အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ

 378

Htay Oung (NP News) - စက်တင်ဘာ ၁၆

စက်တင်ဘာ ၁၃ ရက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာနဲ့ စစ်တကောင်းမြို့တို့မှာ ဟိန္ဒူဘာသာဝင်တို့က အင်အားထောင်သောင်းချီတဲ့ ချီတက်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ သြဂုတ်လ ၈ ရက်က ယခင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ပြုတ်ကျသွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လူနည်းစု ဟိန္ဒူဘာသာဝင်တို့ တိုက်ခိုက်ခံနေရကြောင်း၊ ကျူးလွန်သူများကို အမြန်ဆုံး အရေးယူ အပြစ်ပေးရေးအတွက် တောင်းဆိုကြတယ်လို့ နယူးဒေလီအခြေစိုက် “အီကော်နောမစ်တိုင်းမ်” (14 September 2024) က ရေးသားပါတယ်။

နိုင်ငံအတွင်း ဘာသာရေးဆိုင်ရာ သဟဇာတဖြစ်မှုကို ထိန်းသိမ်းကြရန် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေး အရာရှိချုပ် မိုဟာမက်ယူနွတ်စ်က တောင်းဆိုကြောင်း ရုပ်သံမိန့်ခွန်းပြောကြားအပြီး နှစ်ရက်အကြာ နိုင်ငံတွင်း မြို့ကြီးများရဲ့လမ်းများပေါ်မှာ ဟိန္ဒူဘာသာဝင်တို့က အခုလို ဆန္ဒပြခြင်းဖြစ်ပါတယ်။

ရှိတ်ဟာစီနာ ထွက်ပြေးသွားပြီးနောက် ဖွဲ့စည်းခဲ့တဲ့ ကြားဖြတ်အစိုးရဟာ တစ်ရပ်တည်းသာရှိတဲ့ “ဂျာတီယာ ဆန်ဆတ်ဒ်” ဘင်္ဂလားဒေ့ရှ်လွှတ်တော်ကို ဖျက်သိမ်းထားပါတယ်။ ရွေးကောက်ပွဲပြုလုပ်ပြီး ဝန်ကြီးချုပ်သစ် ခန့်အပ်နိုင်သည်အထိ ကြားဖြတ်အစိုးရအဖွဲ့မှာဘင်္ဂလားဒေ့ရှ် ဖွဲ့စည်းပုံဥပဒေအရ ရှိတ်ဟာစီနာလက်ထက် သမ္မတ ဖြစ်သူက မူလအတိုင်း ဆက်လက်တာဝန်ယူပါတယ်။ စုစုပေါင်း အဖွဲ့ဝင် ၂၃ ဦးပါ အစိုးရအဖွဲ့မှာ နိုင်ငံတဝန်း လူထု အုံကြွမှုဖြစ်ပွားစဉ် ဆန္ဒပြခေါင်းဆောင်များနဲ့ ကျောင်းသားခေါင်းဆောင်များက ဝန်ကြီးဌာနအသီးသီးရဲ့ အကြံပေး အရာရှိများအဖြစ် တာဝန်ယူပြီး “မိုဟာမက် ယူနွတ်” က အကြံပေးအရာရှိချုပ်ဖြစ်ပါတယ်။ ရှိတ်ဟာစီနာအစိုးရ လက်ထက် ဝန်ကြီးများမှာ ရာထူးမှ ဖယ်ရှားခြင်းခံရပြီး အချို့မှာ လူထုအုံကြွမှုဖြစ်ပွားစဉ် အကြမ်းဖက် သတ်ဖြတ်မှု များအတွက် ဖမ်းဆီးခံထားရပါတယ်။


တိုက်ခိုက်မှုကျူးလွန်သူများကို အမြန်ဆုံး အရေးယူ အပြစ်ပေးရေး၊ လူနည်းစုရေးရာ ကိုယ်စားလှယ်ခန့်အပ် ရေးနဲ့ ဝန်ကြီးဌာနအဆင့်တစ်ခု သီးခြားဖွဲ့စည်းရေး၊ သေဆုံးသူများအတွက် လျော်ကြေးပေးရေးအပါအဝင် အချက် ၈ ချက် ကို တောင်းဆိုကြောင်း ဟိန္ဒူဘာသာဝင်တို့က ဆိုင်းဘုတ်များ ကိုင်ဆောင်လှည့်လည်ကြပါတယ်။ ဆန္ဒပြပွဲများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ်စောင့်ကြည့်ခဲ့ကြောင်းလည်း တွေ့ရှိရပါတယ်။

