မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အကြောင်း တစေ့တစောင်း

 90

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၅

ကုလသမဂ္ဂအဖွဲ့ဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်စေဖို့ ရည်ရွယ်ချက်နဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ဟာ (၂၀၂၄)ခုနှစ် ဧပြီလမှာ ဂျူလီဘစ်ရှော့ကို မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟောင်း နိုလန်ဟေဇာနေရာမှာ အစားထိုးခန့်အပ်လိုက် ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။
အသက် (၆၈)နှစ်အရွယ်ရှိ ဂျူလီဘစ်ရှော့ဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံထားရပေမယ့် မြန်မာနိုင်ငံကိုလာရောက်ခြင်းမရှိသေးဘဲ တရုတ်အစိုးရတာဝန်ရှိ သူတွေ၊ အာဆီယံအဖွဲ့တာဝန် ရှိသူတွေနဲ့တွေ့ဆုံပြီး မြန်မာ့အရေးကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဂျူလီဘစ်ရှော့ဟာ ဩစတြေးလျ အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် သုံးဦးလက်ထက်တိုင် တာဝန်ယူခဲ့ဖူးသူဖြစ်တဲ့အတွက် အတွေ့ကြုံရင့် ကျက်သူ တစ်ဦးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဂျူလီဘစ်ရှော့ဟာ ဩစတြေးလျဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ စကော့ မောရစ်ဆန်၊ တိုနီအက်ဘော့နဲ့ တန်ဘူလ်တို့လက်ထက်မှာ အစိုးရအဖွဲ့အတွင်း တာဝန်ယူခဲ့သူဖြစ်ပါတယ်။ (၁၉၅၆) ခုနှစ်မှာမွေးဖွား ခဲ့တဲ့ ဂျူလီဘစ်ရှော့ဟာ ဩစတြေးလျလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် (၁၉၉၈)ခုနှစ် ကနေ (၂၀၁၉) ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသလို (၂၀၂၀) ခုနှစ်နောက်ပိုင်းတည်းက ဩစတြေးလျ အမျိုးသားတက္ကသိုလ်မှာ အဓိပတိအဖြစ်တာဝန်ယူ နေခဲ့သူဖြစ်ပါတယ်။ ဂျူလီဘစ်ရှော့ဟာ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးအဖြစ် (၂၀၁၃) ခုနှစ်ကနေ (၂၀၁၈)ခုနှစ်အထိ တာဝန်ယူခဲ့ဖူးပြီး (၂၀၁၉) ခုနှစ် ဧပြီလအတွင်း ဩစတြေးလျနိုင်ငံရေးသမားအဖြစ် ကနေ အနားယူခဲ့သူဖြစ်ပါတယ်။ ဒါ့ပြင် ဩစတြေး လျအစိုးရအဖွဲ့အတွင်း ပညာရေးဝန်ကြီး၊ အမျိုးသမီး ရေးရာဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ သက်ကြီးရွယ်အို များဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူး သူဖြစ်ပါတယ်။ ဂျူလီဘစ်ရှော့ကို ဩစတြေးလျနိုင်ငံ တောင်ပိုင်း လိုဘီတယ်အရပ်ဒေသမှာမွေးဖွားခဲ့ပြီး Adelaide တက္ကသိုလ်ကနေ ဥပဒေဘွဲ့ ရရှိခဲ့သူ လည်းဖြစ်ပါတယ်။ (၁၉၇၈)ခုနှစ်မှာ ဥပဒေဘွဲ့ရရှိခဲ့ပြီး Wallmans ဥပဒေပိုင်းဆိုင်ရာ အကူညီ ပေးရေးအဖွဲ့ ကိုပူးပေါင်းပါဝင်ခဲ့ပေမယ့် ဝိတ်တာအဖြစ် လုပ်ခိုင်းခဲ့မှုနဲ့ပတ်သက်ပြီး အငြင်းပွားရာကနေ အဲဒီ Wall­mans ဥပဒေပိုင်းဆိုင်ရာ အကူညီပေးရေးအဖွဲ့အစည်းကနေထွက်ခဲ့ပါတယ်။ ဂျူလီဘစ်ရှော့ဟာ ဥပဒေပညာနဲ့အသက်မွေးဝမ်း ကြောင်းပြုနေရာကနေ (၁၉၉၂) ခုနှစ်မှာ ဩစတြေးလျနိုင်ငံအခြေစိုက် လစ်ဘရယ်ပါတီကို ပါတီဝင်အဖြစ်ဝင်ရောက်ခဲ့ ရာကနေ ပါတီအတွင်း တာဝန်အမျိုးမျိုးကိုထမ်းဆောင်ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ လစ်ဘရယ် ပါတီကိုဝင်ရောက်ခဲ့ပြီးနောက် (၆) နှစ်အကြာမှပဲ လွှတ်တော်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး အဲဒီနောက်ပိုင်းတည်းက ဂျူလီဘစ် ရှော့ဟာ ဩစတြေးလျလွှတ်တော်နဲ့ အစိုးရအဖွဲ့အတွင်း အားသာချက်၊ အားနည်း ချက်များကိုဝေဖန် ထောက်ပြခဲ့ရာ လူထုထောက်ခံမှုများစွာရရှိခဲ့သူဖြစ်ပါတယ်။

ဂျူလီဘစ်ရှော့ဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန်ယူပြီးနောက် နှစ်အနည်းငယ် အကြာမှာပဲ(၂၀ဝ၃) ခုနှစ်အတွင်း ဩစတြေးလျနိုင်ငံ အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် ပထမဆုံးတာဝန်ယူခွင့် ရခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ပိုင်းတည်းက ဩစတြေးလျအစိုးရအဖွဲ့မှာ ဝန်ကြီးတာဝန်တွေကို ဆက်တိုက်တာဝန်ယူခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံနဲ့မစိမ်းတဲ့ ဝန်ကြီးတစ်ဦးလို့ ဆိုနိုင်ပါတယ်။ ဂျူလီဘစ်ရှော့ဟာ (၁၉၈၃)ခုနှစ်မှာ အိမ်ခြံမြေ သူဌေးကြီးတစ်ဦးဖြစ်တဲ့ နေးဂီလွန်နဲ့ အိမ်ထောင်ပြုခဲ့ပြီး (၁၉၈၈)ခုနှစ် နောက်ပိုင်း အိမ်ထောင်ကွဲခဲ့ရာမှ တရားဝင်အိမ် ထောင်ပြုခြင်းမရှိဘဲ သမီးရည်စား၊ ချစ်သူများသာ ထည်လဲတွဲနေခဲ့ပြီး လက်ရှိအချိန်ထိ ချစ်ကြိုက် နေတဲ့ချစ်သူရှိတယ်လို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ဖူး ပါတယ်။ (၂၀၂၀)ပြည့်နှစ်မှာ ဩစတြေးလျ အမျိုးသားတက္ကသိုလ်ရဲ့ အဓိပတိအဖြစ်ခန့်အပ်ခံရပြီး ဩစတြေးလျ အမျိုးသမီးတွေထဲမှာ အဲဒီတက္ကသိုလ်ရဲ့ အဓိပတိအဖြစ် ပထမဆုံးခန့်အပ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ ၎င်းဟာ (၂၀၁၇) ခုနှစ်တုန်းက