ရေတပ်စွမ်းရည်မြှင့်တင်မည့် အင်ဒိုနီးရှားက အိန္ဒိယ၏ ရေငုပ်သင်္ဘောများကို မျက်စိကျနေ
428
Htay Oung (NP News) - စက်တင်ဘာ ၂၉
ဒေသတွင်း မဟာဗျူဟာ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် သူ့နိုင်ငံရဲ့ ရေတပ်စွမ်းရည်ကို မြှင့်တင်လိုတဲ့ အင်ဒိုနီးရှားဟာ အိန္ဒိယထံမှ ရေငုပ် သင်္ဘောများ ဝယ်ယူရန် စဉ်းစားနေကြောင်း နယူးဒေလီထောက်လှမ်း ရေးရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ “အိန္ဒိယကာကွယ်ရေးသုတေသနဌာန”က စက်တင်ဘာလ ၂၇ ရက်မှာ ရေးသားပါတယ်။
“ဂိတ်ဝေး ဟောက်စ်” လို့ခေါ်တဲ့ အိန္ဒိယကောင်စီ နိုင်ငံတကာဆက်ဆံရေးဌာန အမှုဆောင်ဒါရိုက်တာ မန်ဂျက်ကရီပလာနီရဲ့ အဆိုအရ ရေငုပ်သင်္ဘောနည်းပညာ အထူးပြု အိန္ဒိယလုပ်ငန်းတွေဟာ အဲဒီနယ်ပယ်မှာ ကျွမ်း ကျင်မှု မရှိသေးတဲ့ အင်ဒိုနီးရှားကို အဖိုးတန် အကူအညီများ ပေးစွမ်းနိုင်တယ်လို့ သိရှိရပါတယ်။ အရေးပါ ရေလမ်းကြောင်းဖြစ်တဲ့ အင်ဒိုနီးရှားရေလက်ကြားဟာ သိသာထင်ရှားတဲ့ မဟာဗျူဟာမြောက် ထူးခြား ချက်များကို ပိုင်ဆိုင်ပါတယ်။ အိန္ဒိယက တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောများကို ဝယ်ယူခြင်းအားဖြင့် အင် ဒိုနီးရှားနိုင်ငံအနေနဲ့ ဒေသတွင်း ရေကြောင်းသွားလာမှုကို စောင့်ကြည့်ထိန်းချုပ်ရာမှာ အဆင့်တိုးမြှင့်နိုင်မှာ ဖြစ်တဲ့အတွက် နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ စီးပွားသာယာဝပြောမှုကို အာမခံနိုင်ပါလိမ့်မယ်။
ကရီပလာနီရဲ့ မှတ်ချက်စကားတွေဟာ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့အကြား ကာကွယ်ရေးနယ်ပယ်မှာ ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်လျှက်ရှိကြောင်း မီးမောင်းထိုးပြသလို ရှိနေပါတယ်။ တူညီတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ် မှုများကို ရင်ဆိုင်နေရတဲ့ နှစ်နိုင်ငံစလုံးဟာ ပူးပေါင်းဖြေရှင်းမှုများ ဖော်ဆောင်ရန်နဲ့ ဒေသတွင်း မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု ခိုင်မာအားကောင်းစေရန် အတူတကွ ပိုမိုဆောင်ရွက်လျှက်ရှိကြပါတယ်။ရေငုပ်သင်္ဘောဝယ်ယူရေးအတွက် အင်ဒိုနီးရှားအစိုးရအနေနဲ့ အပြီးသတ်ဆုံးဖြတ်ချက် မချမှတ်ရသေးပါဘူး၊ နှစ်ဖက် တေ့တေ့ဆိုင်ဆိုင် စကားပြောဆိုဖြစ်ကြလျှင် အိန္ဒိယလုပ် သင်္ဘောများဝယ်ယူရန် သေချာသလောက် ရှိနေပါတယ်။
အဲဒီအဆင့်ကို ကျော်ဖြတ်ပြီးစီးခဲ့လျှင် အိန္ဒိယအနေနဲ့ ကာကွယ်ရေး ပို့ကုန်ကို သိသာထင်ရှားစွာ မြှင့်တင်ပေး ရာ ရောက်ရှိနိုင်ပါတယ်။ ဒေသတွင်း စစ်လက်နက်ပစ္စည်းများရောင်းချသူ ထိပ်တန်း ဦးဆောင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာတဲ့ သူ့ရဲ့ရပ်တည်ချက် အနေအထားကို ပိုမိုခိုင်မာစေပါလိမ့်မယ်။
(ယခုသတင်း မူရင်းမှာ AFI ခေါ် “ အိန္ဒိယ အရန်တပ်ဖွဲ့” ဖြစ်ပါတယ်။ အဲ့ဒီတပ်ဖွဲ့ဟာ ဗြိတိသျှကိုလိုနီခေတ် ၁၉၂ဝ ခုနှစ်ကတည်းက တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုအခါ နှစ် ၁ဝဝ ကျော်သက်တမ်းရှိလာပြီဖြစ်တဲ့ အဲ့ဒီအဖွဲ့ဟာ စစ်မှူထမ်းဆောင်လိုခြင်း မရှိသူ အိန္ဒိယတိုင်းရင်းသားများကို စုစည်းဖို့အတွက် လစာငွေကြေး ခံစားခွင့်ရှိတဲ့ အချိန်ပိုင်း ဗော်လံတီယာ တပ်သားများအဖြစ် စုဆောင်းခြင်းပဲဖြစ်ပါတယ်။ IDF ခေါ် ဗြိတိသျှ အိန္ဒိယနိုင်ငံ ကာကွယ်ရေးတပ်၊ ITF ခေါ် အိန္ဒိယ နယ်မြေတည်ငြိမ်မှု ထိန်းသိမ်းရေးတပ်တို့အတူ ပူးတွဲတာဝန် ထမ်းဆောင်ရတဲ့ (ယခုခေတ် ပြည်သူ့စစ် သဘောမျိုး) ရည်ရွယ်ပါတယ်။
အဲဒီတပ်မျိုးဟာ ဗြိတိသျှ ကိုလိုနီခေတ် မြန်မာနိုင်ငံမှာလည်း ရှိခဲ့ဖူးပါတယ်။ ဗမာ့လက်ရုံးအကူတပ် The Burma Auxiliary Force လို့ ခေါ်ပါတယ်။ ရန်ကုန်ဌာနချုပ်နဲ့ တပ်ရင်း၊ အထက်မြန်မာပြည်၊ တနင်္သာရီနဲ့ မီးရထားဌာန အဖြစ် (၅) ဌာန ခွဲခြားသတ်မှတ်ခဲ့ပါတယ်။ ၁၈ ပေါင်ဒါ အမြောက် ၄-လက်မှ ၆-လက်၊ လက်နက်ခဲယမ်းဌာနခွဲ၊ အင်ဂျင်နီယာနဲ့ အချက်ပြဆက်သွယ်ရေးဌာနခွဲ အသီးသီးပါဝင်ကြောင်း တွေ့ရှိရပါတယ်။