စစ်တကောင်းမြို့ ဟိန္ဒူဘာသာဝင်များရဲ့ဆန္ဒပြပွဲများမှာ အလားတူ တောင်းဆိုကြတဲ့အပြင် ဟာစီနာအစိုးရ ပြုတ်ကျစေခဲ့တဲ့ ကျောင်းသားဆန္ဒပြပွဲများရဲ့ ညှိနှိုင်းရေးမှူးများအနေနဲ့ ၎င်းတို့နဲ့ ၁၅ ရက်အတွင်း တွေ့ဆုံရန်လည်း တောင်းဆိုခဲ့ကြပါတယ်။ လျော်ကြေးငွေပေးအပ်ရေး၊ ပြန်လည်ထူထောင်ပေးရေး အပါအဝင် ယခု တောင်းဆိုချက် များကို မဖြေရှင်းမချင်း အိမ်ပြန်ကြမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

စစ်တကောင်း ဟိန္ဒူဆန္ဒပြသူတွေသာ မွန်းလွဲ ၃ နာရီအချိန် ဂျမဲလ်ခန်နယ်မြေမှာ စုရုံးကြပြီး သူတို့ဘာသာဝင်များ အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပဲ ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ထားကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။ သတင်းမီဒီယာများဟာ သူတို့ရဲ့အသံကိုဖော်ပြပေးခြင်းမရှိဘဲ လစ်လျူ့ရှု့ထားကြတယ်လို့ စွပ်စွဲကြပါတယ်။ မျိုးနည်းစုများ တိုက်ခိုက်ခံရတဲ့သတင်းနဲ့ပတ်သက်ပြီး “ပရိုသွန်အယ်လို” နေ့စဉ်သတင်းစာ တစ်စောင်သာ ရေးသား ဖော်ရပြီး အာဏာပိုင်များအနေနဲ့ သတိပြုသင့်တယ်လို့ ဆန္ဒပြသူတစ်ဦးက တိုက်တွန်းပါတယ်။

ညနေ ၄ နာရီ ၃ဝ မိနစ် ဒါကာမြို့မှာတော့ ဆန္ဒပြသူများစုဝေးတဲ့ ရှာဘက်ဆုံမှာ ယာဉ်ကြောများ ပိတ်ဆို့ကုန်ပါ တယ်။ ဘင်္ဂလားဒေ့ရှ် ဟိန္ဒူဘာသာအသင်း အများအပြားပါဝင်တဲ့ “စန်နာတာနီ အိုဒီခါ အန်ဒိုလမ်” အဖွဲ့အစည်းက ကြီးမှူးကျင်းပတဲ့ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့များက အနီးကပ် စောင့်ကြည့်နေခဲ့ပါတယ်။

ဆန္ဒပြပွဲများနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံ ပါရီအခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်တဲ့ “ဘင်္ဂလားဒေ့ရှ် တရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့” (JMBF) ကတော့ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့ လူနည်းစုများအတွက် နက်ရှိုင်းစွာ စိုးရိမ်ပူပန်မိတယ်လို့ ပြောပါတယ်။ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများနဲ့ ဝတ်ပြုရာနေရာများကို ဖျက်ဆီးခြင်းဟာ လူ့အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ပြုတ်ကျပြီးနောက် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံအကြား ခရီးသွားလာမှုများ လျော့ ကျလာကြောင်း၊ တစ်ချိန်က လူစည်ကားခဲ့တဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား ဘတ်စ်ကား၊ မီးရထားနဲ့ လေကြောင်း ကူးသန်းသွားလာမှုများဟာ ယခုအချိန်မှာ ခရီးသည် မရှိသလောက်ဖြစ်နေပြီး စီးပွားရေးအရ ဂယက်ရိုက်ခတ် မှာကို စိုးရိမ်စရာကောင်းလောက်တယ်လို့ “ဒါကာ ထရိုင်ဗြွန်း” (13 September 2024) က ရေးသားပါတယ်။

