NCA (၉)နှစ်ပြည့်အတွက် တက်ခွင့်ရမည့်သူများကို ဖိတ်ကြားရေးအစီအစဉ် စတင်

 585

မြူနစ် (NP News) - အောက်တိုဘာ ၉

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၉)နှစ်ပြည့်အခမ်းအနားသို့တက်ရောက်ရန် စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သူများကို နစကဘက်က ဖိတ်ကြားထားကြောင်း သိရသည်။

NCA စာချုပ်လက်မှတ်ရေးထိုးခြင်း (၉)နှစ်ပြည့်အခမ်းအနားကို လာမည့်အောက်တိုဘာ (၁၅) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့တက်ရောက်ရန်အတွက် နစကအစိုးရအနေဖြင့် NCA လက်မှတ် ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်းများ (EAOs) ကို ဖိတ်ကြားထားသကဲ့သို့NCA စာချုပ် တွင် အသိသက်သေများအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့သူများကိုလည်း ဖိတ်ကြားထားကြောင်း သိရ သည်။

“နှစ်ပတ်လည်နေ့အခမ်းအနားကတော့ အခါတိုင်းဆိုရင် EAO တွေလည်း ဖိတ်တယ်။ လက်မှတ် ထိုးထားသူတွေပေါ့။ အရင်တုန်းက NCA မှာ လုပ်လာတဲ့ ဦးအောင်မင်းတို့ကိုလည်း ဖိတ်ပါတယ်။ နောက် ပြီးတော့ နိုင်ငံရေးပါတီတွေကို ဖိတ်ပါတယ်။ နိုင်ငံရေးပါတီတွေကိုတော့ UEC ဘက်က ဖိတ်မယ်လို့ ကြားပါတယ်။ ဟိုးတုန်းက ဒီ NCA စာချုပ်ကြီးမှာ လက်မှတ်ရေးထိုးထားတဲ့သူတွေကိုလည်း အကုန် ဖိတ် ပါတယ်။ အသိသက်သေတွေလည်းပါတာပေါ့ ”ဟု NSPNC နှင့်နီးစပ်သူတစ်ဦးက NP News ကိုပြောသည်။

ထို့ပြင် နစကအစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုလည်း ယင်းအခမ်းအနားသို့ တက်ရောက်ရန် တစ်ဖွဲ့ချင်းစီသီးသန့် ဖိတ်ကြားထားကြောင်း KNU / KNLA-PC မှ ဗိုလ်မှူးကြီးစောကျော်ညွန့်ကလည်း NP News ကို အတည်ပြုပြောဆိုထားသည်။

“ ဖိတ်ထားပါပြီ။ ခါတိုင်းအတိုင်းပါပဲ။ တစ်ဖွဲ့ချင်းစီကိုပဲ ဖိတ်တာပါ။ မနှစ်ကပုံစံနဲ့အတူတူ ပါပဲ ဖိတ်တာက။ အခမ်းအနားရှိတယ်။ ညနေပိုင်းမှာ ဆိုလို့ရှိရင် (၉)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် workshop တစ်ခုတော့လုပ်ဖို့ အဲဒီလိုမျိုး လျာထားတာရှိပါတယ် ” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့် ကပြောသည်။

ပြီးခဲ့သော (၂၀၂၃) ခုနှစ်အတွင်း နေပြည်တော်၌ကျင်းပခဲ့သော NCA စာချုပ်လက်မှတ် ရေးထိုးခြင်း (၈)နှစ်ပြည့်အခမ်းအနားသို့ ဒုသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်း၊ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ RCSS မှ ဦးယွက်စစ်နှင့် NCA စာချုပ်တွင် အသိသက်သေများအဖြစ် ပါဝင် လက်မှတ်ရေးထိုးခဲ့သော အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ သည်ကိုတွေ့ရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်(၁၀)ဖွဲ့ တို့က နိုင်ငံတကာအသိသက်သေများရှေ့တွင် (၂၀၁၅) ခုနှစ်က လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်းများစွာရှိသည့်အနက် KNU၊ CNF၊ ABSDF၊ RCSS၊ PNLO၊ ALP၊ NMSP၊ LDU၊ DKBA နှင့် KNU ၊ KNLA-PC အဖွဲ့တို့ကသာ NCA ကို လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့ အနက် KNU၊ CNF နှင့် ABSDF တို့သည် NCA လမ်းကြောင်းမှသွေဖည်ကာ ယခုနစကအစိုးရကို ဆန့်ကျင် တိုက်ခိုက်နေလျက်ရှိကြသည်။

zawgyi version
NCA (၉)ႏွစ္ျပည့္အတြက္ တက္ခြင့္ရမည့္သူမ်ားကို ဖိတ္ၾကားေရးအစီအစဥ္ စတင္
ျမဴနစ္ (NP News) - ေအာက္တိုဘာ ၉

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးျခင္း (၉)ႏွစ္ျပည့္အခမ္းအနားသို႔တက္ေရာက္ရန္ စာခ်ဳပ္တြင္ ပါဝင္လက္မွတ္ေရးထိုးခဲ့သူမ်ားကို နစကဘက္က ဖိတ္ၾကားထားေၾကာင္း သိရသည္။

