လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)

 1416

သုတကျော် (NP News) - စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့ကြီးတစ်မြို့ဖြစ်သော လားရှိုးမြို့သည် ယခုအခါ MNDAA ၏ထိန်းချုပ်မှုအောက်တွင်ရှိနေကာ အစစအရာရာ ကျပ်တည်းမှုများရှိနေသည်။ ထို့ပြင် မြိုသို့ ပြန်လည် နေထိုင်သူလည်းနည်းပါးနေပြီး အများစုက မြို့သို့ မပြန်လိုကြပေ။ လားရှိုးမြို့သို့ ပြန်လည်နေထိုင်သူများ အတွက်လည်း မလုံခြုံမှုကိုခံစားနေရသည့်အပြင် ဗမာလူမျိုးနှင့် ရှမ်းလူမျိုးများကိုလည်း မျက်စိဒေါက် ထောက်ကြည့်နေသည်ဟု ဆို၏။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လားရှိုးမြို့မှ မကြာသေးမီကာလက တိမ်းရှောင်လာခဲ့သူတစ်ဦးထံ The Statesman Journal ကမေးမြန်းထားသည်များကို NP News က ထပ်ဆင့်ဖော်ပြအပ်ပါသည်။

မေး - အရင်ဆုံးမေးချင်တာက ဘာကြောင့် လားရှိုးမြို့ကနေ ထွက်ခဲ့တာပါလဲခင်ဗျာ။
ဖြေ - ပထမတစ်ချက်ကတော့ ကိုယ့်လူမျိုးမဟုတ်တဲ့ သူပုန်အောက်မှာ မနေချင်လို့။ ဘယ်လိုမှကို မနေချင်လို့ ထွက်လာတာ။ နောက်တစ်ခုကတော့ သူတို့လက်အောက်မှာနေရင်၊ အနက်ရောင် နယ်မြေ မှာနေရင် တပ်ကလည်း အချိန်မရွေးပြန်လာနိုင်တယ်။ အဲဒါလည်း ပါတယ်။ ပြီးရင် စီးပွားရေး၊ လူမှုရေး တွေရော ဘာမှအဆင်မပြေတဲ့အတွက် တော်တော်များများကတော့ ထွက်လာကြတာများပါတယ်။

မေး - MNDAA အောက်မှာ လားရှိုးမြို့အခြေအနေက ဘယ်လိုရှိနေပါသလဲ။
ဖြေ - အရေပြား အယားပြေရုံလောက်တော့ နေလို့ရတာပေါ့။ ကျန်တဲ့ဟာ ဘာမှလုပ်လို့မရဘူး။ နေလို့ တော့ရတယ်။ စီးပွားရေးလည်း လုပ်လို့မရဘူး။ ကျန်တာကတော့ သူတို့သဘောပဲ။ သူတို့အောက်မှာပဲနေ ရတာပေါ့။ ကျွန်တော်လည်း လားရှိုးမှာ ကြာကြာသွားနေလိုက်သေးတယ်။ ရက် (၂၀)၊ (၂၅) ရက်လောက် နေသေးတယ်။ အဲဒီအတွင်းမှာတော့ လူစာရင်း ဘာညာတော့လာကောက်တယ်။ သူတို့နေချင်တဲ့ အိမ်ဆို ရင်ဖယ်ပေးရတယ်။ အဲဒီလိုမျိုးတွေရှိတယ်။

မေး- စီးပွားရေး လုပ်မရဘူးလို့ ပြောတော့ ဘယ်လို ကန့်သတ်ထားတာတွေ ရှိနေလို့လဲ။
ဖြေ- ဘယ်လိုပုံမှတော့ မကန့်သတ်ထားဘူး။ အခြေခံ စားသောက်ကုန် ဆန်တို့၊ ဆီတို့ စားစရာ ရောင်းတာလောက်ပဲ လည်ပတ်တာ။ ကျန်တာက ဘာမှလုပ်လို့ မရဘူး။ အစစအရာရာ ခက်ခဲတယ်။ လမ်းပန်းဆက်သွယ်ရေးကအစ အစစအရာရာပေါ့။ သူတို့လက် အောက်မှာမနေချင်တဲ့သူ တော်တော် များများကလည်း ထွက်လာတာဆိုတော့ မြို့မှာရှိတဲ့ လူအင်အားနဲ့က စီးပွားရေးလုပ်လို့ ဘယ်လိုမှ အဆင်မပြေဘူးဗျ။ ကျွန်တော်ထင်တယ်။ လူက နှစ်ထောင်၊ သုံးထောင် လောက်ပဲရှိမယ်။ တစ်မြို့လုံး ပေါင်းရင်ပေါ့။ ကျွန်တော်နေခဲ့တဲ့ရပ်ကွက်ဆို အိမ်ခြေစုစုပေါင်း အနားမှာတင်ကိုပဲ အိမ်ခြေ ငါးဆယ်ပဲ ထားပါတော့။ ပြန်လာတဲ့သူက အိမ်နှစ်ဆယ်တောင်မပြည့်ပါဘူး။ အဲဒီလိုလူတွေကလည်း အိမ်စောင့်ပဲ ခဏပြန်လာတာ။ ပြီးရင် ပြန်သွားတာပဲ။ မနေကြပါဘူး။

မေး - အစ်ကိုက လားရှိုးမှာ MNDAA ထိန်းချုပ်ပြီးတဲ့နောက် ရက်တော်တော်ကြာကြာလေး ပြန်နေခဲ့တာ ဆိုတော့ စစ်မဖြစ်ခင် အခြေအနေနဲ့ အခုအခြေအနေ ဘယ်လို ကွာသွားတယ်လို့မြင်မိလဲ။
ဖြေ - ကွာတာပေါ့ဗျာ။ အစစအရာရာ ကွာတယ်။ သူတို့က ခုနကပြောသလို နေချင်သလိုနေတယ်။ သူ တို့အတွက်၊ သူတို့က ဒီမိုကရေစီအတွက် တိုက်တယ်ဆိုတော့ သူတို့ ဒီမိုကရေစီရသွားတာပေါ့။ MNDAA တွေက နေချင်တိုင်းနေ၊ လုပ်ချင်တိုင်းလုပ်။ ကားတွေ ဆိုရင်လည်း ကျွန်တော့်အိမ်ဝင်တယ်ဆိုပါတော့။ ကားရှိတယ်ဆို ယူသုံးချင်သုံးတာ။ ပြီးရင်လည်း ပြန်ပေးချင်မှပေးတာ။ မပေးရင်လည်း ပြန်ပြောလို့ မရဘူး။ ကျောမလုံဘူးပေါ့ဗျာ။ အစစအရာရာပေါ့။ ကျွန်တော်ကတော့ ဒီကောင်တွေကို ကြည့်လို့ ကိုမရဘူး။

မေး - လားရှိုးမှာ ဗမာစကားကော ပြောလို့ ဆိုလို့ ပေါက်သေးလား။ ပြီးတော့ MNDAA ရဲ့ လူထုစည်း ရုံးရေးနည်းကိုကော သဘောကျလား။ ဘယ်လိုမြင်ပါသလဲ။ ဘယ်လို စည်းရုံးနေတာတွေ့မိခဲ့လဲ။
ဖြေ- ဒီကောင်တွေစည်းရုံးတာက (၂၁) အခင်းအကျင်းနဲ့ မှီငြမ်းပြီးစည်းရုံးတယ်။ စစ်ကောင်စီ ဘာညာ သုံးပြီး စစ်ကောင်စီကင်းစင်နယ်မြေပေါ့ဗျာ။ လာမတိုက်တော့ဘူးပေါ့။ ဒီလိုမျိုးပြောတယ်။ နောက်တစ် ခုက ဘယ်လိုတွေလုပ်ပေးမယ်ပေါ့။ အခွင့်အရေးတွေ ပေးမယ်ပေါ့ဗျာ။ ဆိုင်ခန်းတွေဆိုလည်း မဲနှိုက်ပြီး မဲ ကျတဲ့သူကို ဆိုင်ခန်းတွေပေးမယ်ပေါ့။ ဒီလို စည်းရုံးတာရှိတယ်။ ဗမာစကားကတော့ လားရှိုးမြို့က MNDAA အငယ်ပိုင်းတွေကတော့ ဗမာစကားတတ်တယ်။ အကြီးပိုင်းတွေကတော့ လုံးဝမတတ်ဘူး။ စကားပြန်နဲ့သွားတာ။ အခု ဟောပြောပွဲ၊ ဆွေးနွေးပွဲဆို စကားပြန်နဲ့သွားတာ။ အောက်ကကောင်တွေ ကတော့ ထမင်းစားရေသောက်တော့တတ်တယ်။ ဈေးဝယ်တာ ဘာညာ ဗမာစကားပြောပြီး ဝယ်ကြတယ်။

မေး- လတ်တလောပေါ့နော်။ လက်နက်ကိုင်တွေ ထိန်းချုပ်သွားတဲ့နယ်မြေတွေမှာ ဒလန်ဆိုပြီး ဖမ်းတာ၊ နှိပ်ကွပ်တာတွေ မြင်နေရတာပေါ့။ လားရှိုးမှာ ကောဗျ။
ဖြေ - ရှိတယ် အစ်ကို။