ဟာစီနာဖြုတ်ချခံရကာစမှာ အိန္ဒိယက ဘင်္ဂလားဒေ့ရှ်အတွက် ဗီဇာဝန်ဆောင်မှုများကို ရပ်ဆိုင်းခဲ့ပါတယ်။ များမကြာမီ ဗီဇာထုတ်ပေးခြင်းများကို ပြန်လည်စတင်ခဲ့ပေမယ့် အကန့်အသတ်များရှိနေပါတယ်။ ယခုအခါ ဗီဇာများကို ဆေးဝါးကုသမှု ခံယူရန် နဲ့ ကျောင်းသားများအတွက်သာ ထုတ်ပေးနေပြီး အလုပ် (သို့မဟုတ်) ခရီးသွား လာရန်အတွက် ဗီဇာလျှောက်ထားသူ နည်းပါးလာပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်းများမှာ ဝန်ဆောင်မှုပေးနေ တဲ့ လေကြောင်းလိုင်းများမှာ ငွေကြေးအခက်အခဲများ ဖြစ်ပေါ်လာခဲ့ရပါတယ်။
အိမ်နီးချင်းနိုင်ငံနဲ့ ခရီးသွားလာမှု သိသိသာသာ ကျဆင်းသွားကြောင်း ဘင်္ဂလားဒေ့ရှ် မြို့ပြလေကြောင်း အာဏာပိုင်၊ မီးရထားနဲ့ ဆိပ်ကမ်းအာဏာပိုင်တို့က အတည်ပြုပါတယ်။ ဒါကာနဲ့ အိန္ဒိယမြို့ကြီးတွေအကြား ပျံသန်းနေတဲ့ လေကြောင်းခရီးစဉ်တွေမှာ လက်မှတ်ကြိုတင်မှာယူမှု နည်းပါးလာပြီး ပယ်ဖျက်မှု များပြားလာကြောင်း ခရီးသည် ၆ဝ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်းအထိ ကျဆင်းလာတာကို တွေ့ရှိရတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လေဆိပ်များမှာ လုံခြုံရေးအစီအမံများကို တိုးမြှင့်ထားခြင်းကြောင့် အိန္ဒိယဘက်ကို သွား လာရန် နှောင့်နှေးမှုများနဲ့ စိတ်ချလက်ချ ခရီးသွားရန် ဆုံးဖြတ်ရခက်တဲ့အထိ ဖြစ်လာပါတယ်။ ခရီးသည်ရရှိမှု နည်းပါးလာတဲ့အတွက် “အဲအင်းဒီးယား” နဲ့ “ယူအက်စ်ဘင်္ဂလား” တို့လို လေကြောင်းလိုင်းတွေမှာ ပျံသန်းမယ့် အချိန်ဇယားကို လျှော့ချခဲ့ရပါတယ်။ ဘင်္ဂလားနိုင်ငံ “နိုဗိုအဲ” လေကြောင်းလိုင်းဆိုရင် “ဒါကာ-ကာလ ကတ္တား” ခရီးစဉ်များကို ရပ်ဆိုင်းလိုက်ရတဲ့အထိပါပဲ

လေကြောင်းကုမ္ပဏီတွေဟာ ခရီးသည်များကို ပိုမိုဆွဲဆောင်ရန် ပရိုမိုးရှင်း အမျိုးမျိုးနဲ့ကြိုးပမ်းခဲ့ပေမယ့် ခရီးသည် ရရှိမှု ကျဆင်းမြဲ ကျဆင်းနေတာကြောင့် ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ ဥပမာအားဖြင့် အိန္ဒိယသို့ လေကြောင်းခရီးစဉ်များကို လျှော့ချခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် “ယူအက်စ်လေကြောင်းလိုင်း” ဆိုရင် ကုမ္ပဏီလည်ပတ်မှု ကုန်ကျစရိတ်များကို ကာမိရန် မနည်းရုန်းကန်နေရပါတယ်။ အိမ်နီးချင်းနိုင်ငံနဲ့ ပျံသန်းပြီး ဝင်ငွေရှာဖွေတဲ့ လေကြောင်းလိုင်းတွေအတွက် အိန္ဒိယခရီးသည်အရေအတွက် ကျဆင်းမှုဟာ လေကြောင်းလိုင်းများရဲ့ လုပ်ငန်း လည်ပတ်မှုနဲ့ အမြတ်အစွန်းကို များစွာ ထိခိုက်စေပါတယ်။
(Economic Times., 14 September 2024,” Hindu protests erupt in Bangladesh demanding action against community attacks” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။)

