ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)

 337

ဇာမဏီစံမောင် (NP News) - စက်တင်ဘာ ၁၉

မြန်မာ့ရာဇဝင် သမိုင်းထဲက ရှင်မဖြူကျွန်း
(၁၈၂၃) ခုနှစ်တွင် မြန်မာနှင့်အင်္ဂလိပ်တို့ နိုင်ငံရေးပဋိပက္ခဖြစ်ပွားနေစဉ် မြန်မာပိုင် မဏိပူရနှင့် အခြားနယ်များတွင် အင်္ဂလိပ်တို့ကသွေးထိုးပေး၍ နယ်စားများ ပုန်ကန်ခြားနားကုန်သည်။ ထို့ပြင် စစ်တ ကောင်းနှင့် ရခိုင်နယ်စပ် နတ်မြစ်ဝရှိ မြန်မာပိုင် ရှင်မဖြူကျွန်းပေါ်တွင် အင်္ဂလိပ်တို့က ကင်းတပ်တစ်ခု ကိုလည်း ချထားပြန်သည်။ ရှင်မဖြူကျွန်းသည် နတ် မြစ်ဝတွင်တည်ရှိ၍ စစ်တကောင်းနယ်တွင် ပါဝင် ခြင်းကြောင့် အင်္ဂလိပ်တို့က သူတို့ပိုင်ဟုဆိုကာ အလံစိုက်လာသည်။ ရှင်မဖြူကျွန်းမှာ ရှေးယခင် အဆက် ဆက်ကပင် ရခိုင်ပိုင်နက်ဖြစ်ခဲ့သည်။ ရခိုင်ရာဇဝင်သစ်ကျမ်းတွင် ရခိုင်ဘုရင်များသည် ကောက်စ်ဘဇား၊ မောက် သူဇာ၊ စစ်တကောင်းနှင့် ဘင်္ဂါလီ ဆယ့်နှစ်မြို့တိုင် အောင်ပိုင်ဆိုင်ကြောင်း ပြဆိုထားသည်။ ရခိုင်ပြည်သည် မြန်မာ့လက်အောက်ခံဖြစ်လာသောအခါ ရှင်မဖြူကျွန်းမှာ အလိုအလျောက် မြန်မာ ပိုင်နယ်မြေဖြစ် လာခဲ့သည်။

(၁၈၂၃) ခုနှစ် ဖေဖော်ဝါရီ (၂၃) ရက်နေ့ ညတွင် အင်္ဂလိပ်တို့က မိမိတို့ပိုင်ဆိုကာ ကျွန်းပေါ် တက်ရောက်သိမ်းပိုက်တပ်စွဲခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်တို့သည် ငါတို့ပိုင်ရှင်မဖြူကျွန်းကို မတရားသိမ်း ပိုက်တပ်စွဲထားခြင်းမှာ ငါတို့ပိုင်နက်နယ်မြေကို တမင်သက်သက် ကျူးကျော်ရန်စခြင်းဖြစ်သည်။ ရခိုင် ပြည်နယ်တွင်ရှိနေသည့် မြန်မာ့အာဏာပိုင်တို့ထံ စာချွန်လွှာပို့၍ ရှင်မဖြူကျွန်းရှိ အင်္ဂလိပ် စစ်ဗာရီ စစ်သားများကို ကျွန်းမှ ပြန်လည်ရုပ်သိမ်းပေးရန် တရားဝင် တောင်းဆိုကြသည်။ (၁၈၂၃) ခုနှစ် မေလ ဆန်းတွင် ရခိုင်ပြည်ရှိ မြန်မာ့အာဏာပိုင်များက မြန်မာဘုရင် အမိန့်တော်အတိုင်း ကိုယ်စားလှယ် လေးဦးလွှတ်ကာ တရားဝင်တောင်းဆိုလေသည်။ ထိုအချိန်မှာပင် မြန်မာတို့သည် နတ်မြစ်ဝနှင့် တစ်ရက်ခရီးအကွာ လောက်တွင် ခံကတုတ်များ ဆောက်လုပ်လေသည်။ မေလကုန်လောက်တွင် စစ်တကောင်းအရေးပိုင်ထံသို့ မြန်မာဘုရင်ထံမှ နောက်ထပ် စာချွန်လွှာတစ်စောင် ပေးပို့လိုက်သည်။ “အရေးပိုင်မင်း သင့်ထံသို့ မြန်မာဘုရင်မင်းမြတ်၏ ကိုယ်စား ကျွန်တော် စာချွန်လွှာ ပေးအပ်လိုက်သည်။ အကြောင်းမှာ ရခိုင်ဒေသရှိ အခြားနယ်ပယ်များနှင့်တကွ ရှင်မဖြူကျွန်းကို ကျွန်ုပ်တို့၏ မြန်မာဘုရင်မင်း မြတ်တို့ ပိုင်ဆိုင်ခဲ့သည်မှာ (၄၆) နှစ်မျှကြာပြီဖြစ်၏။

ထို့ကြောင့် ရှင်မဖြူတွင်တပ်စွဲထားသော စစ်ဗာရီတို့ကို ရုပ်သိမ်းပေးရန်နှင့် ဆောက်လုပ်ထား သော ခံကတုတ်များကိုဖြိုဖျက်ပြီး ပစ္စည်းများကိုလည်း စွန့်ပစ်မထားခဲ့ဘဲ ယူဆောင်သိမ်းဆည်းသွားကြရ မည်။ အဆိုပါတောင်းဆိုချက်များကို မလိုက်လျော ပါက နိုင်ငံ စစ်မီးပွားရလိမ့်မည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်သည်” ဟုပါရှိသည့် ရာဇသံဖြစ်သည်။ အင်္ဂလိပ်တို့က မြေပုံဆွဲပြကာ ရှင်မဖြူကျွန်း သည် စစ်တကောင်းပိုင်နက်အတွင်း ရှိသည်ဟုဆိုကာ ဇွတ်ငြင်းခဲ့သည်။