မေး - ဒလန်နှိမ်နင်းတယ်ဆိုတာကို ဘယ်လို မြင်ခဲ့၊ ကြားခဲ့ရတာ ရှိလဲ။
ဖြေ - ဒလန်နှိမ်နင်းတယ်ဆိုတာက သူတို့ ဒလန်ဆို ပြီး ကြည့်တဲ့အကြည့်ကတော့ ဗမာလူမျိုးတွေကို အဓိကထားပြီး ကြည့်တာပဲ။ သူတို့နဲ့ တိုက်ပွဲဖြစ်တာနဲ့ အနီးစပ်ဆုံး၊ ဗုံးကြဲခံရတာနဲ့အနီးစပ်ဆုံးက လူ ဖြစ်ဖြစ်၊ သူတို့မကြည်တော့ဘူးဆိုရင် ဗမာလူမျိုးထဲက တစ်ယောက်ယောက်ကို အထင်နဲ့ဆွဲစိမှာပဲ။ တပ်က ဘယ်လိုပဲသတင်းရလို့ ကြဲကြဲ ကျွန်တော်တို့ခံရမှာ။ အဲဒါကြောင့်လည်း ထွက်လာတာပါတယ်။ အချိန်မရွေး ကျွန်တော်တို့ခံရနိုင်တယ်ပေါ့။ တော်တော်များများ ဗမာတွေလည်း ရှောင်လာကြပါပြီ။

မေး - လားရှိုးမှာ ဗမာတွေက ပိုပြီး မဲတာကို ခံနေရတယ်ဆိုတဲ့ သဘောလား။
ဖြေ - ဟုတ်တယ်ဗျ။ ဗမာနဲ့ရှမ်းပေါ့ဗျာ။ ဗမာက အများဆုံးခံရတာ။ ဒီထဲမှာ MNDAA ဝတ်စုံဝတ်ပြီး ပလောင်လည်းပါတယ်။ ဗမာ PDF လည်းပါတယ်လေ။ ဗမာ PDF ကတော့ နည်းတယ်။ အကြီးပိုင်း လောက်ပဲရှိတယ်။ ပလောင်နဲ့ကိုးကန့်က ဗမာနဲ့ ရှမ်း ကို မဲတာပေါ့။ ပလောင်ကတော့ ရှမ်းကိုမဲတာပေါ့။ ကိုးကန့်ကတော့ ဗမာကို မဲတာပေါ့။ ဒါမျိုးတွေရှိတယ်။ ကျွန်တော်တို့ စစချင်းသွားတဲ့နေ့ကဆို ကိုးကန့် စစ် သမီးတွေ စနိုက်ပါတွေ တလွယ်လွယ်နဲ့။ ကျွန်တော်ကတော့ ခပ်ပြောင်ပြောင်ပဲ ကိုယ့်အိမ်ကိုယ် ပြန်လာတာ ဆိုတော့။ သူတို့ကိုလည်း ခပ်တင်းတင်းပဲ ကြည့်တာပဲ။ စနိုက်ပါတကားကားနဲ့ ပတ်သွားနေတာ။

မေး - ဆိုတော့ နောက်ဆက်တွဲမေးစရာရှိတာက အဲဒီကိုသွားတဲ့အခါ လုံခြုံမှုကိုခံစားရလား။
ဖြေ- မခံစားရဘူး။ နောက်ကျောမလုံဘူး။ ဘယ်အချိန် ကိုယ့်ခြံတံခါးကို ခေါက်မလဲပေါ့။ ခေါက်ရင်တော့ သေချာပေါက် အစစ်မေးခံရမှာပဲ။ စစ်ဆေးခံရရင် ကိုယ့်ဟာကိုယ် ဘယ်လိုပဲ ပြစ်မှုကင်းရှင်း၊ ကင်းရှင်း သူတို့က ဒလန်လို့ သတ်မှတ်ရင် ဒလန်ပဲ။ ပစ်သတ်သွားလဲ ဘယ်သူမှ ကျွန်တော်တို့ကို ဥပဒေအရ ကြည့် ပေးနိုင်မှာမဟုတ်ဘူး။ သူတို့တပ်သားအဆင့်က ဘယ်ကောင့်ကိုသတ်သတ် တစ်ခုအကြောင်းပြတာနဲ့ ပြီးသွားပြီ။ ဘာမှမဟုတ်ဘူး။ ပြီးတော့ ကိုးကန့် အောက်ခြေစစ်သားကောင်တွေက ညညဆို သူတို့ ကောင်မလေးတွေဘာတွေခေါ်ပြီး သူတို့ကြိုက်တဲ့အိမ် သွားနေတာလည်းတွေ့တယ်။ သေနတ်တကား ကားနဲ့ ကောင်မလေးတွေတင်ပြီး ညနေညနေ သွားနေကြတာလည်း တွေ့တယ်။ သူတို့ ကြိုက်တဲ့အိမ်၊ ခမ်းခမ်း နားနားရှိတဲ့အိမ်က သူတို့နေတယ်။ ရုံးထိုင်ချင် ထိုင်တယ်။

မေး- သူတို့ကတော့ အရပ်ဘက်အုပ်ချုပ်ရေးဖော် ဆောင်တယ်ဆိုတယ်။ ဘယ်လိုမြင်လဲ။
ဖြေ- အားရကျေနပ်မှု ဘယ်လိုမှမရှိပါဘူး။ သူက ဘယ်လိုပြောမလဲ အရင်တုန်းက အစိုးရလုပ်သွားတဲ့ ပုံစံကို အခု ပြန်တိုက်ပြီးတော့ ဒီပုံစံပဲသွားတာပါပဲ။ ပြောင်းတယ်ဆိုရင်လည်း နည်းနည်းပေါ့။ သူတို့ရဲ့ တရားဥပဒေစိုးမိုးရေး၊ သူတို့ရဲ့ တရားဥပဒေဆိုတာလည်း ဘယ်လိုမှခံစားလို့ မရဘူး။ မခံစားမိဘူး။ ကျောကိုမလုံဘူးဗျာ။ ကိုယ့်မြို့ကိုယ်ဝင်ရတာပဲဗျာ စိတ်ချမ်းသာတယ်။ ဒါပေမဲ့ ကျောမလုံဘူး။

မေး- အခုနောက်ပိုင်းကာလ လားရှိုးမှာ ဖောက်ထွင်းတာတွေ မပပျောက်ဘူးလို့ သိရပါတယ်။ ဟုတ်ပါသ လား။
ဖြေ- မပပျောက်ဘူးဗျ။ ဘာလို့လဲဆိုတော့ သူတို့အတွက်က ဘတ်ဂျက်လိုတယ်လေ။ အောက်က ကိုး ကန့်တွေက ဆေးသုံးတယ်လေ။ လားရှိုးမှာ အလုပ်ဖြစ်နေတဲ့သူ နှစ်မျိုးရှိတယ်လေ။ သူခိုးနဲ့ဘိန်းဝယ် ပေးတာ။ အရင်တုန်းက လမ်းမှာ အိတ်ကလေးတွေနဲ့ ဟိုဟာကောက်၊ ဒီဟာကောက် ကောက်တဲ့ကောင် တွေက အခုချမ်းသာနေတာပဲ။ ဘာလို့လဲဆိုတော့ ကိုးကန့်တွေက ပိုက်ဆံပေးပြီးဆေးဝယ်ခိုင်းတာ။ ဝယ် ခိုင်းတော့လည်း ကိုးကန့်တွေက ဗမာပိုက်ဆံကို မသုံးတတ်ဘူး။ ပေးတယ်ဆိုရင် ပေးချင်သလောက် ပေး လိုက်တာ။ တစ်သိန်းဆိုလည်း ပေးလိုက်တာပဲ။ ဆေးဝယ်ပေးတာ နည်းနည်း၊ သူတို့ ပေးလိုက်တာက များများ အဲဒီလိုမျိုးတွေလည်း ရှိတယ်။ ငွေကြေးလိုအပ်ချက်က အများကြီး ဖြစ်တယ်။ လားရှိုးဆိုတာ ကလည်း လူဦးရေတောင် သိန်းနဲ့ချီပြီးရှိတာဆိုတော့ အိမ်တွေက အများကြီးပဲ။ ဘယ်လောက် ဖောက် ဖောက် အိမ်တွေက ကုန်မှာမဟုတ်ဘူးဗျ။ အဲဒီတော့ သူတို့ကတစ် အိမ်ပြီးတစ်အိမ်ဖောက် နေကြမှာပဲ။ သူတို့အသုံးရတယ်လေ။ သူတို့ကတော့ ပြန်လာစေချင်တာဗျ။ မြို့ အဝင်တို့၊ စစ်ဆေးရေး ဂိတ်တွေ ရှိတယ်။ အဲဒီလိုမျိုး ကျရင် လားရှိုးအဝင်ဆို အရမ်းကြိုဆိုတာ။ ပြုံးပြတာ အထိတောင် လုပ်တယ်ဗျ။ အဝင်ကတော့ ဒီကောင်တွေ တော်တော်ကြိုဆိုတာ။ ဝင်ရင်ကို ပျော်နေတာ။ တပ်က လူတွေကကျတော့ ထွက်ရင်ကိုပျော်နေတာ။ ကျွန်တော် လားရှိုးကထွက်ခဲ့တာပါဗျ ဆိုရင် အေး ကောင်း တယ် ကောင်းတယ် ထွက်ထွက် အဲဒီလိုမျိုး။ ကိုးကန့်ကကျတော့ ဝင်လာရင် ပြုံးပြုံးကြီး။ တချို့ ဂိတ်ဆို မှတ်ပုံတင်တောင် မစစ်ဘူး။ အခုတော့ ကိုး ကန့်တွေက ပြန်ကြပ်တယ်ပြောတယ်။

