မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်

 417

ယွန်း (NP News) - စက်တင်ဘာ ၂၂

စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်တွင် ဆီပိဿာချိန်အပြောင်းအလဲ အနည်းငယ်ရှိလာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာ‌ရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ အသိပေးကြေညာချက် အရ သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်မှ မိသားစုများအား လွယ်ကူစွာ အိမ်အရောက်စနစ်ဖြင့် ဝယ်ယူနိုင်စေ ရေးအတွက် အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် တစ်ကြိမ်လျှင် ဆီသုံးပိဿာနှုန်းဖြင့် ဝယ်ယူနိုင်ရေးကို အဆိုပါကော်မတီမှ စီစဥ်ဆောင်ရွက်ခဲ့သည်။

သို့သော် ဝယ်ယူသူများ ပိုမိုအဆင်ပြေစေရန်အတွက် မနက်ဖြန်(စက်တင်ဘာ ၂၃ ရက်)မှစ၍ အိမ်ထောင်စုတစ်စု လျှင် တစ်လအတွက် ၂ ပိဿာ ၇၅ ကျပ်သား ဝင်ဆံ့သည့် ၅ လီတာဗူးဖြင့် ပြောင်းလဲဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

"အရင်ကျတော့ ၅၀ ကျပ်သားကို ၆ ဗူးတွဲပေးရတယ်။ အခုကျတော့ ၅ လီတာဗူးနဲ့ ထည့်မှာပေါ့။ သယ်ယူ ပို့ဆောင်ရလည်း ပိုလွယ်သွားမယ်။ ပိုအဆင်ပြေနိုင်တယ်ဆိုပြီး ပြောင်းလဲလိုက်တာပါ။ သူ့ပုံးနဲ့ဆံ့သ‌လောက် ၂ ပိဿာ ၇၅ ကျပ်သားပဲ ထည့်လို့ရတော့မှာပေါ့။ အခုကတော့ တစ်ပုံးထဲနဲ့ ပြီးသွားမှာပေါ့။ ဗူးခွံဖိုးကတော့ အရင် အတိုင်းပါပဲ" ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။

ထို့ပြင် Deli များ၏ တင်ပြချက်များကြောင့် Deli ခများကိုလည်း အနည်းငယ်ပြောင်းလဲကောက်ခံသွားမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောသည်။
"Deli ခကတော့ လက်ရှိအချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီး ၃၃ မြို့နယ်ကို ၂၅၀၀ ကျပ်၊ မြို့တော်စည်ပင် နယ်နိမိတ်ပြင်ပကတော့ ၃၀၀၀ ကျပ်နဲ့ ပို့ပေးဖို့ကို စနေပါတယ်။ ၂၃ ရက်နေ့ကနေ စမှာပါ။ ထုတ်ပိုးခကတော့ ဒီအတိုင်းပဲ သွားမှာပေါ့။ Deli တွေကလည်း တင်ပြကြတဲ့အပေါ်မှာ အရင်ကထက် ၅၀၀ လောက်တော့ တက်သွား မှာပေါ့" ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် Call Center များကို ယခင်အတိုင်း ထားရှိမည်ဖြစ်ပြီး မှာကြားချက်များကို လက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာ‌ရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီက အသိပေးထားသည်။

ဈေးနှုန်းများအနေဖြင့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အခြေခံ၍ ကုန်ကျစရိတ်ကို ထည့်သွင်းတွက်ချက် ထားသည့်ဈေးနှုန်းဖြင့် ဆက်လက်ရောင်းချသွားမည်ဖြစ်ပြီး မှာကြားရက်နှင့် ပစ္စည်းရောက်မည့်ရက်မှာ ၅ ရက်ခန့် ကွာခြားနိုင်ကြောင်း သိရသည်။

Zawgyi Version;
မနက္ျဖန္မွစ၍ စားအုန္းဆီ အိမ္အေရာက္ပို႔သည့္စနစ္၌ ဆီပိႆာခ်ိန္ ႏွင့္ သယ္ယူပို႔ေဆာင္ခ အနည္းငယ္ ေျပာင္းလဲမည္
ယြန္း (NP News) - စက္တင္ဘာ ၂၂

စားအုန္းဆီ အိမ္အေရာက္ပို႔သည့္စနစ္တြင္ ဆီပိႆာခ်ိန္အေျပာင္းအလဲ အနည္းငယ္ရွိလာမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး စားအုန္းဆီအိမ္တိုင္ရာ‌ေရာက္ ျဖန႔္ျဖဴးေရာင္းခ်ေရးေကာ္မတီ၏ အသိေပးေၾကညာခ်က္ အရ သိရသည္။

ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္ ၄၄ ၿမိဳ႕နယ္မွ မိသားစုမ်ားအား လြယ္ကူစြာ အိမ္အေရာက္စနစ္ျဖင့္ ဝယ္ယူႏိုင္ေစ ေရးအတြက္ အိမ္ေထာင္စုတစ္စုလွ်င္ တစ္လအတြက္ တစ္ႀကိမ္လွ်င္ ဆီသုံးပိႆာႏႈန္းျဖင့္ ဝယ္ယူႏိုင္ေရးကို အဆိုပါေကာ္မတီမွ စီစဥ္ေဆာင္႐ြက္ခဲ့သည္။

သို႔ေသာ္ ဝယ္ယူသူမ်ား ပိုမိုအဆင္ေျပေစရန္အတြက္ မနက္ျဖန္(စက္တင္ဘာ ၂၃ ရက္)မွစ၍ အိမ္ေထာင္စုတစ္စု လွ်င္ တစ္လအတြက္ ၂ ပိႆာ ၇၅ က်ပ္သား ဝင္ဆံ့သည့္ ၅ လီတာဗူးျဖင့္ ေျပာင္းလဲျဖန႔္ျဖဴးသြားမည္ျဖစ္ေၾကာင္း အသိေပးထားသည္။

"အရင္က်ေတာ့ ၅၀ က်ပ္သားကို ၆ ဗူးတြဲေပးရတယ္။ အခုက်ေတာ့ ၅ လီတာဗူးနဲ႔ ထည့္မွာေပါ့။ သယ္ယူ ပို႔ေဆာင္ရလည္း ပိုလြယ္သြားမယ္။ ပိုအဆင္ေျပႏိုင္တယ္ဆိုၿပီး ေျပာင္းလဲလိုက္တာပါ။ သူ႔ပုံးနဲ႔ဆံ့သ‌ေလာက္ ၂ ပိႆာ ၇၅ က်ပ္သားပဲ ထည့္လို႔ရေတာ့မွာေပါ့။ အခုကေတာ့ တစ္ပုံးထဲနဲ႔ ၿပီးသြားမွာေပါ့။ ဗူးခြံဖိုးကေတာ့ အရင္ အတိုင္းပါပဲ" ဟု ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာ သည္။

ထို႔ျပင္ Deli မ်ား၏ တင္ျပခ်က္မ်ားေၾကာင့္ Deli ခမ်ားကိုလည္း အနည္းငယ္ေျပာင္းလဲေကာက္ခံသြားမည္ျဖစ္ ေၾကာင္း ၎က ဆက္လက္ေျပာသည္။
"Deli ခကေတာ့ လက္ရွိအခ်ိန္မွာေတာ့ ရန္ကုန္တိုင္းေဒသႀကီး ၃၃ ၿမိဳ႕နယ္ကို ၂၅၀၀ က်ပ္၊ ၿမိဳ႕ေတာ္စည္ပင္ နယ္နိမိတ္ျပင္ပကေတာ့ ၃၀၀၀ က်ပ္နဲ႔ ပို႔ေပးဖို႔ကို စေနပါတယ္။ ၂၃ ရက္ေန႔ကေန စမွာပါ။ ထုတ္ပိုးခကေတာ့ ဒီအတိုင္းပဲ သြားမွာေပါ့။ Deli ေတြကလည္း တင္ျပၾကတဲ့အေပၚမွာ အရင္ကထက္ ၅၀၀ ေလာက္ေတာ့ တက္သြား မွာေပါ့" ဟု ၎က ဆိုသည္။

လက္ရွိတြင္ Call Center မ်ားကို ယခင္အတိုင္း ထားရွိမည္ျဖစ္ၿပီး မွာၾကားခ်က္မ်ားကို လက္ခံသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး စားအုန္းဆီအိမ္တိုင္ရာ‌ေရာက္ ျဖန႔္ျဖဴးေရာင္းခ်ေရးေကာ္မတီက အသိေပးထားသည္။

ေဈးႏႈန္းမ်ားအေနျဖင့္ အေျခခံလက္ကားရည္ၫႊန္းေဈးႏႈန္းကို အေျခခံ၍ ကုန္က်စရိတ္ကို ထည့္သြင္းတြက္ခ်က္ ထားသည့္ေဈးႏႈန္းျဖင့္ ဆက္လက္ေရာင္းခ်သြားမည္ျဖစ္ၿပီး မွာၾကားရက္ႏွင့္ ပစၥည္းေရာက္မည့္ရက္မွာ ၅ ရက္ခန႔္ ကြာျခားႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.