နေပြည်တော်က ငါတို့သည် ဤအရေး အခင်းနှင့်ပတ်သက်၍ ခေါင်းငုံ့ခံရန်မသင့်၊ ရှင်မဖြူကျွန်း မှာ အင်္ဂလိပ်တို့ကို ငါတို့မြေပေါ်မှ မောင်းထုတ်ရန် စစ်ချီတိုက်ခိုက်မည့်အကြောင်းကို မြန်မာဘုရင်၏ အမိန့်အရ ဓညဝတီမြို့ဝန် မဟာမင်းလှကျော်စွာက စစ်တကောင်းမြို့ဝန်မှတစ်ဆင့် အိန္ဒိယ ဘုရင်ခံချုပ် ထံ(၁၈၂၃) ခုနှစ် ဩဂုတ်လ (၈) ရက် နေ့စွဲဖြင့် နောက်ဆုံးကန့်ကွက်လွှာ ပို့လိုက်ပါသည်။ စာတွင် “ဘုရင်ခံချုပ် စစ်တကောင်း အရေးပိုင်က ရှင်မဖြူ ကျွန်းသည် အင်္ဂလိပ်ပိုင်ဖြစ်ကြောင်းကို အင်္ဂလိပ်၊ ရခိုင်၊ ပါရှန်၊ ဟိန္ဒူ စတန်နီ (၄) ဘာသာဖြင့် ပြန်စာ ပါးခဲ့ပါသည်။ ဘုရင်ခံချုပ် လော့အင်းမတ်စ်၏အမိန့် အရ ပြန်ကြားခြင်းဖြစ်ပါသလော ဟု ကျွန်ုပ် မေးလိုသေး၏။ အကယ်၍ ဘုရင်ခံချုပ်၏ အမိန့်အရပြန် ကြားသည်ဆိုပါက ဘင်္ဂလားအစိုးရမှ ပိုင်ဆိုင်ကြောင်း ပြပါ။ ရခိုင်ပြည်ကို မြန်မာဘုရင်မင်းမြတ် သိမ်းယူခဲ့ စဉ်ကပင် ရခိုင်၊ ဓညဝတီ ပိုင်နက်ဖြစ်ခဲ့သဖြင့် မြန်မာ ဘုရင်မင်းမြတ်ကသာပိုင်ဆိုင်ကြောင်း ကျွန်တော် အရေးဆိုသည်။ ထိုကျွန်းတွင် တပ်စွဲလိုက်ခြင်းသည် လက်အောက်ခံငယ်သားများ၏ အငြင်း ပွားခြင်းကြောင့် ဖြစ်ကောင်းဖြစ်မည်။ သင့်ကြောင့် နှစ်နိုင်ငံမှာ ချစ်ကြည်ရေးနှင့် လေးစားမှုကိုပါ ထိခိုက် လာစေမည့် အကြောင်းများ ရှိလေသည်။ အဆိုပါ မဖွယ်ရာသော ကိစ္စများကိုတားဆီးပေးရန် ရှင်မဖြူ ကျွန်းတွင် တပ်စွဲထားသည့်တပ်ဖွဲ့များကိုရုပ်သိမ်းပေးပါရန် မေတ္တာရပ် ခံအပ်သည်” ဟု ပါရှိပါသည်။

သို့သော် ဘုရင်ခံချုပ်သည် စစ်တကောင်း မြို့ဝန်နည်းတူ ရှင်မဖြူကျွန်းမှာ ကုမ္ပဏီပိုင်ဖြစ် ကြောင်း၊ ထိုကိစ္စကို အေးအေးဆေးဆေး ဆွေးနွေးရန် မြန်မာကိုယ်စားလှယ်တစ်ဦးစေလွှတ်နိုင်ကြောင်း ပြန်ကြားကာ ကုလားစစ်ဗာရီတပ်သားများကို ရွှေ့ ပြောင်းမပေးခဲ့ချေ။ ထို့ကြောင့် (၁၈၂၃) ခုနှစ် စက် တင်ဘာလ (၂၄) ရက်နေ့တွင် စစ်သည် (၁၀ဝဝ) ပါဝင်သောမြန်မာတပ်များက မြန်မာပိုင် ရှင်မဖြူကျွန်း တွင်တပ်စွဲထားသော အင်္ဂလိပ်တို့၏ စစ်ဗာရီ စစ်သား တပ်ဖွဲ့ကို တက်ရောက် တိုက်ခိုက်မောင်းနှင် လိုက်ကြပြီး ရှင်မဖြူကျွန်းကို မြန်မာပိုင်ဖြစ်ကြောင်း ကြေညာလေသည်။ သို့သော် မြန်မာတပ်များ ကျွန်းကို သိမ်းပိုက်ပြီးနောက် လအနည်းငယ်အကြာတွင် ကျွန်းမှ ပြန်လည်ဆုတ်ခွာသွားခဲ့ရာ၊ အိန္ဒိယ ဘုရင်ခံချုပ် လော့အင်းမတ်စ်သည် ကျွန်းကို အခိုင်အမာသိမ်းပိုက်ထားရန် စီမံထားသူပီပီ (၁၈၂၃) ခုနှစ် နိုဝင်ဘာလ (၂၁) ရက်တွင် အစောင့်မရှိသည့်ကျွန်းပေါ်သို့ (၆) ပေါင်ဒါ အမြောက်နှစ်လက်ပါရှိသော တပ်ဖွဲ့နှစ်ခုကိုစေလွှတ်ကာ ကျွန်းကို ပြန်လည်သိမ်းယူလိုက်လေသည်။