မေး- လားရှိုးမှာ ခိုးရာပါပစ္စည်းတွေ ပြန်ရောင်းတဲ့ သူခိုးဈေးကွက်ဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒီ အခြေအနေကကော ဘယ်လိုရှိပါသလဲ။
ဖြေ- ပစ္စည်းတွေကတော့ သူခိုးဈေးကွက်မှာ ကား ဈေးကွက်အထိ ရှိတယ်။ တွေ့ရင်တောင် ပြန်ယူဖို့က ကိုယ့်ပစ္စည်းတောင် မလွယ်ပါဘူး။ တော်တော်များများ ခိုးတဲ့သူက ပလောင်ပါတယ်၊ ကိုးကန့်ပါတယ်။ ဗမာ တို့ ရှမ်းတို့တောင်မပါသလောက်ပဲ။ ပစ္စည်းတွေ ပြန် ရောင်းတာတွေ့တာလေ။ ပြန်တောင်း ရင်တောင် MNDAA အောက်ခြေနဲ့ အပေးအယူ လုပ်ထားတာကိုး။ အဟောင်းဈေးတန်းဆိုပြီး ရှိနေတာ။

မေး - အစ်ကိုသွားခဲ့တုန်းက အတွေ့အကြုံပေါ့လေ။ အဲဒီမှာ နေခဲ့တဲ့ ရက် (၂၀)ကျော်ကာလအတွင်း လား ရှိုးမြို့ရဲ့ ပြောင်းလဲသွားတဲ့ပုံစံကို မြင်ရတဲ့အခါ ဘယ်လိုခံစားရလဲ။
ဖြေ - အရာရာ ခြောက်ကပ်သွားတာ။ စသွားတုန်းက စိတ်ချောက်ချားစရာကြီး။ အရင်လ (၇) ရက်နေ့ လောက်က သွားတာ။ လူသိပ်မရှိဘူး။ နည်းတယ်။ လူနည်းတော့ တစ်မြို့လုံးအတိုင်းအတာနဲ့ ချောက် ချားစရာကြီး။ ကျွန်တော်တို့ အိမ်အနားဆို လူရှိတာ ကျွန်တော်တို့တစ်အိမ်ပဲရှိတယ်။ ကျွန်တော်လည်း သူခိုး ခိုးမှာစိုးလို့သွားတာ။ စိတ်လည်း ချောက်ချားသလို သရဲလည်းခြောက်တယ်။ ပုပ်စော်တွေ နံဟောင် ပြီး ချောက်ချားကြောက်စရာကြီး။ ညနေလေး နာရီလောက်ဆိုရင်ကိုပဲ ချောက်ချားစရာကောင်းနေပြီ။ ခွေးတွေကလည်း သွားချင်တာတွေသွား၊ စား ချင်တာတွေစားထားတော့ အနံ့အသက်ကတော့ အဆင် မပြေဘူး။ အခု ပစ္စည်းပြန်ယူတဲ့သူတွေလည်း ရှိလာတော့ ဒါတွေကပျောက်သွားပြီ။ ကျွန်တော်သွားတုန်း ကတော့ ဘယ်လိုမှအဆင်မပြေဘူး။ ကျွန်တော်က သိပ်မကြောက်တတ်လို့သာ။ မြို့ထဲမှာ ကြီးကြီး မားမား ပျက်စီးတာမရှိဘူး။ ရပ်ကွက်(၅)တို့ ရပ်ကွက် (၇)တို့ တိုင်းရုံးနားတော့ ပျက်စီးတာပေါ့။ မြို့မဈေး ပတ်ချာလည်ကတော့ပုံမှန်ပါပဲ။ တအားပျက်စီးတာတော့ မရှိပါဘူး။

မေး - အစ်ကို့အနေနဲ့ MNDAA လက်အောက်မှာ မနေချင်လို့ တခြားနေရာကို ပြောင်းလာတယ်ပေါ့လေ။ အပြီးပြောင်းတာလား။ ဘယ်လို ဆုံးဖြတ်ထားပါသလဲ။
ဖြေ-တပ်ကပြန်မယူရင် အပြီးသတ်ဖြစ်သွားနိုင်တယ်။ အခုကတော့ ကျွန်တော် လုံးဝပြန်ဖို့ အစီအစဉ် မရှိပါဘူး။ ပစ္စည်းတွေယူခဲ့ပြီ။ ဝိုင်းနဲ့အိမ်အခွံပဲကျန်မှာပေါ့။ ဒီဘက်မှာပဲ အဆင်ပြေသလို လုပ်စားမှာပေါ့။ တပ်က ပြန်မယူရင် ပြန်ဖို့အစီအစဉ် လုံးဝမရှိတော့ပါဘူး။

မေး - လူတွေက ဇာတိမြေကိုတော့ ချစ်ကြတယ်လေ။ ဆိုတော့ ကိုယ့်ဇာတိကို လုံးဝစွန့်ခွာခဲ့တဲ့လူတစ် ယောက်အနေနဲ့ ခံစားချက်က ဘယ်လိုရှိလဲ။
ဖြေ- ဘယ်ကောင်းမလဲဗျာ။ စိတ်ထဲဘယ်ကောင်းမလဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်လေး ကတည်းကနေလာတာဆိုတော့ သံယောဇဉ်လည်းရှိတယ်။ လားရှိုးမှာ ထူးခြားချက်က ရာသီဥတု အနေအထားရော၊ စီးပွားရေးရောက အစစအရာရာ အဆင်ပြေတယ်ဗျ။ တော်တော်ကို အခြေအနေ ဆိုးတဲ့ အခြေအနေမှာတောင် လားရှိုးက သူ့ဟာနဲ့သူအလုပ်ဖြစ်တယ်ဗျ။ အခု ဒီကောင်တွေအုပ်ချုပ်မှ စီးပွားရေးက လုံးဝရပ်တန့်သွားတာ။ တိုက်ပွဲဖြစ်နေတဲ့ကာလထဲမှာတောင် သူ့ဟာနဲ့သူ အဆင်ပြေနေ သေးတယ်။ ဒီကောင်တွေဝင်လာပြီးသိမ်းမှ အခုလို ဖြစ်သွားတာ။ မြို့အနေနဲ့ကတော့ ကျွန်တော်တို့က နေလို့မကိုက်တော့ဘူး။ ဒလန်ဆိုပြီး အချိန်မရွေးလုပ်နိုင်တယ်လေ။ တော်တော်များများကတော့ အဲဒီ ယူဆချက်နဲ့ မနေကြတာများတယ်ဗျ။

မေး- အစ်ကို့လို မြို့ကို အပြီးသတ်စွန့်ခွာခဲ့သူအရေ အတွက်ပမာဏက မြို့နေလူထုရဲ့ ဘယ်လောက်ရာ ခိုင်နှုန်းလောက်ရှိမယ်ထင်လဲ။ သူတို့ယူဆချက်ကကော အစ်ကို့လိုပဲလား။
ဖြေ- ဟုတ်တယ်ဗျ။ တော်တော်များများ မြို့ကိုခွာတဲ့ အချက်တွေက တူတယ်။ လူမျိုးစွဲအနေနဲ့ရော သူတို့ လက်အောက်မှာ မနေချင်တာရော၊ အနီဘက်က လူတွေဆိုရင်တောင် မနေရဲဘူးဗျ။ ဗမာဖြစ်နေလို့ မနေရဲဘူး အဲဒီလိုမျိုးတွေရှိတယ်။ ကျွန်တော့်အနေနဲ့ ခန့်မှန်းချင်တာက ပြန်နေတဲ့သူတွေက မြို့လူထု အရေအတွတ်နဲ့ဆို (၃၀)၊ (၃၅)ရာခိုင်နှုန်းပေါ့။ အလွန်ဆုံးရှိ (၄၀) ပေါ့ဗျာ။

မေး- အစ်ကို ခုနက အနီတွေတောင်မနေရဲဘူး ပြောတာလည်းရှိတော့ ကျွန်တော်တို့အနေနဲ့ အွန်လိုင်းမှာ MNDAA ကိုထောက်ခံသူ ဒါမှမဟုတ် တော်လှန်ရေးဆိုတာကို ထောက်ခံသူတချို့က လားရှိုးမြို့မှာ လာနေဖို့နဲ့ လာကြပါ၊ အဆင်ပြေတယ်ဆိုပြီးလည်း ရေးနေကြတာတွေ့ရတယ်။ ဒါကို ဘယ်လို မှတ်ချက် ပေးချင်ပါသလဲ။
ဖြေ- လားရှိုးက အေးဆေးပါ၊ ပြန်လာကြပါ ဆိုတာက တစ်ထွာလောက်ပဲ ရေးတာ။ အခုလက်ရှိ အဆင်ပြေနေတာပဲ ရေးတာ။ ရှေ့လျှောက်ဘာဖြစ်နေလဲ၊ မြန်မာ့နိုင်ငံရေးအကြောင်းကို နည်းနည်း တောင်မသိတဲ့သူတွေ။ လူမျိုးစွဲ၊ ပါတီစွဲတွေနဲ့ အဲဒီလိုလူမျိုးတွေက ရှိတာပေါ့။ သူတို့ကလာခဲ့ပြောတာ ရာခိုင်နှုန်းတော် တော်နည်းပါတယ်။ လားရှိုးက သူတို့ထောက်ခံတဲ့သူ ရသွားတာဖြစ်တဲ့အတွက် တော်တော်အဆင်ပြေနေ တယ်လို့ ပြည်မကလူတွေထင်တာ။ မဟုတ်ဘူးဗျ။ ထောက်ခံနေတဲ့ သူတွေ ကိုယ်တိုင်က တိမ်းရှောင်နေတာများတယ်။ တောင်ကြီးမှာပဲ ဖြစ်ဖြစ်၊ ရန်ကုန်မှာပဲ ဖြစ်ဖြစ် အကုန် ရှိတယ်။ သူတို့ကို ထောက်ခံတဲ့သူတွေလေ။ သူတို့ကို မေးကြည့်လို့တောင်ရတယ်။ သူတို့လည်း ရှောင်လာခဲ့တာပဲ။