NCA စာခ်ဳပ္လက္မွတ္ေရးထိုးျခင္း (၉)ႏွစ္ျပည့္အခမ္းအနားကို လာမည့္ေအာက္တိုဘာ (၁၅) ရက္ေန႔တြင္ ေနျပည္ေတာ္၌ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားသို႔တက္ေရာက္ရန္အတြက္ နစကအစိုးရအေနျဖင့္ NCA လက္မွတ္ ေရးထိုး ထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲအစည္းမ်ား (EAOs) ကို ဖိတ္ၾကားထားသကဲ့သို႔NCA စာခ်ဳပ္ တြင္ အသိသက္ေသမ်ားအျဖစ္ ပါဝင္လက္မွတ္ေရးထိုးခဲ့သူမ်ားကိုလည္း ဖိတ္ၾကားထားေၾကာင္း သိရ သည္။

“ႏွစ္ပတ္လည္ေန႔အခမ္းအနားကေတာ့ အခါတိုင္းဆိုရင္ EAO ေတြလည္း ဖိတ္တယ္။ လက္မွတ္ ထိုးထားသူေတြေပါ့။ အရင္တုန္းက NCA မွာ လုပ္လာတဲ့ ဦးေအာင္မင္းတို႔ကိုလည္း ဖိတ္ပါတယ္။ ေနာက္ ၿပီးေတာ့ ႏိုင္ငံေရးပါတီေတြကို ဖိတ္ပါတယ္။ ႏိုင္ငံေရးပါတီေတြကိုေတာ့ UEC ဘက္က ဖိတ္မယ္လို႔ ၾကားပါတယ္။ ဟိုးတုန္းက ဒီ NCA စာခ်ဳပ္ႀကီးမွာ လက္မွတ္ေရးထိုးထားတဲ့သူေတြကိုလည္း အကုန္ ဖိတ္ ပါတယ္။ အသိသက္ေသေတြလည္းပါတာေပါ့ ”ဟု NSPNC ႏွင့္နီးစပ္သူတစ္ဦးက NP News ကိုေျပာသည္။

ထို႔ျပင္ နစကအစိုးရအေနျဖင့္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားကိုလည္း ယင္းအခမ္းအနားသို႔ တက္ေရာက္ရန္ တစ္ဖြဲ႕ခ်င္းစီသီးသန႔္ ဖိတ္ၾကားထားေၾကာင္း KNU / KNLA-PC မွ ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္ကလည္း NP News ကို အတည္ျပဳေျပာဆိုထားသည္။

“ ဖိတ္ထားပါၿပီ။ ခါတိုင္းအတိုင္းပါပဲ။ တစ္ဖြဲ႕ခ်င္းစီကိုပဲ ဖိတ္တာပါ။ မႏွစ္ကပုံစံနဲ႔အတူတူ ပါပဲ ဖိတ္တာက။ အခမ္းအနားရွိတယ္။ ညေနပိုင္းမွာ ဆိုလို႔ရွိရင္ (၉)ႏွစ္ျပည့္ ႏွစ္ပတ္လည္အထိမ္းအမွတ္ workshop တစ္ခုေတာ့လုပ္ဖို႔ အဲဒီလိုမ်ိဳး လ်ာထားတာရွိပါတယ္ ” ဟု ဗိုလ္မႉးႀကီး ေစာေက်ာ္ၫြန႔္ ကေျပာသည္။

ၿပီးခဲ့ေသာ (၂၀၂၃) ခုႏွစ္အတြင္း ေနျပည္ေတာ္၌က်င္းပခဲ့ေသာ NCA စာခ်ဳပ္လက္မွတ္ ေရးထိုးျခင္း (၈)ႏွစ္ျပည့္အခမ္းအနားသို႔ ဒုသမၼတေဟာင္း ေဒါက္တာစိုင္းေမာက္ခမ္း၊ KNU ဥကၠ႒ေဟာင္း ေစာမူတူးေစးဖိုး၊ RCSS မွ ဦးယြက္စစ္ႏွင့္ NCA စာခ်ဳပ္တြင္ အသိသက္ေသမ်ားအျဖစ္ ပါဝင္ လက္မွတ္ေရးထိုးခဲ့ေသာ အိႏၵိယ၊ တ႐ုတ္၊ ထိုင္းႏိုင္ငံတို႔မွ တာဝန္ရွိသူမ်ားလည္း တက္ေရာက္ခဲ့ သည္ကိုေတြ႕ရသည္။

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA)ကို အစိုးရ၊ လႊတ္ေတာ္၊ တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္(၁၀)ဖြဲ႕ တို႔က ႏိုင္ငံတကာအသိသက္ေသမ်ားေရွ႕တြင္ (၂၀၁၅) ခုႏွစ္က လက္မွတ္ေရးထိုးထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေပါင္းမ်ားစြာရွိသည့္အနက္ KNU၊ CNF၊ ABSDF၊ RCSS၊ PNLO၊ ALP၊ NMSP၊ LDU၊ DKBA ႏွင့္ KNU ၊ KNLA-PC အဖြဲ႕တို႔ကသာ NCA ကို လက္မွတ္ေရးထိုးထားျခင္းျဖစ္သည္။လက္ရွိတြင္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ (၁၀)ဖြဲ႕ အနက္ KNU၊ CNF ႏွင့္ ABSDF တို႔သည္ NCA လမ္းေၾကာင္းမွေသြဖည္ကာ ယခုနစကအစိုးရကို ဆန႔္က်င္ တိုက္ခိုက္ေနလ်က္ရွိၾကသည္။

© 2021. All rights reserved.