ဗြိတိသျှတပ်မှူးက ဓညဝတီမြို့ဝန်ထံသို့ နယ်နိမိတ်အရေးဆွေးနွေးရန် မြန်မာအရာရှိနှစ်ဦး စေလွှတ်ပေးရန် အမှာစာရေးကာ အကြံပေးသဖြင့် ဓညဝတီမြို့ဝန်က ကိုယ်စားလှယ် (၄)ဦး စေလွှတ် လိုက်လေသည်။ သင်တို့ကို ငါကြားရခြင်းကတော့ ရှင်မဖြူကျွန်းနှင့်ပတ်သက်၍ သင်တို့မြန်မာတွေရဲ့ ဆန္ဒ ဘယ်လိုရှိသလဲဆိုတာ သိချင်လို့ပါပဲ။ သိမ်းပိုက် တပ်စွဲထားတဲ့ရှင်မဖြူကျွန်းကို ကျွန်ုပ်တို့ထံ ခြွင်းချက်မရှိ ပြန်လည်ပေးအပ်ဖို့တောင်းဆိုချင်တာပါပဲ” ဟု ပြောသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့က သည်အရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားပါက ဆုံးရှုံးမှုများစွာနဲ့ မိုက်မဲရာကြပါလိမ့်မည်၊ ဒါကြောင့် နှစ်ဖက်လုံးက ရှင်မဖြူကျွန်းကို မသိမ်းပိုက်ကြဘဲ ကြားနေဒေသဖြစ်ထားရင် ပိုသင့်မြတ်မည့် အကြောင်း ပြောကြားသည်။ စစ်တကောင်းအရေးပိုင်က ကျွန်းကို အင်္ဂလိပ်တို့တပ်စွဲထားပါက မြန်မာတို့ ပြန်လည် တိုက်ခိုက်မည်မှန်း ကောင်းစွာသဘောပေါက်သော် လည်း ဘုရင်ခံချုပ် လော့အင်းမတ်စ်၏ မူဝါဒကို သိသူဖြစ်ရာ မြန်မာတို့တင်ပြသော ကြားနေဒေသအဖြစ် သတ်မှတ်ချက်ကို လက်မခံစေခဲ့ပါ။ ဘုရင်ခံချုပ် လော့အင်းမတ်စ်ကလည်း “ကျွန်ုပ်တို့ကတော့ သင်တို့တင်ပြသလို လက်မခံနိုင်ပါဘူး၊ ဒါက လည်း ကျွန်ုပ် ထုတ်ပြန်ခဲ့တဲ့ ကျုပ်ရဲ့ဆန္ဒအမှန်ပါပဲ၊ ကျွန်ုပ်တို့ ကုမ္ပဏီဆန္ဒအရက ရှင်မဖြူကျွန်းကို အပိုင်ယူထားဖို့ ဆုံးဖြတ်ပြီးဖြစ်သည်။ ဒါကြောင့် ကျွနု်ပ်တို့ပိုင်ဆိုင် သော ဤကျွန်းကို လာရောက် နှောင့်ယှက်ရင်တော့ နတ်မြစ်ဖြတ်ကျော်လာသူမှန်သမျှကို ကျွန်ုပ်တို့ တိုက်ခိုက်ချေမှုန်းရပါလိမ့်မည် ” ဟု ပြန်ပြောခဲ့သည်။

မြန်မာတွေရဲ့အဆိုပြုချက်ကို လက်မခံဘဲ ရှင်မဖြူကျွန်းကို မတရားသိမ်းပိုက်တပ်စွဲထားမယ် ဆို တော့ နှစ်နိုင်ငံ စပြီး စစ်မက်ဖြစ်ပွားရုံရှိတော့ သည်ဟု မြန်မာတို့ဆုံးဖြတ်သည်။ (၁၈၂၄)ခုနှစ် ဇန်နဝါရီ လတွင် အင်အား (၆၀ဝဝ) မှ (၇၀ဝဝ) ခန့်ရှိသော မြန်မာတပ်ကြီးသည် မဏိပူရနယ်တွင် တပ်တည် စုရုံးနေကြပြီဟူသောသတင်းကို စီလဟတ်မြို့ပိုင်က ဘင်္ဂလားအစိုးရထံ အစီရင်ခံသည်။ ဒမေဂျာ နယူ တန် ကွပ်ကဲတဲ့ အင်္ဂလိပ်တပ်က စိလဟတ် စစ်မျက်နှာတွင်နေ၍ မြန်မာတပ်များချီတက်လာပါက တိုက်ခိုက်ရန် အသင့်ပြင်ထားစေသည်။

ဘင်္ဂလားအစိုးရ၏ ညွှန်ကြားချက်ကြောင့် အာသံမှစစ်ချီလာသော မြန်မာတပ်များသည် မေဂျာ နူးတန်ကွပ်ကဲသည့် အင်္ဂလိပ်တပ်ကြီးနှင့် တိုက်ပွဲဖြစ်ပွားပါတော့သည်။ ယင်းတိုက်ပွဲကား အင်္ဂလိပ်-မြန်မာ ပထမဆုံး(The First Englo Burmese War) ကို အစပြုသည့် တိုက်ပွဲဖြစ်လေသည်။ မြန်မာ တပ်များသည် ဘင်္ဂလားနယ် စစ်တကောင်းမြို့ကိုသိမ်းယူနိုင် သည်အထိရောက်ခဲ့ကြသည်။

“ ဘင်္ဂါလီအသွင်ပြောင်း ဒုက္ခသည်များ ရန်ပုံငွေ ဇာတ်ကားကြီး” ရှိတ်ဟာစီနာ စီစဉ်သည်
ကုလသမဂ္ဂ ကမ္ဘာ့ဘေးဒုက္ခ သည်များရန်ပုံ ငွေအဖွဲ့က တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း တစ်ထောင်နီးပါး ဆင်းရဲတွင်းနက်လှပါသော ဘင်္ဂါလီလူမျိုးနှင့် သူ့နိုင်ငံရအောင် နှစ်စဉ် အကွက်ကျကျ ဟာစီနာ စီစဉ်နိုင်ခဲ့သည်။

ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ဘင်္ဂါလီ လှေစီးနှင့် ရွှေ့ပြောင်းအခြေချ ဒုက္ခ သည်များနှင့် ဘင်္ဂလားဒေ့ရှ်အိမ်ရှင်များကို ထောက်ပံ့ရန် ဒေါ်လာ (၈၅၂.၄) သန်း ဟာစီနာအစိုးရက တောင်းခံထားသည်။ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ၊ အခြား လူသားချင်း စာနာထောက် ထားမှုမိတ်ဖက်များနှင့်အတူ ယနေ့ ဘင်္ဂါလီရွှေ့ပြောင်း ဒုက္ခသည်များနှင့် ၎င်းတို့၏ အိမ်ရှင်အသိုင်းအဝိုင်း များကိုကာကွယ်ရန်နှင့်ကူညီရန် နိုင်ငံတကာ အသိုင်း အဝိုင်းကို ကြိုးပမ်းမှု နှစ်ဆတိုးရန် တောင်းဆို လိုက်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လွန်ခဲ့သောခုနစ်နှစ်က မြန်မာနိုင်ငံမှထွက်ပြေးလာသည့် ဘင်္ဂါလီ ရွှေ့ ပြောင်းဒုက္ခသည်တစ်သန်းနီးပါးကို ရက်ရက်ရောရော အကွက်ချပြီး လက်ခံပေးနေသည်။ လူသား ချင်း စာနာမှုအကျပ်အတည်းအတွက် (၂၀၂၄) ပူးတွဲတုံ့ ပြန်ရေးစီမံချက်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင် များ၏ အဆင့်ဆင့်သောဦးဆောင်မှုအောက်တွင် စတင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာကတော့ မစို့မပို့ရန် ပုံငွေနဲ့ အခြေချစခန်းသစ်များတည်ပြီး တရားစွဲခံရသည်။

