၂

ဝန္ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီရဲ႕ “ဘာရတ္တီယာဂ်ာနာတာပါတီ” BJP က အုပ္ခ်ဳပ္လ်က္ရွိတဲ့ အိႏၵိယႏိုင္ငံ အေရွ႕ ေျမာက္ဖ်ား မဏိပူရျပည္နယ္မွာ စက္တင္ဘာလဆန္းပိုင္းမွစတင္ၿပီး အၾကမ္းဖက္မႈမ်ား ျပန္လည္ျဖစ္ပြားလာ တယ္လို႔ နယူးေဒလီအေျခစိုက္ “တိုင္းမ္ေအာ့ဖ္အင္ဒီးယား”က စက္တင္ဘာလ ၁၂ ရက္က ေရးသားပါတယ္။

မဏိပူရျပည္နယ္မွာ အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ေဝးလံေခါင္ဖ်ား ျပည္နယ္ ၇-ခုအနက္ တစ္ခုျဖစ္ၿပီး ျမန္မာ ႏိုင္ငံ လုံၿခဳံေရးပ်က္ျပားေနတဲ့ စစ္ကိုင္းတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္တို႔နဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနပါတယ္။ ျမန္မာႏိုင္ငံ ကရင္ျပည္နယ္ရဲ႕ ၇၀ % ခန႔္ က်ယ္ဝန္းၿပီး ေနထိုင္သူ ၃-သန္းနီးပါး ရွိပါတယ္။ လူဦးေရ ထက္ဝက္ ေက်ာ္မွာ ေျမျပန႔္လြင္ျပင္ေဒသေန ေမေထး (ကသည္း) တို႔ျဖစ္ၿပီး ေတာင္တန္းေဒသေန ကူကီးဇိုမ်ိဳးႏြယ္စု ၁၆ %၊ နာဂမ်ိဳးႏြယ္စု ၂၀%နဲ႔ အျခားလူမ်ိဳးစုငယ္မ်ားလည္း ေနထိုင္ပါတယ္။ ဘာသာေရးကိုးကြယ္မႈအရ ၁၉၆၁-ခုႏွစ္မွ ႏွစ္ေပါင္း ၅၀ အတြင္း ဟိႏၵဴဘာသာဝင္ဦးေရ ၆၂% မွ ၄၁% ျဖစ္သြားၿပီး၊ ခရစ္ယာန္ဘာသာဝင္ ၁၉% မွ ၄၁% အထိ တိုးျမင့္လာျခင္း ဟာ မွတ္သားစရာတစ္ခုျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရွိ ခ်င္းလူမ်ိဳးမ်ား၊ အိႏၵိယ မီဇိုရမ္ ျပည္နယ္ရွိ မီဇိုလူမ်ိဳးေတြဟာ ကူကီးအႏြယ္ဝင္မ်ားျဖစ္ၾကၿပီး အိႏၵိယဘက္မွာေတာ့ ကူကီးဇိုတို႔ကို “သာဒူး ကူ ကီး” လို႔ ေခၚဆိုၾကပါတယ္။

အိႏၵိယႏိုင္ငံအတြင္း အရွည္ၾကာဆုံးေသာ ခြဲထြက္ေရးေသာင္းက်န္းမႈနဲ႔ အၾကမ္းဖက္မႈမ်ား မွတ္တမ္းရွိခဲ့ၿပီး အဖြဲ႕အသီးသီးတို႔မွာ မတူကြဲျပားတဲ့ ပန္းတိုင္အသီးသီး ရွိေနပါတယ္။ ၁၉၇၇-ခုႏွစ္ေနာက္ပိုင္း မဏိပူရျပည္နယ္ အတြင္း ခြဲထြက္ေရး (PREPAK) လက္နက္ကိုင္ဆန႔္က်င္မႈမ်ားမွာ ကြန္ျမဴနစ္ဝါဒ၊ ေမာ္စီတုန္းအေတြးအေခၚတို႔ နဲ႔အတူ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ PLA က လက္နက္နဲ႔ေလ့က်င့္မႈမ်ား ပံ့ပိုးေပးခဲ့တယ္လို႔ လူ႔အခြင့္ အေရးေစာင့္ၾကည့္သူမ်ားက သံသယ ရွိပါတယ္။ ဘဏ္လုယက္ျခင္း၊ ရဲတပ္ဖြဲ႕နဲ႔ အစိုးရအေဆာက္အ အုံမ်ားကို တိုက္ခိုက္ျခင္းအပါအဝင္ က်ဴးလြန္မႈမ်ားေၾကာင့္ ၂၀၁၆-ခုႏွစ္မွာ အိႏၵိယအစိုးရက အဲ့ဒီ PREPAK ကို အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ တားျမစ္ထားပါတယ္။

