ခေတ်ကာလနှင့် သတင်းသမားများ ဘဝ

 254

မျိုးမင်း(မကျည်းလဟာ) (NP News) - အောက်တိုဘာ ၁၆

NCA (၉)နှစ်ပြည့်အတွက် အငြိမ်းစားဝန်ကြီး တစ်ဦးထံ ဖုန်းဆက်ဖြစ်သည်။ ၎င်း ၏တပည့်ဖြစ်သူထံ မှတစ်ဆင့်ဆက်သွယ်၍ NCA စတင်ခဲ့စဉ်ကအတွေ့ အကြုံများကို ပြန်လည်မျှဝေရန်နှင့် လူမသိသူမသိ ခက်ခက်ခဲခဲကြိုးစားခဲ့ရသော အခြေအနေများကို တွေ့ဆုံ လေ့လာစကားပြောလိုကြောင်း အသိပေး ခဲ့ခြင်းဖြစ်၏။ နာရီအနည်းငယ်အကြာ၌ တပည့်သူဖြစ် သူထံမှ ဖုန်းပြန်လာသည်။ လိုရင်းစကားသည်ကား မပြောလိုတော့ကြောင်းပင်။ မပြောရခြင်းအကြောင်း မှာလည်း အခြားမဟုတ်။ ၎င်းတို့ခေတ် မဟုတ်တော့ သည်ကို နားလည်၍လည်းကောင်း၊ ယနေ့ခေတ် ငြိမ်း ချမ်းရေးလှုပ်ရှားကြသူ တာဝန်ရှိပုဂ္ဂိုလ်များအတွက် စိတ်အနှောင့်အယှက်မဖြစ်စေလို၍လည်းကောင်း၊ မတူညီသောခေတ်ကာလနှင့် မတူညီသောနိုင်ငံရေးအခြေအနေများတွင် အသံတိတ်နေခြင်းကသာ အန္တရာယ်အကင်းဆုံးဟု ယူဆ၍လည်းကောင်း ရှောင်လွှဲခဲ့ခြင်းဟု နားလည်ရသည်။ (၉)နှစ်ပြည့် ငြိမ်း ချမ်းရေးညီလာခံတက်ရောက်ရေးအတွက်မူ ဖိတ် ကြားခံထားရပြီးဖြစ်သည့်အတွက် မဖြစ်မနေ သွား၍ တက်မည်သာဖြစ်ကြောင်းလည်း တပည့်ဖြစ်သူက အသိပေးသည်။ ၎င်း ပုဂ္ဂိုလ်သည် အခြားသူမဟုတ်။ အငြိမ်းစားသမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဆိုင်ရာ အာဏာကုန်အပ်နှင်းခံရသူ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းပင်။ သမ္မတ ဦးသိန်းစိန် တာ ဝန်ယူစဉ်ကာလအတွင်း၌ ဦးအောင်မင်းနှင့် ဦးစိုး သိန်းတို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် စီးပွားရေး လုပ်ငန်းစဉ်/ဝန်ကြီးအပြောင်းအလဲ စောင့်ကြည့်ရေး တို့ကို တာဝန်ယူခွင့်ရသူများဖြစ်သည်။ ဦးအောင်မင်း ၏အခန်းကဏ္ဍသည် ကြီးမားသည်။ ကျယ်ပြန့်သည်။ တာဝန်ခံရမှု အလွန်များ၏။ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်တွင် တိုင်းရင်းသားလက် နက်ကိုင်(၁၀)ဖွဲ့အထိ လက်မှတ်ထိုးလာစေရန် ဦးအောင်မင်းကိုယ်တိုင် ဦးဆောင်သောက်ပေးခဲ့ရ သော အရက်ခွက်များမှာ ကျွနု်ပ်အသက်ထက် (၁၀)ဆမက အကြိမ်ရေပိုများသည်။ ဦးအောင်မင်း၏ နေအိမ် သို့မဟုတ် တည်းခိုနေထိုင်ရာနေရာသည် လည်း တိုင်းရင်းသားလက်နက်ကိုင်အချို့အတွက် အရက်သောက်ရာနေရာဖြစ်ခဲ့သည့်အပြင် လွတ်လပ် စွာ ပုတ်ခတ်ပြောဆိုခွင့်ရသော ဆုံရပ်တစ်ခုဖြစ်ခဲ့ သည်။ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်၊ ကိုယ်စားလှယ်များက ဦးအောင်မင်း၏နေအိမ်တွင် ဒီမိုကရေစီအပြင် ရမ်းကားခွင့်ပါရခဲ့သည်အထိ ဦးအောင်မင်းက စိတ်ရှည်သည်းခံပေးခဲ့သည်ဟု ပြန် လည်ကြားသိရသည်။ ငြိမ်းချမ်းရေးကို လိုချင်လွန်း လှ၍ဖြစ်သည်။ အရက်ဝိုင်း၌ သဘောတူခဲ့သော ကတိစကားများက နောက်တစ်နေ့ လူမြင်သူမြင် အ စည်းအဝေး၌ အတည်ဖြစ်ခဲ့သည်ကများသည်။

ထို့ ကြောင့် အစည်းအဝေးပွဲ၏နောက်ကွယ်မှ အစည်းအဝေးပွဲ(အရက်ဝိုင်း)များကသာ NCA လက်မှတ် ထိုးခြင်းကိုဖြစ်စေခဲ့သည်ဟု ဆိုစမှတ်ပြုသည်။ ထိုအ ရာကို မီးစာမြှင့်ပေးခဲ့သော နိုင်ငံတော်၏ပေးကမ်းမှု လက်ဆောင်သည်ကား ငြိမ်းချမ်းရေးပါမစ်ကားများ ပင်ဖြစ်၏။ ဦးသိန်းစိန်အစိုးရ ငါးနှစ်တာအတွင်း သို့မ ဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှု လေးနှစ် အတွင်း ဦးအောင်မင်းကိုယ်တိုင်ဦးဆောင်၍ တက်ခဲ့ရသော အစည်းအဝေးပေါင်း(၅၀)ထက်မနည်းရှိခဲ့ သည့်အပြင် အစည်းအဝေးတိုင်း၏ အနားသပ်အချိုပွဲ သည်ကား အရက်ဝိုင်းပင်ဖြစ်သည်။ ထိုသို့သော အချက်များကြောင့် ဦးအောင်မင်းထံဆက်သွယ်၍ စနည်းနာ လေ့လာလိုခြင်းလည်း ဖြစ်သည်။ သို့သော် ဦးအောင်မင်းဘက်က တစ်စုံတစ်ရာကို စိုးရိမ်နေပုံရ ၏။ အဘယ်ကြောင့်ဆိုသော် ယမန်နှစ် (၈) ကြိမ် မြောက် NCA ညီလာခံနှင့် အခြားသော အခမ်းအနား တစ်ခု၌ဆုံခဲ့စဉ်က ဦးအောင်မင်းကိုယ်တိုင်ပင်လျှင် အလွတ်သဘောပြောစရာများရှိသည်ဟု ကျွနု်ပ်အား ဆိုခဲ့သည်။ သို့သော်လည်း (၁၂)လတာ ကြာမြင့်သွား ချိန်၌ ၎င်း၏စိတ်အာရုံတို့ကို အပြောင်းအလဲ ဖြစ်စေ ခဲ့သည်ဟု ဆိုရမည်ပင်။ သို့ဆိုလျှင် ဦးအောင်မင်းအား မည်သည့်အရာက တွန့်ဆုတ်သွားစေခဲ့သနည်း။ ဦးသိန်းစိန်အစိုးရလက်ထက်က ငါးနှစ်အပြည့် တာ ဝန်ထမ်းဆောင်ခွင့်ရခဲ့ဖူးသူ ဝန်ကြီးတစ်ဦးကိုလည်း ဖြတ်သန်းခဲ့သောအတွေ့အကြုံများမျှဝေရန် စကား ပြောခဲ့ဖူးသည်။ ထိုသူကလည်း အခြားသောကိစ္စများကိုသာ အလွတ်သဘောစကားပြော၏။ ၎င်းကိုယ်တိုင် တာဝန်ယူခဲ့စဉ်က ရင်ဆိုင်ကျော်လွှားခဲ့ရမှုများကို လက်ရှိ နစကအစိုးရ၏လုပ်ဆောင်နေမှုများနှင့် နှိုင်း ယှဉ်စဉ်းစားအကြံပြုပေးရန် ရှောင်ရှားခဲ့သည်။ ထိုသူ ကလည်း ခေသူမဟုတ်ခဲ့ပေ။ သို့သော်လည်း နှုတ် ဆိတ်၍သာနေ၏။ အခြားသော အဆင့်မြင့်ရာထူး ထမ်းဆောင်ခဲ့သူများစွာကို အတွေ့အကြုံများ မျှဝေ ရန်နှင့် လက်ရှိ နိုင်ငံ့ ပြဿနာကိုကျော်လွှားရေးအတွက် အကြံပြုကြရန် တိုက်တွန်းမှု၌ မည်သူမျှ မပြောလိုကြ ပေ။ “ ဘေးထိုင် ကားမောင်းသလိုတော့ မလုပ်ချင်၊ လုပ်ဖို့လည်းမသင့်၊ လုပ်ရင်လည်း မဖြစ်တာကြောင့်” မလုပ်ကြခြင်းမျိုးသာဖြစ်နိုင်သည်ဟု အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ နေထိုင်နည်းကို ကိုး ကား၍ ဆိုညွှန်းရမည်ပင်။ သတင်းသမားများ၊ သ တင်းစာဆရာများသည် စိတ်ထဲထင်ရာရေး၍မရ သောပုဂ္ဂိုလ်များဖြစ်၏။ ရသစာပေများနှင့်မတူ တစ်မူ ထူး၍ ဖြစ်ရပ်အမှန်များအပေါ်အခြေခံကာ သမိုင်းကို မှတ်တမ်းပြုစုကြရသူများဖြစ်သည်။ ထို့အတွက် ဖြစ်ရပ် အမှန်များကို ပြောပေးမည့်သူ သတင်းအရင်းအမြစ် (Sources) လိုအပ်သကဲ့သို့ ဖြစ်လာနိုင်ခြေရှိသော ကြိုတင်တွက်ဆမှုများကိုလည်း အတွေ့အကြုံများမှ တစ်ဆင့် ဖြန့်ဝေသတိပေးကြသူများလည်းလိုအပ် သည်။ (၂၀၂၁)ခုနှစ် နိုင်ငံရေးပြဿနာများအတွင်း၌ သတင်းသမားတိုင်းရင်ဆိုင်ရသော အရာများစွာရှိ သည်။ အဓိကရင်ဆိုင်ရသောအရာမှာ သတင်းအရင်း အမြစ် ပျောက်ဆုံးသွားခြင်းပင်။ သတင်းသမား တစ်ဦးကို သတင်းပေးလိုသူတစ်ဦးက သတင်းသာ ပေးလိုသည်။ ၎င်းတို့၏အမည်နာမနှင့် အခြေခံ အချက်အလက်များကို ပေးမသိလိုကြပေ။ အချို့က ၎င်းတို့ ပြောချင်ရာပြောသော်လည်း အမည်နာမ ဖော်ပြခံရမည်ကို ရှောင်ရှားကြသည်။ သတင်းစာပညာ၏ ကျင့်ဝတ်များထဲမှတစ်ခုတွင် ဤကဲ့သို့ဖော်ပြထားသည်။ သတင်းအရင်းအမြစ်မခိုင်မာသော သို့မဟုတ် သတင်းပေးသူ အမည်နာမနှင့် အခြေခံ အချက်အလက်များမပါသော သတင်းများကို သတင်း သမားက ထပ်ဆင့်ရေးသားခြင်းမပြုရသည့် အချက် ပင်ဖြစ်သည်။ နားလည်လွယ်စေရန် ဥပမာပေး ရမည်ဆိုပါက ဝန်ကြီးတစ်ဦးဦး၏ လာဘ်ပေးလာဘ် ယူကိစ္စကို အမှန်တရားမြတ်နိုးသူ Whistleblower တစ်ဦးက ဖွင့်ဟလာသည်ဆိုပါစို့။ ထိုသူ၏အမည်နာ မနှင့် အချက်အလက်ခိုင်မာမှုကို မဆန်းစစ်ဘဲ ဖော်ပြရေးသားပါက ရေးသားသူတွင် အပြစ်ရှိနေ သည်။ ရေးသားခံရသူဘက်ကလည်း တရားစွဲခွင့်ရှိနေ သည်။ ထို့အတွက် သတင်းသမားက သတင်းပေးလာ သူ၏ အမည်နာမနှင့် လိုအပ်သော အချက်အလက် များကို စေ့ငစွာမေးမြန်း၍ ထပ်ဆင့် အတည်ပြုချက် များစွာလုပ်ဆောင်ပြီးမှသာ သတင်းဖော်ပြခြင်းမျိုး လုပ်ရခြင်းဖြစ်သည်။ ဤနေရာတွင် သတင်းအချက် အလက်ခိုင်မာပါက သတင်းရင်းမြစ်ကို