ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံ ရေးကို ရှေ့သို့မျှော်ကြည့်ခြင်း (အပိုင်း-၅)

 321

ဒေါက်တာအေးမောင် (NP News) - စက်တင်ဘာ ၂ဝ

တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးရာကော်မရှင် ညွှန်ကြားရေးမှူး၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ ခရီးစဉ် -

၂၀။ Mr. Wang Yi ၏ မြန်မာနိုင်ငံခရီးစဉ်သည် ထိုင်းနိုင်ငံ ချင်းမိုင်၌ကျင်းပမည့် မဲခေါင်-လန်ချန်း ဒေသဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ (၉) ကြိမ် မြောက်ခရီးစဉ်၏ ကနဦးခြေလှမ်းလည်းဖြစ်၏။ တရုတ်နိုင်ငံသည် လက်ရှိမြန်မာ့နိုင်ငံရေး စစ်ရေး ပဋိပက္ခအပေါ် ချဉ်းကပ်သုံးသပ်ကာ အဖြေရရှိရေး ကြိုး ပမ်းမည်ဆိုပါက တရုတ်ပြည်ရောက် မြန်မာကိုယ်စား လှယ်အဖွဲ့များ၏ ဆွေးနွေးသုံးသပ်ချက်များ၊ မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်ပါဆွေးနွေးမှုများ၊ တရုတ် သံတ မန်နှင့် အထူးကိုယ်စားလှယ်များ၏ ရှုမြင်သုံးသပ် ချက်များ၊ တရုတ်ပြည်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရို ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒများအပေါ် ဦးစွာ အခြေပြု ရန်လိုအပ်မည်ဖြစ်၏။ သို့ဖြင့် တရုတ်အစိုးရ၏ရပ် တည်ချက်၊ ရှုမြင်ချက်၊ ရည်မျှော်ချက်များဖြင့် Mr. Wang Yi သည် နစက ဥက္ကဋ္ဌနှင့်လည်းကောင်း၊ မြန် မာ့နိုင်ငံခြားရေးဝန်ကြီးနှင့်လည်းကောင်း၊ မဲခေါင်-လန်ချန်း ဒေသဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများနှင့် လည်းကောင်း၊ ပိုင်နိုင်ကျွမ်းကျင်စွာ ဆွေးနွေးခဲ့ဖွယ် ရှိ၏။ ခရီးစဉ်သတင်းများ၏ဖော်ပြချက်များအရ အောက်ပါအချက်အချို့သည် Mr. Wang Yi ၏ ပြောင်မြောက်သည့် သံခင်းတမန်ခင်းကျွမ်းကျင်မှုနှင့် သူ၏ သတင်းမီဒီယာရင်းမြစ်အပေါ် လွှမ်းမိုးနိုင်မှုတို့ ကို ဖော်ပြနေပေ၏။

(က) နစက ဥက္ကဋ္ဌနှင့် ဆွေးနွေးစဉ် ရှမ်းမြောက်ကိစ္စ၊ မြို့ရွာများ ပြိုပျက်မှု၊ လက်နက်ကိုင်အဖွဲ့များ၏ ဆောင်ရွက်မှုကို ဆန့်ကျင်ကြောင်း၊ မြန်မာနိုင်ငံ လွတ် လပ်ရေးနှင့် အချုပ်အခြာအာဏာတည်ရှိမှုကို အခိုင်အမာ လေးစားအသိအမှတ်ပြုကြောင်း၊ တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံပြည်သူတစ်ရပ်လုံးကို မျက်နှာမူ ကြောင်း၊ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေးမူကို ခိုင် မာစွာလက်ကိုင်ထားကြောင်း၊ မြန်မာ့နိုင်ငံရေး အစဉ် အလာနှင့် မိမိနိုင်ငံ၏ အခြေအနေ ရွေးချယ်သည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို လေးစားကြောင်း၊ အ ခြေခံဥပဒေအရ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို တွန်း အားပေးဆောင်ရွက်နေခြင်းကို ထောက်ခံကြောင်း၊ နိုင်ငံရေးအရ ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေးကို ဆော လျင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကာ ရေ ရှည်တည်ငြိမ်အေးချမ်းသောလမ်းကို ရှာရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအတွက် ဆောင်ရွက်နေမှု ကိုထောက်ခံကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးမူကြီး (၅) ချက်ကို ချစ်ကြည်စွာ ကျင့်သုံးနေထိုင်ခဲ့တဲ့နိုင်ငံတွေဖြစ်ကြောင်း၊ ချစ်ကြည်ရင်းနှီး သော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်နေခြင်းနှင့် စစ်ဖြစ် ပွားနေခြင်း၊ မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင် အားစု ဝင်ရောက်စွက်ဖက်ခြင်းကိုဆန့်ကျင်သလို တရုတ်-မြန်မာ ဆက်ဆံရေးကို သွေးကွဲအောင်လုပ် ဆောင်နေမှုနှင့် တရုတ်နိုင်ငံအပေါ် မဟုတ်မမှန် ပြော ဆို၊ လုပ်ကြံ၊ တိုက်ခိုက်နေမှုမှန်သမျှကို ဆန့်ကျင် ကြောင်း Mr. Wang Yi က ပြောကြားခဲ့၏။

