ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
170
Alynn (NP News) - စက်တင်ဘာလ ၁၉
ကုန်သွယ်မှုဆိုင်ရာ လစ်ဘရယ်ဝါဒရဲ့ ကောင်း မွန်တဲ့သက်ရောက်မှုတွေကြောင့် ကုန်သွယ်ရေး ဥပဒေတွေကိုချောမွေ့စေသလို အခွန်စည်းကြပ်မှုကဲ့ သို့ မလိုအပ်တဲ့အတားအဆီးတွေကိုဖယ်ရှားပေးပြီး နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးမှာ လွယ်ကူ ချောမွေ့စေခြင်းဖြင့် ကမ္ဘာ့နိုင်ငံများအကြား အပြန် အလှန်ကုန်သွယ်ဆက်ဆံရေးကို တိုးမြင့်လာစေပါ တယ်။ ဒီလို ကုန်သွယ်ဆက်ဆံရေးပြေလျော့နေတဲ့ အခြေအနေမှာ ပထဝီအနေအထားအရ တိုက်ကြီးနှစ် တိုက်ဆုံရာ ယူရေးရှားက တင်းကြပ်တဲ့ အတားအဆီး တွေကိုဖယ်ရှားပြီး စီးပွားရေးအကျိုးအမြတ်တွေကို ဖန်တီးရယူတတ်ဖို့ အရေးကြီးပါတယ်။ ကမ္ဘာ့စွမ်းအင် ရင်းမြစ်တွေရဲ့ လေးပုံသုံးပုံ၊ ကုန်းတွင်းပိတ်နိုင်ငံတွေ အပါအဝင် ဥရောပနိုင်ငံ အများအပြားပါဝင်နေတဲ့ ယူရေရှားဟာ နိုင်ငံခြားဈေးကွက်တွေအတွင်း ပိုမိုဝင်ရောက်ခွင့်ရရှိဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။
ထိုကဲ့သို့ ယူရေးရှားရဲ့မဟာဗျူဟာအရေးပါမှု ဟာ ဒေသတွင်း ပထဝီစီးပွားရေးနဲ့ ပထဝီဝင်ဗျူဟာ အခင်းအကျင်းကိုလွှမ်းမိုးဖို့ စိတ်အားထက်သန်နေတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့စိတ်ဝင်စားမှုကို ဆွဲ ဆောင်နေပါတယ်။ ခေတ်သစ်အာဏာလွန်ဆွဲပွဲမှာ အမေရိကန်ဟာ တရုတ်နဲ့ရုရှားတို့ကို တန်ပြန်ဖို့အတွက် QUAD နဲ့ AUKUS တို့လို ဗျူဟာမြောက် မဟာမိတ်အဖွဲ့တွေကိုအသုံးပြုကာ အင်ဒို-ပစိဖိတ် ဒေသမှာ သူတို့လုံခြုံရေးအတွက် အာရုံစိုက်လာခဲ့ပါ တယ်။ ဒေသတွင်း စီးပွားရေးအင်အားစုတွေအနေနဲ့ ယူရေးရှားစီးပွားရေးသမဂ္ဂ (EAEU) နဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)တို့လို စီးပွားရေး အဖွဲ့အစည်းအသစ်တွေကို ကောင်းလာခဲ့ပါတယ်။
ပိုလန်-အမေရိကန်သံအမတ် Brzezinski (၁၉၉၇)က ကြီးကျယ်ခမ်းနားတဲ့ ပါဝါနိုင်ငံရေးအ တွက် ယူရေးရှားကို ''Grand Chessboard" အဖြစ် ရည်ညွှန်းခဲ့ပါတယ်။ ယူရေးရှားမှာ သိသာထင်ရှားတဲ့ ပထဝီဝင်စီးပွားရေးအလားအလာတွေရှိနေပေမယ့် မဟာဗျူဟာကွဲပြားမှုတွေက ဒေသတွင်း စီးပွားရေး စွမ်းဆောင်ရည် အပြည့်အဝမရဖို့အတွက် အဟန့်အ တားဖြစ်စေခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲ၊ နာဂေါ် နို-ကာရာဘတ်စစ်ပွဲနဲ့ အာရပ်-အစ္စရေး ပဋိပက္ခတို့ လို ခေတ်ပြိုင်ပဋိပက္ခတွေက ပထဝီဝင်နိုင်ငံရေးတင်း မာမှုကို ပိုမိုဆိုးရွားစေသလို ဒေသတွင်းပေါင်းစည်း ရေးကြိုးပမ်းမှုတွေကိုလည်း အဟန့်အတားဖြစ်စေပါ တယ်။ အဲဒီလို ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကြားမှာ အပြည်ပြည်ဆိုင်ရာ မြောက်-တောင် သယ်ယူပို့ ဆောင်ရေးစင်္ကြံ (INSTC) စီမံကိန်းက ယူရေးရှား နိုင်ငံတွေအကြား ချိတ်ဆက်မှုတွေကိုဖော်ဆောင်ဖို့အတွက် အရေးပါတဲ့ ပထဝီဝင်စီးပွားရေးပရောဂျက်တစ် ခုအဖြစ် ပေါ်ထွက်လာပါတယ်။