Zawgyi Version;
အိႏၵိယႏွင့္ ဘဂၤလားေဒ့ရွ္အၾကား ခရီးသြားလာမႈ သိသာစြာ ေလ်ာ့က်
Htay Oung (NP News) - စက္တင္ဘာ ၁၆

စက္တင္ဘာ ၁၃ ရက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ၿမိဳ႕ေတာ္ ဒါကာနဲ႔ စစ္တေကာင္းၿမိဳ႕တို႔မွာ ဟိႏၵဴဘာသာဝင္တို႔က အင္အားေထာင္ေသာင္းခ်ီတဲ့ ခ်ီတက္ကန႔္ကြက္ဆႏၵျပခဲ့ၾကပါတယ္။ လြန္ခဲ့တဲ့ ၾသဂုတ္လ ၈ ရက္က ယခင္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ ျပဳတ္က်သြားၿပီးေနာက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း လူနည္းစု ဟိႏၵဴဘာသာဝင္တို႔ တိုက္ခိုက္ခံေနရေၾကာင္း၊ က်ဴးလြန္သူမ်ားကို အျမန္ဆုံး အေရးယူ အျပစ္ေပးေရးအတြက္ ေတာင္းဆိုၾကတယ္လို႔ နယူးေဒလီအေျခစိုက္ “အီေကာ္ေနာမစ္တိုင္းမ္” (14 September 2024) က ေရးသားပါတယ္။

ႏိုင္ငံအတြင္း ဘာသာေရးဆိုင္ရာ သဟဇာတျဖစ္မႈကို ထိန္းသိမ္းၾကရန္ ဘဂၤလားေဒ့ရွ္ ၾကားျဖတ္အစိုးရ အႀကံေပး အရာရွိခ်ဳပ္ မိုဟာမက္ယူႏြတ္စ္က ေတာင္းဆိုေၾကာင္း ႐ုပ္သံမိန႔္ခြန္းေျပာၾကားအၿပီး ႏွစ္ရက္အၾကာ ႏိုင္ငံတြင္း ၿမိဳ႕ႀကီးမ်ားရဲ႕လမ္းမ်ားေပၚမွာ ဟိႏၵဴဘာသာဝင္တို႔က အခုလို ဆႏၵျပျခင္းျဖစ္ပါတယ္။

ရွိတ္ဟာစီနာ ထြက္ေျပးသြားၿပီးေနာက္ ဖြဲ႕စည္းခဲ့တဲ့ ၾကားျဖတ္အစိုးရဟာ တစ္ရပ္တည္းသာရွိတဲ့ “ဂ်ာတီယာ ဆန္ဆတ္ဒ္” ဘဂၤလားေဒ့ရွ္လႊတ္ေတာ္ကို ဖ်က္သိမ္းထားပါတယ္။ ေ႐ြးေကာက္ပြဲျပဳလုပ္ၿပီး ဝန္ႀကီးခ်ဳပ္သစ္ ခန႔္အပ္ႏိုင္သည္အထိ ၾကားျဖတ္အစိုးရအဖြဲ႕မွာဘဂၤလားေဒ့ရွ္ ဖြဲ႕စည္းပုံဥပေဒအရ ရွိတ္ဟာစီနာလက္ထက္ သမၼတ ျဖစ္သူက မူလအတိုင္း ဆက္လက္တာဝန္ယူပါတယ္။ စုစုေပါင္း အဖြဲ႕ဝင္ ၂၃ ဦးပါ အစိုးရအဖြဲ႕မွာ ႏိုင္ငံတဝန္း လူထု အုံႂကြမႈျဖစ္ပြားစဥ္ ဆႏၵျပေခါင္းေဆာင္မ်ားနဲ႔ ေက်ာင္းသားေခါင္းေဆာင္မ်ားက ဝန္ႀကီးဌာနအသီးသီးရဲ႕ အႀကံေပး အရာရွိမ်ားအျဖစ္ တာဝန္ယူၿပီး “မိုဟာမက္ ယူႏြတ္” က အႀကံေပးအရာရွိခ်ဳပ္ျဖစ္ပါတယ္။ ရွိတ္ဟာစီနာအစိုးရ လက္ထက္ ဝန္ႀကီးမ်ားမွာ ရာထူးမွ ဖယ္ရွားျခင္းခံရၿပီး အခ်ိဳ႕မွာ လူထုအုံႂကြမႈျဖစ္ပြားစဥ္ အၾကမ္းဖက္ သတ္ျဖတ္မႈ မ်ားအတြက္ ဖမ္းဆီးခံထားရပါတယ္။