ကာကွယ် ပေးရသည့်တာဝန်လည်း ရှိနေပြန်သည်။ လိုအပ်ပါက သတင်းရင်းမြစ်၏အမည်နာမကို သုံးစွဲခြင်းမပြုဘဲ သတင်းဌာနကသာ တာဝန်ယူ၍ ဖော်ပြနိုင်သည်။ သို့သော်လည်း သတင်းဌာနတွင် မည်သူမည်ဝါက မည်မျှခိုင်မာသော သတင်းအချက်အလက် အဆင့် အတန်းမျိုးကို ပေးအပ်ထားသည်ဆိုသော အထောက်အထားများ ရှိနေရန်လိုအပ်သည်။ အခြား နည်းတစ်ခုတွင်မူ နိုင်ငံတော်အကျိုးပြု သုံးသပ် ထောက်ပြချက်များ၊ အကြံပြုချက်များ ဖြစ်သည်။ သုံး သပ်အကြံပြုချက်များအတွက် သတင်းဌာနက ပုဂ္ဂိုလ် တစ်ဦးဦးထံတောင်းခံရာတွင် သက်ဆိုင်ရာနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်တစ်ဦးဦးက နိုင်ငံတော် အကျိုးအတွက် အကြုံပြုခြင်းမျိုးဖြစ်၏။ ဥပမာဆိုရလျှင် နိုင်ငံ တော်၏ စီးပွားရေးကျဆင်းနေမှုကို ကုစားနိုင်ရန် မဖြစ်မနေလုပ်ဆောင်သင့်သော အကြံပြုချက်များ တောင်းခံသည်ဆိုပါစို့။ အမှန်တကယ် စီးပွားရေးလုပ် ကိုင်နေသော လုပ်ငန်းရှင်များနှင့် စီးပွားရေးပညာ ရှင်များက သတင်းသမားများကို ဖြေကြားပေးရန်လို အပ်ခြင်းမျိုးဖြစ်သည်။ သတင်းသမားသည် စီးပွား ရေးသမားမဟုတ်။

ထို့အတွက် စီးပွားရေးသမားတစ်ဦး သို့မဟုတ် အစုအဖွဲ့တစ်ခုခုက နိုင်ငံတော်အကျိုးစီး ပွားအတွက် အကြံပြုတင်ပြစေရန်သာ တွန်းအားပေး ခွင့်ရှိသည်။ ကိုယ်တိုင် ဝင်ရောက်ဖြေကြားရေးသားခွင့် မရှိပေ။ ထိုကဲ့သို့အခါမျိုးတွင် စီးပွားရေးသမားများက တည်ဆဲအာဏာပိုင်များ၏ အမျက်တော်ရှမည်ကို စိုး ရိမ်သောကြောင့် နာမည်တပ်၍မဖြေကြားကြတော့ ပေ။ သက်ဆိုင်ရာ သတင်းဌာနကသာ တာဝန်ခံ၍ "စီးပွားရေးသမားတစ်ဦးကပြောသည်"ဟုသာ ရေး သားဖော်ပြရတော့သည်။ (ဤနေရာတွင် သတင်းသ မားက မိမိသဘောဖြင့် ဖန်တီးပြောကြားရေးသား၍ မရပါ။ အမှန်တကယ်ပြောပေးသူတစ်ဦး ရှိရမည်ဖြစ် ၏)။ (၂၀၂၁) ခုနှစ်နောက်ပိုင်းတွင်မူ စီးပွားရေးပညာ ရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များက သတင်းဌာနတစ်ခုခုတွင် နာမည်အမည်ပေါက်ပါလာမည်ကို ရှောင်ရှားကြ သည်။ ၎င်းတို့၏ စီးပွားရေးအတွက် အရေးကြီးသည် ဆိုလျှင်ပင် သတင်းသမားများနှင့် လွတ်လွတ်လပ်လပ် ပြောဆိုရေးသားစေခြင်းများ မရှိတော့ပေ။ ထိုသူတို့ တွင် စိုးရိမ်မှုတစ်ခုခု ရှိနေသည်မှာ အမှန်ပင်။ အခြား တစ်ဖက်တွင်မူ စီးပွားရေးသမားများက သတင်းသမား များအား ခေါင်းငှားသည့်လုပ်ရပ်မျိုး လုပ်ကြသည်။ ၎င်းတို့က သတင်းသမားနှင့် ထမင်းစား၍ သတင်းသ မား၏ သတင်းရေးသားမှုများ၌ ၎င်းတို့လိုအင်ဆန္ဒ များကို ကိုယ်စားတွေးခေါ်စဉ်းစားဖြည့်ဆည်း ပေးစေ ရန်အလို့ငှာ အသုံးချကြသည်။ ၎င်းတို့အမည်နာမကို သတင်းများထဲတွင် မြင်ရစေခြင်းမရှိရန်လည်း အ လွတ်သဘောစကားပြောခြင်းဟု သုံးကြ၏။ ထိုနည်း ကို သတင်းသမားများက (၂၀၂၁) ခုနှစ် နောက်ပိုင်း တွင် ပိုမိုအသုံးပြုလာရတော့သည်။ ယခင်ကလည်း ရှိသည်။ ယခု ပို၍များသည်။ အသံကျယ်ကျယ်ထွက် ပေးခြင်းကိုသာ နှစ်သက်တတ်သော နိုင်ငံရေးသမား များပင်လျှင် နှုတ်ကျွံသွားမည်ကို စိုးရိမ်နေကြပုံရ သည်။ အမှန်တကယ်ဖြစ်ခဲ့သောဖြစ်စဉ်တစ်ခုနှင့် ဥပမာပေးလို၏။ (၂၀၂၃) ခုနှစ် စက်တင်ဘာလအ တွင်းက ကျင်းပသော ရွေးကောက်ပွဲကော်မရှင်၏ အခမ်းအနားတစ်ခု၌ဖြစ်သည်။ ဦးသိန်းစိန်အစိုးရ လက်ထက်က သမ္မတရုံး ဝန်ကြီး(၆)ဦးထဲမှ တစ်ဦး ဖြစ်ခဲ့သော ဦးစိုးမောင်၏ ပြောစကားအချို့ကို ရည်ညွှန်းလို၏။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ရှင်းပြသော အီလက်ထရွန်နစ်မဲပေး စနစ်သည် နိုင်ငံရေးပါတီများထံ ရှင်းလင်းသော သတင်းစကားများ မရကြောင်း၊ နိုင်ငံရေးပါတီများကို ကော်မရှင်က ရှိလေသည်ဟုမထင်ဘဲ ခေါ်ယူတွေ့ဆုံ ဆွေးနွေး အကြံပြုခိုင်းခြင်းများမရှိကြောင်း အစချီကာ မကျေနပ်ချက်များကို ပြောသည်။ သတင်းဌာနအချို့ ကလည်း ဦးစိုးမောင်၏ပြောကြားချက်ကို စိတ်ဝင်တ စားကြည့်နေကြသည်။ ၎င်းကလည်း မီဒီယာများ ဘက်သို့လှည့်၍ “ ခင်ဗျားတို့သတင်းဌာနတွေမှာ လည်း တာဝန်ရှိတယ်” ဟုပြောသည်။ ဦးစိုးမောင် ကံကောင်းသွားသည်မှာ ထိုအချိန်က သတင်းထောက် အားလုံး ကင်မရာသိမ်းလိုက်ချိန်ဖြစ်သည့်အတွက် မှတ်တမ်းယူမထားကြပေ။ ထိုအချိန်၌ ကျွန်ုပ်ကပင် “အန်ကယ်ပြောတာ မှန်တယ်။ မီဒီယာတွေမှာ တာ ဝန်ရှိတယ်။ အခု တာဝန်ရှိတဲ့အတိုင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့အီလက်ထရောနစ်မဲပေးစနစ်အကြောင်း မေးချင်တယ်။ အန်ကယ်ဖြေပေးမလား ” ဟု မေးခဲ့သည်။ ထိုအချိန်တွင် ဦးစိုးမောင်ဘက်က ကင်မရာဖြင့် ရိုက်ကူးမည်ကို ငြင်းဆန်လေတော့သည်။ သတင်းဌာနများက ပြောသူမရှိသောစကားကို ဖော်ပြ ၍မရပေ။ ထို့အတွက် ၎င်းအား ပါတီများကိုယ်စား ပြောကြားရန်နှင့် ၎င်းပြောကြားချက်များက မှန်ကန် ကြောင်း နိုင်ငံတော်သိစေရန် ဖော်ပြမည်ဆိုသည်ကို လမ်းခပ်မြန်မြန်လျှောက်၍ ရှောင်ရှားတော့သည်။ ဦးစိုးမောင် ထပ်၍ ကံကောင်းသွားသည်မှာ ထိုအဖြစ် အပျက်များကို မီဒီယာများက ရိုက်ကူးခဲ့ခြင်းမျိုးမရှိသည့်အပြင် တောင်သူလယ်သမားပါတီမှ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက “ အဘ ” ဟုခေါ်ကာ သတင်းသမား များကြားထဲမှ ဆွဲခေါ်ထုတ်သွားခြင်းပင်။ ဦးစိုးမောင် သည် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)ကို ဦးဆောင်ထူထောင်ထားသူဖြစ်၏။ သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ သို့သော် မီဒီယာများနှင့် တရားဝင်ဖြေ ဆိုရန်ကိုမူ စိုးရိမ်ကြောင့် ကြမှု တစ်ခုခုအပေါ်အခြေခံ၍ ရှောင်ရှားခဲ့ခြင်း ဖြစ်ပုံရသည်။ ယခုနှစ် မကြာသေး သောကာလအတွင်းက လယ်/ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင် ဖမ်းဆီးအရေးယူခံရသည်။ ထိုဖြစ်စဉ်သည် အကြောင်းအရာ တစ်ခုခုကို ရည်ညွှန်းထားပုံရသည်။ ထိုဖြစ်စဉ်ကပင် မည်သည့်အတွက်ကြောင့် အချို့ သောပုဂ္ဂိုလ်များက သတင်းဌာနများတွင် အမှန်အ တိုင်း၊ အရှိအတိုင်း၊ အမြင်အတိုင်း ကျယ်ကျယ် လောင်လောင် ထုတ်ဖော်ပြောဆိုရန် ဝန်လေးတွန့် ဆုတ်ကြခြင်းဖြစ်သည်ဟု သဘောပေါက်လာမိစေသည်။ ယခုရေးသားချက်များအားလုံးသည် ဖော်ပြပါ ပုဂ္ဂိုလ်များကို မည်သည့်ရည် ရွယ်ရင်းမှမရှိကြောင်း ဝန်ခံလို၏။ ရည်ရွယ်ရင်းအမှန်ကိုလည်း မြင်သာ မည်ဟုယုံကြည်မိသည်။ သတင်းသမား၊ သတင်း ထောက်၊ သတင်းစာဆရာတို့မည်သည် သတင်း အချက်အလက်များကို မနားတမ်း ရှာဖွေနေမည်ဖြစ် သည်။ ထိုသို့ မနားတမ်းရှာဖွေနေမှုတွင် လက်ရှိခေတ် ကာလအတွင်း ကြုံတွေ့နေရသော ဖြစ်ရပ်များစွာထဲမှ အချို့ကိုသာ လှစ်ဟပြခြင်းဖြစ်၏။ သို့ဆိုလျှင် (အသင်)ပုဂ္ဂိုလ်တစ်ဦးဦးအနေဖြင့် ကိစ္စတိုင်းလိုလို၌ သတင်းထောက်များ၊ သတင်းဌာနများတွင် ဖော်ထုတ် ရေးသားရန်တာဝန်ရှိသည်ဟု လက်ညှိုးထိုးနေဦး မည်လော။ သို့မဟုတ် အဆိုပါ တာဝန်အတွက် (အသင်)ပုဂ္ဂိုလ်တစ်ဦးဦးကိုယ်တိုင်ပင်လျှင် အမည်နာ မဖော်ပြခံ၍ တိကျခိုင်မာသောသတင်းများကို ရေး သားစေမည်လော။ မည်သို့ဆုံးဖြတ်ကြမည်နည်း။ ကိုယ်တိုင်တာဝန်ခံယူလိုခြင်းမရှိဘဲ သတင်းသမား များတွင်သာ တာဝန်ခံရန်တာဝန်ရှိသည်ဟု ထင်မြင် ယူဆနေပါလျှင် သတင်းသမားများသည် လူသားများ ထဲမှလူသားတစ်ဦးမဟုတ်ဟု ကိုယ်ချင်းစာတရား ထားခြင်းမရှိပါ၍လောဟု မေးမြန်းချင်ပါတော့သည်။

