နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာက အထိခိုက်အနည်းဆုံး လမ်းကြောင်းလား

 345

သုတကျော် (NP News) - အောက်တိုဘာ ၈

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက စက်တင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန်ချက်ထုတ်ကာ ကမ်းလှမ်းဖိတ်ခေါ်ထားသည်။ အဆို ပါ ကမ်းလှမ်းချက်နှင့်ပတ်သက်၍ 7 EAOs Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ထံ NP News မှသဘောထားအမြင်မေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

မေး - နစက ဘက်ကနေ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် ကမ်းလှမ်းတာကို ကျွန်တော်တို့ မြင်ကြရပါ တယ်။ ပထမဆုံး မေးချင်တာက ဗိုလ်မှူးကြီးတို့ ဘက်က ဒါကို ဘယ်လို မြင်ပါသလဲ။
ဖြေ - ကျွန်တော်တို့နိုင်ငံမှာ ကြုံနေရတဲ့ အခက်အခဲကနေ ဆိုလိုချင်တာက ဒီအချိန်မှာ ကျွန်တော်တို့ နိုင် ငံမှာ စစ်ရေးဘောင်က အရမ်းကို ကျယ်ပြန့်ပြီးတော့ နိုင်ငံရေးဘောင်က အရမ်းကို ကျဉ်းမြောင်းပြီး ပိတ် လုပိတ်ခင်ဖြစ်နေတဲ့ အနေအထားတစ်ခုအောက်မှာ ဒီဖိတ်ခေါ်မှုကတော့ အရွေ့တစ်ခုလို့ ပြောမလား၊ အပြောင်းအလဲ တစ်ခုလို့ ပြောမလား လူတော်တော်များများကတော့ စိတ်ဝင်စားမှုရှိနေတာကို သိရှိရတယ် လေ။ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ဖြတ်သန်းမှု အတွေ့အကြုံအရလည်း ပြီးခဲ့ တဲ့ ၂၀၁၀ တုန်းက အာဏာရလာခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်တုန်းကလည်းပဲ အဲဒီလို ငြိမ်းချမ်း ရေး ဖိတ်ခေါ်မှုရှိတယ်။ ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်တွေ လက်မှတ်ထိုးတယ်။ နောက်ဆုံး NCA ပေါ့လေ လက်မှတ်ထိုးတဲ့အထိ လုပ်နိုင်ခဲ့တာပေါ့။ ဒီတစ်ကြိမ်ဖိတ်ခေါ်မှုကို ပြန်ကြည့်လိုက်ရင် ဦးသိန်း စိန် ခေတ်တုန်းက ဖိတ်ခေါ်မှုနဲ့ တော်တော် လည်း ကွဲပြားခြားနားမှုရှိတယ်။ ဆိုတော့ကာ ဒါ နံပါတ်တစ် အချက်က ကျွန်တော်တို့ အခုလက်ရှိ ကြုံနေရတဲ့ နိုင်ငံရဲ့အခင်းအကျင်းက အရင်ဦးသိန်းစိန် ခေတ်တုန်း က အခြေအနေ အခင်းအကျင်းထက်စာရင် အများကြီး အကျပ်အတည်းတွေရှိနေတဲ့ ကာလဖြစ်တယ်။ ပြီးတော့ ဖိတ်ခေါ်မှုကို ဖတ်ကြည့်လိုက်မယ်ဆိုရင် ဦးသိန်းစိန်ခေတ်တုန်းက ဖိတ်ခေါ်မှုလိုမျိုး နှစ်ဖက် အဆင်ပြေပြေနဲ့ ရှဉ့်လည်းလျှောက်သာ၊ ပျား လည်းစွဲသာလိုက်ပါဆောင်ရွက်နိုင်တဲ့ အခြေအနေက လည်း ဒါတော်တော်လေး အလှမ်းဝေးတယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်မိတာရှိပါတယ်။ ဒါကြောင့် ဒီကနေ့ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပုံမှန်အခြေအနေမဟုတ်တဲ့ ဒီလို နိုင်ငံရေးအခင်းအကျင်း အောက်မှာ ကျွန်တော်တို့ အခုကြုံတွေ့နေရတဲ့ အခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက် ဒီဖိတ်ခေါ်မှုက တစ်စုံတစ်ရာ အစပြုပေးတာ၊ အကောင်အထည်ဖော်နိုင်တဲ့အဆင့် အထိရောက်ဖို့ကတော့ အများကြီး ခဲယဉ်းတယ်လို့ ရိုးရိုးသားသား အဲဒီလို နားလည်ပါတယ်။