မေး - အခုက လားရှိုးစီးပွားရေး မကောင်းဘူးဆိုတော့ MNDAA တွေက နောင်တစ်ချိန်မှာ မြို့ကို စီးပွားရေးကောင်းအောင် ပြန်လုပ်ပေးနိုင်မယ် ထင်လား။
ဖြေ- မြို့ကို လုံးဝပေးလိုက်ရင်တော့ တစ်ချိန်ချိန်တော့ ဖြစ်နိုင်တယ်။ တနည်းနည်းနဲ့တော့ စီးပွားရေး ကောင်းအောင်လုပ်မယ်ဆိုတော့ ဖြစ်လာနိုင်တယ်ပေါ့။ အရင်လို ပုံမှန်ဖြစ်ဖို့တော့ မဖြစ်နိုင်သေးပါဘူး။ ဒီမြို့ကြီး ပြန်လည်ပတ်ဖို့ ဆိုတာကလည်း အများကြီး ကြာဦးမှာ။ ဒီမြို့ကြီးလည်ပတ်အောင်လုပ်ဖို့ဆိုရင် တောင် အနည်းဆုံးခြောက်နှစ်၊ ခုနစ်နှစ်လောက် ကြာဦးမယ်ထင်တယ်။

မေး - လားရှိုးမှာထားခဲ့တဲ့ အိမ်နဲ့ ခြံကို ရောင်းဖို့ကော စိတ်ကူးရှိလား။ အရောင်းအဝယ်ဈေးကွက်ကော ရှိ နေလား။
ဖြေ - ရောင်းလို့ကမရတော့ဘူး (ရယ်လျက်)။ ရောင်းလို့က ဘယ်သူမှမဝယ်တော့ဘူး။ အခုနောက်ပိုင်း ကြားနေရတာက သိန်းတစ်ထောင်တန်တဲ့ခြံကို သိန်းတစ်ရာနဲ့ဝယ်တာဆိုတော့ အလကားပဲယူသွား လိုက်တော့လို့ပြောချင်တယ်ဗျာ။ ကိုယ့်ဝိုင်းပိုင်ဆိုင်မှုကရှိနေတော့ တပ်ကပြန်သိမ်းနိုင်ရင် ကိုယ်တွေ အတွက် မြေ ရှိနေရင်ရတယ်လေ။ အချိန်မရွေး ကိုယ့်ပိုင်ဆိုင်မှုက ပြန်ရနိုင်တယ်။ ဟိုကောင်တွေ သိမ်းသွားရင်လည်း၊ တစ်သက်လုံးသိမ်းသွားရင်တော့ ပလုံမှာပေါ့။ တပ်က ပြန်ယူရင်တော့ ရတယ်။

မေး - စီးပွားရေး လုပ်ငန်းကြီးတွေကကော ဘယ်လို တွေ့ရလဲ။ သူတို့ကော ရွှေ့သွားတာ မြင်မိလား။
ဖြေ - အနီးစပ်ဆုံး ပြောရရင် ဆန်ဆိုင်ပေါ့ဗျာ။ သူတို့ ဆို ဘာမှသယ်လို့မလွယ်ဘူး။ စဖြစ်တုန်းကဆိုရင် လူ လွတ်ရုန်းဖို့တောင် တော်တော်ခက်တာလေ။ ရွှေငွေ ဘာညာပဲ သယ်လို့ရမယ်။ ထားခဲ့တော့ ကိုးကန့်တွေ ကယူပြီး ပြန်ဝေတာဘာညာလုပ်တယ်။ ကုမ္ပဏီတွေဆိုလည်း ဒီလိုပါပဲ။ ကိုးကန့်တွေက သုံးလို့ရရင်သုံး။ သုံးလို့မရရင် လှူတာတွေတော့ ရှိတယ်။

မေး - လားရှိုးမြို့ကနေ့ စွန့်ခွာခဲ့ရသူတစ်ယောက် အနေနဲ့ ကျွန်တော်တို့ The Statesman Journal က တစ်ဆင့် ဘာများပြောချင်ပါသလဲ။
ဖြေ- တိတိကျကျ ပြောသင့်တယ်ဗျ။ အစိုးရ လူကြီးတွေက သတင်းစကားတိတိကျကျ ပေးသင့်တယ်။ ဒီမြို့ကို လုံးဝစွန့်ခွာသင့်တယ်ပေါ့။ တကယ်လုပ် တော့မှာမို့၊ အချိန်တစ်ခုရောက်ရင် ပြန်ယူမှာမို့လို့ ဒီမြို့မှာမနေနဲ့ စွန့်ခွာဆိုပြီး သတင်းစကား ပေးစေချင် တာပေါ့။ အခုအနေအထားမှာ ကိုးကန့်ကလည်း မဲ ဆွယ်ကောင်းတယ်။ တပ်ကလည်း ဘယ်လိုရှောင်ရမယ် ပါးပါးလေးပဲ ပြောထားတာဆိုတော့ သူတို့အ နေနဲ့ ဆက်နေလို့ရသေးတယ်ပဲထင်တာ။ အချိန်တစ်ခု ရောက်ရင် တကယ်ပြန်ယူမှာပါ။ တိကျတဲ့သတင်း စကားပေးထားရင် ရှောင်လိမ့်မယ်ထင်တယ်။ ပြန်လည်းယူစေချင်တယ်။ အဲဒါမှ ငယ်ငယ်တည်းကနေ ခဲ့တဲ့ ပိုင်ဆိုင်မှုတွေ၊ ဘဝတွေကို ပြန်ရမယ်ထင်ပါတယ်။ တပ်ကိုပဲယူစေချင်ပါတယ်။ စဖြစ်ကတည်းက တပ်ဖက်ကပဲ ရပ်တည်ခဲ့တာပါ။ ကျွန်တော် တပ်ကို မကြိုက်ဘူး။ ဒါပေမဲ့ MNDAA ကို ပိုမကြိုက်ဘူး။ သူတို့ရဲ့အစစအရာရာကို လက်မခံနိုင်တဲ့အတွက် ကျွန်တော်တို့က တပ်ဘက်က ရပ်တည်တယ်။ မြို့ကို ပြန်ပြီးတော့ ယူစေချင်ပါတယ်။

zawgyi version
လားရႈိးၿမိဳ႕ ျပန္တစ္ဦးရဲ႕ ရက္(၂၀)ေက်ာ္ အေတြ႕အႀကဳံ (အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁၈

ရွမ္းျပည္နယ္ေျမာက္ပိုင္း၏ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္ေသာ လားရႈိးၿမိဳ႕သည္ ယခုအခါ MNDAA ၏ထိန္းခ်ဳပ္မႈေအာက္တြင္ရွိေနကာ အစစအရာရာ က်ပ္တည္းမႈမ်ားရွိေနသည္။ ထို႔ျပင္ ၿမိဳသို႔ ျပန္လည္ ေနထိုင္သူလည္းနည္းပါးေနၿပီး အမ်ားစုက ၿမိဳ႕သို႔ မျပန္လိုၾကေပ။ လားရႈိးၿမိဳ႕သို႔ ျပန္လည္ေနထိုင္သူမ်ား အတြက္လည္း မလုံၿခဳံမႈကိုခံစားေနရသည့္အျပင္ ဗမာလူမ်ိဳးႏွင့္ ရွမ္းလူမ်ိဳးမ်ားကိုလည္း မ်က္စိေဒါက္ ေထာက္ၾကည့္ေနသည္ဟု ဆို၏။ အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ လားရႈိးၿမိဳ႕မွ မၾကာေသးမီကာလက တိမ္းေရွာင္လာခဲ့သူတစ္ဦးထံ The Statesman Journal ကေမးျမန္းထားသည္မ်ားကို NP News က ထပ္ဆင့္ေဖာ္ျပအပ္ပါသည္။

ေမး - အရင္ဆုံးေမးခ်င္တာက ဘာေၾကာင့္ လားရႈိးၿမိဳ႕ကေန ထြက္ခဲ့တာပါလဲခင္ဗ်ာ။
ေျဖ - ပထမတစ္ခ်က္ကေတာ့ ကိုယ့္လူမ်ိဳးမဟုတ္တဲ့ သူပုန္ေအာက္မွာ မေနခ်င္လို႔။ ဘယ္လိုမွကို မေနခ်င္လို႔ ထြက္လာတာ။ ေနာက္တစ္ခုကေတာ့ သူတို႔လက္ေအာက္မွာေနရင္၊ အနက္ေရာင္ နယ္ေျမ မွာေနရင္ တပ္ကလည္း အခ်ိန္မေ႐ြးျပန္လာႏိုင္တယ္။ အဲဒါလည္း ပါတယ္။ ၿပီးရင္ စီးပြားေရး၊ လူမႈေရး ေတြေရာ ဘာမွအဆင္မေျပတဲ့အတြက္ ေတာ္ေတာ္မ်ားမ်ားကေတာ့ ထြက္လာၾကတာမ်ားပါတယ္။