၁၉၂၀-ခုနှစ်ဝန်းကျင် ကိုလိုနီခေတ် မျိူးချစ်စိတ်နိုးကြားလာတဲ့ မြန်မာတို့ဟာ အင်္ဂလိပ်အစိုးရနဲ့ မြန်မာနိုင်ငံသား တို့ပါဝင် ပူးတွဲအုပ်ချုပ်ရတဲ့ “ဒိုင်အာခီ” စနစ်ကို အပြင်းအထန်ကန့်ကွက်ကြပါတယ်။ အင်္ဂလိပ် ဘုရင်ခံ ခန့် အပ်တဲ့ အမတ် ၁၉ ယောက်နဲ့ ပြည်သူတို့ ရွေးချယ်တဲ့ “မင်းတိုင်ပင်” အမတ် ၈၄-ယောက်တို့ ပူးတွဲအုပ်ချုပ်ရေး ဖြစ်ပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေး ချုပ်ကိုင်သူဟာ အင်္ဂလိပ်ဘုရင်ခံသာ ဖြစ်နေတဲ့အတွက် “လက်တစ်လုံး ခြား” စနစ်အဖြစ် မြန်မာမျိုးချစ်ခေါင်းဆောင်တို့ မကျေနပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဂျီစီဘီအေ အသင်းကြီးရဲ့ ဦးဆောင်မှုနဲ့ “ဟုမ္မရူး” ခေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုမှုများ ပြည်လုံးအနှံ့ပေါ် ပေါက်လာပါတယ်။ ကျေးလက် မြန်မာလယ်သမားများပင် ကိုယ့်မယား ကိုယ်ဆဲတာ “ သောက်ကမြင်းမ ဒိုင်အာခီမ” လို့ ခေတ်မီစွာ ဆဲတတ်လာပါတယ်။
ဒါပေမယ့် ဒိုင်အာခီစနစ်အရ အုပ်ချုပ်ရေးကောင်စီ ရွေးကောက်ပွဲကျင်းပတဲ့အခါ ဝင်ရောက်အရွေးခံမယ့်သူနဲ့ ကန့်ကွက်သူများအဖြစ် ဂျီစီဘီအေ အသင်းကြီး ၂-ခြမ်းကွဲပါတယ်။ မြန်မာ့မြေပေါ် ဒိုင်အာခီရောက်ပြီး ၃-နှစ်ပင် မကြာသေးမီ မြန်မာဝံသာနုတို့အကြား ဖရဲသီး စိတ်သလို ၃-စိတ် ၄-စိတ်တင် မကတော့ပဲ မြေအိုးကွဲသလို အဖွဲ့ငယ်အသီးသီးနဲ့ အစိတ်စိတ်အမွှာမွှာ ကွဲသွားပါတယ်။
ဆယ်နှစ်ခန့်အကြာ ၁၉၂၉-ခုနှစ် “တွဲရေး ခွဲရေး” ပြဿနာကို ဗြိတိသျှအစိုးရဖွဲ့စည်းပေးလိုက်တဲ့ “ဆိုင်မွန် ကော်မရှင်” က ယူဆောင်လာတဲ့အခါမှာတော့ အဲ့ဒီအချိန် ကမ္ဘာ့စီးပွားရေး ပျက်ကပ်ဆိုက်ပြီး စီးပွားရေး အကျပ် အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ “ဂျီစီဘီအေ” ဆိုတဲ့ ဝံသာနုမျိုးချစ်များအဖွဲ့ကြီးဟာ နာမည်ပင် ရှာ မရတော့လောက်အောင် အပြီးတိုင် ပျောက်ကွယ်သွားပါတယ်။ ၁၉၃၀-ခုနှစ်မှာ mုလား-ဗမာအဓိကရုန်းကြီး လည်း ဖြစ်လိုက်ပါသေးတယ်