လုံၿခဳံေရးမတည္ၿငိမ္မႈမ်ားေၾကာင့္ အနက္ေရာင္နယ္ေျမအျဖစ္သတ္မွတ္ၿပီး ႏွစ္ ၅၀ ခန႔္ၾကာတဲ့အထိ စစ္အုပ္ ခ်ဳပ္ေရးျပဌာန္းခဲ့ရစဥ္အတြင္း ႏိုင့္ထက္စီးနင္းသတ္ျဖတ္မႈ၊ လူမဆန္စြာႏွိမ္ခ်ဆက္ဆံမႈ၊ ရက္စက္ၾကမ္းၾကဳတ္မႈ၊ ဥပေဒမဲ့ လက္စေဖ်ာက္မႈနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားလည္း ျဖစ္ေပၚခဲ့ဖူးပါတယ္။

အဲဒီလို သမိုင္းရွိခဲ့တဲ့ျပည္နယ္မွာ လူမ်ိဳးစုအခ်င္းခ်င္းတို႔အၾကား အၾကမ္းဖက္မႈမ်ားလည္း ျဖစ္ပြားေနခဲ့ပါတယ္။ အိႏၵိယျပည္နယ္အစိုးရရဲ႕ မ်ိဳးႏြယ္စုအဆင့္အတန္းအရ အထူးအခြင့္အေရးခံစားခြင့္ သတ္မွတ္ခ်က္ျပဌာန္း ျခင္း ဟာ ၂၀၂၃-ခုႏွစ္ ေမလ ျပည္နယ္အတြင္း ေမေထး(ကသည္း) တို႔နဲ႔ ကူးကီးဇိုလူမ်ိဳးစုတို႔အၾကား လူမ်ိဳး ေရး အၾကမ္းဖက္မႈမ်ား ျဖစ္ပြားခဲ့ပါတယ္။ အဓိက႐ုန္းမ်ားနဲ႔ အျပန္အလွန္အၾကမ္းဖက္ျခင္းမ်ားဟာ လူမ်ိဳးေရး ေၾကာင့္လို႔ ဆိုရေပမယ့္ ေမေထးႀကီးစိုးလႊမ္းမိုးေရးစနစ္၊ ခရစ္ယာန္ဆန႔္က်င္ေရး၊ တရားမဝင္ ေျပာင္းေ႐ႊ႕ေန ထိုင္သူမ်ားအေပၚ မုန္းတီးမႈနဲ႔ နယ္စပ္ျဖတ္ေက်ာ္ မူးယစ္ေဆးဝါးကုန္ကူးမႈမ်ားေၾကာင့္လည္း ပါဝင္ေနပါ တယ္။

၁-ႏွစ္ ၄-လေက်ာ္ၾကာျမင့္တဲ့ အၾကမ္းဖက္မႈမ်ားအတြင္း တရားဝင္ စာရင္းမ်ားအရ လူေပါင္း ၂၂၁-ဦး ေသဆုံး ၿပီး ဘုရားေက်ာင္းမ်ား၊ ဘာသာေရးဝတ္ျပဳရာေနရာမ်ား အပါအဝင္ ေနအိမ္အေဆာက္အအုံ ၅၀၀၀ ေက်ာ္ မီးရႈိ႕ဖ်က္ဆီးျခင္း ခံခဲ့ရပါတယ္။ လူသတ္မႈ၊ ႐ုန႔္ရင္းဆန္ခတ္မႈ၊ လုယက္မႈနဲ႔ မုဒိန္းမႈမ်ားျဖစ္ပြားခဲ့ၿပီး ဒဏ္ရာ ရရွိသူ ၁၀၀၀ ေက်ာ္နဲ႔ ေပ်ာက္ဆုံးေနသူ ၃၂-ဦး ရွိခဲ့ရာ အဲ့ဒီကိန္းဂဏန္းမ်ားဟာ အျဖစ္မွန္ထက္ အမ်ားႀကီး ပိုမိုနည္းပါးဖြယ္ရွိပါတယ္။