မေး - အခု လက်ရှိနိုင်ငံရေး ဘောင်ကျဉ်းနေခိုက်မှာ ဖိတ်ခေါ်မှုရှိလာတဲ့အခါ ဗိုလ်မှူးကြီးအနေနဲ့ အဖွဲ့ကို ကိုယ်စားပြုပြီး ဘာများပြောချင်ပါသလဲ။
ဖြေ - ကျွန်တော်တို့အဖွဲ့တွေက နိုင်ငံရေးဆွေးနွေးမှုကို တစ်စိုက်မတ်မတ်ကိုးကွယ်လာတဲ့အဖွဲ့တွေ ဆို တော့လေ။ သို့သော်လည်းပဲ အခုချိန်မှာ နိုင်ငံရေး ဆွေးနွေးပွဲလို့ပြောရင် တော်တော်များများက မကြိုက် ကြဘူးလေနော်။ ဆဲကြတယ်ပေါ့ဗျာ။ ဒါတွေကလည်း ကျွန်တော်တို့နိုင်ငံရဲ့ ပကတိအရှိတရားပါ။ ခုနက ဆရာပြောတဲ့ ဗိုလ်မှူးကြီးတို့အဖွဲ့ပြောတာထက် ဗိုလ်မှူးကြီးတို့ အတူတကွပူးပေါင်းဆောင်ရွက်တဲ့ 7 EAOs Alliance စုဖွဲ့မှုအနေနဲ့ပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့က ခုနကပြောသလို ကျွန်တော် တို့ စ်နိုင်ငံလုံးကြုံတွေ့နေရတဲ့ အခက်အခဲ၊ အကျပ်အတည်းကို ကျော်လွှားဖို့ဆိုရင် ဒါနိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာမို့လို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပြီး အဖြေရှာခြင်းနည်းကသာ ကျွန်တော် တို့ ပြည်ထောင်စုအတွက် ထိခိုက်နစ်နာမှု အနည်းဆုံး ဖြစ်နိုင်တဲ့လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီးတော့ ဒါ ကြိုးပမ်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ခုနက ဆရာပြောသလို နိုင်ငံရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ကျွန် တော်တို့လုပ်လည်းလုပ်ခဲ့တယ်။ ကြိုးလည်း ကြိုးပမ်းခဲ့တယ်။ သို့သော် ခရီးပေါက်သလားဆိုတော့လည်း ရိုးရိုးသားသားပြောရမယ်ဆိုရင် ထင်သလောက် မပေါက်ပါဘူး။ ဒီအချိန်က စစ်ရေးဘောင်အရမ်းကို ကြီးမားကျယ်ပြန့်တဲ့ကာလလည်း ဖြစ်တယ်။ ဒီလိုမျိုး အခြေအနေတစ်ခုမှာတော့ အခုက နိုင်ငံရေးဆွေး နွေးပွဲပဲ ပြောပြော၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲပဲ ပြောပြော အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးရှိ တယ်လို့ နားလည်မှုရှိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ဒီနိုင်ငံရေးဆွေးနွေးပွဲ အခင်း အကျင်း ထဲကို ၂၀၁၂ ခုနှစ် ပြန်ပြီးတော့ ဝင်လာကတည်းကိုက ကျွန်တော်တို့ ထုတ်ပြန်ချက်အတိုင်းပါပဲ။ လက်ရှိနိုင်ငံရေး၅၅အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ ကျွန်တော်တို့အနေနဲ့ ဒါ ကြိုးပမ်းဆောင်ရွက်မယ်ဆိုတဲ့ ထုတ်ပြန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ အခြေအနေတွေ ကလည်း အများကြီးပြောင်း လဲခဲ့ပြီးပြီလေနော်ဆရာ။ အရင်တုန်းကတော့ ကျွန် တော်တို့ NCA လမ်းကြောင်းအရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလုပ်ခဲ့တယ်။ ၂၀၂၁ ကနေစပြီး ရပ်တန့် သွားတယ်။ ၂၀၂၂ ကနေ အစပြုမှုတွေပြန်ပြီး လုပ်လို့ ရများရနိုင်မလားဆိုတဲ့ ကြိုးစားချက်နဲ့ ပြန်လည်ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲကို ပြန်ပြီးရှင်သန်လာအောင် ကြိုးပမ်းခဲ့တယ်။ ဒါပေမဲ့ ခုနကပြောသလိုပဲ ထင်သလောက် အောင်မြင်မှုမရှိဘူး။ ဒီကြားထဲမှာလည်း ကျွန်တော်တို့ တိုင်းပြည်အခြေအနေ အခင်းအကျင်းတွေက လည်း အများကြီး ပြောင်းလဲသွားတာလည်း သိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် နိုင်ငံရေးဆွေး နွေးပွဲပဲပြောပြော ငြိမ်းချမ်းရေး ဆွေးနွေးပွဲပဲပြောပြော ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုး ဆွေးနွေးပွဲတစ်ခု ကို လုပ်ဖို့လည်း လိုအပ်တယ်။ လုပ်ဖို့လည်း စိတ်ဆန္ဒရှိပြီဆိုရင် ကျွန်တော်တို့နဲ့ ဆွေးနွေးမယ့် ပါတနာ တွေအတွက် လိုက်ပါဆောင်ရွက်နိုင်မယ့် အခြေအနေ၊ အခင်းအကျင်းဖြစ်ဖို့က ကျွန်တော်တို့ အနေနဲ့ ကတော့ 7 EAOs Alliance အနေနဲ့ကတော့ ပထမဆုံး အလွတ်သဘောအရင်တွေ့မယ်။ ဘယ်နေရာမှာ တွေ့မယ်။ ဘယ်အချိန်မှာ တွေ့မယ်၊ ဘယ်အကြောင်းအရာတွေဆွေးနွေးမယ်ကအစ နှစ်ဖက် ညှိနှိုင်းမှုနဲ့ လုပ်တာက လက်တွေ့ကျမယ်လို့ ကျွန်တော်တို့ အဲဒီလို ရိုးရိုးသားသားမြင်ပါတယ်။ တစ်ဖက်က လာခိုင်း လို့လာရတဲ့ အခြေအနေထက်စာရင် နှစ်ဖက်စလုံးအတွက် အဆင်ပြေပြေနဲ့လျှောက်သွားနိုင်မယ့် အခင်း အကျင်းအပေါ် အလွတ်သဘောကနေ ကြိုတင်ဖန်တီးရယူပြီးမှ ဆက်လက်လုပ်ဆောင်ခြင်းကသာလျှင် လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိတယ်လို့ အဲဒီလို နားလည်ချက် ရှိပါတယ်ဗျ။

မေး - လက်ရှိမှာ အစိုးရကို လက်နက်ကိုင် တိုက်နေတဲ့ အဖွဲ့တွေကတော့ ဒီနိုင်ငံရေးဆွေးနွေးဖို့ ကမ်း လှမ်းတာကို လက်မခံတာမြင်ရပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲ မလုပ်ဘူး ဆက်ပြီးရှည်ကြာနေမယ်ဆိုရင် ဘယ်လိုမျိုး အခြေအနေ ဆိုက်သွားနိုင်မလဲ ခင်ဗျ။
ဖြေ - ဟုတ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက် ရှေ့ဆက် ဘယ်လိုဖြစ်နိုင်သလဲဆိုတာက ဆရာမေး တာက နောက်လည်း နောက်တောင် နောက်ကျနေပါပြီ။ ဖြစ်လည်း ဖြစ်နေပါပြီ။ မတွေ့ချင်၊ မမြင်ချင်တဲ့ အဆုံးပါပဲ။ ဆရာတို့ မီဒီယာက ပုဂ္ဂိုလ်တွေလည်းပို သိမှာပါ။ ကျွန်တော်တို့ ကိုယ့်ဖုန်းကိုဖွင့်လိုက်တာနဲ့ မီးလောင်တာတို့ သေကျေပျက်စီးတာတို့ ဒါတွေကပဲ မရိုးနိုင်အောင် နေ့စဉ် ရက်ဆက်တွေ့နေရတာ လည်း ဒီအနိဋ္ဌာရုံတွေက ကျွန်တော်တို့ကို စွဲကပ်နေတာလည်း ကြာခဲ့ပြီလေနော်။ ဆိုတော့ကာ မှန်ပါ တယ်။ ဒီအချိန်မှာကတော့ ဘယ်သူပဲဖြစ်ဖြစ် အပြစ်ပြောလို့ မရပါဘူး။ ပကတိအရှိတရား။ တိုက်နေတဲ့ သူတွေကလည်း အကြောင်းတရားရှိလို့ အကျိုးတရား ဖြစ်လာတယ်လို့ လက်ခံပေးရမယ်လေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ခုနက ဒီအခြေအနေပေါ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ အခြေအနေက နိုင်ငံ့သမိုင်းမှာဆိုရင် ကျွန် တော့်အနေနဲ့ကတော့ မကြုံစဖူးပါပဲ ဆရာ။ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ အစိုးရနဲ့ စစ် ဖြစ်ကြတယ်။ ဒီတုန်းက တော်တော်လေးဆိုးခဲ့တယ်လို့ ထင်ခဲ့တယ်။ သို့သော် ဒီသုံးနှစ်တာ ကြုံတွေ့နေရတဲ့ အခြေအနေက အရင်ကမမျှော်မှန်းခဲ့တဲ့ အခြေအနေမှာလည်း စစ်မီးက တောက်လောင် နေတယ်။ ပြည်သူလူထုတွေကလည်း နိစ္စဓူဝ အိုးအိမ်ပျက်စီးခြင်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်။ ပြည်သူ လူထု ဆိုတာကတော့ဗျာ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အခံဘက်သက်သက်ပေါ့။ တိုက်တဲ့အထဲ လည်း သူမပါဘူး။ ဒီဒဏ်ရာ ဒဏ်ချက်ကိုတော့ အကုန်လုံး ခံခဲ့ရတယ်။ ခံရတာတော့ အကုန်လုံးပါပဲ ဆရာ။ တချို့ က တိုက်ရိုက်ခံရတာရှိသလို သွယ်ဝိုက်ခံစားနေရတာ ရှိတယ်။ ပညာရေး ၊ ကျန်းမာရေး ကအစ ဆရာသိတဲ့ အတိုင်းပါပဲ။ ကျွန်တော်မပြောတော့ပါဘူး။ ရှေ့ဆက်ကတော့ ခုနကပြောသလို ကျွန်တော်တို့ပြောနေတဲ့ သက်ဆိုင်သူများအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု၊ ကျွန်တော်တို့ 7 EAOs Alliance အနေနဲ့ကတော့ ကိုယ်ကြည့်လို့ရတဲ့သူပဲဖြစ်ပါစေ၊ ကိုယ်မျက်မုန်းကျိုးတဲ့ သူပဲဖြစ်ပါစေ ဒီနိုင်ငံရဲ့အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့၊ ပဋိပက္ခကို ကျော်လွှားနိုင်ဖို့၊ လက်နက်ကိုင်ပဋိပက္ခကို လျှော့ချချုပ်ငြိမ်းနိုင်ဖို့ အတွက်ကတော့ မပြောမဖြစ်၊ မတွေ့မဖြစ် တွေ့သင့်တွေ့ထိုက်သူ အားလုံးနဲ့ ကျွန်တော်တို့ စတင်ပြီးတော့ တွေ့ဆုံခြင်းကသာလျှင် ခံရမယ့်ဟာကိုတော့ ကာလတစ်ခုကို မြန်မြန် ဆန်ဆန်ချုပ်ငြိမ်းတာ ဖြစ်စေချင်ပါတယ်ခင်ဗျာ။