ေမး - MNDAA ေအာက္မွာ လားရႈိးၿမိဳ႕အေျခအေနက ဘယ္လိုရွိေနပါသလဲ။
ေျဖ - အေရျပား အယားေျပ႐ုံေလာက္ေတာ့ ေနလို႔ရတာေပါ့။ က်န္တဲ့ဟာ ဘာမွလုပ္လို႔မရဘူး။ ေနလို႔ ေတာ့ရတယ္။ စီးပြားေရးလည္း လုပ္လို႔မရဘူး။ က်န္တာကေတာ့ သူတို႔သေဘာပဲ။ သူတို႔ေအာက္မွာပဲေန ရတာေပါ့။ ကြၽန္ေတာ္လည္း လားရႈိးမွာ ၾကာၾကာသြားေနလိုက္ေသးတယ္။ ရက္ (၂၀)၊ (၂၅) ရက္ေလာက္ ေနေသးတယ္။ အဲဒီအတြင္းမွာေတာ့ လူစာရင္း ဘာညာေတာ့လာေကာက္တယ္။ သူတို႔ေနခ်င္တဲ့ အိမ္ဆို ရင္ဖယ္ေပးရတယ္။ အဲဒီလိုမ်ိဳးေတြရွိတယ္။

ေမး- စီးပြားေရး လုပ္မရဘူးလို႔ ေျပာေတာ့ ဘယ္လို ကန႔္သတ္ထားတာေတြ ရွိေနလို႔လဲ။
ေျဖ- ဘယ္လိုပုံမွေတာ့ မကန႔္သတ္ထားဘူး။ အေျခခံ စားေသာက္ကုန္ ဆန္တို႔၊ ဆီတို႔ စားစရာ ေရာင္းတာေလာက္ပဲ လည္ပတ္တာ။ က်န္တာက ဘာမွလုပ္လို႔ မရဘူး။ အစစအရာရာ ခက္ခဲတယ္။ လမ္းပန္းဆက္သြယ္ေရးကအစ အစစအရာရာေပါ့။ သူတို႔လက္ ေအာက္မွာမေနခ်င္တဲ့သူ ေတာ္ေတာ္ မ်ားမ်ားကလည္း ထြက္လာတာဆိုေတာ့ ၿမိဳ႕မွာရွိတဲ့ လူအင္အားနဲ႔က စီးပြားေရးလုပ္လို႔ ဘယ္လိုမွ အဆင္မေျပဘူးဗ်။ ကြၽန္ေတာ္ထင္တယ္။ လူက ႏွစ္ေထာင္၊ သုံးေထာင္ ေလာက္ပဲရွိမယ္။ တစ္ၿမိဳ႕လုံး ေပါင္းရင္ေပါ့။ ကြၽန္ေတာ္ေနခဲ့တဲ့ရပ္ကြက္ဆို အိမ္ေျခစုစုေပါင္း အနားမွာတင္ကိုပဲ အိမ္ေျခ ငါးဆယ္ပဲ ထားပါေတာ့။ ျပန္လာတဲ့သူက အိမ္ႏွစ္ဆယ္ေတာင္မျပည့္ပါဘူး။ အဲဒီလိုလူေတြကလည္း အိမ္ေစာင့္ပဲ ခဏျပန္လာတာ။ ၿပီးရင္ ျပန္သြားတာပဲ။ မေနၾကပါဘူး။

ေမး - အစ္ကိုက လားရႈိးမွာ MNDAA ထိန္းခ်ဳပ္ၿပီးတဲ့ေနာက္ ရက္ေတာ္ေတာ္ၾကာၾကာေလး ျပန္ေနခဲ့တာ ဆိုေတာ့ စစ္မျဖစ္ခင္ အေျခအေနနဲ႔ အခုအေျခအေန ဘယ္လို ကြာသြားတယ္လို႔ျမင္မိလဲ။
ေျဖ - ကြာတာေပါ့ဗ်ာ။ အစစအရာရာ ကြာတယ္။ သူတို႔က ခုနကေျပာသလို ေနခ်င္သလိုေနတယ္။ သူ တို႔အတြက္၊ သူတို႔က ဒီမိုကေရစီအတြက္ တိုက္တယ္ဆိုေတာ့ သူတို႔ ဒီမိုကေရစီရသြားတာေပါ့။ MNDAA ေတြက ေနခ်င္တိုင္းေန၊ လုပ္ခ်င္တိုင္းလုပ္။ ကားေတြ ဆိုရင္လည္း ကြၽန္ေတာ့္အိမ္ဝင္တယ္ဆိုပါေတာ့။ ကားရွိတယ္ဆို ယူသုံးခ်င္သုံးတာ။ ၿပီးရင္လည္း ျပန္ေပးခ်င္မွေပးတာ။ မေပးရင္လည္း ျပန္ေျပာလို႔ မရဘူး။ ေက်ာမလုံဘူးေပါ့ဗ်ာ။ အစစအရာရာေပါ့။ ကြၽန္ေတာ္ကေတာ့ ဒီေကာင္ေတြကို ၾကည့္လို႔ ကိုမရဘူး။

ေမး - လားရႈိးမွာ ဗမာစကားေကာ ေျပာလို႔ ဆိုလို႔ ေပါက္ေသးလား။ ၿပီးေတာ့ MNDAA ရဲ႕ လူထုစည္း ႐ုံးေရးနည္းကိုေကာ သေဘာက်လား။ ဘယ္လိုျမင္ပါသလဲ။ ဘယ္လို စည္း႐ုံးေနတာေတြ႕မိခဲ့လဲ။
ေျဖ- ဒီေကာင္ေတြစည္း႐ုံးတာက (၂၁) အခင္းအက်င္းနဲ႔ မွီျငမ္းၿပီးစည္း႐ုံးတယ္။ စစ္ေကာင္စီ ဘာညာ သုံးၿပီး စစ္ေကာင္စီကင္းစင္နယ္ေျမေပါ့ဗ်ာ။ လာမတိုက္ေတာ့ဘူးေပါ့။ ဒီလိုမ်ိဳးေျပာတယ္။ ေနာက္တစ္ ခုက ဘယ္လိုေတြလုပ္ေပးမယ္ေပါ့။ အခြင့္အေရးေတြ ေပးမယ္ေပါ့ဗ်ာ။ ဆိုင္ခန္းေတြဆိုလည္း မဲႏႈိက္ၿပီး မဲ က်တဲ့သူကို ဆိုင္ခန္းေတြေပးမယ္ေပါ့။ ဒီလို စည္း႐ုံးတာရွိတယ္။ ဗမာစကားကေတာ့ လားရႈိးၿမိဳ႕က MNDAA အငယ္ပိုင္းေတြကေတာ့ ဗမာစကားတတ္တယ္။ အႀကီးပိုင္းေတြကေတာ့ လုံးဝမတတ္ဘူး။ စကားျပန္နဲ႔သြားတာ။ အခု ေဟာေျပာပြဲ၊ ေဆြးေႏြးပြဲဆို စကားျပန္နဲ႔သြားတာ။ ေအာက္ကေကာင္ေတြ ကေတာ့ ထမင္းစားေရေသာက္ေတာ့တတ္တယ္။ ေဈးဝယ္တာ ဘာညာ ဗမာစကားေျပာၿပီး ဝယ္ၾကတယ္။

ေမး- လတ္တေလာေပါ့ေနာ္။ လက္နက္ကိုင္ေတြ ထိန္းခ်ဳပ္သြားတဲ့နယ္ေျမေတြမွာ ဒလန္ဆိုၿပီး ဖမ္းတာ၊ ႏွိပ္ကြပ္တာေတြ ျမင္ေနရတာေပါ့။ လားရႈိးမွာ ေကာဗ်။
ေျဖ - ရွိတယ္ အစ္ကို။

ေမး - ဒလန္ႏွိမ္နင္းတယ္ဆိုတာကို ဘယ္လို ျမင္ခဲ့၊ ၾကားခဲ့ရတာ ရွိလဲ။
ေျဖ - ဒလန္ႏွိမ္နင္းတယ္ဆိုတာက သူတို႔ ဒလန္ဆို ၿပီး ၾကည့္တဲ့အၾကည့္ကေတာ့ ဗမာလူမ်ိဳးေတြကို အဓိကထားၿပီး ၾကည့္တာပဲ။ သူတို႔နဲ႔ တိုက္ပြဲျဖစ္တာနဲ႔ အနီးစပ္ဆုံး၊ ဗုံးႀကဲခံရတာနဲ႔အနီးစပ္ဆုံးက လူ ျဖစ္ျဖစ္၊ သူတို႔မၾကည္ေတာ့ဘူးဆိုရင္ ဗမာလူမ်ိဳးထဲက တစ္ေယာက္ေယာက္ကို အထင္နဲ႔ဆြဲစိမွာပဲ။ တပ္က ဘယ္လိုပဲသတင္းရလို႔ ႀကဲႀကဲ ကြၽန္ေတာ္တို႔ခံရမွာ။ အဲဒါေၾကာင့္လည္း ထြက္လာတာပါတယ္။ အခ်ိန္မေ႐ြး ကြၽန္ေတာ္တို႔ခံရႏိုင္တယ္ေပါ့။ ေတာ္ေတာ္မ်ားမ်ား ဗမာေတြလည္း ေရွာင္လာၾကပါၿပီ။