တိုက္ခိုက္မႈက်ဴးလြန္သူမ်ားကို အျမန္ဆုံး အေရးယူ အျပစ္ေပးေရး၊ လူနည္းစုေရးရာ ကိုယ္စားလွယ္ခန႔္အပ္ ေရးနဲ႔ ဝန္ႀကီးဌာနအဆင့္တစ္ခု သီးျခားဖြဲ႕စည္းေရး၊ ေသဆုံးသူမ်ားအတြက္ ေလ်ာ္ေၾကးေပးေရးအပါအဝင္ အခ်က္ ၈ ခ်က္ ကို ေတာင္းဆိုေၾကာင္း ဟိႏၵဴဘာသာဝင္တို႔က ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္လွည့္လည္ၾကပါတယ္။ ဆႏၵျပပြဲမ်ားကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အနီးကပ္ေစာင့္ၾကည့္ခဲ့ေၾကာင္းလည္း ေတြ႕ရွိရပါတယ္။

စစ္တေကာင္းၿမိဳ႕ ဟိႏၵဴဘာသာဝင္မ်ားရဲ႕ဆႏၵျပပြဲမ်ားမွာ အလားတူ ေတာင္းဆိုၾကတဲ့အျပင္ ဟာစီနာအစိုးရ ျပဳတ္က်ေစခဲ့တဲ့ ေက်ာင္းသားဆႏၵျပပြဲမ်ားရဲ႕ ညႇိႏႈိင္းေရးမႉးမ်ားအေနနဲ႔ ၎တို႔နဲ႔ ၁၅ ရက္အတြင္း ေတြ႕ဆုံရန္လည္း ေတာင္းဆိုခဲ့ၾကပါတယ္။ ေလ်ာ္ေၾကးေငြေပးအပ္ေရး၊ ျပန္လည္ထူေထာင္ေပးေရး အပါအဝင္ ယခု ေတာင္းဆိုခ်က္ မ်ားကို မေျဖရွင္းမခ်င္း အိမ္ျပန္ၾကမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

စစ္တေကာင္း ဟိႏၵဴဆႏၵျပသူေတြသာ မြန္းလြဲ ၃ နာရီအခ်ိန္ ဂ်မဲလ္ခန္နယ္ေျမမွာ စု႐ုံးၾကၿပီး သူတို႔ဘာသာဝင္မ်ား အေနနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာပဲ ဆက္လက္ေနထိုင္ရန္ ဆုံးျဖတ္ထားေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ သတင္းမီဒီယာမ်ားဟာ သူတို႔ရဲ႕အသံကိုေဖာ္ျပေပးျခင္းမရွိဘဲ လစ္လ်ဴ႕ရႈ႕ထားၾကတယ္လို႔ စြပ္စြဲၾကပါတယ္။ မ်ိဳးနည္းစုမ်ား တိုက္ခိုက္ခံရတဲ့သတင္းနဲ႔ပတ္သက္ၿပီး “ပ႐ိုသြန္အယ္လို” ေန႔စဥ္သတင္းစာ တစ္ေစာင္သာ ေရးသား ေဖာ္ရၿပီး အာဏာပိုင္မ်ားအေနနဲ႔ သတိျပဳသင့္တယ္လို႔ ဆႏၵျပသူတစ္ဦးက တိုက္တြန္းပါတယ္။