မေး - ကျွန်တော်တို့ နိုင်ငံရဲ့တည်ငြိမ်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲကသာ တစ်ခုတည်းသော အဖြေ လို့ ဗိုလ်မှူးကြီးတို့ ခံယူပါသလား။
ဖြေ - တစ်အချက်က ကျွန်တော်တို့နိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေဟာ နိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ တိုင်းတစ်ပါးတစ်ခုခုက လူတွေနဲ့ဖြစ်နေတဲ့ ပဋိပက္ခ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ နှစ်ပေါင်းများစွာ အတူ တကွယှဉ်တွဲနေထိုင်လာတဲ့ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသား၊ ပြည်ထောင်စုသားတွေကြားထဲက ကျွန်တော်တို့အချင်းချင်းဖြစ်နေတဲ့ ပဋိပက္ခဆိုတာကို အားလုံးက နည်းနည်းလေး အာရုံစိုက်ဖို့သင့်တယ် ထင်တယ်။ ဒီအချိန်မှာပေါ့လေ ဆရာဒီလိုပုံမှန် မဟုတ်တဲ့ နိုင်ငံရေးအခြေအနေ တစ်ခုအောက်မှာ အမြင် တွေ၊ လုပ်ရိုးလုပ်စဉ်တွေ၊ ရှုထောင့်တွေအမျိုးမျိုးရှိတာကိုတော့ ဘယ်လိုမှလွန်ဆန်လို့ မရဘူးလေနော်။ ယုတ်စွအဆုံးဗျာ ကျွန်တော်တို့ တစ်ဖွဲ့တည်းမှာ ရှိနေတဲ့သူတွေ အချင်းချင်းတောင်မှ အမြင်မတူတာတို့ သဘောထားကွဲတာတို့ ရှိကြတယ်လေ။ ဆိုတော့ကာ ဒီလိုမျိုးကြီးမားကျယ်ပြန့်တဲ့ အတိုင်းအတာနဲ့ ဖြစ် နေတဲ့ အကျပ်အတည်းအခက်အခဲကို ကျွန်တော်တို့ ပြေလည်သွားနိုင်တဲ့နည်းလမ်းဆိုလည်း အမြင်တွေ က အမျိုးမျိုးကွဲပြားနေမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ဆိုရင်လည်း ကျွန်တော်တို့ အတွေ့အကြုံ အရပဲ ပြောပြော၊ နိုင်ငံရေးသမိုင်းအရပဲ ပြောပြော ကျွန်တော် ခုနကပြောသလိုပါပဲ ဒါဟာ နိုင်ငံရေး ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေဖြစ်တယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်း နည်းနဲ့ ဖြေရှင်းခြင်းကသာလျှင် ကျွန်တော်တို့ နိုင်ငံသားတွေအတွက်၊ ကျွန်တော်တို့ ပြည်ထောင်စု အတွက် သက်သောင့်သက်သာနဲ့ ထိခိုက်မှုအနည်းဆုံး လမ်းကြောင်းတစ်ခုကို ရွေးချယ်နိုင်မှာ ဖြစ်ပါ တယ် ခင်ဗျာ။ ဒါပေမဲ့ ခုနကပြောသလို လုပ်နည်း၊ လုပ်ဟန်တွေအရ တချို့အဖွဲ့တွေကလည်း ဒီအပေါ် မှာ လက်မခံနိုင်တာတို့၊ ပြစ်တင်ကဲ့ရဲ့တာတို့ ရှိနေပါတယ်။ ကျွန်တော်တို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်ဦးနဲ့ တစ်ဦး ကြားရှိနေတဲ့ မတူညီတဲ့ သမိုင်းနောက်ခံတွေအပေါ်မှာ မတူကွဲပြားမှုတွေ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေ ဖြစ်ကြတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ အတွေ့အကြုံအရ ပြောပြော၊ ၂၀၁၃ NCA ရေးဆွဲတဲ့ အချိန်တုန်းကလေ တိုင်းရင်းသားလက်နက်ကိုင် အကုန်လုံး မဟုတ်သည့်တိုင်အောင် အကုန်လုံးနီးပါး ဆွေးနွေးခဲ့တဲ့ NCA အခြေခံမူထဲမှာတောင်မှ ကျွန်တော်တို့ နိုင်ငံမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အပြီးသတ်ချုပ်ငြိမ်းနိုင်ဖို့အတွက် ပြည်တွင်းစစ် အရင်းခံ အကြောင်းတရားနိုင်ငံရေး ပြဿနာတွေကို စစ်ရေးနည်းနဲ့မဟုတ်ဘဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာရန်ဆိုတာ အဲဒီတုန်းက အတူတကွ သဘောတူခဲ့ကြတယ်လေ။ ကျွန်တော်တို့ ဒီဘက် အစိုးရက ခေါင်းဆောင် တွေရော၊ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ခေါင်းဆောင်တွေရော အချိန်ပြည့် နီးပါးလောက် တစ်ခါတည်း အပြန်အလှန် ညှိနှိုင်းဆွေးနွေးတာကနေ ထွက်ပေါ်လာတဲ့ အချက်လို့ ပြောရင်လည်း မမှားဘူးပေါ့လေ။ ဒီအချိန်မှာတော့ ကျွန်တော်တို့ ပြောတာနဲ့ပြောင်းပြန်တွေ ဖြစ်ကုန်ခဲ့ပါပြီ။ ကျွန်တော် တို့က လိုလားချက်တွေ၊ ရည်မှန်းချက်တွေ တူရဲ့သားနဲ့ ကျွန်တော်တို့ နိုင်ငံအခြေအနေအရ ကျွန်တော်တို့ လျှောက်တဲ့ခရီးတွေ၊ လုပ်တဲ့လုပ်ငန်းစဉ်တွေက ကွဲပြားကောင်း ကွဲပြားနိုင်တယ်ဆိုတာကတော့ ပကတိ အရှိတရားမို့ ကျွန်တော်တို့ လက်ခံပေးရမယ်လေနော်။ ဘယ်လိုပဲ ဖြစ်ဖြစ် ခုနက ကျွန်တော့်အနေနဲ့ ပြောချင်တာကပေါ့လေ ပြောသာပြောတာပါ ကျွန်တော်လည်း မလုပ်နိုင်ပါဘူး။ သို့သော် လုပ်နိုင်တဲ့ ဒီနိုင်ငံရဲ့ အရေးအရာ၊ ဒီနိုင်ငံရဲ့ နိစ္စဓူဝ ကိစ္စရပ်၊ ပြည်သူလူထုတွေရဲ့ ဝန်ဆောင်မှု အရပ်ရပ်ကို တာဝန်ယူ ဆောင်ရွက်နေရတဲ့ အဖွဲ့အစည်းအနေနဲ့ကတော့ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် စကား ပြောဖို့လိုအပ်တဲ့၊ စကားပြောနိုင်တဲ့ အခင်းအကျင်းကိုလည်း ကျွန်တော်တို့ထက် ပိုပြီးအားထုတ်သင့် တယ်၊ ပိုပြီးတော့ စိတ်ရှည်သင့်တယ်၊ ပိုပြီးတော့ အမြင်ကျယ်သင့်တယ်ဆိုတဲ့ ရှုထောင့်မျိုးနဲ့လုပ်လို့ရှိရင် ကျွန်တော့်စိတ်ထင်တော့ အခုဖြစ်နေတာ ဘယ်လောက်ကြာဦးမလဲဆိုတာကို တစ်နည်းတစ်ဖုံ လျှော့ချ ပေးနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။