ျပည္နယ္အစိုးရရဲ႕ တင္းၾကပ္တဲ့ အေရးယူေဆာင္႐ြက္မႈမ်ားေၾကာင့္ ပဋိပကၡမ်ားဟာ ေခတၱမွ် ုၿငိမ္သက္သြားခဲ့ ၿပီး ယခုရက္ပိုင္း အင္ဖာခ်ိဳင့္ဝွမ္းေဒသမွာ လူမ်ိဳးစုသူပုန္မ်ားလက္ခ်က္နဲ႔ လူ ၁၁-ဦး ေသဆုံးတဲ့အထိ လူမ်ိဳးေရး အျပန္အလွန္ အားၿပိဳင္မႈမ်ား ျပန္လည္ျဖစ္ပြားလာပါတယ္။

ယခုတစ္ဖန္ မၿငိမ္သက္မႈမ်ား ျပန္လည္ျဖစ္ပြားလာရျခင္းမွာ လြန္ခဲ့တဲ့ ၾသဂုတ္လ ၆-ရက္ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ လာတဲ့ မဏိပူရျပည္နယ္ဝန္ႀကီးခ်ဳပ္ရဲ႕ အသံဖိုင္နဲ႔ ပတ္သက္ေနပါတယ္။ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ အင္ ဘီရမ္ ဆင္းရဲ႕ အသံလို႔ စြပ္စြဲၾကတဲ့ အမ်ိဳးသားတစ္ဦးရဲ႕ေျပာဆိုခ်က္မွာ လူ႔အသိုင္းအဝန္းတစ္ခုအေၾကာင္း ႐ိုင္းစိုင္းစြာ ပုတ္ခတ္ေျပာဆိုမႈမ်ား ပါဝင္ေနပါတယ္။

အဲဒီ အသံဖိုင္ထြက္ေပၚလာၿပီးေနာက္ ဩဂုတ္လ ၈ ရက္နဲ႔ ၾသဂုတ္ ၂၀ ရက္တို႔မွာ ၁၂ ရက္ျခားၿပီး အိႏၵိယ ဗဟိုအစိုးရက ႏွစ္ႀကိမ္တိုင္တိုင္ တရားဝင္သတင္းထုတ္ျပန္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ လအနည္းငယ္အတြင္း တရားဥပေဒစိုးမိုးေရး သိသိသာသာ တိုးတက္ေကာင္းမြန္လာခဲ့ေၾကာင္း၊ မဏိပူရျပည္နယ္ဝန္ႀကီးခ်ဳပ္ရဲ႕ အသံ ဖိုင္ဆိုရာမွာ လူမ်ိဳးေရးအၾကမ္းဖက္မႈကို လႈံ႕ေဆာ္ရန္နဲ႔ တည္ၿငိမ္ေအးခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ေႏွာင့္ယွက္ ရန္ တမင္တည္းျဖတ္ဖန္တီးထားျခင္းျဖစ္ေၾကာင္း ဗဟိုအစိုးရက ရွင္းလင္းထားပါတယ္။ ဒါေပမယ့္ နယူးေဒလီရဲ႕ သတင္းထုတ္ျပန္ခ်က္ဟာ ေနာက္က်ေနၿပီး အဲ့ဒီအခ်ိန္ကတည္းက ျပည္နယ္အတြင္း တည္ၿငိမ္ေအးခ်မ္းမႈမ်ား ပ်က္ျပားေနၿပီျဖစ္ပါတယ္။