INSTC ဟာ (၂၀ဝဝ)ပြည့်နှစ်မှာ ရုရှား၊ အိန္ဒိ ယနဲ့ အီရန်တို့က စတင်တည်ထောင်ခဲ့တဲ့ မဟာဗျူဟာ မြောက် ပဏာမခြေလှမ်းဖြစ်ပါတယ်။ လက်ရှိမှာ အိန္ဒိယ၊ အီရန်၊ ရုရှား၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တူကီယဲ၊ ယူကရိန်း၊ ဘယ်လာရုစ်၊ အိုမန်နဲ့ဆီးရီး ယားတို့အပါအဝင် အဖွဲ့ဝင်(၁၃)နိုင်ငံရှိပါတယ်။ ယင်းဟာ ဥရောပ၊ အာရှနဲ့ အရှေ့အလယ်ပိုင်းတို့ကြား သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုတွေကို တိုးမြှင့်ဖို့ ရည်ရွယ်ပြီး ကုန်စည်တွေရွှေ့ပြောင်းရာမှာ အဆင် ပြေစေဖို့အတွက် အလေးပေးပါတယ်။ စင်္ကြံရဲ့ အခြေ ခံအဆောက်အအုံတွေမှာ ဆိပ်ကမ်းတွေ၊ ရထားလမ်း တွေနဲ့ လမ်းချိတ်ဆက်မှုတွေပါဝင်ပြီး အားလုံးက ထောက်ပံ့ပို့ဆောင်ရေးနဲ့ သယ်ယူပို့ဆောင်ရေး စရိတ် စကတွေလျှော့ချနိုင်ဖို့အတွက် ရည်ရွယ်နေပါတယ်။ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ထိရောက်မှုနဲ့ တတ်နိုင် လောက်တဲ့နှုန်းထားတွေကြောင့် INSTC ဟာ ယူရေးရှားရှိ ကုန်းတွင်းပိတ်နိုင်ငံတွေရဲ့ စီးပွားရေးအ လားအလာကောင်းတစ်ခုဖြစ်လာနိုင်သလို ဒေသဆိုင် ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း ပံ့ပိုးပေးပါလိမ့်မယ်။
အဖွဲ့ဝင်နိုင်ငံတွေအတွက် INSTC က ဘယ်လောက်အထိအရေးပါသလဲ
INSTC ဟာ ရုရှားရဲ့""တောင်ဘက်သို့ ဂငယ် ကွေ့မူဝါဒ""အတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ် ခုဖြစ်ပြီး လွတ်လပ်တဲ့ ဓနသဟာယနိုင်ငံတွေနဲ့ အခြားသော ယူရေးရှားနိုင်ငံတွေအကြား စီးပွားဆက် သွယ်မှုခိုင်မာစေဖို့ ရည်ရွယ်ပါတယ်။ INSTC စင်္ကြံ လမ်းဟာ ရုရှားအတွက် ကုန်သွယ်ရေးလမ်းကြောင်းများစွာကို ဖြန့်ကြက်နိုင်မှာဖြစ်သလို ပုံမှန်အသုံးပြု နေကျ စူးအက်တူးမြောင်းလို လမ်းကြောင်းတွေကို လည်း လျှော့သုံးလာနိုင်ပါတယ်။ အဆိုပါစင်္ကြံဟာ ကူးသန်းရောင်းဝယ်ရေးအတွက် အချိန်ရော၊ ကုန်ကျ စရိတ်ကိုပါလျှော့ချပေးနိုင်ပြီး ရုရှားပို့ကုန်တွေအတွက် အကျိုးအမြတ်များစွာ ဖြစ်ထွန်းနိုင်ပါတယ်။
