နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်

 361

သန့်ဇင် (NP News) - စက်တင်ဘာ ၁၇

နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော မြို့နယ်များတွင် (စက်တင်ဘာ ၁၆ ရက်) ညနေ ၄နာရီအထိ ကောက်ယူထားသော စားရင်းများအရ သေဆုံးသူ (၂၂၆)ဦးနှင့် ပျောက်ဆုံးနေသူ (၇၇)ဦးအထိရှိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် ပြီးခဲ့သည် စက်တင်ဘာ ၉ ရက်မှစတင်ကာ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်(၇)ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်ခဲ့သော မြို့နယ်များတွင် လူနေအိမ်(၂၁၁၆)လုံး ထိခိုက်ပျက်စီးခဲ့ပြီး (၁၅၈၃၇၃)လုံး ရေနစ်မြုပ်ခဲ့ကာ တိရစ္ဆာန်မျိုးစုံ စုစုပေါင်း (၁၂၈၃၄၄) ကောင်သေဆုံးခဲ့ပြီး စပါးနှင့် သီးနှံမျိုးစုံစိုက်ပျိုးဧကပေါင်း (၆၄၃,၀၈၁) ဧက ရေဝင်နစ်မြုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော ဒေသများတွင် ရေဘေးကယ်ဆယ်ရေးစခန်း (၄၃၈)ခု ဖွင့်လှစ်ပြီး အိမ်ထောင်စုပေါင်း (၄၂၈၅၈)စုနှင့် လူဦးရေ (၁၆၃၇၁၀)ဦးကို ကူညီကယ်ဆယ်ပေးထားရကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၈၄)မြို့နယ်အတွင်းရှိ ရုံး/ဌာနအဆောက်အအုံ (၁၁၇) လုံး၊ စာသင်ကျောင်း (၁၀၄၀) ကျောင်း၊ ဘာသာရေး အဆောက်အအုံ (၃၈၆) လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များ ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။

zawgyi version
ႏိုင္ငံတစ္ဝန္းေရႀကီးေရလွ်ံမႈေၾကာင့္ ေသဆုံးသူ(၂၂၆)ဦးအထိ ရွိလာဟု နစကထုတ္ျပန္

သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၇

ႏိုင္ငံတစ္ဝန္း ေရႀကီးေရလွ်ံမႈျဖစ္ေပၚခဲ့ေသာ ၿမိဳ႕နယ္မ်ားတြင္ (စက္တင္ဘာ ၁၆ ရက္) ညေန ၄နာရီအထိ ေကာက္ယူထားေသာ စားရင္းမ်ားအရ ေသဆုံးသူ (၂၂၆)ဦးႏွင့္ ေပ်ာက္ဆုံးေနသူ (၇၇)ဦးအထိရွိခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ရာဂီမုန္တိုင္းအရွိန္ေၾကာင့္ ၿပီးခဲ့သည္ စက္တင္ဘာ ၉ ရက္မွစတင္ကာ ေနျပည္ေတာ္ေကာင္စီနယ္ေျမအပါအဝင္ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္(၇)ခုတြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ေရႀကီးေရလွ်ံမႈေၾကာင့္ ေရဝင္ေရာက္ခဲ့ေသာ ၿမိဳ႕နယ္မ်ားတြင္ လူေနအိမ္(၂၁၁၆)လုံး ထိခိုက္ပ်က္စီးခဲ့ၿပီး (၁၅၈၃၇၃)လုံး ေရနစ္ျမဳပ္ခဲ့ကာ တိရစာၦန္မ်ိဳးစုံ စုစုေပါင္း (၁၂၈၃၄၄) ေကာင္ေသဆုံးခဲ့ၿပီး စပါးႏွင့္ သီးႏွံမ်ိဳးစုံစိုက္ပ်ိဳးဧကေပါင္း (၆၄၃,၀၈၁) ဧက ေရဝင္နစ္ျမဳပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေရႀကီးေရလွ်ံမႈျဖစ္ေပၚခဲ့ေသာ ေဒသမ်ားတြင္ ေရေဘးကယ္ဆယ္ေရးစခန္း (၄၃၈)ခု ဖြင့္လွစ္ၿပီး အိမ္ေထာင္စုေပါင္း (၄၂၈၅၈)စုႏွင့္ လူဦးေရ (၁၆၃၇၁၀)ဦးကို ကူညီကယ္ဆယ္ေပးထားရေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ေနျပည္ေတာ္ေကာင္စီ နယ္ေျမအပါအဝင္ ကရင္ျပည္နယ္၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ႏွင့္ ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္(၈၄)ၿမိဳ႕နယ္အတြင္းရွိ ႐ုံး/ဌာနအေဆာက္အအုံ (၁၁၇) လုံး၊ စာသင္ေက်ာင္း (၁၀၄၀) ေက်ာင္း၊ ဘာသာေရး အေဆာက္အအုံ (၃၈၆) လုံး၊ လမ္း/တံတားအခ်ိဳ႕၊ လွ်ပ္စစ္မီးတိုင္ႏွင့္ ဆက္သြယ္ေရးတိုင္မ်ား ေရဝင္နစ္ျမဳပ္ျခင္း၊ ထိခိုက္ပ်က္စီးျခင္းမ်ား ျဖစ္ေပၚခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.