ဗြိတိသျှအစိုးရလက်အောက်မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံနဲ့ တွဲရေး အပေါ် ထောက်ခံ/ကန့်ကွက် မြန်မာ နိုင်ငံ ရေးခေါင်းဆောင်များ အပြိုင်အဆိုင် လှုံ့ဆော်မှုမှာ “လှိုင်-ပု-ဖေ” အုပ်စု “ခွဲရေး” အဆို အရေးနိမ့်ပြီး “မော်-မြင့်-ဗြဲ” အုပ်စု “တွဲရေး” ဘက်က အနိုင်ရပါတယ်။
ဒါပေမဲ့ အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံကို အိန္ဒိယမှ သီးခြားခွဲထုတ်လိုက်ပြီး “၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ အုပ်ချုပ်ရေး ဥပဒေ “ အရ “၉၁-ဌာနအုပ်ချုပ်ရေး” ကို ဖန်တီးပေးခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်မှာ မြန်မာဟာ သီးခြားဖြစ်သွားပြီး ဗမာ့လက်ရုံးအကူတပ် အားလုံးကိုလည်း အိန္ဒိယထံ လွှဲပြောင်းပေးလိုက်ပါတယ်။ ။သတင်း ဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်သည်)
(India Defence Research Wing., 27 Spepember 2024, ” Indonesia eyes India’s sub-marines to boost naval capabilities” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
zawgyi version
ေရတပ္စြမ္းရည္ျမႇင့္တင္မည့္ အင္ဒိုနီးရွားက အိႏၵိယ၏ ေရငုပ္သေဘၤာမ်ားကို မ်က္စိက်ေန
Htay Oung (NP News) - စက္တင္ဘာ ၂၉
ေဒသတြင္း မဟာဗ်ဴဟာ အက်ိဳးစီးပြားမ်ားကို ကာကြယ္ရန္အတြက္ သူ႔ႏိုင္ငံရဲ႕ ေရတပ္စြမ္းရည္ကို ျမႇင့္တင္လိုတဲ့ အင္ဒိုနီးရွားဟာ အိႏၵိယထံမွ ေရငုပ္ သေဘၤာမ်ား ဝယ္ယူရန္ စဥ္းစားေနေၾကာင္း နယူးေဒလီေထာက္လွမ္း ေရးရဲ႕ လက္ခြဲတစ္ခုျဖစ္တဲ့ “အိႏၵိယကာကြယ္ေရးသုေတသနဌာန”က စက္တင္ဘာလ ၂၇ ရက္မွာ ေရးသားပါတယ္။