ထိုနည်းတူစွာပဲ အိန္ဒိယအတွက် ဗဟိုအာရှ ဈေးကွက်တွေကိုဝင်ရောက်ဖို့ရာ ဗျူဟာမြောက် လမ်းကြောင်းဖြစ်သလို ပါကစ္စတန်လမ်းကြောင်းကို ရှောင်နိုင်မယ့် ပထဝီနိုင်ငံရေးအချက်အချာကျမှုကို လည်းပေးစွမ်းနိုင်ပါတယ်။ အိန္ဒိယဟာ INSTC ကို ဗဟိုအာရှ၊ တောင်ကော့ကေးဆပ်တို့နဲ့ ဆက်ဆံရေး ခိုင်မာစေဖို့ လမ်းကြောင်းတစ်ခုအဖြစ်ရှုမြင်ပြီး ၎င်း၏ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကိုလည်း တိုးချဲ့နိုင်ပါ တယ်။ အီရန်ဟာ အိန္ဒိယသမုဒ္ဒရာနဲ့ကက်စပီယံ ပင်လယ်ကြားချိတ်ဆက်မှုအဖြစ် ပထဝီဝင်အနေအ ထားအရ အချက်အချာကျတာကြောင့် INSTC မှာ ၎င်းရဲ့ပါဝင်ပတ်သက်မှုကလည်း အရေးကြီးလှပါ တယ်။ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေနဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ လိုအပ်ချက်တွေရှိနေပေမယ့် အီရန်အတွက် စင်္ကြံလမ်းကြောင်းမှရရှိလာနိုင်တဲ့ အကျိုးအမြတ် များစွာရှိနေပါတယ်။
ယူရေးရှားရဲ့ရှုပ်ထွေးပွေလီတဲ့ ပထဝီဝင်အနေ အထားကြောင့် အဖွဲ့ဝင်နိုင်ငံတွေအကြား INSTC ဟာ စီးပွားရေးအရ အပြန်အလှန်မှီခိုမှုထက် တည်ငြိမ် အေးချမ်းရေးက အလေးသာနေပါတယ်။ INSTC အဖွဲ့ဝင်နိုင်ငံတွေ အထူးသဖြင့် ရုရှားနဲ့အီရန်တို့ရဲ့ နိုင်ငံရေးအခင်းအကျင်းပုံစံတွေက နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုအခြေအနေတွေကို ကာကွယ်ဖို့အတွက် နက်နဲတဲ့ အပြန်အလှန်စီးပွားရေးမှီခိုမှုတွေလိုအပ်နေကြောင်း ထင်ရှားနေပါတယ်။
INSTC စင်္ကြံဟာ ဒေသတွင်းကုန်သွယ်မှုကို မြှင့်တင်ဖို့ ကူးသန်းရောင်းဝယ်ရေး ကုန်ကျစရိတ် (၃၀) မှ (၄၀) ရာခိုင်နှုန်းကိုလျှော့ချဖို့ ရည်ရွယ်ထားပါ တယ်။ ရုရှား၊ အိန္ဒိယနဲ့ အီရန်တို့ကဲ့သို့ အဖွဲ့ဝင်နိုင်ငံ တွေဟာ INSTC ကိုအသုံးချပြီး ၎င်းတို့ရဲ့ ဩဇာ လွှမ်းမိုးမှုကို တိုးချဲ့ဖို့ကြိုးပမ်းနေပါတယ်။ ယူရေးရှား ဖွံ့ ဖြိုးရေးဘဏ်ရဲ့ (၂၀၂၁) ခုနှစ် သုံးသပ်ချက်အရ INSTC စင်္ကြံဟာ ယူရေးရှားတစ်လျှောက် ကုန်းတွင်း ပိတ်နိုင်ငံတွေကိုအကျိုးပြုတဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်လာနိုင်ကြောင်း အလားအလာ ကောင်းတွေကိုတွေ့မြင်နေရပါတယ်။
INSTC ဖွံ့ဖြိုးရေးအတွက်အဟန့်အတားတွေ
INSTC စင်္ကြံစီမံကိန်းတိုးတက်ရေးမှာ ပထဝီ နိုင်ငံရေးတင်းမာမှုတွေနဲ့အတူ သယ်ယူပို့ဆောင်ရေး အတွက် အခြေခံအဆောက်အအုံမလုံလောက်မှုကဲ့သို့ အဟန့်အတားတွေကိုရင်ဆိုင်နေရပါတယ်။ TRACECA(အာရှ၊ ဥရောပနဲ့ ကော့ကေးဆပ်ဒေသ အတွက် စင်္ကြံလမ်းစီမံကိန်း)နဲ့ BRI ကဲ့သို့ ပရော ဂျက်ပြိုင်ဆိုင်မှုတွေဟာလည်း INSTC ဖွံ့ဖြိုးတိုး တက်ရေးလမ်းကြောင်းကို ပိုမိုရှုပ်ထွေးစေပါတယ်။ INSTC ရဲ့အနာဂတ်ဟာ ရုရှားနဲ့တရုတ်ကြား မဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနဲ့SCO နဲ့ EAEU တို့လိုပလက်ဖောင်းတွေကတစ်ဆင့် ဒေသ တွင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းအပါအဝင် ပထဝီဝင်နိုင်ငံရေးနဲ့ စီးပွားရေးအချက်တွေပေါ်မှာ မူတည်နေပါတယ်။