ျပည္နယ္အစိုးရဟာ ကူကီးဇိုမ်ိဳးႏြယ္စုရဲ႕ မ်ိဳး႐ိုးစဥ္ဆက္ျဖစ္တဲ့ သာဒူးလူမ်ိဳးစုနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားကို မၾကာမီ က်င္းပေတာ့မည္ျဖစ္ေၾကာင္း၊ ျပည္တြင္း ျပည္ပရွိ “သာဒူးကြန္ျမဴနစ္တီးအင္တာေနရွင္နယ္” က တင္ျပ ထားတဲ့ အိတ္ဖြင့္ေပးစာကို တုန႔္ျပန္ျခင္းအျဖစ္ ဩဂုတ္လ ၁၂ ရက္ေန႔ ျပည္နယ္ပါလီမန္မွာ ဝန္ႀကီးခ်ဳပ္ ဘီရမ္ ဆင္းက တင္ျပပါတယ္။

ဒါေပမဲ့ ဝန္ႀကီးခ်ဳပ္ရဲ႕ ေျပာဆိုခ်က္ဟာ အေျခအျမစ္ မရွိေၾကာင္း၊ ျပည္တြင္းရွိ သူတို႔ ေကာင္စီ မပါဝင္တဲ့ မည္သည့္ ေဆြးေႏြးပြဲ မဆို တရားမဝင္ေၾကာင္း သာဒူးမ်ိဳးႏြယ္စုေကာင္စီဌာနခ်ဳပ္က (၂)ရက္အၾကာမွာ သတင္း ထုတ္ျပန္ပါတယ္။

ၾသဂုတ္ ၂၇ ရက္ေန႔မွာ မဏိပူရျပည္နယ္ ခ်ဴရာခ်မ္ပူခ႐ိုင္ သာဒူးလူမ်ိဳးမ်ားဆိုင္ရာ BJP ပါတီ ေျပာေရးဆို ခြင့္ရွိ သူရဲ႕ ေနအိမ္ကို အမည္မသိ လက္နက္ကိုင္အဖြဲ႕မ်ားက ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ ျပည္နယ္ဝန္ႀကီး ခ်ဳပ္က ေတာ့ အဲ့ဒီလုပ္ရပ္ဟာ အိႏၵိယႏိုင္ငံေတာ္ရဲ႕ စည္းလုံးညီၫြတ္မႈနဲ႔ ဂုဏ္သိကၡာကို ၿခိမ္းေျခာက္မႈအျဖစ္ ရႈတ္ခ်ခဲ့ ပါတယ္။

ေနာက္ရက္သတၱပတ္အၾကာမွာ ေဖာ္ျပပါ မဏိပူရျပည္နယ္ သာဒူးလူမ်ိဳးမ်ားဆိုင္ရာ BJP ပါတီ ေျပာေရးဆိုခြင့္ ရွိသူရဲ႕ ဘိုးေအႀကီးျဖစ္သူ ေနအိမ္မွာလည္း လက္သရမ္းဖ်က္ဆီးၿပီး မီးတင္ရႈိ႕မႈျဖစ္ပြားခဲ့ပါတယ္။ သာဒူးမ်ိဳး ႏြယ္စုေကာင္စီဌာနခ်ဳပ္ရဲ႕ အကူအညီနဲ႔ ငါးလမွ ေျခာက္လအတြင္း ၿငိမ္းခ်မ္းေရး ျပန္လည္ရရွိေအာင္ ေဆာင္ ႐ြက္မည္ျဖစ္ေၾကာင္း ၾသဂုတ္လ ၃၀-ရက္ေန႔မွာ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ကတိျပဳခဲ့ပါတယ္။ ကူကီးဇိုနဲ႔ ေမ ေထးတို႔ကိုယ္စားလွယ္မ်ား ေဆြးေႏြးရာမွာ အဆင္ေျပေခ်ာေမြ႕ေစရန္ နာဂလူမ်ိဳးမ်ားဆိုင္ရာ BJP ပါတီ ေျပာေရးဆိုခြင့္ရွိသူကို ၾကားခံအထူးပုဂၢိဳလ္အျဖစ္ ခန႔္အပ္ပါတယ္။

ၾသဂုတ္လ ၃၁ ရက္ေန႔အထိ ျပည္နယ္အတြင္း ကူကီးဇိုလူမ်ိဳးစုအဖြဲ႕ဝင္မ်ားက လူထုစုေဝးပြဲသုံးႀကိမ္က်င္းပၿပီး ကုူကီးဇိုတို႔အတြက္ သီးျခားအုပ္ခ်ဳပ္ခြင့္ကို ေတာင္းဆိုၾကပါတယ္။ လူမႈကြန္ရက္မွာ ပ်ံံ့ႏွံ႔ေနတဲ့ ျပည္နယ္ဝန္ႀကီး ခ်ဳပ္ရဲ႕ အသံဖိုင္ပါ မွတ္ခ်က္မ်ားကိုလည္း ကန႔္ကြက္ ရႈတ္ခ်ၾကပါတယ္။