“ဂိတ္ေဝး ေဟာက္စ္” လို႔ေခၚတဲ့ အိႏၵိယေကာင္စီ ႏိုင္ငံတကာဆက္ဆံေရးဌာန အမႈေဆာင္ဒါ႐ိုက္တာ မန္ဂ်က္ကရီပလာနီရဲ႕ အဆိုအရ ေရငုပ္သေဘၤာနည္းပညာ အထူးျပဳ အိႏၵိယလုပ္ငန္းေတြဟာ အဲဒီနယ္ပယ္မွာ ကြၽမ္း က်င္မႈ မရွိေသးတဲ့ အင္ဒိုနီးရွားကို အဖိုးတန္ အကူအညီမ်ား ေပးစြမ္းႏိုင္တယ္လို႔ သိရွိရပါတယ္။ အေရးပါ ေရလမ္းေၾကာင္းျဖစ္တဲ့ အင္ဒိုနီးရွားေရလက္ၾကားဟာ သိသာထင္ရွားတဲ့ မဟာဗ်ဴဟာေျမာက္ ထူးျခား ခ်က္မ်ားကို ပိုင္ဆိုင္ပါတယ္။ အိႏၵိယက တည္ေဆာက္ထားတဲ့ ေရငုပ္သေဘၤာမ်ားကို ဝယ္ယူျခင္းအားျဖင့္ အင္ ဒိုနီးရွားႏိုင္ငံအေနနဲ႔ ေဒသတြင္း ေရေၾကာင္းသြားလာမႈကို ေစာင့္ၾကည့္ထိန္းခ်ဳပ္ရာမွာ အဆင့္တိုးျမႇင့္ႏိုင္မွာ ျဖစ္တဲ့အတြက္ ႏိုင္ငံရဲ႕ အမ်ိဳးသားလုံၿခဳံေရးနဲ႔ စီးပြားသာယာဝေျပာမႈကို အာမခံႏိုင္ပါလိမ့္မယ္။
ကရီပလာနီရဲ႕ မွတ္ခ်က္စကားေတြဟာ အိႏၵိယနဲ႔ အင္ဒိုနီးရွားတို႔အၾကား ကာကြယ္ေရးနယ္ပယ္မွာ ပူးေပါင္း ေဆာင္႐ြက္မႈကို တိုးျမႇင့္လွ်က္ရွိေၾကာင္း မီးေမာင္းထိုးျပသလို ရွိေနပါတယ္။ တူညီတဲ့ လုံၿခဳံေရးဆိုင္ရာ စိန္ေခၚ မႈမ်ားကို ရင္ဆိုင္ေနရတဲ့ ႏွစ္ႏိုင္ငံစလုံးဟာ ပူးေပါင္းေျဖရွင္းမႈမ်ား ေဖာ္ေဆာင္ရန္နဲ႔ ေဒသတြင္း မိမိတို႔ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈ ခိုင္မာအားေကာင္းေစရန္ အတူတကြ ပိုမိုေဆာင္႐ြက္လွ်က္ရွိၾကပါတယ္။ေရငုပ္သေဘၤာဝယ္ယူေရးအတြက္ အင္ဒိုနီးရွားအစိုးရအေနနဲ႔ အၿပီးသတ္ဆုံးျဖတ္ခ်က္ မခ်မွတ္ရေသးပါဘူး၊ ႏွစ္ဖက္ ေတ့ေတ့ဆိုင္ဆိုင္ စကားေျပာဆိုျဖစ္ၾကလွ်င္ အိႏၵိယလုပ္ သေဘၤာမ်ားဝယ္ယူရန္ ေသခ်ာသေလာက္ ရွိေနပါတယ္။
အဲဒီအဆင့္ကို ေက်ာ္ျဖတ္ၿပီးစီးခဲ့လွ်င္ အိႏၵိယအေနနဲ႔ ကာကြယ္ေရး ပို႔ကုန္ကို သိသာထင္ရွားစြာ ျမႇင့္တင္ေပး ရာ ေရာက္ရွိႏိုင္ပါတယ္။ ေဒသတြင္း စစ္လက္နက္ပစၥည္းမ်ားေရာင္းခ်သူ ထိပ္တန္း ဦးေဆာင္ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္လာတဲ့ သူ႔ရဲ႕ရပ္တည္ခ်က္ အေနအထားကို ပိုမိုခိုင္မာေစပါလိမ့္မယ္။