မေး - နစကဘက်က နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ် တာကို 7 EAOs Alliance က ဘယ်လို သဘောထား ရှိပါသလဲ။
ဖြေ - ဖိတ်ခေါ်တဲ့အထဲမှာတော့ ခုနက ကျွန်တော် ပြောသလိုမျိုးပါပဲ။ ကျွန်တော်တို့အနေနဲ့ကတော့ လက်တွေ့ကျတဲ့ဖိတ်ခေါ်မှုဖြစ်ချင်တယ်။ 7 EAOs Alliance ကလည်း လက်ရှိဖြစ်ပျက်နေတဲ့ ကျွန်တော် တို့နိုင်ငံရဲ့ အခက်အခဲအကျပ်အတည်းကို ကျော်လွှားချင်တယ်။ လွတ်မြောက်ချင်တယ်။ ပြီးဆုံး ချင်ပြီ။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ဦးဆောင်အဖွဲ့အစည်းအဝေးမှာလည်း ဒီအတိုင်းပဲ သွားနေလို့တော့ အဆင် မပြေဘူး။ ဦးဆောင်အဖွဲ့ကနေပြီးတော့ လမ်းသစ်တစ်ခုကို သွားဖို့ကို စဉ်းစားချက်ရှိပါတယ်။ ဒါကလည်း ဖိတ်ခေါ်မှုမတိုင်ခင်ပေါ့ဗျာ။ ဒီအချိန်မှာကတော့ အခြေအနေရော၊ အခင်းအကျင်းရော အရင်ထက်စာရင် ခက်ခဲ၊ ကျပ်တည်း၊ နက်ရှိုင်းတဲ့ အခြေအနေကို ရောက်သွားတဲ့ အခင်းအကျင်းတစ်ခုအောက်မှာ ခုနက ကျွန်တော်တို့အနေနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့၊ စကားပြောဖို့ စိတ်ဆန္ဒရှိပြီဆိုရင် ကိုယ်လုပ်နိုင်တဲ့ အနေ အထားကနေပြီးတော့ ကိုယ်ဖြစ်ချင်တာ တစ်ခုတည်းမဟုတ်ဘဲ ဆိုလိုချင်တာကဗျာ ဥပမာ-ဖိတ်တဲ့ နေရာ၊ သူခေါ်တဲ့အချိန် အဲဒီလိုတစ်ဖက်သတ် လိုက်ပါဆောင်ရွက်ရတာမဟုတ်ဘဲ ဒီဘက်က စကား ပြောချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပြေ လျှောက်သွားနိုင်အောင် ကျွန်တော်တို့အနေနဲ့ ပထမ ဦးဆုံး အလွတ်သဘောကနေ စတင်စကားပြောမယ်။ အဲဒီကနေပြီးမှ ဟုတ်ပြီ ဘယ်ရက်မှာတော့ တွေ့ဖို့ အဆင်ပြေတယ်၊ ဘယ်နေရာမှာတော့တွေ့ဖို့ အဆင် ပြေတယ်၊ ကျွန်တော်တို့နှစ်ဖက်စလုံးအတွက် အဆင်ပြေရမယ့်အချိန်၊ အဆင်ပြေရမယ့်နေရာ၊ ဆွေးနွေးမယ့်အကြောင်းအရာတွေကလည်း နှစ်ဖက် စလုံးအတွက် အဆင်ပြေပြေလျှောက်သွားနိုင်မယ့်ဟာဖြစ်အောင် အလွတ်သဘောကနေ ညှိနှိုင်း ဆောင် ရွက်ပြီးမှ လက်တွေ့ကျတဲ့ တွေ့ဆုံဆွေးနွေးမှုခေါ်မလား၊ နိုင်ငံရေးဆွေးနွေးမှုခေါ်မလား အဲဒါကို တစ်ဆင့် ပြီးတစ်ဆင့် လုပ်ဆောင်သွားဖို့အတွက်ကိုတော့ ကျွန်တော်တို့ 7 EAOs ရဲ့သွားလိုတဲ့၊ စဉ်းစားလို့ပေါက်တဲ့ အခြေအနေကို ပြောပြတာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

zawgyi version
ႏိုင္ငံေရး ျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းတာက အထိခိုက္အနည္းဆုံး လမ္းေၾကာင္းလား
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၈

ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းျဖင့္ ေျဖရွင္းရန္အတြက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီက စက္တင္ဘာလ ၂၆ ရက္တြင္ ထုတ္ျပန္ခ်က္ထုတ္ကာ ကမ္းလွမ္းဖိတ္ေခၚထားသည္။ အဆို ပါ ကမ္းလွမ္းခ်က္ႏွင့္ပတ္သက္၍ 7 EAOs Alliance မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး ေစာေက်ာ္ၫြန႔္ထံ NP News မွသေဘာထားအျမင္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ ေဖာ္ျပအပ္ပါသည္။

ေမး - နစက ဘက္ကေန ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းဖို႔အတြက္ ကမ္းလွမ္းတာကို ကြၽန္ေတာ္တို႔ ျမင္ၾကရပါ တယ္။ ပထမဆုံး ေမးခ်င္တာက ဗိုလ္မႉးႀကီးတို႔ ဘက္က ဒါကို ဘယ္လို ျမင္ပါသလဲ။
ေျဖ - ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ႀကဳံေနရတဲ့ အခက္အခဲကေန ဆိုလိုခ်င္တာက ဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔ ႏိုင္ ငံမွာ စစ္ေရးေဘာင္က အရမ္းကို က်ယ္ျပန႔္ၿပီးေတာ့ ႏိုင္ငံေရးေဘာင္က အရမ္းကို က်ဥ္းေျမာင္းၿပီး ပိတ္ လုပိတ္ခင္ျဖစ္ေနတဲ့ အေနအထားတစ္ခုေအာက္မွာ ဒီဖိတ္ေခၚမႈကေတာ့ အေ႐ြ႕တစ္ခုလို႔ ေျပာမလား၊ အေျပာင္းအလဲ တစ္ခုလို႔ ေျပာမလား လူေတာ္ေတာ္မ်ားမ်ားကေတာ့ စိတ္ဝင္စားမႈရွိေနတာကို သိရွိရတယ္ ေလ။ ၿငိမ္းခ်မ္းေရးဖိတ္ေခၚမႈနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ျဖတ္သန္းမႈ အေတြ႕အႀကဳံအရလည္း ၿပီးခဲ့ တဲ့ ၂၀၁၀ တုန္းက အာဏာရလာခဲ့တဲ့ ဦးသိန္းစိန္ အစိုးရ လက္ထက္တုန္းကလည္းပဲ အဲဒီလို ၿငိမ္းခ်မ္း ေရး ဖိတ္ေခၚမႈရွိတယ္။ ျပည္ေထာင္စုအဆင့္ အပစ္ရပ္စာခ်ဳပ္ေတြ လက္မွတ္ထိုးတယ္။ ေနာက္ဆုံး NCA ေပါ့ေလ လက္မွတ္ထိုးတဲ့အထိ လုပ္ႏိုင္ခဲ့တာေပါ့။ ဒီတစ္ႀကိမ္ဖိတ္ေခၚမႈကို ျပန္ၾကည့္လိုက္ရင္ ဦးသိန္း စိန္ ေခတ္တုန္းက ဖိတ္ေခၚမႈနဲ႔ ေတာ္ေတာ္ လည္း ကြဲျပားျခားနားမႈရွိတယ္။ ဆိုေတာ့ကာ ဒါ နံပါတ္တစ္ အခ်က္က ကြၽန္ေတာ္တို႔ အခုလက္ရွိ ႀကဳံေနရတဲ့ ႏိုင္ငံရဲ႕အခင္းအက်င္းက အရင္ဦးသိန္းစိန္ ေခတ္တုန္း က အေျခအေန အခင္းအက်င္းထက္စာရင္ အမ်ားႀကီး အက်ပ္အတည္းေတြရွိေနတဲ့ ကာလျဖစ္တယ္။ ၿပီးေတာ့ ဖိတ္ေခၚမႈကို ဖတ္ၾကည့္လိုက္မယ္ဆိုရင္ ဦးသိန္းစိန္ေခတ္တုန္းက ဖိတ္ေခၚမႈလိုမ်ိဳး ႏွစ္ဖက္ အဆင္ေျပေျပနဲ႔ ရွဥ့္လည္းေလွ်ာက္သာ၊ ပ်ား လည္းစြဲသာလိုက္ပါေဆာင္႐ြက္ႏိုင္တဲ့ အေျခအေနက လည္း ဒါေတာ္ေတာ္ေလး အလွမ္းေဝးတယ္လို႔ ကြၽန္ေတာ့္အေနနဲ႔ သုံးသပ္မိတာရွိပါတယ္။ ဒါေၾကာင့္ ဒီကေန႔ ကြၽန္ေတာ္တို႔ ႀကဳံေတြ႕ေနရတဲ့ ပုံမွန္အေျခအေနမဟုတ္တဲ့ ဒီလို ႏိုင္ငံေရးအခင္းအက်င္း ေအာက္မွာ ကြၽန္ေတာ္တို႔ အခုႀကဳံေတြ႕ေနရတဲ့ အခက္အခဲကို ေက်ာ္လႊားႏိုင္ဖို႔အတြက္ ဒီဖိတ္ေခၚမႈက တစ္စုံတစ္ရာ အစျပဳေပးတာ၊ အေကာင္အထည္ေဖာ္ႏိုင္တဲ့အဆင့္ အထိေရာက္ဖို႔ကေတာ့ အမ်ားႀကီး ခဲယဥ္းတယ္လို႔ ႐ိုး႐ိုးသားသား အဲဒီလို နားလည္ပါတယ္။

