Netflix စီးရီး ‘Gyeongseong Creature Season 2’ က ကမ္ဘာတစ်ဝှမ်း အဆင့် (၅) နေရာထိ ရောက်ရှိလာ

 430

Pika (NP News) - အောက်တိုဘာ ၃

Netflixစီးရီး 'Gyeongseong Creature Season 2' သည် ကမ္ဘာတစ်ဝှမ်းရှိ ကြည့်ရှုသူအများအပြား၏ အာရုံစူးစိုက်မှုများကို ရရှိခဲ့ပြီး တစ်ကမ္ဘာလုံးတွင် အဆင့်(၅)နေရာထိ ရောက်ရှိခဲ့ကြောင်း သိရသည်။ 'Gyeongseong Creature Season 2' ကို စက်တင်ဘာလ(၂၇)ရက်တွင် စတင်ရုံတင်ပြသခဲ့ပြီး FlixPatrol ၏ နောက်ဆုံးရဒေတာအချက်အလက်များအရ စက်တင်ဘာလ(၃၀)ရက်တွင် ကမ္ဘာလုံး ဆိုင်ရာထိပ်တန်း တီဗီရှိုးများအမျိုးအစားတွင် အဆင့်(၄)နေရာထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

'Gyeongseong Creature Season 2 စီးရီးသည် ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ဖိလစ်ပိုင်၊ ကာတာ၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်း နှင့် ဗီယက်နမ် စသည့်နိုင်ငံများတွင် လူကြိုက်အများဆုံးစီးရီး အဖြစ် ရပ်တည်ခဲ့ပြီး အာရှတိုက် နှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် အထူးရေပန်းစားသည့် စီးရီးဖြစ်လာ ခဲ့ကြောင်း သိရသည်။
အဆိုပါစီးရီးသည် တောင်ကိုရီးယား၊ ဩစတြေးလျ၊ ဘာရိန်း၊ ဘယ်လ်ဂျီယံ၊ ဘရာဇီးလ်၊ ကနေဒါ၊ ကိုလံဘီယာ၊ အီတလီ၊ မက္ကဆီကို၊ ဂျပန် နှင့် နယူးဇီလန်တို့အပါအဝင် နိုင်ငံပေါင်း(၇၇)နိုင်ငံတွင် ထိပ်တန်း စီးရီး(၁၀)ခုအတွင်း ပါဝင်ခဲ့ကြောင်းလည်း သိရသည်။

'Gyeongseong Creature' season 1သည် Season 2 မထွက်မီကာလအတွင်း ပရိသတ်များက ပြန်လည်ကြည့်ရှုမှုနှင့်အတူ ကြည့်ရှုသူအများအပြားရှိခဲ့ကြောင်းလည်း သိရသည်။ ပြန်လည်ကြည့်ရှုသူ အများအပြားရှိခဲ့မှုနှင့်အတူ 'Gyeongseong Creature' season 1 သည် "Top 10 in Korea Today" စာရင်းတွင် ပြန်လည်ပါဝင်လာခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
Netflix စီးရီး ‘Gyeongseong Creature Season 2’ က ကမာၻတစ္ဝွမ္း အဆင့္ (၅) ေနရာထိ ေရာက္ရွိလာ
Pika (NP News) - ေအာက္တိုဘာ ၃

Netflixစီးရီး 'Gyeongseong Creature Season 2' သည္ ကမာၻတစ္ဝွမ္းရွိ ၾကည့္ရႈသူအမ်ားအျပား၏ အာ႐ုံစူးစိုက္မႈမ်ားကို ရရွိခဲ့ၿပီး တစ္ကမာၻလုံးတြင္ အဆင့္(၅)ေနရာထိ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။ 'Gyeongseong Creature Season 2' ကို စက္တင္ဘာလ(၂၇)ရက္တြင္ စတင္႐ုံတင္ျပသခဲ့ၿပီး FlixPatrol ၏ ေနာက္ဆုံးရေဒတာအခ်က္အလက္မ်ားအရ စက္တင္ဘာလ(၃၀)ရက္တြင္ ကမာၻလုံး ဆိုင္ရာထိပ္တန္း တီဗီရႈိးမ်ားအမ်ိဳးအစားတြင္ အဆင့္(၄)ေနရာထိ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။

'Gyeongseong Creature Season 2 စီးရီးသည္ ေဟာင္ေကာင္၊ အင္ဒိုနီးရွား၊ မေလးရွား၊ ႏိုင္ဂ်ီးရီးယား၊ ဖိလစ္ပိုင္၊ ကာတာ၊ စကၤာပူ၊ ထိုင္ဝမ္၊ ထိုင္း ႏွင့္ ဗီယက္နမ္ စသည့္ႏိုင္ငံမ်ားတြင္ လူႀကိဳက္အမ်ားဆုံးစီးရီး အျဖစ္ ရပ္တည္ခဲ့ၿပီး အာရွတိုက္ ႏွင့္ အေရွ႕အလယ္ပိုင္းေဒသတို႔တြင္ အထူးေရပန္းစားသည့္ စီးရီးျဖစ္လာ ခဲ့ေၾကာင္း သိရသည္။
အဆိုပါစီးရီးသည္ ေတာင္ကိုရီးယား၊ ဩစေၾတးလ်၊ ဘာရိန္း၊ ဘယ္လ္ဂ်ီယံ၊ ဘရာဇီးလ္၊ ကေနဒါ၊ ကိုလံဘီယာ၊ အီတလီ၊ မကၠဆီကို၊ ဂ်ပန္ ႏွင့္ နယူးဇီလန္တို႔အပါအဝင္ ႏိုင္ငံေပါင္း(၇၇)ႏိုင္ငံတြင္ ထိပ္တန္း စီးရီး(၁၀)ခုအတြင္း ပါဝင္ခဲ့ေၾကာင္းလည္း သိရသည္။

'Gyeongseong Creature' season 1သည္ Season 2 မထြက္မီကာလအတြင္း ပရိသတ္မ်ားက ျပန္လည္ၾကည့္ရႈမႈႏွင့္အတူ ၾကည့္ရႈသူအမ်ားအျပားရွိခဲ့ေၾကာင္းလည္း သိရသည္။ ျပန္လည္ၾကည့္ရႈသူ အမ်ားအျပားရွိခဲ့မႈႏွင့္အတူ 'Gyeongseong Creature' season 1 သည္ "Top 10 in Korea Today" စာရင္းတြင္ ျပန္လည္ပါဝင္လာခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.