စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာ သားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး

 3739

NP News - စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာ ၁၇ ရက်)၊ နံနက် ၇နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာနှင့် (၁)မိုင်ကျော်ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကြွယ်ပုံကျေးရွာတွင် နေထိုင်သည့် ရွာသူရွာသား(၂၀)ဝန်းကျင်ခန့်က ယာခင်းများသို့အလုပ်လုပ်ကိုင်ရန် CANDA ကား(၂)စီးဖြင့် ရွာမှ ထွက်ခွာလာခဲ့ရာ အထက်ပါနေရာအရောက်၌ PDF အဖွဲ့ဝင် အင်အား(၂၅)ဦးခန့်က ကားပေါ်တွင်လိုက်ပါလာသော ရွာသူရွာသားများအား အကြောင်းမဲ့ ဝိုင်းဝန်း ပစ် ခတ်သတ်ဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၁၂)ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးများလုပ်ဆောင်ပေးခဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အတွင်းသေဆုံးသွားခဲ့သူများကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှုန်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးလျှင် ငွေကျပ်(၅)သိန်းနှုန်းဖြင့် ထောက်ပံ့ကူညီပေးထားကြောင်း စစ်ကိုင်းတိုင်းအစိုး ရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အလားတူ ညနေ ၅နာရီ ၄၀မိနစ်အချိန်ခန့်ကလည်း စစ်ကိုင်းမြို့၊ စက်မှုဇုန်ရှိ MANN ERAWON ကုမ္ပဏီ ပရိဘောဂစက်ရုံတွင် အလုပ်လုပ်နေသော အလုပ်သမား (၂၅)ဦးခန့်သည် ဝန်ထမ်းကြိုပို့ကားဖြင့် အလုပ်မှ ပြန်လာရာ အုန်းတောကျေးရွာ၊ တိုင်းရင်းသား တက္ကသိုလ် အနီးအရောက်တွင် ကားလမ်းဘေးမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

zawgyi version
စစ္ကိုင္းတြင္ ယာခင္းမ်ားသို႔ ေတာင္ယာလုပ္ကိုင္ရန္သြားေသာ ႐ြာသူ႐ြာ သားမ်ားကို PDF အဖြဲ႕က ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ရာ (၁၅)ဦးပြဲခ်င္း ၿပီး ေသဆုံး

NP News - စက္တင္ဘာ ၁၈

စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕နယ္တြင္ ယာခင္းမ်ားသို႔ ေတာင္ယာလုပ္ကိုင္ရန္သြားေသာ ႐ြာသူ႐ြာသားမ်ားကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ရာ (၁၅)ဦးပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာ ၁၇ ရက္)၊ နံနက္ ၇နာရီခြဲအခ်ိန္ခန႔္တြင္ စစ္ကိုင္းၿမိဳ႕နယ္၊ ႂကြယ္ပုံေက်း႐ြာႏွင့္ (၁)မိုင္ေက်ာ္ခန႔္အကြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ႂကြယ္ပုံေက်း႐ြာတြင္ ေနထိုင္သည့္ ႐ြာသူ႐ြာသား(၂၀)ဝန္းက်င္ခန႔္က ယာခင္းမ်ားသို႔အလုပ္လုပ္ကိုင္ရန္ CANDA ကား(၂)စီးျဖင့္ ႐ြာမွ ထြက္ခြာလာခဲ့ရာ အထက္ပါေနရာအေရာက္၌ PDF အဖြဲ႕ဝင္ အင္အား(၂၅)ဦးခန႔္က ကားေပၚတြင္လိုက္ပါလာေသာ ႐ြာသူ႐ြာသားမ်ားအား အေၾကာင္းမဲ့ ဝိုင္းဝန္း ပစ္ ခတ္သတ္ျဖတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္တိုက္ခိုက္ခံရမႈေၾကာင့္ အမ်ိဳးသား(၃)ဦးႏွင့္ အမ်ိဳးသမီး(၁၂)ဦးတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ၿပီး (၃)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ကူညီကယ္ဆယ္ေရးမ်ားလုပ္ေဆာင္ေပးခဲ့ၿပီး နယ္ေျမရွင္းလင္းေရး လုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္အတြင္းေသဆုံးသြားခဲ့သူမ်ားကို စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕က တစ္ဦးလွ်င္ ေငြက်ပ္(၁၀)သိန္းႏႈန္းႏွင့္ ထိခိုက္ဒဏ္ရာရရွိသူ တစ္ဦးလွ်င္ ေငြက်ပ္(၅)သိန္းႏႈန္းျဖင့္ ေထာက္ပံ့ကူညီေပးထားေၾကာင္း စစ္ကိုင္းတိုင္းအစိုး ရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အလားတူ ညေန ၅နာရီ ၄၀မိနစ္အခ်ိန္ခန႔္ကလည္း စစ္ကိုင္းၿမိဳ႕၊ စက္မႈဇုန္ရွိ MANN ERAWON ကုမၸဏီ ပရိေဘာဂစက္႐ုံတြင္ အလုပ္လုပ္ေနေသာ အလုပ္သမား (၂၅)ဦးခန႔္သည္ ဝန္ထမ္းႀကိဳပို႔ကားျဖင့္ အလုပ္မွ ျပန္လာရာ အုန္းေတာေက်း႐ြာ၊ တိုင္းရင္းသား တကၠသိုလ္ အနီးအေရာက္တြင္ ကားလမ္းေဘးမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး (၁၁)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။

Related news

© 2021. All rights reserved.