တီဟီရန်နဲ့နယူးဒေလီကြား ပူးပေါင်းဆောင် ရွက်မှုကလည်း INSTC ဖွံ့ဖြိုးရေးအတွက် အတားအဆီးများစွာ ဖြစ်စေပါတယ်။ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့ရေးဗျူဟာကြောင့် အိန္ဒိယအနေနဲ့ အီရန်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ အခက်အခဲရှိလာနိုင် သလို အီရန်အနေနဲ့ အိန္ဒိယရဲ့ အဓိကစွမ်းအင် ထောက်ပံ့သူဖြစ်လာဖို့ ရည်မှန်းချက်တွေကိုလည်း စွန့်လွှတ်ဖို့ဖြစ်လာပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးအကျိုးဆက်တွေကြောင့် နယူးဒေလီဟာ ကြားနေအတိုင်းသာ ရပ်တည်သွားမှာဖြစ်ပါတယ်။ အီးယူ ခေါင်းဆောင်တွေက အီရန်အပေါ် ပိတ်ဆို့အရေးယူ မှုတွေကို ရုပ်သိမ်းဖို့သဘောတူခဲ့ပေမယ့် အီရန်အနေ နဲ့ ဒေါ်လာကြီးစိုးတဲ့ဈေးကွက်တွေကို ဝင်ရောက်ရာမှာ အတားအဆီးတစ်ခု ဖြစ်နေပါတယ်။ ဒါ့ပြင် အဆိုပါ ပိတ်ဆို့မှုတွေဟာ အီးယူခေါင်းဆောင်တွေရဲ့ဩဇာ အောက်တွင်သာမဟုတ်ဘဲ ဖြေလျှော့ပေးဖို့အတွက် အမေရိကန်ရဲ့အတည်ပြုချက်ကိုလည်း ရယူဖို့ လို အပ်မှာဖြစ်ပါတယ်။ ဒါကြောင့် INSTC ဟာ ၎င်းရဲ့ရည်မှန်းချက်တွေအောင်မြင်ဖို့ ဝါရှင်တန်ရဲ့အကူအညီ လိုအပ်မှာဖြစ်ပြီး ယင်းအခြေအနေမှာလည်း ဖြစ်နိုင်ဖို့ ခဲယဉ်းပါတယ်။
ဒါ့ပြင် အာရှအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယ နဲ့တရုတ်ဟာ ပထဝီဝင်စီးပွားရေးအပြောင်းအလဲတိုင်း လွှမ်းမိုးမှုရရှိဖို့အတွက် အချင်းချင်းပြိုင်ဆိုင်နေကြပါ တယ်။ INSTC စင်္ကြံသစ်ဟာ တရုတ်နိုင်ငံရဲ့BRI နဲ့အပြိုင် သဘောမျိုးဖြစ်နေပါတယ်။ တီဟီရန်ရဲ့ ဘေဂျင်းအပေါ် ပိုမိုမှီခိုအားထားလာတာကြောင့် အိန္ဒိယမှာ စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ တီဟီရန်နဲ့ ဘေဂျင်းကြား (၂၅) နှစ်သက်တမ်းရှိ ကုန်သွယ်မှု သဘောတူညီချက်ကြောင့် အိန္ဒိယဟာ အဆိုပါ သဘောတူညီချက်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ ပါကစ္စတန်ရဲ့ Gwadar ဆိပ် ကမ်းအပေါ် တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကြောင့် အိန္ဒိယ သမုဒ္ဒရာအတွင်း အိန္ဒိယရဲ့လွှမ်းမိုးမှုတွေကိုလည်း ကျဉ်းမြောင်းလာစေပါတယ်။
အချုပ်အားဖြင့်ဆိုရရင် အာရှတိုက်မှာ ပထဝီနိုင် ငံရေးနဲ့ ပထဝီဝင်စီးပွားရေးဆိုင်ရာအခြေအနေတွေ က အချိန်နဲ့အမျှ အပြောင်းအလဲရှိနေပါတယ်။ အာရှရဲ့ "စင်္ကြံ ပြုခြင်း" ဆိုင်ရာ အခြေခံအဆောက်အ အုံရင်းနှီးမြှုပ်နှံမှုတွေဟာ နိုင်ငံတကာအခင်းအကျင်း တွေကို ပြောင်းလဲစေတဲ့ အဓိကတွန်းအားတွေ ဖြစ် လာပါတယ်။ တရုတ်နိုင်ငံရဲ့BRI ဟာ လွန်ခဲ့တဲ့ဆယ် စုနှစ်တွေကတည်းကလုပ်ဆောင်နေပေမယ့် အမေရိ ကန်နဲ့ အနောက်နိုင်ငံတွေက အမီလိုက်နိုင်ဖို့ မျှော် လင့်ချက်ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် အပြိုင် အဆိုင်ဖြစ်လာတဲ့ နိုင်ငံဖြတ်ကျော်စင်္ကြံတွေဟာ လာ မယ့်ဆယ်စုနှစ်အတွင်း မဟာဗျူဟာနဲ့ ပထဝီဝင်နိုင်ငံ ရေးဆိုင်ရာ ပြိုင်ဆိုင်မှုပုံစံသစ်တွေကို ဖန်တီးပုံဖော် လာနိုင်မှာဖြစ်ပါကြောင်း။