ေမး - အခု လက္ရွိႏိုင္ငံေရး ေဘာင္က်ဥ္းေနခိုက္မွာ ဖိတ္ေခၚမႈရွိလာတဲ့အခါ ဗိုလ္မႉးႀကီးအေနနဲ႔ အဖြဲ႕ကို ကိုယ္စားျပဳၿပီး ဘာမ်ားေျပာခ်င္ပါသလဲ။
ေျဖ - ကြၽန္ေတာ္တို႔အဖြဲ႕ေတြက ႏိုင္ငံေရးေဆြးေႏြးမႈကို တစ္စိုက္မတ္မတ္ကိုးကြယ္လာတဲ့အဖြဲ႕ေတြ ဆို ေတာ့ေလ။ သို႔ေသာ္လည္းပဲ အခုခ်ိန္မွာ ႏိုင္ငံေရး ေဆြးေႏြးပြဲလို႔ေျပာရင္ ေတာ္ေတာ္မ်ားမ်ားက မႀကိဳက္ ၾကဘူးေလေနာ္။ ဆဲၾကတယ္ေပါ့ဗ်ာ။ ဒါေတြကလည္း ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ပကတိအရွိတရားပါ။ ခုနက ဆရာေျပာတဲ့ ဗိုလ္မႉးႀကီးတို႔အဖြဲ႕ေျပာတာထက္ ဗိုလ္မႉးႀကီးတို႔ အတူတကြပူးေပါင္းေဆာင္႐ြက္တဲ့ 7 EAOs Alliance စုဖြဲ႕မႈအေနနဲ႔ပဲ ေျပာခ်င္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔က ခုနကေျပာသလို ကြၽန္ေတာ္ တို႔ စ္ႏိုင္ငံလုံးႀကဳံေတြ႕ေနရတဲ့ အခက္အခဲ၊ အက်ပ္အတည္းကို ေက်ာ္လႊားဖို႔ဆိုရင္ ဒါႏိုင္ငံေရးေၾကာင့္ ျဖစ္ေပၚလာတဲ့ ျပႆနာမို႔လို႔ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးၿပီး အေျဖရွာျခင္းနည္းကသာ ကြၽန္ေတာ္ တို႔ ျပည္ေထာင္စုအတြက္ ထိခိုက္နစ္နာမႈ အနည္းဆုံး ျဖစ္ႏိုင္တဲ့လမ္းေၾကာင္းတစ္ခုကို ေ႐ြးခ်ယ္ၿပီးေတာ့ ဒါ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့တာ ျဖစ္ပါတယ္။ ခုနက ဆရာေျပာသလို ႏိုင္ငံေရးေဆြးေႏြးပြဲနဲ႔ပတ္သက္ၿပီး ကြၽန္ ေတာ္တို႔လုပ္လည္းလုပ္ခဲ့တယ္။ ႀကိဳးလည္း ႀကိဳးပမ္းခဲ့တယ္။ သို႔ေသာ္ ခရီးေပါက္သလားဆိုေတာ့လည္း ႐ိုး႐ိုးသားသားေျပာရမယ္ဆိုရင္ ထင္သေလာက္ မေပါက္ပါဘူး။ ဒီအခ်ိန္က စစ္ေရးေဘာင္အရမ္းကို ႀကီးမားက်ယ္ျပန႔္တဲ့ကာလလည္း ျဖစ္တယ္။ ဒီလိုမ်ိဳး အေျခအေနတစ္ခုမွာေတာ့ အခုက ႏိုင္ငံေရးေဆြး ေႏြးပြဲပဲ ေျပာေျပာ၊ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲပဲ ေျပာေျပာ အခက္အခဲေတြ၊ စိန္ေခၚမႈေတြ အမ်ားႀကီးရွိ တယ္လို႔ နားလည္မႈရွိတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီႏိုင္ငံေရးေဆြးေႏြးပြဲ အခင္း အက်င္း ထဲကို ၂၀၁၂ ခုႏွစ္ ျပန္ၿပီးေတာ့ ဝင္လာကတည္းကိုက ကြၽန္ေတာ္တို႔ ထုတ္ျပန္ခ်က္အတိုင္းပါပဲ။ လက္ရွိႏိုင္ငံေရး၅၅အက်ပ္အတည္းကို ေက်ာ္လႊားႏိုင္ဖို႔အတြက္ သက္ဆိုင္သူမ်ားအားလုံးပါဝင္ေသာ ႏိုင္ငံေရး ေတြ႕ဆုံေဆြးေႏြးပြဲ ျဖစ္ေျမာက္ဖို႔ ကြၽန္ေတာ္တို႔အေနနဲ႔ ဒါ ႀကိဳးပမ္းေဆာင္႐ြက္မယ္ဆိုတဲ့ ထုတ္ျပန္ခ်က္အတိုင္း ဆက္လက္ေဆာင္႐ြက္ေနဆဲ ျဖစ္ပါတယ္။ ဒီအခ်ိန္မွာေတာ့ အေျခအေနေတြ ကလည္း အမ်ားႀကီးေျပာင္း လဲခဲ့ၿပီးၿပီေလေနာ္ဆရာ။ အရင္တုန္းကေတာ့ ကြၽန္ ေတာ္တို႔ NCA လမ္းေၾကာင္းအရ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြလုပ္ခဲ့တယ္။ ၂၀၂၁ ကေနစၿပီး ရပ္တန႔္ သြားတယ္။ ၂၀၂၂ ကေန အစျပဳမႈေတြျပန္ၿပီး လုပ္လို႔ ရမ်ားရႏိုင္မလားဆိုတဲ့ ႀကိဳးစားခ်က္နဲ႔ ျပန္လည္ၿပီးေတာ့ ႏိုင္ငံေရး ေဆြးေႏြးပြဲကို ျပန္ၿပီးရွင္သန္လာေအာင္ ႀကိဳးပမ္းခဲ့တယ္။ ဒါေပမဲ့ ခုနကေျပာသလိုပဲ ထင္သေလာက္ ေအာင္ျမင္မႈမရွိဘူး။ ဒီၾကားထဲမွာလည္း ကြၽန္ေတာ္တို႔ တိုင္းျပည္အေျခအေန အခင္းအက်င္းေတြက လည္း အမ်ားႀကီး ေျပာင္းလဲသြားတာလည္း သိရွိၿပီးသားျဖစ္မယ္ထင္ပါတယ္။ ဒါေၾကာင့္ ႏိုင္ငံေရးေဆြး ေႏြးပြဲပဲေျပာေျပာ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲပဲေျပာေျပာ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီလိုမ်ိဳး ေဆြးေႏြးပြဲတစ္ခု ကို လုပ္ဖို႔လည္း လိုအပ္တယ္။ လုပ္ဖို႔လည္း စိတ္ဆႏၵရွိၿပီဆိုရင္ ကြၽန္ေတာ္တို႔နဲ႔ ေဆြးေႏြးမယ့္ ပါတနာ ေတြအတြက္ လိုက္ပါေဆာင္႐ြက္ႏိုင္မယ့္ အေျခအေန၊ အခင္းအက်င္းျဖစ္ဖို႔က ကြၽန္ေတာ္တို႔ အေနနဲ႔ ကေတာ့ 7 EAOs Alliance အေနနဲ႔ကေတာ့ ပထမဆုံး အလြတ္သေဘာအရင္ေတြ႕မယ္။ ဘယ္ေနရာမွာ ေတြ႕မယ္။ ဘယ္အခ်ိန္မွာ ေတြ႕မယ္၊ ဘယ္အေၾကာင္းအရာေတြေဆြးေႏြးမယ္ကအစ ႏွစ္ဖက္ ညႇိႏႈိင္းမႈနဲ႔ လုပ္တာက လက္ေတြ႕က်မယ္လို႔ ကြၽန္ေတာ္တို႔ အဲဒီလို ႐ိုး႐ိုးသားသားျမင္ပါတယ္။ တစ္ဖက္က လာခိုင္း လို႔လာရတဲ့ အေျခအေနထက္စာရင္ ႏွစ္ဖက္စလုံးအတြက္ အဆင္ေျပေျပနဲ႔ေလွ်ာက္သြားႏိုင္မယ့္ အခင္း အက်င္းအေပၚ အလြတ္သေဘာကေန ႀကိဳတင္ဖန္တီးရယူၿပီးမွ ဆက္လက္လုပ္ေဆာင္ျခင္းကသာလွ်င္ လက္ရွိႏိုင္ငံေရးအခင္းအက်င္းအရ တစ္ခုတည္းေသာ ျဖစ္ႏိုင္ေျခရွိတယ္လို႔ အဲဒီလို နားလည္ခ်က္ ရွိပါတယ္ဗ်။