ေမး - လားရႈိးမွာ ဗမာေတြက ပိုၿပီး မဲတာကို ခံေနရတယ္ဆိုတဲ့ သေဘာလား။
ေျဖ - ဟုတ္တယ္ဗ်။ ဗမာနဲ႔ရွမ္းေပါ့ဗ်ာ။ ဗမာက အမ်ားဆုံးခံရတာ။ ဒီထဲမွာ MNDAA ဝတ္စုံဝတ္ၿပီး ပေလာင္လည္းပါတယ္။ ဗမာ PDF လည္းပါတယ္ေလ။ ဗမာ PDF ကေတာ့ နည္းတယ္။ အႀကီးပိုင္း ေလာက္ပဲရွိတယ္။ ပေလာင္နဲ႔ကိုးကန႔္က ဗမာနဲ႔ ရွမ္း ကို မဲတာေပါ့။ ပေလာင္ကေတာ့ ရွမ္းကိုမဲတာေပါ့။ ကိုးကန႔္ကေတာ့ ဗမာကို မဲတာေပါ့။ ဒါမ်ိဳးေတြရွိတယ္။ ကြၽန္ေတာ္တို႔ စစခ်င္းသြားတဲ့ေန႔ကဆို ကိုးကန႔္ စစ္ သမီးေတြ စႏိုက္ပါေတြ တလြယ္လြယ္နဲ႔။ ကြၽန္ေတာ္ကေတာ့ ခပ္ေျပာင္ေျပာင္ပဲ ကိုယ့္အိမ္ကိုယ္ ျပန္လာတာ ဆိုေတာ့။ သူတို႔ကိုလည္း ခပ္တင္းတင္းပဲ ၾကည့္တာပဲ။ စႏိုက္ပါတကားကားနဲ႔ ပတ္သြားေနတာ။

ေမး - ဆိုေတာ့ ေနာက္ဆက္တြဲေမးစရာရွိတာက အဲဒီကိုသြားတဲ့အခါ လုံၿခဳံမႈကိုခံစားရလား။
ေျဖ- မခံစားရဘူး။ ေနာက္ေက်ာမလုံဘူး။ ဘယ္အခ်ိန္ ကိုယ့္ၿခံတံခါးကို ေခါက္မလဲေပါ့။ ေခါက္ရင္ေတာ့ ေသခ်ာေပါက္ အစစ္ေမးခံရမွာပဲ။ စစ္ေဆးခံရရင္ ကိုယ့္ဟာကိုယ္ ဘယ္လိုပဲ ျပစ္မႈကင္းရွင္း၊ ကင္းရွင္း သူတို႔က ဒလန္လို႔ သတ္မွတ္ရင္ ဒလန္ပဲ။ ပစ္သတ္သြားလဲ ဘယ္သူမွ ကြၽန္ေတာ္တို႔ကို ဥပေဒအရ ၾကည့္ ေပးႏိုင္မွာမဟုတ္ဘူး။ သူတို႔တပ္သားအဆင့္က ဘယ္ေကာင့္ကိုသတ္သတ္ တစ္ခုအေၾကာင္းျပတာနဲ႔ ၿပီးသြားၿပီ။ ဘာမွမဟုတ္ဘူး။ ၿပီးေတာ့ ကိုးကန႔္ ေအာက္ေျခစစ္သားေကာင္ေတြက ညညဆို သူတို႔ ေကာင္မေလးေတြဘာေတြေခၚၿပီး သူတို႔ႀကိဳက္တဲ့အိမ္ သြားေနတာလည္းေတြ႕တယ္။ ေသနတ္တကား ကားနဲ႔ ေကာင္မေလးေတြတင္ၿပီး ညေနညေန သြားေနၾကတာလည္း ေတြ႕တယ္။ သူတို႔ ႀကိဳက္တဲ့အိမ္၊ ခမ္းခမ္း နားနားရွိတဲ့အိမ္က သူတို႔ေနတယ္။ ႐ုံးထိုင္ခ်င္ ထိုင္တယ္။

ေမး- သူတို႔ကေတာ့ အရပ္ဘက္အုပ္ခ်ဳပ္ေရးေဖာ္ ေဆာင္တယ္ဆိုတယ္။ ဘယ္လိုျမင္လဲ။
ေျဖ- အားရေက်နပ္မႈ ဘယ္လိုမွမရွိပါဘူး။ သူက ဘယ္လိုေျပာမလဲ အရင္တုန္းက အစိုးရလုပ္သြားတဲ့ ပုံစံကို အခု ျပန္တိုက္ၿပီးေတာ့ ဒီပုံစံပဲသြားတာပါပဲ။ ေျပာင္းတယ္ဆိုရင္လည္း နည္းနည္းေပါ့။ သူတို႔ရဲ႕ တရားဥပေဒစိုးမိုးေရး၊ သူတို႔ရဲ႕ တရားဥပေဒဆိုတာလည္း ဘယ္လိုမွခံစားလို႔ မရဘူး။ မခံစားမိဘူး။ ေက်ာကိုမလုံဘူးဗ်ာ။ ကိုယ့္ၿမိဳ႕ကိုယ္ဝင္ရတာပဲဗ်ာ စိတ္ခ်မ္းသာတယ္။ ဒါေပမဲ့ ေက်ာမလုံဘူး။

ေမး- အခုေနာက္ပိုင္းကာလ လားရႈိးမွာ ေဖာက္ထြင္းတာေတြ မပေပ်ာက္ဘူးလို႔ သိရပါတယ္။ ဟုတ္ပါသ လား။
ေျဖ- မပေပ်ာက္ဘူးဗ်။ ဘာလို႔လဲဆိုေတာ့ သူတို႔အတြက္က ဘတ္ဂ်က္လိုတယ္ေလ။ ေအာက္က ကိုး ကန႔္ေတြက ေဆးသုံးတယ္ေလ။ လားရႈိးမွာ အလုပ္ျဖစ္ေနတဲ့သူ ႏွစ္မ်ိဳးရွိတယ္ေလ။ သူခိုးနဲ႔ဘိန္းဝယ္ ေပးတာ။ အရင္တုန္းက လမ္းမွာ အိတ္ကေလးေတြနဲ႔ ဟိုဟာေကာက္၊ ဒီဟာေကာက္ ေကာက္တဲ့ေကာင္ ေတြက အခုခ်မ္းသာေနတာပဲ။ ဘာလို႔လဲဆိုေတာ့ ကိုးကန႔္ေတြက ပိုက္ဆံေပးၿပီးေဆးဝယ္ခိုင္းတာ။ ဝယ္ ခိုင္းေတာ့လည္း ကိုးကန႔္ေတြက ဗမာပိုက္ဆံကို မသုံးတတ္ဘူး။ ေပးတယ္ဆိုရင္ ေပးခ်င္သေလာက္ ေပး လိုက္တာ။ တစ္သိန္းဆိုလည္း ေပးလိုက္တာပဲ။ ေဆးဝယ္ေပးတာ နည္းနည္း၊ သူတို႔ ေပးလိုက္တာက မ်ားမ်ား အဲဒီလိုမ်ိဳးေတြလည္း ရွိတယ္။ ေငြေၾကးလိုအပ္ခ်က္က အမ်ားႀကီး ျဖစ္တယ္။ လားရႈိးဆိုတာ ကလည္း လူဦးေရေတာင္ သိန္းနဲ႔ခ်ီၿပီးရွိတာဆိုေတာ့ အိမ္ေတြက အမ်ားႀကီးပဲ။ ဘယ္ေလာက္ ေဖာက္ ေဖာက္ အိမ္ေတြက ကုန္မွာမဟုတ္ဘူးဗ်။ အဲဒီေတာ့ သူတို႔ကတစ္ အိမ္ၿပီးတစ္အိမ္ေဖာက္ ေနၾကမွာပဲ။ သူတို႔အသုံးရတယ္ေလ။ သူတို႔ကေတာ့ ျပန္လာေစခ်င္တာဗ်။ ၿမိဳ႕ အဝင္တို႔၊ စစ္ေဆးေရး ဂိတ္ေတြ ရွိတယ္။ အဲဒီလိုမ်ိဳး က်ရင္ လားရႈိးအဝင္ဆို အရမ္းႀကိဳဆိုတာ။ ၿပဳံးျပတာ အထိေတာင္ လုပ္တယ္ဗ်။ အဝင္ကေတာ့ ဒီေကာင္ေတြ ေတာ္ေတာ္ႀကိဳဆိုတာ။ ဝင္ရင္ကို ေပ်ာ္ေနတာ။ တပ္က လူေတြကက်ေတာ့ ထြက္ရင္ကိုေပ်ာ္ေနတာ။ ကြၽန္ေတာ္ လားရႈိးကထြက္ခဲ့တာပါဗ် ဆိုရင္ ေအး ေကာင္း တယ္ ေကာင္းတယ္ ထြက္ထြက္ အဲဒီလိုမ်ိဳး။ ကိုးကန႔္ကက်ေတာ့ ဝင္လာရင္ ၿပဳံးၿပဳံးႀကီး။ တခ်ိဳ႕ ဂိတ္ဆို မွတ္ပုံတင္ေတာင္ မစစ္ဘူး။ အခုေတာ့ ကိုး ကန႔္ေတြက ျပန္ၾကပ္တယ္ေျပာတယ္။