(ခ) ကျားဖျန့်ကိစ္စကို နှစ်နိုင်ငံဖြေရှင်းကြရန်နှင့် သန်းခေါင်စာရင်းကောက်ယူရာတွင် လိုအပ်သည့် နည်းပညာအကူအညီကိုလည်းကောင်း၊ ရွေးကောက် ပွဲတွင်လိုအပ်သည့် အကူအညီများကိုလည်းကောင်း၊ ပေးမည်ဟုကတိပြုခဲ့သလို သက်ဆိုင်သူများအားလုံး ပါဝင်သည့် ရွေးကောက်ပွဲဖြစ်စေရေး တိုက်တွန်းမှု ပြုခဲ့သည်ကိုတွေ့ရ၏။ မြန်မာနိုင်ငံအနေဖြင့် တရုတ် နိုင်ငံလုံခြုံရေးနှင့် အကျိုးစီးပွားထိခိုက်စေသည့် မည် သည့်အပြုအမူကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်းကို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က အာမခံပြောကြားခဲ့သည်ကိုတွေ့ရ၏။

(ဂ) ထို့ပြင် Mr. Wang Yi က နှစ်နိုင်ငံ ကဏ္ဍစုံ ဆွေးနွေးကြရာ၌ ရပ်ဝန်းနှင့် ပိုးလမ်းမအပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၊ စီမံကိန်းကြီးများ အတူတည်ဆောက်ရေးဖော်ဆောင်မှုကို အရှိန်မြှင့် ရန်၊ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက် လိုင်းလည်ပတ်မှုကို ကောင်းစွာဆောင်ရွက်ရန်၊ မြန် မာနိုင်ငံပြည်သူများ၏နေထိုင်မှုဘဝကို ကောင်းမွန် အောင်ဆောက်ရွက်ရန်၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး လက်တွေ့ အကျိုးရလဒ်များပိုမိုရရှိရေး တွန်းအားပေးဆောင် ရွက်ရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟုလည်း တရုတ်သံရုံးက ခရီးစဉ်သတင်းဖော်ပြရာ၌တွေ့ရ၏။

(ဃ) ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ သံခင်း တမန်ခင်းကိစ္စ ဆွေးနွေးခဲ့သလို နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ(ငြိမ်း) ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဂါရဝပြု တွေ့ဆုံဆွေး နွေးကြခြင်းဖြင့် နှစ်နိုင်ငံ၏အစဉ်အလာ ဆွေမျိုးပေါက် ဖော်ချစ်ကြည်မှုကို မြှင့်တင်ခဲ့၏။

(င) ထို့ပြင် ထိုင်းနိုင်ငံ ချင်းမိုင်၌ မြန်မာ့အိမ်နီးချင်း နယ်နိမိတ်ထိစပ်နိုင်ငံ
(၄) နိုင်ငံဖြစ်သော တရုတ်၊ လာအို၊ ထိုင်း၊ မြန်မာတို့၏ နိုင်ငံခြားရေးဝန်ကြီးများနှင့်လည်း အလွတ်သဘောတွေ့ဆုံကာ မြန်နိုင်ငံနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှုဖြစ် သော စည်းကြီး (၃) ရပ်ကိုလည်း ရှင်းပြခဲ့သည်ကို တွေ့ရ၏။ ယင်းတို့မှာ -
၁။ မြန်မာနိုင်ငံတွင် ပြည်တွင်းမတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်ဖြစ်ပွား၍ မရခြင်း၊
၂။ အာဆီယံမိသားစု၏လမ်းကြောင်းမှ မြန်မာနိုင်ငံ ကင်းကွာသွား၍ မရခြင်း၊
၃။ ပြည်ပအင်အားစုများ ထင်သလို ဝင်ရောက်စွက် ဖက်မှုကို ခွင့်မပြုခြင်းဟု ဖွင့်ဆိုကြသည်ကိုတွေ့ရ၏။
မည်သို့ပင်ဆိုပါစေ မြန်မာ့ငြိမ်းချမ်းရေး၌ တရုတ်နိုင်ငံ ၏ သံခင်းတမန်ခင်းကဏ္ဍကို အရှိန်မြှင့်ကာ တရုတ် ပြည်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးရာကော်မရှင် òန်ကြားရေး မှူး၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ကိုယ်တိုင် ဦးဆောင်ပါဝင်ခြင်း၊ မြန်မာခေါင်းဆောင်များနှင့်ဆွေး နွေးခြင်း၊ မြန်မာ့အိမ်နီးချင်း မဲခေါင်-လန်ချန်း ဒေသ ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများနှင့်ဆွေးနွေးခြင်း၊ အာဆီယံမိသားစုနှင့် ကမ္ဘာသို့ တရုတ်နိုင်ငံ၏ ရပ် တည်ချက်ကို ရှင်းလင်းတိကျစွာ အသိပေးခြင်း အဆင့်ဆင့်တို့သည် မြန်မာ့နိုင်ငံရေး စစ်ရေးအကျပ် အတည်းကို အခြေအနေသစ်တစ်ရပ်သို့ ဦးတည် ပြောင်းလဲစေနိုင်သည်အထိ ထိထိရောက်ရောက်၊ ခရီးရောက်၊ ခရီးပေါက်ခဲ့သည်ကိုမူ မည်သူမျှ ငြင်းဆို နိုင်မည်မဟုတ်ဟု သုံးသပ်မိပါ၏။