ဖြစ်ပွားခဲ့ဖူးတဲ့ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို ဝေဖန်ထောက်ပြခဲ့ဖူးပြီး မြန်မာနိုင်ငံမှာ အပေါင်း လက္ခဏာဆောင်တဲ့ တိုးတက်မှုတွေရရှိစေဖို့ မြန်မာစစ်တပ်နဲ့ ဩစတြေးလျအစိုးရကြား ဆက်ဆံရေး တိုးမြှင့် အောင် တောင်းဆိုခဲ့ဖူးသူဖြစ်ပါတယ်။ ဂျူလီဘစ်ရှော့ဟာ တခြားအစိုးရအဖွဲ့တာဝန်ရှိသူ တွေနဲ့မတူဘဲ ဘဝကို ပေါ့ပေါ့ ပါးပါးဖြတ်သန်းခဲ့ပြီး လွတ်လွတ်လပ်လပ် ကျင်လည်လိုသူတစ်ဦးဖြစ်တယ် လို့ ပြောဆိုခဲ့ဖူးသူလည်းဖြစ်ပါတယ်။

(၂၀၁၉) ခုနှစ်မှာ နိုင်ငံရေးသမားအဖြစ်က အနားယူခဲ့ပြီး ဩစတြေးလျ အမျိုးသားတက္ကသိုလ်မှာ အဓိပတိအဖြစ် တာဝန်ယူခဲ့သလို Gender Equality Advisory Council (GEAC) အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဒါ့ပြင် အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားနဲ့အတူ ဆစ်ဒနီမြို့၊ မဲလ်ဘုန်းမြို့ တွေအပါအဝင် ကမ္ဘာတစ်ဝန်းရှိ မြို့အချို့မှာ ခေါင်း ဆောင်မှုဆိုင်ရာအရည်အသွေးနဲ့ပတ်သက်တဲ့ ဟောပြောပွဲတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

ဂျူလီဘစ်ရှော့ဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် အဖြစ်ခန့်အပ်ခံ ရပြီးချိန်နောက်ပိုင်း (၅)လအတွင်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာနိုင်ငံကိုလာ ရောက်ခြင်းမျိုးမရှိခဲ့ပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ အာဆီယံအတွင်း ရေးမှူးချုပ်၊ ဗီယက်နမ်သံ အမတ်ကြီး၊ ထိုင်းအစိုးရ တာဝန်ရှိသူများအပြင် တခြားအာဆီယံနိုင်ငံတွေရဲ့အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ သူရဲ့ဘဝမှာ ဥပဒေပညာနဲ့ အသက်မွေးဝမ်းကြောင်းအဖြစ် ရှင်သန်လုပ်ကိုင်မှုကို နှစ်ပေါင်း (၂၀)ကြာလုပ် ကိုင်ခဲ့ပြီးနောက် ဩစတြေးလျလွှတ် တော်ကိုယ်စားလှယ်အဖြစ် (၁၉၉၈)ခုနှစ်ကနေ (၂၀၁၉)ခုနှစ်အထိ တာဝန်ယူခဲ့ ဖူးသူဖြစ်သလို အစိုးရအဖွဲ့မှာလည်း မတူညီတဲ့ဝန်ကြီးဌာနတွေမှာ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးရာ အတွေ့ကြုံ ရင့်ကျက်သူဖြစ်ပါတယ်။ ရှင်သန်နေထိုင်မှုဘဝအတွင်း ဒေသတွင်း မိတ်ဖက်နိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးမှု၊ စေ့စပ်မှုတွေမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့သလို နိုင်ငံတကာရဲ့ စေ့စပ်ဆွေးနွေးရေးကြိုးပမ်းမှုတွေမှာလည်း ဦးဆောင် လုပ်ကိုင် နိုင်ခဲ့သူဖြစ်ပါတယ်။ ဂျူလီဘစ်ရှော့က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးတို့ ဖြစ်ထွန်းစေဖို့ မိမိ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်အမြဲတမ်းကိုယ်စား လှယ်ဖြစ်တဲ့ သံအမတ် Dang Hoang Giang နဲ့တွေ့ဆုံချိန်တုန်းက ပြောဆိုခဲ့ပါတယ်။