ေမး- လားရႈိးမွာ ခိုးရာပါပစၥည္းေတြ ျပန္ေရာင္းတဲ့ သူခိုးေဈးကြက္ျဖစ္ေနတယ္လို႔ သိရပါတယ္။ အဲဒီ အေျခအေနကေကာ ဘယ္လိုရွိပါသလဲ။
ေျဖ- ပစၥည္းေတြကေတာ့ သူခိုးေဈးကြက္မွာ ကား ေဈးကြက္အထိ ရွိတယ္။ ေတြ႕ရင္ေတာင္ ျပန္ယူဖို႔က ကိုယ့္ပစၥည္းေတာင္ မလြယ္ပါဘူး။ ေတာ္ေတာ္မ်ားမ်ား ခိုးတဲ့သူက ပေလာင္ပါတယ္၊ ကိုးကန႔္ပါတယ္။ ဗမာ တို႔ ရွမ္းတို႔ေတာင္မပါသေလာက္ပဲ။ ပစၥည္းေတြ ျပန္ ေရာင္းတာေတြ႕တာေလ။ ျပန္ေတာင္း ရင္ေတာင္ MNDAA ေအာက္ေျခနဲ႔ အေပးအယူ လုပ္ထားတာကိုး။ အေဟာင္းေဈးတန္းဆိုၿပီး ရွိေနတာ။

ေမး - အစ္ကိုသြားခဲ့တုန္းက အေတြ႕အႀကဳံေပါ့ေလ။ အဲဒီမွာ ေနခဲ့တဲ့ ရက္ (၂၀)ေက်ာ္ကာလအတြင္း လား ရႈိးၿမိဳ႕ရဲ႕ ေျပာင္းလဲသြားတဲ့ပုံစံကို ျမင္ရတဲ့အခါ ဘယ္လိုခံစားရလဲ။
ေျဖ - အရာရာ ေျခာက္ကပ္သြားတာ။ စသြားတုန္းက စိတ္ေခ်ာက္ခ်ားစရာႀကီး။ အရင္လ (၇) ရက္ေန႔ ေလာက္က သြားတာ။ လူသိပ္မရွိဘူး။ နည္းတယ္။ လူနည္းေတာ့ တစ္ၿမိဳ႕လုံးအတိုင္းအတာနဲ႔ ေခ်ာက္ ခ်ားစရာႀကီး။ ကြၽန္ေတာ္တို႔ အိမ္အနားဆို လူရွိတာ ကြၽန္ေတာ္တို႔တစ္အိမ္ပဲရွိတယ္။ ကြၽန္ေတာ္လည္း သူခိုး ခိုးမွာစိုးလို႔သြားတာ။ စိတ္လည္း ေခ်ာက္ခ်ားသလို သရဲလည္းေျခာက္တယ္။ ပုပ္ေစာ္ေတြ နံေဟာင္ ၿပီး ေခ်ာက္ခ်ားေၾကာက္စရာႀကီး။ ညေနေလး နာရီေလာက္ဆိုရင္ကိုပဲ ေခ်ာက္ခ်ားစရာေကာင္းေနၿပီ။ ေခြးေတြကလည္း သြားခ်င္တာေတြသြား၊ စား ခ်င္တာေတြစားထားေတာ့ အနံ႔အသက္ကေတာ့ အဆင္ မေျပဘူး။ အခု ပစၥည္းျပန္ယူတဲ့သူေတြလည္း ရွိလာေတာ့ ဒါေတြကေပ်ာက္သြားၿပီ။ ကြၽန္ေတာ္သြားတုန္း ကေတာ့ ဘယ္လိုမွအဆင္မေျပဘူး။ ကြၽန္ေတာ္က သိပ္မေၾကာက္တတ္လို႔သာ။ ၿမိဳ႕ထဲမွာ ႀကီးႀကီး မားမား ပ်က္စီးတာမရွိဘူး။ ရပ္ကြက္(၅)တို႔ ရပ္ကြက္ (၇)တို႔ တိုင္း႐ုံးနားေတာ့ ပ်က္စီးတာေပါ့။ ၿမိဳ႕မေဈး ပတ္ခ်ာလည္ကေတာ့ပုံမွန္ပါပဲ။ တအားပ်က္စီးတာေတာ့ မရွိပါဘူး။

ေမး - အစ္ကို႔အေနနဲ႔ MNDAA လက္ေအာက္မွာ မေနခ်င္လို႔ တျခားေနရာကို ေျပာင္းလာတယ္ေပါ့ေလ။ အၿပီးေျပာင္းတာလား။ ဘယ္လို ဆုံးျဖတ္ထားပါသလဲ။
ေျဖ-တပ္ကျပန္မယူရင္ အၿပီးသတ္ျဖစ္သြားႏိုင္တယ္။ အခုကေတာ့ ကြၽန္ေတာ္ လုံးဝျပန္ဖို႔ အစီအစဥ္ မရွိပါဘူး။ ပစၥည္းေတြယူခဲ့ၿပီ။ ဝိုင္းနဲ႔အိမ္အခြံပဲက်န္မွာေပါ့။ ဒီဘက္မွာပဲ အဆင္ေျပသလို လုပ္စားမွာေပါ့။ တပ္က ျပန္မယူရင္ ျပန္ဖို႔အစီအစဥ္ လုံးဝမရွိေတာ့ပါဘူး။

ေမး - လူေတြက ဇာတိေျမကိုေတာ့ ခ်စ္ၾကတယ္ေလ။ ဆိုေတာ့ ကိုယ့္ဇာတိကို လုံးဝစြန႔္ခြာခဲ့တဲ့လူတစ္ ေယာက္အေနနဲ႔ ခံစားခ်က္က ဘယ္လိုရွိလဲ။
ေျဖ- ဘယ္ေကာင္းမလဲဗ်ာ။ စိတ္ထဲဘယ္ေကာင္းမလဲ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ငယ္ငယ္ေလး ကတည္းကေနလာတာဆိုေတာ့ သံေယာဇဥ္လည္းရွိတယ္။ လားရႈိးမွာ ထူးျခားခ်က္က ရာသီဥတု အေနအထားေရာ၊ စီးပြားေရးေရာက အစစအရာရာ အဆင္ေျပတယ္ဗ်။ ေတာ္ေတာ္ကို အေျခအေန ဆိုးတဲ့ အေျခအေနမွာေတာင္ လားရႈိးက သူ႔ဟာနဲ႔သူအလုပ္ျဖစ္တယ္ဗ်။ အခု ဒီေကာင္ေတြအုပ္ခ်ဳပ္မွ စီးပြားေရးက လုံးဝရပ္တန႔္သြားတာ။ တိုက္ပြဲျဖစ္ေနတဲ့ကာလထဲမွာေတာင္ သူ႔ဟာနဲ႔သူ အဆင္ေျပေန ေသးတယ္။ ဒီေကာင္ေတြဝင္လာၿပီးသိမ္းမွ အခုလို ျဖစ္သြားတာ။ ၿမိဳ႕အေနနဲ႔ကေတာ့ ကြၽန္ေတာ္တို႔က ေနလို႔မကိုက္ေတာ့ဘူး။ ဒလန္ဆိုၿပီး အခ်ိန္မေ႐ြးလုပ္ႏိုင္တယ္ေလ။ ေတာ္ေတာ္မ်ားမ်ားကေတာ့ အဲဒီ ယူဆခ်က္နဲ႔ မေနၾကတာမ်ားတယ္ဗ်။

ေမး- အစ္ကို႔လို ၿမိဳ႕ကို အၿပီးသတ္စြန႔္ခြာခဲ့သူအေရ အတြက္ပမာဏက ၿမိဳ႕ေနလူထုရဲ႕ ဘယ္ေလာက္ရာ ခိုင္ႏႈန္းေလာက္ရွိမယ္ထင္လဲ။ သူတို႔ယူဆခ်က္ကေကာ အစ္ကို႔လိုပဲလား။
ေျဖ- ဟုတ္တယ္ဗ်။ ေတာ္ေတာ္မ်ားမ်ား ၿမိဳ႕ကိုခြာတဲ့ အခ်က္ေတြက တူတယ္။ လူမ်ိဳးစြဲအေနနဲ႔ေရာ သူတို႔ လက္ေအာက္မွာ မေနခ်င္တာေရာ၊ အနီဘက္က လူေတြဆိုရင္ေတာင္ မေနရဲဘူးဗ်။ ဗမာျဖစ္ေနလို႔ မေနရဲဘူး အဲဒီလိုမ်ိဳးေတြရွိတယ္။ ကြၽန္ေတာ့္အေနနဲ႔ ခန႔္မွန္းခ်င္တာက ျပန္ေနတဲ့သူေတြက ၿမိဳ႕လူထု အေရအတြတ္နဲ႔ဆို (၃၀)၊ (၃၅)ရာခိုင္ႏႈန္းေပါ့။ အလြန္ဆုံးရွိ (၄၀) ေပါ့ဗ်ာ။