(ယခုသတင္း မူရင္းမွာ AFI ေခၚ “ အိႏၵိယ အရန္တပ္ဖြဲ႕” ျဖစ္ပါတယ္။ အဲ့ဒီတပ္ဖြဲ႕ဟာ ၿဗိတိသွ်ကိုလိုနီေခတ္ ၁၉၂ဝ ခုႏွစ္ကတည္းက တည္ေထာင္ခဲ့ျခင္းျဖစ္ပါတယ္။ ယခုအခါ ႏွစ္ ၁ဝဝ ေက်ာ္သက္တမ္းရွိလာၿပီျဖစ္တဲ့ အဲ့ဒီအဖြဲ႕ဟာ စစ္မႉထမ္းေဆာင္လိုျခင္း မရွိသူ အိႏၵိယတိုင္းရင္းသားမ်ားကို စုစည္းဖို႔အတြက္ လစာေငြေၾကး ခံစားခြင့္ရွိတဲ့ အခ်ိန္ပိုင္း ေဗာ္လံတီယာ တပ္သားမ်ားအျဖစ္ စုေဆာင္းျခင္းပဲျဖစ္ပါတယ္။ IDF ေခၚ ၿဗိတိသွ် အိႏၵိယႏိုင္ငံ ကာကြယ္ေရးတပ္၊ ITF ေခၚ အိႏၵိယ နယ္ေျမတည္ၿငိမ္မႈ ထိန္းသိမ္းေရးတပ္တို႔အတူ ပူးတြဲတာဝန္ ထမ္းေဆာင္ရတဲ့ (ယခုေခတ္ ျပည္သူ႔စစ္ သေဘာမ်ိဳး) ရည္႐ြယ္ပါတယ္။
အဲဒီတပ္မ်ိဳးဟာ ၿဗိတိသွ် ကိုလိုနီေခတ္ ျမန္မာႏိုင္ငံမွာလည္း ရွိခဲ့ဖူးပါတယ္။ ဗမာ့လက္႐ုံးအကူတပ္ The Burma Auxiliary Force လို႔ ေခၚပါတယ္။ ရန္ကုန္ဌာနခ်ဳပ္နဲ႔ တပ္ရင္း၊ အထက္ျမန္မာျပည္၊ တနသၤာရီနဲ႔ မီးရထားဌာန အျဖစ္ (၅) ဌာန ခြဲျခားသတ္မွတ္ခဲ့ပါတယ္။ ၁၈ ေပါင္ဒါ အေျမာက္ ၄-လက္မွ ၆-လက္၊ လက္နက္ခဲယမ္းဌာနခြဲ၊ အင္ဂ်င္နီယာနဲ႔ အခ်က္ျပဆက္သြယ္ေရးဌာနခြဲ အသီးသီးပါဝင္ေၾကာင္း ေတြ႕ရွိရပါတယ္။
၁၉၂၀-ခုႏွစ္ဝန္းက်င္ ကိုလိုနီေခတ္ မ်ိဴးခ်စ္စိတ္ႏိုးၾကားလာတဲ့ ျမန္မာတို႔ဟာ အဂၤလိပ္အစိုးရနဲ႔ ျမန္မာႏိုင္ငံသား တို႔ပါဝင္ ပူးတြဲအုပ္ခ်ဳပ္ရတဲ့ “ဒိုင္အာခီ” စနစ္ကို အျပင္းအထန္ကန႔္ကြက္ၾကပါတယ္။ အဂၤလိပ္ ဘုရင္ခံ ခန႔္ အပ္တဲ့ အမတ္ ၁၉ ေယာက္နဲ႔ ျပည္သူတို႔ ေ႐ြးခ်ယ္တဲ့ “မင္းတိုင္ပင္” အမတ္ ၈၄-ေယာက္တို႔ ပူးတြဲအုပ္ခ်ဳပ္ေရး ျဖစ္ပါတယ္။ ဒါေပမယ့္ အုပ္ခ်ဳပ္ေရး ခ်ဳပ္ကိုင္သူဟာ အဂၤလိပ္ဘုရင္ခံသာ ျဖစ္ေနတဲ့အတြက္ “လက္တစ္လုံး ျခား” စနစ္အျဖစ္ ျမန္မာမ်ိဳးခ်စ္ေခါင္းေဆာင္တို႔ မေက်နပ္ႏိုင္ျခင္းပဲ ျဖစ္ပါတယ္။
ဂ်ီစီဘီေအ အသင္းႀကီးရဲ႕ ဦးေဆာင္မႈနဲ႔ “ဟုမၼ႐ူး” ေခၚ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ေတာင္းဆိုမႈမ်ား ျပည္လုံးအႏွံ႔ေပၚ ေပါက္လာပါတယ္။ ေက်းလက္ ျမန္မာလယ္သမားမ်ားပင္ ကိုယ့္မယား ကိုယ္ဆဲတာ “ ေသာက္ကျမင္းမ ဒိုင္အာခီမ” လို႔ ေခတ္မီစြာ ဆဲတတ္လာပါတယ္။