နိုင်ငံတကာသံတမန် အတွေ့အကြုံများပြားမှု၊ မြန်မာနိုင်ငံအကြောင်း နက်နက်ရှိုင်းရှိုင်းနား လည်တဲ့အတွက် ဘစ်ရှော့ဟာ တာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ထားတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် အမြဲတမ်းကိုယ်စားလှယ်ဖြစ်တဲ့ သံအမတ်ကြီးက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဂျူလီဘစ်ရှော့ဟာ မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့ ဩဂုတ်လအတွင်းမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံဆွေးနွေးခဲ့ဖူးပြီး အဲဒီတွေ့ဆုံဆွေးနွေး ချိန်အတွင်း မြန်မာနိုင်ငံရဲ့ပြဿနာကို အသေအချာ ကိုင်တွယ်ဖြေရှင်းရေး တရုတ်၊ အာဆီယံတို့နဲ့ ပူး ပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီး အနီးကပ်ဆက်လက် ဆက်သွယ်သွားရန် ဆန္ဒရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်း မယ်လို့ ပြောဆိုနေပေမယ့် အထူးကိုယ်စား လှယ်အဖြစ် ခန့်အပ်ခံ ရချိန်ကစတင်ပြီး ငါးလကျော်ကာလအတွင်း မြန်မာ နိုင်ငံကို ကိုယ်တိုင်လာရောက်ခြင်းမရှိသလို မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခြင်း မရှိသေး ခြင်းက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းရာမှာ မြန်မာအစိုးရကို ချန်လှပ်ထားလို့မရဘဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အပါအဝင် နစကအဖွဲ့တာဝန်ရှိသူတွေနဲ့ ထိတွေ့ ဆွေးနွေးမှုတွေ အရှိန်မြှင့်နိုင်ဖို့လိုအပ်နေပါတယ်။ ဂျူလီဘစ်ရှော့ဟာ မြန်မာ့အရေးကိုဖြေရှင်းနိုင်ဖို့ ကြိုးပမ်းရာမှာ သံတမန်ရေး အတွေ့ကြုံရှိရုံမရဘဲ မြန်မာအစိုးရတာဝန်ရှိသူတွေအပါအဝင် ဘက်အားလုံးနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့လို အပ်နေပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ်တာဝန် ယူချိန်အတွင်း မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းနိုင် မှာလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

zawgyi version
ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္အေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၅

ကုလသမဂၢအဖြဲ႕ဟာ လက္ရွိအခ်ိန္မွာ ျမန္မာႏိုင္ငံနဲ႔ ဆက္ဆံေရးေကာင္းမြန္ေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ ဩစေၾတးလ် ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဂ်ဴလီဘစ္ေရွာ့ကို ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕အထူးကိုယ္စားလွယ္အျဖစ္ ခန႔္အပ္ထားပါတယ္။ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္ဟာ (၂၀၂၄)ခုႏွစ္ ဧၿပီလမွာ ဂ်ဴလီဘစ္ေရွာ့ကို ျမန္မာႏိုင္ငံ ဆိုင္ရာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ေဟာင္း ႏိုလန္ေဟဇာေနရာမွာ အစားထိုးခန႔္အပ္လိုက္ ေၾကာင္းသတင္းထုတ္ျပန္ခဲ့ပါတယ္။
အသက္ (၆၈)ႏွစ္အ႐ြယ္ရွိ ဂ်ဴလီဘစ္ေရွာ့ဟာ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူး ကိုယ္စားလွယ္အျဖစ္ ခန႔္အပ္ခံထားရေပမယ့္ ျမန္မာႏိုင္ငံကိုလာေရာက္ျခင္းမရွိေသးဘဲ တ႐ုတ္အစိုးရတာဝန္ရွိ သူေတြ၊ အာဆီယံအဖြဲ႕တာဝန္ ရွိသူေတြနဲ႔ေတြ႕ဆုံၿပီး ျမန္မာ့အေရးကို ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။ ဂ်ဴလီဘစ္ေရွာ့ဟာ ဩစေၾတးလ် အစိုးရအဖြဲ႕ရဲ႕ ဝန္ႀကီးခ်ဳပ္ သုံးဦးလက္ထက္တိုင္ တာဝန္ယူခဲ့ဖူးသူျဖစ္တဲ့အတြက္ အေတြ႕ႀကဳံရင့္ က်က္သူ တစ္ဦးျဖစ္တယ္လို႔ ဆိုႏိုင္ပါတယ္။ ဂ်ဴလီဘစ္ေရွာ့ဟာ ဩစေၾတးလ်ဝန္ႀကီးခ်ဳပ္ေဟာင္းေတြျဖစ္တဲ့ စေကာ့ ေမာရစ္ဆန္၊ တိုနီအက္ေဘာ့နဲ႔ တန္ဘူလ္တို႔လက္ထက္မွာ အစိုးရအဖြဲ႕အတြင္း တာဝန္ယူခဲ့သူျဖစ္ပါတယ္။ (၁၉၅၆) ခုႏွစ္မွာေမြးဖြား ခဲ့တဲ့ ဂ်ဴလီဘစ္ေရွာ့ဟာ ဩစေၾတးလ်လႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးအျဖစ္ (၁၉၉၈)ခုႏွစ္ ကေန (၂၀၁၉) ခုႏွစ္အထိ တာဝန္ယူခဲ့ဖူးသလို (၂၀၂၀) ခုႏွစ္ေနာက္ပိုင္းတည္းက ဩစေၾတးလ် အမ်ိဳးသားတကၠသိုလ္မွာ အဓိပတိအျဖစ္တာဝန္ယူ ေနခဲ့သူျဖစ္ပါတယ္။ ဂ်ဴလီဘစ္ေရွာ့ဟာ ဩစေၾတးလ် ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ (၂၀၁၃) ခုႏွစ္ကေန (၂၀၁၈)ခုႏွစ္အထိ တာဝန္ယူခဲ့ဖူးၿပီး (၂၀၁၉) ခုႏွစ္ ဧၿပီလအတြင္း ဩစေၾတးလ်ႏိုင္ငံေရးသမားအျဖစ္ ကေန အနားယူခဲ့သူျဖစ္ပါတယ္။ ဒါ့ျပင္ ဩစေၾတး လ်အစိုးရအဖြဲ႕အတြင္း ပညာေရးဝန္ႀကီး၊ အမ်ိဳးသမီး ေရးရာဝန္ႀကီး၊ ႏိုင္ငံျခားေရးဝန္ႀကီး၊ သက္ႀကီး႐ြယ္အို မ်ားဆိုင္ရာ ဝန္ႀကီးဌာနဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ဖူး