တစ်လနှစ်ကြိမ်ဖွင့်လှစ်မည့် အောင်ဘာလေအွန်လိုင်းထီကြောင့် နှစ်လုံး၊ သုံးလုံးထိုးရာမှ ဖြစ်ပေါ်လာသည့် ဒုစရိုက်မှုများ လျော့နည်းလာနိုင်

 380

တစ်လနှစ်ကြိမ်ဖွင့်လှစ်မည့် အောင်ဘာလေအွန်လိုင်းထီကြောင့် နှစ်လုံး၊ သုံးလုံးထိုးရာမှ ဖြစ်ပေါ်လာသည့် ဒုစရိုက်မှုများ လျော့နည်းလာနိုင်
ယွန်း (NP News) - အောက်တိုဘာ ၅


တစ်လနှစ်ကြိမ်ဖွင့်လှစ်မည့် အောင်ဘာလေအွန်လိုင်းထီကြောင့် နှစ်လုံး၊ သုံးလုံးထိုးရာမှ ဖြစ်ပေါ်လာသည့် ဒုစရိုက် မှုများလျော့နည်းလာနိုင်ကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ထားသည်။

ယခု အောက်တိုဘာ(၁၅)ရက်မှစ၍ အောင်ဘာလေအွန်လိုင်းသိန်းဆုထီအား အက္ခရာ(၁)လုံး၊ ဂဏန်း(၅)လုံးဖြင့် တစ်လလျှင် နှစ်ကြိမ် ရောင်းချပေးမည်ဖြစ်ကြောင်း အောင်ဘာလေအွန်လိုင်းထီက ပြီးခဲ့သည့်ရက်ပိုင်းတွင် အသိပေးထားသည်။
ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံတော်အနေဖြင့် ဝင်ငွေရရှိခြင်းအပြင် နှစ်လုံး၊ သုံးလုံး ထိုးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဒုစရိက်မှုများ လျော့နည်းလာနိုင်ကြောင်း သိရသည်။
"မြန်မာနိုင်ငံမှာ လောင်းကစားတွေလုပ်ကြတယ်။ ပိုပြီးတော့လည်း ငွေကုန်ကြေးကျလည်းများတယ်။ အောက်ခြေ လူတန်းစားအများစုက ချဲတို့၊ နှစ်လုံးတို့ကို လုပ်ကြတယ်။ ပေါက်ရင် မလျော်ပဲပြေးတာတွေလည်း ရှိတယ်။ ဒုစရိုက်မှုတွေ များလာတယ်။ အခုက ဒီလိုထီကို တစ်လနှစ်ကြိမ်လုပ်လိုက်တာက အဲဒီလိုဒုစရိုက်မှုတွေကို တားဆီး မယ့်သဘောဖြစ်တော့ လျော့နည်းသွားမယ်။ ထီဆိုတာက နိုင်ငံတိုင်းမှာ ပုံစံအမျိုးမျိုးနဲ့လုပ်ကြတယ်။ တရားဝင် လည်းဖြစ်တယ်။ အဓိကက နိုင်ငံတော်ရဲ့ဝင်ငွေရအောင် နည်းလမ်းတစ်ခုနဲ့ရှာတာပေါ့။ အခုက တစ်လကို နှစ်ကြိမ် လုပ်လိုက်တာ အရင်ကထက်စာရင် ပြည်သူတွေအတွက် အခွင့်အရေးလည်းပိုရတယ်။ အွန်လိုင်းကနေ တစ်ခါထဲ ဝယ်လို့ရတဲ့အတွက် ကုန်ကျစရိတ်လည်း သက်သာမယ်။ ထီလက်မှတ်ပျောက်တာတွေ ဘာတွေလည်း မဖြစ်နိုင် တော့ဘူး" ဟု NP News ကို ပြောသည်။