ဘင်္ဂလားဒေ့ရှ်ရှိ လှေစီးနှင့် ရွှေ့ပြောင်း အခြေချဘင်္ဂါလီ အိမ်ထောင်စုများ၏ (၉၅) ရာခိုင်နှုန်း ခန့် သည် ထိခိုက်လွယ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီအပေါ် မှီခိုနေရဆဲဖြစ်သည်။ ဘင်္ဂါလီ ရွှေ့ပြောင်း ဒုက္ခသည်စခန်း ခေါင်းဆောင်နှစ်ဦး လက်သည်မပေါ်သည့် လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ် ဘယ်ကလာသနည်း။ အထူးသဖြင့် ပစ်မှတ်ထား ဘင်္ဂါလီရွှေ့ပြောင်းဒုက္ခသည် ဦးရေ၏ (၇၀) ရာခိုင်နှုန်းကျော်ပါဝင်သည့် အမျိုးသမီးများနှင့် ကလေးများအတွက် စဉ်ဆက်မပြတ်အကူအညီသည် အရေးကြီးပြီး အလွဲသုံးစားလုပ်မှု၊ ခေါင်းပုံဖြတ်မှုနှင့် ကျား/မရေးရာ အခြေခံအကြမ်းဖက်မှုအန္တရာယ်များ ကို ရင်ဆိုင်ကြုံတွေ့နေရသည်။ စခန်းများရှိ ဘင်္ဂါလီ ရွှေ့ပြောင်းဒုက္ခသည်များ၏ ထက်ဝက်ကျော်သည် အသက်(၁၈)နှစ်အောက်များဖြစ်ပြီး ပညာရေး၊ ကျွမ်း ကျင်မှု၊ တည်ဆောက်ရေးနှင့် အသက်မွေးဝမ်း ကျောင်း မှုများအတွက် အကန့်အသတ်ရှိသော အခွင့်အလမ်းများကြားတွင် နစ်မြောနေသည်။

လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်း သည် နိုင်ငံတကာ မီးမောင်းထိုးပြမှုထက် ကြီးမားနေသေးသဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ဒေသခံ လူထုနှင့် အကူအညီပေးရေးအေဂျင်စီများသည် တိုး လာနေသောလိုအပ်ချက်များကို တုံ့ပြန်ရန်အတွက် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုများတိုးမြှင့်တောင်းခံရန် လိုအပ်နေသည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများမှလွတ်မြောက်ရန် ဆိုသည့် လူ့အခွင့်ရေးဆရာကြီးများအကြိုက် ခေါင်းစဉ်ကြီးတပ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးခဲ့ကြသည့် ဘင်္ဂါလီအမျိုးသမီးများ၊ ကလေးများနှင့် အမျိုးသားများသည် အခြေခံလိုအပ်ချက်များကိုဖြည့် ဆည်းရန် ရုန်းကန်နေရကာ ၎င်းတို့၏ အကျပ်အတည်း အန္တရာယ်များဆိုသည့် ဟာစီနာ၏စကားသံများက ရိုးအီ မသွားသကဲ့သို့ဖြစ်နေသည်။ မလုံခြုံမှုနှင့် သဘာဝ ဘေးဒဏ်များကြုံတွေ့နေရသော လူစည်ကားသော စခန်းများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီကိုမှီခိုနေရသည့် ဘင်္ဂါလီရွှေ့ပြောင်းဒုက္ခ သည်များသည် ရှိနေဆဲဖြစ်သည်။ ဒီဇင်ဘာလတွင် ဂျနီဗာ၌ပြုလုပ်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည် များဖိုရမ်တွင်ပြုလုပ်ခဲ့ သောကတိကဝတ်များ ပြည့်စုံစေရန်အတွက် ခြေလှမ်းများလည်း လိုအပ်သည်။ ဘင်္ဂါလီ ရွှေ့ပြောင်း လူမျိုးများအတွက် မိမိကိုယ်မိမိ မှီခိုအားထားမှုကိုမြှင့်တင်ရန်နှင့် အန္တရာယ်ရှိသော လှေစီးဒုက္ခသည်အရေ အတွက်ကိုလျှော့ချရန် မျှော်လင့်ချက်များပေးရန် ပါဝင်သည်။

zawgyi version
ရွင္မျဖဴက်ိန္စာသင့္ ဘီဂမ္ရွိတ္ ဟာစီနာဝါဇစ္ (အပိုင္း - ၂)
ဇာမဏီစံေမာင္ (NP News) - စက္တင္ဘာ ၁၉

ျမန္မာ့ရာဇဝင္ သမိုင္းထဲက ရွင္မျဖဴကြၽန္း
(၁၈၂၃) ခုႏွစ္တြင္ ျမန္မာႏွင့္အဂၤလိပ္တို႔ ႏိုင္ငံေရးပဋိပကၡျဖစ္ပြားေနစဥ္ ျမန္မာပိုင္ မဏိပူရႏွင့္ အျခားနယ္မ်ားတြင္ အဂၤလိပ္တို႔ကေသြးထိုးေပး၍ နယ္စားမ်ား ပုန္ကန္ျခားနားကုန္သည္။ ထို႔ျပင္ စစ္တ ေကာင္းႏွင့္ ရခိုင္နယ္စပ္ နတ္ျမစ္ဝရွိ ျမန္မာပိုင္ ရွင္မျဖဴကြၽန္းေပၚတြင္ အဂၤလိပ္တို႔က ကင္းတပ္တစ္ခု ကိုလည္း ခ်ထားျပန္သည္။ ရွင္မျဖဴကြၽန္းသည္ နတ္ ျမစ္ဝတြင္တည္ရွိ၍ စစ္တေကာင္းနယ္တြင္ ပါဝင္ ျခင္းေၾကာင့္ အဂၤလိပ္တို႔က သူတို႔ပိုင္ဟုဆိုကာ အလံစိုက္လာသည္။ ရွင္မျဖဴကြၽန္းမွာ ေရွးယခင္ အဆက္ ဆက္ကပင္ ရခိုင္ပိုင္နက္ျဖစ္ခဲ့သည္။ ရခိုင္ရာဇဝင္သစ္က်မ္းတြင္ ရခိုင္ဘုရင္မ်ားသည္ ေကာက္စ္ဘဇား၊ ေမာက္ သူဇာ၊ စစ္တေကာင္းႏွင့္ ဘဂၤါလီ ဆယ့္ႏွစ္ၿမိဳ႕တိုင္ ေအာင္ပိုင္ဆိုင္ေၾကာင္း ျပဆိုထားသည္။ ရခိုင္ျပည္သည္ ျမန္မာ့လက္ေအာက္ခံျဖစ္လာေသာအခါ ရွင္မျဖဴကြၽန္းမွာ အလိုအေလ်ာက္ ျမန္မာ ပိုင္နယ္ေျမျဖစ္ လာခဲ့သည္။

(၁၈၂၃) ခုႏွစ္ ေဖေဖာ္ဝါရီ (၂၃) ရက္ေန႔ ညတြင္ အဂၤလိပ္တို႔က မိမိတို႔ပိုင္ဆိုကာ ကြၽန္းေပၚ တက္ေရာက္သိမ္းပိုက္တပ္စြဲခဲ့ျခင္းျဖစ္သည္။ အဂၤလိပ္တို႔သည္ ငါတို႔ပိုင္ရွင္မျဖဴကြၽန္းကို မတရားသိမ္း ပိုက္တပ္စြဲထားျခင္းမွာ ငါတို႔ပိုင္နက္နယ္ေျမကို တမင္သက္သက္ က်ဴးေက်ာ္ရန္စျခင္းျဖစ္သည္။ ရခိုင္ ျပည္နယ္တြင္ရွိေနသည့္ ျမန္မာ့အာဏာပိုင္တို႔ထံ စာခြၽန္လႊာပို႔၍ ရွင္မျဖဴကြၽန္းရွိ အဂၤလိပ္ စစ္ဗာရီ စစ္သားမ်ားကို ကြၽန္းမွ ျပန္လည္႐ုပ္သိမ္းေပးရန္ တရားဝင္ ေတာင္းဆိုၾကသည္။ (၁၈၂၃) ခုႏွစ္ ေမလ ဆန္းတြင္ ရခိုင္ျပည္ရွိ ျမန္မာ့အာဏာပိုင္မ်ားက ျမန္မာဘုရင္ အမိန႔္ေတာ္အတိုင္း ကိုယ္စားလွယ္ ေလးဦးလႊတ္ကာ တရားဝင္ေတာင္းဆိုေလသည္။ ထိုအခ်ိန္မွာပင္ ျမန္မာတို႔သည္ နတ္ျမစ္ဝႏွင့္ တစ္ရက္ခရီးအကြာ ေလာက္တြင္ ခံကတုတ္မ်ား ေဆာက္လုပ္ေလသည္။ ေမလကုန္ေလာက္တြင္ စစ္တေကာင္းအေရးပိုင္ထံသို႔ ျမန္မာဘုရင္ထံမွ ေနာက္ထပ္ စာခြၽန္လႊာတစ္ေစာင္ ေပးပို႔လိုက္သည္။ “အေရးပိုင္မင္း သင့္ထံသို႔ ျမန္မာဘုရင္မင္းျမတ္၏ ကိုယ္စား ကြၽန္ေတာ္ စာခြၽန္လႊာ ေပးအပ္လိုက္သည္။ အေၾကာင္းမွာ ရခိုင္ေဒသရွိ အျခားနယ္ပယ္မ်ားႏွင့္တကြ ရွင္မျဖဴကြၽန္းကို ကြၽႏ္ုပ္တို႔၏ ျမန္မာဘုရင္မင္း ျမတ္တို႔ ပိုင္ဆိုင္ခဲ့သည္မွာ (၄၆) ႏွစ္မွ်ၾကာၿပီျဖစ္၏။

ထို႔ေၾကာင့္ ရွင္မျဖဴတြင္တပ္စြဲထားေသာ စစ္ဗာရီတို႔ကို ႐ုပ္သိမ္းေပးရန္ႏွင့္ ေဆာက္လုပ္ထား ေသာ ခံကတုတ္မ်ားကိုၿဖိဳဖ်က္ၿပီး ပစၥည္းမ်ားကိုလည္း စြန႔္ပစ္မထားခဲ့ဘဲ ယူေဆာင္သိမ္းဆည္းသြားၾကရ မည္။ အဆိုပါေတာင္းဆိုခ်က္မ်ားကို မလိုက္ေလ်ာ ပါက ႏိုင္ငံ စစ္မီးပြားရလိမ့္မည္ျဖစ္ေၾကာင္း အသိေပး အေၾကာင္းၾကားအပ္သည္” ဟုပါရွိသည့္ ရာဇသံျဖစ္သည္။ အဂၤလိပ္တို႔က ေျမပုံဆြဲျပကာ ရွင္မျဖဴကြၽန္း သည္ စစ္တေကာင္းပိုင္နက္အတြင္း ရွိသည္ဟုဆိုကာ ဇြတ္ျငင္းခဲ့သည္။

ေနျပည္ေတာ္က ငါတို႔သည္ ဤအေရး အခင္းႏွင့္ပတ္သက္၍ ေခါင္းငုံ႔ခံရန္မသင့္၊ ရွင္မျဖဴကြၽန္း မွာ အဂၤလိပ္တို႔ကို ငါတို႔ေျမေပၚမွ ေမာင္းထုတ္ရန္ စစ္ခ်ီတိုက္ခိုက္မည့္အေၾကာင္းကို ျမန္မာဘုရင္၏ အမိန႔္အရ ဓညဝတီၿမိဳ႕ဝန္ မဟာမင္းလွေက်ာ္စြာက စစ္တေကာင္းၿမိဳ႕ဝန္မွတစ္ဆင့္ အိႏၵိယ ဘုရင္ခံခ်ဳပ္ ထံ(၁၈၂၃) ခုႏွစ္ ဩဂုတ္လ (၈) ရက္ ေန႔စြဲျဖင့္ ေနာက္ဆုံးကန႔္ကြက္လႊာ ပို႔လိုက္ပါသည္။ စာတြင္ “ဘုရင္ခံခ်ဳပ္ စစ္တေကာင္း အေရးပိုင္က ရွင္မျဖဴ ကြၽန္းသည္ အဂၤလိပ္ပိုင္ျဖစ္ေၾကာင္းကို အဂၤလိပ္၊ ရခိုင္၊ ပါရွန္၊ ဟိႏၵဴ စတန္နီ (၄) ဘာသာျဖင့္ ျပန္စာ ပါးခဲ့ပါသည္။ ဘုရင္ခံခ်ဳပ္ ေလာ့အင္းမတ္စ္၏အမိန႔္ အရ ျပန္ၾကားျခင္းျဖစ္ပါသေလာ ဟု ကြၽႏ္ုပ္ ေမးလိုေသး၏။ အကယ္၍ ဘုရင္ခံခ်ဳပ္၏ အမိန႔္အရျပန္ ၾကားသည္ဆိုပါက ဘဂၤလားအစိုးရမွ ပိုင္ဆိုင္ေၾကာင္း ျပပါ။ ရခိုင္ျပည္ကို ျမန္မာဘုရင္မင္းျမတ္ သိမ္းယူခဲ့ စဥ္ကပင္ ရခိုင္၊ ဓညဝတီ ပိုင္နက္ျဖစ္ခဲ့သျဖင့္ ျမန္မာ ဘုရင္မင္းျမတ္ကသာပိုင္ဆိုင္ေၾကာင္း ကြၽန္ေတာ္ အေရးဆိုသည္။ ထိုကြၽန္းတြင္ တပ္စြဲလိုက္ျခင္းသည္ လက္ေအာက္ခံငယ္သားမ်ား၏ အျငင္း ပြားျခင္းေၾကာင့္ ျဖစ္ေကာင္းျဖစ္မည္။ သင့္ေၾကာင့္ ႏွစ္ႏိုင္ငံမွာ ခ်စ္ၾကည္ေရးႏွင့္ ေလးစားမႈကိုပါ ထိခိုက္ လာေစမည့္ အေၾကာင္းမ်ား ရွိေလသည္။ အဆိုပါ မဖြယ္ရာေသာ ကိစၥမ်ားကိုတားဆီးေပးရန္ ရွင္မျဖဴ ကြၽန္းတြင္ တပ္စြဲထားသည့္တပ္ဖြဲ႕မ်ားကို႐ုပ္သိမ္းေပးပါရန္ ေမတၱာရပ္ ခံအပ္သည္” ဟု ပါရွိပါသည္။