zawgyi version
ယူေရးရွားအတြက္ ပထဝီဝင္ စီးပြားေရးအက်ိဳးအျမတ္မ်ားကို ဖန္တီးေပးမယ့္ INSTC စႀကႍလမ္း (ဘာသာျပန္ေဆာင္းပါး)
Alynn (NP News) - စက္တင္ဘာလ ၁၉
ကုန္သြယ္မႈဆိုင္ရာ လစ္ဘရယ္ဝါဒရဲ႕ ေကာင္း မြန္တဲ့သက္ေရာက္မႈေတြေၾကာင့္ ကုန္သြယ္ေရး ဥပေဒေတြကိုေခ်ာေမြ႕ေစသလို အခြန္စည္းၾကပ္မႈကဲ့ သို႔ မလိုအပ္တဲ့အတားအဆီးေတြကိုဖယ္ရွားေပးၿပီး နယ္စပ္ျဖတ္ေက်ာ္ သယ္ယူပို႔ေဆာင္ေရးမွာ လြယ္ကူ ေခ်ာေမြ႕ေစျခင္းျဖင့္ ကမာၻ႔ႏိုင္ငံမ်ားအၾကား အျပန္ အလွန္ကုန္သြယ္ဆက္ဆံေရးကို တိုးျမင့္လာေစပါ တယ္။ ဒီလို ကုန္သြယ္ဆက္ဆံေရးေျပေလ်ာ့ေနတဲ့ အေျခအေနမွာ ပထဝီအေနအထားအရ တိုက္ႀကီးႏွစ္ တိုက္ဆုံရာ ယူေရးရွားက တင္းၾကပ္တဲ့ အတားအဆီး ေတြကိုဖယ္ရွားၿပီး စီးပြားေရးအက်ိဳးအျမတ္ေတြကို ဖန္တီးရယူတတ္ဖို႔ အေရးႀကီးပါတယ္။ ကမာၻ႔စြမ္းအင္ ရင္းျမစ္ေတြရဲ႕ ေလးပုံသုံးပုံ၊ ကုန္းတြင္းပိတ္ႏိုင္ငံေတြ အပါအဝင္ ဥေရာပႏိုင္ငံ အမ်ားအျပားပါဝင္ေနတဲ့ ယူေရရွားဟာ ႏိုင္ငံျခားေဈးကြက္ေတြအတြင္း ပိုမိုဝင္ေရာက္ခြင့္ရရွိဖို႔ ႀကိဳးပမ္းလ်က္ရွိေနပါတယ္။
ထိုကဲ့သို႔ ယူေရးရွားရဲ႕မဟာဗ်ဴဟာအေရးပါမႈ ဟာ ေဒသတြင္း ပထဝီစီးပြားေရးနဲ႔ ပထဝီဝင္ဗ်ဴဟာ အခင္းအက်င္းကိုလႊမ္းမိုးဖို႔ စိတ္အားထက္သန္ေနတဲ့ ကမာၻ႔အင္အားႀကီးႏိုင္ငံေတြရဲ႕စိတ္ဝင္စားမႈကို ဆြဲ ေဆာင္ေနပါတယ္။ ေခတ္သစ္အာဏာလြန္ဆြဲပြဲမွာ အေမရိကန္ဟာ တ႐ုတ္နဲ႔႐ုရွားတို႔ကို တန္ျပန္ဖို႔အတြက္ QUAD နဲ႔ AUKUS တို႔လို ဗ်ဴဟာေျမာက္ မဟာမိတ္အဖြဲ႕ေတြကိုအသုံးျပဳကာ အင္ဒို-ပစိဖိတ္ ေဒသမွာ သူတို႔လုံၿခဳံေရးအတြက္ အာ႐ုံစိုက္လာခဲ့ပါ တယ္။ ေဒသတြင္း စီးပြားေရးအင္အားစုေတြအေနနဲ႔ ယူေရးရွားစီးပြားေရးသမဂၢ (EAEU) နဲ႔ ရွန္ဟိုင္း ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕(SCO)တို႔လို စီးပြားေရး အဖြဲ႕အစည္းအသစ္ေတြကို ေကာင္းလာခဲ့ပါတယ္။
ပိုလန္-အေမရိကန္သံအမတ္ Brzezinski (၁၉၉၇)က ႀကီးက်ယ္ခမ္းနားတဲ့ ပါဝါႏိုင္ငံေရးအ တြက္ ယူေရးရွားကို ''Grand Chessboard" အျဖစ္ ရည္ၫႊန္းခဲ့ပါတယ္။ ယူေရးရွားမွာ သိသာထင္ရွားတဲ့ ပထဝီဝင္စီးပြားေရးအလားအလာေတြရွိေနေပမယ့္ မဟာဗ်ဴဟာကြဲျပားမႈေတြက ေဒသတြင္း စီးပြားေရး စြမ္းေဆာင္ရည္ အျပည့္အဝမရဖို႔အတြက္ အဟန႔္အ တားျဖစ္ေစခဲ့ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲ၊ နာေဂၚ ႏို-ကာရာဘတ္စစ္ပြဲနဲ႔ အာရပ္-အစၥေရး ပဋိပကၡတို႔ လို ေခတ္ၿပိဳင္ပဋိပကၡေတြက ပထဝီဝင္ႏိုင္ငံေရးတင္း