အက္ခရာ(၁)လုံးနှင့် ဂဏန်း(၅)လုံးပါ အောင်ဘာလေအွန်လိုင်းသိန်းဆုထီအား (၁)လလျှင် (၂)ကြိမ်ရောင်းချပေးမည် ဖြစ်ပြီး ရောင်းချမည့်ကာလများမှာ လတစ်လ၏ (၁)ရက်မှ (၁၄)ရက်အထိ (၁)ကြိမ် နှင့် (၁၆)ရက်မှ လကုန် မတိုင်မီ(၁)ရက်အလိုအထိ (၁)ကြိမ် စုစုပေါင်း(၂)ကြိမ်ဖြစ်ကြောင်း သိရသည်။

ထီဖွင့်ပွဲအား လတစ်လ၏ ပထမအကြိမ်အတွက် ထီဖွင့်ပွဲအား လစဉ်(၁၆) ရက်နှင့် ဒုတိယအကြိမ်အတွက် ထီဖွင့်ပွဲ အား နောက်လ၏ (၂)ရက်တွင် ပုံမှန်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါ အောင်ဘာလေသိန်းဆုထီတွင် Jackpot ဆု၊ ယူနစ်ဆုနှင့် နှစ်သိမ့်ဆုများဖြင့် ထီဆုများဖွင့်လှစ်ပေး မည်ဖြစ်ပြီး Jackpot ဆု၏ ထီလက်မှတ်ကံထူးရှင်အား (၃)ကြိမ်တိတိ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

(၃)ကြိမ်အတွင်း ပေါက်မဲနံပါတ် မထွက်ပေါ်ပါက Jackpot ဆုအတွက် ထီဆုငွေကို နောက်တစ်ကြိမ် ထီဖွင့်ပွဲတွင် ပေါင်းထည့်သွားမည်ဖြစ်ပြီး ဆတိုးရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
တစ္လႏွစ္ႀကိမ္ဖြင့္လွစ္မည့္ ေအာင္ဘာေလအြန္လိုင္းထီေၾကာင့္ ႏွစ္လုံး၊ သုံးလုံးထိုးရာမွ ျဖစ္ေပၚလာသည့္ ဒုစ႐ိုက္ မႈမ်ား ေလ်ာ့နည္းလာႏိုင္
ယြန္း (NP News) - ေအာက္တိုဘာ ၅

တစ္လႏွစ္ႀကိမ္ဖြင့္လွစ္မည့္ ေအာင္ဘာေလအြန္လိုင္းထီေၾကာင့္ ႏွစ္လုံး၊ သုံးလုံးထိုးရာမွ ျဖစ္ေပၚလာသည့္ ဒုစ႐ိုက္ မႈမ်ားေလ်ာ့နည္းလာႏိုင္ေၾကာင္း ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕က သုံးသပ္ထားသည္။