ေမး - လက္ရွိမွာ အစိုးရကို လက္နက္ကိုင္ တိုက္ေနတဲ့ အဖြဲ႕ေတြကေတာ့ ဒီႏိုင္ငံေရးေဆြးေႏြးဖို႔ ကမ္း လွမ္းတာကို လက္မခံတာျမင္ရပါတယ္။ ႏိုင္ငံေရး ေဆြးေႏြးပြဲ မလုပ္ဘူး ဆက္ၿပီးရွည္ၾကာေနမယ္ဆိုရင္ ဘယ္လိုမ်ိဳး အေျခအေန ဆိုက္သြားႏိုင္မလဲ ခင္ဗ်။
ေျဖ - ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံအတြက္ ေရွ႕ဆက္ ဘယ္လိုျဖစ္ႏိုင္သလဲဆိုတာက ဆရာေမး တာက ေနာက္လည္း ေနာက္ေတာင္ ေနာက္က်ေနပါၿပီ။ ျဖစ္လည္း ျဖစ္ေနပါၿပီ။ မေတြ႕ခ်င္၊ မျမင္ခ်င္တဲ့ အဆုံးပါပဲ။ ဆရာတို႔ မီဒီယာက ပုဂၢိဳလ္ေတြလည္းပို သိမွာပါ။ ကြၽန္ေတာ္တို႔ ကိုယ့္ဖုန္းကိုဖြင့္လိုက္တာနဲ႔ မီးေလာင္တာတို႔ ေသေက်ပ်က္စီးတာတို႔ ဒါေတြကပဲ မ႐ိုးႏိုင္ေအာင္ ေန႔စဥ္ ရက္ဆက္ေတြ႕ေနရတာ လည္း ဒီအနိ႒ာ႐ုံေတြက ကြၽန္ေတာ္တို႔ကို စြဲကပ္ေနတာလည္း ၾကာခဲ့ၿပီေလေနာ္။ ဆိုေတာ့ကာ မွန္ပါ တယ္။ ဒီအခ်ိန္မွာကေတာ့ ဘယ္သူပဲျဖစ္ျဖစ္ အျပစ္ေျပာလို႔ မရပါဘူး။ ပကတိအရွိတရား။ တိုက္ေနတဲ့ သူေတြကလည္း အေၾကာင္းတရားရွိလို႔ အက်ိဳးတရား ျဖစ္လာတယ္လို႔ လက္ခံေပးရမယ္ေလ။ ဘယ္လိုပဲ ျဖစ္ျဖစ္ ခုနက ဒီအေျခအေနေပါ့ ပစ္ခတ္တိုက္ခိုက္ေနတဲ့ အေျခအေနက ႏိုင္ငံ့သမိုင္းမွာဆိုရင္ ကြၽန္ ေတာ့္အေနနဲ႔ကေတာ့ မႀကဳံစဖူးပါပဲ ဆရာ။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ တိုင္းရင္းသားလက္နက္ကိုင္ ေတြနဲ႔ အစိုးရနဲ႔ စစ္ ျဖစ္ၾကတယ္။ ဒီတုန္းက ေတာ္ေတာ္ေလးဆိုးခဲ့တယ္လို႔ ထင္ခဲ့တယ္။ သို႔ေသာ္ ဒီသုံးႏွစ္တာ ႀကဳံေတြ႕ေနရတဲ့ အေျခအေနက အရင္ကမေမွ်ာ္မွန္းခဲ့တဲ့ အေျခအေနမွာလည္း စစ္မီးက ေတာက္ေလာင္ ေနတယ္။ ျပည္သူလူထုေတြကလည္း နိစၥဓူဝ အိုးအိမ္ပ်က္စီးျခင္းနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရတယ္။ ျပည္သူ လူထု ဆိုတာကေတာ့ဗ်ာ ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ အခံဘက္သက္သက္ေပါ့။ တိုက္တဲ့အထဲ လည္း သူမပါဘူး။ ဒီဒဏ္ရာ ဒဏ္ခ်က္ကိုေတာ့ အကုန္လုံး ခံခဲ့ရတယ္။ ခံရတာေတာ့ အကုန္လုံးပါပဲ ဆရာ။ တခ်ိဳ႕ က တိုက္႐ိုက္ခံရတာရွိသလို သြယ္ဝိုက္ခံစားေနရတာ ရွိတယ္။ ပညာေရး ၊ က်န္းမာေရး ကအစ ဆရာသိတဲ့ အတိုင္းပါပဲ။ ကြၽန္ေတာ္မေျပာေတာ့ပါဘူး။ ေရွ႕ဆက္ကေတာ့ ခုနကေျပာသလို ကြၽန္ေတာ္တို႔ေျပာေနတဲ့ သက္ဆိုင္သူမ်ားအားလုံးပါဝင္တဲ့ ေတြ႕ဆုံေဆြးေႏြးမႈ၊ ကြၽန္ေတာ္တို႔ 7 EAOs Alliance အေနနဲ႔ကေတာ့ ကိုယ္ၾကည့္လို႔ရတဲ့သူပဲျဖစ္ပါေစ၊ ကိုယ္မ်က္မုန္းက်ိဳးတဲ့ သူပဲျဖစ္ပါေစ ဒီႏိုင္ငံရဲ႕အက်ပ္အတည္းကို ေက်ာ္လႊားႏိုင္ဖို႔၊ ပဋိပကၡကို ေက်ာ္လႊားႏိုင္ဖို႔၊ လက္နက္ကိုင္ပဋိပကၡကို ေလွ်ာ့ခ်ခ်ဳပ္ၿငိမ္းႏိုင္ဖို႔ အတြက္ကေတာ့ မေျပာမျဖစ္၊ မေတြ႕မျဖစ္ ေတြ႕သင့္ေတြ႕ထိုက္သူ အားလုံးနဲ႔ ကြၽန္ေတာ္တို႔ စတင္ၿပီးေတာ့ ေတြ႕ဆုံျခင္းကသာလွ်င္ ခံရမယ့္ဟာကိုေတာ့ ကာလတစ္ခုကို ျမန္ျမန္ ဆန္ဆန္ခ်ဳပ္ၿငိမ္းတာ ျဖစ္ေစခ်င္ပါတယ္ခင္ဗ်ာ။