စက္တင္ဘာ ၁ ရက္ေန႔ အင္ဖာအေနာက္ ခ႐ိုင္ရွိ ေက်း႐ြာတစ္႐ြာမွာ တိုက္ခိုက္ခံရတဲ့အတြက္ ႐ြာသား ၂-ဦး ေသဆုံးၿပီး လူအမ်ားအျပား ဒဏ္ရာရရွိခဲ့ပါတယ္။ ကူးကီးဇို လူမ်ိဳးစုသူပုန္မ်ားလို႔ ယူဆရသူေတြဟာ ဒ႐ုန္းမ်ား ကို အသုံးျပဳၿပီး ဒေရာ့ဗုံးမ်ားကို ပစ္ခ်ခဲ့ၾကျခင္းျဖစ္ေၾကာင္း၊ ေမေထးအမ်ားစု ေနထိုင္ရာေက်း႐ြာကို ေခတ္မီ ေမာင္းျပန္ေသနတ္မ်ားနဲ႔ ဝိုင္းဝန္းပစ္ခတ္ခဲ့ေၾကာင္း သိရွိရပါတယ္။

ဒုတိယေျမာက္အျဖစ္ ေနာက္တစ္ေန႔မွာ ဒ႐ုန္းျဖင့္ တိုက္ခိုက္မႈေၾကာင့္ အိႏၵိယ အရန္တပ္ရင္း ဘန္ကာ ၃-ခု ပ်က္စီးခဲ့ရပါတယ္။ စက္တင္ဘာ ၆ ရက္ေနမွာ မဏိပူရျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္းရဲ႕ ဇာတိ႐ြာေနအိမ္ကို ေရွာ့တိုက္ဒုံးျဖင့္ အပစ္ခံရျခင္းဟာ ေဒသအတြင္း ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။ အသက္ ၇၀ အ႐ြယ္ ဟိႏၵဴ ဘုန္းႀကီးတစ္ပါး ေသဆုံးၿပီး ငါးဦး ဒဏ္ရာရရွိခဲ့ပါတယ္။

စက္တင္ဘာ ၇ ရက္ မဏိပူရျပည္နယ္ေျမာက္ပိုင္း ဂ်ီရီဘမ္ေက်း႐ြာမွာ လက္နက္ကိုင္ အုပ္စုႏွစ္စုအၾကား ပစ္ ခတ္တိုက္ခိုက္မႈျဖစ္ပြားခဲ့ရာ လူေျခာက္ဦးေသဆုံးခဲ့ရတဲ့အတြက္ အိႏၵိယတပ္မေတာ္က ရဟတ္ယာဥ္မ်ားျဖင့္ ကင္းလွည့္ေစာင့္ၾကည့္ေနခဲ့ရပါတယ္။ ျပည္နယ္အတြင္း တည္ၿငိမ္ေအးခ်မ္းေရးျပန္လည္တည္ေဆာက္ဖို႔ အ တြက္ အင္အား ၆၀,၀၀၀ ပါ ဗဟိုတပ္ဖြဲ႕ဝင္မ်ား ေစလႊတ္ေပးဖို႔ မဏိပူရအစိုးရက နယူးေဒလီျပည္ထဲဝန္ႀကီးထံ ေတာင္းခံထားပါတယ္။ တရားဥပေဒစိုးမိုးေရး ၿငိမ္ဝပ္ပိျပားေရးအတြက္ ဗဟိုအစိုးရက တိုက္႐ိုက္ ကိုင္တြယ္ရန္ ျပည္နယ္ၿမိဳ႕ေတာ္အင္ဖာမွာ ေက်ာင္းသားမ်ားက လမ္းေပၚထြက္ ဆႏၵျပေနၾကပါတယ္။

(Dhaka Tribune., 11 September 2024,” How Manipur spiralled back into violence” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏုတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.