ညေန ၄ နာရီ ၃ဝ မိနစ္ ဒါကာၿမိဳ႕မွာေတာ့ ဆႏၵျပသူမ်ားစုေဝးတဲ့ ရွာဘက္ဆုံမွာ ယာဥ္ေၾကာမ်ား ပိတ္ဆို႔ကုန္ပါ တယ္။ ဘဂၤလားေဒ့ရွ္ ဟိႏၵဴဘာသာအသင္း အမ်ားအျပားပါဝင္တဲ့ “စန္နာတာနီ အိုဒီခါ အန္ဒိုလမ္” အဖြဲ႕အစည္းက ႀကီးမႉးက်င္းပတဲ့ဆႏၵျပပြဲကို လုံၿခဳံေရးတပ္ဖြဲ႕မ်ားက အနီးကပ္ ေစာင့္ၾကည့္ေနခဲ့ပါတယ္။

ဆႏၵျပပြဲမ်ားနဲ႔ပတ္သက္ၿပီး ျပင္သစ္ႏိုင္ငံ ပါရီအေျခစိုက္ လူ႔အခြင့္အေရးအဖြဲ႕အစည္းျဖစ္တဲ့ “ဘဂၤလားေဒ့ရွ္ တရားမွ်တမႈ ေဖာ္ေဆာင္ေရးအဖြဲ႕” (JMBF) ကေတာ့ ပစ္မွတ္ထားတိုက္ခိုက္ခံေနရတဲ့ လူနည္းစုမ်ားအတြက္ နက္ရႈိင္းစြာ စိုးရိမ္ပူပန္မိတယ္လို႔ ေျပာပါတယ္။ ေနအိမ္မ်ား၊ စီးပြားေရးလုပ္ငန္းမ်ားနဲ႔ ဝတ္ျပဳရာေနရာမ်ားကို ဖ်က္ဆီးျခင္းဟာ လူ႔အခြင့္အေရးကို ျပင္းထန္စြာ ခ်ိဳးေဖာက္ျခင္းျဖစ္တယ္လို႔ မွတ္ခ်က္ေပးပါတယ္။

ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ ျပဳတ္က်ၿပီးေနာက္ အိႏၵိယနဲ႔ ဘဂၤလားေဒ့္ရွ္ႏိုင္ငံအၾကား ခရီးသြားလာမႈမ်ား ေလ်ာ့ က်လာေၾကာင္း၊ တစ္ခ်ိန္က လူစည္ကားခဲ့တဲ့ အိမ္နီးခ်င္းႏွစ္ႏိုင္ငံအၾကား ဘတ္စ္ကား၊ မီးရထားနဲ႔ ေလေၾကာင္း ကူးသန္းသြားလာမႈမ်ားဟာ ယခုအခ်ိန္မွာ ခရီးသည္ မရွိသေလာက္ျဖစ္ေနၿပီး စီးပြားေရးအရ ဂယက္႐ိုက္ခတ္ မွာကို စိုးရိမ္စရာေကာင္းေလာက္တယ္လို႔ “ဒါကာ ထ႐ိုင္ႁဗြန္း” (13 September 2024) က ေရးသားပါတယ္။