ေမး - ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕တည္ၿငိမ္ေရးအတြက္ ႏိုင္ငံေရးေဆြးေႏြးပြဲကသာ တစ္ခုတည္းေသာ အေျဖ လို႔ ဗိုလ္မႉးႀကီးတို႔ ခံယူပါသလား။
ေျဖ - တစ္အခ်က္က ကြၽန္ေတာ္တို႔ႏိုင္ငံက လက္နက္ကိုင္ပဋိပကၡေတြဟာ ႏိုင္ငံသူ၊ ႏိုင္ငံသားေတြနဲ႔ တိုင္းတစ္ပါးတစ္ခုခုက လူေတြနဲ႔ျဖစ္ေနတဲ့ ပဋိပကၡ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ဟာ ႏွစ္ေပါင္းမ်ားစြာ အတူ တကြယွဥ္တြဲေနထိုင္လာတဲ့ ကြၽန္ေတာ္တို႔ ႏိုင္ငံသူ၊ ႏိုင္ငံသား၊ ျပည္ေထာင္စုသားေတြၾကားထဲက ကြၽန္ေတာ္တို႔အခ်င္းခ်င္းျဖစ္ေနတဲ့ ပဋိပကၡဆိုတာကို အားလုံးက နည္းနည္းေလး အာ႐ုံစိုက္ဖို႔သင့္တယ္ ထင္တယ္။ ဒီအခ်ိန္မွာေပါ့ေလ ဆရာဒီလိုပုံမွန္ မဟုတ္တဲ့ ႏိုင္ငံေရးအေျခအေန တစ္ခုေအာက္မွာ အျမင္ ေတြ၊ လုပ္႐ိုးလုပ္စဥ္ေတြ၊ ရႈေထာင့္ေတြအမ်ိဳးမ်ိဳးရွိတာကိုေတာ့ ဘယ္လိုမွလြန္ဆန္လို႔ မရဘူးေလေနာ္။ ယုတ္စြအဆုံးဗ်ာ ကြၽန္ေတာ္တို႔ တစ္ဖြဲ႕တည္းမွာ ရွိေနတဲ့သူေတြ အခ်င္းခ်င္းေတာင္မွ အျမင္မတူတာတို႔ သေဘာထားကြဲတာတို႔ ရွိၾကတယ္ေလ။ ဆိုေတာ့ကာ ဒီလိုမ်ိဳးႀကီးမားက်ယ္ျပန႔္တဲ့ အတိုင္းအတာနဲ႔ ျဖစ္ ေနတဲ့ အက်ပ္အတည္းအခက္အခဲကို ကြၽန္ေတာ္တို႔ ေျပလည္သြားႏိုင္တဲ့နည္းလမ္းဆိုလည္း အျမင္ေတြ က အမ်ိဳးမ်ိဳးကြဲျပားေနမွာပါ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔အေနနဲ႔ဆိုရင္လည္း ကြၽန္ေတာ္တို႔ အေတြ႕အႀကဳံ အရပဲ ေျပာေျပာ၊ ႏိုင္ငံေရးသမိုင္းအရပဲ ေျပာေျပာ ကြၽန္ေတာ္ ခုနကေျပာသလိုပါပဲ ဒါဟာ ႏိုင္ငံေရး ေၾကာင့္ ျဖစ္ေပၚလာတဲ့ ျပႆနာေတြျဖစ္တယ္။ ႏိုင္ငံေရး ျပႆနာကို ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးျခင္း နည္းနဲ႔ ေျဖရွင္းျခင္းကသာလွ်င္ ကြၽန္ေတာ္တို႔ ႏိုင္ငံသားေတြအတြက္၊ ကြၽန္ေတာ္တို႔ ျပည္ေထာင္စု အတြက္ သက္ေသာင့္သက္သာနဲ႔ ထိခိုက္မႈအနည္းဆုံး လမ္းေၾကာင္းတစ္ခုကို ေ႐ြးခ်ယ္ႏိုင္မွာ ျဖစ္ပါ တယ္ ခင္ဗ်ာ။ ဒါေပမဲ့ ခုနကေျပာသလို လုပ္နည္း၊ လုပ္ဟန္ေတြအရ တခ်ိဳ႕အဖြဲ႕ေတြကလည္း ဒီအေပၚ မွာ လက္မခံႏိုင္တာတို႔၊ ျပစ္တင္ကဲ့ရဲ႕တာတို႔ ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕၊ တစ္ဦးနဲ႔ တစ္ဦး ၾကားရွိေနတဲ့ မတူညီတဲ့ သမိုင္းေနာက္ခံေတြအေပၚမွာ မတူကြဲျပားမႈေတြ ျဖစ္ေပၚလာတဲ့ အေၾကာင္းအရာေတြ ျဖစ္ၾကတယ္။ သို႔ေသာ္ ကြၽန္ေတာ္တို႔အေနနဲ႔ အေတြ႕အႀကဳံအရ ေျပာေျပာ၊ ၂၀၁၃ NCA ေရးဆြဲတဲ့ အခ်ိန္တုန္းကေလ တိုင္းရင္းသားလက္နက္ကိုင္ အကုန္လုံး မဟုတ္သည့္တိုင္ေအာင္ အကုန္လုံးနီးပါး ေဆြးေႏြးခဲ့တဲ့ NCA အေျခခံမူထဲမွာေတာင္မွ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္ကို အၿပီးသတ္ခ်ဳပ္ၿငိမ္းႏိုင္ဖို႔အတြက္ ျပည္တြင္းစစ္ အရင္းခံ အေၾကာင္းတရားႏိုင္ငံေရး ျပႆနာေတြကို စစ္ေရးနည္းနဲ႔မဟုတ္ဘဲ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးျခင္းနည္းနဲ႔ အေျဖရွာရန္ဆိုတာ အဲဒီတုန္းက အတူတကြ သေဘာတူခဲ့ၾကတယ္ေလ။ ကြၽန္ေတာ္တို႔ ဒီဘက္ အစိုးရက ေခါင္းေဆာင္ ေတြေရာ၊ တိုင္းရင္းသား လက္နက္ကိုင္ေတြဘက္က ေခါင္းေဆာင္ေတြေရာ အခ်ိန္ျပည့္ နီးပါးေလာက္ တစ္ခါတည္း အျပန္အလွန္ ညႇိႏႈိင္းေဆြးေႏြးတာကေန ထြက္ေပၚလာတဲ့ အခ်က္လို႔ ေျပာရင္လည္း မမွားဘူးေပါ့ေလ။ ဒီအခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔ ေျပာတာနဲ႔ေျပာင္းျပန္ေတြ ျဖစ္ကုန္ခဲ့ပါၿပီ။ ကြၽန္ေတာ္ တို႔က လိုလားခ်က္ေတြ၊ ရည္မွန္းခ်က္ေတြ တူရဲ႕သားနဲ႔ ကြၽန္ေတာ္တို႔ ႏိုင္ငံအေျခအေနအရ ကြၽန္ေတာ္တို႔ ေလွ်ာက္တဲ့ခရီးေတြ၊ လုပ္တဲ့လုပ္ငန္းစဥ္ေတြက ကြဲျပားေကာင္း ကြဲျပားႏိုင္တယ္ဆိုတာကေတာ့ ပကတိ အရွိတရားမို႔ ကြၽန္ေတာ္တို႔ လက္ခံေပးရမယ္ေလေနာ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ခုနက ကြၽန္ေတာ့္အေနနဲ႔ ေျပာခ်င္တာကေပါ့ေလ ေျပာသာေျပာတာပါ ကြၽန္ေတာ္လည္း မလုပ္ႏိုင္ပါဘူး။ သို႔ေသာ္ လုပ္ႏိုင္တဲ့ ဒီႏိုင္ငံရဲ႕ အေရးအရာ၊ ဒီႏိုင္ငံရဲ႕ နိစၥဓူဝ ကိစၥရပ္၊ ျပည္သူလူထုေတြရဲ႕ ဝန္ေဆာင္မႈ အရပ္ရပ္ကို တာဝန္ယူ ေဆာင္႐ြက္ေနရတဲ့ အဖြဲ႕အစည္းအေနနဲ႔ကေတာ့ အက်ပ္အတည္းကို ေက်ာ္လႊားႏိုင္ဖို႔အတြက္ စကား ေျပာဖို႔လိုအပ္တဲ့၊ စကားေျပာႏိုင္တဲ့ အခင္းအက်င္းကိုလည္း ကြၽန္ေတာ္တို႔ထက္ ပိုၿပီးအားထုတ္သင့္ တယ္၊ ပိုၿပီးေတာ့ စိတ္ရွည္သင့္တယ္၊ ပိုၿပီးေတာ့ အျမင္က်ယ္သင့္တယ္ဆိုတဲ့ ရႈေထာင့္မ်ိဳးနဲ႔လုပ္လို႔ရွိရင္ ကြၽန္ေတာ့္စိတ္ထင္ေတာ့ အခုျဖစ္ေနတာ ဘယ္ေလာက္ၾကာဦးမလဲဆိုတာကို တစ္နည္းတစ္ဖုံ ေလွ်ာ့ခ် ေပးႏိုင္မယ္လို႔ ကြၽန္ေတာ့္အေနနဲ႔ ယူဆပါတယ္။