zawgyi version
ေခတ္ကာလႏွင့္ သတင္းသမားမ်ား ဘဝ
မ်ိဳးမင္း(မက်ည္းလဟာ) (NP News) - ေအာက္တိုဘာ ၁၆

NCA (၉)ႏွစ္ျပည့္အတြက္ အၿငိမ္းစားဝန္ႀကီး တစ္ဦးထံ ဖုန္းဆက္ျဖစ္သည္။ ၎ ၏တပည့္ျဖစ္သူထံ မွတစ္ဆင့္ဆက္သြယ္၍ NCA စတင္ခဲ့စဥ္ကအေတြ႕ အႀကဳံမ်ားကို ျပန္လည္မွ်ေဝရန္ႏွင့္ လူမသိသူမသိ ခက္ခက္ခဲခဲႀကိဳးစားခဲ့ရေသာ အေျခအေနမ်ားကို ေတြ႕ဆုံ ေလ့လာစကားေျပာလိုေၾကာင္း အသိေပး ခဲ့ျခင္းျဖစ္၏။ နာရီအနည္းငယ္အၾကာ၌ တပည့္သူျဖစ္ သူထံမွ ဖုန္းျပန္လာသည္။ လိုရင္းစကားသည္ကား မေျပာလိုေတာ့ေၾကာင္းပင္။ မေျပာရျခင္းအေၾကာင္း မွာလည္း အျခားမဟုတ္။ ၎တို႔ေခတ္ မဟုတ္ေတာ့ သည္ကို နားလည္၍လည္းေကာင္း၊ ယေန႔ေခတ္ ၿငိမ္း ခ်မ္းေရးလႈပ္ရွားၾကသူ တာဝန္ရွိပုဂၢိဳလ္မ်ားအတြက္ စိတ္အေႏွာင့္အယွက္မျဖစ္ေစလို၍လည္းေကာင္း၊ မတူညီေသာေခတ္ကာလႏွင့္ မတူညီေသာႏိုင္ငံေရးအေျခအေနမ်ားတြင္ အသံတိတ္ေနျခင္းကသာ အႏၲရာယ္အကင္းဆုံးဟု ယူဆ၍လည္းေကာင္း ေရွာင္လႊဲခဲ့ျခင္းဟု နားလည္ရသည္။ (၉)ႏွစ္ျပည့္ ၿငိမ္း ခ်မ္းေရးညီလာခံတက္ေရာက္ေရးအတြက္မူ ဖိတ္ ၾကားခံထားရၿပီးျဖစ္သည့္အတြက္ မျဖစ္မေန သြား၍ တက္မည္သာျဖစ္ေၾကာင္းလည္း တပည့္ျဖစ္သူက အသိေပးသည္။ ၎ ပုဂၢိဳလ္သည္ အျခားသူမဟုတ္။ အၿငိမ္းစားသမၼတ ဦးသိန္းစိန္၏ ၿငိမ္းခ်မ္းေရးလုပ္ ငန္းစဥ္ဆိုင္ရာ အာဏာကုန္အပ္ႏွင္းခံရသူ သမၼတ ႐ုံးဝန္ႀကီး ဦးေအာင္မင္းပင္။ သမၼတ ဦးသိန္းစိန္ တာ ဝန္ယူစဥ္ကာလအတြင္း၌ ဦးေအာင္မင္းႏွင့္ ဦးစိုး သိန္းတို႔က ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ႏွင့္ စီးပြားေရး လုပ္ငန္းစဥ္/ဝန္ႀကီးအေျပာင္းအလဲ ေစာင့္ၾကည့္ေရး တို႔ကို တာဝန္ယူခြင့္ရသူမ်ားျဖစ္သည္။ ဦးေအာင္မင္း ၏အခန္းက႑သည္ ႀကီးမားသည္။ က်ယ္ျပန႔္သည္။ တာဝန္ခံရမႈ အလြန္မ်ား၏။ တစ္ႏိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးစာခ်ဳပ္တြင္ တိုင္းရင္းသားလက္ နက္ကိုင္(၁၀)ဖြဲ႕အထိ လက္မွတ္ထိုးလာေစရန္ ဦးေအာင္မင္းကိုယ္တိုင္ ဦးေဆာင္ေသာက္ေပးခဲ့ရ ေသာ အရက္ခြက္မ်ားမွာ ကြၽႏု္ပ္အသက္ထက္ (၁၀)ဆမက အႀကိမ္ေရပိုမ်ားသည္။ ဦးေအာင္မင္း၏ ေနအိမ္ သို႔မဟုတ္ တည္းခိုေနထိုင္ရာေနရာသည္ လည္း တိုင္းရင္းသားလက္နက္ကိုင္အခ်ိဳ႕အတြက္ အရက္ေသာက္ရာေနရာျဖစ္ခဲ့သည့္အျပင္ လြတ္လပ္ စြာ ပုတ္ခတ္ေျပာဆိုခြင့္ရေသာ ဆုံရပ္တစ္ခုျဖစ္ခဲ့ သည္။ တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္၊ ကိုယ္စားလွယ္မ်ားက ဦးေအာင္မင္း၏ေနအိမ္တြင္ ဒီမိုကေရစီအျပင္ ရမ္းကားခြင့္ပါရခဲ့သည္အထိ ဦးေအာင္မင္းက စိတ္ရွည္သည္းခံေပးခဲ့သည္ဟု ျပန္ လည္ၾကားသိရသည္။ ၿငိမ္းခ်မ္းေရးကို လိုခ်င္လြန္း လွ၍ျဖစ္သည္။ အရက္ဝိုင္း၌ သေဘာတူခဲ့ေသာ ကတိစကားမ်ားက ေနာက္တစ္ေန႔ လူျမင္သူျမင္ အ စည္းအေဝး၌ အတည္ျဖစ္ခဲ့သည္ကမ်ားသည္။

ထို႔ ေၾကာင့္ အစည္းအေဝးပြဲ၏ေနာက္ကြယ္မွ အစည္းအေဝးပြဲ(အရက္ဝိုင္း)မ်ားကသာ NCA လက္မွတ္ ထိုးျခင္းကိုျဖစ္ေစခဲ့သည္ဟု ဆိုစမွတ္ျပဳသည္။ ထိုအ ရာကို မီးစာျမႇင့္ေပးခဲ့ေသာ ႏိုင္ငံေတာ္၏ေပးကမ္းမႈ လက္ေဆာင္သည္ကား ၿငိမ္းခ်မ္းေရးပါမစ္ကားမ်ား ပင္ျဖစ္၏။ ဦးသိန္းစိန္အစိုးရ ငါးႏွစ္တာအတြင္း သို႔မ ဟုတ္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေဖာ္ေဆာင္မႈ ေလးႏွစ္ အတြင္း ဦးေအာင္မင္းကိုယ္တိုင္ဦးေဆာင္၍ တက္ခဲ့ရေသာ အစည္းအေဝးေပါင္း(၅၀)ထက္မနည္းရွိခဲ့ သည့္အျပင္ အစည္းအေဝးတိုင္း၏ အနားသပ္အခ်ိဳပြဲ သည္ကား အရက္ဝိုင္းပင္ျဖစ္သည္။ ထိုသို႔ေသာ အခ်က္မ်ားေၾကာင့္ ဦးေအာင္မင္းထံဆက္သြယ္၍ စနည္းနာ ေလ့လာလိုျခင္းလည္း ျဖစ္သည္။ သို႔ေသာ္ ဦးေအာင္မင္းဘက္က တစ္စုံတစ္ရာကို စိုးရိမ္ေနပုံရ ၏။ အဘယ္ေၾကာင့္ဆိုေသာ္ ယမန္ႏွစ္ (၈) ႀကိမ္ ေျမာက္ NCA ညီလာခံႏွင့္ အျခားေသာ အခမ္းအနား တစ္ခု၌ဆုံခဲ့စဥ္က ဦးေအာင္မင္းကိုယ္တိုင္ပင္လွ်င္ အလြတ္သေဘာေျပာစရာမ်ားရွိသည္ဟု ကြၽႏု္ပ္အား ဆိုခဲ့သည္။ သို႔ေသာ္လည္း (၁၂)လတာ ၾကာျမင့္သြား ခ်ိန္၌ ၎၏စိတ္အာ႐ုံတို႔ကို အေျပာင္းအလဲ ျဖစ္ေစ ခဲ့သည္ဟု ဆိုရမည္ပင္။ သို႔ဆိုလွ်င္ ဦးေအာင္မင္းအား မည္သည့္အရာက တြန႔္ဆုတ္သြားေစခဲ့သနည္း။ ဦးသိန္းစိန္အစိုးရလက္ထက္က ငါးႏွစ္အျပည့္ တာ ဝန္ထမ္းေဆာင္ခြင့္ရခဲ့ဖူးသူ ဝန္ႀကီးတစ္ဦးကိုလည္း ျဖတ္သန္းခဲ့ေသာအေတြ႕အႀကဳံမ်ားမွ်ေဝရန္ စကား ေျပာခဲ့ဖူးသည္။ ထိုသူကလည္း အျခားေသာကိစၥမ်ားကိုသာ အလြတ္သေဘာစကားေျပာ၏။ ၎ကိုယ္တိုင္ တာဝန္ယူခဲ့စဥ္က ရင္ဆိုင္ေက်ာ္လႊားခဲ့ရမႈမ်ားကို လက္ရွိ နစကအစိုးရ၏လုပ္ေဆာင္ေနမႈမ်ားႏွင့္ ႏႈိင္း ယွဥ္စဥ္းစားအႀကံျပဳေပးရန္ ေရွာင္ရွားခဲ့သည္။ ထိုသူ ကလည္း ေခသူမဟုတ္ခဲ့ေပ။ သို႔ေသာ္လည္း ႏႈတ္ ဆိတ္၍သာေန၏။ အျခားေသာ အဆင့္ျမင့္ရာထူး ထမ္းေဆာင္ခဲ့သူမ်ားစြာကို အေတြ႕အႀကဳံမ်ား မွ်ေဝ ရန္ႏွင့္ လက္ရွိ ႏိုင္ငံ့ ျပႆနာကိုေက်ာ္လႊားေရးအတြက္ အႀကံျပဳၾကရန္ တိုက္တြန္းမႈ၌ မည္သူမွ် မေျပာလိုၾက ေပ။ “ ေဘးထိုင္ ကားေမာင္းသလိုေတာ့ မလုပ္ခ်င္၊ လုပ္ဖို႔လည္းမသင့္၊ လုပ္ရင္လည္း မျဖစ္တာေၾကာင့္” မလုပ္ၾကျခင္းမ်ိဳးသာျဖစ္ႏိုင္သည္ဟု အၿငိမ္းစား ဗိုလ္ခ်ဳပ္မႉးႀကီး ဦးသန္းေ႐ႊ၏ ေနထိုင္နည္းကို ကိုး ကား၍ ဆိုၫႊန္းရမည္ပင္။ သတင္းသမားမ်ား၊ သ တင္းစာဆရာမ်ားသည္ စိတ္ထဲထင္ရာေရး၍မရ ေသာပုဂၢိဳလ္မ်ားျဖစ္၏။ ရသစာေပမ်ားႏွင့္မတူ တစ္မူ ထူး၍ ျဖစ္ရပ္အမွန္မ်ားအေပၚအေျခခံကာ သမိုင္းကို မွတ္တမ္းျပဳစုၾကရသူမ်ားျဖစ္သည္။ ထို႔အတြက္ ျဖစ္ရပ္ အမွန္မ်ားကို ေျပာေပးမည့္သူ သတင္းအရင္းအျမစ္ (Sources) လိုအပ္သကဲ့သို႔ ျဖစ္လာႏိုင္ေျခရွိေသာ ႀကိဳတင္တြက္ဆမႈမ်ားကိုလည္း အေတြ႕အႀကဳံမ်ားမွ တစ္ဆင့္ ျဖန႔္ေဝသတိေပးၾကသူမ်ားလည္းလိုအပ္ သည္။ (၂၀၂၁)ခုႏွစ္ ႏိုင္ငံေရးျပႆနာမ်ားအတြင္း၌ သတင္းသမားတိုင္းရင္ဆိုင္ရေသာ အရာမ်ားစြာရွိ သည္။ အဓိကရင္ဆိုင္ရေသာအရာမွာ သတင္းအရင္း အျမစ္ ေပ်ာက္ဆုံးသြားျခင္းပင္။ သတင္းသမား တစ္ဦးကို သတင္းေပးလိုသူတစ္ဦးက သတင္းသာ ေပးလိုသည္။ ၎တို႔၏အမည္နာမႏွင့္ အေျခခံ အခ်က္အလက္မ်ားကို ေပးမသိလိုၾကေပ။ အခ်ိဳ႕က ၎တို႔ ေျပာခ်င္ရာေျပာေသာ္လည္း အမည္နာမ ေဖာ္ျပခံရမည္ကို ေရွာင္ရွားၾကသည္။ သတင္းစာပညာ၏ က်င့္ဝတ္မ်ားထဲမွတစ္ခုတြင္ ဤကဲ့သို႔ေဖာ္ျပထားသည္။ သတင္းအရင္းအျမစ္မခိုင္မာေသာ သို႔မဟုတ္ သတင္းေပးသူ အမည္နာမႏွင့္ အေျခခံ အခ်က္အလက္မ်ားမပါေသာ သတင္းမ်ားကို သတင္း သမားက ထပ္ဆင့္ေရးသားျခင္းမျပဳရသည့္ အခ်က္ ပင္ျဖစ္သည္။ နားလည္လြယ္ေစရန္ ဥပမာေပး ရမည္ဆိုပါက ဝန္ႀကီးတစ္ဦးဦး၏ လာဘ္ေပးလာဘ္ ယူကိစၥကို အမွန္တရားျမတ္ႏိုးသူ Whistleblower တစ္ဦးက ဖြင့္ဟလာသည္ဆိုပါစို႔။ ထိုသူ၏အမည္နာ မႏွင့္ အခ်က္အလက္ခိုင္မာမႈကို မဆန္းစစ္ဘဲ ေဖာ္ျပေရးသားပါက ေရးသားသူတြင္ အျပစ္ရွိေန သည္။ ေရးသားခံရသူဘက္ကလည္း တရားစြဲခြင့္ရွိေန သည္။ ထို႔အတြက္ သတင္းသမားက သတင္းေပးလာ သူ၏ အမည္နာမႏွင့္ လိုအပ္ေသာ အခ်က္အလက္ မ်ားကို ေစ့ငစြာေမးျမန္း၍ ထပ္ဆင့္ အတည္ျပဳခ်က္ မ်ားစြာလုပ္ေဆာင္ၿပီးမွသာ သတင္းေဖာ္ျပျခင္းမ်ိဳး လုပ္ရျခင္းျဖစ္သည္။ ဤေနရာတြင္ သတင္းအခ်က္ အလက္ခိုင္မာပါက သတင္းရင္းျမစ္ကို ကာကြယ္ ေပးရသည့္တာဝန္လည္း ရွိေနျပန္သည္။ လိုအပ္ပါက သတင္းရင္းျမစ္၏အမည္နာမကို သုံးစြဲျခင္းမျပဳဘဲ သတင္းဌာနကသာ တာဝန္ယူ၍ ေဖာ္ျပႏိုင္သည္။ သို႔ေသာ္လည္း သတင္းဌာနတြင္ မည္သူမည္ဝါက မည္မွ်ခိုင္မာေသာ သတင္းအခ်က္အလက္ အဆင့္ အတန္းမ်ိဳးကို ေပးအပ္ထားသည္ဆိုေသာ အေထာက္အထားမ်ား ရွိေနရန္လိုအပ္သည္။ အျခား နည္းတစ္ခုတြင္မူ ႏိုင္ငံေတာ္အက်ိဳးျပဳ သုံးသပ္ ေထာက္ျပခ်က္မ်ား၊ အႀကံျပဳခ်က္မ်ား ျဖစ္သည္။ သုံး သပ္အႀကံျပဳခ်က္မ်ားအတြက္ သတင္းဌာနက ပုဂၢိဳလ္ တစ္ဦးဦးထံေတာင္းခံရာတြင္ သက္ဆိုင္ရာနယ္ပယ္ အသီးသီးမွ ပုဂၢိဳလ္တစ္ဦးဦးက ႏိုင္ငံေတာ္ အက်ိဳးအတြက္ အႀကဳံျပဳျခင္းမ်ိဳးျဖစ္၏။ ဥပမာဆိုရလွ်င္ ႏိုင္ငံ ေတာ္၏ စီးပြားေရးက်ဆင္းေနမႈကို ကုစားႏိုင္ရန္ မျဖစ္မေနလုပ္ေဆာင္သင့္ေသာ အႀကံျပဳခ်က္မ်ား ေတာင္းခံသည္ဆိုပါစို႔။ အမွန္တကယ္ စီးပြားေရးလုပ္ ကိုင္ေနေသာ လုပ္ငန္းရွင္မ်ားႏွင့္ စီးပြားေရးပညာ ရွင္မ်ားက သတင္းသမားမ်ားကို ေျဖၾကားေပးရန္လို အပ္ျခင္းမ်ိဳးျဖစ္သည္။ သတင္းသမားသည္ စီးပြား ေရးသမားမဟုတ္။

ထို႔အတြက္ စီးပြားေရးသမားတစ္ဦး သို႔မဟုတ္ အစုအဖြဲ႕တစ္ခုခုက ႏိုင္ငံေတာ္အက်ိဳးစီး ပြားအတြက္ အႀကံျပဳတင္ျပေစရန္သာ တြန္းအားေပး ခြင့္ရွိသည္။ ကိုယ္တိုင္ ဝင္ေရာက္ေျဖၾကားေရးသားခြင့္ မရွိေပ။ ထိုကဲ့သို႔အခါမ်ိဳးတြင္ စီးပြားေရးသမားမ်ားက တည္ဆဲအာဏာပိုင္မ်ား၏ အမ်က္ေတာ္ရွမည္ကို စိုး ရိမ္ေသာေၾကာင့္ နာမည္တပ္၍မေျဖၾကားၾကေတာ့ ေပ။ သက္ဆိုင္ရာ သတင္းဌာနကသာ တာဝန္ခံ၍ "စီးပြားေရးသမားတစ္ဦးကေျပာသည္"ဟုသာ ေရး သားေဖာ္ျပရေတာ့သည္။ (ဤေနရာတြင္ သတင္းသ မားက မိမိသေဘာျဖင့္ ဖန္တီးေျပာၾကားေရးသား၍ မရပါ။ အမွန္တကယ္ေျပာေပးသူတစ္ဦး ရွိရမည္ျဖစ္ ၏)။ (၂၀၂၁) ခုႏွစ္ေနာက္ပိုင္းတြင္မူ စီးပြားေရးပညာ ရွင္မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ လုပ္ငန္းက႑အသီးသီးမွ ပုဂၢိဳလ္မ်ားက သတင္းဌာနတစ္ခုခုတြင္ နာမည္အမည္ေပါက္ပါလာမည္ကို ေရွာင္ရွားၾက သည္။ ၎တို႔၏ စီးပြားေရးအတြက္ အေရးႀကီးသည္ ဆိုလွ်င္ပင္ သတင္းသမားမ်ားႏွင့္ လြတ္လြတ္လပ္လပ္ ေျပာဆိုေရးသားေစျခင္းမ်ား မရွိေတာ့ေပ။ ထိုသူတို႔ တြင္ စိုးရိမ္မႈတစ္ခုခု ရွိေနသည္မွာ အမွန္ပင္။ အျခား တစ္ဖက္တြင္မူ စီးပြားေရးသမားမ်ားက သတင္းသမား မ်ားအား ေခါင္းငွားသည့္လုပ္ရပ္မ်ိဳး လုပ္ၾကသည္။ ၎တို႔က သတင္းသမားႏွင့္ ထမင္းစား၍ သတင္းသ မား၏ သတင္းေရးသားမႈမ်ား၌ ၎တို႔လိုအင္ဆႏၵ မ်ားကို ကိုယ္စားေတြးေခၚစဥ္းစားျဖည့္ဆည္း ေပးေစ ရန္အလို႔ငွာ အသုံးခ်ၾကသည္။ ၎တို႔အမည္နာမကို သတင္းမ်ားထဲတြင္ ျမင္ရေစျခင္းမရွိရန္လည္း အ လြတ္သေဘာစကားေျပာျခင္းဟု သုံးၾက၏။ ထိုနည္း ကို သတင္းသမားမ်ားက (၂၀၂၁) ခုႏွစ္ ေနာက္ပိုင္း တြင္ ပိုမိုအသုံးျပဳလာရေတာ့သည္။ ယခင္ကလည္း ရွိသည္။ ယခု ပို၍မ်ားသည္။ အသံက်ယ္က်ယ္ထြက္ ေပးျခင္းကိုသာ ႏွစ္သက္တတ္ေသာ ႏိုင္ငံေရးသမား မ်ားပင္လွ်င္ ႏႈတ္ကြၽံသြားမည္ကို စိုးရိမ္ေနၾကပုံရ သည္။ အမွန္တကယ္ျဖစ္ခဲ့ေသာျဖစ္စဥ္တစ္ခုႏွင့္ ဥပမာေပးလို၏။ (၂၀၂၃) ခုႏွစ္ စက္တင္ဘာလအ တြင္းက က်င္းပေသာ ေ႐ြးေကာက္ပြဲေကာ္မရွင္၏ အခမ္းအနားတစ္ခု၌ျဖစ္သည္။ ဦးသိန္းစိန္အစိုးရ လက္ထက္က သမၼတ႐ုံး ဝန္ႀကီး(၆)ဦးထဲမွ တစ္ဦး ျဖစ္ခဲ့ေသာ ဦးစိုးေမာင္၏ ေျပာစကားအခ်ိဳ႕ကို ရည္ၫႊန္းလို၏။

ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ႏွင့္ အဖြဲ႕ဝင္တို႔က ရွင္းျပေသာ အီလက္ထ႐ြန္နစ္မဲေပး စနစ္သည္ ႏိုင္ငံေရးပါတီမ်ားထံ ရွင္းလင္းေသာ သတင္းစကားမ်ား မရေၾကာင္း၊ ႏိုင္ငံေရးပါတီမ်ားကို ေကာ္မရွင္က ရွိေလသည္ဟုမထင္ဘဲ ေခၚယူေတြ႕ဆုံ ေဆြးေႏြး အႀကံျပဳခိုင္းျခင္းမ်ားမရွိေၾကာင္း အစခ်ီကာ မေက်နပ္ခ်က္မ်ားကို ေျပာသည္။ သတင္းဌာနအခ်ိဳ႕ ကလည္း ဦးစိုးေမာင္၏ေျပာၾကားခ်က္ကို စိတ္ဝင္တ စားၾကည့္ေနၾကသည္။ ၎ကလည္း မီဒီယာမ်ား ဘက္သို႔လွည့္၍ “ ခင္ဗ်ားတို႔သတင္းဌာနေတြမွာ လည္း တာဝန္ရွိတယ္” ဟုေျပာသည္။ ဦးစိုးေမာင္ ကံေကာင္းသြားသည္မွာ ထိုအခ်ိန္က သတင္းေထာက္ အားလုံး ကင္မရာသိမ္းလိုက္ခ်ိန္ျဖစ္သည့္အတြက္ မွတ္တမ္းယူမထားၾကေပ။ ထိုအခ်ိန္၌ ကြၽႏ္ုပ္ကပင္ “အန္ကယ္ေျပာတာ မွန္တယ္။ မီဒီယာေတြမွာ တာ ဝန္ရွိတယ္။ အခု တာဝန္ရွိတဲ့အတိုင္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕အီလက္ထေရာနစ္မဲေပးစနစ္အေၾကာင္း ေမးခ်င္တယ္။ အန္ကယ္ေျဖေပးမလား ” ဟု ေမးခဲ့သည္။ ထိုအခ်ိန္တြင္ ဦးစိုးေမာင္ဘက္က ကင္မရာျဖင့္ ႐ိုက္ကူးမည္ကို ျငင္းဆန္ေလေတာ့သည္။ သတင္းဌာနမ်ားက ေျပာသူမရွိေသာစကားကို ေဖာ္ျပ ၍မရေပ။ ထို႔အတြက္ ၎အား ပါတီမ်ားကိုယ္စား ေျပာၾကားရန္ႏွင့္ ၎ေျပာၾကားခ်က္မ်ားက မွန္ကန္ ေၾကာင္း ႏိုင္ငံေတာ္သိေစရန္ ေဖာ္ျပမည္ဆိုသည္ကို လမ္းခပ္ျမန္ျမန္ေလွ်ာက္၍ ေရွာင္ရွားေတာ့သည္။ ဦးစိုးေမာင္ ထပ္၍ ကံေကာင္းသြားသည္မွာ ထိုအျဖစ္ အပ်က္မ်ားကို မီဒီယာမ်ားက ႐ိုက္ကူးခဲ့ျခင္းမ်ိဳးမရွိသည့္အျပင္ ေတာင္သူလယ္သမားပါတီမွ ဥကၠ႒ ဦးေက်ာ္စြာစိုးက “ အဘ ” ဟုေခၚကာ သတင္းသမား မ်ားၾကားထဲမွ ဆြဲေခၚထုတ္သြားျခင္းပင္။ ဦးစိုးေမာင္ သည္ အမ်ိဳးသားႏိုင္ငံေရး ဒီမိုကရက္တစ္ပါတီ (DNP)ကို ဦးေဆာင္ထူေထာင္ထားသူျဖစ္၏။ သမၼတ႐ုံးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူ ျဖစ္သည္။ သို႔ေသာ္ မီဒီယာမ်ားႏွင့္ တရားဝင္ေျဖ ဆိုရန္ကိုမူ စိုးရိမ္ေၾကာင့္ ၾကမႈ တစ္ခုခုအေပၚအေျခခံ၍ ေရွာင္ရွားခဲ့ျခင္း ျဖစ္ပုံရသည္။ ယခုႏွစ္ မၾကာေသး ေသာကာလအတြင္းက လယ္/ဆည္ဝန္ႀကီးေဟာင္း ဦးျမင့္လႈိင္ ဖမ္းဆီးအေရးယူခံရသည္။ ထိုျဖစ္စဥ္သည္ အေၾကာင္းအရာ တစ္ခုခုကို ရည္ၫႊန္းထားပုံရသည္။ ထိုျဖစ္စဥ္ကပင္ မည္သည့္အတြက္ေၾကာင့္ အခ်ိဳ႕ ေသာပုဂၢိဳလ္မ်ားက သတင္းဌာနမ်ားတြင္ အမွန္အ တိုင္း၊ အရွိအတိုင္း၊ အျမင္အတိုင္း က်ယ္က်ယ္ ေလာင္ေလာင္ ထုတ္ေဖာ္ေျပာဆိုရန္ ဝန္ေလးတြန႔္ ဆုတ္ၾကျခင္းျဖစ္သည္ဟု သေဘာေပါက္လာမိေစသည္။ ယခုေရးသားခ်က္မ်ားအားလုံးသည္ ေဖာ္ျပပါ ပုဂၢိဳလ္မ်ားကို မည္သည့္ရည္ ႐ြယ္ရင္းမွမရွိေၾကာင္း ဝန္ခံလို၏။ ရည္႐ြယ္ရင္းအမွန္ကိုလည္း ျမင္သာ မည္ဟုယုံၾကည္မိသည္။ သတင္းသမား၊ သတင္း ေထာက္၊ သတင္းစာဆရာတို႔မည္သည္ သတင္း အခ်က္အလက္မ်ားကို မနားတမ္း ရွာေဖြေနမည္ျဖစ္ သည္။ ထိုသို႔ မနားတမ္းရွာေဖြေနမႈတြင္ လက္ရွိေခတ္ ကာလအတြင္း ႀကဳံေတြ႕ေနရေသာ ျဖစ္ရပ္မ်ားစြာထဲမွ အခ်ိဳ႕ကိုသာ လွစ္ဟျပျခင္းျဖစ္၏။ သို႔ဆိုလွ်င္ (အသင္)ပုဂၢိဳလ္တစ္ဦးဦးအေနျဖင့္ ကိစၥတိုင္းလိုလို၌ သတင္းေထာက္မ်ား၊ သတင္းဌာနမ်ားတြင္ ေဖာ္ထုတ္ ေရးသားရန္တာဝန္ရွိသည္ဟု လက္ညႇိဳးထိုးေနဦး မည္ေလာ။ သို႔မဟုတ္ အဆိုပါ တာဝန္အတြက္ (အသင္)ပုဂၢိဳလ္တစ္ဦးဦးကိုယ္တိုင္ပင္လွ်င္ အမည္နာ မေဖာ္ျပခံ၍ တိက်ခိုင္မာေသာသတင္းမ်ားကို ေရး သားေစမည္ေလာ။ မည္သို႔ဆုံးျဖတ္ၾကမည္နည္း။ ကိုယ္တိုင္တာဝန္ခံယူလိုျခင္းမရွိဘဲ သတင္းသမား မ်ားတြင္သာ တာဝန္ခံရန္တာဝန္ရွိသည္ဟု ထင္ျမင္ ယူဆေနပါလွ်င္ သတင္းသမားမ်ားသည္ လူသားမ်ား ထဲမွလူသားတစ္ဦးမဟုတ္ဟု ကိုယ္ခ်င္းစာတရား ထားျခင္းမရွိပါ၍ေလာဟု ေမးျမန္းခ်င္ပါေတာ့သည္။

Related news

© 2021. All rights reserved.