ပထဝီနိုင်ငံရေးကွင်းဆက်များ၏ အလှုပ်အခတ် နှင့် မြန်မာ့အနာဂတ် ရှေ့ခရီး -
၂၁။ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၏ ဝန်ကြီးချုပ် Mrs. Sheikh Hasina သည် (၂၀၂၄) ခုနှစ် ဩဂုတ်လ (၅) ရက်နေ့တွင် နိုင်ငံတစ်ဝန်း လူထုသန်း ချီ အပြင်းထန်ဆုံးဆန္ဒပြမှု၊ ဆန္ဒပြသူ (၃၀ဝ) ခန့် အသက်ဆုံးရှုံးရမှုဖြစ်စဉ်ပြီးနောက် ဝန်ကြီးချုပ်ရာထူး မှ နုတ်ထွက်ခဲ့ရခြင်းမရှိဘဲ နိုင်ငံမှထွက်ပြေးခဲ့ရ၏။ အသက် (၇၆)နှစ်အရွယ်ရှိ သူသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအဖြစ် ပါကစ္စတန်နိုင်ငံထံမှ (၁၉၇၁) ခုနှစ်တွင် လွတ်လပ်စေခဲ့သည့်၊ လုပ်ကြံသူများကြောင့် နိုင်ငံခြား ရောက်သမီးနှစ်ဦးမှလွဲ၍ တစ်မိသားစုလုံး သူနှင့်အတူ အာဇာနည်ပီသစွာ အသက်စွန့်ခဲ့ရသည့် လွတ်လပ် ရေးဖခင်ကြီးနှင့် နိုင်ငံ့ဖခင်ကြီးဖြစ်သော Mr.Sheikh Mujibur Rahman ၏ သမီးအကြီးဆုံးဖြစ်၏။

သူသည် လွန်ခဲ့သည် (၃)လခန့်ကပင် ယခု ဖြစ် စဉ်ပေါ်ပေါက်စေမည့်အကြောင်းရင်းကို သူ့လူထုနှင့် နိုင်ငံတကာသို့ ရဲဝံ့စွာထုတ်ဖော်တင်ပြခဲ့သေး၏။ လူဖြူနိုင်ငံတစ်ခု၏ စစ်အခြေစိုက် လေတပ်စခန်း တစ်ခုတည်ဆောက်ရေးတောင်းဆိုမှုနှင့် ဘင်္ဂလား ဒေ့ရှ်နှင့်မြန်မာ နှစ်နိုင်ငံနယ်မြေအချို့ကိုရယူကာ ခရစ်ယာန်နိုင်ငံသစ်တစ်ခု တည်ဆောက်ရေး အကြံ ပြုတောင်းဆိုမှုတို့ဖြစ်၏။ သူက တောင်းဆိုမှုနှစ်ရပ် လုံးကို ရဲဝံ့စွာဖြင့်ပယ်ချခဲ့သည့်ဖြစ်စဉ်သည် ပူနွေးနေ ဆဲဖြစ်၏။ ယင်းနောက် ဒက္ကားရှိ တက္ကသိုလ်များ၌ လှုံ့ ဆော်မှု၊ ခြေရှုပ်မှုများနှင့်အတူ ကျောင်းသားများဦး ဆောင်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများသည် နိုင်ငံအနှံ့ စဉ်ဆက်မပြတ်ပေါ်ပေါက်လာ၏။ ဆန္ဒပြ လူထု၏အင်အားနှင့် ကျော်နင်းဝင်စီးမှုများကြောင့် အစိုးရအိမ်တော်လုံခြုံမှုစည်း ကျိုးပေါက်ပြိုပျက်ကာ အစိုးရယန္တရား ရပ်ဆိုင်းခြင်း၊ ဝန်ကြီးချုပ်တစ်ဦး၏ ရာထူးမစွန့်ခဲ့ရဘဲ နိုင်ငံမှထွက်ပြေးခဲ့ရခြင်း၊ နိုင်ငံ့ လွတ်လပ်ရေးဖခင်ကြီး၏ ရုပ်တုများ၊ သမိုင်းဝင် အထိမ်းအမှတ်များ အကြမ်းဖက်ဖြိုဖျက်ခံရခြင်းဖြစ် စဉ်တို့သည် စဉ်ဆက်မပြတ်ပေါ်ပေါက်ခဲ့ရ၏။

မည်သို့ပင်ဆိုပါစေ ပထဝီနိုင်ငံရေး ဆက်ကြောင်း ၏ ရိုက်ခတ်မှုကြောင့် ဖွံ့ဖြိုးစ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သမိုင်း၌ အလွန်ရှုပ်ထွေးသလောက် အလွန်ရှင်းလင်း ကာ မြင်သာသည့်ဖြစ်စဉ်များသည် နှောင်းလူငယ်များ အတွက် သင်ခန်းစာရယူနိုင်ရန် မှတ်တမ်းအဖြစ် ကျန်ရစ်ခဲ့မည်ဖြစ်၏။ နိုင်ငံကြီးများ၏ ခြေရှုပ်မှု၊ ဝင် ရောက်စွက်ဖက်မှု၊ သွေးထိုးလှုံ့ဆော်မှု၊ စိမ့်ဝင်ထိုး ဖောက်မှု၊ ကြီးနိုင်ငယ်ညှဉ်းမှု၊ ပြည်တွင်းနိုင်ငံရေး၌ စွက်ဖက်ကစားမှုတို့ကြောင့် မည်မျှပြင်းထန်စွာ ပြည် ပျက်အောင်ခံခဲ့ရသည်၊ နိုင်ငံငယ်တစ်ခုအပေါ် နိုင်ငံ ကြီးတစ်ခု၏ နိုင်ငံရေးလက်ဝေခံဘဝကို နက်ရှိုင်းစွာ စဉ်းစားလေ ပထဝီနိုင်ငံရေး၏အလှုပ်အခတ်ကို သ ဘောပေါက်လေဖြစ်၍ မြန်မာ့အနာဂတ်ရှေ့ခရီးသည် အလွန်ကျယ်ပြန့်စွာဖြင့် အဘက်ဘက်က စဉ်းစားသုံး သပ်ပြီးမှသာ ကောင်းမွန်သည့်အဖြေကို ရှာတွေ့နိုင်ခြေရှိမည်ဟုထင်မှတ်ရ၏။