ေမး - နစကဘက္က ႏိုင္ငံေရးေဆြးေႏြးဖို႔ ဖိတ္ေခၚ တာကို 7 EAOs Alliance က ဘယ္လို သေဘာထား ရွိပါသလဲ။
ေျဖ - ဖိတ္ေခၚတဲ့အထဲမွာေတာ့ ခုနက ကြၽန္ေတာ္ ေျပာသလိုမ်ိဳးပါပဲ။ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ လက္ေတြ႕က်တဲ့ဖိတ္ေခၚမႈျဖစ္ခ်င္တယ္။ 7 EAOs Alliance ကလည္း လက္ရွိျဖစ္ပ်က္ေနတဲ့ ကြၽန္ေတာ္ တို႔ႏိုင္ငံရဲ႕ အခက္အခဲအက်ပ္အတည္းကို ေက်ာ္လႊားခ်င္တယ္။ လြတ္ေျမာက္ခ်င္တယ္။ ၿပီးဆုံး ခ်င္ၿပီ။ ဒါေၾကာင့္လည္း ၿပီးခဲ့တဲ့ဦးေဆာင္အဖြဲ႕အစည္းအေဝးမွာလည္း ဒီအတိုင္းပဲ သြားေနလို႔ေတာ့ အဆင္ မေျပဘူး။ ဦးေဆာင္အဖြဲ႕ကေနၿပီးေတာ့ လမ္းသစ္တစ္ခုကို သြားဖို႔ကို စဥ္းစားခ်က္ရွိပါတယ္။ ဒါကလည္း ဖိတ္ေခၚမႈမတိုင္ခင္ေပါ့ဗ်ာ။ ဒီအခ်ိန္မွာကေတာ့ အေျခအေနေရာ၊ အခင္းအက်င္းေရာ အရင္ထက္စာရင္ ခက္ခဲ၊ က်ပ္တည္း၊ နက္ရႈိင္းတဲ့ အေျခအေနကို ေရာက္သြားတဲ့ အခင္းအက်င္းတစ္ခုေအာက္မွာ ခုနက ကြၽန္ေတာ္တို႔အေနနဲ႔ ဒီျပႆနာကို ေျဖရွင္းဖို႔၊ စကားေျပာဖို႔ စိတ္ဆႏၵရွိၿပီဆိုရင္ ကိုယ္လုပ္ႏိုင္တဲ့ အေန အထားကေနၿပီးေတာ့ ကိုယ္ျဖစ္ခ်င္တာ တစ္ခုတည္းမဟုတ္ဘဲ ဆိုလိုခ်င္တာကဗ်ာ ဥပမာ-ဖိတ္တဲ့ ေနရာ၊ သူေခၚတဲ့အခ်ိန္ အဲဒီလိုတစ္ဖက္သတ္ လိုက္ပါေဆာင္႐ြက္ရတာမဟုတ္ဘဲ ဒီဘက္က စကား ေျပာခ်င္တဲ့သူေတြအတြက္လည္း အဆင္ေျပေျပ ေလွ်ာက္သြားႏိုင္ေအာင္ ကြၽန္ေတာ္တို႔အေနနဲ႔ ပထမ ဦးဆုံး အလြတ္သေဘာကေန စတင္စကားေျပာမယ္။ အဲဒီကေနၿပီးမွ ဟုတ္ၿပီ ဘယ္ရက္မွာေတာ့ ေတြ႕ဖို႔ အဆင္ေျပတယ္၊ ဘယ္ေနရာမွာေတာ့ေတြ႕ဖို႔ အဆင္ ေျပတယ္၊ ကြၽန္ေတာ္တို႔ႏွစ္ဖက္စလုံးအတြက္ အဆင္ေျပရမယ့္အခ်ိန္၊ အဆင္ေျပရမယ့္ေနရာ၊ ေဆြးေႏြးမယ့္အေၾကာင္းအရာေတြကလည္း ႏွစ္ဖက္ စလုံးအတြက္ အဆင္ေျပေျပေလွ်ာက္သြားႏိုင္မယ့္ဟာျဖစ္ေအာင္ အလြတ္သေဘာကေန ညႇိႏႈိင္း ေဆာင္ ႐ြက္ၿပီးမွ လက္ေတြ႕က်တဲ့ ေတြ႕ဆုံေဆြးေႏြးမႈေခၚမလား၊ ႏိုင္ငံေရးေဆြးေႏြးမႈေခၚမလား အဲဒါကို တစ္ဆင့္ ၿပီးတစ္ဆင့္ လုပ္ေဆာင္သြားဖို႔အတြက္ကိုေတာ့ ကြၽန္ေတာ္တို႔ 7 EAOs ရဲ႕သြားလိုတဲ့၊ စဥ္းစားလို႔ေပါက္တဲ့ အေျခအေနကို ေျပာျပတာျဖစ္ပါတယ္။

ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.