မာမႈကို ပိုမိုဆိုး႐ြားေစသလို ေဒသတြင္းေပါင္းစည္း ေရးႀကိဳးပမ္းမႈေတြကိုလည္း အဟန႔္အတားျဖစ္ေစပါ တယ္။ အဲဒီလို ျပင္းထန္တဲ့ၿပိဳင္ဆိုင္မႈေတြၾကားမွာ အျပည္ျပည္ဆိုင္ရာ ေျမာက္-ေတာင္ သယ္ယူပို႔ ေဆာင္ေရးစႀကႍ (INSTC) စီမံကိန္းက ယူေရးရွား ႏိုင္ငံေတြအၾကား ခ်ိတ္ဆက္မႈေတြကိုေဖာ္ေဆာင္ဖို႔အတြက္ အေရးပါတဲ့ ပထဝီဝင္စီးပြားေရးပေရာဂ်က္တစ္ ခုအျဖစ္ ေပၚထြက္လာပါတယ္။
INSTC ဟာ (၂၀ဝဝ)ျပည့္ႏွစ္မွာ ႐ုရွား၊ အိႏၵိ ယနဲ႔ အီရန္တို႔က စတင္တည္ေထာင္ခဲ့တဲ့ မဟာဗ်ဴဟာ ေျမာက္ ပဏာမေျခလွမ္းျဖစ္ပါတယ္။ လက္ရွိမွာ အိႏၵိယ၊ အီရန္၊ ႐ုရွား၊ အဇာဘိုင္ဂ်န္၊ အာေမးနီးယား၊ ကာဇက္စတန္၊ ကာဂ်စ္စတန္၊ တာဂ်စ္ကစၥတန္၊ တူကီယဲ၊ ယူကရိန္း၊ ဘယ္လာ႐ုစ္၊ အိုမန္နဲ႔ဆီးရီး ယားတို႔အပါအဝင္ အဖြဲ႕ဝင္(၁၃)ႏိုင္ငံရွိပါတယ္။ ယင္းဟာ ဥေရာပ၊ အာရွနဲ႔ အေရွ႕အလယ္ပိုင္းတို႔ၾကား သယ္ယူပို႔ေဆာင္ေရး ခ်ိတ္ဆက္မႈေတြကို တိုးျမႇင့္ဖို႔ ရည္႐ြယ္ၿပီး ကုန္စည္ေတြေ႐ႊ႕ေျပာင္းရာမွာ အဆင္ ေျပေစဖို႔အတြက္ အေလးေပးပါတယ္။ စႀကႍရဲ႕ အေျခ ခံအေဆာက္အအုံေတြမွာ ဆိပ္ကမ္းေတြ၊ ရထားလမ္း ေတြနဲ႔ လမ္းခ်ိတ္ဆက္မႈေတြပါဝင္ၿပီး အားလုံးက ေထာက္ပံ့ပို႔ေဆာင္ေရးနဲ႔ သယ္ယူပို႔ေဆာင္ေရး စရိတ္ စကေတြေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ရည္႐ြယ္ေနပါတယ္။ သယ္ယူပို႔ေဆာင္ေရးဆိုင္ရာ ထိေရာက္မႈနဲ႔ တတ္ႏိုင္ ေလာက္တဲ့ႏႈန္းထားေတြေၾကာင့္ INSTC ဟာ ယူေရးရွားရွိ ကုန္းတြင္းပိတ္ႏိုင္ငံေတြရဲ႕ စီးပြားေရးအ လားအလာေကာင္းတစ္ခုျဖစ္လာႏိုင္သလို ေဒသဆိုင္ ရာ ဖြံ႕ၿဖိဳးတိုးတက္မႈေတြကိုလည္း ပံ့ပိုးေပးပါလိမ့္မယ္။
အဖြဲ႕ဝင္ႏိုင္ငံေတြအတြက္ INSTC က ဘယ္ေလာက္အထိအေရးပါသလဲ
INSTC ဟာ ႐ုရွားရဲ႕""ေတာင္ဘက္သို႔ ဂငယ္ ေကြ႕မူဝါဒ""အတြက္ အေရးႀကီးတဲ့အစိတ္အပိုင္းတစ္ ခုျဖစ္ၿပီး လြတ္လပ္တဲ့ ဓနသဟာယႏိုင္ငံေတြနဲ႔ အျခားေသာ ယူေရးရွားႏိုင္ငံေတြအၾကား စီးပြားဆက္ သြယ္မႈခိုင္မာေစဖို႔ ရည္႐ြယ္ပါတယ္။ INSTC စႀကႍ လမ္းဟာ ႐ုရွားအတြက္ ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားစြာကို ျဖန႔္ၾကက္ႏိုင္မွာျဖစ္သလို ပုံမွန္အသုံးျပဳ ေနက် စူးအက္တူးေျမာင္းလို လမ္းေၾကာင္းေတြကို လည္း ေလွ်ာ့သုံးလာႏိုင္ပါတယ္။ အဆိုပါစႀကႍဟာ ကူးသန္းေရာင္းဝယ္ေရးအတြက္ အခ်ိန္ေရာ၊ ကုန္က် စရိတ္ကိုပါေလွ်ာ့ခ်ေပးႏိုင္ၿပီး ႐ုရွားပို႔ကုန္ေတြအတြက္ အက်ိဳးအျမတ္မ်ားစြာ ျဖစ္ထြန္းႏိုင္ပါတယ္။