ယခုကာလတွင် နိုင်ငံတစ်ခု၏ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့သည် ပထဝီ နိုင်ငံရေး၊ စစ်ရေး အချက်အချာကျသည့်တည်ရှိမှုနှင့် မဟာဗျူဟာမြောက် တိုက်ရိုက်ဆက်စပ်နိုင်၏။ ပထ ဝီနိုင်ငံရေးအချက်အချာကျသည့်နေရာတွင် တည်ရှိ နေမှုသည်ပင်လျှင် မြန်မာနိုင်ငံ ရေရှည်တည်တံ့မှု၊ ပြည်တွင်းစစ်သံသရာ၊ မငြိမ်းချမ်းမှုတို့နှင့် မည်မျှ ဆက်စပ်နိုင်သည်၊ နိုင်ငံကြီးများ၏ခြေရှုပ်မှု မည်မျှရှိ နိုင်သည်၊ ပြည်တွင်းစစ်အဆိုး ကျော့သံသရာကိုမည်မျှ ဆွဲဆန့်နိုင်စွမ်း ရှိသည်တို့ကိုမူ အသိကြွယ်ကာဉာဏ်အမြော်အမြင်ရှိသူတိုင်း၊ နိုင်ငံ့အနာဂတ်ကို စိတ်ပူသူတိုင်း၊ ဆင်ခြင်သိဖြင့် ရှုမြင်နိုင်စွမ်းရှိကြမည်ဟုယူဆမိ၏။

ယခုမျက်မှောက်ခေတ်ကာလသည် ပထဝီနိုင်ငံ ရေးကွင်းဆက်များ၏ အလှုပ်အခတ်ပြင်းထန်လွန်း သည့်ကာလဟုလည်းကောင်း၊ မြန်မာ့အနာဂတ်ရှေ့ ခရီး၏ စိတ်ဝင်စားဖွယ်ကာလဟုလည်းကောင်း၊ ဆင် ခြင်ဖွယ်ကာလဟုလည်းကောင်း၊ ညီညွတ်သင့်သည့် ကာလဟုလည်းကောင်း၊ ငြိမ်းချမ်းသင့်သည့်ကာလဟု လည်းကောင်း ဆင်ခြင်သုံးသပ်မိရပါ၏။ ဘင်္ဂလား ဒေ့ရှ်ဖြစ်စဉ်ပြီးနောက် ကျွနု်ပ် တို့ချစ်သော ပြည်မြန် မာသည် နယ်မြေတည်တံ့ပြီး၊ တိုင်းရင်းသားချစ်ကြည်မှု ခိုင်မြဲကာ၊ အချုပ်အခြာ အာဏာ အဓွန့်ရှည်ပါစေကြောင်း ဆုအခါခါတောင်းဖြစ်ရပါ၏။
(ဆက်လက်ဖော်ပြပါမည်)

zawgyi version
ရွမ္းေျမာက္(အေရွ႕ ေျမာက္ ေဒသ) စစ္ဆင္ေရး၏ အဆုတ္-အတက္ ႏွင့္ ျမန္ မာ့ႏိုင္ငံေရးကို ေရွ႕သို႔ေမွ်ာ္ၾကည့္ျခင္း (အပိုင္း-၅)
ေဒါက္တာေအးေမာင္ (NP News) - စက္တင္ဘာ ၂ဝ

တ႐ုတ္ျပည္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ ႏိုင္ငံေရးဗ်ဴ႐ိုအဖြဲ႕ဝင္၊ ႏိုင္ငံျခားေရးရာေကာ္မရွင္ ၫႊန္ၾကားေရးမႉး၊ ႏိုင္ငံျခားေရးဝန္ႀကီး Mr. Wang Yi ၏ ခရီးစဥ္ -

၂၀။ Mr. Wang Yi ၏ ျမန္မာႏိုင္ငံခရီးစဥ္သည္ ထိုင္းႏိုင္ငံ ခ်င္းမိုင္၌က်င္းပမည့္ မဲေခါင္-လန္ခ်န္း ေဒသဆိုင္ရာ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား (၉) ႀကိမ္ ေျမာက္ခရီးစဥ္၏ ကနဦးေျခလွမ္းလည္းျဖစ္၏။ တ႐ုတ္ႏိုင္ငံသည္ လက္ရွိျမန္မာ့ႏိုင္ငံေရး စစ္ေရး ပဋိပကၡအေပၚ ခ်ဥ္းကပ္သုံးသပ္ကာ အေျဖရရွိေရး ႀကိဳး ပမ္းမည္ဆိုပါက တ႐ုတ္ျပည္ေရာက္ ျမန္မာကိုယ္စား လွယ္အဖြဲ႕မ်ား၏ ေဆြးေႏြးသုံးသပ္ခ်က္မ်ား၊ ျမန္မာ့ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ပါေဆြးေႏြးမႈမ်ား၊ တ႐ုတ္ သံတ မန္ႏွင့္ အထူးကိုယ္စားလွယ္မ်ား၏ ရႈျမင္သုံးသပ္ ခ်က္မ်ား၊ တ႐ုတ္ျပည္ကြန္ျမဴနစ္ပါတီ ႏိုင္ငံေရးဗ်ဴ႐ို ၏ ျမန္မာႏိုင္ငံဆိုင္ရာမူဝါဒမ်ားအေပၚ ဦးစြာ အေျချပဳ ရန္လိုအပ္မည္ျဖစ္၏။ သို႔ျဖင့္ တ႐ုတ္အစိုးရ၏ရပ္ တည္ခ်က္၊ ရႈျမင္ခ်က္၊ ရည္ေမွ်ာ္ခ်က္မ်ားျဖင့္ Mr. Wang Yi သည္ နစက ဥကၠ႒ႏွင့္လည္းေကာင္း၊ ျမန္ မာ့ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္လည္းေကာင္း၊ မဲေခါင္-လန္ခ်န္း ေဒသဆိုင္ရာ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားႏွင့္ လည္းေကာင္း၊ ပိုင္ႏိုင္ကြၽမ္းက်င္စြာ ေဆြးေႏြးခဲ့ဖြယ္ ရွိ၏။ ခရီးစဥ္သတင္းမ်ား၏ေဖာ္ျပခ်က္မ်ားအရ ေအာက္ပါအခ်က္အခ်ိဳ႕သည္ Mr. Wang Yi ၏ ေျပာင္ေျမာက္သည့္ သံခင္းတမန္ခင္းကြၽမ္းက်င္မႈႏွင့္ သူ၏ သတင္းမီဒီယာရင္းျမစ္အေပၚ လႊမ္းမိုးႏိုင္မႈတို႔ ကို ေဖာ္ျပေနေပ၏။