ယခု ေအာက္တိုဘာ(၁၅)ရက္မွစ၍ ေအာင္ဘာေလအြန္လိုင္းသိန္းဆုထီအား အကၡရာ(၁)လုံး၊ ဂဏန္း(၅)လုံးျဖင့္ တစ္လလွ်င္ ႏွစ္ႀကိမ္ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ေအာင္ဘာေလအြန္လိုင္းထီက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အသိေပးထားသည္။
ထိုသို႔ေဆာင္႐ြက္ျခင္းသည္ ႏိုင္ငံေတာ္အေနျဖင့္ ဝင္ေငြရရွိျခင္းအျပင္ ႏွစ္လုံး၊ သုံးလုံး ထိုးျခင္းေၾကာင့္ ျဖစ္ေပၚလာသည့္ ဒုစရိက္မႈမ်ား ေလ်ာ့နည္းလာႏိုင္ေၾကာင္း သိရသည္။
"ျမန္မာႏိုင္ငံမွာ ေလာင္းကစားေတြလုပ္ၾကတယ္။ ပိုၿပီးေတာ့လည္း ေငြကုန္ေၾကးက်လည္းမ်ားတယ္။ ေအာက္ေျခ လူတန္းစားအမ်ားစုက ခ်ဲတို႔၊ ႏွစ္လုံးတို႔ကို လုပ္ၾကတယ္။ ေပါက္ရင္ မေလ်ာ္ပဲေျပးတာေတြလည္း ရွိတယ္။ ဒုစ႐ိုက္မႈေတြ မ်ားလာတယ္။ အခုက ဒီလိုထီကို တစ္လႏွစ္ႀကိမ္လုပ္လိုက္တာက အဲဒီလိုဒုစ႐ိုက္မႈေတြကို တားဆီး မယ့္သေဘာျဖစ္ေတာ့ ေလ်ာ့နည္းသြားမယ္။ ထီဆိုတာက ႏိုင္ငံတိုင္းမွာ ပုံစံအမ်ိဳးမ်ိဳးနဲ႔လုပ္ၾကတယ္။ တရားဝင္ လည္းျဖစ္တယ္။ အဓိကက ႏိုင္ငံေတာ္ရဲ႕ဝင္ေငြရေအာင္ နည္းလမ္းတစ္ခုနဲ႔ရွာတာေပါ့။ အခုက တစ္လကို ႏွစ္ႀကိမ္ လုပ္လိုက္တာ အရင္ကထက္စာရင္ ျပည္သူေတြအတြက္ အခြင့္အေရးလည္းပိုရတယ္။ အြန္လိုင္းကေန တစ္ခါထဲ ဝယ္လို႔ရတဲ့အတြက္ ကုန္က်စရိတ္လည္း သက္သာမယ္။ ထီလက္မွတ္ေပ်ာက္တာေတြ ဘာေတြလည္း မျဖစ္ႏိုင္ ေတာ့ဘူး" ဟု NP News ကို ေျပာသည္။

အကၡရာ(၁)လုံးႏွင့္ ဂဏန္း(၅)လုံးပါ ေအာင္ဘာေလအြန္လိုင္းသိန္းဆုထီအား (၁)လလွ်င္ (၂)ႀကိမ္ေရာင္းခ်ေပးမည္ ျဖစ္ၿပီး ေရာင္းခ်မည့္ကာလမ်ားမွာ လတစ္လ၏ (၁)ရက္မွ (၁၄)ရက္အထိ (၁)ႀကိမ္ ႏွင့္ (၁၆)ရက္မွ လကုန္ မတိုင္မီ(၁)ရက္အလိုအထိ (၁)ႀကိမ္ စုစုေပါင္း(၂)ႀကိမ္ျဖစ္ေၾကာင္း သိရသည္။

ထီဖြင့္ပြဲအား လတစ္လ၏ ပထမအႀကိမ္အတြက္ ထီဖြင့္ပြဲအား လစဥ္(၁၆) ရက္ႏွင့္ ဒုတိယအႀကိမ္အတြက္ ထီဖြင့္ပြဲ အား ေနာက္လ၏ (၂)ရက္တြင္ ပုံမွန္ဖြင့္လွစ္ေပးမည္ျဖစ္ေၾကာင္း အသိေပးထားသည္။
အဆိုပါ ေအာင္ဘာေလသိန္းဆုထီတြင္ Jackpot ဆု၊ ယူနစ္ဆုႏွင့္ ႏွစ္သိမ့္ဆုမ်ားျဖင့္ ထီဆုမ်ားဖြင့္လွစ္ေပး မည္ျဖစ္ၿပီး Jackpot ဆု၏ ထီလက္မွတ္ကံထူးရွင္အား (၃)ႀကိမ္တိတိ ေ႐ြးခ်ယ္မည္ျဖစ္ေၾကာင္း သိရသည္။

(၃)ႀကိမ္အတြင္း ေပါက္မဲနံပါတ္ မထြက္ေပၚပါက Jackpot ဆုအတြက္ ထီဆုေငြကို ေနာက္တစ္ႀကိမ္ ထီဖြင့္ပြဲတြင္ ေပါင္းထည့္သြားမည္ျဖစ္ၿပီး ဆတိုးရရွိသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.