ထိုနည္းတူစြာပဲ အိႏၵိယအတြက္ ဗဟိုအာရွ ေဈးကြက္ေတြကိုဝင္ေရာက္ဖို႔ရာ ဗ်ဴဟာေျမာက္ လမ္းေၾကာင္းျဖစ္သလို ပါကစၥတန္လမ္းေၾကာင္းကို ေရွာင္ႏိုင္မယ့္ ပထဝီႏိုင္ငံေရးအခ်က္အခ်ာက်မႈကို လည္းေပးစြမ္းႏိုင္ပါတယ္။ အိႏၵိယဟာ INSTC ကို ဗဟိုအာရွ၊ ေတာင္ေကာ့ေကးဆပ္တို႔နဲ႔ ဆက္ဆံေရး ခိုင္မာေစဖို႔ လမ္းေၾကာင္းတစ္ခုအျဖစ္ရႈျမင္ၿပီး ၎၏ ကမာၻလုံးဆိုင္ရာကုန္သြယ္မႈကိုလည္း တိုးခ်ဲ႕ႏိုင္ပါ တယ္။ အီရန္ဟာ အိႏၵိယသမုဒၵရာနဲ႔ကက္စပီယံ ပင္လယ္ၾကားခ်ိတ္ဆက္မႈအျဖစ္ ပထဝီဝင္အေနအ ထားအရ အခ်က္အခ်ာက်တာေၾကာင့္ INSTC မွာ ၎ရဲ႕ပါဝင္ပတ္သက္မႈကလည္း အေရးႀကီးလွပါ တယ္။ စီးပြားေရးပိတ္ဆို႔အေရးယူမႈေတြနဲ႔ အေျခခံ အေဆာက္အအုံဆိုင္ရာ လိုအပ္ခ်က္ေတြရွိေနေပမယ့္ အီရန္အတြက္ စႀကႍလမ္းေၾကာင္းမွရရွိလာႏိုင္တဲ့ အက်ိဳးအျမတ္ မ်ားစြာရွိေနပါတယ္။
ယူေရးရွားရဲ႕ရႈပ္ေထြးေပြလီတဲ့ ပထဝီဝင္အေန အထားေၾကာင့္ အဖြဲ႕ဝင္ႏိုင္ငံေတြအၾကား INSTC ဟာ စီးပြားေရးအရ အျပန္အလွန္မွီခိုမႈထက္ တည္ၿငိမ္ ေအးခ်မ္းေရးက အေလးသာေနပါတယ္။ INSTC အဖြဲ႕ဝင္ႏိုင္ငံေတြ အထူးသျဖင့္ ႐ုရွားနဲ႔အီရန္တို႔ရဲ႕ ႏိုင္ငံေရးအခင္းအက်င္းပုံစံေတြက ႏိုင္ငံေရးမတည္မၿငိမ္ျဖစ္မႈအေျခအေနေတြကို ကာကြယ္ဖို႔အတြက္ နက္နဲတဲ့ အျပန္အလွန္စီးပြားေရးမွီခိုမႈေတြလိုအပ္ေနေၾကာင္း ထင္ရွားေနပါတယ္။
INSTC စႀကႍဟာ ေဒသတြင္းကုန္သြယ္မႈကို ျမႇင့္တင္ဖို႔ ကူးသန္းေရာင္းဝယ္ေရး ကုန္က်စရိတ္ (၃၀) မွ (၄၀) ရာခိုင္ႏႈန္းကိုေလွ်ာ့ခ်ဖို႔ ရည္႐ြယ္ထားပါ တယ္။ ႐ုရွား၊ အိႏၵိယနဲ႔ အီရန္တို႔ကဲ့သို႔ အဖြဲ႕ဝင္ႏိုင္ငံ ေတြဟာ INSTC ကိုအသုံးခ်ၿပီး ၎တို႔ရဲ႕ ဩဇာ လႊမ္းမိုးမႈကို တိုးခ်ဲ႕ဖို႔ႀကိဳးပမ္းေနပါတယ္။ ယူေရးရွား ဖြံ႕ ၿဖိဳးေရးဘဏ္ရဲ႕ (၂၀၂၁) ခုႏွစ္ သုံးသပ္ခ်က္အရ INSTC စႀကႍဟာ ယူေရးရွားတစ္ေလွ်ာက္ ကုန္းတြင္း ပိတ္ႏိုင္ငံေတြကိုအက်ိဳးျပဳတဲ့ သယ္ယူပို႔ေဆာင္ေရး လမ္းေၾကာင္းျဖစ္လာႏိုင္ေၾကာင္း အလားအလာ ေကာင္းေတြကိုေတြ႕ျမင္ေနရပါတယ္။
INSTC ဖြံ႕ၿဖိဳးေရးအတြက္အဟန႔္အတားေတြ
INSTC စႀကႍစီမံကိန္းတိုးတက္ေရးမွာ ပထဝီ ႏိုင္ငံေရးတင္းမာမႈေတြနဲ႔အတူ သယ္ယူပို႔ေဆာင္ေရး အတြက္ အေျခခံအေဆာက္အအုံမလုံေလာက္မႈကဲ့သို႔ အဟန႔္အတားေတြကိုရင္ဆိုင္ေနရပါတယ္။ TRACECA(အာရွ၊ ဥေရာပနဲ႔ ေကာ့ေကးဆပ္ေဒသ အတြက္ စႀကႍလမ္းစီမံကိန္း)နဲ႔ BRI ကဲ့သို႔ ပေရာ ဂ်က္ၿပိဳင္ဆိုင္မႈေတြဟာလည္း INSTC ဖြံ႕ၿဖိဳးတိုး တက္ေရးလမ္းေၾကာင္းကို ပိုမိုရႈပ္ေထြးေစပါတယ္။ INSTC ရဲ႕အနာဂတ္ဟာ ႐ုရွားနဲ႔တ႐ုတ္ၾကား မဟာ ဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈနဲ႔SCO နဲ႔ EAEU တို႔လိုပလက္ေဖာင္းေတြကတစ္ဆင့္ ေဒသ တြင္း ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ျခင္းအပါအဝင္ ပထဝီဝင္ႏိုင္ငံေရးနဲ႔ စီးပြားေရးအခ်က္ေတြေပၚမွာ မူတည္ေနပါတယ္။