(က) နစက ဥကၠ႒ႏွင့္ ေဆြးေႏြးစဥ္ ရွမ္းေျမာက္ကိစၥ၊ ၿမိဳ႕႐ြာမ်ား ၿပိဳပ်က္မႈ၊ လက္နက္ကိုင္အဖြဲ႕မ်ား၏ ေဆာင္႐ြက္မႈကို ဆန႔္က်င္ေၾကာင္း၊ ျမန္မာႏိုင္ငံ လြတ္ လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာတည္ရွိမႈကို အခိုင္အမာ ေလးစားအသိအမွတ္ျပဳေၾကာင္း၊ တ႐ုတ္ႏိုင္ငံ သည္ ျမန္မာႏိုင္ငံျပည္သူတစ္ရပ္လုံးကို မ်က္ႏွာမူ ေၾကာင္း၊ ျပည္တြင္းေရး ဝင္မစြက္ဖက္ေရးမူကို ခိုင္ မာစြာလက္ကိုင္ထားေၾကာင္း၊ ျမန္မာ့ႏိုင္ငံေရး အစဥ္ အလာႏွင့္ မိမိႏိုင္ငံ၏ အေျခအေန ေ႐ြးခ်ယ္သည့္ ဖြံ႕ၿဖိဳးတိုးတက္ေရးလမ္းစဥ္ကို ေလးစားေၾကာင္း၊ အ ေျခခံဥပေဒအရ ေရွ႕လုပ္ငန္းစဥ္ (၅) ရပ္ကို တြန္း အားေပးေဆာင္႐ြက္ေနျခင္းကို ေထာက္ခံေၾကာင္း၊ ႏိုင္ငံေရးအရ ရင္ၾကားေစ့ေရး၊ ဒီမိုကေရစီ အသြင္ကူး ေျပာင္းေရးလုပ္ငန္းစဥ္ ျပန္လည္စတင္ေရးကို ေဆာ လ်င္စြာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ကာ ေရ ရွည္တည္ၿငိမ္ေအးခ်မ္းေသာလမ္းကို ရွာရမည္ ျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲအတြက္ ေဆာင္႐ြက္ေနမႈ ကိုေထာက္ခံေၾကာင္း၊ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေန ထိုင္ေရးမူႀကီး (၅) ခ်က္ကို ခ်စ္ၾကည္စြာ က်င့္သုံးေနထိုင္ခဲ့တဲ့ႏိုင္ငံေတြျဖစ္ေၾကာင္း၊ ခ်စ္ၾကည္ရင္းႏွီး ေသာ အိမ္နီးခ်င္းႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံတြင္ မတည္မၿငိမ္ျဖစ္ေနျခင္းႏွင့္ စစ္ျဖစ္ ပြားေနျခင္း၊ ျမန္မာ့ျပည္တြင္းေရးအေပၚ ျပည္ပအင္ အားစု ဝင္ေရာက္စြက္ဖက္ျခင္းကိုဆန႔္က်င္သလို တ႐ုတ္-ျမန္မာ ဆက္ဆံေရးကို ေသြးကြဲေအာင္လုပ္ ေဆာင္ေနမႈႏွင့္ တ႐ုတ္ႏိုင္ငံအေပၚ မဟုတ္မမွန္ ေျပာ ဆို၊ လုပ္ႀကံ၊ တိုက္ခိုက္ေနမႈမွန္သမွ်ကို ဆန႔္က်င္ ေၾကာင္း Mr. Wang Yi က ေျပာၾကားခဲ့၏။

(ခ) က်ားဖ်န႔္ကိစၥကို ႏွစ္ႏိုင္ငံေျဖရွင္းၾကရန္ႏွင့္ သန္းေခါင္စာရင္းေကာက္ယူရာတြင္ လိုအပ္သည့္ နည္းပညာအကူအညီကိုလည္းေကာင္း၊ ေ႐ြးေကာက္ ပြဲတြင္လိုအပ္သည့္ အကူအညီမ်ားကိုလည္းေကာင္း၊ ေပးမည္ဟုကတိျပဳခဲ့သလို သက္ဆိုင္သူမ်ားအားလုံး ပါဝင္သည့္ ေ႐ြးေကာက္ပြဲျဖစ္ေစေရး တိုက္တြန္းမႈ ျပဳခဲ့သည္ကိုေတြ႕ရ၏။ ျမန္မာႏိုင္ငံအေနျဖင့္ တ႐ုတ္ ႏိုင္ငံလုံၿခဳံေရးႏွင့္ အက်ိဳးစီးပြားထိခိုက္ေစသည့္ မည္ သည့္အျပဳအမူကိုမွ် ခြင့္ျပဳမည္မဟုတ္ေၾကာင္းကို နစက ဥကၠ႒ ဗိုလ္ခ်ဴပ္မႉးႀကီးမင္းေအာင္လႈိင္က အာမခံေျပာၾကားခဲ့သည္ကိုေတြ႕ရ၏။

