ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့

 582

ခေတ်မင်းကို (NP News) - အောက်တိုဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ စာတိုက်မှတ်တိုင်အနီး၌ ယမန်နေ့(အောက်တိုဘာ ၃ ရက်)တွင် ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကို ဝင်တိုက်ရာမှာ ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ် မီးပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒီနားတစ်ဝိုက်တော့အကုန်မီးပြတ်သွားတာဘဲ၊ အခုထိတော့ ကမ္ဘာအေးလမ်းတကြောနဲ့အရေးကြီးပုဂ္ဂိုလ်တွေရဲ့လိုင်းတွေ အားလုံးမီးပြန်မရသေးဘူးနဲ့တူတယ်”ဟု ရေကူးဘူတာရုံလမ်းအနီးနေထိုင်သူ မမေသူ (အမည်လွှဲ) က ပြောသည်။

ကမ္ဘာအေးဝန်းကျင်တစ်ဝိုက်သည် ရန်ကုန်မြို့လုံခြုံရေးအတွက်အထူးအရေးပါရာနေရာဖြစ်သည့်အပြင် ရန်ကုန်မိုးလေဝသတိုင်းတာရေးရေဒါစခန်းတည်ရှိရာနေရာလည်းဖြစ်သည်။

“မီးပျက်တာကတော့ ပုံမှန်ဖြစ်နေပြီ။ ဒါပေမဲ့ မီးပျက်ရင် မီးပွိုင့်တွေ ပိတ်ပြီး ကားလမ်းတွေပါပိတ်သွားတာ။ YBS ကားတွေမှာ လူတွေကြပ်ပြီး အကုန်ဒုက္ခ ရောက်ကုန်တာပေါ့” ဟု တောင်ဥက္ကလာမြို့ခံ မဝေဝေကပြောသည်။

အဆိုပါ ဖြစ်စဉ်သည် ရန်ကုန်မြို့ပြတစ်ခုလုံးကိုထိခိုက်မှုမရှိသော်လည်း တောင်ဒဂုံနှင့် လှိုင်သာယာပြေးဆွဲနေသော YBS ကားများတွင် အသွား အပြန် လမ်ကြောင်းတစ်ခြမ်း ထိခိုက်ခဲ့ကြောင်း သိရသည်။ ချော်တွင်းကုန်းမှတ်တိုင်တွင်ကားများပိတ်သွားပြီး ကမ္ဘာအေးဘုရားနှင့်ဆက်စပ်ဖောက်ထွက်ရာ စွယ်တော်စေတီလမ်းကြားများတွင် ကားအပြည့်ဖြစ်သွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း၌ နေ့စဥ် YBS စီးနင်းသည့် ခရီးသည် ဦးရေ(၁)သန်းခွဲဝန်းကျင်ရှိပြီး ဘတ်စ်ကား အစီးရေ(၃၆၀၀)ကျော်ဖြင့်ဝန်ဆောင်မှုပေးနေကြောင်းသိရသည်။

zawgyi version
ကြန္တိန္နာတစ္စီးက ဓာတ္တိုင္ကိုဝင္တိုက္မႈေၾကာင့္ ဓာတ္တိုင္(၅)တိုင္လဲကာ လွ်ပ္စစ္မီးျပတ္ေတာက္မႈ ရန္ကုန္၌ ျဖစ္ပြားခဲ့
ေခတ္မင္းကို (NP News) - ေအာက္တိုဘာ ၄

ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ ကမာၻေအးဘုရားလမ္းမေပၚရွိ စာတိုက္မွတ္တိုင္အနီး၌ ယမန္ေန႔(ေအာက္တိုဘာ ၃ ရက္)တြင္ ကြန္တိန္နာတစ္စီးက ဓာတ္တိုင္ကို ဝင္တိုက္ရာမွာ ဓာတ္တိုင္(၅)တိုင္လဲကာ လွ်ပ္စစ္ မီးျပတ္ေတာက္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ဒီနားတစ္ဝိုက္ေတာ့အကုန္မီးျပတ္သြားတာဘဲ၊ အခုထိေတာ့ ကမာၻေအးလမ္းတေၾကာနဲ႔အေရးႀကီးပုဂၢိဳလ္ေတြရဲ႕လိုင္းေတြ အားလုံးမီးျပန္မရေသးဘူးနဲ႔တူတယ္”ဟု ေရကူးဘူတာ႐ုံလမ္းအနီးေနထိုင္သူ မေမသူ (အမည္လႊဲ) က ေျပာသည္။

ကမာၻေအးဝန္းက်င္တစ္ဝိုက္သည္ ရန္ကုန္ၿမိဳ႕လုံၿခဳံေရးအတြက္အထူးအေရးပါရာေနရာျဖစ္သည့္အျပင္ ရန္ကုန္မိုးေလဝသတိုင္းတာေရးေရဒါစခန္းတည္ရွိရာေနရာလည္းျဖစ္သည္။

“မီးပ်က္တာကေတာ့ ပုံမွန္ျဖစ္ေနၿပီ။ ဒါေပမဲ့ မီးပ်က္ရင္ မီးပြိဳင့္ေတြ ပိတ္ၿပီး ကားလမ္းေတြပါပိတ္သြားတာ။ YBS ကားေတြမွာ လူေတြၾကပ္ၿပီး အကုန္ဒုကၡ ေရာက္ကုန္တာေပါ့” ဟု ေတာင္ဥကၠလာၿမိဳ႕ခံ မေဝေဝကေျပာသည္။

အဆိုပါ ျဖစ္စဥ္သည္ ရန္ကုန္ၿမိဳ႕ျပတစ္ခုလုံးကိုထိခိုက္မႈမရွိေသာ္လည္း ေတာင္ဒဂုံႏွင့္ လႈိင္သာယာေျပးဆြဲေနေသာ YBS ကားမ်ားတြင္ အသြား အျပန္ လမ္ေၾကာင္းတစ္ျခမ္း ထိခိုက္ခဲ့ေၾကာင္း သိရသည္။ ေခ်ာ္တြင္းကုန္းမွတ္တိုင္တြင္ကားမ်ားပိတ္သြားၿပီး ကမာၻေအးဘုရားႏွင့္ဆက္စပ္ေဖာက္ထြက္ရာ စြယ္ေတာ္ေစတီလမ္းၾကားမ်ားတြင္ ကားအျပည့္ျဖစ္သြားခဲ့ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕တြင္း၌ ေန႔စဥ္ YBS စီးနင္းသည့္ ခရီးသည္ ဦးေရ(၁)သန္းခြဲဝန္းက်င္ရွိၿပီး ဘတ္စ္ကား အစီးေရ(၃၆၀၀)ေက်ာ္ျဖင့္ဝန္ေဆာင္မႈေပးေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.