ဟာစီနာျဖဳတ္ခ်ခံရကာစမွာ အိႏၵိယက ဘဂၤလားေဒ့ရွ္အတြက္ ဗီဇာဝန္ေဆာင္မႈမ်ားကို ရပ္ဆိုင္းခဲ့ပါတယ္။ မ်ားမၾကာမီ ဗီဇာထုတ္ေပးျခင္းမ်ားကို ျပန္လည္စတင္ခဲ့ေပမယ့္ အကန႔္အသတ္မ်ားရွိေနပါတယ္။ ယခုအခါ ဗီဇာမ်ားကို ေဆးဝါးကုသမႈ ခံယူရန္ နဲ႔ ေက်ာင္းသားမ်ားအတြက္သာ ထုတ္ေပးေနၿပီး အလုပ္ (သို႔မဟုတ္) ခရီးသြား လာရန္အတြက္ ဗီဇာေလွ်ာက္ထားသူ နည္းပါးလာပါတယ္။ ဒါေၾကာင့္ ခရီးသြားလုပ္ငန္းမ်ားမွာ ဝန္ေဆာင္မႈေပးေန တဲ့ ေလေၾကာင္းလိုင္းမ်ားမွာ ေငြေၾကးအခက္အခဲမ်ား ျဖစ္ေပၚလာခဲ့ရပါတယ္။
အိမ္နီးခ်င္းႏိုင္ငံနဲ႔ ခရီးသြားလာမႈ သိသိသာသာ က်ဆင္းသြားေၾကာင္း ဘဂၤလားေဒ့ရွ္ ၿမိဳ႕ျပေလေၾကာင္း အာဏာပိုင္၊ မီးရထားနဲ႔ ဆိပ္ကမ္းအာဏာပိုင္တို႔က အတည္ျပဳပါတယ္။ ဒါကာနဲ႔ အိႏၵိယၿမိဳ႕ႀကီးေတြအၾကား ပ်ံသန္းေနတဲ့ ေလေၾကာင္းခရီးစဥ္ေတြမွာ လက္မွတ္ႀကိဳတင္မွာယူမႈ နည္းပါးလာၿပီး ပယ္ဖ်က္မႈ မ်ားျပားလာေၾကာင္း ခရီးသည္ ၆ဝ ရာခိုင္ႏႈန္းမွ ၇ဝ ရာခိုင္ႏႈန္းအထိ က်ဆင္းလာတာကို ေတြ႕ရွိရတယ္လို႔ ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ ေလဆိပ္မ်ားမွာ လုံၿခဳံေရးအစီအမံမ်ားကို တိုးျမႇင့္ထားျခင္းေၾကာင့္ အိႏၵိယဘက္ကို သြား လာရန္ ေႏွာင့္ေႏွးမႈမ်ားနဲ႔ စိတ္ခ်လက္ခ် ခရီးသြားရန္ ဆုံးျဖတ္ရခက္တဲ့အထိ ျဖစ္လာပါတယ္။ ခရီးသည္ရရွိမႈ နည္းပါးလာတဲ့အတြက္ “အဲအင္းဒီးယား” နဲ႔ “ယူအက္စ္ဘဂၤလား” တို႔လို ေလေၾကာင္းလိုင္းေတြမွာ ပ်ံသန္းမယ့္ အခ်ိန္ဇယားကို ေလွ်ာ့ခ်ခဲ့ရပါတယ္။ ဘဂၤလားႏိုင္ငံ “ႏိုဗိုအဲ” ေလေၾကာင္းလိုင္းဆိုရင္ “ဒါကာ-ကာလ ကတၱား” ခရီးစဥ္မ်ားကို ရပ္ဆိုင္းလိုက္ရတဲ့အထိပါပဲ

ေလေၾကာင္းကုမၸဏီေတြဟာ ခရီးသည္မ်ားကို ပိုမိုဆြဲေဆာင္ရန္ ပ႐ိုမိုးရွင္း အမ်ိဳးမ်ိဳးနဲ႔ႀကိဳးပမ္းခဲ့ေပမယ့္ ခရီးသည္ ရရွိမႈ က်ဆင္းၿမဲ က်ဆင္းေနတာေၾကာင့္ ေငြေၾကးအခက္အခဲနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဥပမာအားျဖင့္ အိႏၵိယသို႔ ေလေၾကာင္းခရီးစဥ္မ်ားကို ေလွ်ာ့ခ်ခဲ့ရတဲ့ ဘဂၤလားေဒ့ရွ္ “ယူအက္စ္ေလေၾကာင္းလိုင္း” ဆိုရင္ ကုမၸဏီလည္ပတ္မႈ ကုန္က်စရိတ္မ်ားကို ကာမိရန္ မနည္း႐ုန္းကန္ေနရပါတယ္။ အိမ္နီးခ်င္းႏိုင္ငံနဲ႔ ပ်ံသန္းၿပီး ဝင္ေငြရွာေဖြတဲ့ ေလေၾကာင္းလိုင္းေတြအတြက္ အိႏၵိယခရီးသည္အေရအတြက္ က်ဆင္းမႈဟာ ေလေၾကာင္းလိုင္းမ်ားရဲ႕ လုပ္ငန္း လည္ပတ္မႈနဲ႔ အျမတ္အစြန္းကို မ်ားစြာ ထိခိုက္ေစပါတယ္။
(Economic Times., 14 September 2024,” Hindu protests erupt in Bangladesh demanding action against community attacks” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာ သာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.