(ဂ) ထို႔ျပင္ Mr. Wang Yi က ႏွစ္ႏိုင္ငံ က႑စုံ ေဆြးေႏြးၾကရာ၌ ရပ္ဝန္းႏွင့္ ပိုးလမ္းမအပါအဝင္ တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍ၊ စီမံကိန္းႀကီးမ်ား အတူတည္ေဆာက္ေရးေဖာ္ေဆာင္မႈကို အရွိန္ျမႇင့္ ရန္၊ တ႐ုတ္-ျမန္မာ ေရနံႏွင့္သဘာဝဓာတ္ေငြ႕ ပိုက္ လိုင္းလည္ပတ္မႈကို ေကာင္းစြာေဆာင္႐ြက္ရန္၊ ျမန္ မာႏိုင္ငံျပည္သူမ်ား၏ေနထိုင္မႈဘဝကို ေကာင္းမြန္ ေအာင္ေဆာက္႐ြက္ရန္၊ တ႐ုတ္-ျမန္မာ ေအးအတူ ပူအမွ် အသိုက္အဝန္းတည္ေဆာက္ေရး လက္ေတြ႕ အက်ိဳးရလဒ္မ်ားပိုမိုရရွိေရး တြန္းအားေပးေဆာင္ ႐ြက္ရန္ဆႏၵရွိေၾကာင္း ေျပာၾကားခဲ့သည္ဟုလည္း တ႐ုတ္သံ႐ုံးက ခရီးစဥ္သတင္းေဖာ္ျပရာ၌ေတြ႕ရ၏။

(ဃ) ဒုတိယဝန္ႀကီးခ်ဳပ္၊ ႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြႏွင့္ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ သံခင္း တမန္ခင္းကိစၥ ေဆြးေႏြးခဲ့သလို ႏိုင္ငံေတာ္ေအးခ်မ္း သာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီဥကၠ႒(ၿငိမ္း) ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊအား ဂါရဝျပဳ ေတြ႕ဆုံေဆြး ေႏြးၾကျခင္းျဖင့္ ႏွစ္ႏိုင္ငံ၏အစဥ္အလာ ေဆြမ်ိဳးေပါက္ ေဖာ္ခ်စ္ၾကည္မႈကို ျမႇင့္တင္ခဲ့၏။

(င) ထို႔ျပင္ ထိုင္းႏိုင္ငံ ခ်င္းမိုင္၌ ျမန္မာ့အိမ္နီးခ်င္း နယ္နိမိတ္ထိစပ္ႏိုင္ငံ
(၄) ႏိုင္ငံျဖစ္ေသာ တ႐ုတ္၊ လာအို၊ ထိုင္း၊ ျမန္မာတို႔၏ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားႏွင့္လည္း အလြတ္သေဘာေတြ႕ဆုံကာ ျမန္ႏိုင္ငံႏွင့္ ပတ္သက္သည့္ တ႐ုတ္ႏိုင္ငံ၏ ရပ္တည္ခ်က္မႈျဖစ္ ေသာ စည္းႀကီး (၃) ရပ္ကိုလည္း ရွင္းျပခဲ့သည္ကို ေတြ႕ရ၏။ ယင္းတို႔မွာ -
၁။ ျမန္မာႏိုင္ငံတြင္ ျပည္တြင္းမတည္မၿငိမ္ျဖစ္မႈႏွင့္ ျပည္တြင္းစစ္ျဖစ္ပြား၍ မရျခင္း၊
၂။ အာဆီယံမိသားစု၏လမ္းေၾကာင္းမွ ျမန္မာႏိုင္ငံ ကင္းကြာသြား၍ မရျခင္း၊
၃။ ျပည္ပအင္အားစုမ်ား ထင္သလို ဝင္ေရာက္စြက္ ဖက္မႈကို ခြင့္မျပဳျခင္းဟု ဖြင့္ဆိုၾကသည္ကိုေတြ႕ရ၏။
မည္သို႔ပင္ဆိုပါေစ ျမန္မာ့ၿငိမ္းခ်မ္းေရး၌ တ႐ုတ္ႏိုင္ငံ ၏ သံခင္းတမန္ခင္းက႑ကို အရွိန္ျမႇင့္ကာ တ႐ုတ္ ျပည္ကြန္ျမဴနစ္ပါတီ၊ ဗဟိုေကာ္မတီ၊ ႏိုင္ငံေရးဗ်ဴ႐ို အဖြဲ႕ဝင္၊ ႏိုင္ငံျခားေရးရာေကာ္မရွင္ òန္ၾကားေရး မႉး၊ ႏိုင္ငံျခားေရးဝန္ႀကီး Mr. Wang Yi ကိုယ္တိုင္ ဦးေဆာင္ပါဝင္ျခင္း၊ ျမန္မာေခါင္းေဆာင္မ်ားႏွင့္ေဆြး ေႏြးျခင္း၊ ျမန္မာ့အိမ္နီးခ်င္း မဲေခါင္-လန္ခ်န္း ေဒသ ဆိုင္ရာ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားႏွင့္ေဆြးေႏြးျခင္း၊ အာဆီယံမိသားစုႏွင့္ ကမာၻသို႔ တ႐ုတ္ႏိုင္ငံ၏ ရပ္ တည္ခ်က္ကို ရွင္းလင္းတိက်စြာ အသိေပးျခင္း အဆင့္ဆင့္တို႔သည္ ျမန္မာ့ႏိုင္ငံေရး စစ္ေရးအက်ပ္ အတည္းကို အေျခအေနသစ္တစ္ရပ္သို႔ ဦးတည္ ေျပာင္းလဲေစႏိုင္သည္အထိ ထိထိေရာက္ေရာက္၊ ခရီးေရာက္၊ ခရီးေပါက္ခဲ့သည္ကိုမူ မည္သူမွ် ျငင္းဆို ႏိုင္မည္မဟုတ္ဟု သုံးသပ္မိပါ၏။