သို႔ေသာ္ ဘုရင္ခံခ်ဳပ္သည္ စစ္တေကာင္း ၿမိဳ႕ဝန္နည္းတူ ရွင္မျဖဴကြၽန္းမွာ ကုမၸဏီပိုင္ျဖစ္ ေၾကာင္း၊ ထိုကိစၥကို ေအးေအးေဆးေဆး ေဆြးေႏြးရန္ ျမန္မာကိုယ္စားလွယ္တစ္ဦးေစလႊတ္ႏိုင္ေၾကာင္း ျပန္ၾကားကာ ကုလားစစ္ဗာရီတပ္သားမ်ားကို ေ႐ႊ႕ ေျပာင္းမေပးခဲ့ေခ်။ ထို႔ေၾကာင့္ (၁၈၂၃) ခုႏွစ္ စက္ တင္ဘာလ (၂၄) ရက္ေန႔တြင္ စစ္သည္ (၁၀ဝဝ) ပါဝင္ေသာျမန္မာတပ္မ်ားက ျမန္မာပိုင္ ရွင္မျဖဴကြၽန္း တြင္တပ္စြဲထားေသာ အဂၤလိပ္တို႔၏ စစ္ဗာရီ စစ္သား တပ္ဖြဲ႕ကို တက္ေရာက္ တိုက္ခိုက္ေမာင္းႏွင္ လိုက္ၾကၿပီး ရွင္မျဖဴကြၽန္းကို ျမန္မာပိုင္ျဖစ္ေၾကာင္း ေၾကညာေလသည္။ သို႔ေသာ္ ျမန္မာတပ္မ်ား ကြၽန္းကို သိမ္းပိုက္ၿပီးေနာက္ လအနည္းငယ္အၾကာတြင္ ကြၽန္းမွ ျပန္လည္ဆုတ္ခြာသြားခဲ့ရာ၊ အိႏၵိယ ဘုရင္ခံခ်ဳပ္ ေလာ့အင္းမတ္စ္သည္ ကြၽန္းကို အခိုင္အမာသိမ္းပိုက္ထားရန္ စီမံထားသူပီပီ (၁၈၂၃) ခုႏွစ္ ႏိုဝင္ဘာလ (၂၁) ရက္တြင္ အေစာင့္မရွိသည့္ကြၽန္းေပၚသို႔ (၆) ေပါင္ဒါ အေျမာက္ႏွစ္လက္ပါရွိေသာ တပ္ဖြဲ႕ႏွစ္ခုကိုေစလႊတ္ကာ ကြၽန္းကို ျပန္လည္သိမ္းယူလိုက္ေလသည္။

ၿဗိတိသွ်တပ္မႉးက ဓညဝတီၿမိဳ႕ဝန္ထံသို႔ နယ္နိမိတ္အေရးေဆြးေႏြးရန္ ျမန္မာအရာရွိႏွစ္ဦး ေစလႊတ္ေပးရန္ အမွာစာေရးကာ အႀကံေပးသျဖင့္ ဓညဝတီၿမိဳ႕ဝန္က ကိုယ္စားလွယ္ (၄)ဦး ေစလႊတ္ လိုက္ေလသည္။ သင္တို႔ကို ငါၾကားရျခင္းကေတာ့ ရွင္မျဖဴကြၽန္းႏွင့္ပတ္သက္၍ သင္တို႔ျမန္မာေတြရဲ႕ ဆႏၵ ဘယ္လိုရွိသလဲဆိုတာ သိခ်င္လို႔ပါပဲ။ သိမ္းပိုက္ တပ္စြဲထားတဲ့ရွင္မျဖဴကြၽန္းကို ကြၽႏ္ုပ္တို႔ထံ ႁခြင္းခ်က္မရွိ ျပန္လည္ေပးအပ္ဖို႔ေတာင္းဆိုခ်င္တာပါပဲ” ဟု ေျပာသည္။ ျမန္မာကိုယ္စားလွယ္အဖြဲ႕က သည္အေရးႏွင့္ပတ္သက္ၿပီး ႏွစ္ႏိုင္ငံ စစ္မက္ျဖစ္ပြားပါက ဆုံးရႈံးမႈမ်ားစြာနဲ႔ မိုက္မဲရာၾကပါလိမ့္မည္၊ ဒါေၾကာင့္ ႏွစ္ဖက္လုံးက ရွင္မျဖဴကြၽန္းကို မသိမ္းပိုက္ၾကဘဲ ၾကားေနေဒသျဖစ္ထားရင္ ပိုသင့္ျမတ္မည့္ အေၾကာင္း ေျပာၾကားသည္။ စစ္တေကာင္းအေရးပိုင္က ကြၽန္းကို အဂၤလိပ္တို႔တပ္စြဲထားပါက ျမန္မာတို႔ ျပန္လည္ တိုက္ခိုက္မည္မွန္း ေကာင္းစြာသေဘာေပါက္ေသာ္ လည္း ဘုရင္ခံခ်ဳပ္ ေလာ့အင္းမတ္စ္၏ မူဝါဒကို သိသူျဖစ္ရာ ျမန္မာတို႔တင္ျပေသာ ၾကားေနေဒသအျဖစ္ သတ္မွတ္ခ်က္ကို လက္မခံေစခဲ့ပါ။ ဘုရင္ခံခ်ဳပ္ ေလာ့အင္းမတ္စ္ကလည္း “ကြၽႏ္ုပ္တို႔ကေတာ့ သင္တို႔တင္ျပသလို လက္မခံႏိုင္ပါဘူး၊ ဒါက လည္း ကြၽႏ္ုပ္ ထုတ္ျပန္ခဲ့တဲ့ က်ဳပ္ရဲ႕ဆႏၵအမွန္ပါပဲ၊ ကြၽႏ္ုပ္တို႔ ကုမၸဏီဆႏၵအရက ရွင္မျဖဴကြၽန္းကို အပိုင္ယူထားဖို႔ ဆုံးျဖတ္ၿပီးျဖစ္သည္။ ဒါေၾကာင့္ ကြၽႏု္ပ္တို႔ပိုင္ဆိုင္ ေသာ ဤကြၽန္းကို လာေရာက္ ေႏွာင့္ယွက္ရင္ေတာ့ နတ္ျမစ္ျဖတ္ေက်ာ္လာသူမွန္သမွ်ကို ကြၽႏ္ုပ္တို႔ တိုက္ခိုက္ေခ်မႈန္းရပါလိမ့္မည္ ” ဟု ျပန္ေျပာခဲ့သည္။