ဒါေပမယ့္ ဒိုင္အာခီစနစ္အရ အုပ္ခ်ဳပ္ေရးေကာင္စီ ေ႐ြးေကာက္ပြဲက်င္းပတဲ့အခါ ဝင္ေရာက္အေ႐ြးခံမယ့္သူနဲ႔ ကန႔္ကြက္သူမ်ားအျဖစ္ ဂ်ီစီဘီေအ အသင္းႀကီး ၂-ျခမ္းကြဲပါတယ္။ ျမန္မာ့ေျမေပၚ ဒိုင္အာခီေရာက္ၿပီး ၃-ႏွစ္ပင္ မၾကာေသးမီ ျမန္မာဝံသာႏုတို႔အၾကား ဖရဲသီး စိတ္သလို ၃-စိတ္ ၄-စိတ္တင္ မကေတာ့ပဲ ေျမအိုးကြဲသလို အဖြဲ႕ငယ္အသီးသီးနဲ႔ အစိတ္စိတ္အမႊာမႊာ ကြဲသြားပါတယ္။
ဆယ္ႏွစ္ခန႔္အၾကာ ၁၉၂၉-ခုႏွစ္ “တြဲေရး ခြဲေရး” ျပႆနာကို ၿဗိတိသွ်အစိုးရဖြဲ႕စည္းေပးလိုက္တဲ့ “ဆိုင္မြန္ ေကာ္မရွင္” က ယူေဆာင္လာတဲ့အခါမွာေတာ့ အဲ့ဒီအခ်ိန္ ကမာၻ႔စီးပြားေရး ပ်က္ကပ္ဆိုက္ၿပီး စီးပြားေရး အက်ပ္ အတည္းနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံမွာ “ဂ်ီစီဘီေအ” ဆိုတဲ့ ဝံသာႏုမ်ိဳးခ်စ္မ်ားအဖြဲ႕ႀကီးဟာ နာမည္ပင္ ရွာ မရေတာ့ေလာက္ေအာင္ အၿပီးတိုင္ ေပ်ာက္ကြယ္သြားပါတယ္။ ၁၉၃၀-ခုႏွစ္မွာ mုလား-ဗမာအဓိက႐ုန္းႀကီး လည္း ျဖစ္လိုက္ပါေသးတယ္
ၿဗိတိသွ်အစိုးရလက္ေအာက္ျမန္မာႏိုင္ငံကို အိႏၵိယႏိုင္ငံနဲ႔ တြဲေရး အေပၚ ေထာက္ခံ/ကန႔္ကြက္ ျမန္မာ ႏိုင္ငံ ေရးေခါင္းေဆာင္မ်ား အၿပိဳင္အဆိုင္ လႈံ႕ေဆာ္မႈမွာ “လႈိင္-ပု-ေဖ” အုပ္စု “ခြဲေရး” အဆို အေရးနိမ့္ၿပီး “ေမာ္-ျမင့္-ၿဗဲ” အုပ္စု “တြဲေရး” ဘက္က အႏိုင္ရပါတယ္။
ဒါေပမဲ့ အဂၤလိပ္အစိုးရက ျမန္မာႏိုင္ငံကို အိႏၵိယမွ သီးျခားခြဲထုတ္လိုက္ၿပီး “၁၉၃၅ ခုႏွစ္ ျမန္မာႏိုင္ငံ အုပ္ခ်ဳပ္ေရး ဥပေဒ “ အရ “၉၁-ဌာနအုပ္ခ်ဳပ္ေရး” ကို ဖန္တီးေပးခဲ့ပါတယ္။ ၁၉၃၇ ခုႏွစ္မွာ ျမန္မာဟာ သီးျခားျဖစ္သြားၿပီး ဗမာ့လက္႐ုံးအကူတပ္ အားလုံးကိုလည္း အိႏၵိယထံ လႊဲေျပာင္းေပးလိုက္ပါတယ္။ ။သတင္း ဘာသာျပန္သူ၏ သုံးသပ္ခ်က္ျဖစ္သည္)
(India Defence Research Wing., 27 Spepember 2024, ” Indonesia eyes India’s sub-marines to boost naval capabilities” ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)