ပထဝီႏိုင္ငံေရးကြင္းဆက္မ်ား၏ အလႈပ္အခတ္ ႏွင့္ ျမန္မာ့အနာဂတ္ ေရွ႕ခရီး -
၂၁။ ျမန္မာ့အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္၏ ဝန္ႀကီးခ်ဳပ္ Mrs. Sheikh Hasina သည္ (၂၀၂၄) ခုႏွစ္ ဩဂုတ္လ (၅) ရက္ေန႔တြင္ ႏိုင္ငံတစ္ဝန္း လူထုသန္း ခ်ီ အျပင္းထန္ဆုံးဆႏၵျပမႈ၊ ဆႏၵျပသူ (၃၀ဝ) ခန႔္ အသက္ဆုံးရႈံးရမႈျဖစ္စဥ္ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ရာထူး မွ ႏုတ္ထြက္ခဲ့ရျခင္းမရွိဘဲ ႏိုင္ငံမွထြက္ေျပးခဲ့ရ၏။ အသက္ (၇၆)ႏွစ္အ႐ြယ္ရွိ သူသည္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံအျဖစ္ ပါကစၥတန္ႏိုင္ငံထံမွ (၁၉၇၁) ခုႏွစ္တြင္ လြတ္လပ္ေစခဲ့သည့္၊ လုပ္ႀကံသူမ်ားေၾကာင့္ ႏိုင္ငံျခား ေရာက္သမီးႏွစ္ဦးမွလြဲ၍ တစ္မိသားစုလုံး သူႏွင့္အတူ အာဇာနည္ပီသစြာ အသက္စြန႔္ခဲ့ရသည့္ လြတ္လပ္ ေရးဖခင္ႀကီးႏွင့္ ႏိုင္ငံ့ဖခင္ႀကီးျဖစ္ေသာ Mr.Sheikh Mujibur Rahman ၏ သမီးအႀကီးဆုံးျဖစ္၏။

သူသည္ လြန္ခဲ့သည္ (၃)လခန႔္ကပင္ ယခု ျဖစ္ စဥ္ေပၚေပါက္ေစမည့္အေၾကာင္းရင္းကို သူ႔လူထုႏွင့္ ႏိုင္ငံတကာသို႔ ရဲဝံ့စြာထုတ္ေဖာ္တင္ျပခဲ့ေသး၏။ လူျဖဴႏိုင္ငံတစ္ခု၏ စစ္အေျခစိုက္ ေလတပ္စခန္း တစ္ခုတည္ေဆာက္ေရးေတာင္းဆိုမႈႏွင့္ ဘဂၤလား ေဒ့ရွ္ႏွင့္ျမန္မာ ႏွစ္ႏိုင္ငံနယ္ေျမအခ်ိဳ႕ကိုရယူကာ ခရစ္ယာန္ႏိုင္ငံသစ္တစ္ခု တည္ေဆာက္ေရး အႀကံ ျပဳေတာင္းဆိုမႈတို႔ျဖစ္၏။ သူက ေတာင္းဆိုမႈႏွစ္ရပ္ လုံးကို ရဲဝံ့စြာျဖင့္ပယ္ခ်ခဲ့သည့္ျဖစ္စဥ္သည္ ပူေႏြးေန ဆဲျဖစ္၏။ ယင္းေနာက္ ဒကၠားရွိ တကၠသိုလ္မ်ား၌ လႈံ႕ ေဆာ္မႈ၊ ေျခရႈပ္မႈမ်ားႏွင့္အတူ ေက်ာင္းသားမ်ားဦး ေဆာင္သည့္ အစိုးရဆန႔္က်င္ေရး ဆႏၵျပမႈမ်ားသည္ ႏိုင္ငံအႏွံ႔ စဥ္ဆက္မျပတ္ေပၚေပါက္လာ၏။ ဆႏၵျပ လူထု၏အင္အားႏွင့္ ေက်ာ္နင္းဝင္စီးမႈမ်ားေၾကာင့္ အစိုးရအိမ္ေတာ္လုံၿခဳံမႈစည္း က်ိဳးေပါက္ၿပိဳပ်က္ကာ အစိုးရယႏၲရား ရပ္ဆိုင္းျခင္း၊ ဝန္ႀကီးခ်ဳပ္တစ္ဦး၏ ရာထူးမစြန႔္ခဲ့ရဘဲ ႏိုင္ငံမွထြက္ေျပးခဲ့ရျခင္း၊ ႏိုင္ငံ့ လြတ္လပ္ေရးဖခင္ႀကီး၏ ႐ုပ္တုမ်ား၊ သမိုင္းဝင္ အထိမ္းအမွတ္မ်ား အၾကမ္းဖက္ၿဖိဳဖ်က္ခံရျခင္းျဖစ္ စဥ္တို႔သည္ စဥ္ဆက္မျပတ္ေပၚေပါက္ခဲ့ရ၏။