ျမန္မာေတြရဲ႕အဆိုျပဳခ်က္ကို လက္မခံဘဲ ရွင္မျဖဴကြၽန္းကို မတရားသိမ္းပိုက္တပ္စြဲထားမယ္ ဆို ေတာ့ ႏွစ္ႏိုင္ငံ စၿပီး စစ္မက္ျဖစ္ပြား႐ုံရွိေတာ့ သည္ဟု ျမန္မာတို႔ဆုံးျဖတ္သည္။ (၁၈၂၄)ခုႏွစ္ ဇန္နဝါရီ လတြင္ အင္အား (၆၀ဝဝ) မွ (၇၀ဝဝ) ခန႔္ရွိေသာ ျမန္မာတပ္ႀကီးသည္ မဏိပူရနယ္တြင္ တပ္တည္ စု႐ုံးေနၾကၿပီဟူေသာသတင္းကို စီလဟတ္ၿမိဳ႕ပိုင္က ဘဂၤလားအစိုးရထံ အစီရင္ခံသည္။ ဒေမဂ်ာ နယူ တန္ ကြပ္ကဲတဲ့ အဂၤလိပ္တပ္က စိလဟတ္ စစ္မ်က္ႏွာတြင္ေန၍ ျမန္မာတပ္မ်ားခ်ီတက္လာပါက တိုက္ခိုက္ရန္ အသင့္ျပင္ထားေစသည္။

ဘဂၤလားအစိုးရ၏ ၫႊန္ၾကားခ်က္ေၾကာင့္ အာသံမွစစ္ခ်ီလာေသာ ျမန္မာတပ္မ်ားသည္ ေမဂ်ာ ႏူးတန္ကြပ္ကဲသည့္ အဂၤလိပ္တပ္ႀကီးႏွင့္ တိုက္ပြဲျဖစ္ပြားပါေတာ့သည္။ ယင္းတိုက္ပြဲကား အဂၤလိပ္-ျမန္မာ ပထမဆုံး(The First Englo Burmese War) ကို အစျပဳသည့္ တိုက္ပြဲျဖစ္ေလသည္။ ျမန္မာ တပ္မ်ားသည္ ဘဂၤလားနယ္ စစ္တေကာင္းၿမိဳ႕ကိုသိမ္းယူႏိုင္ သည္အထိေရာက္ခဲ့ၾကသည္။

“ ဘဂၤါလီအသြင္ေျပာင္း ဒုကၡသည္မ်ား ရန္ပုံေငြ ဇာတ္ကားႀကီး” ရွိတ္ဟာစီနာ စီစဥ္သည္
ကုလသမဂၢ ကမာၻ႔ေဘးဒုကၡ သည္မ်ားရန္ပုံ ေငြအဖြဲ႕က တစ္ႏွစ္လွ်င္ အေမရိကန္ေဒၚလာ သန္း တစ္ေထာင္နီးပါး ဆင္းရဲတြင္းနက္လွပါေသာ ဘဂၤါလီလူမ်ိဳးႏွင့္ သူ႔ႏိုင္ငံရေအာင္ ႏွစ္စဥ္ အကြက္က်က် ဟာစီနာ စီစဥ္ႏိုင္ခဲ့သည္။

ကုလသမဂၢႏွင့္ မိတ္ဖက္အဖြဲ႕အစည္းမ်ားသည္ ဘဂၤါလီ ေလွစီးႏွင့္ ေ႐ႊ႕ေျပာင္းအေျခခ် ဒုကၡ သည္မ်ားႏွင့္ ဘဂၤလားေဒ့ရွ္အိမ္ရွင္မ်ားကို ေထာက္ပံ့ရန္ ေဒၚလာ (၈၅၂.၄) သန္း ဟာစီနာအစိုးရက ေတာင္းခံထားသည္။ ကုလသမဂၢ ဒုကၡသည္မ်ား ဆိုင္ရာ ေအဂ်င္စီ၊ အျခား လူသားခ်င္း စာနာေထာက္ ထားမႈမိတ္ဖက္မ်ားႏွင့္အတူ ယေန႔ ဘဂၤါလီေ႐ႊ႕ေျပာင္း ဒုကၡသည္မ်ားႏွင့္ ၎တို႔၏ အိမ္ရွင္အသိုင္းအဝိုင္း မ်ားကိုကာကြယ္ရန္ႏွင့္ကူညီရန္ ႏိုင္ငံတကာ အသိုင္း အဝိုင္းကို ႀကိဳးပမ္းမႈ ႏွစ္ဆတိုးရန္ ေတာင္းဆို လိုက္သည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ လြန္ခဲ့ေသာခုနစ္ႏွစ္က ျမန္မာႏိုင္ငံမွထြက္ေျပးလာသည့္ ဘဂၤါလီ ေ႐ႊ႕ ေျပာင္းဒုကၡသည္တစ္သန္းနီးပါးကို ရက္ရက္ေရာေရာ အကြက္ခ်ၿပီး လက္ခံေပးေနသည္။ လူသား ခ်င္း စာနာမႈအက်ပ္အတည္းအတြက္ (၂၀၂၄) ပူးတြဲတုံ႔ ျပန္ေရးစီမံခ်က္ကို ဘဂၤလားေဒ့ရွ္အာဏာပိုင္ မ်ား၏ အဆင့္ဆင့္ေသာဦးေဆာင္မႈေအာက္တြင္ စတင္ေဆာင္႐ြက္လ်က္ရွိသည္။ ျမန္မာကေတာ့ မစို႔မပို႔ရန္ ပုံေငြနဲ႔ အေျခခ်စခန္းသစ္မ်ားတည္ၿပီး တရားစြဲခံရသည္။