တီဟီရန္နဲ႔နယူးေဒလီၾကား ပူးေပါင္းေဆာင္ ႐ြက္မႈကလည္း INSTC ဖြံ႕ၿဖိဳးေရးအတြက္ အတားအဆီးမ်ားစြာ ျဖစ္ေစပါတယ္။ အေမရိကန္ရဲ႕ အေရးယူပိတ္ဆို႔ေရးဗ်ဴဟာေၾကာင့္ အိႏၵိယအေနနဲ႔ အီရန္နဲ႔ပူးေပါင္းေဆာင္႐ြက္ဖို႔ အခက္အခဲရွိလာႏိုင္ သလို အီရန္အေနနဲ႔ အိႏၵိယရဲ႕ အဓိကစြမ္းအင္ ေထာက္ပံ့သူျဖစ္လာဖို႔ ရည္မွန္းခ်က္ေတြကိုလည္း စြန႔္လႊတ္ဖို႔ျဖစ္လာပါတယ္။ ျဖစ္ေပၚလာႏိုင္တဲ့ စီးပြားေရးအက်ိဳးဆက္ေတြေၾကာင့္ နယူးေဒလီဟာ ၾကားေနအတိုင္းသာ ရပ္တည္သြားမွာျဖစ္ပါတယ္။ အီးယူ ေခါင္းေဆာင္ေတြက အီရန္အေပၚ ပိတ္ဆို႔အေရးယူ မႈေတြကို ႐ုပ္သိမ္းဖို႔သေဘာတူခဲ့ေပမယ့္ အီရန္အေန နဲ႔ ေဒၚလာႀကီးစိုးတဲ့ေဈးကြက္ေတြကို ဝင္ေရာက္ရာမွာ အတားအဆီးတစ္ခု ျဖစ္ေနပါတယ္။ ဒါ့ျပင္ အဆိုပါ ပိတ္ဆို႔မႈေတြဟာ အီးယူေခါင္းေဆာင္ေတြရဲ႕ဩဇာ ေအာက္တြင္သာမဟုတ္ဘဲ ေျဖေလွ်ာ့ေပးဖို႔အတြက္ အေမရိကန္ရဲ႕အတည္ျပဳခ်က္ကိုလည္း ရယူဖို႔ လို အပ္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ INSTC ဟာ ၎ရဲ႕ရည္မွန္းခ်က္ေတြေအာင္ျမင္ဖို႔ ဝါရွင္တန္ရဲ႕အကူအညီ လိုအပ္မွာျဖစ္ၿပီး ယင္းအေျခအေနမွာလည္း ျဖစ္ႏိုင္ဖို႔ ခဲယဥ္းပါတယ္။
ဒါ့ျပင္ အာရွအင္အားႀကီးႏွစ္ႏိုင္ငံျဖစ္တဲ့ အိႏၵိယ နဲ႔တ႐ုတ္ဟာ ပထဝီဝင္စီးပြားေရးအေျပာင္းအလဲတိုင္း လႊမ္းမိုးမႈရရွိဖို႔အတြက္ အခ်င္းခ်င္းၿပိဳင္ဆိုင္ေနၾကပါ တယ္။ INSTC စႀကႍသစ္ဟာ တ႐ုတ္ႏိုင္ငံရဲ႕BRI နဲ႔အၿပိဳင္ သေဘာမ်ိဳးျဖစ္ေနပါတယ္။ တီဟီရန္ရဲ႕ ေဘဂ်င္းအေပၚ ပိုမိုမွီခိုအားထားလာတာေၾကာင့္ အိႏၵိယမွာ စိုးရိမ္ပူပန္မႈေတြရွိေနပါတယ္။ တီဟီရန္နဲ႔ ေဘဂ်င္းၾကား (၂၅) ႏွစ္သက္တမ္းရွိ ကုန္သြယ္မႈ သေဘာတူညီခ်က္ေၾကာင့္ အိႏၵိယဟာ အဆိုပါ သေဘာတူညီခ်က္နဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္ေၾကာင္း ေဖာ္ျပခဲ့ဖူးပါတယ္။ ပါကစၥတန္ရဲ႕ Gwadar ဆိပ္ ကမ္းအေပၚ တ႐ုတ္ရဲ႕ဩဇာလႊမ္းမိုးမႈေၾကာင့္ အိႏၵိယ သမုဒၵရာအတြင္း အိႏၵိယရဲ႕လႊမ္းမိုးမႈေတြကိုလည္း က်ဥ္းေျမာင္းလာေစပါတယ္။
အခ်ဳပ္အားျဖင့္ဆိုရရင္ အာရွတိုက္မွာ ပထဝီႏိုင္ ငံေရးနဲ႔ ပထဝီဝင္စီးပြားေရးဆိုင္ရာအေျခအေနေတြ က အခ်ိန္နဲ႔အမွ် အေျပာင္းအလဲရွိေနပါတယ္။ အာရွရဲ႕ "စႀကႍ ျပဳျခင္း" ဆိုင္ရာ အေျခခံအေဆာက္အ အုံရင္းႏွီးျမႇဳပ္ႏွံမႈေတြဟာ ႏိုင္ငံတကာအခင္းအက်င္း ေတြကို ေျပာင္းလဲေစတဲ့ အဓိကတြန္းအားေတြ ျဖစ္ လာပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕BRI ဟာ လြန္ခဲ့တဲ့ဆယ္ စုႏွစ္ေတြကတည္းကလုပ္ေဆာင္ေနေပမယ့္ အေမရိ ကန္နဲ႔ အေနာက္ႏိုင္ငံေတြက အမီလိုက္ႏိုင္ဖို႔ ေမွ်ာ္ လင့္ခ်က္ရွိေနဆဲျဖစ္ပါတယ္။ ဒါေၾကာင့္ အၿပိဳင္ အဆိုင္ျဖစ္လာတဲ့ ႏိုင္ငံျဖတ္ေက်ာ္စႀကႍေတြဟာ လာ မယ့္ဆယ္စုႏွစ္အတြင္း မဟာဗ်ဴဟာနဲ႔ ပထဝီဝင္ႏိုင္ငံ ေရးဆိုင္ရာ ၿပိဳင္ဆိုင္မႈပုံစံသစ္ေတြကို ဖန္တီးပုံေဖာ္ လာႏိုင္မွာျဖစ္ပါေၾကာင္း။