သူျဖစ္ပါတယ္။ ဂ်ဴလီဘစ္ေရွာ့ကို ဩစေၾတးလ်ႏိုင္ငံ ေတာင္ပိုင္း လိုဘီတယ္အရပ္ေဒသမွာေမြးဖြားခဲ့ၿပီး Adelaide တကၠသိုလ္ကေန ဥပေဒဘြဲ႕ ရရွိခဲ့သူ လည္းျဖစ္ပါတယ္။ (၁၉၇၈)ခုႏွစ္မွာ ဥပေဒဘြဲ႕ရရွိခဲ့ၿပီး Wallmans ဥပေဒပိုင္းဆိုင္ရာ အကူညီ ေပးေရးအဖြဲ႕ ကိုပူးေပါင္းပါဝင္ခဲ့ေပမယ့္ ဝိတ္တာအျဖစ္ လုပ္ခိုင္းခဲ့မႈနဲ႔ပတ္သက္ၿပီး အျငင္းပြားရာကေန အဲဒီ Wall­mans ဥပေဒပိုင္းဆိုင္ရာ အကူညီေပးေရးအဖြဲ႕အစည္းကေနထြက္ခဲ့ပါတယ္။ ဂ်ဴလီဘစ္ေရွာ့ဟာ ဥပေဒပညာနဲ႔အသက္ေမြးဝမ္း ေၾကာင္းျပဳေနရာကေန (၁၉၉၂) ခုႏွစ္မွာ ဩစေၾတးလ်ႏိုင္ငံအေျခစိုက္ လစ္ဘရယ္ပါတီကို ပါတီဝင္အျဖစ္ဝင္ေရာက္ခဲ့ ရာကေန ပါတီအတြင္း တာဝန္အမ်ိဳးမ်ိဳးကိုထမ္းေဆာင္ၿပီး ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့သူျဖစ္ပါတယ္။ လစ္ဘရယ္ ပါတီကိုဝင္ေရာက္ခဲ့ၿပီးေနာက္ (၆) ႏွစ္အၾကာမွပဲ လႊတ္ေတာ္ေ႐ြးေကာက္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ အႏိုင္ရရွိခဲ့ၿပီး အဲဒီေနာက္ပိုင္းတည္းက ဂ်ဴလီဘစ္ ေရွာ့ဟာ ဩစေၾတးလ်လႊတ္ေတာ္နဲ႔ အစိုးရအဖြဲ႕အတြင္း အားသာခ်က္၊ အားနည္း ခ်က္မ်ားကိုေဝဖန္ ေထာက္ျပခဲ့ရာ လူထုေထာက္ခံမႈမ်ားစြာရရွိခဲ့သူျဖစ္ပါတယ္။

ဂ်ဴလီဘစ္ေရွာ့ဟာ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္တာဝန္ယူၿပီးေနာက္ ႏွစ္အနည္းငယ္ အၾကာမွာပဲ(၂၀ဝ၃) ခုႏွစ္အတြင္း ဩစေၾတးလ်ႏိုင္ငံ အစိုးရအဖြဲ႕မွာ ဝန္ႀကီးအျဖစ္ ပထမဆုံးတာဝန္ယူခြင့္ ရခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ပိုင္းတည္းက ဩစေၾတးလ်အစိုးရအဖြဲ႕မွာ ဝန္ႀကီးတာဝန္ေတြကို ဆက္တိုက္တာဝန္ယူခြင့္ရရွိခဲ့ၿပီး ျမန္မာႏိုင္ငံနဲ႔မစိမ္းတဲ့ ဝန္ႀကီးတစ္ဦးလို႔ ဆိုႏိုင္ပါတယ္။ ဂ်ဴလီဘစ္ေရွာ့ဟာ (၁၉၈၃)ခုႏွစ္မွာ အိမ္ၿခံေျမ သူေဌးႀကီးတစ္ဦးျဖစ္တဲ့ ေနးဂီလြန္နဲ႔ အိမ္ေထာင္ျပဳခဲ့ၿပီး (၁၉၈၈)ခုႏွစ္ ေနာက္ပိုင္း အိမ္ေထာင္ကြဲခဲ့ရာမွ တရားဝင္အိမ္ ေထာင္ျပဳျခင္းမရွိဘဲ သမီးရည္စား၊ ခ်စ္သူမ်ားသာ ထည္လဲတြဲေနခဲ့ၿပီး လက္ရွိအခ်ိန္ထိ ခ်စ္ႀကိဳက္ ေနတဲ့ခ်စ္သူရွိတယ္လို႔ သတင္းေတြလည္း ထြက္ေပၚခဲ့ဖူး ပါတယ္။ (၂၀၂၀)ျပည့္ႏွစ္မွာ ဩစေၾတးလ် အမ်ိဳးသားတကၠသိုလ္ရဲ႕ အဓိပတိအျဖစ္ခန႔္အပ္ခံရၿပီး ဩစေၾတးလ် အမ်ိဳးသမီးေတြထဲမွာ အဲဒီတကၠသိုလ္ရဲ႕ အဓိပတိအျဖစ္ ပထမဆုံးခန႔္အပ္ခံခဲ့ရသူလည္းျဖစ္ပါတယ္။ ၎ဟာ (၂၀၁၇) ခုႏွစ္တုန္းက ျဖစ္ပြားခဲ့ဖူးတဲ့ ဘဂၤါလီအေရးနဲ႔ပတ္သက္ၿပီး ျမန္မာအစိုးရကို ေဝဖန္ေထာက္ျပခဲ့ဖူးၿပီး ျမန္မာႏိုင္ငံမွာ အေပါင္း လကၡဏာေဆာင္တဲ့ တိုးတက္မႈေတြရရွိေစဖို႔ ျမန္မာစစ္တပ္နဲ႔ ဩစေၾတးလ်အစိုးရၾကား ဆက္ဆံေရး တိုးျမႇင့္ ေအာင္ ေတာင္းဆိုခဲ့ဖူးသူျဖစ္ပါတယ္။ ဂ်ဴလီဘစ္ေရွာ့ဟာ တျခားအစိုးရအဖြဲ႕တာဝန္ရွိသူ ေတြနဲ႔မတူဘဲ ဘဝကို ေပါ့ေပါ့ ပါးပါးျဖတ္သန္းခဲ့ၿပီး လြတ္လြတ္လပ္လပ္ က်င္လည္လိုသူတစ္ဦးျဖစ္တယ္ လို႔ ေျပာဆိုခဲ့ဖူးသူလည္းျဖစ္ပါတယ္။

(၂၀၁၉) ခုႏွစ္မွာ ႏိုင္ငံေရးသမားအျဖစ္က အနားယူခဲ့ၿပီး ဩစေၾတးလ် အမ်ိဳးသားတကၠသိုလ္မွာ အဓိပတိအျဖစ္ တာဝန္ယူခဲ့သလို Gender Equality Advisory Council (GEAC) အဖြဲ႕ဝင္အျဖစ္ ခန႔္အပ္ခံခဲ့ရပါတယ္။ ဒါ့ျပင္ အေမရိကန္ သမၼတေဟာင္း ဘားရက္အိုဘားမားနဲ႔အတူ ဆစ္ဒနီၿမိဳ႕၊ မဲလ္ဘုန္းၿမိဳ႕ ေတြအပါအဝင္ ကမာၻတစ္ဝန္းရွိ ၿမိဳ႕အခ်ိဳ႕မွာ ေခါင္း ေဆာင္မႈဆိုင္ရာအရည္အေသြးနဲ႔ပတ္သက္တဲ့ ေဟာေျပာပြဲေတြ ဆက္တိုက္လုပ္ေဆာင္ခဲ့ပါတယ္။

ဂ်ဴလီဘစ္ေရွာ့ဟာ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ အျဖစ္ခန႔္အပ္ခံ ရၿပီးခ်ိန္ေနာက္ပိုင္း (၅)လအတြင္း ျမန္မာအစိုးရ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးျခင္း၊ ျမန္မာႏိုင္ငံကိုလာ ေရာက္ျခင္းမ်ိဳးမရွိခဲ့ေပမယ့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိ၊ အာဆီယံအတြင္း ေရးမႉးခ်ဳပ္၊ ဗီယက္နမ္သံ အမတ္ႀကီး၊ ထိုင္းအစိုးရ တာဝန္ရွိသူမ်ားအျပင္ တျခားအာဆီယံႏိုင္ငံေတြရဲ႕အစိုးရအဖြဲ႕တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံ ေဆြးေႏြးခဲ့ပါတယ္။ သူရဲ႕ဘဝမွာ ဥပေဒပညာနဲ႔ အသက္ေမြးဝမ္းေၾကာင္းအျဖစ္ ရွင္သန္လုပ္ကိုင္မႈကို ႏွစ္ေပါင္း (၂၀)ၾကာလုပ္ ကိုင္ခဲ့ၿပီးေနာက္ ဩစေၾတးလ်လႊတ္ ေတာ္ကိုယ္စားလွယ္အျဖစ္ (၁၉၉၈)ခုႏွစ္ကေန (၂၀၁၉)ခုႏွစ္အထိ တာဝန္ယူခဲ့ ဖူးသူျဖစ္သလို အစိုးရအဖြဲ႕မွာလည္း မတူညီတဲ့ဝန္ႀကီးဌာနေတြမွာ ဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ဖူးရာ အေတြ႕ႀကဳံ ရင့္က်က္သူျဖစ္ပါတယ္။ ရွင္သန္ေနထိုင္မႈဘဝအတြင္း ေဒသတြင္း မိတ္ဖက္ႏိုင္ငံေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈ၊ ေစ့စပ္မႈေတြမွာ ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့သလို ႏိုင္ငံတကာရဲ႕ ေစ့စပ္ေဆြးေႏြးေရးႀကိဳးပမ္းမႈေတြမွာလည္း ဦးေဆာင္ လုပ္ကိုင္ ႏိုင္ခဲ့သူျဖစ္ပါတယ္။ ဂ်ဴလီဘစ္ေရွာ့က ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္းေရးတို႔ ျဖစ္ထြန္းေစဖို႔ မိမိ အေကာင္းဆုံး ႀကိဳးစားသြားမယ္လို႔ ကုလသမဂၢဆိုင္ရာ ဗီယက္နမ္အၿမဲတမ္းကိုယ္စား လွယ္ျဖစ္တဲ့ သံအမတ္ Dang Hoang Giang နဲ႔ေတြ႕ဆုံခ်ိန္တုန္းက ေျပာဆိုခဲ့ပါတယ္။