ဘဂၤလားေဒ့ရွ္ရွိ ေလွစီးႏွင့္ ေ႐ႊ႕ေျပာင္း အေျခခ်ဘဂၤါလီ အိမ္ေထာင္စုမ်ား၏ (၉၅) ရာခိုင္ႏႈန္း ခန႔္ သည္ ထိခိုက္လြယ္ၿပီး လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီအေပၚ မွီခိုေနရဆဲျဖစ္သည္။ ဘဂၤါလီ ေ႐ႊ႕ေျပာင္း ဒုကၡသည္စခန္း ေခါင္းေဆာင္ႏွစ္ဦး လက္သည္မေပၚသည့္ လုပ္ႀကံသတ္ျဖတ္ခံရသည့္ ျဖစ္စဥ္ ဘယ္ကလာသနည္း။ အထူးသျဖင့္ ပစ္မွတ္ထား ဘဂၤါလီေ႐ႊ႕ေျပာင္းဒုကၡသည္ ဦးေရ၏ (၇၀) ရာခိုင္ႏႈန္းေက်ာ္ပါဝင္သည့္ အမ်ိဳးသမီးမ်ားႏွင့္ ကေလးမ်ားအတြက္ စဥ္ဆက္မျပတ္အကူအညီသည္ အေရးႀကီးၿပီး အလြဲသုံးစားလုပ္မႈ၊ ေခါင္းပုံျဖတ္မႈႏွင့္ က်ား/မေရးရာ အေျခခံအၾကမ္းဖက္မႈအႏၲရာယ္မ်ား ကို ရင္ဆိုင္ႀကဳံေတြ႕ေနရသည္။ စခန္းမ်ားရွိ ဘဂၤါလီ ေ႐ႊ႕ေျပာင္းဒုကၡသည္မ်ား၏ ထက္ဝက္ေက်ာ္သည္ အသက္(၁၈)ႏွစ္ေအာက္မ်ားျဖစ္ၿပီး ပညာေရး၊ ကြၽမ္း က်င္မႈ၊ တည္ေဆာက္ေရးႏွင့္ အသက္ေမြးဝမ္း ေက်ာင္း မႈမ်ားအတြက္ အကန႔္အသတ္ရွိေသာ အခြင့္အလမ္းမ်ားၾကားတြင္ နစ္ေျမာေနသည္။

လူသားခ်င္း စာနာေထာက္ထားမႈ အက်ပ္အတည္း သည္ ႏိုင္ငံတကာ မီးေမာင္းထိုးျပမႈထက္ ႀကီးမားေနေသးသျဖင့္ ဘဂၤလားေဒ့ရွ္အစိုးရ၊ ေဒသခံ လူထုႏွင့္ အကူအညီေပးေရးေအဂ်င္စီမ်ားသည္ တိုး လာေနေသာလိုအပ္ခ်က္မ်ားကို တုံ႔ျပန္ရန္အတြက္ ႏိုင္ငံတကာ၏ ပံ့ပိုးကူညီမႈမ်ားတိုးျမႇင့္ေတာင္းခံရန္ လိုအပ္ေနသည္။ ျမန္မာႏိုင္ငံတြင္ အၾကမ္းဖက္မႈႏွင့္ ႏွိပ္စက္ညႇဥ္းပန္းမႈမ်ားမွလြတ္ေျမာက္ရန္ ဆိုသည့္ လူ႔အခြင့္ေရးဆရာႀကီးမ်ားအႀကိဳက္ ေခါင္းစဥ္ႀကီးတပ္ကာ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ထြက္ေျပးခဲ့ၾကသည့္ ဘဂၤါလီအမ်ိဳးသမီးမ်ား၊ ကေလးမ်ားႏွင့္ အမ်ိဳးသားမ်ားသည္ အေျခခံလိုအပ္ခ်က္မ်ားကိုျဖည့္ ဆည္းရန္ ႐ုန္းကန္ေနရကာ ၎တို႔၏ အက်ပ္အတည္း အႏၲရာယ္မ်ားဆိုသည့္ ဟာစီနာ၏စကားသံမ်ားက ႐ိုးအီ မသြားသကဲ့သို႔ျဖစ္ေနသည္။ မလုံၿခဳံမႈႏွင့္ သဘာဝ ေဘးဒဏ္မ်ားႀကဳံေတြ႕ေနရေသာ လူစည္ကားေသာ စခန္းမ်ားတြင္ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီကိုမွီခိုေနရသည့္ ဘဂၤါလီေ႐ႊ႕ေျပာင္းဒုကၡ သည္မ်ားသည္ ရွိေနဆဲျဖစ္သည္။ ဒီဇင္ဘာလတြင္ ဂ်နီဗာ၌ျပဳလုပ္ခဲ့သည့္ ကမာၻလုံးဆိုင္ရာ ဒုကၡသည္ မ်ားဖိုရမ္တြင္ျပဳလုပ္ခဲ့ ေသာကတိကဝတ္မ်ား ျပည့္စုံေစရန္အတြက္ ေျခလွမ္းမ်ားလည္း လိုအပ္သည္။ ဘဂၤါလီ ေ႐ႊ႕ေျပာင္း လူမ်ိဳးမ်ားအတြက္ မိမိကိုယ္မိမိ မွီခိုအားထားမႈကိုျမႇင့္တင္ရန္ႏွင့္ အႏၲရာယ္ရွိေသာ ေလွစီးဒုကၡသည္အေရ အတြက္ကိုေလွ်ာ့ခ်ရန္ ေမွ်ာ္လင့္ခ်က္မ်ားေပးရန္ ပါဝင္သည္။

Related news

© 2021. All rights reserved.