ေမး- အစ္ကို ခုနက အနီေတြေတာင္မေနရဲဘူး ေျပာတာလည္းရွိေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ အြန္လိုင္းမွာ MNDAA ကိုေထာက္ခံသူ ဒါမွမဟုတ္ ေတာ္လွန္ေရးဆိုတာကို ေထာက္ခံသူတခ်ိဳ႕က လားရႈိးၿမိဳ႕မွာ လာေနဖို႔နဲ႔ လာၾကပါ၊ အဆင္ေျပတယ္ဆိုၿပီးလည္း ေရးေနၾကတာေတြ႕ရတယ္။ ဒါကို ဘယ္လို မွတ္ခ်က္ ေပးခ်င္ပါသလဲ။
ေျဖ- လားရႈိးက ေအးေဆးပါ၊ ျပန္လာၾကပါ ဆိုတာက တစ္ထြာေလာက္ပဲ ေရးတာ။ အခုလက္ရွိ အဆင္ေျပေနတာပဲ ေရးတာ။ ေရွ႕ေလွ်ာက္ဘာျဖစ္ေနလဲ၊ ျမန္မာ့ႏိုင္ငံေရးအေၾကာင္းကို နည္းနည္း ေတာင္မသိတဲ့သူေတြ။ လူမ်ိဳးစြဲ၊ ပါတီစြဲေတြနဲ႔ အဲဒီလိုလူမ်ိဳးေတြက ရွိတာေပါ့။ သူတို႔ကလာခဲ့ေျပာတာ ရာခိုင္ႏႈန္းေတာ္ ေတာ္နည္းပါတယ္။ လားရႈိးက သူတို႔ေထာက္ခံတဲ့သူ ရသြားတာျဖစ္တဲ့အတြက္ ေတာ္ေတာ္အဆင္ေျပေန တယ္လို႔ ျပည္မကလူေတြထင္တာ။ မဟုတ္ဘူးဗ်။ ေထာက္ခံေနတဲ့ သူေတြ ကိုယ္တိုင္က တိမ္းေရွာင္ေနတာမ်ားတယ္။ ေတာင္ႀကီးမွာပဲ ျဖစ္ျဖစ္၊ ရန္ကုန္မွာပဲ ျဖစ္ျဖစ္ အကုန္ ရွိတယ္။ သူတို႔ကို ေထာက္ခံတဲ့သူေတြေလ။ သူတို႔ကို ေမးၾကည့္လို႔ေတာင္ရတယ္။ သူတို႔လည္း ေရွာင္လာခဲ့တာပဲ။

ေမး - အခုက လားရႈိးစီးပြားေရး မေကာင္းဘူးဆိုေတာ့ MNDAA ေတြက ေနာင္တစ္ခ်ိန္မွာ ၿမိဳ႕ကို စီးပြားေရးေကာင္းေအာင္ ျပန္လုပ္ေပးႏိုင္မယ္ ထင္လား။
ေျဖ- ၿမိဳ႕ကို လုံးဝေပးလိုက္ရင္ေတာ့ တစ္ခ်ိန္ခ်ိန္ေတာ့ ျဖစ္ႏိုင္တယ္။ တနည္းနည္းနဲ႔ေတာ့ စီးပြားေရး ေကာင္းေအာင္လုပ္မယ္ဆိုေတာ့ ျဖစ္လာႏိုင္တယ္ေပါ့။ အရင္လို ပုံမွန္ျဖစ္ဖို႔ေတာ့ မျဖစ္ႏိုင္ေသးပါဘူး။ ဒီၿမိဳ႕ႀကီး ျပန္လည္ပတ္ဖို႔ ဆိုတာကလည္း အမ်ားႀကီး ၾကာဦးမွာ။ ဒီၿမိဳ႕ႀကီးလည္ပတ္ေအာင္လုပ္ဖို႔ဆိုရင္ ေတာင္ အနည္းဆုံးေျခာက္ႏွစ္၊ ခုနစ္ႏွစ္ေလာက္ ၾကာဦးမယ္ထင္တယ္။

ေမး - လားရႈိးမွာထားခဲ့တဲ့ အိမ္နဲ႔ ၿခံကို ေရာင္းဖို႔ေကာ စိတ္ကူးရွိလား။ အေရာင္းအဝယ္ေဈးကြက္ေကာ ရွိ ေနလား။
ေျဖ - ေရာင္းလို႔ကမရေတာ့ဘူး (ရယ္လ်က္)။ ေရာင္းလို႔က ဘယ္သူမွမဝယ္ေတာ့ဘူး။ အခုေနာက္ပိုင္း ၾကားေနရတာက သိန္းတစ္ေထာင္တန္တဲ့ၿခံကို သိန္းတစ္ရာနဲ႔ဝယ္တာဆိုေတာ့ အလကားပဲယူသြား လိုက္ေတာ့လို႔ေျပာခ်င္တယ္ဗ်ာ။ ကိုယ့္ဝိုင္းပိုင္ဆိုင္မႈကရွိေနေတာ့ တပ္ကျပန္သိမ္းႏိုင္ရင္ ကိုယ္ေတြ အတြက္ ေျမ ရွိေနရင္ရတယ္ေလ။ အခ်ိန္မေ႐ြး ကိုယ့္ပိုင္ဆိုင္မႈက ျပန္ရႏိုင္တယ္။ ဟိုေကာင္ေတြ သိမ္းသြားရင္လည္း၊ တစ္သက္လုံးသိမ္းသြားရင္ေတာ့ ပလုံမွာေပါ့။ တပ္က ျပန္ယူရင္ေတာ့ ရတယ္။

ေမး - စီးပြားေရး လုပ္ငန္းႀကီးေတြကေကာ ဘယ္လို ေတြ႕ရလဲ။ သူတို႔ေကာ ေ႐ႊ႕သြားတာ ျမင္မိလား။
ေျဖ - အနီးစပ္ဆုံး ေျပာရရင္ ဆန္ဆိုင္ေပါ့ဗ်ာ။ သူတို႔ ဆို ဘာမွသယ္လို႔မလြယ္ဘူး။ စျဖစ္တုန္းကဆိုရင္ လူ လြတ္႐ုန္းဖို႔ေတာင္ ေတာ္ေတာ္ခက္တာေလ။ ေ႐ႊေငြ ဘာညာပဲ သယ္လို႔ရမယ္။ ထားခဲ့ေတာ့ ကိုးကန႔္ေတြ ကယူၿပီး ျပန္ေဝတာဘာညာလုပ္တယ္။ ကုမၸဏီေတြဆိုလည္း ဒီလိုပါပဲ။ ကိုးကန႔္ေတြက သုံးလို႔ရရင္သုံး။ သုံးလို႔မရရင္ လႉတာေတြေတာ့ ရွိတယ္။

ေမး - လားရႈိးၿမိဳ႕ကေန႔ စြန႔္ခြာခဲ့ရသူတစ္ေယာက္ အေနနဲ႔ ကြၽန္ေတာ္တို႔ The Statesman Journal က တစ္ဆင့္ ဘာမ်ားေျပာခ်င္ပါသလဲ။
ေျဖ- တိတိက်က် ေျပာသင့္တယ္ဗ်။ အစိုးရ လူႀကီးေတြက သတင္းစကားတိတိက်က် ေပးသင့္တယ္။ ဒီၿမိဳ႕ကို လုံးဝစြန႔္ခြာသင့္တယ္ေပါ့။ တကယ္လုပ္ ေတာ့မွာမို႔၊ အခ်ိန္တစ္ခုေရာက္ရင္ ျပန္ယူမွာမို႔လို႔ ဒီၿမိဳ႕မွာမေနနဲ႔ စြန႔္ခြာဆိုၿပီး သတင္းစကား ေပးေစခ်င္ တာေပါ့။ အခုအေနအထားမွာ ကိုးကန႔္ကလည္း မဲ ဆြယ္ေကာင္းတယ္။ တပ္ကလည္း ဘယ္လိုေရွာင္ရမယ္ ပါးပါးေလးပဲ ေျပာထားတာဆိုေတာ့ သူတို႔အ ေနနဲ႔ ဆက္ေနလို႔ရေသးတယ္ပဲထင္တာ။ အခ်ိန္တစ္ခု ေရာက္ရင္ တကယ္ျပန္ယူမွာပါ။ တိက်တဲ့သတင္း စကားေပးထားရင္ ေရွာင္လိမ့္မယ္ထင္တယ္။ ျပန္လည္းယူေစခ်င္တယ္။ အဲဒါမွ ငယ္ငယ္တည္းကေန ခဲ့တဲ့ ပိုင္ဆိုင္မႈေတြ၊ ဘဝေတြကို ျပန္ရမယ္ထင္ပါတယ္။ တပ္ကိုပဲယူေစခ်င္ပါတယ္။ စျဖစ္ကတည္းက တပ္ဖက္ကပဲ ရပ္တည္ခဲ့တာပါ။ ကြၽန္ေတာ္ တပ္ကို မႀကိဳက္ဘူး။ ဒါေပမဲ့ MNDAA ကို ပိုမႀကိဳက္ဘူး။ သူတို႔ရဲ႕အစစအရာရာကို လက္မခံႏိုင္တဲ့အတြက္ ကြၽန္ေတာ္တို႔က တပ္ဘက္က ရပ္တည္တယ္။ ၿမိဳ႕ကို ျပန္ၿပီးေတာ့ ယူေစခ်င္ပါတယ္။

Related news

© 2021. All rights reserved.