မည္သို႔ပင္ဆိုပါေစ ပထဝီႏိုင္ငံေရး ဆက္ေၾကာင္း ၏ ႐ိုက္ခတ္မႈေၾကာင့္ ဖြံ႕ၿဖိဳးစ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ သမိုင္း၌ အလြန္ရႈပ္ေထြးသေလာက္ အလြန္ရွင္းလင္း ကာ ျမင္သာသည့္ျဖစ္စဥ္မ်ားသည္ ေႏွာင္းလူငယ္မ်ား အတြက္ သင္ခန္းစာရယူႏိုင္ရန္ မွတ္တမ္းအျဖစ္ က်န္ရစ္ခဲ့မည္ျဖစ္၏။ ႏိုင္ငံႀကီးမ်ား၏ ေျခရႈပ္မႈ၊ ဝင္ ေရာက္စြက္ဖက္မႈ၊ ေသြးထိုးလႈံ႕ေဆာ္မႈ၊ စိမ့္ဝင္ထိုး ေဖာက္မႈ၊ ႀကီးႏိုင္ငယ္ညႇဥ္းမႈ၊ ျပည္တြင္းႏိုင္ငံေရး၌ စြက္ဖက္ကစားမႈတို႔ေၾကာင့္ မည္မွ်ျပင္းထန္စြာ ျပည္ ပ်က္ေအာင္ခံခဲ့ရသည္၊ ႏိုင္ငံငယ္တစ္ခုအေပၚ ႏိုင္ငံ ႀကီးတစ္ခု၏ ႏိုင္ငံေရးလက္ေဝခံဘဝကို နက္ရႈိင္းစြာ စဥ္းစားေလ ပထဝီႏိုင္ငံေရး၏အလႈပ္အခတ္ကို သ ေဘာေပါက္ေလျဖစ္၍ ျမန္မာ့အနာဂတ္ေရွ႕ခရီးသည္ အလြန္က်ယ္ျပန႔္စြာျဖင့္ အဘက္ဘက္က စဥ္းစားသုံး သပ္ၿပီးမွသာ ေကာင္းမြန္သည့္အေျဖကို ရွာေတြ႕ႏိုင္ေျခရွိမည္ဟုထင္မွတ္ရ၏။

ယခုကာလတြင္ ႏိုင္ငံတစ္ခု၏ အခ်ဳပ္အျခာ အာဏာႏွင့္ နယ္ေျမတည္တံ့ခိုင္ၿမဲမႈတို႔သည္ ပထဝီ ႏိုင္ငံေရး၊ စစ္ေရး အခ်က္အခ်ာက်သည့္တည္ရွိမႈႏွင့္ မဟာဗ်ဴဟာေျမာက္ တိုက္႐ိုက္ဆက္စပ္ႏိုင္၏။ ပထ ဝီႏိုင္ငံေရးအခ်က္အခ်ာက်သည့္ေနရာတြင္ တည္ရွိ ေနမႈသည္ပင္လွ်င္ ျမန္မာႏိုင္ငံ ေရရွည္တည္တံ့မႈ၊ ျပည္တြင္းစစ္သံသရာ၊ မၿငိမ္းခ်မ္းမႈတို႔ႏွင့္ မည္မွ် ဆက္စပ္ႏိုင္သည္၊ ႏိုင္ငံႀကီးမ်ား၏ေျခရႈပ္မႈ မည္မွ်ရွိ ႏိုင္သည္၊ ျပည္တြင္းစစ္အဆိုး ေက်ာ့သံသရာကိုမည္မွ် ဆြဲဆန႔္ႏိုင္စြမ္း ရွိသည္တို႔ကိုမူ အသိႂကြယ္ကာဉာဏ္အေျမာ္အျမင္ရွိသူတိုင္း၊ ႏိုင္ငံ့အနာဂတ္ကို စိတ္ပူသူတိုင္း၊ ဆင္ျခင္သိျဖင့္ ရႈျမင္ႏိုင္စြမ္းရွိၾကမည္ဟုယူဆမိ၏။

ယခုမ်က္ေမွာက္ေခတ္ကာလသည္ ပထဝီႏိုင္ငံ ေရးကြင္းဆက္မ်ား၏ အလႈပ္အခတ္ျပင္းထန္လြန္း သည့္ကာလဟုလည္းေကာင္း၊ ျမန္မာ့အနာဂတ္ေရွ႕ ခရီး၏ စိတ္ဝင္စားဖြယ္ကာလဟုလည္းေကာင္း၊ ဆင္ ျခင္ဖြယ္ကာလဟုလည္းေကာင္း၊ ညီၫြတ္သင့္သည့္ ကာလဟုလည္းေကာင္း၊ ၿငိမ္းခ်မ္းသင့္သည့္ကာလဟု လည္းေကာင္း ဆင္ျခင္သုံးသပ္မိရပါ၏။ ဘဂၤလား ေဒ့ရွ္ျဖစ္စဥ္ၿပီးေနာက္ ကြၽႏု္ပ္ တို႔ခ်စ္ေသာ ျပည္ျမန္ မာသည္ နယ္ေျမတည္တံ့ၿပီး၊ တိုင္းရင္းသားခ်စ္ၾကည္မႈ ခိုင္ၿမဲကာ၊ အခ်ဳပ္အျခာ အာဏာ အဓြန႔္ရွည္ပါေစေၾကာင္း ဆုအခါခါေတာင္းျဖစ္ရပါ၏။
(ဆက္လက္ေဖာ္ျပပါမည္)

Related news

© 2021. All rights reserved.