ႏိုင္ငံတကာသံတမန္ အေတြ႕အႀကဳံမ်ားျပားမႈ၊ ျမန္မာႏိုင္ငံအေၾကာင္း နက္နက္ရႈိင္းရႈိင္းနား လည္တဲ့အတြက္ ဘစ္ေရွာ့ဟာ တာဝန္ကို ေအာင္ျမင္စြာထမ္းေဆာင္ႏိုင္မယ္လို႔ ယုံၾကည္ထားတယ္လို႔ ကုလသမဂၢဆိုင္ရာ ဗီယက္နမ္ အၿမဲတမ္းကိုယ္စားလွယ္ျဖစ္တဲ့ သံအမတ္ႀကီးက တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။ ဂ်ဴလီဘစ္ေရွာ့ဟာ ျမန္မာ့အေရးကို ေျဖရွင္းႏိုင္ဖို႔ ဩဂုတ္လအတြင္းမွာပဲ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ဖူးၿပီး အဲဒီေတြ႕ဆုံေဆြးေႏြး ခ်ိန္အတြင္း ျမန္မာႏိုင္ငံရဲ႕ျပႆနာကို အေသအခ်ာ ကိုင္တြယ္ေျဖရွင္းေရး တ႐ုတ္၊ အာဆီယံတို႔နဲ႔ ပူး ေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ၿပီး အနီးကပ္ဆက္လက္ ဆက္သြယ္သြားရန္ ဆႏၵရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ျမန္မာ့အေရးကို ကိုင္တြယ္ေျဖရွင္း မယ္လို႔ ေျပာဆိုေနေပမယ့္ အထူးကိုယ္စား လွယ္အျဖစ္ ခန႔္အပ္ခံ ရခ်ိန္ကစတင္ၿပီး ငါးလေက်ာ္ကာလအတြင္း ျမန္မာ ႏိုင္ငံကို ကိုယ္တိုင္လာေရာက္ျခင္းမရွိသလို ျမန္မာအစိုးရတာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးျခင္း မရွိေသး ျခင္းက ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။

ျမန္မာႏိုင္ငံမွာျဖစ္ပြားေနတဲ့ အခက္အခဲေတြကို ေျဖရွင္းႏိုင္ဖို႔ ႀကိဳးပမ္းရာမွာ ျမန္မာအစိုးရကို ခ်န္လွပ္ထားလို႔မရဘဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္ လႈိင္အပါအဝင္ နစကအဖြဲ႕တာဝန္ရွိသူေတြနဲ႔ ထိေတြ႕ ေဆြးေႏြးမႈေတြ အရွိန္ျမႇင့္ႏိုင္ဖို႔လိုအပ္ေနပါတယ္။ ဂ်ဴလီဘစ္ေရွာ့ဟာ ျမန္မာ့အေရးကိုေျဖရွင္းႏိုင္ဖို႔ ႀကိဳးပမ္းရာမွာ သံတမန္ေရး အေတြ႕ႀကဳံရွိ႐ုံမရဘဲ ျမန္မာအစိုးရတာဝန္ရွိသူေတြအပါအဝင္ ဘက္အားလုံးနဲ႔ ေတြ႕ဆုံေဆြးေႏြးႏိုင္ဖို႔လို အပ္ေနပါတယ္။ ျမန္မာႏိုင္ငံ ဆိုင္ရာကုလသမဂၢအတြင္းေရးမႉးခ်ဳပ္အျဖစ္တာဝန္ ယူခ်ိန္အတြင္း ျမန္မာ့အေရးကို ကိုင္တြယ္ေျဖရွင္းႏိုင္ မွာလားဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။

Related news

© 2021. All rights reserved.